← Chapters

အပိုင်း ( ၁၆၁ )

Vol. 12 Ch. 161

အပိုင်း ( ၁၆၁ )

Vol. 12 Ch. 161

အချိန်အကြာကြီးစောင့်ပြီးနောက် ယဲ့ရှင်းချန်သည် မနေနိုင်ပဲနဲ့ ဖုန်းကို ကိုင်ပြီး စပိတ်စ် အမည်ဖြင့် ယောင်္ကျားတစ်ယောက်ကို စာပို့ခဲ့သည်။

ယဲ့ရှင်းချန် : မင်းရောက်ပြီလား ။

စပိတ်စ် : ဘော့စ် ကျွန်တော်တို့ရောက်ပြီ ။ ဒါပေမဲ့ ဘော့စ်ကို ကျွန်တော်တို့ အံ့အားသင့်စရာတစ်ခု ပေးမယ်...ဟဲဟဲ။

ယဲ့ရှင်းချန် : ဘာအံ့အားသင့်စရာလဲ ..။

စပိတ်စ် : ဘော့စ် အလှလေးကို ကယ်တင်တဲ့ သူ‌ရဲကောင်းတစ်ယောက်မဖြစ်ချင်ဘူးလား..။

ယဲ့ရှင်းချန် : ......

စပိတ်စ် : ကျွန်တော်တို့ သရုပ်မဆောင်ခင် သူမကို အရင်ဆုံးကြောက်သွားအောင်လုပ်ကြမယ်။ သူမ ကြောက်လန့်သွားတဲ့အခါကျရင် လှုံခြုံတဲ့နေရာရှာဖို့အတွက် ဘော့စ်ရင်ခွင်ထဲကို သူမဘာသာ သူမ အတင်းတိုးဝင်လာလိမ့်မယ်။

ယဲ့ရှင်းချန် : မင်းက အရမ်းဆိုးတဲ့ကောင်ပဲ။ ဒါကို မင်း ဘာလို့ လုပ်တာလဲ...။ ဒါပေမဲ့....

ယဲ့ရှင်းချန် : ငါကြိုက်တယ် ဟားဟား....

စပိတ်စ် : ကျွန်တော်လည်းကြိုက်တယ် ။ဟီးဟီး.

ဖုန်းချပြီးနောက် ယဲ့ရှင်းချန်သည် မနေနိုင်ပဲနဲ့ စိတ်လှုပ်ရှားနေခဲ့သည်။

ထို့နောက် သူသည် ဝီးချဲလ်ကို တွန်းပြီး လင်ပေ့ဖန်တို့နှစ်ယောက်နောက်သို့ အမြန်လိုက်ပြီး ချူရို့ရွယ်ဘေးနားကို လာခဲ့သည်။

စပိတ်စ်တို့ကို မြင်ပြီးနောက် ချူရို့ရွယ် ထိတ်လန့်သွားပြီး သူ့ရင်ခွင်ထဲသို့ အတင်းတိုးဝင်လာလိမ့်မှာကို တွေးမိလိုက်တာနဲ့ ယဲ့ရှင်းချန်သည် ရင်မခုန်ပဲနဲ့ မနေနိုင်တော့ပေ။

ချူရို့ရွယ်သည် ယဲ့ရှင်းချန်ကို ရွံ့ရှာသောအကြည့်ဖြင့် မျက်စောင်းထိုးပြီး ပြောခဲ့သည်။

" ရှင် ဘာလို့ ကျွန်မဘေးနား အရမ်းကပ်နေတာလဲ။ ဝေးဝေးသွား ၊ကျွန်မ ရှင့်ကို မမြင်ချင်ဘူး။ "

ယဲ့ရှင်းချန် : "..."

လင်ပေ့ဖန်သည် မခံမရပ်နိုင်ပဲနဲ့ ပြောခဲ့သည်။

" ဥက္ကဌချူ ၊ အဲ့လို အရမ်း ဒဲ့ဒိုးကြီး မပြောနဲ့လေ... "

ချူရို့ရွယ်က နောက်တစ်ကြိမ် ထပ်ပြောခဲ့သည်။

" မစ္စတာယဲ့ ၊ ကျေးဇူးပြုပြီးတော့ ကျွန်မရှေ့မှာ ပေါ်မလာပါနဲ့။ ကျေးဇူးတင်ပါတယ်။

ယဲ့ရှင်းချန် : " ... "

ယဲ့ရှင်းချန်က ဂရုမစိုက်ပေ။

ကိုယ် ကျိန်‌ပြောရဲတယ် ၊ခဏနေကျရင် မင်း ကိုယ် တော်တာကို သိသွားလိမ့်မယ်...

နောက်ပြီး အရေးကြီးတဲ့အချိန်အခါမျိုးမှာ ကိုယ်ကပဲ မင်းကို ကာကွယ်ပေးနိုင်ပြီးတော့ လှုံခြုံတဲ့ခံစားချက်မျိုးကို ပေးစွမ်းနိုင်တယ်ဆိုတာ အချစ်လေး မင်းနားလည်လာမှာပါကွာ...

ထိုအချိန်တွင် အဖြူရောင် သရဲဝတ်စုံဝတ်ထားတဲ့ လူအနည်းငယ်သည် မြက်ခင်းပြင်ထဲကနေ ရုတ်တရက် တွားသွားထွက်လာခဲ့သည်။

" အား.... သရဲ " ညအမှောင်ယံထဲတွင် စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ချူရို့ရွယ်သည် အလွန်ထိတ်လန့်သွားပြီး အကာအကွယ်ရှာရန် သူမ ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ခဲ့သည်။

ယဲ့ရှင်းချန်သည် ထိုမြင်ကွင်းကို မြင်ပြီး သူ့ရင်ထဲ၌ ပျော်ရွှင်သွားခဲ့သည်။ထို့နောက် သူသည် အမြန်မတ်တပ်ရပ်ပြီး ချူရို့ရွယ်ပြေးလာတဲ့အချိန် ပွေ့ဖက်ရန် အသင့်ပြင်ထားခဲ့သည်။

သို့သော်လည်းပဲ သူမက သူ့ကို မေ့ထားပြီး လင်ပေ့ဖန်ကို တိုက်ရိုက် ပွေ့ဖက်ခဲ့သည်။

ယဲ့ရှင်းချန်။ ။ ...

ယဲ့ရှင်းချန်သည် သူ့ ခေါင်းပေါ်မှာ အစိမ်းရောင် တစ်ခုပေါ်လာသလိုခံစားခဲ့ရသည်။

" အား... " ညအမှောင်ယံထဲ၌ နောက်ထပ် စူးရှသော အော်ဟစ်သံတစ်ခုထွက်လာခဲ့သည်။

အန်တီလီသည်လည်း ထိတ်လန့်သွားပြီး ယဲ့ရှင်းချန်ဘေးနားသို့ အမြန်ပြေးလာပြီး သူ့လက်မောင်းထဲကို ပစ်ဝင်ခဲ့သည်။

ယဲ့ရှင်းချန် : " .... "

ယဲ့ရှင်းချန်သည် ပျို့အန်ချင်သွားခဲ့သည်။

လင်ပေ့ဖန်သည် ချူရို့ရွယ်ကို နှစ်သိမ့်ရန် ပွေ့ဖက်ခဲ့သည်။

" မကြောက်နဲ့ ၊ မကြောက်နဲ့ ။ သူတို့တွေက သရဲအတုတွေ ။ သူတို့က ကြောက်စရာကောင်းအောင် လုပ်ထားတာ...။ "

" ဒါပေမဲ့ သူတို့က တကယ်ကြောက်ဖို့ကောင်းတယ်။ " ချူရို့ရွယ်က ပိုပြီးတော့တောင်မှ လင်ပေ့ဖန်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ခဲ့သည်။

ယဲ့ရှင်းချန်သည် ထိုမြင်ကွင်းကို ကြည့်ပြီး သူ့ခေါင်းပေါ်၌ နောက်ထပ် အစိမ်းရောင်တစ်ခု ပေါ်လာသလို ခံစားခဲ့ရသည်။

အန်တီလီသည်လည်း ယဲ့ရှင်းချန်ကို နှစ်သိမ့်ခိုင်းခဲ့သည်။

" ရှောင်ယဲ့ ၊ ဒို့ ကြောက်စယ် .. ဒို့ကို တင်းတင်းဖက်ထားပေး.. " ( လခွမ်း ကြက်သီး‌ပါထတယ် )

ယဲ့ရှင်းချန်သည် နှစ်သိမ့်ပေးခဲ့သည်။

" မကြောက်နဲ့ ၊သူတို့တွေအကုန်လုံးက လူတွေပဲ ။ ကျွန်တော့်ကို အရင် လွှတ်ပေးဦး။ "

" ဒါပေမဲ့ ဒို့ တကယ်ကြောက်စယ်.... " အန်တီလီသည် ပိုပြီးတော့တောင်မှ ယဲ့ရှင်းချန်ကို တင်းတင်ဖက်လာခဲ့သည်။

ယဲ့ရှင်းချန်သည် နောက်တစ်ကြိမ် ပျို့အန်ချင်သွားခဲ့သည်။

ထိုခဏလေးက ယဲ့ရှင်းချန်အတွက်တော့ အံ့အားသင့်စရာတစ်ခု မဟုတ်ပဲနဲ့ ထိတ်လန့်စရာတစ်ခုဖြစ်နေခဲ့သည်။

သူသည် တစ်နေ့၌ အန်တီလီလို မိန်းမကြီးတစ်ယောက်၏ အခွင့်အရေးယူခြင်းကို ခံရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးပေ။

ထို့ပြင် အန်တီလီ မျက်နှာပေါ်ရှိ အဖြူရောင် ပေါင်ဒါမှုန့်များသည် သူ့ပုခုံးပေါ်တွင် ပေကျန်နေခဲ့သည်။

စစ်ပွဲနတ်ဘုရားတစ်ယောက်အနေနဲ့ သူဘယ်အချိန်တုန်းက ဒီလောက်ထိ ခံစားခဲ့ရဖူးလို့လဲ...

တစ်ခြားတစ်ဖက်တွင်ရှိနေသော သရဲဝတ်စုံဝတ်ထားတဲ့ လူနှစ်ယောက်သည်လည်း အံ့အားသင့်သွားခဲ့သည်။

သောက်ကျိုးနည်း...

ငါတို့တော့ ကိုယ့်ဒုက္ခကိုယ်ရှာမိသွားပြီထင်တယ်...

ငါတို့ ဘော့စ်ရဲ့ ကောင်မလေးက တစ်ခြားသူရဲ့ ရင်ခွင်ထဲရောက်နေပြီးတော့ ငါတို့ဘော့စ် ရင်ခွင်ထဲမှာကျတော့ သူ့အမေအရွယ်မိန်းမကြီးက ရောက်တာလား...

လခွမ်း ၊ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ...

လင်ပေ့ဖန်သည် သူတို့ကို နောင်တရချိန်မပေးခဲ့ပေ။သူသည် ချူရို့ရွယ်ကို လွှတ်ပြီးနောက် ခေါင်းမော့ပြီး အော်ပြောခဲ့သည်။

" မင်းတို့ ဘယ်သူတွေလဲ...။ ဘာလို့ လူတွေကို ကြောက်လန့်အောင် လိုက်‌လုပ်နေတာလဲ ... "

သရဲဝတ်စုံဝတ်ထားတဲ့ သူနှစ်ယောက်သည် တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်း ဖလှယ်ပြီး ဆက်လက်ဟန်ဆောင်ဖို့ အချက်ပြခဲ့ကြသည်။

သူတို့ထဲက အရပ်ရှည်ပြီး မျက်နှာမည်းမည်းနှင့် သန်မာထွားကျိုင်းသော လူတစ်ယောက်သည် မတ်တပ်ရပ်ပြီး အော်ပြောခဲ့သည်။

" ငါတို့ ဘယ်သူလဲဆိုတာ မင်းသိစရာမလိုဘူး။ မင်းသိထားဖို့က မင်းရင်ခွင်ထဲမှာ ရှိနေတဲ့ စကီးလေးကို ငါတို့သဘောကျတယ်။ ဒါကြောင့် သူမကို ငါတို့တွေ ကစားဖို့အတွက် နှစ်ရက်လောက်ငှားလိုက်...။ "

" ဟုတ်တကယ် သူမက အရမ်းလှတယ်။ ငါတို့ကို ကစားဖို့ နှစ်ရက်လောက် ငှားလိုက်... "

" ကောင်လေး ပေါက်ကရလုပ်မယ့်မကြံနဲ့နော်။ မဟုတ်ရင် မင်းနောင်တရ‌သွားအောင် ငါတို့မင်းကို တစ်ခုခုလုပ်မိလိမ့်မယ်။ "

" မင်းရဲ့ ကောင်မလေး နဲ့ မင်းရဲ့အသက်ကို မင်းဘာသာမင်း ကြိုက်တာ တစ်ခု ရွေးလို့ရတယ်။ "

" နင်တို့တွေ .. " ချူရို့ရွယ် ဒေါသထွက်လွန်းသဖြင့် သူမ အသားတွေပါ တစက်စက်တုန်နေခဲ့သည်။

သူမသည် ပန်းတစ်ပွင့်လိုမျိုးလှပပြီး စွဲဆောင်မှုရှိသော ပုံသဏ္ဍာန်ရှိသော်လည်း ဒီအရွယ်လောက်ကျမှ ဒီလို ကိစ္စမျိုးကို ပထမဆုံးအကြိမ်ကြုံဖူးချင်းဖြစ်သည်။ထို့ပြင် လူမြင်ကွင်းထဲမှာ ဒီလိုကိစ္စမျိုး တကယ်ဖြစ်လာလိမ့်မယ်လို့ သူမ ပိုပြီးတော့တောင်မှ မမျှော်လင့်ထားခဲ့ပေ။

ထို့ကြောင့် သူမသည် အကာအကွယ်တစ်ခုရှာရန် လင်ပေ့ဖန်ဘေးနားကို မနေနိုင်ပဲနဲ့ တိုးသွားခဲ့သည်။

လင်ပေ့ဖန်ရဲ့ မျက်နှာသည် အေးဆေးတည်ငြိမ်နေသည်။

" မင်းတို့ ဒီပေါက်ကရအတွေးကို လက်လျှော့လိုက်ဖို့ ငါ အကြံပေးလိုက်မယ်။ နောက်ပြီး မင်းတို့ အသက်ရှင်ချင်သေးတယ်ဆိုရင် အခု ထွက်သွားလိုက်တော့...။ ဒါမှမဟုတ် ငါ လုပ်တဲ့အချိန်ကျရင် မင်းတို့ ထွက်သွားဖို့ အခွင့်အရေးမရှိပဲ နေလိမ့်မယ်။ "

ထိုသန်မာထွားကျိုင်းသော လူသည် အံ့အားသင့်သွားခဲ့သည်။

သောက်ကျိုးနည်း...။

ဒီကောင် သူတို့ ဝိုင်းထားတာကိုတောင် ဒီလိုရိုင်းစိုင်းတဲ့စကားမျိုး ဘယ်လို ပြောရဲတာလဲ...။

ဒီကောင်တော့ အသားနာချင်နေပြီထင်တယ်...။

သူတို့က ဘယ်သူတွေလဲ...။ သူတို့က သေခြင်း ၊ရှင်ခြင်းကြားမှာ လမ်းလျှောက်နေတဲ့ ဂုဏ်သိက္ခာရှိတဲ့ ကြေးစားစစ်သည် တွေလေ။ နောက်ပြီး သူတို့က ကြေးစား လောကမှာလည်း ထိပ်တန်းကြေးစားတွေပဲဟာကို...။

တစ်ခြားသူတွေဆိုရင် သူတို့ကို မြင်တာနဲ့ ကြောက်ကြတယ်...။

အကယ်၍ သူတို့သာ သူတို့ရှေ့က လူငယ်လေးကို ကြောက်လန့်အောင် မခြောက်နိုင်ရင် အနာဂတ်မှာ သူတို့ တစ်ခြားသူတွေကို ဘယ်လို မျက်နှာ သွားပြရမလဲ.....

" တော်တော် မာနကြီးတာပဲ။ ငါ မင်းလိုမျိုး မာနကြီးတဲ့ သူမျိုးကို ငါ ကြီးလာတဲ့အထိ ဘယ်တုန်းကမှမမြင်ဖူးခဲ့ဘူး။ "

" ဒီနေ့ လူတစ်ယောက်က မာနအရမ်းကြီးတာ မကောင်းဘူးဆိုတာကို ငါ မင်းကို သိအောင်လို့ သင်ပေးရလိမ့်မယ်။ "

" ကောင်လေး ၊ လာ ချကြရအောင် ၊ ငါ မင်းကို သုံးကွက်အကြောပေးမယ်။ "

သူ့ဘေးနားရှိ ယဲ့ရှင်းချန်သည် ကြည့်ပြီး အနည်းငယ် စိုးရိမ်သွားခဲ့သည်။

ဒီနေ့ သူရဲကောင်းက အလှလေးကို ကယ်တင်တဲ့ ဇာတ်လမ်းမှာ လင်ပေ့ဖန်သာ ဇာတ်လိုက်ဖြစ်သွားမယ်ဆိုရင် သူကြိုးစားအားထုတ်ခဲ့သမျှက အလကားဖြစ်သွားမှာပေါ့ ။ မဟုတ်ဘူးလား.....

ထို့အပြင် လင်ပေ့ဖန်ကိုသာ တကယ်ချခိုင်းလိုက်ပါက သူ့ညီအစ်ကို နောက်တစ်နေ့ ပြန်မထနိုင်တော့မှာကို သူကြောက်သည်။

ထို့ကြောင့် ယဲ့ရှင်းချန်သည် စိုးရိမ်စွာဖြင့် အော်ပြောခဲ့သည်။

" ရပ်လိုက်.... "

လူတိုင်းက သူ့ကို တပြိုင်တည်း ကြည့်ခဲ့ကြသည်။

လင်ပေ့ဖန်က မေးမြန်းခဲ့သည်။

" အစ်ကိုယဲ့ ၊ မင်း ဘာပြောစရာရှိလို့လဲ.... "

" ဥက္ကဌလင် ၊ ဥက္ကဌချူ ၊ ကျွန်တော်ချမယ်။ ကျွန်တော် သူတို့နဲ့ ချပါရစေ။ " ယဲ့ရှင်းချန်က တစ်လမ်းချင်း လမ်းလျှောက်လာခဲ့သည်။

လင်ပေ့ဖန်သည် အံ့အားသင့်သွားပြီး အမြန်ပြောခဲ့သည်။

" ဒါပေမဲ့ အစ်ကိုယဲ့ ၊မင်းရဲ့ဒဏ်ရာတွေက မသက်သာသေးဘူး။ ကျွန်တော် ချလိုက်မယ်။ သူတို့ အဝေးကို ထွက်မသွားနိုင်စေရဘူးလို့ ကျွန်တော်အာမခံတယ်..။ "

" မဟုတ်ဘူး ၊ကျွန်တော်ချမယ်။ "

ယဲ့ရှင်းချန်သည် ဖြောင့်မတ်သောအမူအရာဖြင့် ပြောခဲ့သည်။

" ကျွန်တော်က အစတုန်းက သက်တော်စောင့်တစ်ယောက်လေ။ နောက်မှ ကျွန်တော် ရာထူးတိုးပြီးတော့ မစ္စတာလင် ဂရုစိုက်တာ ခံခဲ့ရတာပါ။ ဒါကြောင့် ဒီနေ့ ကျွန်တော် မစ္စတာလင်ရဲ့ ဂရုစိုက်မှုအတွက် ပြန်ပေးဆပ်ရမယ်။ နောက်ပြီး ကျွန်တော့်ရဲ့ ဒဏ်ရာတွေ မသက်သာသေးပေမဲ့ ဒီကောင်တွေလောက်တော့ ကျွန်တော် အေးအေးဆေးဆေး ချလို့ရပါတယ်ဗျ။ မစ္စတာလင် အနောက်ကနေ ကြည့်နေ...။ "

လင်ပေ့ဖန်သည် ယဲ့ရှင်းချန်ရဲ့ပုခုံးကို စိတ်လှုပ်ရှားစွာဖြင့် ပုတ်ခဲ့သည်။

" ညီအစ်ကိုကောင်းပဲ ... "

ယဲ့ရှင်းချန်သည် တက်ကြွစွာဖြင့် ခေါင်းညိတ်ပြီး နောက်ထပ် ရှေ့တစ်လှမ်းတိုးခဲ့သည်။ထို့နောက် သူသည် ခေါင်းလှည့်ပြီး ချူရို့ရွယ်ကို ကြည့်၍ နူးညံ့သောအသံဖြင့် ပြောခဲ့သည်။

" ရို့ရွယ် ၊မင်းကို ထိခိုက်အောင်လုပ်ဖို့ ကိုယ် ဘယ်သူ့ကိုမှ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး။ အကယ်၍မင်းကို ထိခိုက်အောင်လုပ်ချင်တယ်ဆိုရင် သူတို့ ကိုယ့်ကို သတ်သွားမှပဲ ရလိမ့်မယ်။ "

ထိုစကားကို ပြောပြီးနောက် သူ့နှလုံး‌သားလေး တုန်ခါသွားခဲ့သည်။

ရို့ရွယ် ၊ မင်းရော အခုချိန်မှာ အရမ်းစိတ်လှုပ်ရှားနေရမယ် ၊ဟုတ်တယ်မလား.....

မင်း အခုချိန်မှာ ကိုယ့်ကို အရမ်းစိုးရိမ်နေတယ်မလား....

ဟားဟားဟားဟား......

ရလဒ်အနေဖြင့် သူ အချိန်အကြာကြီး စောင့်နေပေမယ့်လည်း သူမကတော့ သူ့ကို ဘာမှပြန်မပြောတာကို မြင်ခဲ့ရသည်။

ထို့ကြောင့် သူသည် မနေနိုင်ပဲနဲ့ မေးမြန်းခဲ့သည်။

" ရို့ရွယ် ၊ မင်း ကိုယ့်ကို ဘာမှ ပြောစရာမရှိဘူးလား...။ "

ချူရို့ရွယ်သည် စိတ်မရှည်စွာဖြင့် လက်ဝှေ့ယမ်းပြီး ပြောခဲ့သည်။

" ပေါက်ကရ ပြောနေတာရပ်ပြီးတော့ မြန်မြန်လုပ်စမ်းပါရှင် ...။ ရှင် တိုက်နေတာ အရမ်း‌နှေးလွန်းလို့ ယောင်္ကျားတစ်ယောက်မဟုတ်သလိုဘဲ...။ " ( မတိုက်ပဲနဲ့ လေပစ်နေလို့)

ယဲ့ရှင်းချန် : " ... “

All Chapters