အပိုင်း ( ၁၆၅ )
Vol. 12 Ch. 165
လင်ပေ့ဖန်သည် ကုမ္ပဏီက ထွက်လာပြီးနောက် လီချုံးအုပ်စုသို့ ကားဖြင့် တိုက်ရိုက်သွားခဲ့သည်။
လီချုံးအုပ်စုသို့ရောက်ပြီးနောက် သူသည် ချူရို့ရွယ်ကို ဆက်သွယ်ခဲ့သည်။
သူမရဲ့ ခွင့်ပြုချက်ရပြီးမှ သူသည် ဓာတ်လှေကားဖြင့် အဆောက်အဦးရဲ့ အပေါ်ဆုံးအထပ်ကို တက်ပြီး ချူရို့ရွယ်နဲ့ တွေ့ဆုံခဲ့သည်။
" ရှင်ဘာလို့ ဒီကို လာတာလဲ ... " ချူရို့ရွယ်က အံ့အားသင့်စွာ မေးမြန်းခဲ့သည်။
ငါက အခုပဲ သူ့ကို သတိရနေတာ ။ဒါပေမဲ့ သူလာ လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ငါတို့နှစ်ယောက် စိတ်ချင်းဆက်နေတာများဖြစ်နိုင်မလား......
လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။
" မင်း မနေ့ညက ကြောက်လန့်သွားတာ ငါ့မှာ တာဝန်ရှိတယ်။နောက်ပြီး အဲ့လိုဖြစ်သွားတဲ့အတွက်လည်း ငါ အမြဲတမ်း ရှက်ရွံ့နေသလို ခံစားနေရတယ်။ဒါကြောင့် ငါ ဒီကိုလာပြီး မင်း အဆင်ပြေလားဆိုတာ လာကြည့်တာ...။ "
" ကျွန်မ အဆင်ပြေပါတယ် ။ ဂရုစိုက်ပေးတဲ့အတွက်လည်း ရှင့်ကို ကျွန်မ ကျေးဇူးတင်ပါတယ်။ "
ချူရို့ရွယ်ရဲ့ စိတ်ထဲ၌ ကြည်နူးသွားခဲ့သည်။ထို့နောက် သူမသည် လင်ပေ့ဖန်ကို တချက် ကြည့်ပြီး ပြောခဲ့သည်။
" ရှင်က ဂရုစိုက်ပြီးတော့ ဒီလောက်ထိ ထောက်ထားညှာတာတတ်လိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး....။ " သူမသည် လင်ပေ့ဖန်အတွက် ကော်ဖီတစ်ခွက်ကို ကိုယ်တိုင်ငှဲ့ပေးပြီး လက်နှစ်ဖက်ဖြင့် ကမ်းပေးခဲ့သည်။
" ဒါပေါ့ ၊ ဘာပဲဖြစ်ဖြစ် ငါတို့က စီးပွားဖက်တွေပဲလေ" လင်ပေ့ဖန်သည် ကော်ဖီတစ်ငုံသောက်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။
" ဒီတစ်ခေါက် ငါ ဒီကိုလာတာ ဒီကိစ္စတစ်ခုထဲမဟုတ်ဘူး။ ငါမင်းနဲ့ ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခုရှိသေးတယ်။ "
" ဘာကိစ္စလဲ ၊ပြောလေ " ချူရို့ရွယ်သည် လင်ပေ့ဖန်က သူမနဲ့ စီးပွားရေးကိစ္စအကြောင်း ဆွေးနွေးမယ်ထင်ပြီး သူမ မျက်နှာက လေးနက်သွားခဲ့သည်။
" အဟွတ် အဟွတ် ... ဒါက ဒီလိုပါ။ မင်းရဲ့ ( ကြောက်လန့်သွားတဲ့ ) စိတ်အခြေအနေလည်း ပြန်ကောင်းလာပြီဆိုတော့ မင်း အဲ့ဒီလူဆိုးတွေကို လွှတ်ပေးလို့ ရမလား...။ ဘာပဲဖြစ်ဖြစ်သူတို့ ရိုက်ခံထိထားတာက လုံလောက်ပြီမလား...။ ဒါကြောင့် ဒီကိစ္စကို မေ့လိုက်ကြရအောင်လေ....။ " လင်ပေ့ဖန်က ချောင်းဆိုးပြီး ပြောခဲ့သည်။
" ဘာလို့လဲ ... ။ ဘာလို့ သူတို့ကို လွှတ်ပေးရမှာလဲ။ "
ချူရို့ရွယ်က စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည်။
" ကျွန်မ ကလေးဘဝကတည်းကနေ မနေ့ညကအထိ အဲ့လို ဖြစ်ရပ်မျိုးကို ဘယ်တုန်းကမှ မကြုံဖူးခဲ့ဘူး။ အဲ့ညက ရှင်တို့သာမရှိရင် ဘာဆက်ဖြစ်သွားမလဲဆိုတာ ရှင်တွေးကြည့်လို့ ရတယ်မလား။ နောက်ပြီး ကျွန်မ ဘာဖြစ်သွားမလဲဆိုတာ ရှင်သိတယ်မလား... ။ "
ချူရို့ရွယ်ရဲ့ အသံက ပြောရင်းပြောရင်း ကျယ်လာခဲ့သည်။
" သူတို့ကြောင့် ကျွန်မ ဘဝတစ်ခုလုံး ပျက်စီးသွားတာတောင် ဖြစ်နိုင်တယ်.. "
" ဒါကြောင့် ကျွန်မ အဲ့ဒီလူတွေကို မလွှတ်ပေးနိုင်ဘူး။ ကျွန်မ သူတို့အကုန်လုံးကို မလွှတ်ပေးတဲ့အပြင် သတ်ပါသတ်ပစ်ဦးမှာ။ ကျွန်မကို စော်ကားတဲ့သူတွေရဲ့ အဆုံးသတ်က ဘာလဲဆိုတာ သူတို့ကို ကျွန်မ သိစေချင်တယ် ။ ဒါပေမဲ့ လက်တွေ့မှာ သူတို့ကို သတ်လို့မရတာက သနားစရာပဲ။"
လင်ပေ့ဖန်က နှစ်သိမ့်ပေးခဲ့သည်။
" ငါသိတယ် ၊ အရမ်းစိတ်မလှုပ်ရှားနဲ့ဦး။ မင်းရဲ့ ခံစားချက်ကိုလည်း ငါကောင်းကောင်းနားလည်တယ်။ ဒါပေမဲ့ ဒီကိစ္စက မင်းထင်နေသလိုမဟုတ်ဘူး။ နောက်ကွယ်မှာ ငါ မင်းကို ပြောပြလို့မရတဲ့ လျှို့ဝှက်ချက်တွေ ရှိသေးတယ် ... .."
လင်ပေ့ဖန်သည် လက်ငါးချောင်းထောင်ပြီး ပြောခဲ့သည်။
" မင်းသူတို့ကို လွှတ်ပေးဖို့ ဆန္ဒရှိသ၍ ဒီကိစ္စကို မင်းကို ငါ တာဝန်ယူခိုင်းမှာမဟုတ်ဘူး။ နောက်ပြီး ငါ မင်းကို နှစ်နှစ်သက်တမ်းနဲ့ ယွမ်ငါးဘီလီယံကို အတိုးမယူဘဲနဲ့ ချေးငှားပေးနိုင်တယ်။ "
" လင်ပေ့ဖန် ၊ ဒီလိုကိစ္စမျိုးကို ပိုက်ဆံနဲ့ ဝယ်နိုင်တယ်လို့ ရှင်ထင်နေတာလား... "
ချူရို့ရွယ်သည် မျက်မှောင်ကျုံ့ပြီး ပြောခဲ့သည်။
" ရှင် ရောက်ကတည်းက လုပ်နေတဲ့ပုံတွေက ပုံမှန်မဟုတ်နေဘူး။ ပြော ၊ ရှင် ဘာလို့ အဲ့ဒီလူဆိုးတွေအကြောင်းမေးတာလဲ...။ ရှင့်ရဲ့ ရည်ရွယ်ချက်ကရော ဘာလဲ..။ ရှင် ကျွန်မကို ရှင်းရှင်းလင်းလင်းမရှင်းပြရင် ကျွန်မ သူတို့ကို မလွှတ်ပေးတဲ့အပြင် သူတို့ရဲ့ သူငယ်ချင်းတွေကိုလည်း လွှတ်ပေးမှာ မဟုတ်ဘူး။ "
လင်ပေ့ဖန်သည် သက်ပြင်းချပြီး ပြောခဲ့သည်။
" ကောင်းပြီ ၊ ငါ ပြောပြမယ်။ တကယ်တော့ မနေ့ညကလူတွေက ငါခေါ်ခဲ့တာ။ "
ချူရို့ရွယ်သည် အံ့အားသင့်သွားခဲ့သည်။
" ဘာ... ။ရှင်ခေါ်ခဲ့တာဟုတ်လား...။ ရှင် ဘာအတွက် သူတို့ကိုခေါ်လာတာလဲ...။ "
" တကယ်တော့ သူရဲကောင်းတစ်ယောက်က အလှလေးကို ကယ်တင်တဲ့ ဂန္ထဝင်ဇာတ်ဝင်ခန်းလိုမျိုးလုပ်ပြီးတော့ မင်းရဲ့ အချစ်ကို ရဖို့ ငါမျော်လင်ခဲ့တာ...။ ဒါပေမဲ့ ပြပွဲက ကမောက်ကမ ဖြစ်သွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ အစ်ကိုယဲ့က ရှေ့တက်လာပြီးတော့ သူတို့အကုန်လုံးကို ရိုက်နှက်ပြီးတော့ ဆေးရုံပို့လိုက်တယ်လေ။ နောက်ပြီး သူတို့ကို ရဲပါ ဖမ်းသွားသေးတယ်။ "
လင်ပေ့ဖန်သည် ဝမ်းနည်းစွာဖြင့် ပြောခဲ့သည်။
" အဲ့ကနေ ပြန်လာပြီးတဲ့နောက်မှာ ငါ စိတ်မချမ်းမသာဖြစ်နေတာ။ နောက်ပြီး သူတို့အတွက်လည်း စိတ်မကောင်းဖြစ်သလို ငါ ခံစားရတယ်။ ဒါကြောင့် မင်း သူတို့ကို လွှတ်ပေးမယ်ဆိုရင် ငါ ဘယ်လောက်ပဲ ပိုက်ဆံပေးရပေးရ ၊ ငါ မင်းကို ပေးဖို့ ဆန္ဒရှိတယ်..."
" ဒါကို လုပ်တဲ့သူက ရှင်တော့ မဖြစ်နိုင်ဘူး.. " ချူရို့ရွယ်က လွှတ်ခနဲ ပြောခဲ့သည်။
" ဘာလို့ ငါမဖြစ်နိုင်ရမှာလဲ ... " လင်ပေ့ဖန်က မေးမြန်းခဲ့သည်။
" ဘာလို့လဲဆိုတော့ ရှင်က အဲ့လိုလူမျိုးမဟုတ်ဘူးလို့ ကျွန်မခံစားရလို့ပဲ။ အဲ့လို ပေါက်ကရနည်းလမ်းမျိုး ရှင့်ဆီကနေထွက်လာဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ "
လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီမှာ ရှိတဲ့ ယဲ့ရှင်းချန်သည် ရုတ်တရက် နှာချေခဲ့သည်။
" အဲ့ဒါ ငါမဟုတ်ဘူးဆိုရင် ဘယ်သူဖြစ်နိုင်မှာမို့လို့လဲ...။ ငါ မင်းကို ဝန်ခံပြီးပြီလေ..။ "
ချူရိုရွယ်သည် ခေါင်းလှည့်ပြီး သူမရဲ့ မျက်လုံးများက လက်သွားခဲ့သည်။ထို့နောက်သူမသည် လင်ပေ့ဖန်ရဲ့ မျက်လုံးကို ညွှန်ပြပြီး ပြောခဲ့သည်။
" ကျွန်မရဲ့ မျက်လုံးကို တည့်တည့်ကြည့်ပြီးပြော ၊ အဲ့ဒီလူက ယဲ့နာမည်နဲ့ လူမလား... "
လင်ပေ့ဖန်ရဲ့ မျက်လုံးများက တဖျတ်ဖျတ်လက်သွားခဲ့သည်။ထို့နောက် သူသည် ဆက်လက်ပြီး ဟန်ဆောင်ခဲ့သည်။
" သူ မဟုတ်ဘူး။ ဘယ်လိုလုပ် သူဖြစ်နိုင်မှာလဲ။ အစ်ကိုယဲ့က ကြင်နာတတ်တဲ့ သူတစ်ယောက်ပဲ။ အဲ့လိုအလုပ်မျိုးကို ဘယ်လိုလုပ် သူက လုပ်မှာလဲ... "
" ရှင့်ပုံစံကို ကြည့်ရတာတော့ သူလုပ်ခဲ့ပုံရတယ်။ " ချူရို့ရွယ်က စားပွဲခုံကို ရိုက်ခဲ့သည် ။
" သူ လုပ်တာမဟုတ်ဘူး... "
" ရှင် ဟန်ဆောင်နေတာ ရပ်လိုက်တော့။ ရှင် ကျွန်မကို ညာလို့ မရနိုင်ဘူး.. "
ချူရို့ရွယ်ရဲ့ မျက်လုံးများက ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသလိုမျိုး တလက်လက်တောက်ပသွားခဲ့သည်။
" တကယ်တော့ အဲ့ညက ပြန်လာကတည်းက ကျွန်မ အမြဲတမ်း အရမ်းထူးဆန်းနေတယ်လို့ ခံစားနေရတာ။ ဘာလို့ ရှင်က ကျန်းပင် မြစ်ကမ်းနံဘေးမှာ ရုတ်တရက် လမ်းလျှောက်ချင်ရတာလဲ...။
ဘာလို့ လူဆိုးတွေကရော အဲ့ဒီအချိန်မှာ ရုတ်တရက် ပေါ်လာရတာလဲ...။ဘာလို့ အဲ့ဒီလူဆိုးတွေက ထူးဆန်းနေရတာလဲ..။ ဘာလို့ သူတို့က သရဲလို အရင်ဟန်ဆောင်ပြီးမှ ကျွန်မတို့ကို ခြောက်လန့်ရတာလဲ...။ ဘာလို့ သူတို့က နောက်ဆုံးမှ ရာဇဝတ်မှု ကျူးလွန်ရတာလဲ ဆိုတာကို ကျွန်မ အခုမှပဲ သိတော့တယ်။
အရာအားလုံးက အစကတည်းက ကြိုတင်ကြံစည်ထားတာကို။ နောက်ပြီး ဒီကိစ္စရဲ့ နောက်ကွယ်ကလူက ယဲ့နာမည်နဲ့ သေချင်းဇိုး ၊ကာလနာ ၊ မြွေပွေးကိုက် ၊ကားတိုက်သေပဲ။ကျွန်မတို့ကို ကျန်းပင် မြစ်ကမ်းနံဘေး သွားဖို့ အရင်ပြောခဲ့တာကလည်း အဲ့ဒီ လူယုတ်မာပဲ...။ "
" နောက်တော့မှ သူက သူ့သူငယ်ချင်းတွေကို သရဲယောင်ဆောင်ခိုင်းပြီးတော့ ခေါ်ထုတ်ခဲ့တာ။ သူ့ရဲ့ ရည်ရွယ်ချက်က ကျွန်မကို ကြောက်လန့်အောင်လုပ်ပြီးတော့ အခွင့်အရေးယူဖို့ပဲ။ နောက်ပြီး သူ့သူငယ်ချင်းတွေ ထွက်လာတဲ့အချိန်မှ သူက မတ်တပ်ရပ်ပြီးတော့ ကျွန်မဘေးနားရောက်နေပြီ။ ဒါပေမဲ့ ကံကောင်းချင်တော့ ကျွန်မက သူ့ကို မဖက်မိခဲ့ဘူး... "
" နောက်ဆုံးတော့ သူရဲကောင်းတစ်ယောက်က အလှလေးကို ကယ်တင်တဲ့ ဂန္ထဝင်ဇာတ်ဝင်ခန်း ဖြစ်လာခဲ့တာပေါ့။ "
ချူရို့ရွယ်က လှောင်ပြုံးပြုံးပြီး ပြောခဲ့သည်။
" သူက အရှေ့ကို တက်ပြီးတော့ အဲ့ဒီလူဆိုးတွေနဲ့ တိုက်ခိုက်ခဲ့တယ်။ သဘာဝအတိုင်း သူပဲ အနိုင်ရရှိခဲ့တာေပါ့။ဒါပေမဲ့ သူတို့ သရုပ်ဆောင်တာက အရမ်းပဲ အိုဗာဖြစ်လွန်းတယ်။ သူတို့နောက်ပြန်လှန်ကျပြီးတော့ သွေးအန်တာကလည်း အရမ်း အတုအယောင်ဆန်လွန်းတယ်။ "
လင်ပေ့ဖန်က ရှင်းပြခဲ့သည်။
" တကယ်တော့ အဲ့ဒါအကုန်လုံးက ဟန်ဆောင်တာမဟုတ်ဘူး။ သူတို့ တကယ် သွေးအန်တာ။ နောက်ပြီး သူတို့ အရိုးတော်တော်များများပါ ကျိုးသွားသေးတာ။
ချူရို့ရွယ်က နှာခေါင်းရှုံ့ပြီး ခေါင်းခါခဲ့သည်။
" သူ့ရဲ့ သူငယ်ချင်းတွေကိုတောင် အဲ့လိုလုပ်တဲ့အထိကို ဒီယဲ့နာမည်နဲ့ လူက တကယ်ရက်စက်တာပဲ။ မိန်းကလေးတစ်ယောက်ရဲ့ အချစ်အတွက် သူ့ရဲ့ သူငယ်ချင်းတွေကိုတောင် သူက ဂရုမစိုက်ဘူး။ သူက တကယ့်ကို ရက်စက်လွန်းတယ်.... "
" မင်း ပြောသလိုမဟုတ်ဘူး။ ဒီကိစ္စက ဒီလို ဖြစ်သွားတာ... " လင်ပေ့ဖန်က ပြောခဲ့သည်။
" ငါက သူတို့ကို တိုက်ခိုက်ပြီးတော့ သူရဲကောင်းတစ်ယောက်က အလှလေးကို ကယ်တင်တဲ့ ပုံစံ လုပ်မယ်ဆိုတာကို အစ်ကိုယဲ့ မသိလိုက်ဘူး။ ဒါကြောင့် သူက ငါ့သူငယ်ချင်းတွေကို ခပ်ကြမ်းကြမ်းတိုက်ခိုက်ခဲ့တာ... "
" ရှင် သူ့အတွက် ဆင်ခြေပေးနေတာ ရပ်လိုက်တော့။ တကယ်တော့ ရှင်ဟန်ဆောင်နေတာကို ကျွန်မ ဖော်ထုတ်ပြီးသွားပြီ။ "
" ဘာကို ဖော်ထုတ်တာလဲ..... "
" မနေ့ညက ရှင်ပဲ ရဲတွေကို ပထမဆုံး ဖုန်းဆက်ခေါ်ခဲ့တာလေ။ "
ချူရို့ရွယ်သည် စူးရှသော မျက်လုံးများဖြင့် လင်ပေ့ဖန်ကို စိုက်ကြည့်ခဲ့သည်။
" အကယ်၍ သူတို့က ရှင့်ရဲ့ သူငယ်ချင်းတွေဆိုရင် ရှင် ရဲတွေကို ဖုန်းဆက်ခေါ်မှာမဟုတ်လောက်ဘူး ။ ဒါဆိုရင် သူတို့ကို လွှတ်ပေးဖို့အတွက် ရှင် ကျွန်မစီ လာပြီးတော့ တောင်းပန်နေစရာတောင် မလိုတော့ဘူး။ "
" ကဲ ပြောပါဦး ၊ရှင် ကျွန်မနဲ့ ဘယ်လောက်ကြာကြာ ငြင်းခုံနေဦးမှာလဲ။ "
လင်ပေ့ဖန်သည် ချူရို့ရွယ်၏ အတင်းအကြပ်ဖိအားပေးမှုများကြောင့် သူမနဲ့ ဆက်လက် မငြင်းခုံတော့ပဲနဲ့ သက်ပြင်းချပြီး ပြောခဲ့သည်။
" ဒါကို မင်း သိသွားလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။ ဒါပေမဲ့ အဲ့ဒါ အစ်ကိုယဲ့ လုပ်ခဲ့တယ်လို့ ငါ ဆိုလိုချင်တာမဟုတ်ဘူးနော်... "
" အဲ့ဒီလူယုတ်မာ ကူညီခိုင်းတာ မဟုတ်ရင် ဒီကိစ္စမှာ ရှင့်ကို ဘယ်သူက ကူညီခိုင်းမှာလဲ...။ "
ချူရို့ရွယ်က ဒေါသထွက်စွာဖြင့် ပြောခဲ့သည်။
" ရှင်က ပုံမှန်အားဖြင့် အရမ်းလိမ္မာပါးနပ်ပါတယ်။ဒါပေမဲ့ ကျွန်မ ရှင့်ကို ကြည့်နေတာကြာပြီ။ ရှင် ယဲ့ရှင်းချန်နဲ့ တွေ့တဲ့အချိန်တိုင်း အရမ်း တုံးပြီးတော့ စဉ်းစားဆင်ခြင်ဉာဏ်မရှိတော့ဘူး။ တခါတလေကျရင် ရှင့်ရဲ့ စိတ်က မျောက်စိတ်လိုပဲ ဂနာမငြိမ်ဘူး။ "