အခန်း (၈၆၁)
Vol. 62 Ch. 861
ထိုဖိအားကြီးကြောင့် သားရဲများရော လူသားများအားလုံးပါ အလွန်ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
" သခင်ကြီး... ကြည့်ရတာ လူသားမျိုးနွယ်က ထင်သလောက် အားမနည်းဘူးနဲ့တူတယ် "
သားရဲကြီးတစ်ကောင်ဘေးမှ သားရဲတစ်ကောင်က အသံတုန်တုန်ဖြင့် ပြောသည်။
သားရဲကြီး မျက်မှောင်ကြုံ့သွားကာ ပြန်ပြော၏။
" အရူးကောင်.. သေချာလဲ ကြည့်လိုက်ဦး ။ ဖိအားက လူသားကောင်ဆီက လာတာမဟုတ်ဘူးကွ ၊ သူ့ခေါင်းပေါ်က မသေမျိုးလက်နက်ဆီကနေ ထွက်လာတာ "
တဖက်သားရဲ အံ့သြသွားပုံပေါ်ကာ ပြန်မေးသည်။
" အဲ့ဒါ.. ဘာကွာလို့လဲဟင် "
နတ်ဆိုးသားရဲကြီး နှာခေါင်းရှုံ့၏ ။
" ကွာတာပေါ့ကွ... ဒါ လူသားမျိုးနွယ်က အစွမ်းထက်တာ မဟုတ်ဘဲ သူ့ရဲ့ မသေမျိုးလက်နက်ကသာ အစွမ်းထက်တာဆိုတဲ့ အဓိပ္ပါယ်ပဲ "
ထိုသို့ပြောနေရင်းလည်း သူ့မျက်နှာပေါ်တွင် လောဘငွေ့များ ပေါ်လာပါသည်။
" ငါသာ အဲ့မသေမျိုးလက်နက်ကို ရလိုက်ရင် အားလုံးကို ဦးဆောင်ပြီးတော့ ကမ္ဘာတစ်ခုလုံးကို ပေါင်းစည်းပေးလို့ရပြီ "
" ဟင်.... "
သားရဲအုပ်မှာ ထိုအချိန်မှ အကြောင်းရာတစ်ခုကို သဘောပေါက်သွားကြသယောင်..
တဖက်မှ ထျန်းယွမ်သခင်ကြီးတို့ လူစုမှာကား သူတို့စကားကို ကြားပြီး ဆွံ့အလျက်..
ထိုစဥ်မှာပင်..
ဝုန်း...
အသံကျယ်တစ်သံ ထပ်ထွက်လာကာ လေထု ပြိုကွဲသွားပြန်သည်။
ထို့နောက် လောထျန်း၊ ပိုင်ရှောက်နှင့် ယွမ်ယင်တို့သုံးဦး အားလုံးရှေ့တွင် ပေါ်လာ၏။
" လောထျန်း.... "
လောထျန်း ဘေးကင်းသည်ကို မြင်လိုက်ရသဖြင့် ယွဲ့လီ အလွန်ပျော်သွားသည်။
သူမ လောထျန်းဆီသို့ အပြေးသွားရန် ပြင်လိုက်ချိန်မှာပင် သခင်ကြီးဟောင်က ရုတ်တရက် တားလာပါ၏။
" မိန်းကလေး ယွဲ့လီ ၊ အဲ့ကို မသွားနဲ့ "
သခင်ကြီးဟောင်၏ မျက်နှာထားမှာလည်း အလွန်လေးနက်နေသည်။
" ဟင်... "
ယွဲ့လီ အံ့အားသင့်ကာ နားမလည်နိုင် ဖြစ်သွားသည်။
သူမ နောက်လှည့်ကြည့်လိုက်ချိန်တွင်လည်း အားလုံးက မျက်နှာတည်များဖြင့် ဖြစ်နေသည်ကို မြင်လိုက်ရ၏။
ထိုစဥ်မှာပင် ပြန်အသက်သွင်းခြင်း သခင်ကြီးက လောထျန်းကို လှောင်ပြုံးဖြင့်ကြည့်ကာ ပြောလာသည်။
" ဘယ်လိုဖြစ်သွားခဲ့လဲဆိုတာ ငါ မသိပေမယ့် ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသကြီးက ခုလိုပြိုကွဲသွားတော့လဲ ကောင်းတာပဲ ။ အခု မင်းရဲ့ ကျင့်ကြံခြင်းကို ဖိနှိပ်ထားတဲ့ အချုပ်အနှောင်တွေ မရှိတော့ဘူးဆိုတော့ မင်းနဲ့ငါ မျှမျှတတ တိုက်ခိုက်လို့ရပြီ "
လောထျန်းက ပိုငိရှောက်နှင့် ယွမ်ယင်တို့အား လွှတ်ပေးလိုက်ပြီးမှ အေးစက်စက် ပြော၏။
" မင်းတို့နှစ်ယောက် ဝေးဝေးမှာ သွားနေကြ "
" ဟုတ်ကဲ့ "
ထိုနှစ်ယောက်မှာလည်း ချက်ချင်းသဘောပေါက်ပုံဖြင့် ခပ်ဝေးဝေးသို့ ပြေးသွားကြသည်။
ထိုစဥ် ပြန်အသက်သွင်းခြင်းသခင်ကြီးက လှောင်ပြုံးဖြင့် ထပ်ပြောလာ၏။
" လောထျန်း ၊ အဲ့ မသေမျိုးအစီအမံပုံကြမ်းတွေကို မင်း ဘယ်ကနေရလာလဲဆိုတာ ငါ မသိဘူး ။ အဲ့ဒါတွေက တကယ်လဲ အစွမ်းထက်ပါတယ် ။ ဒါပေမယ့်.. မင်းက အားလုံးကို သုံးပြီးသွားပြီဆိုတော့ ဒီနေ့ သေချာပေါက် သေရတော့မယ် "
သူ ပြောကာ လက်ဖြင့် အစီအမံများ လုပ်လိုက်သည်။
ဝီ...
သူ့ခေါင်းထက်ရှိ အကွင်းက ခက်ခက်ခဲခဲ လှုပ်ရှားလာပြန်၏။
တစ်ချိန်တည်းတွင် ... ခပ်လှမ်းလှမ်းမှ နတ်ဆိုးသားရဲကြီးက လှောင်ပြုံးဖြင့် ရေရွတ်သည်။
" သိပ်ကောင်းတယ်ကွာ ။ ထိပ်တိုက်တွေ့ကြတော့မှာပဲ.. ငါလဲ ဝင်ပါလိုက်မယ် "
သူ့ဘေးမှ သားရဲက တအံ့တသြ မေး၏။
" သခင်ကြီးရော ဝင်တိုက်ခိုက်မလို့လား "
နတ်ဆိုးသားရဲကြီး ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ်ကွ ။ သူတို့နှစ်ယောက်ကို ငါတစ်ယောက်တည်း တိုက်ခိုက်ရမှာ သိပ်တော့မလွယ်နိုင်ပေမယ့်.. နှစ်ကောင်လုံးကိုသာ သတ်နိုင်ခဲ့ရင် ငါ မသေမျိုးလက်နက်ကို ရပြီး ပြိုင်ဘက်ကင်း ဖြစ်သွားမှာလေ "
" သခင်ကြီးက တကယ်ကို အံ့မခန်းပါပဲ.. "
ဘေးမှ သားရဲများ အော်ဟစ်အားပေးလိုက်ကြသည်။
နတ်ဆိုးသားရဲကြီးက ထိုအားပေးသံများကို နားထောင်ရင်း လောထျန်းနှင့် ပြန်အသက်သွင်းခြင်းသခင်ကြီးဆီသို့ လျှောက်သွား၏။
" ဒီကောင်ကြီး... "
၎င်းကိုမြင်သော ယွဲ့လီ မျက်မှောင်ကြုံ့သွားကာ ရှေ့တိုးရန် ပြင်လိုက်သည်။
သို့သော် သခင်ကြီးလုံက ဝင်တားပါ၏။
" သူ့ကို ခေါင်းထဲထည့်မနေနဲ့ "
" ဟင် ... ဒါပေမယ့်... "
ယွဲ့လီ တစ်စုံတရာ ထပ်ပြောချင်သေးပုံပင်..
သခင်ကြီးလုံက နှာခေါင်းရှုံ့၍ ပြောသည်။
" အဲ့ကောင်က သေချင်နေမှတော့ တားလဲ ဘာထူးမှာလဲကွာ "
သူ့စကားကို ကြားသွားသော တဖက်မှ သားရဲများ မျက်နှာကြီး ရှုံ့မဲ့သွားကြ၏။
" လူသားကောင်တွေ.. ဘာတွေလျှောက်ပြောနေကြတာလဲ "
" ဟုတ်တယ် .. မင်းတို့လို လူသားတွေက အစွမ်းထက်တာဘယ်လိုလဲ ဆိုတာတောင် သိလို့လား "
" ငတုံးကောင်တွေကပဲ အဲ့လိုစကားတွေ လျှောက်ပြောတာ "
သခင်ကြီးလုံမှာ ထိုသားရဲများကိုကြည့်ရင်း ပြောစရာစကားပင် ရှာမရတော့ပါ ။
ထိုစဥ်တွင် နတ်ဆိုးသားရဲကြီးမှာ လောထျန်းနှင့် ပြန်အသက်သွင်းခြင်းသခင်ကြီး တို့ကြားထဲ ရောက်သွားလေပြီ ။
" ကဲ.. ဒီနေ့တော့ ငါတို့သုံးယောက် ပွဲလေး စလိုက်ကြတာပေါ့ကွာ "
၎င်းသားရဲက လှောင်ပြုံးဖြင့် ဆို၏။
ထိုစဥ်တွင် ပြန်အသက်သွင်းခြင်းသခင်ကြီးမှာ သူ့အစွမ်းများကို စုစည်း၍ ပြီးသွားခဲ့ပြီး...
ဝီ...
လောထျန်းဆီသို့ သွေးနီရောင် အလင်းတန်းတစ်ခု တိုးဝင်သွားသည်။
" ဟင် .. စတောင် စနေပြီလား "
နတ်ဆိုးသားရဲကြီးက ၎င်းကိုကြည့်ကာ လှောင်ပြုံးဖြ
င့် ပြော၏။
" ကျိုးပျက်စေ "
သူ အသံကျယ်ဖြင့် အော်ကာ အလင်းတန်းအား လက်သီးဖြင့်ထိုးလိုက်သည်။
" ချပစ်လိုက် သခင်ကြီး... "
အားရဲများ အော်ဟစ်အားပေးလိုက်ကြပြန်၏။
သို့သော်...
ဇွပ်..
အလင်းတန်းက သားရဲကြီး၏ ခန္ဓာကိုယ်အား ထိုးဖောက်ထွက်သွားကာ.. သားရဲကြီး ချက်ချင်း အငွေ့ပျံသွားတော့သည်။
အမွေးလေး တစ်ပင်တောင် မကျန်ခဲ့တော့ပါ..
အခြားသားရဲများ : ..........
" သခင်ကြီး.. သခင်ကြီး ဘယ်ရောက်သွားပြီလဲ "
" သူ.. သေသွားပြီလား.. ။ မသေမျိုးလက်နက်က.. ကြောက်စရာကောင်းလိုက်တာ "
သားရဲများ လုံးဝ မှင်သက်သွားကြပါသည်။
ထိုစဥ်တွင် သွေးနီရောင်အလင်းတန်းက လောထျန်းဆီသို့ ဆက်တိုးဝင်သွား၏။
သားရဲအုပ်က လောထျန်းဘက် ချက်ချင်းလှည့်ကြည့်လိုက်ကြသည်။
" ဒီကောင်လေးက ရူးနေတာလား ။ ငါတို့သခင်ကြီးတောင် သေသွားရတာကို ဒီကောင်က ပုန်းတောင် မပုန်းဘူး "
" သူ့ကိုယ်သူ ငါတို့သခင်ကြီးထက် ပိုအစွမ်းထက်တယ်လို့များ ထင်နေတာလား မသိပါဘူးကွာ "
" ကြည့်ရတာ ရူးနေတာနဲ့ တူပါတယ် "
သူတို့ ထင်ရာပြောလိုက်ကြသည်။
ထိုစဥ်မှာပင် အလင်းတန်းက လောထျန်းရှေ့ ရောက်လာ၏။
သို့သော်... လောထျန်းက လက်တစ်ဖက်ဆန့်ထုတ်၍ အသာအယာသာ ရိုက်လိုက်ပါသည်။
ဘုန်း ...
အလင်းတန်း ရုတ်ချည်းပြိုကွဲသွားကာ အလင်းပျောက်များအဖြစ် ပြောင်း၍ ပျောက်ကွယ်သွားတော့၏။
သားရဲများ : ........
သူတို့အားလုံး အံ့သြတုန်လှုပ်သွားကြရပြန်သည်။
သူတို့၏ အကိုကြီးကိုပင် စက္ကန့်ပိုင်းလေးအတွင်း သတ်ပစ်ခဲ့သော အလင်းတန်းအား လောထျန်းက လက်ဝါးတစ်ချက်တည်းနှင့် ဖြိုခွဲပစ်လိုက်သတဲ့လား....
ဘာတွေ ဖြစ်နေပါသလဲ..
ထိုစဥ် သားရဲတစ်ကောင်က အသံတုန်တုန်ဖြင့် ပြောလာသည်။
" ငါ့ကောင်တို့... အဲ့နှစ်ယောက်က.. ငါတို့ သခင်ကြီးထက် အများကြီး ပိုအစွမ်းထက်နေတာများလား .. "
သားရဲများအားလုံး အသံတိတ်သွားကြပြန်၏။
ထိုအချိန်မှာပင် ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ဖျက်ဆီးပြီးသွားသော လောထျန်းက ရုတ်တရက် လှုပ်ရှားလာသည်။
ဝုန်း...
သူ ပြန်အသက်သွင်းခြင်း သခင်ကြီးဆီသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် တိုးဝင်သွား၏။
" ဟား ဟား... မင်းက ငါ့ဆီတောင် ပြေးဝင်လာရဲတာပဲ ။ ဒါပေမယ့်.. မင်းရဲ့ တိုက်ခိုက်တဲ့နည်းတွေကို ငါ အကုန်သိထားပြီးသားပါ လောထျန်းရယ် "
ပြန်အသက်သွင်းခြင်းသခင်ကြီးက လှောင်ပြုံးဖြင့်
ပြောကာ လောထျန်းအား လက်ဝါးဖြင့်ရိုက်လိုက်သည်။
တဖက်မှ လောထျန်းကလည်း တစ်ချိန်တည်းနီးပါးမှာပင် ရွှေရောင်လက်ဝါးကြီးကို ထုတ်လိုက်ရာ ကောင်းကင်နှင့်မြေကြီး တုန်ခါသွားတော့သည်။
တဖက်တွင်လည်း ပြန်အသက်သွင်းခြင်း အရိပ်တစ်ခု စုစည်းလာပြီး မဟာတာအိုလမ်းစဥ်များ စီးချက်ညီညီ လွင့်မျောလာ၏။
" ဟာ.. မဖြစ်ဘူး.. သူနဲ့ အဲ့လိုကြီး ထိပ်တိုက်ရင်ဆိုင်တိုက်လို့ မရဘူး "
ထျန်းယွမ်သခင်ကြီးက ခက်ခက်ခဲခဲ ထရပ်ကာ ရေရွတ်လိုက်သည်။
ပြန်အသက်သွင်းခြင်း သခင်ကြီးက မည်မျှအစွမ်းထက်သည်ကို သူ သေချာသိထားသည် မဟုတ်ပါလား ..
သို့သော် ...
ဝုန်း . .
လက်ဝါးနှစ်ခု တွေ့ချိန်တွင်မူ ... ပြန်အသက်သွင်းခြင်း သခင်ကြီးမှာ စာရွက်တစ်ရွက်ပမာ တမဟုတ်ချင်း ပြိုကွဲသွားတော့သည်။
ထျန်းယွမ်သခင်ကြီး ခဏတာမျှ မှင်သက်သွား၏။
ဘာတွေဖြစ်နေပါသလဲ ...
ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်ခဲ့သော ကြောက်စရာ ပြန်အသက်သွင်းခြင်း သခင်ကြီးက လက်ဝါးတစ်ချက်ကြောင့် အပိုင်းပိုင်းဖြစ်သွားခဲ့သတဲ့လား..
သို့သော် ထိုစဥ်မှာပင်..
ဝီ ..
အပိုင်းပိုင်း ဖြစ်သွားခဲ့သူ ပြန်အသက်သွင်းခြင်း သခင်ကြီးက ချက်ချင်းဆိုသလို ပြန်ကောင်းလာပါ၏။
" အချိန်နောက်ပြန်ဆုတ်တဲ့အစွမ်းပဲ လာပြန်ပြီ "
ထျန်းယွမ်သခင်ကြီး မျက်နှာဖြူရော်သွားတော့သည်။
" ဒီတိုင်းဆို သူ့ကို သတ်လို့ရမှာ မဟုတ်ဘူး "
သခင်ကြီးလုံကလည်း စိုးရိမ်တကြီး ပြော၏။
ထိုစဥ်မှာပင် ပြန်အသက်သွင်းခြင်းသခင်ကြီးက လောထျန်းအား ကြောက်လန့်တကြားကြည့်ကာ ပြောလာသည်။
" မဟုတ်ဘူး.. ဘာတွေဖြစ်နေတာလဲ ။ မင်းက ခုလောက်ကြီး အစွမ်းထက်မနေသင့်ဘူးလေ "
တဖက်မှ လောထျန်းကမူ ဘာမှပြန်မပြောဘဲ လက်သီးဖြင့် ထိုးလိုက်သည်။
" $@@# တားစမ်းကွာ "
ပြန်အသက်သွင်းခြင်းသခင်ကြီး လက်ဝါးနှစ်ဖက်ကို စု၍ လောထျန်း၏ လက်သီးချက်ကို တားရန် ကြိုးစားလိုက်သည်။
ဘုန်း...
သို့သော် ရလဒ်မှာ ယခင်အတိုင်းပါပင် ...
ဝီ ...
သို့သော် ပြန်အသက်သွင်းခြင်းသခင်ကြီးက တခဏလေးအတွင်း ပြန်ပေါ်လာ၏။
" လောထျန်း.. ငါ့ကို အနိုင်မကျင့်နဲ့နော်... "
ဝုန်း ....
ထိုစဥ်မှာပင် လောထျန်းက လက်ဝါးဖြင့် ထပ်ရိုက်လာသဖြင့် ပြန်အသက်သွင်းခြင်းသခင်ကြီး တတိယအကြိမ် ပြိုကွဲသွားရပြန်တော့သည်။
ဝီ...
နောက်တစ်ကြိမ် အချိန်နောက်ပြန်ဆုတ်ပြီးနောက်.. ပြန်ပေါ်လာချိန်တွင်မူ ပြန်အသက်သွင်းခြင်းသခင်ကြီး ရူးတော့မလို ဖြစ်သွားပါသည်။
" လောထျန်း ၊ အခုလိုဖြစ်သွားအောင် မင်းက တွန်းအားပေးခဲ့တာနော် ။ အဆုံးမဲ့ အသက်သွင်းခြင်း. "
သူ အော်ပြီး လက်မြှောက်ကာ မှော်လက်နက်ထဲသို့ အစွမ်းကုန် ထည့်လိုက်သည်။
" ဒီအကွက်က ထိခိုက်မှုကြီးတယ် ဆိုပေမယ့်.. လောလောဆယ် တခြားရွေးစရာလဲ မရှိတော့ဘူး ။ လောထျန်း ၊ မင်း ဒီနေ့ သေရမယ် "
စကား ဆုံးချိန်မှာပင် သူ့ခေါင်းထက်ရှိ အဝိုင်းပြားက လျင်မြန်စွာ လည်လာပြီး လောထျန်းဆီ တိုးဝင်သွား၏။
၎င်းကို ဘေးမှကြည့်နေသော ထျန်းယွမ်သခင်ကြီး မျက်နှာထားပြောင်းသွားတော့သည်။
" လောထျန်း... ဘေးကိုရှောင်တော့ ။ အဲ့အကွက်.. အဲ့အကွက်က အရင်တုန်းက အပေါ်ကမ္ဘာကို ဖျက်ဆီးခဲ့တဲ့ အကွက်ပဲ ။ မင်း အဲ့ဒါကို တားလို့ မဖြစ်ဘူးနော် "
ထျန်းယွမ်သခင်ကြီး အော်ပြောလိုက်သည်။
အားလုံးမှာလည်း သူ့စကားကို ကြားပြီးနောက် မျက်နှာထားများ ပြောင်းကုန်ကြ၏။
မျှော်လင့်မထားစွာပင် ပြန်အသက်သွင်းခြင်းသခင်ကြီးက လောထျန်းအား ထိုအစွမ်းမျိုးသုံး၍ တိုက်ခိုက်နေသတဲ့လား...
သို့သော် ထိုစဥ်တွင်.. လောထျန်း၏ အနောက်ဘက်၌ ကြယ်ပင်လယ်တစ်ခု စုစည်းလာပါသည်။
" ကောင်းကင်ဘုံလက်သီး ၊ ပထမအကွက်.. "
ဘုန်း...
ထို့နောက်.. လောထျန်း လက်သီးဖြင့် ထိုးလိုက်၏။
ဝှစ်...
" ဟင်... "
အစောပိုင်းက ကြောက်ရွံ့နေသော မျက်နှာကြီး ဖြစ်နေခဲ့သည့် ထျန်းယွမ်သခင်ကြီး နေရာတွင် ကြက်သေသေသွားသည်။
သူ အူကြောင်ကြောင် မျက်လုံးများဖြင့် ကြည့်နေစဥ်မှာပင် .... ပြန်အသက်သွင်းခြင်းသခင်ကြီး၏ ကမ္ဘာဖျက်ဆီး သိုင်းကွက်ကြီးက လောထျန်း၏ လက်သီးချက်အစွမ်းဖြင့် ချေဖျက်ခံလိုက်ရတော့၏။
ဤမျှနှင့် မပြီးသေးပါချေ...
ပြိုင်ဘက်ကင်းလို ဖြစ်နေခဲ့သော မှော်လက်နက်မှာလည်း ပျက်စီးသွားသည့်ပုံ ပေါ်ပါသည်။