အပိုင်း ( ၁၆၈ )
Vol. 12 Ch. 168
တစ်ခြားတစ်ဖက်တွင် တစ်နေ့လုံး ကစားပြီးနောက် လင်ပေ့ဖန် နှင့် ချူရို့ရွယ်တို့သည် နောက်ဆုံးမှာတော့ ပြန်လာခဲ့ကြသည်။
သူတို့နှစ်ယောက်သည် လူစည်ကားတဲ့ လမ်းမပေါ်တွင် နှစ်ယောက်သား လက်ချင်းဆုပ်ကိုင်ပြီး လမ်းလျှောက်လာခဲ့ကြသည်။
ချူရို့ရွယ်သည် ရှက်ရွံ့ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည်။
" ဒီနေ့ ကျွန်မ အရမ်းပျော်တာပဲ။ ကျွန်မ ဒီလောက်ကြီးတဲ့အရွယ်ထိ ဒီညနေခင်းကလောက် ဘယ်တုန်းကမှ ကျွန်မ မပျော်ရွှင်ခဲ့ဖူးဘူး။ မနက်ဖြန်လည်း ကျွန်မတို့ ဒီကို ထပ်လာကြရအောင်။ "
လင်ပေ့ဖန်သည် အံ့အားသင့်သွားခဲ့သည်။
" မင်း မနက်ဖြန်လည်း ကစားကွင်းကို လာချင်သေးတာလား...။ "
" ဟုတ်တယ် " ချူရို့ရွယ်က စိတ်လှုပ်ရှားစွာဖြင့်ခေါင်းညိတ်ခဲ့သည်။
" အရင်တုန်းက ကျွန်မမှာ ကစားဖို့ အခွင့်အရေးမရှိဘူးလေ။ ဒါကြောင့် အတိတ်တုန်းက ဆုံးရှုံးခဲ့တဲ့အရာအားလုံးကို ကျွန်မ အခုပြန်လိုချင်တယ်။ ရှင် ငြင်းလို့ မရဘူး။ ရှင် ကျွန်မကို ကတိပေးထားတယ်။ "
" ကောင်းပြီ ငါသဘောတူတယ် ၊ငါ လုံးဝသဘောတူတယ်။ " လင်ပေ့ဖန်က ချက်ချင်းပဲ ပြန်ပြောခဲ့သည်။
" ဒါပေမဲ့ ၊ မင်း ငါ့လက်ကို အခု အရင်လွှတ်ပေးလို့ရမလား...။ "
ချူရို့ရွယ်သည် လင်ပေ့ဖန်ရဲ့ လက်ကို မကျေမနပ်ဖြင့် လွှတ်လိုက်သည်။ ထို့နောက် သူမသည် တစ်ခြားတစ်ဖက်သို့ ခေါင်းစောင်းပြီး မျက်နှာထားတင်းတင်းဖြင့် ပြောခဲ့သည်။( မိန်းကလေးတွေစိတ်ကောက်တဲ့အခါ ခေါင်းစောင်းတာကို ပြောတာ ၊စော်ရှိတဲ့သူပဲ သိလိမ့်မယ် (: ။
" ရှင့်စိတ်ထင် ၊ ကျွန်မ ရှင့်လက်ကို ကိုင်ရတာ ပျော်တယ်များထင်နေတာလား။ ခုနတုန်းက ရှင်အရမ်းကြောက်နေလို့ သိပ်မကြောက်အောင်လို့ ကျွန်မရှင့်လက်ကို ကိုင်ထားပေးတာ။ ဟွန့် ၊ဒါကို ရှင်က နားမလည်ဘူး....။ "
ထိုအချိန်တွင် လင်ပေ့ဖန်သည် သူ့လက်ကို ချူရို့ရွယ်ရဲ့ လက်စီသို့ ဆန့်ထုတ်ခဲ့သည်။
ချူရို့ရွယ်က ခေါင်းလှည့်ပြီး ခက်ထန်စွာဖြင့် ပြောခဲ့သည်။
" ရှင် ဘာလုပ်နေတာလဲ ... "
လင်ပေ့ဖန်က ရှက်ရွံ့စွာဖြင့် ပြောခဲ့သည်။
" ငါ အခု ကြောက်နေသေးလို့ မင်းလက်ကို ငါ ဆက်ကိုင်ထားလို့ရမလား... "
ချူရို့ရွယ်သည် အားရပါးရရယ်မောခဲ့သည်။
" ရှင်က တော်တော်ကို မျက်နှာပြောင်တာပဲ .. "
ထို့ကြောင့် သူတို့နှစ်ယောက်သည် နောက်တစ်ကြိမ် တစ်ယောက်လက်ကိုတစ်ယောက် ကိုင်၍ ပျော်ပျော်ရွှင်ရွှင်စားသောက်ခဲ့ကြသည်။
အိမ်ပြန်ရောက်ပြီးနောက် ချူရို့ရွယ်သည် ဒီနေ့ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အောက်မေ့သတိရခဲ့သည်။သူမသည် အရမ်းပင်ပန်းနေသော်လည်း စိတ်လှုပ်ရှားနေတာကြောင့် အိပ်မပျော်နိုင်ပေ။ထို့ပြင် သူမ ပထမဆုံးအကြိမ် ကစားကွင်းကို သွားဖူးချင်းဖြစ်သည်။
သူမ ကလေးဘဝတုန်းက ကစားကွင်းကို သွားပြီး ကစားချင်ပေမဲ့လည်း သူမမိဘများက သူမကို အမွေဆက်ခံသူတစ်ယောက်အဖြစ် ပျိုးထောင်ခဲ့တာကြောင့် သူမ ကစားဖို့ အခွင့်အရေးမရရှိခဲ့ပေ။
သူမ ကြီးလာချိန်တွင်လည်း ကစားကွင်းကိုသွားပြီး ကစားချင်ပေမဲ့လည်း သူမမှာ သူငယ်ချင်းတစ်ယောက်မှ မရှိခဲ့ပေ။
သူမတစ်ယောက်တည်း သွားရမှာကလည်း ရှက်စရာကောင်းသည်။ထို့ပြင် သူမကို တစ်ခြားသူတွေက အရူးလို့ ခေါ်ကြမှာကိုလည်း သူမ ကြောက်သည်။
အခုတော့ သူမ လင်ပေ့ဖန်နှင့် တွေ့ခဲ့တာကြောင့် သူ့ကို အဖော်ခေါ်သွားပြီး ကစားကွင်းကို ပျော်ပျော်ရွှင်ရွှင် သွားကစားနိုင်သည်။
အကယ်၍ သူမကို တစ်ယောက်ယောက်က မေးလာခဲ့ပါက လင်ပေ့ဖန် ခေါ်လာခဲ့တာလို့ ပြောပြီး သူမ သူ့အပေါ်လွှဲချနိုင်သည် ။
' သူမ လင်ပေ့ဖန်နှင့် တွေ့တဲ့အချိန်တိုင်း အရမ်းပျော်တယ်....။
သူ့နဲ့ စကားပြောရတာလည်း ပျော်တယ်...။
နောက်ပြီး သူ့နဲ့ ကစားရတာ ပိုပြီးတော့တောင် ပျော်စရာကောင်းသေးတယ်။
သူက သူမအကြောင်းကို ကောင်းကောင်းသိနေပုံရတယ်...။
ပြီးတော့ သူ့ဘေးနားမှာ နေရတာကလည်း အမြဲတမ်း လုံခြုံသလို ခံစားရတယ်။
ဒါကြောင့် သူမ ကြောက်တဲ့အချိန်တိုင်း သူ့ဘေးနားကို ပြေးမသွားပဲနဲ့ကို မနေနိုင်ဘူး။
သူမ ပြဿနာရှိတဲ့အခါကျရင် သူ့ကိုပဲ အရင်ဆုံးတွေးမိတယ်။
နောက်ပြီး သူ မဖြေရှင်းနိုင်တဲ့ ပြဿနာ တစ်ခုမှ မရှိဘူးလို့ သူမ အမြဲတမ်း ခံစားနေရတယ်။
ဒါပေမဲ့ သူ့မှာ ရည်းစားရှိပုံရတယ်..။ '
ထိုမေးခွန်းကို စဉ်းစားရင်း သူမ စိတ်တိုလာခဲ့သည်။
မိုဟိုင်မြို့ရဲ့ ရွှေရောင် ပန်းလေးနှစ်ပွင့်ထဲက တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရတဲ့ လင်ပေ့ဖန်ရဲ့ ချစ်သူ စုန့်ယုချင်းကို သူမ အရင်တုန်းက တွေ့ဖူးသည်။ထို့ပြင် သဘာဝအတိုင်း သူမရဲ့ အသွင်အပြင် နှင့် အရည်အချင်းကလည်း အပြစ်ပြောစရာမရှိပေ။ (TN / ဆောင်းယုချင်းကို စုန့်ယုချင်းပြောင်းမယ်နော်)
မိသားစု နောက်ခံချင်း ယှဉ်ရင် စုန့်ယုချင်းက သူမကို မယှဉ်နိုင်ပေ။
သို့သော်လည်း စုန့်ယုချင်းက ဇနီးကောင်းတစ်ယောက် နှင့် အမေကောင်းတစ်ယောက် ပုံစံမျိုးဖြစ်သည်။ ယောင်္ကျားတိုင်းက သူမကို လက်ထပ်ချင်ပြီး အိမ်သူသက်ထားအဖြစ် သူမကို အိမ်ပြန်ခေါ်သွားချင်ကြသည်။ထို့ပြင် စုန့်ယုချင်း နှင့် နှိုင်းယှဉ်လိုက်လျှင် သူမမှာ အားသာချက် အများကြီးမရှိပေ။
ဒီကောင်က နည်းနည်းပိုမိုက်ပေမဲ့....
" ငါ ဘာလို့ အများကြီး စဉ်းစားနေတာလဲ.. " ချူရို့ရွယ်က ခပ်ကြမ်းကြမ်း ခေါင်းခါခဲ့သည်။
" လင်ပေ့ဖန်အတွက် စုန့်ယုချင်းနဲ့ ဘယ်သူက ပြိုင်လုချင်မှာလဲ...။ လင်ပေ့ဖန် နဲ့ ငါက သာမန်သူငယ်ချင်းတွေပဲ။ အများဆုံး ငါတို့နှစ်ယောက်က စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေပဲ။ "
" ငါ မအိပ်ချင်လည်း အိပ်ပျော်အောင်အိပ်ရမယ်။ မနက်ဖြန်မနက် အစောကြီးထရဦးမယ်။ "
ဒုတိယနေ့တွင် ချူရို့ရွယ်သည် လင်ပေ့ဖန်ကို ကစားကွင်းသို့ နောက်တစ်ကြိမ် ခေါ်သွားခဲ့သည်။
ထို့နေ့တွင် ယဲ့ရှင်းချန်သည် လင်ပေ့ဖန်ကို ကူညီပြီး အမြတ်ငွေ ယွမ် တစ်ဆယ်ဘီလီယံရအောင် ကူရှာပေးခဲ့သည်။
သူသည် သူ့ရဲ့ ညီအစ်ကိုတွေအကြောင်း ၊ သူ့ရဲ့ အချစ်ကလေးအကြောင်း နှင့် သူ့ရဲ့ရန်သူတော်ကြီး လင်ပေ့ဖန်ကို ပိုက်ဆံကူရှာပေးမိခဲ့သည့်အကြောင်းကို စဉ်းစားရင်း သူ့ရဲ့ တာအိုနှလုံးသားတောင် ကြေကွဲလုနီးပါးဖြစ်သွားခဲ့သည်။
" သောက်ကျိုးနည်း ၊ငါက ပြန်လည်မွေးဖွားလာတဲ့သူတစ်ယောက်လေ။ အရင်ဘဝကထက် ခုဘဝက ပိုကောင်းရမှာမဟုတ်ဘူးလား။ ဘာလို့ ပိုဆိုးနေရတာလဲ ... "
ထိုအချိန်တွင် ကုန်သည်တစ်ယောက်က ဝင်လာပြီး သူ့ကို လေးလေးစားစား မေးမြန်းခဲ့သည်။
" မစ္စတာယဲ့ ၊ ကျွန်တော်တို့ အခု ဘာရောင်းဝယ်သင့်လဲ ...။ "
ယဲ့ရှင်းချန်က စိတ်မရှည်စွာဖြင့် ပြန်ပြောခဲ့သည်။
" ငါ့ကိုလာ မမေးနဲ့တော့၊ ရွှေဈေးကျမယ့်ဘက်ကိုပဲ ဝယ်လိုက်။ "
" ဟုတ်ကဲ့ မစ္စတာယဲ့ ။ "
တစ်နာရီကြာပြီးနောက် .....
" မစ္စတာယဲ့က မျှော်လင့်ထားသလိုပဲ။ သူက ဈေးကွက်ကို အရမ်းတိတိကျကျမြင်နိုင်တယ်။ နောက်ပြီး ငါတို့ကိုလည်း နှစ်ဘီလီယံ ပြန်ရှာပေးခဲ့တယ်။ "
" ရင်းနှီးမြှုပ်နှံရေးနတ်ဘုရားရဲ့ လုပ်ဆောင်ချက်တွေက အံ့ဩစရာကောင်းတယ်။ "
" မစ္စတာယဲ့ ၊ မင်းက အရမ်းတော်တာပဲ "
ယဲ့ရှင်းချန် : " ... "
တတိယနေ့တွင် နောက်ဆုံးတော့ ကုမ္ပဏီသို့ လင်ပေ့ဖန် ပြန်လာခဲ့သည်။
ယဲ့ရှင်းချန်သည် လင်ပေ့ဖန်ရဲ့ ရုံးခန်းထဲသို့ ချက်ချင်းပဲ ပြေးဝင်လာခဲ့သည်။
" ဥက္ကဌလင် ၊ အခြေအနေဘယ်လိုလဲ။ ချူရို့ရွယ်က သူတို့ကို ပြန်လွှတ်ပေးဖို့ သဘောတူလိုက်လား... "
လင်ပေ့ဖန်က သက်ပြင်းချလိုက်သည်။
" အစတုန်းက ချူရို့ရွယ်က တော်တော်လေးမပျော်ရွှင်နေဘူး။ ဒါပေမဲ့ ငါ မဆုတ်မနစ်ကြိုးစားပြီးတဲ့နောက် သူမက မင်းရဲ့သူငယ်ချင်းတွေကို လွှတ်ပေးဖို့ သဘောတူခဲ့တယ်။ "
" တကယ်လား... ။ ကျေးဇူးတင်ပါတယ် ဥက္ကဌလင် " ယဲ့ရှင်းချန်က အလွန်ပျော်ရွှင်သွားခဲ့သည်။နောက်ဆုံးတော့ သူ့ရင်ဘတ်ထဲက အပူလုံးကြီး ကျသွားခဲ့သည်။
" ကျေးဇူးတင်စရာမလိုပါဘူး။ " လင်ပေ့ဖန်က နောက်တစ်ကြိမ် သက်ပြင်းချခဲ့သည်။
" အစ်ကိုယဲ့ ၊ ဒီနှစ်ရက်အတွင်း ငါ ဘယ်လောက်ထိ ပင်ပန်းခဲ့လဲဆိုတာကို မင်းမသိပါဘူး။ ငါက သူမနဲ့ စားဖို့ ၊သောက်ဖို့ ၊ဆော့ဖို့ပါ အတူတူလိုက်ပေးရတယ်။ တခါတလေကျရင် ငါ သူမ အခွင့်အရေးယူတာပါ ခံခဲ့ရသေးတယ်။ ငါ့ရဲ့စိတ်နဲ့ ခန္ဓာကိုယ်က တော်တော် ပင်ပန်းနေပြီ။ ဒါပေမဲ့ အစ်ကိုယဲ့ မင်းမစိုးရိမ်နဲ့။ သူမနဲ့ ငါနဲ့က လုံးဝ ရိုးရိုးသားသားပဲ။ "
မင်းက သူမကို ဒီလိုမျိုးဖက်ခဲ့တာတောင် မင်းက ရိုးသားသေးတယ်ပေါ့လေ...။
ယဲ့ရှင်းချန်သည် မျက်ရည်စမ်းစမ်းဖြင့် ပြောခဲ့သည်။
" မစ္စတာလင် ၊ ငါမင်းကို ယုံတယ်။ မင်း ဒီနှစ်ရက်လုံး ပင်ပန်းသွားပြီ။ "
" ဒါက မပင်ပန်းပါဘူး။ ငါ့ရဲ့ညီအစ်ကိုအတွက် အရာအားလုံးက ထိုက်တန်တယ်... " လင်ပေ့ဖန်က ပြုံးပြီး ပြောခဲ့သည်။
" ချူရို့ရွယ်နဲ့ ငါက အမှုကို ကျေအေးပေးလိုက်တဲ့အတွက် ရဲတွေက သူတို့ကို ထပ်ပြီးတော့ မစုံစမ်းတော့ဘူး။ နောက်ပြီး မင်းရဲ့သူငယ်ချင်းတွေက ဒဏ်ငွေအချို့ပေးဆောင်ပြီးတော့ ပြန်ထွက်လာပြီ။ အခုလက်ရှိ သူတို့အကုန်လုံး ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်။ မင်း သူတို့ကို သွားပြီးတော့ ကြည့်လို့ရတယ်။"
ယဲ့ရှင်းချန်က အလွန်ပျော်ရွှင်သွားခဲ့သည်။
" သူတို့ ဘယ်ဆေးရုံ ဆေးကုသမှု ခံယူနေတာလဲ ... "
" မင်း တက်ခဲ့တဲ့ ဆေးရုံပဲလေ။ "
ယဲ့ရှင်းချန် : " ... "
ယဲ့ရှင်းချန်သည် ထိုဆေးရုံအကြောင်းကို ကြားလိုက်တဲ့အချိန်တွင် သူ့စိတ်ထဲ၌ အမြဲတမ်း ဆိုးရွားတဲ့ ခံစားချက်တွေ ပေါ်လာခဲ့သည်။
" မစ္စတာလင် ၊ အခု ကျွန်တော် သူတို့ကို သွားကြည့်လိုက်ဦးမယ်... "
" သွား ... "
ယဲ့ရှင်းချန်က ဆေးရုံကို အမြန်သွားခဲ့သည်။
သူ့နဲ့ သေတူရှင်ဘက် ညီအစ်ကိုများသည် မံမီတစ်ကောင်လိုမျိုး ပတ်တီးများဖြင့် ဘေးချင်းကပ် လဲလျောင်းနေတာကို ကြည့်ပြီး ယဲ့ရှင်းချန်သည် အော်ခေါ်ခဲ့သည်။
" ညီအစ်ကိုတို့ ငါရောက်လာပြီ။ "
" ဘော့စ် မင်းရောက်လာပြီပေါ့ "
" ငါက မင်းကို မမြင်ရတော့ဘူးလို့ ထင်နေတာ။ "
" ဘော့စ် ... "
နှုတ်ဆက်ပြီးနောက် လူတိုင်းသည် ယဲ့ရှင်းချန်ကို အပြစ်တင်ခဲ့သည်။
" ဘော့စ် ၊ မင်းရိုက်တာ အရမ်းကြမ်းတာပဲ။ ငါ့ရဲ့ နံရိုးနှစ်ချောင်းတောင် ကျိုးသွားပြီ။ အခုထိ ငါ့ရင်ဘတ်က နာနေတုန်းပဲ။ မင်း အဲ့လောက်ထိ အမှန်အကန် သရုပ်ဆောင်စရာမလိုဘူးလေ။ ငါပြောတာ ဟုတ်တယ်မလား.... "
" ဟုတ်တယ် ၊ ငါ့ရဲ့ လက်လည်း မင်းကြောင့် ကျိုးသွားပြီ။ ငါ့စိတ်ထင် မင်းငါ့ကို သတ်ချင်နေတယ်လို့ ထင်တော့မလို့ဘဲ။ "
" ကြောက်စရာကောင်းတယ်။ ငါဆို သူ့လက်သီးတစ်ချက်တည်းနဲ့ သွေးအန်ခဲ့ရတာ။ "
ယဲ့ရှင်းချန်သည် သူ့ခေါင်းကို အမြန်ငုံ့ပြီး တောင်းပန်ခဲ့သည်။
" ငါတောင်းပန်ပါတယ် ၊ ညီအစ်ကိုတို့ ငါတကယ်တောင်းပန်ပါတယ်။ ငါမင်းတို့ကို အဲ့လို တကယ်လုပ်ချင်တာမဟုတ်ဘူး။ ငါ့ရဲ့ ခန္ဓာကိုယ်က ဒဏ်ရာတွေ သက်သာတာမကျသေးလို့ ငါ့ရဲ့ ခွန်အားကို မထိန်းချုပ်နိုင်လိုက်ဘူး။ ဒါကြောင့် အဲ့လိုဖြစ်သွားတာ။ ငါ မင်းတို့ကို အကောင်းဆုံး ဆေးရုံ ၊ အကောင်းဆုံး ဒေါက်တာတွေရှာပြီးတော့ ကုသပေးမယ်။ "
" ဟူး...."
လူတိုင်းက တပြိုင်တည်း သက်ပြင်းချခဲ့သည်။
အခုလိုပုံစံမျိုးနဲ့ သူတို့ ဘယ်လိုလုပ် တိုက်ခိုက်နိုင်တော့မှာလဲ ....။
ထိုအချိန်တွင် လူတစ်ယောက် ဝင်လာခဲ့သည်။
ယဲ့ရှင်းချန်က အလွန်အံ့အားသင့်သွားခဲ့သည်။
" ဥက္ကဌလင် ၊ မင်း ဘာလို့ ဒီကို လာတာလဲ ... “