← Chapters

အခန်း (၈၆၂)

Vol. 62 Ch. 862

အခန်း (၈၆၂)

Vol. 62 Ch. 862

ဝှစ် ...

မှော်လက်နက်မှာ လောထျန်း၏ လက်သီးချက်ကြောင့် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး... အချိန်အတန်ကြာမှ ဝုန်းခနဲ အသံတစ်သံနှင့်အတူ ပြန်အသက်သွင်းခြင်း သခင်ကြီး၏ လက်ထဲသို့ ပြန်ရောက်လာသည်။

" ငါ့ရဲ့ နတ်ဘုရားလက်နက်... "

ပြန်အသက်သွင်းခြင်း သခင်ကြီး မျက်နှာဆိုးရွားစွာ ပျက်သွားသည်။

သူ့လက်ထဲရှိ မှော်လက်နက်မှာ ယခင်က လှပသေသပ်သော အကွင်းဝိုင်းလေးများဖြင့် ဖွဲ့စည်းထားခဲ့ရာမှ.. ယခု အားလုံးနီးပါး ပုံပျက်ပန်းပျက် ဖြစ်နေလေပြီ ။

၎င်း၏ အလယ်တွင်လည်း လက်သီးရာကြီးတစ်ခု ရှိ

နေကာ ထိုလက်သီးရာဘေးမှ အကွင်းများက တွန့်လိမ်ကောက်ကွေးနေပါ၏။

ပြန်အသက်သွင်းခြင်း သခင်ကြီးက တုန်ယင်နေသော လက်များဖြင့် အဝိုင်းကွင်းကို ရွှေ့ရန်ကြိုးစားလိုက်သည်။

သို့သော်..

ဖျတ်...

အဝိုင်းပေါ်တွင် လျှပ်စီးအနည်းငယ်သာ လက်သွားခဲ့ပြီးနောက်.. အမည်းရောင် မီးခိုးငွေ့အချို့ ထွက်လာ၏။ ထို့နောက်တွင်မူ မည်သို့သော တုန့်ပြန်မှုမျိုးမှ ထွက်မလာခဲ့တော့ပါ ။

ထိုမြင်ကွင်း အစအဆုံးကို ကြည့်နေသော ခပ်လှမ်းလှမ်းမှ သခင်ကြီးလုံ မှင်သက်သွားကာ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

" မီးခိုးတွေပဲ ထွက်လာတာလား.. အဲ့လက်နက်က သုံးစားမရတော့ဘူးနဲ့တူတယ် "

သူ ထိုသို့ပြောပြီး ထျန်းယွမ်သခင်ကြီးဘက် လှည့်ကြည့်လိုက်သည်။

ထျန်းယွမ်သခင်ကြီးမှာလည်း နားမလည်နိုင် ဖြစ်နေပုံပေါ်၏။

ထို့ကြောင့် သူ ဘာမှ ပြန်မပြောဘဲ ခေါင်းသာ တဆတ်ဆတ်ညိတ်ပြလိုက်သည်။

ထိုစဥ်မှာပင် ပြန်အသက်သွင်းခြင်း သခင်ကြီးထံမှ ဒေါသတကြီး အော်သံ ထွက်လာပါ၏။

" လောထျန်း.. မင်းကို ငါ ဘယ်တော့မှ မကျေဘူး "

သူ့အသွင်မှာလည်း အရူးတစ်ယောက်လို...

သူ ထိုလက်နက်ကို ပြန်ယူရန် အချိန်များစွာကြာ ပြင်ဆင်ခဲ့ရပြီး...

မတော်တဆမှုမျိုးမှ ကာကွယ်ရန်အတွက် ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထဲသို့ပင် အားသုံးပြီး မဝင်ခဲ့ပါချေ။

ထိုအစား... ယဲ့ဖူရှောက်တို့ကိုသာ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံထဲ ဝင်ပြိုင်စေခဲ့ကာ.. သူ့ကိုယ်ပွားပုံရိပ်ကို ယဲ့ဖူရှောက်ကိုယ်ထဲထည့်၍ လျှို့ဝှက်ဒေသထဲ တိတ်တဆိတ် ဝင်လာခဲ့ခြင်း ဖြစ်ပါသည်။

အစပိုင်းတွင် သူ့ အစီစဥ်မှာ ယဲ့ဖူရှောက်အား ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ၏ အဖွဲ့ဝင်တစ်ယောက် လုပ်ခိုင်းရန်ဖြစ်ပြီး.. ယဲ့ဖူရှောက်တစ်ယောက် အကြီးအကဲ ဖြစ်လာမှ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထဲ ဝန်ရန်ဖြစ်၏။

သို့သော် မျှော်လင့်မထားစွာပင် ယခုနှစ် ပြိုင်ပွဲကျင်းပနေသည့်နေရာက ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသ ဖြစ်နေခဲ့ပါသည်။

၎င်းမှာ ပြိုင်ဘက်ကင်း မှော်လက်နက်ကို ပြန်ယူနိုင်ရန် နတ်ဘုရားတစ်ပါးက သူ့အား ကူညီပေးလိုက်ခြင်းဖြစ်မည်ဟုသာ ပြန်အသက်သွင်းခြင်း သခင်ကြီး တွေးမိခဲ့၏။

သို့သော်.... ၎င်းမှာ သူ့အတွေးသက်သက်သာ...

သူ မှော်လက်နက်ကို ထုတ်ယူနိုင်ခဲ့ပြီး .. ၎င်းက အမှန်တကယ်လည်း အံ့မခန်းအစွမ်းမျိုး ရှိနေကာ ထျန်းယွမ်သခင်ကြီးတို့ လူစုကို လုံးဝ ဖိနှိပ်ထားနိုင်ခဲ့ပါသည်။

သို့သော်... ထို့နောက်တွင် လောထျန်းနှင့် တွေ့ရပြီး လောထျန်းလက်ချက်ဖြင့် ပြိုင်ဘက်ကင်း မှော်လက်နက်က အပိုင်းပိုင်းဖြစ်သွားခဲ့ရမည်ဟုမူ သူ ထင်မထားခဲ့ပါ ။

သူ နှစ်ပေါင်းများစွာကြာ သည်းခံပြင်ဆင်လာခဲ့ရသော အရာများအားလုံးက အလကား ဖြစ်သွားခဲ့လေပြီ ။

ထို့ကြောင့်လည်း သူ ရူးသွားတော့မလိုပင် ခံစားနေရပါ၏။

" လောထျန်း ၊ မင်း သေဖို့ ထိုက်တန်တယ် "

သူ ဒေါသတကြီး အော်လိုက်သည်။

တဖက်မှ လောထျန်း မျက်မှောင်ကြုံ့သွား၏။

" ငါက သေဖို့ထိုက်တန်တာ.. ဟုတ်လား ၊ မင်းကမှ သေဖို့ကောင်းတာကွ "

ဝုန်း...

ထို့နောက်တွင်... လူနှစ်ယောက်က တစ်ပြိုင်နက်တည်းနီးပါး တစ်ယောက်ဆီတစ်ယောက် ပြေးဝင်သွားကြသည်။

" ပြန်အသက်သွင်းခြင်း သိုင်းကွက်တစ်ထောင် "

ပြန်အသက်သွင်းခြင်းသခင်ကြီးက အော်၍ လက်ဖြင့် အစီအမံများ လုပ်လိုက်ရာ သူ့အနောက်ဘက်တွင် ပြန်အသက်သွင်းခြင်း အရိပ်များ ပေါ်လာကြသည်။

သို့သော်.. သူ့သိုင်းကွက်က ကောင်းကောင်းအသွင်မပေါ်သေးခင်မှာပင်..

ဝုန်း . .

လောထျန်းက လက်သီးဖြင့် ထိုးလာသောကြောင့်

အရိပ်များအားလုံး ပြိုကွဲသွားကြသည်။

သို့သော်.. ပြန်အသက်သွင်းခြင်း သခင်ကြီးက ချက်ချင်း အချိန်နောက်ပြန်ဆုတ်၍ အရိပ်များအားလုံးကို ယခင်အတိုင်း ပြန်စုစည်းလိုက်၏။

" လောထျန်း... မင်း... "

သူ လောထျန်းအား အော်ဆဲရန် ပြင်လိုက်သည်။

သို့သော် ထိုစဥ်မှာပင် ရွှေရောင်လက်ဝါးကြီးတစ်ခု ရောက်လာကာ သူ့အား ဖမ်းဆုပ်လိုက်၏။

" သေစမ်းကွာ "

လောထျန်း ပြောပြီး လက်ယမ်း၍ ပြန်အသက်သွင်းခြင်း သခင်ကြီးအား မြေပြင်တွင် ခပ်ကြမ်းကြမ်းဆောင့်ကာ ဖိခြေလိုက်သည်။

ဘုန်း .

မြေပြင်၌ မိုင်ထောင်ချီ အကျယ်ရှိသော တွင်းနက်ကြီးတစ်ခု ဖြစ်သွားပါ၏။

ထိုတွင်းနက်ကြီး၏ အလယ်မှ ချော်ရည်များလည်း မဆက်မပြတ် ပွက်ပွက်ထလာသည်။

" ဟင်... "

၎င်းကို မြင်လိုက်ရသော သားရဲများအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကုန်၏။

၎င်းက ဘယ်လိုအစွမ်းမျိုးပါလဲ...

သူတို့ထင်ထားခဲ့သည့် အားနည်းသော လူသားမျိုးနွယ်က ဘယ်ရောက်သွားပြီလဲ...

၎င်းကို အားနည်းသည်ဟု ခေါ်နိုင်ပါသေးလား..

အစောက သိုင်းကွက်သည်သာ သူတို့ကို ရည်ရွယ်ခဲ့ပါက သူတို့အားလုံးနီးပါး တမဟုတ်ချင်း ပျောက်ကွယ်သွားရပါလိမ့်မည်။

ဝှစ်..

ထိုစဥ်မှာပင် ပြန်အသက်သွင်းခြင်း သခင်ကြီးက တွင်းနက်ထဲမှ ထွက်လာသည်။

" လောထျန်း.... "

သူ စကားပြောရန် ပြင်လိုက်ပြန်၏။

သို့သော်.. တစ်ချိန်တည်းမှာပင် ရွှေရောင်လက်ကြီးနှစ်ခုက ဘယ်တစ်ဖက် ၊ ညာတစ်ဖက်ညှပ်၍ တိုက်ခိုက်လာပြန်သည်။

ဝုန်း....

အသံကျယ် တစ်သံနှင့်အတူ လက်ဝါးကြီးနှစ်ဖက် ဆုံတွေ့သွား၏။

ပြန်အသက်သွင်းခြင်း သခင်ကြီးမှာလည်း ထိုလက်ဝါးနှစ်ခုကြားထဲ ခြင်တစ်ကောင်လို အရိုက်ခံလိုက်ရသည်။

သို့သော် ချက်ချင်းဆိုသလိုပင် သူ အကောင်းတိုင်းပြန်ဖြစ်သွားပါ၏။

" လောထျန်း .... "

ဤတစ်ကြိမ်တွင်လည်း သူ စကားစလိုက်ချိန်မှာပင် လောထျန်း၏ ရွှေရောင်လက်ဝါးကြီးက သူ့အား ဖမ်းဆုပ်လိုက်ပြန်သည်။

" သေစမ်း "

ယခုတစ်ကြိမ်တွင် လောထျန်းက ပြန်အသက်သွင်းခြင်း သခင်ကြီး၏ မျက်နှာတည့်တည့်ကို လက်သီးဖြင့်ထိုးကာ သတ်လိုက်၏။

ဝုန်း...

ပြန်အသက်သွင်းခြင်း သခင်ကြီး ပြိုကွဲသွားရပြန်တော့သည်။

ဤသို့ဖြင့် .. သူ အချိန်နောက်ပြန်ဆုတ်ကာ အကောင်းတိုင်း ပြန်ဖြစ်လိုက် ၊ လောထျန်းက သူ့အား အပိုင်းပိုင်းဖြစ်အောင် ပြန်လုပ်လိုက်ဖြင့် သံသရာလည်နေပါတော့၏။

လောထျန်း၏ သိုင်းကွက်သိုင်းက သူ့အား စက္ကန့်ပိုင်းလေးအတွင်း သတ်ပစ်လိုက်နိုင်သည်ချည်းပင် ။

သတ်ပုံသတ်နည်းကလည်း တစ်ကြိမ်နှင့်တစ်ကြိမ် မတူပါချေ။

ထိုသို့ လုပ်နေစဥ်တလျှောက်တွင်လည်း ပြန်အသက်သွင်းခြင်း သခင်ကြီး ခုပင် မခုခံနိုင်ရှာပါ ။

သူ စကားတစ်ခွန်းပင် ပြီးအောင် မပြောရဘဲ လောထျန်းလက်ချက်ဖြင့် သေနေရပါ၏။

၎င်းကို ဘေးမှကြည့်နေကြသော အကြီးအကဲများထဲမှ တစ်ယောက်က ထျန်းယွမ်သခင်ကြီးဘက် ရုတ်တရက် လှည့်ကြည့်၍ မေးသည်။

" ဟို... ဘိုးဘေး ၊ အဲ့ကောင်ကြီးက ဘိုးဘေးပြောခဲ့တဲ့ ကမ္ဘာကြီးကိုတောင် ဖျက်ဆီးနိုင်တဲ့ နတ်ဆိုး ဟုတ်လို့လား ။ အခု ကြည့်ရတာ ... သိပ်လဲ အစွမ်းမထက်သလိုပဲ "

သူ့ဘေးမှ အခြားအကြီးအကဲများကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ထျန်းယွမ်သခင်ကြီးက နဖူးမှချွေးကို သုတ်ကာ ပြန်ပြော၏။

" အင်း... တကယ်တော့. သူက အစွမ်းထက်တယ်

ကွ "

အားလုံး ဆွံ့အသွားပါသည်။

သူတို့ဖြစ်သွားသည့် မျက်နှာထားကို မြင်သော ထျန်းယွမ်သခင်ကြီးက ချောင်းဟန့်၍ ပြောသည်။

" ဒီလိုလေကွာ... လောထျန်းက ဒီကောင့်ကို အကြိမ်ရေအများကြီး သတ်ခဲ့ပြီးပေမယ့် သူက အချိန်နောက်ပြန်ဆုတ်ပြီးတော့ ပြန်အသက်ရှင်လာတုန်းပဲ ။ အဲ့တော့... လောထျန်းက သူ့ကို တကယ်ကြီး သတ်လို့မရဘူး

သူ့စကားကြောင့် အားလုံး ပါးစပ်အဟောင်းသား...

သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ရသည်မှာလည်း ထျန်းယွမ်သခင်ကြီး၏ ပြောစကားက အဓိပ္ပါယ်ရှိပုံ ရပါသည်။

ထိုစဥ် သခင်ကြီးဟောင်က မျက်မှောင်ကြုံ့ရင်း ပြော၏။.

" ဒါပေမယ့်.. လောထျန်းက အဲ့ကောင်ကို မသတ်ချင်သေးလို့ မသတ်သေးတာလို့ပဲ ကျုပ် စိတ်ထဲ ထင်

နေတယ် ။ သူက ဒေါသဖြေချင်လို့ အဲ့ကောင်ကြီးကို တမင်နှိပ်စက်နေတာနဲ့ တူနေတယ်ဗျ... "

" ဟင် .... "

အားလုံး အံ့သြသွားပြီး ထပ်ကြည့်လိုက်ရာ.. သခင်ကြီးဟောင် ပြောသည့်အတိုင်းက ပိုဖြစ်နိုင်သည်ကို တွေ့လိုက်ရသည်။

လောထျန်းအသွင်မှာ ဘာကိုမှ စိုးရိမ်ပူပန်နေဟန် မရှိဘဲ သူတို့နှစ်ယောက်ကြားမှ ရန်ငြိုးကို ဖြေဖျောက်လို၍သာ တဖက်လူအား နည်းပေါင်းစုံဖြင့် သတ်နေဟန် တူပါ၏။

" သူတို့နှစ်ယောက်ကြားမှာ ရန်ငြိုးတွေ ရှိထားတာများလား "

ထျန်းယွမ်သခင်ကြီး မျက်မှောင်ကြုံ့၍ မေးလိုက်သည်။

သခင်ကြီးဟောင်က ခေါင်းကုတ်ရင်း ပြန်ပြော၏။

" ကျုပ် သိထားတဲ့အတိုင်းဆိုရင်တော့.. လောထျန်းက အသက် ၂၀ တောင် မပြည့်သေးဘူးဗျ ။ သူနဲ့ ပြန်

အသက်သွင်းခြင်း သခင်ကြီးနဲ့က မျိုးဆက်လဲ မတူတော့ သူတို့ကြားမှာ ဘယ်လိုလုပ် ရန်ငြိုးရှိထားနိုင်မှာလဲဗျာ "

သူ့စကားကြောင့် ထျန်းယွမ်သခင်ကြီး အပါအဝင် ကျန်လူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပါသည်။

" ဘယ်လို... အသက် ၂၀ တောင် မရှိသေးဘူး.. ဟုတ်လား "

" နောက်များနေသလားကွာ ။ ငါက သူ့ကို အနည်းဆုံး နှစ် သုံး၊လေး ထောင်တော့ ရှိပြီထင်နေတာ "

" ဟုတ်တယ်.. အသက် ၂၀ အောက်ထဲမှာ အဲ့လောက်အစွမ်းထက်တဲ့သူမျိုး ရှိလို့လား "

အားလုံး သခင်ကြီးဟောင်အား စိုက်ကြည့်ကာ ပြောလိုက်ကြသည်။

သခင်ကြီးဟောင်က မျက်နှာနီနီဖြင့် ပြန်ပြော၏။

" အဲ့ဒါတော့ ကျုပ်လဲ မသိဘူး ။ ကျုပ် သိထားတဲ့သတင်းကတော့ အဲ့တိုင်းပဲ "

တဖက်မှ ထျန်းယွမ်သခင်ကြီးတို့လူစု အံ့သြမှင်သက်သွားရပြန်သည်။

လောထျန်းက သူတို့ ထင်ထားသည်ထက်ပင် များစွာပိုအစွမ်းထက်ပုံ ပေါ်ပါ၏။

သို့သော်.. ထိုစဥ်မှာပင် လူတစ်ယောက်က ရုတ်တရက် အသံတုန်တုန်ဖြင့် ပြောလာသည်။

" ဟို.... သခင်ကြီး ... "

"ဟင်.. ဘာဖြစ်လို့လဲ "

ထျန်းယွမ်သခင်ကြီး ပြန်မေးလိုက်၏။

တဖက်လူက တံတွေးကို ခက်ခက်ခဲခဲမြိုချရင်း ပြန်ပြောသည်။

" ကျုပ်ထင်တာတော့... အခု အန္တရာယ်ပိုကြီးတဲ့သူက ပြန်အသက်သွင်းခြင်း သခင်ကြီး မဟုတ်တော့ဘဲနဲ့.. လောထျန်း ဖြစ်သွားတော့မယ်ထင်တယ် "

" ဟင်.. မင်းစကားက ဘာအဓိပ္ပါယ်လဲ "

အားလုံးက သူ့အား မျက်နှာထားတင်းတင်းဖြင့် ကြည့်လိုက်ကြသည်။

တဖက်လူက မြန်မြန်ရှင်းပြရှာ၏။

" ကျုပ်က တခြားသဘောနဲ့ပြောတာ မဟုတ်ပါဘူးဗျာ ။ ကျုပ်ဆိုလိုတာက.. လောထျန်းရဲ့အစွမ်းက ကြောက်စရာကောင်းလွန်းနေတော့ တကယ်လို့သာ သူ ဒီတိုင်းကြီး ဆက်တိုက်ခိုက်နေရင် ချင်းယွမ်ဒေသ တစ်ခုလုံး သူ့လက်ချက်နဲ့ ဖျက်ဆီးခံရတော့မယ့်ပုံပဲ "

All Chapters