← Chapters

အခန်း (၈၅၇)

Vol. 62 Ch. 857

အခန်း (၈၅၇)

Vol. 62 Ch. 857

" ထျန်းယွမ်သခင်ကြီး .... "

သခင်ကြီးလုံ အသံတုန်တုန်ဖြင့် အော်ခေါ်လိုက်သည်။

အခြားသူများလည်း သူ့အသံကိုကြားကာ လှည့်ကြည့်လာကြပြီး...

ထျန်းယွမ်သခင်ကြီး၏ ဆိုးရွားလှသော အခြေအနေကို မြင်ကာ တုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။

ထိုစဥ်မှလည်း ထျန်းယွမ်သခင်ကြီးက သူတို့အား တိုက်ခိုက်ခဲ့သည့် အစွမ်းအများစုကို ကာကွယ်ပေးထားခဲ့ကြောင်း သိလိုက်ရခြင်းပင် ။

သူသာ ထိုသို့ မလုပ်ခဲ့ပါက ယခုချိန်တွင် သူတို့အားလုံး ဘာမှကျန်တော့မည် မဟုတ်ပါ ။

အဟွတ်...

ထိုစဥ်တွင် ထျန်းယွမ်သခင်ကြီး ချောင်းဆိုးလာကာ

သွေးအန်သွားပါ၏။ သူ့မျက်လုံးထဲတွင် ကူကယ်ရာမဲ့ အရိပ်အယောင််များ အထင်းသား..

" ပြေးကြတော့.. ငါ မင်းတို့အတွက် အချိန်နည်းနည်း ဆွဲပေးထားမယ် ။ ဝေးနိုင်သမျှ ဝေးဝေးကိုပြေးပြီးတော့ သတင်းပို့လိုက်ကြ "

ထျန်းယွမ်သခင်ကြီးက အားနည်းနေသော အသံလေးဖြင့် ပြောသည်။

" ဘိုးဘေး.. ကျုပ်တို့က ဘိုးဘေးကို ထားခဲ့ပြီးတော့ ဘယ်လိုလုပ်နောက်ဆုတ်နိုင်မှာလဲဗျာ "

အဘိုးအိုတစ်ယောက်က အသံတုန်တုန်ဖြင့် ပြန်ပြော၏။

သို့သော် ထျန်းယွမ်သခင်ကြီးက စိတ်ပျက်လက်ပျက်ပုံဖြင့် ခေါင်းယမ်း၍ ပြောသည်။

" မင်းတို့ ဒီမှာနေတော့ရော ဘာထူးမှာမို့လဲကွ "

အားလုံးမှာလည်း ထိုစကားကိုကြားမှ ပြီးခဲ့သော တိုက်ခိုက်မှုကို ပြန်တွေးမိကာ မျက်နှာထားများ ပြောင်းကုန်ကြသည်။

မှန်ပါသည် ။ လက်ရှိအချိန်တွင်.. သူတို့ ဤနေရာ၌ ဆက်နေပါက သေဖို့စောင့်နေသလိုသာ ဖြစ်သွားပါမည်။

ထိုစဥ် ထျန်းယွမ်သခင်ကြီး ဆက်ပြောသည်။

" အခုထွက်ပြေးပြီးတော့ ဒီမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သတင်းဖြန့်လိုက် ။ ကမ္ဘာကြီးကိုလဲ ကြိုပြီး ပြင်ဆင်ထားခိုင်းပါ ။ အဲ့ကျရင် မျှော်လင့်ချက် ရှိရင်ရှိနိုင်သေးတယ်ကွ ။ ဒီမှာဆက်နေရင်တော့ သေတာကလွဲပြီး တခြား ဘာမှဖြစ်မှာမဟုတ်ဘူး "

သူ့စကားဆုံးအောင် နားထောင်ပြီးနောက် အားလုံး အသံတိတ်သွားကြသည်။

အမှန်တကယ်လည်း ထိုသို့ဖြစ်နေသည် မဟုတ်ပါလား...

"သွားကြစို့ "

သခင်ကြီးလုံက ဦးစွာ အသိဝင်လာဟန်ဖြင့် ထရပ်ပြီး အားလုံးကို အော်ပြော၏။

ထိုစဥ်တွင် သူ့ရင်တစ်ခုလုံးလည်း နာကျင်နေ

ပါသည်။

ပြိုင်ပွဲလေးတစ်ခုကနေ ယခုလိုအခြေအနေထိ ရောက်သွားခဲ့တယ်တဲ့လား...

သို့သော်.. ထိုအချိန်တွင်..

ခြေသံများ ထွက်လာပြီး အချုပ်အနှောင် အတွင်းပိုင်းထဲမှ လူရိပ်တစ်ခု လမ်းလျှောက်ထွက်လာပါ၏။

" ထွက်သွားမယ် ဟုတ်လား.. မင်းတို့အားလုံး ဘယ်မှ ထွက်သွားနိုင်မယ် မထင်နဲ့ "

အေးစက်လွန်းလှသော ကြောက်မက်ဖွယ် အသံတစ်သံလည်း ထွက်လာသည်။

တစ်ချိန်တည်းနီးပါးမှာပင်..

ဝီ ....

အလင်းတန်းတစ်ခု တိုးထွက်လာကာ ကောင်းကင်နှင့်မြေကြီးကြား တိုးဝင်ပျောက်ကွယ်သွား၏။

" ဟင်... မင်း.. ဘာလုပ်လိုက်တာလဲ "

၎င်းကိုမြင်သော ထျန်းယွမ်သခင်ကြီး ဒေါသတကြီး အော်လိုက်သည်။

တဖက်က လှောင်သံဖြင့် ပြန်ပြော၏။

" ဘာမှမဟုတ်ပါဘူးကွာ... မင်းတို့ရဲ့ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသ ဝင်ပေါက်ကို ချုပ်နှောင်လိုက်တာလေ ။ မင်းတို့တွေ တစ်ယောက်မှ ထွက်ပြေးလို့မရတော့ဘူး "

" ဘယ်လို... "

အားလုံး၏ မျက်နှာထားများ ပြောင်းကုန်ကြတော့သည်။

လျှို့ဝှက်ဒေသဝင်ပေါက်က အမှန်တကယ် ချုပ်နှောင်ခံလိုက်ရပြီဆိုလျှင်... သူတို့အတွက် ထွက်ပြေးစရာ လမ်းမရှိတော့ပါချေ။

ထိုစဥ် ထျန်းယွမ်သခင်ကြီးက ဒေါသဖြင့် အော်ပြောလာ၏။

" ဒီနည်းက... တကယ်ကြီး မင်းလား... "

" မင်းက ငါ့ကို မှတ်မိနေတာလား "

တဖက်မှ သခင်ကြီးက ပြန်မေးသည်။

ထျန်းယွမ်သခင်ကြီး အံကြိတ်လိုက်၏။

" မင်းပုံစံက နည်းနည်းပြောင်းနေပေမယ့် မင်းရဲ့ သွေးအေးအရောင်အဝါကတော့ ဘယ်တော့မှ ပြောင်းမှာမဟုတ်ဘူး.. ပြန်အသက်သွင်းခြင်း သခင်ကြီး "

ပြန်အသက်သွင်းခြင်း သခင်ကြီး..

ထိုအမည်ကို ကြားသည်နှင့် တဖက်မှ သခင်ကြီး၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားသည်။

" ဟား ဟား.. ယုံတောင်မယုံနိုင်ဘူးကွာ ။ ဒီလောက် နှစ်တွေကြာပြီးတာတောင် ငါ့နာမည်ကို မှတ်မိတဲ့သူ ရှိနေသေးတာပဲ ။ ဟုတ်တယ်ကွ.. ငါက ပြန်အသက်သွင်းခြင်းသခင်ကြီး ပဲ "

သူ ပြောပြီး အသံကျယ်ကြီးဖြင့် အော်ရယ်လိုက်သည်။

တဖက်မှ သခင်ကြီးလုံနှင့် အခြားသူများမှာကား နားမလည်နိုင် ဖြစ်နေကြရှာပါ၏။

" ဘိုးဘေး.. ပြန်အသက်သွင်းခြင်းသခင်ကြီးက ဘယ်သူလဲဗျ "

သခင်ကြီးလုံ မေးလိုက်သည်။

ထျန်းယွမ်သခင်ကြီးက သူ့အား ကူကယ်ရာမဲ့စွာ လှမ်းကြည့်ကာ ဖြေသည်။

" အဲ့လူက ဒီ လျှို့ဝှက်ဒေသထဲမှာ ရှိနေတဲ့ မိစ္ဆာအရာကြီးရဲ့ သခင်ပဲ "

" ဘယ်လို... "

သူ့စကားကြောင့် အားလုံး တအံ့တသြ ဖြစ်ကုန်ကြသည်။

မိစ္ဆာအရာကြီးရဲ့ သခင်တဲ့လား...

တစ်နည်းဆိုရသော် ... ထိုစဥ်က အပေါ်ကမ္ဘာကို ဖျက်ဆီးခဲ့သည့် ကြောက်မက်ဖွယ် အစွမ်းထက်ကျင့်ကြံသူကြီးပင်...

သူပိုင်သည့် ပစ္စည်းလေး တစ်ခုကပင် ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသတစ်ခုလုံးကို ပြောင်းပြန်လှန်အောင် လုပ်နိုင်ခဲ့ပါသည်။

ယခု.. သူကိုယ်တိုင် ဆင်းလာသည်ဆိုပါက...

လျှို့ဝှက်ဒေသ တစ်ခုလုံး ပျက်စီးရတော့မည်လား..

မဟုတ်သေးပါ.. ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသ တစ်ခုတည်းတင်မက ၊ အပေါ်ကမ္ဘာရှိ ဒေသကြီးကိုးခုလုံး ပျက်စီးရပေတော့မည်။

ထိုစဥ်မှာပင် ခြေသံများနှင့်အတူ ပြန်အသက်သွင်းခြင်း သခင်ကြီး လမ်းလျှောက်ထွက်လာပါ၏။

သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်းလည်း အားလုံးရင်ထဲ အေးစက်သွားသလို ခံစားလိုက်ကြရသည်။

ထိုသူမှာ ရှေးခေတ်တည်းကပင် အားလုံးက ကြောက်ရွံ့ကြရသည့် လူကြီးတစ်ယောက် မဟုတ်ပါလား...

အားလုံး၏ ကြောက်ရွံ့တုန်လှုပ်နေသော အကြည့်အောက်မှာပင် ပြန်အသက်သွင်းခြင်း သခင်ကြီး ထွက်လာပါသည်။

" ဟင်... ဒါက... "

အားလုံး ခေါင်းမော့ကြည့်လိုက်ချိန်တွင် သူ့ခေါင်းပေါ်၌ ထူးခြားသော မှော်လက်နက်တစ်ခု မျောလွင့်နေသည်ကို မြင်လိုက်ရ၏။

ထို မှော်လက်နက်မှာ အကြီး၊အသေး ဆိုဒ်စုံ ကွင်းပေါင်း ၁၀၈ ကွင်းကို ချိတ်ဆက်ထားသော အရာတစ်ခုဖြစ်ပြီး အဆက်မပြတ် လည်နေပါသည်။

ထိုကွင်းကြီး တစ်ချက်လည်တိုင်းလည်း ကြောက်မက်ဖွယ် ဖိအားကို ထုတ်လွှတ်နေသေး၏။

" ဒါ.. လျှို့ဝှက်ဒေသ အောက်ထဲမှာ ချုပ်နှောင်ထားတဲ့အရာလား "

" အဲ့ဒါ ဘာကြီးလဲ.. မှော်လက်နက် တစ်ခုလား.. ။

မဟုတ်သေးဘူး ၊ မှော်လက်နက်ထက်လဲ ပိုကောင်းတဲ့ပုံပဲ "

" အဲ့အရာက ခုနတုန်းက ထျန်းယွမ်သခင်ကြီးနဲ့ ငါတို့အားလုံးကို ဒဏ်ရာရသွားအောင် လုပ်ခဲ့တဲ့ဟာ မဟုတ်လား "

အားလုံး တီးတိုးပြောလိုက်ကြသည်။

ထိုစဥ်တွင် ယဲ့ဖူရှောက်က ဒူးတစ်ဖက်ထောက်၍ ပြော၏။

" ရတနာကို ပြန်ယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်သခင်ကြီး "

ပြန်အသက်သွင်းခြင်းသခင်ကြီး ခေါင်းအသာညိတ်လိုက်သည်။

" ဟုတ်ပြီ ။ မင်းရဲ့ ကြိုးစားမှုအတွက်လဲ ကျေးဇူးတင်ပါတယ် "

သူ ပြောပြောဆိုဆိုပင် ခေါင်းပေါ်မှ ရတနာအား ဖယ်လိုက်၏။

ဝီ...

၎င်းထံမှ အလင်းတန်းတစ်ခု ရုတ်ချည်းတိုးထွက်လာကာ ယဲ့ဖူရှောက်ပေါ်သို့ ကျလာသည်။

" အား.... "

ယဲ့ဖူရှောက်ထံမှ နာကျင်နေသော အော်သံကြီး ထွက်လာ၏။ သို့သော် မကြာခင်မှာပင် သူ့မျက်လုံးများ အရောင်လက်သွားကြသည်။

" ကျုပ် ခန္ဓာကိုယ်က.... "

သူ ရေရွတ်ပြီး ပြန်အသက်သွင်းခြင်းသခင်ကြီး အား တအံ့တသြ မော့ကြည့်လိုက်သည်။

ပြန်အသက်သွင်းခြင်း သခင်ကြီးက အေးဆေးသာ ပြော၏။.

" ငါ မင်းကို ပြန်အသက်သွင်းခြင်း ခန္ဓာကိုယ် ပေးလိုက်တာ ။ ဒီခန္ဓာကိုယ်က မူလလမ်းစဥ်သုံးခုလောက် မကောင်းပေမယ့် နတ်ဘုရားခန္ဓာကိုယ် စာရင်းထဲမှာတော့ အဆင့် ၁၀ အတွင်း ဝင်တယ်ကွ ။ ဒါပေမယ့် အခု မင်းရဲ့ ပြန်အသက်သွင်းခြင်းခန္ဓာကိုယ်က အစလေးပဲရှိသေးတာ ။ မင်း ငါ့အတွက် အလုပ်ကြိုးကြိုးစားစား လုပ်ပေးမယ်ဆိုရင်

တော့ မင်းကို ပြီးပြည့်စုံတဲ့ ပြန်အသက်သွင်းခြင်းခန္ဓာကိုယ် ရအောင် ငါ လုပ်ပေးမယ် "

ယဲ့ဖူရှောက် နောက်တစ်ကြိမ်ထပ်ပြီး ဦးညွှတ်လိုက်သည်။

" ကျေးဇူးတင်ပါတယ် သခင်ကြီးခင်ဗျာ "

၎င်းကို ကြည့်နေသော ခပ်လှမ်းလှမ်းမှ အကြီးအကဲတစ်ယောက်က ရုတ်တရက် တံတွေးထွေးရင်း ပြောလာ၏။

" ယဲ့ဖူရှောက် .. မင်းက အဲ့လိုမိစ္ဆာကောင်နဲ့ ပူးပေါင်းကြံစည်ရဲနေတယ်ပေါ့လေ "

ယဲ့ဖူရှောက်က သူ့အား အေးစက်စက်ပြန်ကြည့်ပြီး အေးစက်စက် အသံဖြင့် ပြန်ပြောသည်။

" ကျုပ်ရဲ့ သခင်ကြီးက အမှန်တရားလမ်းစဥ်ကိုလိုက်တဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါးပဲ ။ ခင်ဗျားတို့ကသာ နတ်ဘုရားကို မလေးမစားလုပ်ပြီး ချုပ်နှောင်ခဲ့ကြတာ ။ ခင်ဗျားတို့ကမှ တကယ့် မိစ္ဆာကောင်အစစ်တွေ "

" အမှန်တရားလမ်းစဥ်ကို လိုက်တဲ့ ရှေးဟောင်းနတ်

ဘုရား တစ်ပါးတဲ့လား.. "

အားလုံး အံ့သြမှင်သက်ကုန်ကြပါသည်။ သူတို့ ထိုအမည်ကို ကြားဖူးသည်မှာ ယခုက ပထမဆုံးဖြစ်ပြီး ထိုတခဏ၌ သူတို့ရင်ထဲ ကြောက်စိတ်များ ဝင်လာပါ၏။

သို့သော် ထိုစဥ်မှာပင် ထျန်းယွမ်သခင်ကြီးက အေးစက်စက် ဆိုသည်။

" တကယ်လို့ သူကသာ လမ်းမှန်လိုက်တဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဆိုရင် ဘာဖြစ်လို့ ကမ္ဘာကြီးကိုဖျက်ဆီးတဲ့လုပ်ရပ်မျိုး လုပ်ခဲ့ရတာလဲ "

သူသည် ပြန်အသက်သွင်းခြင်း သခင်ကြီး၏ ကမ္ဘာကြီးကို ဖျက်ဆီးသည့်လုပ်ရပ်အား မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူဖြစ်ရာ.. ထိုလူကြီး၏ စိတ်ယုတ်ကို သေချာနားလည်ပါ၏။

သူ့စကားကို ကြားချိန်တွင်မူ ... တဖက်မှ ပြန်အသက်သွင်းခြင်းသခင်ကြီး၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်အချို့ ပေါ်လာသည်။

သို့သော် တခဏအကြာမှာပင် ၎င်းက ရက်စက်

ကြမ်းကြုတ်မှု အငွေ့အသက်အဖြစ် ပြောင်းသွားပါ၏။

" ဖြစ်ခဲ့ရတဲ့ အပြောင်းအလဲတွေအားလုံးက သဘာဝတရားရဲ့ အလိုတော်အတိုင်းပဲကွ ။ အခု မင်းကလဲ ငါ သတ်တာကိုခံဖို့ ကံပါလာတာ "

ပြန်အသက်သွင်းခြင်း သခင်ကြီးက အေးစက်စက် ပြောသည်။

ထျန်းယွမ်သခင်ကြီး မျက်မှောင်ကြုံ့သွားသလို.. သူ့ကိုယ်ပေါ်မှ ထွင်းစာများလည်း ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

ထို့နောက်တွင်..

ဝုန်း...

အချုပ်အနှောင် တစ်ခုက ပြန်အသက်သွင်းခြင်း သခင်ကြီးအား တိုက်ခိုက်လိုက်၏။

သို့သော်..

ဝီ ...

ပြန်အသက်သွင်းခြင်းသခင်ကြီး၏ ခေါင်းပေါ်မှ မှော်လက်နက်က လှုပ်ရှားအသက်ဝင်လာကာ အလင်းတန်းလိုက်ကာတစ်ခု ပေါ်လာပြီး အချုပ်အနှောင်အား တားဆီးလိုက်သည်။

ဝုန်း...

ထျန်းယွမ်သခင်ကြီး အချိန်အတန်ကြာယူကာ ပြင်ဆင်ခဲ့ရသော သိုင်းကွက်မှာ တမဟုတ်ချင်း ပြိုကွဲသွားတော့သည်။

တဖက်မှ ပြန်အသက်သွင်းခြင်းသခင်ကြီးက သူ့အား အပြုံးဖြင့်ကြည့်၍ ပြော၏။

" ဒီလိုအခြေနေ ရောက်နေတာတောင် မင်းက မင်းရဲ့လူတွေနဲ့ ကမ္ဘာကြီးအတွက် စဥ်းစားနိုင်သေးတယ်လား ။ အဲ့လိုဆိုမှတော့လဲ မင်း တန်ဖိုးထားတဲ့ အရာတွေအားလုံးကို ငါကိုယ်တိုင် ဖျက်ဆီးပစ်ရမှာပေါ့ "

သူ ပြောကာ လက်ဖြင့် အစီအမံများ လုပ်လိုက်သည်။

ဝီ ...

သူ့ခေါင်းပေါ်ရှိ မှော်လက်နက်ထံမှ ရွှေရောင်အလင်းတန်းတစ်ခု တိုးထွက်လာကာ အသံကျယ်တစ်သံနှင့်အတူ လျှို့ဝှက်ဒေသ တစ်နေရာသို့ ကျသွားသည်။

" ဒါ... "

ထျန်းယွမ်သခင်ကြီး မျက်နှာထားအနည်းငယ် ပြောင်းသွား၏။

ပြန်အသက်သွင်းခြင်းသခင်ကြီးက လှောင်ပြုံးဖြင့် ထပ်ပြောလာသည်။

" အဲ့နေရာက ငါ့ရဲ့ ရတနာကို ချုပ်နှောင်တဲ့နေရာမှာ ဝင်ပါခဲ့ကြတဲ့သူတွေရဲ့ သချ်ိုင်းနဲ့တူတယ် ။ ကြည့်ရတာ မင်းက သူတို့ကို အင်မတန်လေးစားတဲ့ပုံပဲကွ ။ အခုတော့ သူတို့ရဲ့ ပြာမှုန်တွေတောင် မကျန်တော့ဘူးပေါ့ကွာ.. သနားစရာကောင်းလိုက်တာ "

" မိစ္ဆာကောင်... "

ထျန်းယွမ်သခင်ကြီး ဒေါသတကြီး အော်လိုက်

တော့သည်။

ဝုန်း...

ထိုစဥ်မှာပင် ပြန်အသက်သွင်းခြင်းသခင်ကြီးက လက်ညိုးတစ်ချောင်းတည်းဖြင့် ထျန်းယွမ်သခင်ကြီးအား ဖိနှိပ်လာပါ၏။

" စိတ်ရှည်ရှည်ထားမှပေါ့ကွာ.. အခုမှ အစလေးပဲ ရှိသေးတာ "

ပြန်အသက်သွင်းခြင်းသခင်ကြီးက အပြုံးဖြင့်ပြောပြီး သူ့ခေါင်းပေါ်မှ အကွင်းကို ထပ်ရွှေ့လိုက်ပြန်သည်။

ဝီ ...

ရွှေရောင်အလင်းတန်း နောက်တစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားပြန်၏။

ဝုန်း...

လျှို့ဝှက်ဒေသ တစ်ခုလုံးလည်း တုန်ခါလာသည်။

" အဲ့ဒါ မင်းတို့လို မူလအဆင့် မသေမျိုးအစီအမံပညာရှင်တွေက နောင်မျိုးဆက်သစ်တွေအတွက် ချန်ထားခဲ့ကြတဲ့ အမွေအနှစ်တွေ မဟုတ်လား ။ အခုတော့ အားလုံး ပျောက်သွားပြီ... "

ပြန်အသက်သွင်းခြင်းသခင်ကြီး ပြောကာ ရယ်လိုက်ပြန်သည်။

" မင်း.... "

ထျန်းယွမ်သခင်ကြီးမှာ ဒေါသထွက်လွန်း၍ စကားပင် ကောင်းကောင်းမပြောနိုင်တော့ပါ ။

ထိုစဥ်မှာပင် ပြန်အသက်သွင်းခြင်းသခင်ကြီးက ခေါင်းပေါ်ရှိ အရာကို တစ်ချက်စောင်းကြည့်ပြီး ပြောလာပြန်၏။

" အိုး.. ကြည့်ရတာ ဒီလျှို့ဝှက်ဒေသထဲမှာ မင်းတို့ မိတ်ဆွေဟောင်းကြီးရဲ့ မျိုးဆက်လဲ ရှိနေသေးတယ်နဲ့တူတယ် ။ သူက ဟိုမျိုးမစစ် ငှက်နှစ်ကောင်ရဲ့ မျိုးဆက်မဟုတ်လား ။ ကောင်းတယ်ကွာ.. သူ့ကိုပါ ရှင်းပစ်မယ် "

ထိုစကားကို ကြားချိန်တွင််မူ ထျန်းယွမ်သခင်ကြီး၏ မျက်နှာထား ရုတ်ချည်းပြောင်းသွားတော့သည်။

" မဖြစ်ဘူး... အဲ့လိုလုပ်လို့ မရ... "

ပြန်အသက်သွင်းခြင်းသခင်ကြီးက သူ ဖြစ်သွားပုံကို ကြည့်ရင်း အားပါးတရ အော်ရယ်ပါ၏။

" မင်းက အဲ့လောက်ဂရုစိုက်မှတော့.. အဲ့မိန်းကလေး သေတာကို မင်းကို ကြည့်ခိုင်းမယ်ကွာ "

သူ ပြောပြီး လက်တစ်ချက်ယမ်းလိုက်ရာ ဘေးပတ်လည် လေထုက ရုတ်တရက် ပြောင်းလဲလာသည်။

ထို့နောက်... သူတို့ မီးတောက်များဖြင့် ပြည့်နေသော နေရာတစ်ခုဆီ ရောက်သွား၏။

အရှေ့ဘက် ခပ်လှမ်းလှမ်းတွင်ကား နီရဲတောက်နေသည့် သစ်ပင်အိုကြီးတစ်ပင်က မိုးထိုးနေသည်။

" ဒီမှာပဲ... သေချာကြည့်ထားနော် ။ ငါ အဲ့မိန်းကလေးကို သေတွင်းထဲ ပို့ပေးတော့မှာ "

ပြန်အသက်သွင်းခြင်းသခင်ကြီးက လှောင်ပြုံးဖြင့် ဆိုသည်။

All Chapters