← Chapters

အပိုင်း ( ၁၆၂ )

Vol. 12 Ch. 163

အပိုင်း ( ၁၆၂ )

Vol. 12 Ch. 163

" ဒါဆိုရင် ကိုယ်သွားချတော့မယ်နော် " ယဲ့ရှင်းချန်က သက်ပြင်းချခဲ့သည်။

" နေဦး " မိန်းကလေး တစ်ယောက်ရဲ့ အသံ တစ်သံထွက်ပေါ်လာခဲ့သည်။

ယဲ့ရှင်းချန်သည် အလွန်ပျော်ရွှင်သွားခဲ့သည် ။ သူသည် ခေါင်းလှည့်ပြီး ပြောခဲ့သည်။

" ရို့ရွယ် ၊ မင်း ကိုယ့်ကို ပြောစရာတစ်ခုခုများရှိလို့လား ။ "

ချူရို့ရွယ်သည် စိတ်ရှုပ်စွာဖြင့် သူ့ကို ကြည့်ပြီး အန်တီလီကို လက်ညိုးထိုးပြခဲ့သည်။

" ကျွန်မ ပြောစရာမရှိဘူး။ ဒါပေမဲ့ သူမကတော့ ရှင့်ကို ပြောစရာတစ်ခုရှိနေတယ်။ "

ယဲ့ရှင်းချန် : " ... "

အန်တီလီသည် ယဲ့ရှင်းချန်စီသို့ လာပြီး အလွန်စိုးရိမ်စွာဖြင့် ပြောခဲ့သည်။

" ရှောင်ယဲ့ ဂရုစိုက်ဦးနော် ။ ဒို့အတွက် ရှောင်ယဲ့ ဘေးကင်းစွာနဲ့ ပြန်လာပေးရမယ်နော်။ "

ယဲ့ရှင်းချန် : " ... "

မသာမ နင့်အတွက် ပြန်လာမယ့်အစား ငါ အသေပဲ ခံလိုက်မယ်။အံ့ဩပ ကမ္ဘောဇ......

ထိုနည်းဖြင့် ဇာတ်လမ်းက ပုံမှန်အတိုင်း ဆက်သွားခဲ့သည်။

ယဲ့ရှင်းချန်သည် မတ်တပ်ရပ်ပြီး လင်ပေ့ဖန်တို့ကို ကျောပေးလိုက်သည်။ထို့နောက် သူသည် ကြောက်မက်ဖွယ်ကောင်းပြီး သန်မာသော လူမိုက်ဒါဇင်ပေါင်းများစွာကို မကြောက်ပဲနဲ့ မျက်နှာချင်းဆိုင်ခဲ့သည်။( အရင်တုန်းက နှစ်ယောက်တဲ့ ခုတော့ ၁၂ယောက်ကျော်သွားပြန်ပြီ မြက်ခင်းထဲက ထွက်လာတာနေမယ် )

သူ့ခန္ဓာကိုယ်က ပိန်ပေမဲ့လည်း သူသည် အရပ်ရှည်သည်။

ထို့ပြင် သူသည် ဒဏ်ရာရနေသော်လည်းပဲ ဒါဇင်ပေါင်းများစွာရှိတဲ့ လူအုပ်ကြီးကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိသည်။

" လာစမ်းပါ ၊ ဒီနေ့ ငါ ယဲ့ရှင်းချန် ရှိနေသ၍ သူတို့တွေရဲ့ ဆံချည်မျှင်တစ်မျှင်ကိုတောင် မင်းတို့ မထိစေရဘူးလို့ ငါ အာမခံတယ်။ မင်းတို့ သူတို့ကို ထိခိုက်အောင်လုပ်ချင်ရင် ငါ့ကို ကျော်ဖြတ်နိုင်မှပဲ ရလိမ့်မယ်။ " ယဲ့ရှင်းချန်က ကျယ်လောင်စွာအော်ပြောခဲ့သည်။

လူဆိုးများသည် ယဲ့ရှင်းချန်၏ မာနကြီးသောအမူအရာကြောင့် အံ့အားသင့်သွားခဲ့ပြီး လုလုသည် နောက် ခြေလှမ်းသုံးလှမ်းဆုတ်သွားခဲ့သည်။( ဘယ်ကလုလုလည်းတော့ ကျွန်တော်လည်းမသိ သူရေးထားသလိုပြန်တာပဲ ၊လုလုအောင်ဖြစ်မယ်ထင်တယ်။ )

" ဟက် ... မင်း ဒီလို ဒဏ်ရာရနေတာတောင် အရှေ့ကိုလာနိုင်သေးမယ်လို့ ငါ မမျှော်လင့်ခဲ့မိဘူး။"

" ဘယ်လောက် သတ္တိရှိလိုက်လဲ...။ မင်းက တကယ့်ကို သတ္တိရှိတာပဲ။ အခုခေတ်မှာ မင်းလို သတ္တိရှိတဲ့သူတွေက တကယ်ရှားသွားပြီ။ "

" ငါတို့က ဘက်မတူပေမဲ့ မင်းလို ယောင်္ကျားမျိုးကိုတော့ ငါ တကယ်လေးစားတယ်။ "

" မင်းက တာဝန်ယူတတ်ပြီးတော့ တကယ့်ကို ရုပ်ချောတဲ့ ကောင်လေးတစ်ယောက်ပဲ။ "

" မင်းနဲ့ လက်ထပ်မဲ့ ဘယ်မိန်းကလေးမဆို တကယ့်ကို ကံကောင်းမှာပဲ... "

ယဲ့ရှင်းချန်သည် ထိုစကားကို ကြားပြီး အလွန်ပျော်ရွှင်သွားခဲ့သည်။

ဒီကောင်တွေက မြှောက်ပြောတာ တကယ်တော်တာပဲ...

သူသည် မနေနိုင်ပဲနဲ့ နောက်ကို တိတ်တိတ်ကလေး ခိုးကြည့်ခဲ့သည်။

ရို့ရွယ် မင်း ကြားလား....

လူဆိုးတွေကတောင် ကိုယ့်ကို သူရဲကောင်းတစ်ယောက်လို့ ချီးကျူးနေပြီ ၊ မင်း စိတ်မလှုပ်ရှားဘူးလား......

မင်းကိုယ့်ကို ဘာမှ ပြောစရာမရှိဘူးလား....

သို့သော်လည်းပဲ သူ့အချစ်ကလေးသည် မျက်နှာသေဖြင့် ဆက်ရှိနေတာက သူ့ကို စိတ်ပျက်စေခဲ့သည်။

ထိုအခြေအနေတွင် သူတို့ သရုပ်ဆောင်တာက အထွတ်အထိပ်ကို ရောက်နေပြီဖြစ်တာကြောင့် မတိုက်ခိုက်ဘဲနဲ့ အဆုံးသတ်ဖို့က ခက်ခဲလိမ့်မည်ဖြစ်သည်။

" ဘရို လာ ချကြရအောင်။ " သန်မာထွားကျိုင်းတဲ့ လူက လက်ဝှေ့ယမ်းပြီး ပြောခဲ့သည်။

" လာ .... " ယဲ့ရှင်းချန်သည် ဟိန်းဟောက်ပြီး အရှေ့သို့ ပြေးလာခဲ့သည်။

အနောက်‌တွင် ကြည့်နေသော လင်ပေ့ဖန်သည် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။

" အစ်ကိုယဲ့ ၊မင်းက ဒဏ်ရာရနေတာတောင် ငါတို့အတွက် ရပ်တည်ပေးလို့ ငါ အရမ်းပဲ စိတ်လှုပ်ရှားတယ်။ ဒါကြောင့် ငါ မင်းကို စွမ်းအားတစ်ခုရအောင် လုပ်ပေးမယ်။ မင်း အောင်ပွဲခံပြီးတော့ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်။ "

[ စနစ် ငါ ဆုတစ်ခုတောင်းမယ်။ ငါ ရန်သူကို ထိုးလိုက်တိုင်း ငါ့ရန်သူရဲ့ ခုခံမှုက ပျက်စီးသွားပြီးတော့ ငါထိုးလိုက်တဲ့ ခွန်အားကလည်း နှစ်ဆဖြစ်သွားပါစေ။ ]

[ ဒင် ပိုင်ရှင်ရဲ့ဆုတောင်းကို ဖြည့်ဆည်းပေးပြီးပါပြီ။ ]

ထိုအချိန်တွင် ယဲ့ရှင်းချန်သည် သူ့ရဲ့ ပထမဆုံးပြိုင်ဘက်နဲ့ တွေ့ဆုံခဲ့သည်။

သူသည် ဒီနေ့တော်တော်လေး နေလို့ကောင်းပြီး အသစ်တဖန် ပြန်လည်မွေးဖွားလာသလိုမျိုးခံစားခဲ့ရသည်။ထို့ကြောင့် သူသည် စိတ်လှုပ်ရှားစွာဖြင့် သူ့ရဲ့ ပထမဆုံး လက်သီးချက်ကို မျက်နှာမည်း နှင့် သန်မာသောလူ၏ ရင်ဘက်ကို ပစ်ထိုးခဲ့သည်။

မျက်နှာမည်းနှင့် သန်မာသော လူသည် နာကျင်စွာဖြင့် အသားကုန်အော်ဟစ်၍ သူ့ခန္ဓာကိုယ်တစ်ခုလုံး လေထဲသို့မြှောက်တက်သွားပြီး နောက်ပြန်လှန်၍ လွှင့်ထွက်သွားခဲ့သည်။ ထို့နောက် သူသည် ပါးစပ်အပြည့် သွေးတစ်လုပ်အန်ထုတ်ခဲ့သည်။

ယဲ့ရှင်းချန်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ဘာလား ၊ ငါ အား တစ်ဆယ်ရာခိုင်နှုန်းပဲ သုံးရသေးတာလေ ၊မင်းကဘာလို့ အနောက်ကို လွင့်ထွက်သွားတာလဲ....

အရမ်းမသိသာ လွန်းဘူးလား....

မင်း သရုပ်ဆောင်တာက နည်းနည်းအိုဗာဖြစ်နေသလိုဘဲ...

ဒါပေမဲ့ မင်း သွေးအတုတောင် ပြင်ဆင်ထားတယ်ဆိုကတည်းက မင်းရဲ့ စိတ်ဓာတ်က ချီးကျူးဖို့ကောင်းတယ်။ ဒါကြောင့် ငါ မင်းကို ခွင့်လွှတ်ပေးလိုက်မယ်.....

ထို့နောက် ယဲ့ရှင်းချန်သည် နောက်လှည့်၍ ဒုတိယလူထိုးလာတဲ့ လက်သီးချက်ကို ကာလိုက်ပြီး အားအနည်းငယ် သုံး၍ ထိုလူရဲ့ လက်မောင်းကို ထိုးခဲ့သည်။

ကလောက်ဆိုတဲ့ အသံတစ်သံကို သူကြားပြီးနောက် ထိုလူသည် အလွန်နာကျင်စွာ အော်ဟစ်ခဲ့သည် ။

ယဲ့ရှင်းချန်သည် နောက်ကြိမ်အံ့အားသင့်သွားခဲ့သည်။

သောက်ကျိုးနည်း ၊ ငါ အား သုံးဆယ်ရာခိုင်နှုန်းပဲ သုံးရသေးတာလေ။ မင်းက ဘာလို့ အသက်ကုန်အော်နေတာလဲ ။ အရမ်းများနာနေလို့လား....

အရင်တုန်းကဆိုရင် ငါ မင်းကို ငါ့ရဲ့ခွန်အား ငါးဆယ်ရာခိုင်နှုန်းလောက်သုံးပြီး ထိုးတဲ့အချိန်မှာတောင် ဘာမှမဖြစ်တဲ့ကောင်က အခုမှ အသက်ကုန်လာအော်ပြနေတယ် ပေါ့လေ...။

မင်း တကယ်ရော သရုပ်ဆောင်နေတာလားဟ...

မင်း သရုပ်ဆောင်တာက အရှေ့ကကောင်ထက် ပိုပြီး‌ေတာ့ အိုဗာဖြစ်နေတယ်...

ဒါပေမဲ့ အရိုးကျိုးတဲ့အသံ ကြားအောင်လုပ်နိုင်လို့ ငါမင်းကို ခွင့်လွှတ်ပေးလိုက်မယ်....။

" လာ ထပ်ချကြရအောင် "

ယဲ့ရှင်းချန်သည် သူ့ခန္ဓာကိုယ်ဖြင့် ပြိုင်ဘက်ရဲ့ ရင်ဘက်ကို ပစ်တိုက်ခဲ့သည်။ ထိုလူသည် နောက်တစ်ကြိမ် အော်ဟစ်ပြီး လျင်မြန်စွာဖြင့် နောက်ပြန်လှန်ကျ၍ ပါးစပ်အပြည့် သွေးတစ်လုပ်အန်ထုတ်ခဲ့သည်။

ထို့နောက် တတိယလူသည်လည်း ယဲ့ရှင်းချန်ထိလိုက်သည်နှင့် လွင့်ထွက်သွားပြီး သွေးတစ်လုပ်အန်ထုတ်ခဲ့သည်။

ထိုမြင်ကွင်းကို မြင်ပြီး ယဲ့ရှင်းချန်သည် ခေါင်းခါခဲ့သည်။

ဒီကောင်တွေက တိုက်ခိုက်‌တဲ့နေရာမှာ တော်ပြီးတော့ သရုပ်ဆောင်တာမှတကယ်ဆိုးတာပဲ....

မင်းတို့က ငါထိုးလိုက်အခါတိုင်း အမြဲတမ်း သွေးအန် နေတယ်....

ဒါက လက်တွေ့မှာ ဘယ်လိုဖြစ်နိုင်မှာလဲ...

ငါတို့က ကုလားကားရိုက်နေတာမဟုတ်ဘူးလေ။ဒါကြောင့် မင်းတို့အဲ့လောက်ထိ အိုဗာဖြစ်နေစရာမလိုဘူး...။ မင်းတို့ သရုပ်ဆောင်နေတာကြည့်ပြီးတော့ ကွီးနေထူးနိုင်တောင် ထိုင်ငိုသွားလောက်တယ်...။မင်းတို့ သရုပ်ဆောင်တာ‌ကို ဗီဒီယိုရိုက်ပြီးတော့ မြန်မာနိုင်ငံမှာ ပြလိုက်ရင် တကယ်ပေါက်သွားမှာ...

ထားလိုက်တော့ ၊ မင်းတို့ ငပိန်းတွေကို ငါ မပြောတော့ဘူး....

အခု အလုပ်စလိုက်ကြရအောင်....

ထို့နောက် ယဲ့ရှင်းချန်သည် သိုးအုပ်ထဲဝင်သွားတဲ့ ကျားတစ်ကောင်လိုမျိုး တပြိုင်တည်း ဘယ်ညာတိုက်ခိုက်ခဲ့သည်။သူဘယ်နေရာသွားသွား သူ့နဲ့ ယှဉ်တိုက်နိုင်တဲ့သူ တစ်ယောက်မှမရှိပေ။ ထို့ပြင် ထိုလူများသည် သွေးအန်တဲ့သူက အန်ပြီး နောက်ပြန်လွင့်ထွက်သွားတဲ့သူကလည်း လွင့်ထွက်သွား၍ ယဲ့ရှင်းချန်ရဲ့ ရဲရင့်မှုကို ထင်ရှားပေါ်လွင်စေခဲ့သည်။

အနောက်ကနေ ရပ်ကြည့်နေတဲ့ ချူရို့ရွယ်သည် ကြောင်သွားခဲ့သည်။

" သူတို့.... ဟန်ဆောင်နေတာမလား..."

လင်ပေ့ဖန်သည် ခေါင်းခါပြီး အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။

" သူတို့တွေ ဟန်ဆောင်နေတာ မဟုတ်ဘူး။ တကယ်ချနေကြတာ.. "

အန်တီလီ၏ မျက်လုံးများထဲတွင် ချစ်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

" ရှောင်ယဲ့က အရမ်းရဲရင့်တဲ့ ယောင်္ကျားကောင်းတစ်ယောက်ပဲ... "

ထိုနည်းဖြင့် တစ်မိနစ်မပြည့်ခင်မှပင် ယဲ့ရှင်းချန်သည် ထိုလူဆိုးများကို အမှောက်သိပ်ခဲ့သည်။ထိုလူဆိုးများသည် မြေပြင်ပေါ်မှာ လဲလျောင်းလျက် နာကျင်စွာဖြင့် ညည်းတွားနေခဲ့ကြသည်။ထို့ပြင် သူတို့ရဲ့ မျက်နှာများကလည်း ကြောက်စရာကောင်းလောက်အောက် အကျည်းတန်နေသည်။ သူတို့ရဲ့ သွေးတွေကလည်း မြေပြင်ပေါ်မှာ ဆေးဆိုးထားသလိုမျိုး နီရဲနေခဲ့သည်။

ယဲ့ရှင်းချန်တစ်ယောက်ထဲသာလျှင် ခေါင်းမေ့ာပြီး စစ်ပွဲနတ်ဘုရားတစ်ယောက်လိုမျိုး သူတို့ရှေ့မှာ မတ်တပ်ရပ်နေခဲ့သည်။

ယဲ့ရှင်းချန်သည် အနည်းငယ် ဝံ့ကြွားသောအမူအရာဖြင့် ခေါင်းလှည့်ပြီး ပြောခဲ့သည်။

" ကျွန်တော့် တိုက်တာ ဘယ်လိုလဲ.... "

" ဖြောင်းဖြောင်းဖြောင်း.... "

လင်ပေ့ဖန်နှင့် အန်တီလီတို့သည် အားရပါးရလက်ခုပ်တီးပြီး တပြိုင်တည်း ပြောခဲ့ကြသည် ။

" မိုက်တယ် ၊အရမ်းမိုက်တယ်... "

ယဲ့ရှင်းချန်သည် ပိုပြီးတော့တောင်မှ ဝံ့ကြွားသွားခဲ့သည်။

" ဒီ‌ကောင်တွေလောက်တော့ ကျွန်တော် ရှင်းဖို့ ပြဿနာမရှိပါဘူးလို့ ကျွန်တော် ပြောပါတယ် "

" ဖြောင်းဖြောင်းဖြောင်း... "

လင်ပေ့ဖန်နှင့် အန်တီလီတို့သည် နောက်တစ်ကြိမ် လက်ခုပ်တီးပြီး တပြိုင်တည်း ပြောခဲ့ကြသည်။

" အစ်ကိုယဲ့ ၊ ရှောင်ယဲ့ မင်းက အရမ်းတော်တယ်။ "

" ကျေးဇူးတင်ပါတယ် " ယဲ့ရှင်းချန်သည် သူ့ရဲ့အချစ်ကလေးကို ကြည့်ပြီး သူမ ဘာမှ မပြောတာကို တွေ့လိုက်ရသောအခါတွင် သူသည် အလွန် စိတ်ပျက်သွားခဲ့သည်။

လင်ပေ့ဖန်သည် မနေနိုင်ပဲနဲ့ ချူရို့ရွယ်ကို တိုက်တွန်းခဲ့သည်။

" အစ်ကိုယဲ့က ငါတို့ကို ကာကွယ်ဖို့အတွက် အဲ့ဒီလူဆိုးတွေကို သူ့အသက်နဲ့ရင်းပြီး တိုက်ပေးတာလေ...။ ဒါကို မင်း အနည်းဆုံး တစ်ခုခုတော့ ပြန်ပြောသင့်တယ်။ မင်း အဲ့လောက်ထိ အသည်းမမာနဲ့... "

" ကောင်းပြီလေ " ချူရို့ရွယ်သည် မတီးချင်တီးချင်ဖြင့် လက်ခုပ်တီးပြီး ပြောလိုက်သည်။

" ရှင် အရမ်းတော်တယ်။ပြီးတော့ သတ္တိလည်း အရမ်းရှိတယ်။ တကယ့်ကို အထင်ကြီးဖို့ကောင်းတယ်။ "

ယဲ့ရှင်းချန်သည် သူ့စိတ်ထဲ၌ ဘဝခိုက်သွားပြီး စိတ်လှုပ်ရှားလွန်းလို့ စကားပြန်မပြောနိုင်အောင်ဖြစ်သွားခဲ့သည်။

သူ့ဘဝနှစ်ခုစလုံးတွင် သူ့အချစ်ကလေးစီကနေ ချီးကျူးစကားကြားရဖို့ကသူ့အတွက်တော့ တကယ့်ကို မလွယ်ကူခဲ့ပေ။

ဒီတစ်ခေါက်သရုပ်ဆောင်ရတာ ထိုက်တန်တယ်...

" ဒါတွေက ကိုယ်လုပ်သင့်တာပါ... " ယဲ့ရှင်းချန်သည် အမြန်‌ပြန်ပြောခဲ့သည်။

ထို့နောက် သူသည် မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ လူဆိုးများကို ခြေထောက်ဖြင့် ကန်ပြီး ပြောခဲ့သည်။

" မင်းတို့ အခုထွက်သွား ၊ငါ့ရှေ့ကို နောက်တစ်ခေါက်ပေါ်မလာနဲ့။ အဲလိုမှမဟုတ်ရင် ငါ မင်းတို့ကို မြင်တာနဲ့ ဆုံးမပေးမယ်... "

ရလဒ်အနေဖြင့် ထိုလူဆိုးများသည် မထပဲနဲ့ အော်ဟစ်ညည်းတွားနေခဲ့သည်။

ယဲ့ရှင်းချန်သည် နောက်တစ်ကြိမ် ထပ်ကန်ခဲ့သည်။

" မင်းတို့ ဘာလို့မထသေးတာလဲ။ မင်းတို့ ငါ လိုက်ပို့ပေးတာကို လိုချင်လို့လား... "

ရလဒ်အနေဖြင့် သူတို့သည် အော်ဟစ်ညည်းတွားနေကြဆဲဖြစ်ပြီး သူတို့၏မျက်နှာများကလည်း အလွန်နာကျင်နေပုံပေါ်နေခဲ့သည်။

" ကြည့်ရတာ မင်းတို့ကို ငါ သင်ခန်းစာပေးတာက မ‌လုံ‌ေလာက်သေးဘူးထင်တယ်။ "

ယဲ့ရှင်းချန်သည် မျက်စိမှိတ်ပြီး အချက်ပြခဲ့သည်။

မင်းတို့ သရုပ်ဆောင်နေတာ ရပ်ပြီးတော့ သွားတော့ လေ။ မင်းတို့ ဆက်ပြီးတေ့ာ ဒီအတိုင်းပဲ သရုပ်ဆောင်နေရင် ပေါ်သွားလိမ့်မယ်......

သို့သော်လည်းပဲ တ‌စ်ယောက်မှ သူ့ကို မတုန့်ပြန်ပဲနဲ့ လူတိုင်းက ဆက်လက်ပြီး နာကျင်စွာ အော်ဟစ်ညည်းတွားနေခဲ့သည်။

ယဲ့ရှင်းချန်သည် သူ့စိတ်ထဲ၌ ဆိုးရွားတဲ့ ကြိုတင်သတိပေးချက်တစ်ခုကို ရရှိခဲ့သည်။

All Chapters