အပိုင်း ( ၁၇၀ )
Vol. 12 Ch. 170
လင်ပေ့ဖန် ထွက်သွားပြီးနောက် လူတိုင်းက ဆူညံပွက်လောရိုက်သွားခဲ့သည်။
" နှစ်စဥ်လစာက သန်းပေါင်းများစွာရှိပြီးတော့ ငါတို့ အလုပ်ကောင်းကောင်းလုပ်ရင်လည်း ဘောနပ်စ်က ဆယ်သန်းလောက်ရဦးမယ်တဲ့ ။ "
" ဒါက အရမ်းများလွန်းတယ်။ ကြေးစားတစ်ယောက်ရတဲ့ ပိုက်ဆံထက်တောင် ပိုများသေးတယ်။ "
" ငါ အစတုန်းက သူဌေးနဲ့အတူတူ ကြေးစားစလုပ်ကတည်းကနေ အခုထိ ငါ့ရဲ့တစ်နှစ်ဝင်ငွေက သန်းအနည်းငယ်ပဲရှိတယ်။ အဲ့ဒီတုန်းက အဲ့လောက်ပိုက်ဆံရတာကို ငါက များနေတယ်လို့ ထင်ခဲ့တာ။ဒါပေမဲ့ အခု သူကမ်းလှမ်းခဲ့တဲ့ ငွေပမာဏနဲ့ ကြေးစားအလုပ်လုပ်တုန်းက ရတဲ့ ငွေပမာဏကို နှိုင်းယှဉ်ကြည့်လိုက်တော့ ဆီနဲ့ ရေလိုမျိုး၊ အရမ်းပဲ ကွာခြားနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ "
" ပြီးရင် ငါ သူ့စီမှာ အလုပ်လုပ်တဲ့အချိန်ကျရင်လည်း ကြေးစားအလုပ်လိုမျိုး စိုးရိမ်ကြောင့်ကြနေစရာမလိုဘူး။ ဒါက အရမ်းမိုက်တယ်။ " ( ဘယ်အချိန်သေမလဲဆိုတာကို စိတ်ပူနေတာ...)
" ဟုတ်တယ် ၊ အခြေအနေတွေက အရမ်းကောင်းတယ်။ ငါတို့ တစ်သက်လုံးလည်း ကြေးစားအလုပ်ပဲ လုပ်မနေနိုင်ဘူးလေ၊ဟုတ်တယ်မလား...။ ငါတို့လည်း လက်ထပ်ပြီးတော့ သားသားမီးမီးလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်တာပေါ့...။ငါပြောတာ မှန်တယ်မလား...။ "
" ဒါက ငါ စိတ်ကူးထားတဲ့ အလုပ်နဲ့ ကွက်တိပဲ။ "
လူတိုင်းသည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
ထိုအချိန်တွင် လူတစ်ယောက်က ယဲ့ရှင်းချန်ကို မေးခဲ့သည်။
" ဘော့စ် သူပြောတာ အမှန်ပဲလား...။ ယွမ် ငါးဆယ်ဘီလီယံကို နှစ်လထဲနဲ့ မင်း သူ့ကို တကယ်ပဲ ကူရှာပေးခဲ့တာလား...။ နောက်ပြီး မင်းရဲ့ အသားတင်ပိုင်ဆိုင်မှုကလည်းယွမ် ၂ဘီလီယံလား....။ "
ယဲ့ရှင်းချန်သည် အံကြိတ်ပြီး ပြောခဲ့သည်။
" သူပြောတာ အမှန်ပဲ "
လူတိုင်းက နောက်တစ်ကြိမ် ပွက်လောရိုက်သွားခဲ့သည်။
" ငါတို့ဘော့စ်က နှစ်လထဲနဲ့ ယွမ် ၂ဘီလီယံ ရခဲ့တယ်။ ဒါက ငါတို့တွေရတဲ့ တစ်နှစ်ဝင်ငွေထက်တောင် ပိုများသေးတယ်။ "
" နောက်ပြီး အဓိကအချက်ကတော့ ဘာအန္တရာယ်မှ မရှိတာပဲ။ "
" ငါတို့ ဘော့စ်က မျှော်လင့်ထားတဲ့အတိုင်းပဲ အရမ်းတော်တယ်။ "
" ဒါဆိုရင် ငါတို့လည်း ငါတို့ဘော့စ်နောက် လိုက်ပြီးတော့ ပိုက်ဆံအများကြီးရှာနိုင်တော့မှာပေါ့။ "
" ဘော့စ် ၊ မင်းမှာ ဒီလိုစွမ်းရည်ရှိတာ ဘာလို့ ငါ့တို့ကို အစောကြီးကတည်းက မပြောတာလဲ .... "
ထိုအချိန်တွင် တစ်ခြားတစ်ယောက်ကလည်း စိတ်လှုပ်ရှားစွာဖြင့် မေးခဲ့သည် ။
" ဘော့စ် ၊ ကုမ္ပဏီမှာ မင်း ရာထူးမြင့်မြင့်တစ်ခု ရ ထားလား...။ ခုနတုန်းက မစ္စတာလင်ပြောခဲ့တာတော့ မင်းရဲ့ ရာထူးက ဒုဥက္ကဌရာထူးနဲ့ ညီတယ်ဆို ။ နောက်ပြီး ကုမ္ပဏီက လူတိုင်းကလည်း မင်းကို လေးစားကြတယ်ဆို။ သူပြောတာအမှန်ပဲလား...။"
ယဲ့ရှင်းချန်သည် နောက်တစ်ကြိမ်အံကြိတ်ပြီး ခေါင်းညိတ်၍ ပြောခဲ့သည်။
" အမှန်ပဲ "
လူတိုင်းက နောက်တစ်ကြိမ် ဆူညံပွက်လောရိုက်သွားခဲ့သည်။
" သူပြောတာ အကုန်လုံးက အမှန်တွေကြီးပဲ ၊ ဟားဟား... "
" ငါတို့ဘော့စ်ကလည်း ကုမ္ပဏီမှာ ရှိတယ်ဆိုတော့ ငါတို့တွေ ဘော့စ်နောက်လိုက်ရတာပေါ့...။ "
" ငါတို့ ဘော့စ်က ကုမ္ပဏီမှာ ရာထူးမြင့်တော့ သူက ငါတို့ကို ကာကွယ်ပေးနိုင်တယ်။ "
" ငါတို့ အဆင့်အတန်းမြင့်မြင့်နဲ့ ပိုက်ဆံလည်း ရှာနိုင်တယ်။ ငါတို့ စိုးရိမ်ကြောင့်ကြနေစရာလည်း မလိုဘူး။ နောက်ပြီး ငါတို့ဘော့စ်နဲ့လည်း တူတူနေနိုင်သေးတယ်။ လခွမ်း ... ဒါက အကောင်းဆုံးအလုပ်ပဲ။ ငါဒီအလုပ်ကို သဘောကျသွားပြီ။ "
" မင်း တကယ်ပြောတာလား....ဟားဟား... "
" သားရီးတို့ မင်းတို့ ဘာလို့ တုံ့ဆိုင်းနေတာလဲ ... "
ထိုမြင်ကွင်းကို မြင်ပြီး ယဲ့ရှင်းချန် ထိတ်လန့်သွားခဲ့သည်။
အကယ်၍ ဒီကောင်တွေသာ ကုမ္ပဏီမှာ အလုပ်လာလုပ်ရင် သူတို့ကို သေချာပေါက် လင်ပေ့ဖန်က သူ့ဘက်ပါအောင် ဆွဲခေါ်သွားလိမ့်မယ်...။
ဒီကောင်တွေက တော်တော်လေး အယုံလွယ်တော့ အရင်တုန်းကတောင် သူ့ကို သစ္စာဖောက်လုနီးပါး ဖြစ်ခဲ့သေးတယ်...။
သူတောင် လင်ပေ့ဖန်ကို လက်စားပြန်ချေချင်တဲ့ အမုန်းတရားကြောင့်သာမဟုတ်ရင် သူ့လည်း အခုလောက်ဆို လင်ပေ့ဖန် သိမ်းသွင်းတာ ခံနေရလောက်ပြီ...။
ထို့ကြောင့် သူသည် သူ့ရဲ့ညီအစ်ကိုတွေကို လင်ပေ့ဖန်ရဲ့ ကုမ္ပဏီမှာ ဝင်လုပ်ခွင့်မပြုပေ။
" ဘော့စ် ၊ မင်း ခေါင်းညိတ်လိုက်တာနဲ့ ငါတို့ ချက်ချင်း သဘောတူလိုက်မယ်...။ "
" ဘော့စ် မင်းဘာလို့ ဒီလိုမျိုး တုံ့ဆိုင်းနေတာလဲ...။"
" ဘော့စ်က ဟိုမှာ လုပ်နေတာကြာနေတော့ ငါတို့ကိုတောင် လုံးဝ မေ့သွားလောက်ပြီ ဖြစ်လောက်မယ်။ "
" ငါလည်း အဲ့လိုပဲ ထင်တယ်။ ဘော့စ်က ငါတို့ကို ပြန်ခေါ်တာ အံ့ဩစရာမရှိတော့ပါဘူး။ ဒါက တကယ့်ကို ကောင်းတဲ့အရာတစ်ခုပဲ။ဒါပေမဲ့ မင်းက အခုထိ ငါတို့ကို ဖုန်းကွယ်ထားတုန်းပေါ့လေ...။ "
ယဲ့ရှင်းချန်သည် ပိုပြီးတော့တောင်မှ ထိတ်လန့်သွားခဲ့သည်။
ထို့ကြောင့် သူသည် အမြန်ပြန်ပြောခဲ့သည်။
" မင်းတို့ အခုအများကြီး မစဉ်းစားနေနဲ့ဦး။ အခု မင်းတို့လုပ်ရမယ့် အရေးအကြီးဆုံးအရာက မင်းတို့ရဲ့ ဒဏ်ရာတွေကို ပြန်သက်သာလာအောင်လို့ ကောင်းကောင်းဂရုစိုက်ဖို့ပဲ။ နောက်မှ ငါတို့ တစ်ခြားအကြောင်းပြောကြရအောင်။ ဒါမှမဟုတ်ရင် အရာအားလုံးက အချည်းအနှီးဖြစ်သွားလိမ့်မယ်။ "
" ဘော့စ်ပြောတာ မှန်တယ်။ ငါတို့ရဲ့ ဒဏ်ရာတွေကို အရင်ဆုံး ဂရုစိုက်ရမယ်။ နောက်မှ ပိုက်ဆံကောင်းကောင်းရှာပြီးတော့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရမယ်။ "
" အခြေခံလစာက ယွမ်ဆယ်သန်း၊ ငါတို့ အလုပ်ကောင်းကောင်းလုပ်နိုင်ရင်လည်း နှစ်စဉ်ဝင်ငွေက သန်းပေါင်းများစွာ ရဦးမယ်။ "
" အဓိကက ငါတို့နောက်မှ ဘော့စ်ရှိတယ် ၊ဟားဟား ..."
" ဒီအကြောင်းကို တွေးလေလေ ပိုပြီးတော့ ပျော်လေလေပဲ။ "
ယဲ့ရှင်းချန်သည် သူ့ ညီအစ်ကိုတွေရဲ့ တောင့်တနေတဲ့ အမူအရာကို ကြည့်ပြီး အံ့ကြိတ်၍ ကျိန်ဆဲခဲ့သည်။
" မအေမွေး လင်ပေ့ဖန် ၊ ငါ့ကို ဒုက္ခရောက်အောင် လုပ်သွားတယ်။ "
သူ့ရဲ့ညီအစ်ကိုတွေကို လင်ပေ့ဖန်နဲ့ နောက်တစ်ကြိမ်အဆက်အသွယ်မလုပ်သင့်တော့သလိုမျိုး သူ ခံစားခဲ့ရသည်။
ဒီကောင်တွေကိုသာ လင်ပေ့ဖန်နဲ့ အကြိမ်နည်းနည်းလောက် ထပ်ဆက်သွယ်ခိုင်းလိုက်ရင် ၊ဒီကောင်တွေ သေချာပေါက် သူ့ကို သူတို့ဘော့စ်အဖြစ်အသိအမှတ်ပြုတော့မှာ မဟုတ်ဘူး။ သူတို့ လင်ပေ့ဖန်ဘက်ကို ပြောင်းပြီးတော့ သူ့ကို သစ္စာဖောက်မှာ သေချာတယ်....
အဲ့ဒီအချိန်ကျရင် ငါ့ရဲ့ လက်စားချေမယ့်အစီအစဉ်ကို သူတို့ကို ပြောဖို့ မဖြစ်နိုင်တော့ဘူး...။
ဒါကြောင့် ငါ ပထမဆုံးလုပ်ရမှာက သူတို့ကို အဝေးကို ပို့ထားဖို့ပဲ...။
" ညီအစ်ကိုတို့ ၊ ငါ မင်းတို့ကို ဆေးဘုရင်ဆေးရုံကို ပြောင်းရွေ့ပေးမယ်။ ဆေးဘုရင်ဆေးရုံမှာ အရမ်းအဆင့်မြင့်တဲ့ ဆေးကုသမှုနည်းပညာတွေနဲ့ အရမ်းတော်တဲ့ ဆရာဝန်ကြီးတွေရှိတယ်။ သူတို့ကုသပေးလိုက်လို့ပဲ ငါ့ရဲ့ လက်တွေနဲ့ ငါ့ရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေ ပြန်သက်သာလာတာ။ မင်းတို့ ရထားတဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်။ဒါပေမဲ့ မင်းတို့ကို သူတို့ ကုသပေးလိုက်တာနဲ့ နှစ်ပတ်တောင်မကြာဘူး ၊မင်းတို့ ပြန်သက်သာလာလိမ့်မယ်။ " ယဲ့ရှင်းချန်က ပြောခဲ့သည်။
" ဘော့စ် မင်းပြောတဲ့အတိုင်း လုပ်နိုင်တယ်။ မင်း စီစဉ်ပေးတဲ့ နေရာမှာ ငါတို့နေမယ် ။ "
အကယ်၍ သူတို့သာ မြန်မြန် ပြန်ကောင်းလာနိုင်တယ်ဆိုရင် ၊ သူတို့မှာ ကန့်ကွက်စရာဘာအကြောင်းမှ မရှိပေ...။
တစ်ခြားတစ်ဖက်တွင် လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၌ ....
" နဂါးဘုရင်ကို တင်ပြပါတယ်။ မကြာသေးခင်တုန်းက လင်ပေ့ဖန်နဲ့ ယဲ့ရှင်းချန်တို့ လူစိမ်းဆယ့်လေးယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ပုံကို ကြည့်ရတာတော့ တော်တော်လေးအစွမ်းထက်တဲ့ပုံရပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ သူတို့ ဒဏ်ရာရပြီးတော့ ဆေးရုံတက်နေရပါတယ်။ "
" လူစိမ်းတစ်ဖွဲ့လား...။ သူတို့က ဘယ်သူတွေလဲ ...။ မင်းမှာ သူတို့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေရှိလား...။ " နဂါးဘုရင်ကျိုရှင်းက သိချင်စွာဖြင့်မေးမြန်းခဲ့သည်။
" နဂါးဘုရင်ကို တင်ပြပါတယ်။ ကျွန်တော်တို့ ဒီသတင်းကို လက်ခံရရှိတာနဲ့ နဂါးဘုရင်ကို ချက်ချင်းလာတင်ပြတာပါ။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကျွန်တော်တို့ ဆက်လက်ပြီး စုံစမ်းဖို့ လိုပါသေးတယ်။ " အနက်ရောင်ဝတ်လူတစ်ယောက်က တင်ပြခဲ့သည်။
" ကောင်းပြီ။ " နဂါးဘုရင်ကျိုရှင်းက ခေါင်းညိတ်ခဲ့သည်။
ထိုအရာက သူတကယ်လိုချင်တဲ့ အရာဖြစ်သည်။
လင်ပေ့ဖန်နဲ့ ပတ်သတ်တဲ့ ဘယ်ကိစ္စကိုမဆို သူ့ကို အရင်ဆုံးတင်ပြပြီးမှ စုံစမ်းစစ်ဆေးဖို့ သူ့လက်အောက်ငယ်သားတွေကို ပြောထားခဲ့တာကြောင့်ဖြစ်သည်။
" မြန်မြန်စစ်ဆေးလိုက် ၊ သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေရတာနဲ့ ငါ့ကို ချက်ချင်းပြန်တင်ပြ။ " နဂါးဘုရင်ကျိုရှင်းက ပြောခဲ့သည်။
" ဟုတ်ကဲ့ ၊နဂါးဘုရင် "
" ခဏ ၊ မင်းမှာ သူတို့ရဲ့ ဓာတ်ပုံတွေရှိလား...။ ရှိရင် ငါ့ကို ပြဦး။ " ယဲ့ရှင်းချန်က ပေါ့ပေါ့ပါးပါး မေးမြန်းခဲ့သည်။
" ဟုတ်ကဲ့ နဂါးဘုရင် ၊ ဒီမှာကြည့်ပါ။ " အနက်ရောင်ဝတ်လူက သူ့ဖုန်းကို ယူထုတ်ပြီး ပြခဲ့သည်။
နဂါးဘုရင်ကျိုရှင်းသည် ဓာတ်ပုံများကို မြင်လိုက်ရသောအချိန်တွင် သူသည် ချက်ချင်းပဲ ဒေါသထွက်သွားခဲ့သည်။
" သူတို့က ယဲ့ရှင်းချန်ရဲ့ ကြေးစားအဖွဲ့ဝင်တွေပဲ။ သူတို့မိုဟိုင်မြို့မှာ ရှိနေတယ်ဆိုတော့ ၊ငါတို့လူတွေက သူတို့ လက်ချက်နဲ့ သေသွားတာ အတော်လေး ဖြစ်နိုင်ချေများတယ်။ ဒီမအေမွေးတွေကတော့ကွာ.... "
" ဒုံး ...... "
နဂါးဘုရင် ဒေါသထွက်ပြီး စားပွဲခုံကို လက်သီးဖြင့် ဆောင့်ထိုးခဲ့သည်။
ယဲ့ရှင်းချန်က သူ့ရဲ့ ဗာဂျရာရှစ်ယောက်ကို လင်ပေ့ဖန်မပါပဲနဲ့ ဘယ်လို ဖြေရှင်းခဲ့လဲဆိုတာကို ဒီမတိုင်ခင်က သူသည် နားမလည်နိုင်ခဲ့ပေ။
ထို့ပြင် ယဲ့ရှင်းချန်ဘယ်လောက်ပဲ သန်မာပါစေ ၊သူ့ရဲ့ဗာဂျရာရှစ်ယောက်ကို အနိုင်ယူဖို့က လုံးဝ မဖြစ်နိုင်ပေ။
အခုတော့ အခြေအနေက ရှင်းလင်းသွားခဲ့ပြီဖြစ်သည်။ သူ့လွှတ်လိုက်တဲ့ ဗာဂျရာရှစ်ယောက်ကို ယဲ့ရှင်းချန်ရဲ့ ကြေးစားအဖွဲ့က ရှင်းပစ်ခဲ့တာဖြစ်နိုင်သည်။ထိုကြေးစားအဖွဲ့သာလျှင် သူ့ရဲ့ဗာဂျရာရှစ်ယောက်ကို ရှင်းပစ်နိုင်တဲ့ အစွမ်းရှိသည်။
အနက်ရောင်ဝတ်လူက အံ့အားသင့်သွားခဲ့သည်။
" နဂါးဘုရင် ၊ သူတို့က ကျွန်တော်တို့ရဲ့ ဗာဂျရာရှစ်ယောက်ကို ရှင်းပစ်လိုက်တယ်လို့ နဂါးဘုရင်ပြောတာလား... "
" သူတို့ကလွဲရင် ၊ ဗာဂျရာရှစ်ယောက်ကို ရှင်းပစ်နိုင်တဲ့ စွမ်းရည်ရှိတဲ့ တစ်ခြားသူတွေကို ငါ မစဉ်းစားနိုင်ဘူး။ " နဂါးဘုရင်က အော်ပြောခဲ့သည်။
" နဂါးဘုရင် ၊ ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ ... " အနက်ရောင်ဝတ်လူက မေးခဲ့သည်။
" ဒါက သွေးကြွေးတစ်ခုပဲ .... "
နဂါးဘုရင်ကျိုရှင်းက လူသတ်ချင်သောအမူအရာဖြင့် ပြောခဲ့သည်။
" သွေးကြွေးကို သွေးကြွေးနဲ့ ပြန်ဆပ်ပေးရမှာပေါ့.."
ဒုတိယနေ့တွင် ယဲ့ရှင်းချန်သည် သူ့ရဲ့ ညီအစ်ကိုအားလုံးကို ခေါ်ဆောင်ရန် ဇိမ်ခံကားတစ်စီးကို စီစဉ်ပေးပြီးနောက် ဆေးဘုရင်ဆေးရုံကို ပို့ဆောင်ပေးခဲ့သည်။
ဆေးရုံရဲ့ ဝင်ပေါက်တွင် လင်ပေ့ဖန်က ပြောခဲ့သည်။
" အစ်ကိုယဲ့ ၊ မင်းတကယ်ဆုံးဖြတ်ပြီးသွားပြီလား...။ သူတို့ကို ဆေးဘုရင်ဆေးရုံကို ပို့ဖို့ မင်းတကယ်ဆုံးဖြတ်ပြီးသွားပြီလား... "
ယဲ့ရှင်းချန်က ပြတ်ပြတ်သားသားဖြင့်ခေါင်းညိတ်ခဲ့သည်။
" ဟုတ်တယ် ၊ဆေးဘုရင်ဆေးရုံမှာ အရမ်းအဆင့်မြင့်တဲ့ ဆေးကုသမှုနည်းပညာတွေရှိတယ်။သူတို့ကုသပေးပြီးတာနဲ့ ကျွန်တော့်ရဲ့ ဒဏ်ရာတွေတောင် တစ်လထဲနဲ့ ပြန်သက်သာလာခဲ့တယ်။ ဒါကြောင့် သူတို့ မကြာခင် ပြန်သက်သာလာမယ်လို့ ကျွန်တော်မျှော်လင့်ပြီးတော့ သူတို့ကို ဆေးဘုရင်ဆေးရုံကို ပို့ခဲ့တာ။ သူတို့ မြန်မြန်ပြန်ကောင်းလာအောင်လို့ပါ။ "
" ဒါအမှန်ပဲ ၊ တစ်လခွဲကြာပြီးရင် ငါတို့ဒီညီအစ်ကိုတွေကို ကျန်းကျန်းမာမာနဲ့ နောက်တစ်ကြိမ် ပြန်တွေ့နိုင်ပြီ။ အစ်ကိုယဲ့ သူတို့ပြန်သက်သာလာတဲ့အခါကျရင် မင်း သူတို့ကို စကားနည်းနည်းပြောပြီးတော့ ငါ့ကုမ္ပဏီကို ခေါ်လာပေးရမယ်။ " ပြောပြီး လင်ပေ့ဖန်က ရယ်မောခဲ့သည်။
" ဒီအကြောင်းကို နောက်မှ ပြောကြတာပေါ့ .. " ယဲ့ရှင်းချန်က ယောင်ဝါးဝါး ပြန်ဖြေခဲ့သည်။
သူသည် သူ့ညီအစ်ကိုတွေ ပြန်သက်သာလာတာနဲ့ နိုင်ငံခြားပို့ဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။
ဒါမှမဟုတ်ရင် လင်ပေ့ဖန်က သူတို့ကို မျက်စောင်းထိုးနေလိုက်မည်ဖြစ်သည်....။
" ဘော့စ် ၊ဥက္ကဌလင် ၊ နှုတ်ဆက်ပါတယ်။ "
" ကျွန်တော်တို့ တစ်လခွဲကြာပြီးရင် ပြန်လာခဲ့မယ်။ "
လူတိုင်းက လက်ပြပြီး နှုတ်ဆက်ခဲ့ကြသည်။
သို့သော်လည်းပဲဇိမ်ခံကားတဖြည်းဖြည်းထွက်သွားတာကို ကြည့်ပြီး ယဲ့ရှင်းချန်ရဲ့ စိတ်ထဲ၌ ဆိုးရွားတဲ့ ကြိုတင်သတိပေးချက် တစ်ခုကို ခံစားခဲ့ရသည်။
ဒါက တစ်ယောက်နဲ့ တစ်ယောက် ဘယ်တော့မှ ပြန်မတွေ့ရမဲ့ ပုံစံလိုမျိုး နှုတ်ဆက်နေသလိုပဲ....