ကောင်းကင်ကံကြမ္မာ
Vol. 6 Ch. 87
လူအုပ်ကြီး၏အကြည့်များကို လျစ်လျူရှုကာ ကျန်းရွှမ်က ဟုန်ရီကို မျက်စပစ်ပြီး ပြောဆိုလိုက်သည်။
"မင်း အလှည့်ရောက်ပြီ"
"ဟုတ်ကဲ့...."
သူသည် ဆရာသင်ပေးခဲ့သော နည်းစနစ်ကို ကျင့်ကြံခဲ့ခြင်း မရှိသော်လည်း ယုရှောက်ယွီနှင့်လျှူမင်ယွဲ့တို့၏ တိုးတက်မှုကို မြင်သဖြင့် သူ စမ်းသပ်ကြည့်ရန် အလွန်စိတ်အားထက်သန်နေသည်။ ဆရာ ပြောဆိုလိုက်သည်နှင့် သူသည် ချက်ချင်းဆိုသလိုပင် စမ်းသပ်ဝင်္ကပါတိုင်ထံသို့ အပြေးသွားလိုက်၏။ ထို့နောက် သူသည့်အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ လက်သီးဆုပ်ပြီး စမ်းသပ်တိုင်ကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သည်။
စမ်းသပ်ဝင်္ကပါ အသက်ဝင်သွားပြီးနောက် အလင်းတန်းများ ဖြာထွက်လာသည်။
သူ မော့ကြည့်လိုက်ရာယခင်က ကိန်းဂဏန်း ၀.၂နေရာတွင် ၀.၄သို့ ပြောင်းလဲသွားသည်အား မြင်တွေ့မိလေ၏။
ဤသည်မှာ နှစ်ဆမြင့်တက်သွားခြင်းပင်။
လူများအားလုံး၏ မျက်ခွံများ လှုပ်ခတ်သွားကာ လုမင်ရုန်တို့ အကြီးအကဲတစ်သိုက်ပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်နေပြီး သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့ရသည့်အလား ကျန်းရွှမ်ကို ကြည့်နေကြသည်။
"ဒါက ရာနှုန်းပြည့် မြင့်တက်သွားတာပဲ"
"ဖြစ်နိုင်တာတော့ သူ့ရဲ့အခြေခံအုတ်မြစ်က အားနည်းတာကြောင့် တိုးတက်မှုက ပိုပြီးသိသာသွားတာများလား..."
"မဖြစ်နိုင်ဘူး....အခြေခံအုတ်မြစ် အားနည်းလေလေ တိုးတက်မှုရှိလာဖို့ ပိုပြီးခက်ခဲလေလေပဲ"
"ဒါနဲ့ ဘာမှမဆိုင်ဘူး...လျှူမင်ယွဲ့နဲ့ ယုရှောင်ယွီတို့လည်း အတူတူပဲ...သူတို့အားလုံး သိသိသာသာ တိုးတက်လာကြတယ်"
စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်သည် တစ်စုံတစ်ယောက်၏ ရုပ်ခန္ဓာကိုယ်ခွန်အားကို အမြန်ဆုံး တိုးတက်လာစေသောအဆင့် ဖြစ်သည်မှာ အမှန်ပင်။ သို့ရာတွင် ခွန်အားနှစ်ဆမြင့်တက်လာရန်မှာမူ အချိန်နှင့်အင်အားစိုက်ထုတ်မှု အမြောက်အများ လိုအပ်နေဆဲပင်။ သာမာန်အားဖြင့် တစ်လခန့် ပြင်းပြင်းထန်ထန်ကြိုးစားမှုမရှိဘဲ ဤကဲ့သို့ တိုးတက်လာရန်မှာ မဖြစ်နိုင်ချေ။
သို့ရာတွင် သင်ခန်းစာတစ်ခုကို နားထောင်ကာ သင်ယူခဲ့ရသော နည်းစနစ်အတိုင်း ကျင့်ကြံခြင်းမပြုဘဲနှင့် ဟုန်ရီ၏ခွန်အား နှစ်ဆမြင့်တက်လာခဲ့သည်။ ဤသည်မှာ မည်ကဲ့သို့ ကောင်းကင်ဘုံကိုဖီဆန်သည့် နည်းစနစ်မျိုး ဖြစ်သနည်း။ မည်ကဲ့သို့ ကောင်းကင်ဘုံကို ဖီဆန်သည့် ဆရာမျိုးဖြစ်သနည်း။
"ဒါက မဖြစ်နိုင်ဘူး...ဒီလိုကိစ္စမျိုး ရှိနေမယ်လို့ ငါ မယုံနိုင်ဘူး...သူတို့က အစကတည်းက ကျင့်ကြံထားပြီးတော့ အခု ဟန်ဆောင်နေတာပဲဖြစ်မယ်"
ချန်းဟောင်၏မျက်လုံးများ ပြူးကျယ်နေကာ သူ အနည်းငယ် ရူးချင်စိတ်ပေါက်နေသည်။
ယနေ့တွင် ဤလူသည် တစ်စုံတစ်ယောက်ကိုမျှ သင်ကြားမပေးနိုင် သို့မဟုတ် လေ့ကျင့်မပေးနိုင်သည်ကို သက်သေပြပြီး အရှက်ခွဲရန် သူ ဤနေရာသို့ အထူးသီးသန့် ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သူ အောင်မြင်သွားရမည့်အစား ဤလက်ထောက်ဆရာ၏ သင်ကြားမှု မည်မျှထိ နက်နဲသိမ်မွေ့ပြီး လျှို့ဝှက်ဆန်းကြယ်သည်ကို မီးမောင်းထိုးပေးသကဲ့သို့ဖြစ်သွားခြင်းနှင့် အဆုံးသတ်ခဲ့သည်။
"ဟုန်ရီက မနေ့ကမှ မီးပြင်းဖိုကို ထွန်းညှိနိုင်ခဲ့တာ....သူ့ရဲ့ရင်းမြစ်ရေအိုင်က အဆင့်နိမ့်ဆုံးနဝမအဆင့်ပဲ....တကယ်လို့ အရင်က ဒီနည်းစနစ်ကို သင်ယူခဲ့တယ်ဆိုရင်တောင် ဘယ်လိုလုပ်ပြီးတော့ သူ့ရဲ့ခွန်အားက တစ်ညတည်းနဲ့ ရာနှုန်းပြည့် တိုးတက်လာမှာလဲ"
ဝူယွင်ကျိုးက သူ၏အင်္ကျီလက်ကို ခါယမ်းပြီး ချန်းဟောင်ကိုစူးစိုက်ကြည့်ကာ ပြောဆိုလိုက်သည်။
"မင်း အဲ့ဒီလို လုပ်နိုင်လား"
"ကျွန်တော်...."
ချန်းဟောင်၏မျက်နှာ နီမြန်းနေကာ သူ ဆွံ့အနေပေ၏။ သူ၏ပါရမီအရည်အချင်းသည် လျှူမင်ယွဲ့နှင့်ယုရှောင်ယွီတို့လောက် ကောင်းမွန်ခြင်းမရှိသော်လည်း အားနည်းခြင်းမရှိချေ။ ထိုသို့ဆိုသည့်တိုင် သူ၏ခွန်အား နှစ်ဆမြင့်တက်လာစေရန်အတွက် သူ အချိန်နှစ်ဆယ့်လေးရက် ယူခဲ့ရပေ၏။ သို့ရာတွင် သူ၏အတန်းအတွင်း၌ သူသည် ထိပ်ဆုံးဖြစ်ကာ အတောမသတ်နိုင်သောချီးမွမ်းမှုများကို ခံယူခဲ့ရသည်။
"ဆရာကျန်း....ဘာတွေဖြစ်နေတာလဲ...ကျွန်တော်တို့က သင်ခန်းစာကို နားထောင်ရုံပဲလေ မကျင့်ကြံရသေးဘူးဆိုတာ သိသာတယ် .... ဘယ်လိုလုပ်ပြီးတော့ ကျွန်တော်တို့ရဲ့ခွန်အားတွေ ဒီလောက်ထိ အများကြီး မြင့်တက်လာတာလဲ"
သူ၏ရှေ့ရှိ စမ်းသပ်တိုင်ပေါ်မှ ကိန်းဂဏန်းများကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် ဟုန်ရီသည် နောက်ဆုံး၌ သူ့ထက် အသက်အနည်းငယ်သာကြီးသော ဆရာဘက်သို့လှည့်ပြီး တုန်ရီနေသော နှုတ်ခမ်းများဖြင့် မေးမြန်းလိုက်သည်။
ထိုစကားကိုကြားချိန်တွင် လက်ရှိနေရာ၌ ရှိနေသော လူများအားလုံးသည် ကျန်းရွှမ်ကို လှည့်ကြည့်လိုက်ကြ၏။ ရိုးရိုးသားသားဝန်ခံရလျှင် သူတို့အားလုံးသည်လည်း ဇဝေဇဝါဖြစ်နေသည်။
"ဒါက 'ကောင်းကင်ဘုံသင်ပြမှု'ပဲ"
ကျန်းရွှမ်က အပြုံးနှင့် ရှင်းပြသည်။
"ဒါက ပါမောက္ခတစ်ယောက်ရဲ့ ပြိုင်ဘက်ကင်းအရည်အချင်းပဲ....ဆရာတစ်ယောက်ရဲ့သင်ကြားမှုမှာ ဘာအမှားမှမရှိတဲ့အပြင် ကျင့်ကြံခြင်းရဲ့အနှစ်သာရကို တိုက်ရိုက်ညွှန်ကြားပေးနိုင်ရင်....ကျောင်းသားတွေက အဲ့ဒီရှင်းပြချက်ကို နားထောင်ရုံနဲ့ သူတို့ကိုယ်တိုင် ကျင့်ကြံဖို့ မလိုဘဲနဲ့ အလိုအလျောက်ကျင့်ကြံပြီးသား ဖြစ်သွားလိမ့်မယ်"
ဤစွမ်းရည်သည် ပါမောက္ခကုန်းမြေအတွင်း၌သာ ရှိမည်ဟု သူ တွေးထင်ခဲ့ကာ ရင်းမြစ်ကမ္ဘာအတွင်း၌ အလုပ်ဖြစ်နေမည်ဟု
သူ မျှော်လင့်မထားခဲ့ချေ။ ထိုကြောင့် သူသည် ယုရှောင်ယွီကို စမ်းသပ်ကြည့်ရန် တောင်းဆိုခဲ့ခြင်းပင်။
"ရှင်းပြရုံသက်သက်နဲ့ ကျောင်းသားတွေက အလိုအလျောက် ကျင့်ကြံနိုင်တာလား...ဒါက...."
လူများအားလုံးသည် သူတို့၏ထိတ်လန့်တုန်လှုပ်မှုကို စကားလုံးများဖြင့်ပင် ဖော်ပြနိုင်စွမ်း မရှိတော့ချေ။
လုမင်ရုန်နှင့်ဝူယွင်ကျိုးတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြကာ သူတို့၏မျက်လုံးသူငယ်အိမ်များ တပြိုင်နက်တည်း ကျဉ်းမြောင်းသွားသည်။
"ဖြစ်နိုင်တာတော့...."
ဝူယွင်ကျိုးသည် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ပြီး သူ့ထံ၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
လုမင်ရုန်သည် သူ၏လေသံကိုနှိမ့်ပြီး တိုးညှင်းစွာ ပြောဆိုလိုက်၏။
"ဒါက အမှန်ပဲ....ဒါက ကောင်းကင်ကံကြမ္မာ ဆရာသခင်ပဲ"
ဝူယွင်ကျိုးက ခေါင်းညိတ်လိုက်သည်။
ဒဏ္ဍာရီလာ ကောင်းကင်ကံကြမ္မာ ဆရာသခင်များကသာ ကျောင်းသားများကို နားထောင်ရုံသက်သက်ဖြင့် လေ့ကျင့်ရမည့် စည်းမျဥ်းများအားလုံးကို လျစ်လျူရှုပြီး အလိုအလျောက်ကျင့်ကြံစေနိုင်သည်။
ကျန်းရွှမ်ထံတွင် ထိပ်သီးပါရမီအရည်အချင်း ရှိနေရုံသာမက သူသည် သဘာဝအလျောက် မွေးဖွားလာသော ကောင်းကင်ကံကြမ္မာ ဆရာသခင်တစ်ယောက် ဖြစ်နေသလော...
အကယ်၍ ဤကိစ္စသည် အမှန်ဖြစ်ပါက အလွန်ကြောက်မက်ဖွယ် ကောင်းပေမည်။
"ငါတို့ သူ့ကို လျှော့တွက်ခဲ့မိတာပဲ"
လုမင်ရုန်က တီးတိုးပြောဆိုသည်။
ရင်းမြစ်ရေအိုင် အကဲဖြတ်စစ်ဆေးမှု ပြီးဆုံးသွားချိန်၌ ကျန်းရွှမ်ထံတွင် သူတော်စင်အဆင့်ရင်းမြစ်ရေအိုင်နှင့် ပြိုင်ဘက်ကင်းပါရမီအရည်အချင်းရှိကြောင်း သူတို့ သိရှိခဲ့ရသည်။ ထိုကြောင့် သူတို့သည် သူ၏အရည်အချင်းများကို ထုတ်ဖော်နိုင်ပြီဟု တွေးထင်ခဲ့လေ၏။ သို့ရာတွင် ယခုကြည့်ရသလောက် သူ့ထံတွင်ယခုထက်ပိုသော အရည်အချင်းများ ရှိနေနိုင်သည်။
သူတော်စင်အဆင့် ရင်းမြစ်ရေအိုင်သည် အမှန်တကယ်ကို အစွမ်းထက်ကာ ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်ဖြစ်သော ဓမ္မရုပ်သွင်နယ်ပယ်သို့ လွယ်လင့်တကူ ရောက်ရှိစေနိုင်သည်။ သို့ရာတွင် ကောင်းကင်ကံကြမ္မာ ဆရာသခင်တစ်ယောက်အတွက် ဆိုပါက ဤသည်မှာ စမှတ်မျှသာ ဖြစ်ပေ၏။
ဤကမ္ဘာအတွင်းတွင် ခွန်အားနှင့် ကျင့်ကြံဆင့်နက်နဲသိမ်မွေ့မှုတို့သည် ကျော်ကြားမှုနှင့်ဂုဏ်သတင်းကို ဆောင်ကျဉ်းပေးနိုင်သော်လည်း ကောင်းကင်ကံကြမ္မာဆရာသခင်နှင့် ရင်ဆိုင်ရချိန်၌ ထိုအရာများသည် အချည်းနှီးပင်။
ဘဝဟူသည် ဆန်းကြယ်ပေ၏။ အကယ်၍ တစ်စုံတစ်ယောက်သည် တခြားတစ်ယောက်၏ကံကြမ္မာကို ထိန်းချုပ်နိုင်ပါက ထိုလူသည် စဥ့်နီတုံးပေါ်ရှိ အသားတစ်တုံးထက် ပိုတော့မည် မဟုတ်ချေ။
ကျန်းရွှမ် ထုတ်ဖော်ပြသသွားသော အရည်အချင်းများအရ ကျောင်းသားများသည် သူတို့ကိုယ်တိုင် ကျင့်ကြံရန် မလိုအပ်တော့ချေ။ သူ စကားလုံးအနည်းငယ် သင်ပြပေးရုံမျှဖြင့် ထိုနည်းစနစ် အလိုအလျောက် အသက်ဝင်သွားပေမည်။ အကယ်၍ ထိုနည်းစနစ်သည် သူတို့၏ ရုပ်ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ကိုက်ညီပါက သူတို့၏ခွန်အား မြင့်တက်လာပေမည်။ သို့ရာတွင် ကိုက်ညီခြင်း မရှိပါက သို့မဟုတ် ဆန့်ကျင်ဘက် ဖြစ်နေပါက မည်သို့ ဖြစ်လာနိုင်သနည်း။
သူတို့သည် သင်ယူနေစဉ် အချိန်အတောအတွင်းတွင် သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲသွားနိုင်သလော.....
ဤသည်မှာ ကောင်းကင်ကံကြမ္မာဆရာသခင်၏ စွမ်းအားပင်။
တစ်စုံတစ်ယောက်သည် ဘဝသက်တမ်းတလျှောက်တွင် ချမ်းသာကြွယ်ဝမှု စွမ်းအားနှင့် မရေမတွက်နိုင်သော သက်ရှိများကို ထိန်းချုပ်နိုင်လျှင်ပင် သူ၏ကိုယ်ပိုင်ကံကြမ္မာကို မည်သို့မျှ ထိန်းချုပ်နိုင်မည် မဟုတ်ချေ။
အမျိုးအမည်မသိရသော အရာသည် ကြောက်မက်ဖွယ်အကောင်းဆုံးပင်။
သို့ရာတွင် တချို့လူများထံတွင် မြင့်မားသောအရည်အချင်းရှိသဖြင့် အစွမ်းထက်သောပညာရှင်များကို ရှာဖွေကာ ကံကြမ္မာကိုပြောင်းလဲပြီး ကောင်းကင်ကံကြမ္မာဆရာသခင်များဖြစ်ရန် ကြိုးစားကြကြောင်း သူတို့ သိရှိထားသည်။ သို့ရာတွင် ကောင်းကင်ကံကြမ္မာဖြင့် မွေးဖွားလာသော တစုံတစ်ယောက်အကြောင်းကို သူတို့ ကြားဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။
ကျန်းရွှမ်သည် ကောင်းကင်ကံကြမ္မာ၏ အခန်းကဏ္ဍကို သတိမပြုမိဘဲ လွယ်လင့်တကူ ထိန်းချုပ်နိုင်ပေ၏။ ဤသည်မှာ မည်ကဲ့သို့ ပါရမီအရည်အချင်းမျိုး ဖြစ်သနည်း။
သူတို့ မည်မျှထိ မြင့်မြင့်မားမား ခန့်မှန်း၍ထားပါစေ ဤသည်မှာ ချဲ့ကားခြင်းဟု ဆို၍မရနိုင်တော့ချေ။
"ဒီကိစ္စက ငါတို့ ထင်ထားတာထက် ပိုပြီးလေးနက်တယ်...တကယ်လို့ သူ့မှာ အရည်အချင်းရှိတယ်ဆိုတာ တခြားလူတွေ ရှာတွေ့သွားမယ်ဆိုရင် ငါတို့ အဖြူရောင် ကျောက်တုံးကျောင်းတော်တစ်ကျောင်းလုံးလည်း ငြိစွန်းလာပြီးတော့ ဒီကုန်းမြေပေါ်ကနေ အမြစ်ပြတ်ရှင်းလင်းခံရနိုင်တယ်"
ထိတ်လန့်တုန်လှုပ်မှုများ ပျက်ပြယ်သွားပြီးနောက် လုမင်ရုန်က ခါးသည်းသောအပြုံးဖြင့် ဝူယွင်ကျိုးကိုကြည့်ပြီး ပြောဆိုလိုက်သည်။
"ကံကြမ္မာက ဆန်းကြယ်တယ်...ကောင်းကင်ကံကြမ္မာ ဆရာသခင်တွေက တောနက်ထဲမှာ ပုန်းအောင်းနေတဲ့ မုဆိုးတစ်ယောက်လိုပဲ...သူတို့ရဲ့အရည်အချင်းတွေကို ဘယ်တော့မှ တော်ရုံနဲ့မထုတ်ဖော်ကြဘူး...မဟုတ်ရင်သူတို့က အလွယ်တကူ လုပ်ကြံသတ်ဖြတ်ခံရနိုင်တယ်"