အခန်း (၈၅၆)
Vol. 62 Ch. 856
သူ ထိုသို့ လက်ညိုးညွှန်လိုက်သည်နှင့် ပုံရိပ်ယောင်က မတည်မငြိမ် ဖြစ်လာ၏။
နောက်ဆုံးတွင်.. အသံကျယ် တစ်သံနှင့်အတူ ၎င်းပုံရိပ်ယောင် ပေါက်ကွဲထွက်သွားတော့သည်။
ထိုအချိန်တွင် သခင်ကြီးက နှုတ်ခမ်းတွန့်ရုံပြုံး၍ ပြော၏။
" ငါ ထင်ထားသလိုပါပဲလား... ဒီအရိပ်က အပေါ်ယံလေးပဲ ပုံရိပ်ယောင်လို့ထင်ရအောင် လုပ်ထားတာ ။ တကယ်အထဲမှာက ဟုတ်မနေဘူး "
" တကယ်ဆို ပုံရိပ်ယောင်တွေကတောင် ငါ နားလည်ထားတဲ့ စည်းမျဥ်းတွေကို ထုတ်မသုံးနိုင်ဘူးလေ "
" အဲ့တော့ ဒီပုံရိပ်ယောင် ထုတ်သုံးခဲ့တဲ့ စည်းမျဥ်းအစွမ်းကလဲ အပေါ်ယံ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ထားတာသက်သက်ပဲ ။ ဟား ဟား.. တကယ်လို့ သာမာန်လူတစ်ယောက် ဆိုရင်တော့
ရှေ့ဆက်မတိုးနိုင်ဘဲနဲ့ ဒီမှာပဲ ပိတ်မိနေမှာ သေချာတယ် "
သူ ထိုသို့ ရေရွတ်နေစဥ်မှာပင် ယဲ့ဖူရှောက်၏ အော်ဟစ်အကူအညီတောင်းသံကို ကြားလိုက်ရပါသည်။
" သခင်ကြီး ၊ ကျုပ်ကို ကယ်ပါဦးဗျာ "
သခင်ကြီး မျက်မှောင်ကြုံ့သွားပြီး ထိုနေရာဘက်သို့ လက်ညိုးထိုးလိုက်၏။
ဝုန်း...
ယဲ့ဖူရှောက်ရှေ့မှ ပုံရိပ်ယောင် ပြိုကွဲသွားတော့သည်။
" ကျေးဇူးတင်ပါတယ် သခင်ကြီးရယ် "
ယဲ့ဖူရှောက် ဒူးတစ်ဖက်ထောက်၍ သူ့သခင်ကြီးအား အရိုအသေပေးလိုက်သည်။
သို့သော် သခင်ကြီးက သူ့အား လျစ်လျူရှုထားပြီး...
ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အခွံချည်းသက်သက်သာ ကျန်တော့သည့် အချုပ်အနှောင်အား ဝမ်းသာအားရစွာ ကြည့်လိုက်သည်။
" ရောက်ပြီကွာ .. နောက်ဆုံးတော့ ရောက်ပြီ ။ ငါ ဒီလိုနေ့မျိုးကို စောင့်နေခဲ့တာ ကြာလှပြီကွ "
သူ ပြောပြီး လက်တစ်ဖက်ဆန့်ထုတ်၍ အချုပ်အနှောင် အခွံအား ဖျက်ဆီးရန် ပြင်လိုက်ပါသည်။
ဤအရာကို ဖျက်ဆီးပြီးသည်နှင့် သူ လိုချင်တပ်မက်ခဲ့ရသည့် အရာကို ရပေတော့မည်။
သို့သော် ထိုစဥ်မှာပင် ...
" မိစ္ဆာကောင်ကြီး.. သေစမ်း "
သူ့အနောက်ဘက်မှ အော်သံကျယ်တစ်သံ ထွက်လာ၏။
" ဟင်... "
ယဲ့ဖူရှောက်ရော ၊ သူ့သခင်ကြီးပါ နောက်သို့ တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် တလက်လက်တောက်နေသော အလင်းတန်းတစ်ခုက သူတို့နှစ်ယောက်ဆီ တိုးဝင်လာပါ၏။
ထိုအလင်းတန်းပေါ်တွင် မရေမတွက်နိုင်သော ထွင်းစာများ ရှိနေကာ.. တာအိုလမ်းစဥ်လည်း စီးမျောနေပါသေးသည်။
ယဲ့ဖူရှောက်မှာ ၎င်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ကျောရိုးထဲမှ ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။
" မူလအဆင့် မသေမျိုးအစီအမံလား .. ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "
သူ့မျက်နှာ တပြင်လုံးလည်း ရုတ်ချည်း ဖြူရော်သွားတော့သည်။
တဖက်မှ သူ့သခင်ကြီးမှာလည်း မျက်ခုံးပင့်သွား၏။
"တစ်ယောက်.. နှစ်ယောက်.. မင်းတို့နှစ်ယောက်လုံးက ငါ့ရဲ့ အစီစဥ်တွေကို ဖျက်ဆီးချင်ကြတယ်ပေါ့လေ။ သေကြစမ်းကွာ "
သူ ဒေါသတကြီး အော်ကာ လက်ဝါးစောင်းဖြင့် ရိုက်လိုက်သည်။
သို့သော် ထိုသို့ ရိုက်လိုက်ပြီးသည်နှင့် သူ့တစ်ကိုယ်လုံး ရုတ်တရက် တုန်သွား၏။
" သခင်ကြီး ... "
ယဲ့ဖူရှောက် အလန့်တကြား အော်လိုက်သည်။
သခင်ကြီး မျက်မှောင်ကြုံ့သွား၏။
" တောက်... ဒီခန္ဓာကိုယ်က ကန့်သတ်ချက် ပမာဏကို ရောက်တော့မယ် ။ ဒီအချိန်ကြီးမှ လာဖြစ်ရသလားကွာ "
သူ့ရင်ထဲတွင်လည်း ဒေါသများ ဆူပွက်လာတော့သည်။
အစောပိုင်းက အချုပ်အနှောင်များကြောင့်သာ
စွမ်းအင်အများကြီး မကုန်ခဲ့လျှင် ယခုလို လုံးဝဖြစ်မည်မဟုတ်ပါ ။
ထိုစဥ်မှာပင် အလင်းတန်းက အနားသို့ ကျလာသည်။
ဝုန်း...
အသံကျယ်တစ်သံနှင့်အတူ ကောင်းကင်နှင့်မြေကြီး တုန်ခါသွား၏။
လေထုတစ်ခုလုံးလည်း အရောက်တောက်တောက် အလင်းတန်းများဖြင့် ပြည့်သွားသောကြောင့် လူများ မျက်လုံးဖွင့်ကြည့်ရန်ပင် မလွယ်ပါချေ။
ဤသို့ဖြင့် အရာအားလုံး အချိန်အတန်ကြာ ငြိမ်သက်တိတ်ဆိတ်နေပြီးမှ အလင်းတန်း ပျောက်ကွယ်သွားကာ ပတ်ဝန်းကျင်မြင်ကွင်းလည်း ရှင်းလင်းလာသည်။
အချုပ်အနှောင်ရှေ့တွင် ရှိနေခဲ့သော ယဲ့ဖူရှောက် နှင့် သူ့သခင်ကြီးတို့လည်း ပျောက်ခြင်းမလှ ပျောက်နေလေပြီ ။
" အောင်မြင်သွားပြီလား.. ဟိုကောင်ကြီး အသတ်ခံလိုက်ရပြီလား.. "
" ဟား ဟား... ထျန်းယွမ်သခင်ကြီးက တကယ်ကို တော်ပါပေတယ်ဗျာ ။ အချိန်တိုလေးအတွင်းမှာ မူလအဆင့်မသေမျိုးအစီအမံ ကို လုပ်လိုက်နိုင်တယ် "
" ဟိုကောင်ကြီးက ဘယ်လိုဘီလူးမျိုးပဲဖြစ်ဖြစ် ၊ နောက်ဆုံးတော့ သေသွားခဲ့ရတာပဲ "
ခပ်လှမ်းလှမ်းတွင် ရှိနေကြသော သခင်ကြီးလုံနှင့်အဖွဲ့က စိတ်လှုပ်ရှားနေသည့် မျက်နှာကိုယ်စီဖြင့် ပြောလိုက်ကြသည်။
ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသအတွင်းမှ ပြဿနာကြီးကို ဖြေရှင်းပြီးသွားလေပြီ...
" ခုနက နှစ်ယောက်ထဲကတစ်ယောက်က ဟွမ်ရှင်းဂိုဏ်းရဲ့ နတ်ဘုရားသားတော် ၊ ယဲ့ဖူရှောက် မဟုတ်ဘူးလား "
ထိုစဥ် တစ်ယောက်က မေးလိုက်သည်။
အခြားတစ်ယောက်ကလည်း ဝင်ပြော၏။.
" ဟုတ်တယ်.. အဲ့ဒါ ယဲ့ဖူရှောက် ပဲ "
" ဒီကောင်လေးက လျှို့ဝှက်ဒေသထဲမှာ ချုပ်နှောင်ထားတဲ့ ဟိုမိစ္ဆာအရာကို ယူဖို့တောင် ကြံစည်ရဲတယ်ပေါ့လေ "
" ဒီကိစ္စမှာ သူတစ်ယောက်တည်း မကဘဲ ဟွမ်ရှင်းဂိုဏ်း တစ်ခုလုံးက ပါဝင်ပတ်သက်နေမယ်နဲ့တူတယ် "
" အမှန်ပဲ.. အဲ့ကောင် သေသွားတာ နာတယ်ကွာ ။ မဟုတ်ရင် သူ့ဆီကနေ သတင်းနှိုက်လို့ရမှာ "
" ဟမ့်.. သူ သေသွားပေမယ့် ဟွမ်ရှင်းဂိုဏ်းက မသေသေးဘူးလေ ။ အခု လျှို့ဝှက်ဒေသထဲမှာ ဟွမ်ရှင်းဂိုဏ်းသားတွေ ရှိနေကြသေးတယ်မဟုတ်လား ။ သူတို့ကို လိုက်ရှာပြီး စိတ်ဝိဥာဥ်တွေကို စစ်ဆေးကြည့်ကြတာပေါ့ ။ အဲ့ကျရင် သူတို့ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို သိရမှာပဲ "
"အမှန်ပဲ .... "
အားလုံးက ဒေါသထွက်နေကာ ဟွမ်ရှင်းဂိုဏ်းအား ပြောဆိုလိုက်ကြသည်။
ထျုစဥ် သခင်ကြီးလုံက ထျန်းယွမ်သခင်ကြီးဘက် ရုတ်တရက် လှည့်ကြည့်၏။
ထျန်းယွမ်သခင်ကြီးမှာ မျက်နှာထား တင်းမာနေဆဲပင် ။
" သခင်ကြီး ၊ ဘာဖြစ်လို့လဲဗျ "
သခင်ကြီးလုံ သတိထားမေးလိုက်သည်။
ထျန်းယွမ်သခင်ကြီး ပြန်ဖြေ၏။
" အစောက သေသွားတဲ့နှစ်ယောက်ထဲမှာ တစ်ယောက်ရဲ့ အရောင်အဝါကို ငါ ရင်းနှီးနေသလိုပဲ ။ ငါပဲ အမှတ်မှားတာလားတော့ မသိဘူး... "
သခင်ကြီးလုံက နှစ်သိမ့်စကား ဆိုရှာသည်။
" အဲ့ဒါ အရေးမကြီးတော့ပါဘူးဗျာ ။ နှစ်ယောက်လုံးက သေသွားကြပြီပဲ "
ထျန်းယွမ်သခင်ကြီး ခေါင်းအသာညိတ်၍ ထွက်ခွာရန် ပြင်လိုက်၏။.
သို့သော် ထိုစဥ်မှာပင်...
" အချိန်နောက်ပြန်ဆုတ်စေ... "
အဆုံးမဲ့သော အတိတ်ကာလမှ လာခဲ့သလို ခြောက်ကပ်ကပ် အသံတစ်သံ ထွက်လာသည်။
ထိုစကားကို ကြားသည်နှင့် ထျန်းယွမ်သခင်ကြီး တစ်ကိုယ်လုံးတုန်သွားကာ နောက်သို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။
ဘာမှ ရှိမနေသင့်သော ဟင်းလင်းပြင်နေရာ၌ မရေမတွက်နိုင်သော အပိုင်းအစများနှင့် အသွေးအသားများ ရုတ်တရက် ပေါ်လာပြီး တဖြည်းဖြည်း စုစည်းလာကြ၏။
ထို့နောက် မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် ၎င်းအပိုင်းအစများက လူနှစ်ယောက်အဖြစ် ပုံ
ပေါ်လာတော့သည်။
ထိုနှစ်ယောက်မှာ အစောပိုင်းလေးက သေသွားခဲ့ကြသည့် နှစ်ယောက်ပင်...
" ဘယ်လိုဖြစ်ပြီးတော့... "
ထျန်းယွမ်သခင်ကြီးမှာ ၎င်းကိုကြည့်ရင်း တစ်ကိုယ်လုံး တုန်သွားပြီး ... နောက်သို့ ခြေလှမ်းတစ်ဝက်ခန့် ဆုတ်မိသွား၏။
" ဘိုးဘေး....
သခင်ကြီးလုံမှာလည်း ၎င်းကိုမြင်ကာ အံ့အားသင့်သွားသည်။
သူ အံ့သြသွားရသည့် အကြောင်းရင်း နှစ်ချက်ရှိပြီး..
ပထမအချက်မှာ ယဲ့ဖူရှောက်တို့နှစ်ယောက် ပြန်အသက်ရှင်လာခြင်းကြောင့် ဖြစ်ပါသည်။
ကျန်အချက်မှာကား ထျန်းယွမ်သခင်ကြီး၏ တုန့်ပြန်ပုံကြောင့် ဖြစ်၏။
ထျန်းယွမ်သခင်ကြီးသည် ပုံမှန်ဆိုလျှင် အလွန်
တည်ငြိမ်ပြီး သူ့ကို ကြောက်လန့်အောင် လုပ်နိုင်သည့်အရာ မရှိသလောက်နီးပါးပင်..
ယခုတွင်မူ သူ အလွန်ကြောက်ရွံ့နေပုံ ပေါ်ပါ၏။
အရှေ့မှ လူက မည်သူပါနည်း ။
ထိုစဥ်တွင် တဖက်မှ သခင်ကြီးက ထျန်းယွမ်သခင်ကြီးအား အေးစက်စက်ကြည့်ကာ ပြောလာသည်။
" ကောင်းလိုက်တဲ့ တိုက်ခိုက်မှုပဲကွ ။ ဒါပေမယ့်.. ငါ မင်းနဲ့ ကစားနေဖို့ အချိန်မရှိဘူး "
သူ ထိုသို့ပြောပြီး ကျိုးပျက်နေသော အချုပ်အနှောင်ဘက်လှည့်ကာ လက်ထပ်မြှောက်လိုက်သည်။
ထိုစဥ်မှာပင် ထျန်းယွမ်သခင်ကြီး အသိပြန်ဝင်လာကာ လေသံမာမာဖြင့် အော်လိုက်၏။
" မိစ္ဆာကောင်... မင်းက လုပ်ရဲတယ်ပေါ့လေ "
ဝုန်း...
သူ အော်ပြီး လက်ဝါးနှစ်ဖက် စုလိုက်ရာ ... သူ့ကို
ဗဟိုပြု၍ ဘေးပတ်လည်တွင် မရေမတွက်နိုင်သော ထွင်းစာများ ရုတ်ချည်း အရောင်လက်လာသည်။
မူလအဆင့်မသေမျိုးအစီအမံ လည်း အသက်ပြန်ဝင်လာ၏။
ဝီ...
အစောကလိုပင် တလက်လက်တောက်နေသော အလင်းတန်းတစ်ခုက တဖက်မှ သခင်ကြီးထံ တိုးဝင်သွားပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ သခင်ကြီးက အလင်းတန်းအား လှည့်ပင်မကြည့်ဘဲ လက်ထဲသို့သာ အစွမ်းများ ပို့လွှတ်လိုက်သည်။
ဝုန်း...
သူ့ရှေ့မှ အချုပ်အနှောင်က လုံးဝ ပြိုကွဲသွားတော့၏။
တစ်ချိန်တည်းမှာပင် တလက်လက်တောက်နေသည့်
အလင်းတန်းကလည်း သူ့နောက်သို့ တိုးဝင်လာခဲ့သည်။
" သေစမ်းကွာ "
ထိုစဥ် ထျန်းယွမ်သခင်ကြီးမှာလည်း သူ့စိတ်ဝိဥာဥ်အစွမ်းကို အဆုံးထိရောက်အောင် ထုတ်သုံးထားသဖြင့် နဖူးကြောကြီးများပင် ထောင်နေကာ သူ့ ကိုယ်ပွားပုံရိပ်လည်း မတည်မငြိမ် ဖြစ်လာတော့သည်။
ဘေးနားတွင် ရှိနေကြသူအားလုံးမှာလည်း ထို စိတ်ဝိဥာဥ်အစွမ်းကြောင့် ဆိုးရွားလှသည့် နာကျင်မှုကို ခံစားလိုက်ကြရ၏။
ထျန်းယွမ်သခင်ကြီးက သူသေကိုယ်သေ တိုက်ခိုက်ရန် ဆုံးဖြတ်ထားပုံရသည်ကို သူတို့ နားလည်လိုက်သည်။
သို့သော်..
ဝုန်း ....
ထိုစဥ် အချုပ်အနှောင် အတွင်းပိုင်းထဲမှ အသံကျယ်တစ်သံ ထွက်လာ၏။
ထို့နောက်...
ဝုန်း .....
မြည်သံကျယ်တစ်သံနှင့်အတူ.. ထျန်းယွမ်သခင်ကြီး၏ အလင်းတန်းက အလွန်လျင်မြန်သောနှုန်းဖြင့် ပြိုကွဲပျက်စီးလာတော့သည်။
" ဘယ်လိုဖြစ်ပြီးတော့... "
၎င်းကိုမြင်သော လူများအားလုံး မှင်သက်ကုန်ကြ၏။
သို့သော် ထိုစဥ်မှာပင် မခန့်မှန်းနိုင်လောက်အောင် အစွမ်းထက်သော အားတစ်ခုက အားလုံးကို နောက်လွင့်ထွက်သွားအောင် လုပ်လိုက်တော့သည်။
အွတ်... အွတ်...
ထိပ်တန်းအဆင့် မသေမျိုးအစီအမံပညာရှင်များ အားလုံး သွေးအန်ကုန်ကြ၏။
" အဲ့ဒါ.. ဘယ်လိုအစွမ်းမျိုးလဲ.. "
သခင်ကြီးလုံမှာလည်း သူ့ကိုယ်ထဲမှ အရိုးတော်တော်များများ ကျိုးနေပြီကို ခံစားလိုက်ရသည်။
သူ ချက်ချင်း ခေါင်းမော့ကြည့်လိုက်ရာ ရှေ့မှ ထျန်းယွမ်သခင်ကြီး၏ ခန္ဓာကိုယ်တစ်ဝက်မှာလည်း ပျက်စီးသွားခဲ့ပြီကို မြင်လိုက်ရ၏။