← Chapters

အခန်း (၈၅၈)

Vol. 62 Ch. 858

အခန်း (၈၅၈)

Vol. 62 Ch. 858

" ရပ်စမ်း.... "

ထျန်းယွမ်သခင်ကြီး လေသံမာမာဖြင့် အော်လိုက်၏။

သို့သော် ပြန်အသက်သွင်းခြင်း သခင်ကြီးက သူ့အား လျစ်လျူရှုထားကာ ခေါင်းပေါ်မှ အရာဆီသို့သာ လက်လှမ်းလိုက်ပါသည်။

တဖက်ရှိ.. သစ်ပင်အိုကြီး၏ အောက်ခြေတွင််မူ..

ယွမ်ယင်တစ်ယောက်က သစ်ပင်အိုအား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေပါ၏။

သူမကို ဘေးမှကြည့်နေသော လောထျန်းက အပြုံးဖြင့် မေးလိုက်သည်။

" မင်း ဒီသစ်ပင်ကြီးကို အဲ့လောက်သဘောကျတာလား "

ယွမ်ယင် ခေါင်းညိတ်ပြရှာသည်။

" ဟုတ်တယ်ရှင့် ။ ဒီဟာက ကျွန်မမိဘတွေ ချန်ထား

ပေးခဲ့တဲ့ နောက်ဆုံးပစ္စည်းပဲလေ ။ အခုက အရွယ်ကောင်းကောင်း မရောက်သေးလို့သာ.. ဒီအပင်ကြီးသာ အရွယ်ရောက်လာရင် အရမ်းလှမှာရှင့် "

သူမ ပြောပြောဆိုဆိုပင် သစ်ပင်အိုအား လက်ညိုးထိုးပြလိုက်ပါသည်။

ထိုစဥ်မှာပင်...

ဝီ ...

နီရဲနေသော အလင်းတန်းတစ်ခု ရုတ်တရက် ရောက်လာကာ သစ်ပင်အိုပေါ်သို့ ဝုန်းခနဲ ကျသွားသည်။

ထို့နောက်တွင်ကား... သစ်ပင်ကြီး အပိုင်းပိုင်းဖြစ်သွားကာ လောင်ကျွမ်းနေသော သစ်သားစများ နေရာအနှံ့ ပြန့်ကျဲသွား၏။

တဖက်မှ ပြန်အသက်သွင်းခြင်း သခင်ကြီးက ပြိုကွဲသွားသော သစ်ပင်အိုကြီးကို ကြည့်ရင်း ထျန်းယွမ်

သခင်ကြီးအား အပြုံးဖြင့် ဆိုသည်။

" ဟား ဟား.. ကြည့်ရတာ အခုတစ်ခေါက်က နည်းနည်းလေး လွဲသွားတဲ့ပုံပဲ ။ ဒါပေမယ့် နောက်တစ်ချက်ကတော့ မိန်းကလေးရဲ့ အသက်ကို ခြွေယူတော့မှာ "

" မင်း... မျိုးမစစ်ကောင်... "

ထျန်းယွမ်သခင်ကြီး ဒေါသတကြီး အော်လိုက်၏။

တဖက်လူက ရည်ရွယ်ချက်ရှိရှိ ထိုသို့လုပ်နေသည်ကို သူမသိဘဲ မနေပါ ။

ထိုကောင်ကြီးက သူ့ကို စိတ်ဒုက္ခပေးပြီး ညှင်းပမ်းနှိပ်စက်ရန် လုပ်နေခြင်းပါပင် ။

ထိုကောင်၏ အစွမ်းဖြင့်ဆိုပါက လေထုတစ်ခုလုံးကိုပင် ပြိုကွဲသွားအောင် လုပ်နိုင်မှန်း သူ သိထားပြီး ဖြစ်ပါ၏။

ပြန်အသက်သွင်းခြင်းသခင်ကြီး က ထျန်းယွမ်သခင်ကြီးအား အပြုံးဖြင့်ကြည့်ကာ ထပ်ပြောလာသည်။

" မင်းရဲ့ မျက်နှာထားက တကယ်ကို စိတ်ဝင်စားစရာ

ကောင်းတာပဲကွ ။ ငါ တော်တော်သဘောကျတယ် "

ထိုသို့ပြောပြီးနောက် သူ လက်ဆန့်ထုတ်ကာ ခေါင်းပေါ်မှအရာဆီသို့ လက်လှမ်းလိုက်ပြန်သည်။

တဖက်တွင်ကား ... သစ်ပင်အိုကို လက်ညိုးထိုးရင်း စကားပြောနေခဲ့သည့် ယွမ်ယင်တစ်ယောက် ရုတ်တရက် ကြက်သေ သေသွားတော့သည်။

လွန်ခဲ့သော စက္ကန့်ပိုင်းလေးကပင် သစ်ပင်အိုကြီး၏ ဇာတ်မြစ်ကို လောထျန်းအား ရှင်းပြနေခဲ့ပြီး... သူမ မိဘများ ချန်ထားခဲ့သော အမွေဖြစ်ကြောင်း ပြောပြနေခဲ့သေးပါသည်။

ယခု.. သစ်ပင်ကြီးက ပျက်စီးသွားရပြီတဲ့လား..

လောထျန်းမှာလည်း ရှေ့မှမြင်ကွင်းကိုကြည့်ရင်း မှင်သက်မိနေပါ၏။

သူ ရှေ့မှ ပြာမှုန်များကို ကြည့်လိုက်ပြီးနောက်.... မျက်နှာကြီး ရှုံ့မဲ့သွားတော့သည်။

" ဖီးနစ်မီးတောက် စိတ်ဝိဥာဥ်သစ်ပင် က... ဖျက်ဆီးခံလိုက်ရပြီလား.. "

သူ့အသံမှာ ဒေါသကြောင့် တုန်ပင်တုန်နေပါ၏။

၎င်းမှာ သူ ကျင့်ကြံခြင်း အဆင့်တက်ရန်အတွက် အဓိကလိုအပ်သော ပစ္စည်းတစ်ခု ဖြစ်ပြီး..

သူ ဤနေရာတွင် နှစ်ရက်ကျော်ခန့် စောင့်ဆိုင်းနေခဲ့ရပါသည်။

ယခု ဒီတိုင်းကြီး ပျက်စီးသွားပြီတဲ့လား..

သို့ဆိုလျှင် ရှေ့ပိုင်းတွင် သူလုပ်ခဲ့သည့် အရာများအားလုံး အလကားဖြစ်သွားပြီလား.. ။

ထိုတခဏ၌ လောထျန်း၏ မျက်လုံးများမှ မီးပင် ပွင့်ထွက်လာတော့မလို ဖြစ်သွားတော့သည်။

လူသတ်အရိပ်အငွေ့ တစ်ခုလည်း ကောင်းကင်ယံသို့ ထိုးတက်သွား၏။

" ဘယ်ကောင်လုပ်လိုက်တာလဲ "

လောထျန်း အံကြိတ်ကာ အော်လိုက်သည်။

အခြားတဖက်တွင်..

" ဟင်.... "

ခေါင်းပေါ်မှ အကွင်းကို ထိရန်ပြင်နေသော ပြန်အသက်သွင်းခြင်းသခင်ကြီး၏ လက်က ရုတ်တရက် ရပ်သွား၏။

သူ မျက်မှောင်ကြုံ့သွားပြီး ရှေ့သို့ လှမ်းကြည့်ရင်း မေးလိုက်သည်။

" ဒီ လူသတ်အရိပ်အငွေ့က... ဘာတွေ ဖြစ်နေတာလဲ ။ ငါကရော ဘာလို့ ကြောက်သွားရတာလဲ "

ထို့နောက် သူ ထျန်းယွမ်သခင်ကြီးဘက် လှည့်ကြည့်လိုက်၏။

" မင်းမှာ ဘာအစီအစဥ်တွေ ရှိထားတာလဲ "

အမှန်တွင်မူ ထျန်းယွမ်သခင်ကြီးမှာလည်း မည်သို့ဖြစ်နေသည်ကို နားမလည်နိုင်ဘဲ မှင်သက်မိနေပါသည်။

သူ့တွင် တခြား ဘာအစီစဥ်မှ ရှိမထားပါချေ။

သူ အားကိုးရသည့် အကြီးဆုံးအရာမှာလည်း ဖျက်ဆီးခံခဲ့ရလေပြီ ။

သို့သော်... တဖက်မှ လူသတ်အရိပ်အငွေ့က အမှန်တကယ်လည်း အစွမ်းထက်လှပါ၏။

ထိုစဥ် ပြန်အသက်သွင်းခြင်းသခင်ကြီးက နှာခေါင်းရှုံ့၍ ပြောလာသည်။

" မင်းဆီမှာ ဘယ်လိုလှည့်ကွက်တွေ ရှိသေးလဲ ကြည့်ကြတာပေါ့ကွာ "

သူ ပြောပြောဆိုဆိုပင် လက်ဖြင့် အစီအမံများ ထပ်လုပ်လိုက်ရာ ဘေးပတ်လည်လေထု လှုပ်ရှားလာသည်။

ထို့နောက်တွင်.. သူတို့အားလုံး ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင်အနီးသို့ ရောက်သွားတော့၏။

" ယွမ်ယင်.... "

ထျန်းယွမ်သခင်ကြီးမှာ ယွမ်ယင်ကို တွေ့သည်နှင့် စိတ်မကောင်းသည့် မျက်နှာထား ဖြစ်သွားသည်။

" ဟင်... လောထျန်း.. "

ထိုစဥ်မှာပင် သခင်ကြီးဟောင်၏ တအံ့တသြ ရေရွတ်သံ ထွက်လာပါ၏။

အားလုံး သူကြည့်နေသည့်ဘက် လိုက်ကြည့်လိုက်ရာ ယွမ်ယင်ဘေးတွင် ရပ်နေသည့် လောထျန်းအား မြင်လိုက်ရသည်။

သို့သော်.. ထိုအချိန်တွင် လောထျန်းတစ်ကိုယ်လုံး လူသတ်အရိပ်အငွေ့ဖြင့် လွှမ်းခြုံနေပြီး.. ၎င်းတို့မှာ သိပ်သည်းလွန်း၍ အစိုင်အခဲအဖြစ် ပြောင်းတော့မလိုပင် ဖြစ်နေပါ၏။

၎င်းကိုမြင်ရုံဖြင့် အားလုံးရင်ထဲ ကြောက်စိတ်ကိုယ်စီ ဝင်သွားကြပါသည်။

ထိုစဥ်တွင် ပြန်အသက်သွင်းခြင်း သခင်ကြီးလည်း လောထျန်းအား တွေ့သွားသည်။

သူ့မျက်လုံးများ ချက်ချင်း အရောင်လက်သွား၏။

" ဟား ဟား... ကမ္ဘာကြီးက တော်တော်ကျဥ်းတာပဲကွ ။ လောထျန်း... အစတုန်းကတော့ ငါက ဒီအမှိုက်တွေကို သတ်ပြီးမှ မင်းကိုရှင်းဖို့ အာရုံစိုက်မလို့ ။ မင်းက ခုလိုမျိုး ငါ့ရှေ့တည့်တည့် ပေါ်လာမယ်လို့ ဘယ်ထင်မိမလဲကွာ ။ ကောင်းတယ်ကွာ.. အခု မင်းတို့အားလုံးကို တစ်ပြိုင်တည်း ရှင်းပစ်လိုက်လို့ရပြီ "

ပြန်အသက်သွင်းခြင်းသခင်ကြီး ပြောကာ ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

သူ့စကားကြောင့် ထျန်းယွမ်သခင်ကြီးနှင့် ကျန်လူများ မှင်သက်သွားကြသည်။

" မင်း... မင်းတို့က အချင်းချင်း သိနေကြတာလား "

အားလုံး တုန်လှုပ်နေပါတော့သည်။

အမှန်ဆိုလျှင် ထိုနှစ်ယောက်က ပတ်သက်ဆက်နွယ်စရာ ဘာအကြောင်းမှ မရှိသင့်ပါ ။

ယခု ဘယ်လိုကြောင့်.....

ထိုစဥ် ပြန်အသက်သွင်းခြင်းသခင်ကြီးက လှောင်ပြုံးဖြင့် ပြောလာ၏။

" သိတာပေါ့ကွ "

ထို့နောက် သူ လောထျန်းကိုကြည့်ကာ အေးစက်စက် ဆက်ပြောသည်။

" လောထျန်း... မင်းက တကယ့်ဘီလူးတစ်ကောင်ဆိုတာတော့ ငါ ဝန်ခံတယ် ။ မင်းရဲ့အစွမ်းက ရှေးခေတ်အတိုင်းအတာနဲ့ဆိုရင်တောင် တကယ့် ထိပ်တန်းအဆင့်ပဲ ။ ဒါပေမယ့်... ကံဆိုးတာက မင်း ဒီနေ့ သေရတော့မယ် ။ ဘာလို့လဲဆိုတဲ့ အကြောင်းရင်းကိုရော သိလား "

သူ ထိုသို့ မေးခွန်းထုတ်လိုက်သော်လည်း လောထျန်း၏အဖြေကို မစောင့်ဘဲ ဆက်ပြောပါ၏။

" အဲ့ဒါကတော့ ရှင်းပါတယ် ။ အဲ့နေ့က ငါတို့ တိုက်ခိုက်ကြတဲ့အချိန်မှာ မင်းက အသာစီးရခဲ့တာတော့ မှန်တယ် ။ ဒါပေမယ့် အဲ့တုန်းက ငါ အချုပ်အနှောင်ကနေ လွတ်လာစမို့လို့ အစွမ်းအနိမ့်ဆုံး ဖြစ်နေခဲ့တာကွ ။ အခုလဲ ငါ့အစွမ်းအပြည့်ကို ပြန်မရသေးဘူး ဆိုပေမယ့် မင်းနဲ့တော့

ကောင်းကောင်းကြီး ယှဥ်နေနိုင်ပြီ "

သူ့စကားကို လောထျန်းက မည်သို့မှ မတုန့်ပြန်သည့်တိုင်... တဖက်မှ ထျန်းယွမ်သခင်ကြီး နှင့် အခြားသူများမှာကား တုန်လှုပ်သွားကုန်ကြ၏။

လောထျန်းက ပြန်အသက်သွင်းခြင်းသခင်ကြီး နှင့် တိုက်ခိုက်ခဲ့ပြီး အနည်းငယ်ပင် အသာစီး ရခဲ့တယ်တဲ့လား...

အစောက ပြောစကားအရ ပြန်အသက်သွင်းခြင်းသခင်ကြီး သည် အကောင်းဆုံးအခြေအနေတွင် ရှိမနေသည့်တိုင်.. လုံလောက်အောင် အစွမ်းထက်ပါသေးသည်။

ထိုကောင်ကြီးက.. ရှေးဟောင်းနတ်ဘုရားကြီး ဖြစ်နိုင်သည် မဟုတ်ပါလား..

ထိုတခဏ၌ အားလုံး၏အကြည့်က လောထျန်းဆီ ရောက်သွားတော့သည်။

လောထျန်းက ပြန်အသက်သွင်းခြင်းသခင်ကြီးအား စိုက်ကြည့်ကာ ဖျက်ဆီးခံလိုက်ရသည့် ဖီးနစ်

မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်ပင်ကို လက်ညိုးထိုး၍ ပြောလာသည်။

" ဒါကို မင်း ဖျက်ဆီးခဲ့တာမဟုတ်လား "

သူ့မေးခွန်းကြောင့် အားလုံး အံ့သြမှင်သက်သွားရပြန်ပါသည်။

ယခုလို အခြေနေမျိုးတွင် လောထျန်းက ထိုသစ်ပင်ကို ဂရုစိုက်နိုင်သေးသတဲ့လား..

ပြန်အသက်သွင်းခြင်းသခင်ကြီး မှာလည်း အံ့သြသွားဟန် တူပြီးမှ မျက်မှောင်ကြုံ့၍ ပြောလာ၏။

" ငါ ဆိုရင်ရော မင်းက ဘာလုပ်မလို့လဲ "

လောထျန်း၏ မျက်လုံးများထဲ ဒေါသငွေ့များ လွှမ်းလာပြန်ပြီး.. တဖက်လူကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

" အဲ့လိုဆိုရင် မင်း သေဖို့ ထိုက်တန်တယ် "

သူ့ကိုယ်ပေါ်မှ လူသတ်အရိပ်အငွေ့ကလည်း ပိုပို၍ အားကောင်းလာသည်။

ပြန်အသက်သွင်းခြင်းသခင်ကြီးက ၎င်းကိုကြည့်ကာ အေယ်ရယ်၏။

" မင်းက ငါ့ကိုသတ်ချင်တယ်.. ဟုတ်လား ။ သနားစရာကောင်းလိုက်တာကွာ ။ လောထျန်း.. ဒီနေ့တော့ မင်းက ငါ့လက်ချက်နဲ့သေဖို့ ကံပါလာတယ်ကွ "

သူ ပြောပြီး ထျန်းယွမ်သခင်ကြီးဘက် လှမ်းကြည့်ကာ အပြုံးဖြင့် ဆိုသည်။

" ဒါတွေအားလုံးက မင်းတို့ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသရဲ့ အချုပ်အနှောင်တွေ ကျေးဇူးကြောင့်ပဲကွ ။ မင်းတို့ရဲ့ လျှို့ဝှက်ဒေသက လူတွေရဲ့ ကျင့်ကြံခြင်းကို သေချာကြီး ဖိနှိပ်ထားနိုင်တယ်။ ဒါပေမယ့်.. ငါ့လို ရှေးဟောင်းနတ်ဘုရားကိုတော့ ဖိနှိပ်လို့ မရဘူးပေါ့ကွာ "

" ဒါ.... "

ထျန်းယွမ်သခင်ကြီး၏ မျက်နှာထား ရုတ်ချည်း ပြောင်းသွားတော့သည်။

အမှန်တွင်မူ ဤကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထဲရှိ အချုပ်အနှောင်များမှာ ပြန်အသက်သွင်းခြင်း သခင်ကြီးကို ကိုင်တွယ်ရန်အတွက် လုပ်ထားခဲ့

ခြင်း ဖြစ်ပါသည်။

သို့သော်.. မျှော်လင့်မထားစွာပင် သူ့အား ကူညီပေးလိုက်သလို ဖြစ်သွားခဲ့ပါ၏။

ထိုစဥ် ပြန်အသက်သွင်းခြင်းသခင်ကြီးက လောထျန်းအား လှောင်ပြုံးဖြင့်ကြည့်ကာ ထပ်ပြောသည်။

" လောထျန်း.. မင်းရဲ့ ကျင့်ကြံခြင်းကို သုံးမရဘဲနဲ့ ငါ့ကို ဘယ်လိုသတ်မှာလဲကွ ။ အစီအမံနဲ့လား... ဒီကမ္ဘာကြီးမှာ ငါ့ကို သတ်နိုင်တဲ့အစီအမံ မရှိသေးတာ မင်း ကံဆိုးတာပဲ "

ထိုစကားကြောင့် အားလုံး ကူကယ်ရာမဲ့ မျက်နှာထားများ ဖြစ်သွားကြတော့သည်။

သို့သော်.. တဖက်မှ လောထျန်းက ဘာစကားမှမဆိုဘဲ ပိုင်ရှောက်ဘေးသို့ တိတ်တဆိတ် လျှောက်သွားလိုက်၏။

" ဟင်.. မင်းက ထွက်ပြေးတော့မလို့လား "

ပြန်အသက်သွင်းခြင်းသခင်ကြီး မျက်မှောင်ကြုံ့သွားသည်။

သို့သော် ထိုစဥ်မှာပင် လောထျန်းက ပိုင်ရှောက်ကျောပေါ် တင်ထားသော မသေမျိုးအစီအမံပုံကြမ်း လက်တစ်ဆုပ်စာကို ယူလိုက်ပါ၏။

" ဟင်... မသေမျိုးအစီအမံပုံကြမ်းပါလား.. ။ မင်း ငါပြောတာကို မကြားလိုက်ဘူးလား ။ အဲ့လိုဟာတွေက ငါ့အတွက် ဘာမှအသုံးမဝင်ဘူးကွ "

ပြန်အသက်သွင်းခြင်းသခင်ကြီး လှောင်ပြုံးဖြင့်ပြောကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ထိုအချိန်မှာပင် လောထျန်းက လက်ထဲမှ အစီအမံပုံကြမ်းများဖြင့် သူ့အား ပစ်ပေါက်လာပါ၏။

" ဟမ့်.. တော်တော်ခေါင်းမာတဲ့ ကောင်လေးပဲ "

ပြန်အသက်သွင်းခြင်းသခင်ကြီး အေးစက်စက် နှာခေါင်းရှုံ့၍ ရှေ့မှ အစီအမံပုံကြမ်းကို ဖျက်ဆီးရန် လက်ဆန့်ထုတ်လိုက်သည်။

သို့သော်..

ဝုန်း....

အသံကျယ် တစ်သံနှင့်အတူ သူ အစီအမံထဲ ဝါးမြိုခံလိုက်ရတော့သည်။

All Chapters