← Chapters

အပိုင်း ၁၆၄

Vol. 12 Ch. 164

အပိုင်း ၁၆၄

Vol. 12 Ch. 164

ငါ့ရဲ့ အရှေ့မှာရှိနေတဲ့ နတ်ဆိုးကို ငါ မေ့တော့မလို့ပဲ...။

ထိုနတ်ဆိုးသာ သူ့ရဲ့ညီအစ်ကိုတွေကို ထောင်ထဲသို့ တကယ်ပို့ချင်ပါက ထောင်ထဲကို သေချာပေါက် အရောက်ပို့လိုက်မည်ဖြစ်သည်။

အကယ်၍ ဒီနည်းနဲ့ အလုပ်မဖြစ်ရင် သူ့မှာ အမြဲတမ်း တစ်ခြားနည်းလမ်းတွေရှိတယ်..

ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် အဲ့နတ်ဆိုးက ဖြစ်အောင်လုပ်လိမ့်မယ်...( ထောင်ထဲပို့တာနော် )

ယဲ့ရှင်းချန်သည် အမြန်ပြန်ပြောခဲ့သည်။

" ဥက္ကဌလင် ၊ ကျွန်တော့်စိတ်ထင် အဲ့လောက်ထိ လုပ်စရာမလိုဘူးလို့ ထင်တယ် ။ သူတို့ ဘာအမှားမှ မလုပ်ထားဘူးလေ... "

" ဘာလို့ ဘာအမှားမှ မလုပ်ထားရမှာလဲ ...။ လုယက်ဖို့ ကြိုးစားခဲ့တာက အပြစ်တစ်ခုမဟုတ်ဘူးလား...။ လူသတ်ဖို့ ကြိုးစားခဲ့တာကရော အပြစ်တစ်ခုမဟုတ်ဘူးလား...။ " လင်ပေ့ဖန်က လေသံက ကျယ်သွားခဲ့သည်။

" အစ်ကိုယဲ့ ၊ အဲ့ဒီအချိန်တုန်းက မင်းသာမရှိရင် နောက်ဘာဆက်ဖြစ်မလဲဆိုတာ ငါတို့ မသိဘူး။ "

လင်ပေ့ဖန်သည် လက်လေးချောင်းထောင်ပြီး ပြောခဲ့သည်။

" အဲ့ဒီအချိန်တုန်းက ငါတို့က လေးယောက်ပဲရှိတယ်။ အဲ့ထဲမှာ နှစ်ယောက်က မိန်းကလေးတွေပဲ။ နောက်ပြီးတော့ မင်းကလည်း ဒဏ်ရာမပျောက်သေးဘူး။ ငါ တစ်ယောက်ထဲပဲ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့ သူရှိတယ်။ ဒါပေမဲ့ သူတို့မှာက လူ ဆယ့်လေးယောက်ရှိတယ်။ အကုန်လုံးကလည်း တစ်ယောက်မှ အားနည်းတဲ့သူမရှိဘူး။ အကယ်၍ သူတို့သာ ငါတို့ကို ဝိုင်းလာခဲ့ရင် ငါတို့ ဘာလုပ်လို့ရမှာလဲ။ နောက်ပြီးငါတို့ကို ဘယ်သူက ကာကွယ်ပေးမှာလဲ ၊ ငါပြောတာ မှန်တယ်မလား.... "

ယဲ့ရှင်းချန်သည် ပါးစပ်ဖွင့်ပြီးပြောခဲ့သည်။

" ဒါပေမဲ့ ..... "

" ဒါကြောင့် ငါတို့ မထိခိုက်ပေမဲ့ သူတို့ကို ငါ မလွှတ်ပေးနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် သူတို့က ကလေးတွေမဟုတ်တော့ဘူး ။ ကိုယ်လုပ်ထားတဲ့အရာကိုတော့ ကိုယ်တာဝန်ယူရမှာပေါ့။ ဒါကြောင့် ငါသူတို့ကို သေချာပေါက် ထောင်ထဲထည့်ပြီးတော့ သူတို့နဲ့ ထိုက်တန်တဲ့ ပစ်ဒဏ်ကို ခံစားရအောင် လုပ်ပစ်မယ်။ " လင်ပေ့ဖန်က ပြောခဲ့သည်။

ယဲ့ရှင်းချန်သည် ပိုပြီးတော့တောင်မှ စိုးရိမ်လာခဲ့သည်။

" ဒါပေမဲ့ ဥက္ကဌလင် ၊သူတို့က...... "

လင်ပေ့ဖန်က ကြားဖြတ်ပြောခဲ့သည်။

" အစ်ကိုယဲ့ ဒီအချိန်မှာ သနားနေလို့မရဘူး။ဒီကိစ္စကို ကျွန်တော့်နဲ့သာ လွှတ်ထားလိုက်။ အစ်ကိုယဲ့ အဲ့ဒီအကြောင်းကို မစိုးရိမ်နဲ့ ၊ကျွန်တော့်ရဲ့သတင်းကောင်းကိုပဲ ထိုင်စောင့်နေ။ သူတို့ကို တစ်သက်လုံး ထောင်ထဲမှာ နေခိုင်းတာက အကောင်းဆုံးပဲ။ ဒါမှ သူတို့ ဘယ်တော့မှ ပြန်မထွက်လာနိုင်မှာ။ "

ယဲ့ရှင်းချန်သည် အလွန်ထိတ်လန့်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားခဲ့သည်။

" မစ္စတာလင် ၊ ကျေးဇူးပြုပြီး သူတို့ကို လွှတ်ပေးပါ "

လင်ပေ့ဖန်သည် ပြန်ပြောခဲ့သည်။

" အစ်ကိုယဲ့ ၊ ဒီအချိန်မှာ သနားနေစရာမလိုဘူးလို့ ငါမင်းကို ပြောပြီးသားလေ။ မင်း ဘာလို့ ဒီကိစ္စကို အဖြစ်သည်းနေရတာလဲ...။ ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ကောင်းပေမဲ့ မင်း အကြောင်းပြချက်ကောင်းကောင်း ငါ့ကို မပေးနိုင်ရင်တော့ မင်းပြောတာကို ငါ ဘယ်တော့မှ သဘောတူမှာမဟုတ်ဘူး။ "

" ဘာကြောင့်လဲဆိုတော့ ... သူတို့အားလုံးက ကျွန်တော့်ရဲ့ သူငယ်ချင်းတွေမို့လို့ပါ။ "

လင်ပေ့ဖန်သည် အံ့အားသင့်သွားခဲ့သည်။

" အစ်ကိုယဲ့ ၊မင်းဘာပြောလိုက်တာလဲ...။ နောက်တစ်ခေါက် ထပ်ပြောပါဦး...။ "

" သူတို့အားလုံးက ကျွန်တော့်ရဲ့ သူငယ်ချင်းတွေလို့ ကျွန်တော် ခုနတုန်းက ပြောလိုက်တာပါ။ နောက်ပြီး သူတို့တွေကို ကျွန်တော် သရုပ်ဆောင် ခိုင်းခဲ့တာ။ " ယဲ့ရှင်းချန်က ပြောခဲ့သည်။

လင်ပေ့ဖန်သည် နောက်တစ်ကြိမ် အံ့အားသင့်သွားခဲ့သည်။

" မင်းတို့အားလုံးက သရုပ်ဆောင်နေတာလား...။ ဘာလို့လဲ... "

" ဟုတ်ပါတယ် " ယဲ့ရှင်းချန်သည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ပြီး ပြောခဲ့သည်။

" ဘာလို့လဲဆိုတော့ ချူရို့ရွယ်ရဲ့ ရှေ့မှာ သူရဲကောင်းတစ်ယောက်က အလှလေးကို ကယ်တင်တဲ့ ပုံစံကို ကစားချင်လို့ပါ။ ဒါမှ ကျွန်တော့်အပေါ်မှာ ထားတဲ့ သူမရဲ့ သဘောထားတွေက ပြောင်းလဲသွားမှာလေ။ ဒါပေမဲ့ ကျွန်တော် မမျှော်လင့်ခဲ့တာက..... " ယဲ့ရှင်းချန်သည် စိတ်ဓာတ်ကျစွာဖြင့် သက်ပြင်းချခဲ့သည်။

သူတို့သရုပ်ဆောင်တာက ကောင်းပြီး အောင်မြင်ခဲ့ပေမဲ့လည်း သူ့ဘဝရဲ့ သေတူရှင်ဘက် ညီအစ်ကိုကောင်းတွေကို သူသည် ထိခိုက်နစ်‌နာအောင် လုပ်ခဲ့မိသည်။

သူသည် ရယ်ရမလား ငိုရမလားတောင် မသိတော့ပေ။

လင်ပေ့ဖန်ရဲ့ အကြည့်များက ရှုပ်ထွေးသွားခဲ့သည်။

" အစ်ကိုယဲ့ ၊ မင်း ဘာလို့ ငါ့ကို အစောကြီးကတည်းက မပြောတာလဲ။ အကယ်၍ မင်းသာ ငါ့ကို အစောကြီးကတည်းက ပြောရင် ငါ မင်းနဲ့သေချာပေါက် ပူးပေါင်းပေးလို့ရလိမ့်ယ်။ အခုတော့ ကြည့် ၊အရာအားလုံးက နောက်ကျသွားပြီ။ ငါတို့ ဘာမှ မတတ်နိုင်တော့ဘူး။ "

" ကျွန်တော်လည်း ဒီကိစ္စက ဒီလောက်ထိ ကြီးသွားလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့မိဘူး....ဟူး.... " ယဲ့ရှင်းချန်သည် နောက်တစ်ကြိမ် စိတ်ဓာတ်ကျစွာဖြင့် သက်ပြင်းချခဲ့သည်။

လင်ပေ့ဖန်ရဲ့ အကြည့်များသည် ရှုပ်ထွေး‌နေဆဲ ဖြစ်သည်။

" မင်းတို့ သရုပ်ဆောင်တာကလည်း မသိရင်တကယ်တီးနေကြသလိုပဲ။ နောက်ပြီး မင်း ရိုက်လိုက်လို့ သူတို့အကုန်လုံးကို ဆေးရုံတောင် ပို့လိုက်ရပြီ ။ "

" အဲ့ဒါ ကျွန်တော့်ရဲ့ ဒဏ်ရာတွေ ပြန်သက်သာသွားလို့ ကျွန်တော်အရမ်းစိတ်လှုပ်ရှားပြီးတော့ ကျွန်‌ေတာ့်ရဲ့ခွန်အားကို မထိန်းချုပ်နိုင်လိုက်တာ ဖြစ်ရမယ်။ " ယဲ့ရှင်းချန်က ပြုံးဖြဲဖြဲဖြင့် ပြန်ပြောခဲ့သည်။

" ဒါဆို ၊ မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ ။ " လင်ပေ့ဖန်က သူ့လက်ကို ဖြန့်ပြီး ပြောခဲ့သည်။

" ရဲတွေက ဒီအမှုကို ယူထားလိုက်လို့ ငါတို့ ကိစ္စတော်တော်များမှာ ဝင်ပါလို့ မရနိုင်တော့ဘူး။ "

ယဲ့ရှင်းချန်က အမြန် ပြန်ပြောခဲ့သည်။

" ဥက္ကဌလင် တစ်ယောက်ပဲ သူတို့ကို လွတ်အောင် လုပ်ပေးနိုင်တယ်။ "

လင်ပေ့ဖန်က ခေါင်းခါပြီး ပြောခဲ့သည်။

" ငါက သူတို့ကို လွှတ်အောင် လုပ်ပေးချင်ရင်တောင် အခြားတစ်ယောက်ကတော့ သူတို့ကို လွှတ်ပေးမှာ မဟုတ်လောက်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စကို ငါ ဘာမှ ဝင်လုပ်လို့ရတော့ဘူး။ ဥက္ကဌချူက စောင့်ကြည့်‌ နေတယ်။

" ချူရို့ရွယ် ... သူမက စောင့်‌ကြည့်နေတာလား... " ယဲ့ရှင်းချန် အံ့အားသင့်သွားခဲ့သည်။

" ဟုတ်တယ် ၊ မနေ့ညက သူမ ဘယ်လောက်ထိ ဒေါသထွက်နေလဲဆိုတာ မင်း မမြင်ဘူးလား...။ နောက်ပြီး လူတွေက ငယ်ငယ်တုန်းမှာ ဒီလိုကိစ္စမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရရင် အရမ်းကြောက်ရွံ့ကြလိမ့်မယ်။ နောက်မှ သူတို့ကို ကြောက်လန့်အောင် လုပ်တဲ့ သူကို လက်စားပြန်ချေမှာက ဓမ္မတာပဲလေ။ ဒါကြောင့်မိုလို့ ငါသူတို့ကို လွှတ်ပေးရင်တောင် ချူရို့ရွယ်ကတော့ လွှတ်ပေးမှာမဟုတ်လောက်ဘူး...။ "

" ကျွန်တော် အခု ဘာလုပ်သင့်လဲ ..... " ယဲ့ရှင်းချန်က ထိတ်လန့်သွားခဲ့သည်။

" ဒီတစ်ကြိမ်တော့ ငါလည်း တကယ်မတတ်နိုင်တော့ဘူး...။ " လင်ပေ့ဖန်က အကူအညီမဲ့စွာဖြင့် ပြောခဲ့သည်။

" မစ္စတာလင် ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါ .. " ယဲ့ရှင်းချန်က အနူးအညွတ် တောင်းပန်ခဲ့သည်။

" ငါ ဘယ်လို ကူညီနိုင်မှာလဲ...။ မိန်းကလေးတစ်ယောက် ဒေါသထွက်နေရင် ကြောင်းကျိုးမညီဘူးဆိုတာ မင်းလည်း သိတာပဲ။ နောက်ပြီး လူတွေ ဒေါသထွက်နေတဲ့ အချိန်မှာ သွားဖြန်ဖြေပေးရင် သူတို့ဒေါသက သွားဖြန်ဖြေပေးတဲ့သူစီကို ရောက်လာမှာမဟုတ်ဘူးလား...။ " လင်ပေ့ဖန်က အကူအညီမဲ့စွာဖြင့် ပြောခဲ့သည်။

" ဘယ်လိုလဲ ၊အစ်ကိုယဲ့ သူမကို သွားပြောကြည့်မလား.... " လင်ပေ့ဖန်က အကြံပေးခဲ့သည်။

" ကျွန်တော်လား... " ယဲ့ရှင်းချန်သည် ခပ်ကြမ်းကြမ်း ခေါင်ခါခဲ့သည်။

ငါ့သွားရင် ပိုပြီးတော့ ဒုက္ခရောက်မှာပေါ့ဟ....

ဒီကိစ္စက သူ့ကြောင့် ဖြစ်တယ်ဆိုတာကိုသာ သူမသိသွားခဲ့ရင် အနာဂတ်မှာ သူမကို လိုက်ဖို့ စဉ်းတောင်မစဉ်းစားနဲ့ တော့။ ရေစက်ချပြီး အမျှဝေမှပဲ ရတော့မယ်....။

နောက်ပြီး ဒီဘဝမှာ ငါ့အချစ်ကလေးကိုလည်း ထာဝရ လက်လွှတ် လိုက်ရလိမ့်မယ်....။

" မစ္စတာလင် ၊မစ္စတာလင် ဒီကိစ္စကို သေချာပေါက်ကူညီပေးရမယ်‌ေနာ်။ နောက်ပြီး မစ္စတာလင်ကူညီပေးနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်။ ဒါက မစ္စတာလင် အတွက် မခက်ခဲပါဘူးဗျာ။ ဒီတစ်ကြိမ်တော့ မစ္စတာလင်ကို ကျွန်တော် တောင်းဆိုပါတယ်။ နောက်ပြီး မစ္စတာလင် ခိုင်းသမျှကိုလည်း ကျွန်တော်လုပ်ပေးပါ့မယ်။ " ယဲ့ရှင်းချန်က အသည်းအသန်တောင်းပန်ခဲ့သည်။

လင်ပေ့ဖန်သည် တစ်ဖက်လူတောင်းပန်နေတဲ့ပုံကို ပျော်ရွှင်စွာဖြင့် ကြည့်ပြီး ရှက်ရွံ့စွာဖြင့် ပြောခဲ့သည်။

" ကောင်းပြီ ၊ အစ်ကိုယဲ့ မင်းက စိတ်ရင်းမှန်နဲ့ ပြောနေတော့လည်း ငါ မင်းအတွက် ကြိုးစားပေးနိုင်တယ်။ "

ယဲ့ရှင်းချန်သည် ဝမ်းသာသွားခဲ့သည်။

" ကျေးဇူးတင်ပါတယ် မစ္စတာလင် ။ မင်း ပါဝင် လုပ်ဆောင်လိုက်တာနဲ့ ဒီကိစ္စက သေချာပေါက် အောင်မြင်သွားလိမ့်မယ်... "

သူသည် လင်ပေ့ဖန်ထက်တောင်မှ ပိုပြီးတော့ ယုံကြည်မှုရှိနေခဲ့သည်။

" ဒါပေမဲ့ ဒီနှစ်ရက်ထဲမှာ ကျွန်တော် ပိုက်ဆံရှာနိုင်မှာ မဟုတ်လောက်ဘူး... " လင်ပေ့ဖန်က သက်ပြင်းချခဲ့သည်။

ယဲ့ရှင်းချန်က စိုးရိမ်စွာဖြင့် ပြောခဲ့သည်။

" ကျွန်တော် မင်းကို ပိုက်ဆံ ကူရှာပေးမယ်။ မင်းလိုချင်သလောက် ကျွန်တော် ရှာပေးမယ်။ "

လင်ပေ့ဖန်က ရှက်ရွံ့နေစဲဖြစ်သည်။

" ဒါပေမဲ့ ချူရို့ရွယ်ကို စည်းရုံဖို့အတွက် ကုမ္ပဏီကိစ္စတွေ အများကြီး နှောင့်နှေး သွားနိုင်တယ်။ နောက်ပြီး ဒီနှစ်ရက်ထဲမှာ လျှိုယုမေ့ကလည်း အတော်လေး အလုပ်များနေလို့ ကုမ္ပဏီကိစ္စတွေမှာ ဝင်မပါနိုင်လောက်ဘူး။ "

ယဲ့ရှင်းချန်က နောက်တစ်ကြိမ် စိုးရိမ်စွာဖြင့် ပြောခဲ့သည်။

" အဲ့ဒီကိစ္စတွေကို ကျွန်တော့်လက်ထဲသာအပ်ထားလိုက်။ နှစ်ရက်သုံးရက်လောက်တော့ ကျွန်တော်ပြဿနာမရှိပဲနဲ့ ထိန်းထားနိုင်တယ်။ "

" ဒါပေမဲ့ ငါ သူမကို စည်းရုံးဖို့အတွက် ဒီနှစ်ရက်ထဲမှာ သူမနဲ့ မကြာခဏ ဆက်သွယ်ရနိုင်တယ်။ အဲ့ဒါက အစ်ကိုယဲ့ကို နားလည်မှု လွဲတာတွေ ဖြစ်စေနိုင်တယ်။ငါကြောက်တာက အစ်ကိုယဲ့ နားလည်မှု..... "

ယဲ့ရှင်းချန်က ချက်ချင်းပဲ အာမခံခဲ့သည်။

" မစိုးရိမ်နဲ့ ၊ကျွန်တော် ဘယ်တော့မှ နားလည်မှု လွဲမှာမဟုတ်ဘူး... "

" ဒါပေမဲ့ ငါ.... "

ယဲ့ရှင်းချန်သည် ဒေါသတကြီး ပြောခဲ့သည်။

" မစ္စတာလင် မင်းပြောလို့ပြီးပြီလား...။ မင်း အခု အရေးကြီးဆုံး လုပ်ရမဲ့အရာက ကျွန်တော့်ရဲ့ သူငယ်ချင်းတွေကို လွှတ်ပေးဖို့အတွက် ချူရို့ရွယ်ကို စည်းရုံးဖို့ပဲ။ တစ်ခြားကိစ္စတွေကို မင်း စိုးရိမ် နေစရာမလိုဘူး။ ငါ မင်းကို ကူညီပေးမယ်.... "

လင်ပေ့ဖန်သည် စားပွဲခုံကို ရိုက်ပြီး ထရပ်ခဲ့သည်။

" အစ်ကိုယဲ့ ၊။ မင်းရဲ့ စကားတွေကို ငါကြားပြီးတော့ စိတ်သက်သာရာရသွားပြီ။ "

ယဲ့ရှင်းချန်က စိတ်မရှည်စွာဖြင့် ပြောခဲ့သည်။

" မြန်မြန်လုပ် အချိန်မဆွဲနဲ့တော့။ "

လင်ပေ့ဖန်သည် ရုံးခန်းထဲကနေ အေးအေးဆေးဆေးလမ်းလျှောက်ထွက်လာပြီး တံခါးဝမှ အပြင်မထွက်ခင်မှာပင် နောက်လှည့်ကြည့်၍ အိုကေဟူသော အမူအရာဖြင့် လက်ဟန်ပြခဲ့သည်။

" အစ်ကိုယဲ့ ကုမ္ပဏီကို မင်းလက်ထဲအပ်ခဲ့ပြီ‌ေနာ်။မင်း ငါ့ရဲ့ သတင်းကောင်းကို စောင့်နေ။ "

" လင်ပေ့ဖန် ၊ အရာအားလုံးက မင်းအပေါ်မှာမူတည်တယ် " ယဲ့ရှင်းချန်က တီးတိုးရေရွတ်ခဲ့သည်။

All Chapters