သိပွံနည်းကျ ငြင်းခုန်ခြင်း ၃
Vol. 26 Ch. 379
သူသည် ပို၍ စိတ်လှုပ်ရှားလာပြီး လင်းရှန်ဘက်သို့ လှည့်သွားသည်။
“ကပ္ပတိန်လင်း၊ ငါတို့ ဒရာကာမာ ရေခဲချိုင့်ဝှမ်းမှာ တွေ့ဆုံခဲ့တာက အကောင်းဆုံး ဥပမာ မဟုတ်ဘူးလား။ အဆင့်မြင့်ထူးဆန်းတဲ့ ထိတ်လန့်ဖွယ်သတ္တဝါတွေက နှင်းတစ္ဆေတွေနဲ့ နှင်းမွန်းစတားတွေကို ဦးဆောင်ပြီး ငါတို့ကို ဝိုင်းထားခဲ့တယ်၊၊ အနီးပတ်ဝန်းကျင်က နှင်းအမျိုးအစားမွန်းစတားတွေ အားလုံးကို ဧရိယာတစ်ခုတည်းဆီ ဆွဲခေါ်ခဲ့တယ်။ ငါတို့ရဲ့ Campfire သီအိုရီအတိုင်း သွားမယ်ဆိုရင် အဲဒီလို မတူညီမှုကို ခဗျားက ဘယ်လို ရှင်းပြမှာလဲ”
“ဒါဆို မင်း ပြောချင်တာက ညဘက်မှာ ငါတို့က ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ တွေ့-မတွေ့ဆိုတာက လုံးဝ ကံတရားပေါ် မူတည်နေတာလား” သုတေသနအဖွဲ့မှ သက်လတ်ပိုင်း ပါမောက္ခတစ်ဦးက ဝင်ပြောသည်။
“အနည်းဆုံးတော့ နေ့ခင်းဘက်မှာ အမှောင်သတ္တဝါတွေရဲ့ အပြုအမူကို ကျွန်တော်တို့ လေ့လာလို့ မရဘူး၊ ဒါက တကယ့်ပြဿနာပဲ” အင်ပါယာပရောဂျက်မှ တစ်ဦးက ငြင်းခုံလိုက်သည်။
ပါမောက္ခကောင်းစီချန်းက သူ၏ လက်ဖဝါးကို လက်ညှိုးထိုးပြသည်။ “ပြောင်းလဲနိုင်သော အရာများကြားက မပြောင်းလဲသောအရာ…ဒါကိုပဲ ငါတို့ အာရုံစိုက်သင့်တယ်။ အကုန်လုံးကို ရှုပ်ထွေးအောင် မလုပ်ပါနဲ့”
“အမှောင်သတ္တဝါတွေက နေ့ခင်းဘက်မှာ ငါတို့ကို မြင်နိုင်ပြီး အမှောင်ထုထဲမှာ ဆက်သွယ်နိုင်မယ်ဆိုရင် အရာအားလုံးကို ရှင်းပြနိုင်မှာ မဟုတ်ဘူးလား” ယုဟန်က ထောက်ပြလိုက်သည်၊၊
“ဟုတ်တာပေါ့” သက်ကြီးပိုင်း သုတေသီတစ်ဦးက ပြန်ပြောသည်၊၊
“ယူပေမြို့က မွန်းစတားတွေက ဝေမြစ်က ဘီလူးတွေကို ငါတို့ရဲ့ အကူအညီအဖွဲ့လာနေပြီလို့ သတိပေးဖို့ ဖုန်းခေါ်ခဲ့ကြမှာပေါ့… ဒါကြောင့် သူတို့ အမှောင်ထုထဲ ဝင်ဝင်ချင်း အတိုက်ခိုက်ခံရတာပေါ့”
ချက်ချင်းပင် အဖွဲ့နှစ်ဖွဲ့သည် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်လာကြသည်။
လင်းရှန်နှင့် ချန်ဆီရွှမ်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ဦးစလုံး အနည်းငယ် ကိုးရိုးကားရားဖြစ်နေကြသည်၊၊ ဝေ့ကီရှုက ရှက်ရွံ့သော အမူအရာဖြင့် လျှောက်လာသည်။
“သူတို့ တစ်ညလုံး ဒီလိုပဲ ငြင်းခုန်နေကြတာ”
“သူတို့ ဘာတွေ ငြင်းခုန်နေကြတာလဲ” လင်းရှန်က မေးသည်။
“ဒါက အင်ပါယာပရောဂျက်အဖွဲ့က ဒါရိုက်တာကျိုးဆီကို သီးခြားသီအိုရီတစ်ခု တင်သွင်းခဲ့လို့ပါ။ အဲဒါက စီလန်မှာ ဖီးနစ်ရဲ့ လာမယ့် ဗျူဟာကို လွှမ်းမိုးနိုင်တာကြောင့် ဒီအငြင်းပွားမှု ဖြစ်လာတာပဲ”
ဝေ့ကီရှုက ရှင်းပြလိုက်သည်။
“ဒါပေမဲ့ ဒီအကြောင်းအရာမှာ အင်ပါယာပရောဂျက်က ဘာလို့ ပါဝင်ပတ်သက်နေရတာလဲ”
လင်းရှန်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
“အာ့လိုလည်း မဟုတ်ဘူး” ဝေ့ကီရှု သက်ပြင်းချသည်။
“အမှောင်သတ္တဝါတွေရဲ့ အပြုအမူဆိုင်ရာ ယုတ္တိဗေဒကို နားလည်ခြင်းဟာ ညလမ်းလျှောက်သူများအဖွဲ့ ဒါမှမဟုတ် အင်ပါယာပရောဂျက်အဖွဲ့ပဲ စိုးရိမ်စရာ မဟုတ်ပါဘူး—ဒါဟာ လူသားအားလုံးရဲ့ ပြဿနာပဲ။ သုတေသနအဖွဲ့တွေကြားက သဘောထားကွဲလွဲမှုတွေက အချိန်အတော်ကြာထဲက ဖြစ်ပေါ်နေခဲ့တယ်။ အခု အေးခဲ-အမှောင် အခြေခံအမှုန်တွေ ထွက်ပေါ်လာတော့ အမှောင်သတ္တဝါတွေ ဆက်သွယ်မှုပုံစံနောက်ကွယ်က ယုတ္တိဗေဒကို ဖော်ထုတ်ဖို့ နီးစပ်လာပြီလို့ လူတိုင်း မျှော်လင့်နေကြတယ်။ ဒါကြောင့် ငါ့ဆရာရဲ့ အဖွဲ့နဲ့ ကပ္ပတိန်ယုရဲ့ အဖွဲ့နှစ်ခုစလုံးက သူတို့ရဲ့ လျှို့ဝှက်မစ်ရှင်တွေထဲမှာ ဒီအချက်ကို ထည့်သွင်းခဲ့ကြတယ်”
“အတိုချုံးပြောရရင် ကပ္ပတိန်ယုရဲ့ အဖွဲ့က ငါ့ဆရာရဲ့ Campfire သီအိုရီဟာ လုံးဝအခြေအမြစ်မရှိဘူးလို့ ထင်နေကြတယ်”
ချန်ဆီရွှမ်လည်း ကြာလေ ပို၍ ကျယ်လောင်လာလေ ဖြစ်နေသော အဖွဲ့နှစ်ဖွဲ့ကို ကြည့်လိုက်သည်။
“သူတို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာလို့ ဒီလောက်ရန်လိုနေကြတာလဲ”
ဝေ့ကီရှု ခေါင်းခါသည်။ “ငါကတော့ Campfire သီအိုရီကို ထောက်ခံတယ်။ ဒါပေမဲ့ အမြင်နှစ်ခုစလုံးကို နားလည်ပါတယ်။ မင်းက ဒရာကာမာ ရေခဲချိုင့်ဝှမ်း ကယ်ဆယ်ရေးမစ်ရှင်မှာ ပါဝင်ခဲ့တယ်မဟုတ်လား။ ဒါဆို အင်ပါယာပရောဂျက်က လူဘယ်လောက် ဆုံးရှုံးခဲ့ရလဲဆိုတာ သိပါတယ်။ သူတို့အဖွဲ့ ဝိုင်းရံခံရပြီး အပြတ်အသတ် ချေမှုန်းခံရတဲ့ အကြောင်းရင်းက S-Class အဆင့် ထူးဆန်းတဲ့ သတ္တဝါကို တခြားတစ်နေရာမှာ တိုက်ခိုက်ရာကနေ ရခဲ့တဲ့ အမှတ်သားကြောင့်ဆိုတာကို သူတို့ လုံးဝ လက်ခံမှာမဟုတ်ဘူး”
လင်းရှန်က ခေါင်းညိတ်သည်။
“ဒါပေမဲ့ ဒါက တကယ်ပဲ… ယာဇီရေကန်ကနေ ဒရာကာမာအထိ၊ ထူးဆန်းတဲ့ သတ္တဝါတွေ အားလုံး အဲဒီနေရာကို ဆွဲခေါ်ခံခဲ့ရတယ်…. တွင်းနက်ပိုးကောင်ကြီး နှစ်ကောင်တောင် ပါဝင်လာတယ်။ S- Class အဆင့် သတ္တဝါကနေ အမှတ်သားမရခဲ့ဘူးဆိုရင် ဘာက ဒါကို ရှင်းပြနိုင်မလဲ”
ချန်ဆီရွှမ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“ဒါဆို ရှင်တို့ ကျွန်မတို့ဆီ ညသန်းခေါင်မှာ လာတာက… ကျွန်မတို့မှာ အဖြေ ရှိမယ်လို့ မျှော်လင့်နေတာလား”
“Campfire သီအိုရီက ပင်မယူဆချက်တွေထဲမှာ ဆန့်ကျင်ဘက်အဖြစ်ဆုံး အယူအဆတွေထဲက တစ်ခုပါ။ ဒါပေမဲ့ မင်း ပေးပို့တဲ့ ဒေတာက အံ့မခန်းကိုတိကျနေတယ်။ ငါတို့ အဖွဲ့တစ်ခုလုံး—အထူးသဖြင့် ငါ့ဆရာ—အံ့အားသင့်သွားတယ်။ သူ့ရဲ့ သီအိုရီက စမ်းသပ်မှုရလဒ် အများအပြားနဲ့ ကိုက်ညီပေမယ့် လေ့လာနိုင်တဲ့ လုပ်ငန်းစဉ် မရှိခဲ့ဘူး။ ငါတို့က Campfireကို ဘာလဲဆိုတာတောင် မသိခဲ့ကြဘူး။ ဒါကြောင့် သူ့ကို သဘောတူတဲ့ လူတွေ ပိုများလာပေမယ့် အဓိက အချက်အဖြစ် ဘယ်တော့မှ မရောက်ခဲ့ဘူး။ တချို့က ဒါကို မှားယွင်းတဲ့ သိပွံအယူဆ ဒါမှမဟုတ် ရလဒ်သီအိုရီလို့တောင် ပယ်ချခဲ့ကြတယ်။ အသက်ရှင်ကျန်ရစ်သူယာဉ်တန်း သေဆုံးမှုနှုန်းက အစကတည်းက မြင့်မားနေတယ်—အထူးသဖြင့် S-Class အဆင့် မွန်းစတားတွေ ဒါမှမဟုတ် ဖုတ်ကောင်အုပ်ကြီးတွေနဲ့ ထိတွေ့ပြီးနောက်မှာပေါ့။ တချို့က သူ့ကို ရှင်သန်ကျန်ရစ်သူတွေရဲ့ ဝမ်းနည်းစရာအတိတ်ကို အခွင့်ကောင်းယူနေတာလို့ ပြောခဲ့ကြတယ်…”
“သူမှာ လေ့လာတွေ့ရှိချက် အစီအစဉ်တွေ ရှိခဲ့ပေမယ့် ဒါတွေဟာ မတိကျဘဲ ယုံကြည်စိတ်ချရတဲ့ ကိုးကားစရာမရှိခဲ့ဘူး။ ဒါကြောင့် ဒီအမှတ်သားရဲ့ စွမ်းအင်ပုံစံကို တိကျစွာ တိုင်းတာလို့ မရခဲ့ဘူး…”
ဝေ့ကီရှု သက်ပြင်းရှည်ကြီး ချလိုက်ပြီး လင်းရှန်ဘက်သို့ လှည့်သည်။
“ဒါကြောင့် ငါတို့ သုတေသနဖိုင်ကို ရတဲ့အခါ အားလုံး အံ့အားသင့်ခဲ့ကြတာပဲ။ မင်းတို့ အဖွဲ့က အမှတ်သားရဲ့ စွမ်းအင်မျဉ်းကွေးကို ဒီလောက်တိကျအောင် ဘယ်လို ခြေရာခံနိုင်ခဲ့လဲဆိုတာ မယုံနိုင်ဘူး။ ဒါကို ရှာဖွေဖို့ လူတိုင်း စိတ်ထက်သန်လာကြပြီး နောက်ဆုံး မင်းတို့ကို လိုက်ရှာခဲ့ကြတယ်—ဘာလို့လဲဆိုတော့ ဖိုင်က မင်းတို့ အဖွဲ့ဆီက လာတာဖြစ်လို့လေ”
“အဲဒီ အစီရင်ခံစာထဲက ကိုးကားစနစ်က ယူဆချက်သက်သက်ပဲ မဖြစ်နိုင်ဘူး” ပါမောက္ခကောင်းစီချန်းသည် မိုဘိုင်းလ်တာမီနယ်တစ်ခုကို ဆုပ်ကိုင်ထားရင်း ရုတ်တရက် အော်ပြောသည်။ တင်းကျန်းရီ ပေးပို့သော ဒေတာကို သူ ကိုင်ဆောင်ထားသည်မှာ ရှင်းနေသည်။
“ကပ္ပတိန်လင်း… ငါ့မှာ မေးစရာရှိတယ်။ ခင်ဗျား တင်ပြတဲ့ ဒေတာမှာ အဓိက ထိန်းချုပ်အုပ်စု တစ်ခု ပျောက်ဆုံးနေပုံရတယ်။ ငါတို့ တစ်ညလုံး လေ့လာခဲ့တယ်… ဒါက တိကျတဲ့ ဖော်ပြချက် တစ်ခုအပေါ်မှာပဲ အခြေခံတာ တွေ့ရတယ်။ ဒါက ယူဆချက်လို ဖတ်လို့ရပေမယ့် ထူးဆန်းတဲ့ သတ္တဝါ ပေါ်ပေါက်မှုကို တိကျစွာ ခန့်မှန်းနေတယ်။ မင်းက ဘေးကင်းဇုန်တွေကိုတောင် သုံးကြိမ်ဆက်တိုက် မှန်ကန်စွာ ဖော်ထုတ်နိုင်ခဲ့တယ်။ အဲဒါကို ငါတို့ သိချင်တာပဲ”
“ဟုတ်တယ်၊ အတိအကျပဲ” အခြားသုတေသီတစ်ဦးကလည်း ဝင်ပြောသည်။
“ဒါကြောင့် ငါတို့ ဒီလို ကောက်ချက်ချခဲ့ကြတယ်—မင်းတို့မှာ ဒီအရာတွေကို ခံစားသိရှိနိုင်တဲ့ အထူးစွမ်းအားရှင် တစ်ယောက် ရှိနေတာလား”
“သူတို့မှာ သေချာပေါက် ရှိပါတယ်”
ယုဟန် ရှေ့သို့ တက်လာသည်။
“ကျွန်တော် ခင်ဗျားတို့ကို ပြောပြီးပြီ—ကပ္ပတိန်လင်းနဲ့ သူ့အဖွဲ့ရဲ့ အစွမ်းထက် စွမ်းအားရှင်တွေ မပါရင် ကျွန်တော်တို့ ဒရာကာမာကနေ ထွက်လာနိုင်မှာ မဟုတ်ဘူး။ ကပ္ပတိန်လင်း တစ်ယောက်တည်းက နှင်းတစ္ဆေ ထောင်ပေါင်းများစွာကို ဖြိုခွဲပစ်ခဲ့တယ်—ဒါက အမှောင်သတ္တဝါတွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲ။ ကျွန်တော်တို့ အင်ပါယာပရောဂျက်အဖွဲ့မှာ စွမ်းအားရှင်တွေ မရှိဘဲနဲ့တောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံခဲ့ရတယ်။ အနီးအနားက တခြားအသက်ရှင်ကျန်ရစ်သူယာဉ်တန်းတွေလည်း ပါဝင်ခဲ့ရတယ်။ ဒါကြောင့် ခင်ဗျားရဲ့ Campfire သီအိုရီ၊ သားရဲအကျိုးသက်ရောက်မှု၊ ဒါတွေအားလုံးက အလုပ်မလုပ်ဘူး။ အမှောင်သတ္တဝါတွေက ဥာဏ်ရည်ရှိတယ်—သူတို့က ခြိမ်းခြောက်မှုအဆင့်ကို အကဲဖြတ်နိုင်တယ်”