← Chapters

အပိုင်း ( ၁၆၉ )

Vol. 12 Ch. 169

အပိုင်း ( ၁၆၉ )

Vol. 12 Ch. 169

" ငါ ဒီကို ရောက်လာတာက မင်းရဲ့ ညီအစ်ကိုတွေကို လာကြည့်တာ.. " လင်ပေ့ဖန်က အပြုံးတစ်ပွင့် ပြောခဲ့သည်။

" ဘော့စ် ၊သူက ဘယ်သူလဲ "

" ငါတို့ကိုလည်း မိတ်ဆက်ပေး‌ဦး "

လူတိုင်းက မေးမြန်းခဲ့သည်။

ယဲ့ရှင်းချန်က ပုံမှန်မဟုတ်သော အမူအရာအချို့ဖြင့် ပြောခဲ့သည်။

" သူက လင်ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီက ဥက္ကဌ ဖြစ်တဲ့ လင်ပေ့ဖန်ပဲ။ သူက လင်အုပ်စုရဲ့ အမွေဆက်ခံသူလည်း ဖြစ်ပြီးတော့ သူက ငါ့ရဲ့ သူဌေးလည်း ဖြစ်တယ်။ "

လူတိုင်းသည် ပါးစပ်ကြီးဟပြီး အံ့အားသင့်နေခဲ့ကြသည်။

သူတို့ရဲ့ ပြိုင်ဘက်ကင်းတဲ့ခေါင်းဆောင်၊ကြေးစားလောကရဲ့ ဘုရင်၊ စစ်ပွဲနတ်ဘုရားလို့ လူသိများတဲ့ သူက သူ့ရဲ့ အပေါ်မှာ ဘော့စ်ရှိသေးတယ်ပေါ့လေ......

ဒါဆိုရင် ဒီလူက ဘယ်လောက်တောင် ကြောက်စရာကောင်းတာလဲ....

ထိုအကြောင်းကို တွေးကြည့်ရုံမျှဖြင့် လူတိုင်းသည် ကြောက်လန့်သွားပြီး ထိတ်လန့်သွားခဲ့ကြသည်။

ယဲ့ရှင်းချန်သည် သူတို့ရဲ့ မျက်နှာအမူအရာများကို မြင်လိုက်ရသောအခါတွင် သူတို့ဘာတွေးနေလဲဆိုတာကို သိသွားခဲ့သည်။

ထို့ကြောင့် သူသည် ချက်ချင်းပဲ ရှင်းပြခဲ့သည်။

" မင်းတို့ ထင်နေသလိုမဟုတ်ဘူး။ သူက ငါ့ရဲ့ အလုပ်က သူဌေးပဲ။ နောက်ပြီး သူက ငါ့အပေါ်လည်း ကြင်နာတယ်။ ငါတို့ရဲ့ အတိတ်အကြောင်းကိုတော့ သူမသိဘူး။ "

" အို့ .... ဒါဆို ဒီလိုပေါ့ " လူတိုင်းက ကြက်သေသေသွားခဲ့သည်။

သူတို့သူဌေးက ကြေးစားလောကကနေ အနားယူချင်တာကို သူတို့သိသည်။ ထို့ကြောင့် သူသည် ရန်နိုင်ငံကို ပြန်လာပြီး သာမှန်အလုပ်တစ်ခုရှာ၍ ဘဝကို အေးအေးချမ်းချမ်းနေထိုင်ခဲ့သည်။

သူတို့ မျက်စိရှေ့ကလူက သူတို့ဘော့စ်ရဲ့ အလုပ်က သူဌေးဖြစ်နိုင်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရှေ့က လူက သူတို့သူဌေးရဲ့ ဘော့စ်ဖြစ်တာကြောင့် သူတို့က သူ့ကို မျက်နှာသာပေးသင့်သည်။

ထို့ကြောင့် လူတိုင်းက တစ်ယောက်ချင်းစီ လင်ပေ့ဖန်ကို နှုတ်ဆက်ခဲ့ကြသည်။

" မင်္ဂလာပါ မစ္စတာလင် "

" မနေ့ညက မင်း ထိတ်လန့်သွားသေးလား... "

" ငါ တောင်းပန်ပါတယ် ၊မစ္စတာလင် "

" ရပါတယ် ၊ တကယ်တော့ ငါကသာ မင်းတို့ကို တောင်းပန်သင့်တာပါ။ " လင်ပေ့ဖန်က တောင်းပန်ခဲ့သည်။

" မင်းတို့ သရုပ်ဆောင်နေတယ် ဆိုတာ ငါသိရင် မင်းတို့ကို ဖမ်းခိုင်းဖို့ ငါရဲခေါ်လိုက်မှာ မဟုတ်ဘူး။ ညီအစ်ကိုတို့ ငါ တောင်းပန်ပါတယ်။ "

" ဒါတွေအားလုံးက ကိစ္စသေးသေးလေးပါပဲ ၊ဘာမှမဖြစ်ပါဘူး။ "

" ဒါဆိုရင် ကျွန်တော်တို့ နားလည်မှုလွဲတာကို ဒီအတိုင်းပဲ သင်ပုန်းချေလိုက်ကြတာပေါ့။ "

လူတိုင်းသည် ၎င်းကို ဂရုမစိုက်ခဲ့ကြပေ။

ထိုအရာက ပိုက်ဆံနည်းနည်းလေးဆုံးရှုံးပြီးတော့ နာကျင်ရုံပဲ မဟုတ်ဘူးလား။ ဒါတွေက သူတို့အတွက်တော့ ရိုးနေပြီ....

ဆန့်ကျင်ဘက်အားဖြင့် သူတို့သည် ရက်စက်ကြမ်းတမ်းပြီး အနိုင်ကျင့်တဲ့ သူတို့ရဲ့ သူဌေးကြောင့် သူတို့အားလုံး ဆေးရုံ ရောက်ခဲ့တာကို မကျေနပ်သေးပေ။

" အစ်ကိုယဲ့ရဲ့ ညီအစ်ကိုတွေက မျှော်လင့်ထားတဲ့အတိုင်းပဲ သူတို့က အစ်ကိုယဲ့လိုမျိုး ကြင်နာပြီးတော့ သဘောထားကြီးကြတယ်။ " လင်ပေ့ဖန်က ချီးကျူးခဲ့သည်။

" လူတိုင်းနဲ့တွေ့ရတာ ဝမ်းသာပါတယ်။ ဒဏ်ရာသက်သာသွားပြီးရင် လူတိုင်းကို တစ်ခွက်လောက်ကစ်ဖို့ ဖိတ်လိုက်မယ်။ ဘယ်လိုလဲ အဆင်ပြေတယ်မလား...။

" သေချာ‌တာပေါ့ "

" မင်း ဝိုင်ကောင်းကောင်းကို သေချာပြင်ဆင်ထား။ ဝိုင်းကောင်းကောင်းမရှိရင် ငါတို့ လာမှာမဟုတ်ဘူး။ "

" ငါ သေချာပေါက် ပြင်‌ဆင်ပေးထားမယ်။ "

သူတို့ကြားရှိ လေထုက အလွန်သဟဇာတဖြစ်လာခဲ့သည်။

ထိုအချိန်တွင် လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။

" တကယ်တော့ ခုနတည်းက ငါ မင်းတို့နဲ့ တွေ့ကတည်းက ငါမင်းတို့ကို ပြောချင်နေတဲ့ အရာတစ်ခုရှိတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ၊မင်းတို့အားလုံး အရည်အချင်းရှိကြတော့ ငါ့စီမှာများ အလုပ်လုပ်ဖို့ စိတ်ဝင်စားကြလား...။ ဒါမှမဟုတ် ငါ့ကုမ္ပဏီကို လာပြီးတော့ မင်းတို့ အလုပ်လုပ်ချင်ကြလား....။ "

လူတိုင်းက ကြက်သေသေသွားခဲ့သည်။ထို့နောက် သူတို့သည် ယဲ့ရှင်းချန်ကို မေးခွန်းထုတ်သော မျက်လုံးများဖြင့် လှည့်ကြည့်ခဲ့ကြသည်။

သူက ငါတို့ကို ခေါ်‌ချင်နေတာလား....။

ယဲ့ရှင်းချန်သည်လည်း ရုတ်တရက် လင်ပေ့ဖန်က ထို့သို့ ပြောလိမ့်မည်ဟု မထင်တာကြောင့် ကြက်သေသေသွားခဲ့သည်။

သူ့ရဲ့ ရန်သူတော်ကြီးက သူ့ရဲ့ညီအစ်ကိုတွေကို တကယ်ခေါ်ချင်နေတယ်ပေါ့လေ....

မင်းက ငါ့မျက်စိရှေ့မှာတင် ငါ့ရဲ့ညီအစ်ကိုတွေကို မင်းဘက်ခေါ်ချင်နေတာလား...။

" အံ့ဩစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ငါက အမြဲတမ်း အရည်အချင်းရှိတဲ့သူတွေကို ရှာနေတာ။ နောက်ပြီး အရည်အချင်းရှိတဲ့သူ ဘယ်သူ့ကိုမဆို ငါမြင်လိုက်တာနဲ့ သူတို့ကို မခေါ်ချင်ပဲနဲ့ကို မနေနိုင်ဘူး။ " လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။

" ငါတို့ မင်းစီမှာလုပ်ရင် ဘာအကျိုးအမြတ်တွေရမှာလဲ....။ " ကြေးစားတစ်ယောက်က မနေနိုင်ပဲနဲ့ မေးမြန်းခဲ့သည်။

" မင်းမေးတာ မှန်သွားပြီ။ " လင်ပေ့ဖန်က ယဲ့ရှင်းချန်ရဲ့ ပုခုံးကို ပုတ်ပြီး ပြောခဲ့သည်။

" အစ်ကိုယဲ့ ဘာတွေ လုပ်ဖူးလဲ ဆိုတာကို မင်းတို့ သိလား...။ သူအခု ဘာအလုပ်လုပ်နေတယ်ဆိုတာကို ရော မင်းတို့သိလား....။ "

" တကယ်တော့ ကျွန်တော်တို့ လုံးဝ မသိဘူး။ " လူတိုင်းက ခေါင်းခါခဲ့သည်။

သူတို့က လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ ရန်နိုင်ငံသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။ သူတို့ဘော့စ်က ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတယ်ဆိုတာကိုပဲ သူတို့သိသည်။ ထို့ပြင် သူတို့ဘော့စ်က ဘယ်ကုမ္ပဏီမှာ အလုပ်လုပ်ပြီး ဘာအလုပ်လုပ်လဲဆိုတာ‌ကို သူတို့ ဂရုမစိုက်သလို ၊ဒါတွေအားလုံးကို သူတို့ ဂရုစိုက်ဖို့လည်း မလိုအပ်ပေ။

သူ့ဘယ်လောက်ပဲ အစွမ်းထက်ထက် ၊ သူ့ရဲ့ စစ်ပွဲနတ်ဘုရားဆိုတဲ့ အဆင့်အတန်းနဲ့ နှိုင်းယှဉ်နိုင်ပါ့မလား...

" ဒါဆို ငါမင်းတို့ကို ပြောပြမယ်။ အစ်ကိုယဲ့က ကျွန်တော့် ကုမ္ပဏီမှာ အလုပ်စစလုပ်တုန်းကသာမန်‌သက်တော်စောင့်တစ်ယောက်ပဲ။ နောက်တော့ ကျွန်တော် သူ့ရဲ့ အရည်အချင်းကို တွေ့ပြီးတော့ သူ့ကို ကျွန်တော့်ရဲ့ ဘေးကို ခေါ်ထားခဲ့တာ။ နောက်ပိုင်းမှာ မင်းတို့ရဲ့ ဘော့စ်က ၊ရင်းနှီးမြှုပ်နှံရေးပိုင်းမှာ ကျွန်တော့်ရဲ့ စံသတ်မှတ်ချက်တွေကို ပြည့်မှီအောင် လုပ်ဆောင်ပြီးတော့ သူ့ရဲ့ အံ့ဩစရာကောင်းတဲ့ အရည်အချင်းတွေကို ပြသခဲ့တာ။ သူ ဒီနှစ်လအတွင်း ငါတို့ကုမ္ပဏီကို အမြတ် ဘယ်လောက်‌များများ ရအောင်လုပ်ပေးခဲ့လဲဆိုတာကို မင်းတို့သိလား....။ "

" သူ အမြတ် ဘယ်လောက်ရှာပေးခဲ့တာလဲ ...။ " ကြေးစား‌တစ်ယောက်က မေးခဲ့သည်။

လင်ပေ့ဖန်က အနည်းငယ်ပြုံးပြီး လက်ငါးချောင်း ထောင်ပြခဲ့သည်။

" ၅၀ ဘီလီယံ "

လူတိုင်းက တပြိုင်တည်း ပြောခဲ့ကြသည်။

" လဗြွတ် ... "

ကြေးစားတစ်ယောက်က သူ့ရဲ့ တံထွေးကို မြိုချပြီး အံ့အားသင့်စွာဖြင့် ပြောခဲ့သည်။

" မင်းပြောတာ ဘယ်လောက်လဲ....။ ၅၀ဘီလီယံလို့ မင်းပြောလိုက်တာလား...။ဒါက ၅သန်းလည်း မဟုတ်ဘူး။ သန်း၅၀လည်းမဟုတ်ဘူး။ သန်း၅၀၀မဟုတ်ဘူး။၅၀ဘီလီယံတောင်.. "

" မှန်တယ် ၊၅၀ ဘီလီယံပဲ။ ဒါက တော်တော်များတယ်။ ဒါပေမဲ့ အစ်ကိုယဲ့က ဆေးရုံမှာ တစ်လကျော်ကျော်လောက် တက်နေရလို့ အဲ့ဒီအချိန်မှာ သူက ရင်းနှီးမမြှုပ်နှံလိုက်ရဘူး။ နောက်မို့ဆိုရင် ငါတို့ ရတဲ့ အမြတ်က ဒီထက်တောင် ပိုများဦးမယ်။ "

လင်ပေ့ဖန်သည် ပြုံးပြီး ယဲ့ရှင်းချန်ရဲ့ ပုခုံးကို ပုတ်ခဲ့သည်။

" အခု သူ့ရဲ့ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေကြောင့် အစ်ကိုယဲ့က ငါတို့ကုမ္ပဏီမှာ ဒုဥက္ကဌရာထူးနဲ့ တူညီတဲ့ အကျိုးအမြတ်‌တွေကိုရပြီးတော့ သူ့ကိုလည်း ကုမ္ပဏီမှာရှိတဲ့ လူတိုင်းကလေးစားကြတယ်။ နောက်ပြီး နှစ်လအတွင်းမှာ အစ်ကိုယဲ့ရဲ့ အသားတင်ပိုင်ဆိုင်မှုက ယွမ်၂ ဘီလီယံတောင် ဖြစ်နေပြီ။ "

လူတိုင်းက နောက်တစ်ကြိမ် တပြိင်တည်း အံ့အားသင့်စွာဖြင့် ပြောခဲ့ကြသည်။

" လဗြွတ်.... "

ထို့ပြင် လူတိုင်းက စိတ်လှုပ်ရှားသွားခဲ့သည်။

ယွမ် ၂ ဘီလီယံ.....

အဲ့ဒါက ပိုက်ဆံအများကြီးပဲ....

သူတို့သည် ကြေးစားများဖြစ်ကြသော်လည်း ပိုက်ဆံကို ဒီလိုမျိုး လွယ်လွယ်ကူကူမရှာနိုင်ပေ။

ထို့ပြင် သူတို့ အလုပ်လုပ်နေချိန်တွင်လည်း အမြဲတမ်းသတိ၊ဝီရိယထားပြီး သူတို့ လုပ်ကြရသည် ။ ဘာလို့လဲဆိုတော့ ဘယ်အချိန်မဆို သူတို့ သေသွားနိုင်တာကြောင့်ဖြစ်သည်။

လင်ပေ့ဖန်က အသံကျယ်ကျယ်ဖြင့် ပြောခဲ့သည်။

" ငါ့မှာ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပုဒ်တစ်ခုမှ မရှိဘူး။ ဒါပေမဲ့ ညီအစ်ကိုတွေနဲ့ သူငယ်ချင်းတွေကို ဆက်ဆံတဲ့နေရာမှာတော့ ငါက ရက်ရောတယ်။နောက်ပြီး ငါက ပိုက်ဆံပေးရမယ့်အချိန်ဆိုရင် ပိုက်ဆံပေးတယ်၊အလုပ်လိုတဲ့ အချိန်ဆိုရင်လည်း အလုပ်ပေးတယ် ။ လိုရင်းတိုရှင်း ပြောရရင်တော့ကွာ၊ မင်းတို့ ငါ့နောက်လိုက်မယ်ဆိုရင် ဘယ်တော့မှ ဒုက္ခရောက်မှာမဟုတ်ဘူး။ ဒါကိုတော့ ငါ ရဲရဲကြီးအာမခံတယ်။ "

" နောက်ပြီး မင်းတို့အားလုံးက အစ်ကို့ယဲ့ရဲ့ ညီအစ်ကိုတွေဆိုတော့ ၊ ငါ့ရဲ့ ညီအစ်ကိုတွေပဲပေါ့။ ငါမင်းတို့ကို ဆိုးဆိုးရွားရွားဆက်ဆံမှာမဟုတ်ဘူး။ မင်းတို့ ငါ့ကုမ္ပဏီမှာ လုပ်ရင် ၊မင်းတို့ရဲ့ တစ်နှစ်လစာက ဆယ်သန်းကနေ စ ရလိမ့်မယ်။ "

" အကယ်၍ မင်းတို့သာ ကောင်းကောင်းလုပ်ရင် မင်းတို့ရဲ့ နှစ်စဉ်ဘောနပ်စ်က သန်းပေါင်းများစွာရလိမ့်မယ်။ "

လူတိုင်းသည် နောက်တစ်ကြိမ် တပြိုင်တည်း အံ့အားသင့်စွာဖြင့် ပြောခဲ့ကြသည်။

" သောက်ကျိုးနည်း...."

တစ်နှစ်လစာက ဆယ်သန်းပေါ့လေ....

နောက်ပြီး နှစ်စဉ်ဘောနပ်စ်ကလည်း သန်းပေါင်းများစွာရှိသေးတယ်.....။

သူတို့သည် ပိုပြီးတော့တောင်မှ စိတ်လှုပ်ရှားလာခဲ့ကြသည်။

ဒီလောက် ပိုက်ဆံအများကြီး ရဖို့ဆိုရင် သူတို့ ကြေးစားအလုပ် ဘယ်နှစ်နှစ်လောက် လုပ်ရမလဲ....

ကြေးစားတစ်ယောက်ဖြစ်ရတာ ချမ်းသာတယ် မထင်နဲ့....။

တကယ်တော့ သူတို့သာ တကယ်ချမ်းသာရင် ကြေးစားတောင် ဖြစ်လာမှာမဟုတ်ဘူး....။

ဒီကမ္ဘာပေါ်မှာ သက်တောင့်သက်သာ ၊လွယ်လွယ်ကူကူနဲ့ ပိုက်ဆံ မရှာချင်တဲ့သူ ဘယ်သူရှိလို့လဲ....။

လူတိုင်းက ပိုက်ဆံကို သက်တောင့်သက်သာ ၊လွယ်လွယ်ကူကူနဲ့ ရှာချင်ကြတာချည်းပဲလေ၊မဟုတ်ဘူးလား....။

အခု သူတို့ရှေ့မှာ ကြီးမားတဲ့ အခွင့်ကောင်းကြီးတစ်ခုရှိနေပြီဖြစ်သည်....။

လူတိုင်းရဲ့ တုံ့ပြန်မှုကို မြင်တော့ လင်ပေ့ဖန်က ပြုံး၍ ယဲ့ရှင်းချန်ရဲ့ နားနားကို ကပ်ပြီး တိုးတိုးလေးပြောလိုက်သည်။

" အစ်ကိုယဲ့ ၊ ကျေးဇူးပြုပြီး ငါ့ကို ကူညီဖို့ သူတို့ကို စကားနည်းနည်း ပြောပေးဦး ။ "

ယဲ့ရှင်းချန်က အံ့အားသင့်သွားခဲ့သည်။

" မင်းက သူတို့ကို မင်းစီမှာ အလုပ်လုပ်အောင်လို့ ငါ့ကို ဆွဲဆောင်ခိုင်းတာလား.... "

လင်ပေဖ့န်က ခေါင်းညိတ်ခဲ့သည်။

" ဟုတ်တယ် ၊အစ်ကိုယဲ့ မင်းရဲ့ ညီအစ်ကိုတွေအကုန်လုံးက အရမ်းတော်ကြတယ်။ ဒါကြောင့် ငါသူတို့အကုန်လုံးကို ငါ့ရဲ့ကုမ္ပဏီမှာ အလုပ်လုပ်စေချင်တယ်။ ဒါက သူတို့အားလုံးအတွက် ကောင်းမွန်တဲ့ အခွင့်အရေးကြီးတစ်ခုလို့ ယူဆလို့ ရနိုင်တယ်မလား...။ "

" ကောင်းတယ် ၊ဒါက အရမ်းကောင်းတဲ့ အခွင့်အ‌ရေးကြီးတစ်ခုပဲ။ " ယဲ့ရှင်းချန်က အံ့ကြိတ်ပြီး ပြောခဲ့သည်။

လင်ပေ့ဖန်ရဲ့ အကြည့်အောက်တွင် ယဲ့ရှင်းချန်သည် ကျောချမ်းစွာဖြင့် ပြောခဲ့သည်။

" မင်းတို့တွေ မစ္စတာလင်ပြောတာကို စဉ်းစားကြည့်နိုင်တယ်။ "

သူတို့ရဲ့ ဘော့စ်တောင်မှ ထောက်ခံတာကြောင့် လူတိုင်းသည် ပိုပြီးတော့တောင်မှ စိတ်လှုပ်ရှားလာခဲ့သည်။

လင်ပေ့ဖန်က ပြုံးပြီး ပြောခဲ့သည်။

" မင်းတို့ ငါပြောတာကို သေချာစဉ်းစားလိုက်ဦး။ ငါအရင်ပြန်လိုက်ဦးမယ်။ “

All Chapters