← Chapters

ကျန်းရွှမ်လုံးလုံးလျားလျား အံ့အားသင့်သွားခြင်း(၃)

Vol. 6 Ch. 84

ကျန်းရွှမ်လုံးလုံးလျားလျား အံ့အားသင့်သွားခြင်း(၃)

Vol. 6 Ch. 84

ကျန်းရွှမ်သည် လူလိမ်တစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော်ခံလိုက်ရကာ ယခုအချိန်၌ လူများအားလုံး သိရှိသွားလေပြီ။

"စွေ့ရှု...ကျောင်းအုပ်ကြီးကို သွားခေါ်စမ်း...ဒီကအခြေအနေတွေကို သူ့ကို အသေးစိတ် ရှင်းပြလိုက်ပါ"

ချန်းဟောင်သည် သူ အနိုင်ရသွားပြီဖြစ်ကြောင်း အာရုံခံမိသဖြင့် အမိန့်ပေးလိုက်သည်။

ကျန်းရွှမ်ကို ထုတ်ပယ်နိုင်ရန်နှင့် ယမန်နေ့က သူ၏အရှက်ကွဲမှုအတွက် လက်စားချေရန် ကျောင်းအုပ်ကြီးသည် ဤကိစ္စကို မျက်မြင်ကိုယ်တွေ့ကြုံရန် လိုအပ်သည်။ ထိုအချိန်ကျမှသာ ကျန်းရွှမ် ထုတ်ပယ်ခံရမည်မှာ သေချာသွားပေမည်။

"ဟုတ်ကဲ့..."

ကျောင်းသားတစ်ယောက်က စာသင်ခန်း၏ပြင်ပသို့ အလျင်စလို ပြေးသွားသည်။

ကျန်းရွှမ်သည် ဤကိစ္စကို လျစ်လျူရှုကာ ယုရှောင်ယွီကိုကြည့်ပြီး ပြောဆိုလိုက်သည်။

"ဘာတွေ ဖြစ်နေတာလဲ....မင်းက အရာရာတိုင်းကို နားလည်သဘောပေါက်တယ်လို့ ပြောခဲ့တယ် မဟုတ်လား"

"ကျွန်မ... ကျွန်မ ဒါကို ရှင်းမပြနိုင်ဘူး"

ယုရှောင်ယွီသည် ဤနေရာမှနေ၍ သူမ ပျောက်ကွယ်သွားနိုင်ရန် ဆုတောင်းမိလေ၏။

အကယ်၍ သူမသည် ဤသို့ဖြစ်လာမည်ကို ကြိုသိခဲ့ပါက သင်ခန်းစာ သင်နေစဉ် အတောအတွင်းတွင် ပို၍အာရုံစူးစိုက်မိပေမည်။ ယခုအချိန်၌ သူမသည် တစ်စုံတစ်ခုကိုမျှ မသင်ယူနိုင်ခဲ့ရုံသာမက သူမ၏ဆရာကိုလည်း အရှက်ရစေခဲ့သည်။

"ထားလိုက်တော့...."

ကျန်းရွှမ်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

မတူညီသောလူများတွင် ကွဲပြားခြားနားသော အရည်အချင်းများရှိသည်။ တစ်ချို့သည် ရှင်းပြရာ၌ ကောင်းမွန်နေစဥ်တွင် တခြားလူများသည် လေ့ကျင့်ရာ၌ ပို၍ကောင်းမွန်သည်။ ယုရှောင်ယွီသည် ဒုတိယအမျိုးအစား ဖြစ်ပုံရပေ၏။ သူမသည် အကျိုးသက်ရောက်မှုရှိစွာ ကျင့်ကြံနိုင်သရွေ့ စွပ်စွဲပြစ်တင်ခံရမှုများ အလိုအလျောက် ပျက်ပြယ်သွားပေမည်။

ကျန်းရွှမ် စကားပြောဆိုရန် ဟန်ပြင်လိုက်သော အချိန်မှာပင် စာသင်ခန်းတံခါး ထပ်မံ၍ပွင့်သွားပြီး ကျောင်းအုပ်ကြီးလုမင်ရုန်နှင့် အကြီးအကဲအမြောက်အများ ဝင်ရောက်လာသည်။

"ချန်းဟောင်...မင်းက ကျောင်းသားတစ်ယောက်လေ...ဆရာတစ်ယောက် စာသင်နေတဲ့အချိန်မှာ ကျူးကျော်ဝင်လာတဲ့ အခွင့်အာဏာမျိုး မင်းကို ဘယ်သူက ပေးလိုက်တာလဲ"

ကျောင်းအုပ်ကြီးလုက ဆူပူကြိမ်းမောင်းသည်။

လုမင်ရုန်နှင့်အကြီးအကဲများသည် ကျန်းရွှမ်၏ သီးသန့်သင်ခန်းစာ သင်ကြားခြင်းအတွက် သူတို့၏အကူအညီ လိုအပ်မည် မဟုတ်ဟု တွေးထင်ကာ တစ်ရက်ခန့် အနားရရန် မျှော်လင့်ခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ ကျန်းရွှမ်သည် စာသင်ကြားရန် အရည်အချင်းမရှိဟု စွပ်စွဲပြစ်တင်ခံရကာ သူတို့အား လာရောက်ခေါ်ဆောင်ခြင်း ခံရသည်။ မည်မျှထိ ရယ်ရွှင်ဖွယ် ကောင်းသနည်း။ ကျန်းရွှမ်သည် တန်ဖိုးမရှိသော ငှက်သွေးနှင့်လိပ်သွေးတို့ကို အသုံးပြုကာ အထွတ်အထိပ်အဆင့် မီးပြင်ဖိုများကို ထွန်းညှိပေးနိုင်ခဲ့သူပင်။သူသည် စာသင်ကြားရာ၌ အရည်အချင်းမရှိဟု မည်သူက တွေးထင်လိုက်သနည်း။

"ကျောင်းအုပ်ကြီး....အကြီးအကဲတို့ ဆရာကျန်းက သူ့ရဲ့တပည့်တွေကို လမ်းမှားကို ပို့ဆောင်နေတယ်ဆိုတာ အတည်ပြုဖို့အတွက် ကျွန်တော်က သက်သေကို ရှာတွေ့ပြီးပါပြီ...ကျောင်းအုပ်ကြီတို့က ဆုံးဖြတ်ပေးပါလို့ ကျွန်တော် တောင်းဆိုပါရစေ"

ချန်းဟောင်သည် သူ၏ဖခင် မကြာမီ ရောက်လာမည်ကို သိရှိသဖြင့် ရဲရဲဝံ့ဝံ့ ရှေ့သို့ထွက်လိုက်သည်။ သူသည် သူ၏စွပ်စွဲပြစ်တင်မှုအပေါ် ယုံကြည်ချက်အခိုင်အမာရှိသဖြင့် အကျိုးဆက်များကို ကြောက်ရွံ့ခြင်း မရှိချေ။

ကျောင်းအုပ်ကြီးလု၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"ဘာသက်သေလဲ....တကယ်လို့ မင်း ဘာမှ သက်သေမပြနိုင်ရင် အကျိုးဆက်တွေကို မင်း သိတယ်မဟုတ်လား"

ချန်းဟောင်က ခေါင်းညိတ်ပြသည်။

"ကျွန်တော် သိပါတယ်...ခုဏက ဆရာကျန်းရွှမ်က စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်အတွက် သင်ခန်းစာတစ်ခုကို သင်ကြားပေးခဲ့တယ်..ဒါပေမဲ့ ကျွန်တော်က မိန်းကလေးယုကို သူ သင်ယူခဲ့တဲ့အရာတွေ ရှင်းပြပေးဖို့ တောင်းဆိုတဲ့အချိန်မှာ သူက ဘာတစ်ခုကိုမှ မပြောနိုင်ခဲ့ဘူး....ဒါက ဆရာကျန်းက စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်နည်းစနစ်တွေရဲ့ အခြေခံသဘောတရားကိုတောင် မသိဘူးလို့ ပြသနေတယ်...တကယ်လို့ ကျောင်းအုပ်ကြီးတို့က ကျွန်တော်ကို မယုံကြည်ဘူးဆိုရင် ကိုယ်တိုင်ကိုယ်ကျ မေးကြည့်လို့ ရပါတယ်"

ကျောင်းအုပ်ကြီးလုက မိန်းကလေးနှစ်ယောက်ကိုကြည့်ပြီး ပြောဆိုလိုက်သည်။

"ဒါက အမှန်ပဲလား....မင်းတို့ ဘာတွေ သင်ယူခဲ့တာလဲဆိုတာ တကယ့်ကို ရှင်းမပြနိုင်ဘူးလား... မင်းတို့ ရိုးရိုးသားသား အဖြေပေးဖို့ ငါ မျှော်လင့်မိတယ်...တကယ်လို့ တစ်ယောက်ယောက်က လိမ်နေတယ်ဆိုတာ ငါ ရှာတွေ့ခဲ့ရင် ဘယ်သူဘယ်ဝါပဲ ဖြစ်နေနေ အဲ့ဒီလူကို ကျောင်းတော်ကနေ ငါ ချက်ချင်းထုတ်ပယ်မယ်"

သူ၏စကားသံ၌ အစွမ်းထက်သော စိတ်စွမ်းအားတစ်ရပ် ရောယှက်နေသဖြင့် မိန်းကလေးနှစ်ယောက်သည် သူမတို့အားမီးမောင်းထိုးခံရသကဲ့သို့ ခံစားမိသည်။ ကျောင်းအုပ်ကြီးလုသည် နတ်ဘုရားစိတ်ဝိညာဥ်နယ်ပယ်သို့ မရောက်သေးသော်လည်းသူ့၏စိတ်စွမ်းအားသည် မည်သည့်လိမ်ညာမှုကိုမဆို ထောက်လှမ်းနိုင်သည်အထိ အစွမ်းထက်သည်။

"ဟူး...."

ယုရှောင်ယွီသည် မည်သည့်အရာကိုမျှ တုံပြန်နိုင်ခြင်း မရှိသေးမီမှာပင် လျှူမင်ယွဲ့သည် ဝန်လေးနေသော်လည်း ပြောဆိုလိုက်၏။

"ဆရာကျန်းက စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်မှာ လုပ်ဆောင်ရမယ့်အချက်တွေနဲ့ မလုပ်ဆောင်ရမယ့် အချက်တွေအကြောင်း ငါတို့ကို သင်ကြားပေးခဲ့တယ်..."

"ပထမဆုံးအချက်က စွမ်းအင်တွေကို အပ်ချည်တစ်မျှင်စာ ပမာဏထိ ထိန်းချုပ်ပြီး မရီဒါန်းတွေမှာရှိတဲ့ ပိတ်ဆို့မှုတွေကို ထွင်းဖောက်ရမယ်...."

"ဒုတိယအချက်က...."

"တတိယအချက်က...."

"ဒါက ဘာနည်းစနစ်လဲ...."

"ဒါကိုကြားရတာ စိတ်ဝင်စားစရာပဲ"

အကြီးအကဲများအားလုံး မျက်မှောင်ကြုတ်ပြီး စဉ်းစားတွေးတောလိုက်ကြသည်။

လျူမင်ယွဲ့သည် သူမ သင်ယူခဲ့သမျှ၏ ငါးပုံတစ်ပုံကိုသာ မှတ်မိခဲ့သည်။ ထိုကြောင့် အကြီးအကဲများသည် ဤနည်းစနစ်၏ အတိမ်အနက်ကို ဖမ်းဆုပ်နိုင်ခြင်း မရှိချေ။ သူတို့က ဤသည်မှာ ကျောင်းတော်၏ စွမ်းအင်ဆင့်ခေါ်သိုလှောင်ခြင်းနည်းစနစ်နှင့် ကွဲပြားခြားနားသည်ကိုသာ ပြောဆိုနိုင်သည်။ သို့ရာတွင် အကန့်အသတ်ရှိသော ရှင်းပြချက်ပေါ် မူတည်၍ ဤနည်းစနစ်သည် အကျိုးသက်ရောက်မှု ရှိသည် သို့မဟုတ် ရှုပ်ထွေးသည်ကို သူတို့ မှန်းဆနိုင်ခြင်း မရှိချေ။

"...."

ကျန်းရွှမ်သည် အံ့အားသင့်သွားပေ၏။

'မင်းက ဘာတစ်ခုကိုမှ နားမလည်ဘူး... ဘာကိုမှလည်း ရှင်းမပြနိုင်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား....အခုကျတော့ မင်းက ဘယ်လိုလုပ်ပြီး သင်ခန်းစာမှာရှိတဲ့ စကားလုံးတစ်လုံးစီကို ပြီးပြည့်စုံလုနီးပါး ဖြစ်တဲ့အထိ ပြန်ပြောပြနိုင်တာလဲ'

သူ၏ တပည့်တစ်ယောက်သည် အရာအားလုံးကို နားလည်သဘောပေါက်သည်ဟု ပြောဆိုသော်လည်း မည်သည့်အရာကိုမျှ ရှင်းပြနိုင်ခြင်း မရှိချေ။ တခြားတစ်ယောက်ကမူ တစ်စုံတစ်ခုကိုမျှ နားမလည်ဟု ပြောဆိုခဲ့သော်လည်း အရာရာတိုင်းနီးပါးကို ပြန်ပြောနိုင်ခဲ့သည်။

'မင်းတို့နှစ်ယောက်က ဘာတွေ ဖြစ်နေတာလဲ'

All Chapters