← Chapters

အခန်း (၈၆၃)

Vol. 62 Ch. 863

အခန်း (၈၆၃)

Vol. 62 Ch. 863

ထျန်းယွမ်သခင်ကြီး မျက်မှောင်ကြုံ့သွားသည်။

" မဖြစ်နိုင်တာ.. လောထျန်းက ဘယ်လိုလုပ်ပြီး... "

သို့သော်.. သူ့စကား မဆုံးခင်မှာပင်..

ဝုန်း..

သူ့နောက်တွင် အသံကျယ်တစ်သံ မြည်လာပြီး လေပြင်းတစ်ချက် တိုက်ခတ်လာသဖြင့် ထျန်းယွမ်သခင်ကြီး လွင့်ထွက်မလိုပင် ဖြစ်သွားသည်။

" ဘာတွေဖြစ်နေတာလဲ "

သူ ချက်ချင်း နောက်လှည့်ကြည့်လိုက်၏။

ဤတစ်ကြိမ်တွင် လောထျန်းက လက်သီးဖြင့် ထိုးလိုက်ရာ လေထုကြီး ပြိုကွဲသွားပြီး ပြန်အသက်သွင်းခြင်း သခင်ကြီးမှာလည်း ဟင်းလင်းပြင်လေထုထဲ

လွင့်ထွက်သွားသည်။

" အဲ့လိုလဲ ကောင်းတာပဲ ။ ဒီကောင်ကြီး ဟင်းလင်းပြင်လေထုထဲ ရောက်သွားတော့ တော်တော်ကြာတဲ့အထိ ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး ။ သူ့ကို ချုပ်နှောင်လိုက်တာနဲ့လဲ တူသွားတယ် "

ထျန်းယွမ်သခင်ကြီး စိတ်ထဲမှ တွေးလိုက်သည်။

သို့သော်...

ဝုန်း..

ထိုစဥ်မှာပင် လောထျန်းက ကောင်းကင်ဘုံလက်ဝါးသိုင်းကို သုံး၍ ဟင်းလင်းပြင်လေထုထဲ လက်ဆန့်လိုက်သည်။ ထို့နောက် လေထုအရှုပ်အထွေးကြားမှ ပြန်အသက်သွင်းခြင်းသခင်ကြီး အား ပြန်ဆွဲယူလိုက်၏။

ထျန်းယွမ်သခင်ကြီး : ........

ဘာတွေ ဖြစ်နေပါသနည်း. ။

ဟင်းလင်းပြင်လေထုထဲရောက်အောင် ထိုးလိုက်ပြီးမှ ပြန်ဖမ်းလာသတဲ့လား..

ဝှစ်..

ထိုစဥ်မှာပင် ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းများက ပျက်စီးနေသော လေထုအား ပြန်လည်ပြင်ဆင်ရန် ကြိုးစားလာသည်။

သို့သော် ...

လောထျန်းက လက်ဆန့်ထုတ်၍ စည်းမျဥ်းတစ်ခုကို ဆွဲယူကာ ပြန်အသက်သွင်းခြင်း သခင်ကြီး၏ လည်မျိုကို ရစ်ပတ်ထားလိုက်သည်။

" ဒါ.... "

ထျန်းယွမ်သခင်ကြီး အံ့သြတုန်လှုပ်သွားရပြန်၏။

သူ ရှေးခေတ်မှစ၍ ယနေ့အထိ အသက်ရှင်လာခဲ့သော နှစ်ပေါင်းများစွာ ကာလအတွင်း ထိုသို့သော တိုက်ခိုက်နည်းမျိုးကို ကြားပင်မကြားဖူးခဲ့ပါ ။

ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းများသည် ကမ္ဘာကြီး လည်ပတ်ရန်အတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး လေထုကို ပြင်ဆင်သည့်နေရာတွင် သုံးပါ၏။

၎င်းကို ယခုကဲ့သို့ လက်နက်တစ်ခုအဖြစ် အသုံးချကြောင်း သူ မကြားဖူးခဲ့ပါ ။

ဝုန်း..

ထိုစဥ်မှာပင် ပြန်အသက်သွင်းခြင်းသခင်ကြီး၏ ခေါင်းက စည်းမျဥ်းများကြောင့် ပြိုကွဲသွားတော့သည်။

သို့သော် မကြာခင်မှာပင် သူ အကောင်းပကတိ ပြန်ဖြစ်သွားပါ၏။

ဝီ...

ထိုစဥ်မှာပင် ဘေးပတ်လည်၌ မရေမတွက်နိုင်သော ထွင်းစာများ ပေါ်လာကာ လောထျန်းအား ဖိနှိပ်လာကြသည်။

၎င်းကိုမြင်သော ထျန်းယွမ်သခင်ကြီး မျက်နှာထား အနည်းငယ်ပြောင်းသွား၏။

" ဟာ.. မဖြစ်ဘူး ၊ ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းတွေ ကမောက်ကမ ဖြစ်သွားလို့ တာအိုထွင်းစာတွေကိုပါ ကမောက်ကမဖြစ်အောင် လုပ်မိသွားတာနဲ့ တူတယ် ။ ဒီတိုင်းဆို.. ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းတွေက လောထျန်းကို ရှင်းပစ်ကြတော့မှာလား "

အားလုံးမှာလည်း ထိုစကားကိုကြားပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းများမှာ နောက်စရာကိစ္စ မဟုတ်ပါချေ။

သို့သော်.. တာအိုထွင်းစာများက လောထျန်းပေါ်သို့ ကျလုဆဲဆဲမှာပင်..

လောထျန်းက လက်ဆန့်၍ ဘေးနားတဝိုက်မှ ထိုတာအိုထွင်းစာများကို ဆွဲယူကာ ပြန်အသက်သွင်းခြင်းသခင်ကြီး ဆီသို့ ပစ်လိုက်သည်။

ဝုန်း...

ပြန်အသက်သွင်းခြင်းသခင်ကြီး မှာ မထူးဆန်းစွာပင် အပိုင်းပိုင်း ဖြစ်သွားပြန်ပါ၏။

အားလုံး မှင်သက်ဆွံ့အလျက် ....

ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းများကို လက်နက်အဖြစ် သုံးခဲ့ရုံမကဘဲ... အပေါ်ကမ္ဘာ၏ တာအိုထွင်းစာများကိုပင် ကိုင်ပေါက်ခဲ့သေးသတဲ့လား...

မည်မျှ ကြောက်မက်ဖွယ်ကောင်းသော လုပ်ရပ်မျိုးပါလဲ...

ထိုစဥ် သခင်ကြီးလုံက ဘေးပတ်လည်သို့ လှည့်ကြည့်လိုက်ရာ.. သူ့ မျက်ကွင်းတဆုံး နှင့် သူ့စိတ်ဝိဥာဥ်အစွမ်းဖြင့် ကြည့်၍ရသလောက် အတိုင်းအတာထိ အကောင်းတိုင်း ကျန်နေသေးသော လေထု နှင့် မြေပြင် နည်းနည်းလေးပင် မရှိတော့သည်ကို တွေ့လိုက်ရသည်။

ထို့ထက်ပိုဆိုးသည်မှာ တာအိုထွင်းစာများက ဆက်စုစည်းနေပြီး လောထျန်းကို ဖိနှိပ်ရန် ကြိုးစားလာဆဲ ဖြစ်သဖြင့် လေထုကလည်း ပိုပို၍ မငြိမ်မသက်

ဖြစ်လာနေခြင်းပင် ။

ယခုတစ်ကြိမ် လောထျန်း၏ ဒေါသက အမှန်တကယ် ကြောက်စရာကောင်းလှပါသည်။

" ထျန်းယွမ်သခင်ကြီး.. ဒီတိုင်းသာ ဆက်သွားနေရင် ချင်းယွမ်ဒေသက ခံနိုင်တော့မှာ မဟုတ်ဘူးဗျ "

သခင်ကြီးလုံ ပြောလိုက်သည်။

ထျန်းယွမ်သခင်ကြီးကလည်း ခေါင်းညိတ်၍ ဆို၏။

" ဒါပေမယ့်.. သူ့ကို ဒေါသမထွက်အောင် ဘယ်လိုတားကြမလဲကွ "

အားလုံး တိတ်သွားကြပြန်တော့သည်။

မှန်ပါသည်... လောထျန်းအား ဒေါသမထွက်အောင် မည်သူ တားနိုင်ပါသနည်း ။

ထိုစဥ်တွင် တဖက်မှ လောထျန်းမှာ တာအိုထွင်းစာများ၏ ရစ်နွယ်မှုကို ခံနေရသဖြင့် ပြန်အသက်သွင်းခြင်း သခင်ကြီး အသက်ရှူရန်အခွင့်အရေး ရသွားရှာ၏။

လက်ရှိတွင် ပြန်အသက်သွင်းခြင်းသခင်ကြီး မှာ ယခင်ကဲ့သို့ ရူးသွပ်နေသည့် မျက်လုံးများ မရှိတော့ဘဲ အလွန်တည်ငြိမ်နေပါသည်။

" ခဏနေပါဦး လောထျန်း ၊ မင်းနဲ့ ငါနဲ့ကြားမှာ ဆိုးဆိုးရွားရွား ရန်ငြိုးလဲ ရှိမထားပါဘူး ။ မင်း ဘာလို့ ခုလိုတွေ လုပ်နေရတာလဲ "

ပြန်အသက်သွင်းခြင်း သခင်ကြီးက ထိုစကားကို ပြောချိန်တွင် အလွန်ဝမ်းနည်းနေဟန်လည်း တူသည်။

သူ့ကိုယ်ပိုင် နတ်ဘုရားလက်နက်မှာ လောထျန်းကြောင့် ပျက်စီးခဲ့ပြီး.. ယခုလည်း သူ့ဘက်မှစ၍ ခေါင်းငုံ့နေရသည် မဟုတ်ပါလား.. ။

သို့သော်.. ထိုသို့မလုပ်၍လည်း မဖြစ်တော့ပါ ။

ယခု သူ့ကိုယ်ပွားပုံရိပ်သည် သာမာန် ကိုယ်ပွားပုံရိပ်များလို မဟုတ်ဘဲ သူ့ခန္ဓာကိုယ်အစစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါ၏။

သို့ဖြစ်ရာ ဤကိုယ်ပွားပုံရိပ်သာ ဖျက်ဆီးခံလိုက်ရပါက.. သူ့ခန္ဓာကိုယ် အစစ်မှာလည်း ထိခိုက်မှုကြီးကြီးမားမား ရသွားနိုင်ပါသည်။

အကယ်၍ နတ်ဘုရားလက်နက်သာ ရှိနေသေးလျှင် သူ ၎င်းကိုသုံးပြီး ဒဏ်ရာများမှ ပြန်ကောင်းလာအောင် လုပ်နိုင်သေးသော်လည်း...

နတ်ဘုရားလက်နက်က ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ.. သူ့ကိုယ်ပွားပုံရိပ်ကိုပါ ထပ်ပြီး မဆုံးရှုံးချင်ပါချေ။

ထို့ကြောင့်လည်း သူ့ဘက်မှစ၍ ခေါင်းငုံ့နေရခြင်းပင် ။

သို့သော် လောထျန်းမှာမူ ထိုစကားကို ကြားသည်နှင့် မျက်လုံးထဲ လူသတ်အရိပ်အငွေ့များ ဆူပွက်လာပါ၏။

" ရန်ငြိုးမရှိဘူး ဟုတ်လား... မင်းအပေါ်မှာ ရှိတဲ့ ငါ့ရင်ထဲက အမုန်းက ပင်လယ်ကြီးလောက်ကို နက်တာကွ "

ဝုန်း...

သူ ပြောပြီး လက်သီးဖြင့် ထပ်ထိုးလိုက်သည်။

ဘုန်း..

ပြန်အသက်သွင်းခြင်းသခင်ကြီး အပိုင်းပိုင်း ဖြစ်သွားကာ.. ပြန်ကောင်းလာပြန်၏။

" ခဏလေး နေပါဦးကွာ.. ငါက မင်းကို ဘယ်လိုများရန်စမိလိုက်လို့လဲ ။ ငါ့ကို ကောင်းကောင်းမွန်မွန် ရှင်းပြပေးလို့ရမလား "

ပြန်အသက်သွင်းခြင်း သခင်ကြီး အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

အားလုံးလည်း သိချင်စိတ် ဖြစ်သွားကြ၏။

လောထျန်းက အဘယ့်ကြောင့် ဤမျှဒေါသထွက်နေရသည်ကို သူတို့ နားမလည်ပါ ။

ထိုစဥ် လောထျန်းက အံကြိတ်၍ ပြောသည်။

" မင်းက ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင်ကို ဖျက်ဆီးပစ်ခဲ့တာလေ "

ပြန်အသက်သွင်းခြင်းသခင်ကြီး အံ့သြမှင်သက်သွားရတော့သည်။

" အဲ့ဒါကြောင့်နဲ့ ငါ့ကို အကြိမ်တစ်ထောင်ကျော် သတ်ခဲ့တာလား.. "

လောထျန်း နှုတ်ခမ်းမဲ့သွားသည်။

ဘုန်း...

ပြန်အသက်သွင်းခြင်းသခင်ကြီး အပိုင်းပိုင်း ဖြစ်သွားရပြန်၏။

" အဲ့ဒါလေးနဲ့.. ဟုတ်လား ။ အဲ့ ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်ပင်က ငါ့အတွက် ဘယ်လောက်အရေးကြီးလဲ သိရဲ့လား "

လောထျန်း ဒေါသတကြီး အော်နေချိန်မှာပင် သူ့အရောင်အဝါလည်း ထိုးတက်လာသည်။

ဘုန်း...

တာအိုထွင်းစာများ နောက်ဆုတ်သွားပြီး ကမ္ဘာကြီးတစ်ခုလုံး မငြိမ်မသက် ဖြစ်လာတော့၏။

မလှမ်းမကမ်းတွင် ရှိနေသော ယွမ်ယင်က လောထျန်းအား မျက်ရည်လဲ့နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။

" သူက ငါ့ကြောင့်မို့လို့.. အဲ့လောက်ဒေါသထွက်နေတာတဲ့လား.. "

သူမ ရင်ထဲတွင် လှိုက်ခနဲ ခံစားလိုက်ရပါသည်။

တဖက်မှ မူလပုံစံ ပြန်ရောက်လာသော ပြန်အသက်သွင်းခြင်းသခင်ကြီး မှာလည်း နောင်တမျက်လုံးများဖြင့် ဖြစ်နေပါတော့သည်။

သူ ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင်ကို အဘယ့်ကြောင့် ဖျက်ဆီးမိခဲ့ရပါသနည်း ။

သူ နတ်ဘုရားလက်နက်ကို ပြန်ရပြီးချိန်တွင် နောက်လှည့်ထွက်သွားခဲ့သင့်ပါသည်။

သို့သော်.. နောက်ဆုံးတွင် သူ လုပ်လိုက်မိသည့်

လုပ်ရပ်တစ်ခုက ကြောက်မက်ဖွယ် လူသတ်သမားကြီးကို ရန်စလိုက်သလို ဖြစ်သွားခဲ့ရ၏။

ယခု... သူ ဘာလုပ်ရပါတော့မည်နည်း ။

ဝုန်း...

ထိုစဥ် တဖက်မှ လောထျန်း၏ အရောင်အဝါက ထပ်တိုးလာပြန်ပါသည်။

ကမ္ဘာကြီးတစ်ခုလုံးလည်း တုန်ခါလာ၏။

" မဖြစ်ဘူး.. ဒီအခြေနေကြီးမှာ တိုက်ခိုက်ခိုင်းလိုက်ရင် ဖြစ်လာမယ့်အကျိုးဆက်က မတွေးရဲစရာ ဖြစ်သွားလိမ့်မယ် "

ထျန်းယွမ်သခင်ကြီး အလန့်တကြား ပြောလိုက်သည်။

သခင်ကြီးလုံလည်း ထိုစဥ်မှ အသိပြန်ဝင်ကာ လောထျန်းဆီသို့ ချက်ချင်းပျံသန်းသွားလိုက်သည်။

" သခင်ကြီးလော... သခင်ကြီးလောထျန်း ၊

ကျေးဇူးပြုပြီး ရပ်ပါဦးဗျာ.. "

လောထျန်းက အသံကြားကြားချင်း လှည့်ကြည့်လာ၏။

သခင်ကြီးလုံမှာ သူ့အကြည့်ကြောင့် လဲကျမလိုပင် ဖြစ်သွားရှာသည်။

သို့သော် သူ အသံတုန်တုန်ဖြင့် ဆက်အော်ပြောလိုက်၏။

" ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင်ကို ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ မစခင်မှာ ကျုပ်တို့ယူထားတာ ရှိပါတယ် ။ သခင်ကြီး လိုချင်တယ်ဆိုရင် ကျုပ်တို့ ပေးပါ့မယ်ဗျာ ။ ပြီးတော့ အဲ့လို မသေမျိုးသစ်ပင်က အရင်တည်းက ပြည့်စုံပြီးသားမို့ သေချာပြန်ဂရုစိုက်လိုက်တာနဲ့ အကောင်းတိုင်း ပြန်ဖြစ်နိုင်ပါတယ် "

" ဟင်... "

ထိုစကားကို ကြားသောအခါ လောထျန်း အနည်းငယ်အံ့သြသွားဟန် တူပြီးနောက် သူ့ကိုယ်မှ လူသတ်

အရိပ်အငွေ့လည်း ရုတ်ချည်း အားနည်းသွားသည်။

တုန်ခါနေသော ကောင်းကင်နှင့်မြေကြီးလည်း ရုတ်ချည်း ပြန်တည်ငြိမ်သွား၏။

၎င်းကိုမြင်မှ အားလုံး သက်ပြင်းချနိုင်သွားကြသည်။

တဖက်မှ ပြန်အသက်သွင်းခြင်းသခင်ကြီးမှာကား အလွန်စိတ်ဓာတ်ကျနေပါတော့သည်။

ထို ပြန်ပေါက်နိုင်သော သစ်ပင်လေးတစ်ပင်ကြောင့် သူ ကြိမ်ဖန်များစွာ အသတ်ခံခဲ့ရသတဲ့လား...

" ခင်ဗျား အမှန်တိုင်း ပြောနေတာလား "

လောထျန်း မေးလိုက်သည်။

သခင်ကြီးလုံ ခေါင်းညိတ်ပြကာ သူ့ဟင်းလင်းပြင်လက်စွပ်ထဲမှ ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင် အပိုင်းများကို ချက်ချင်းထုတ်လိုက်၏။

" အမှန်တွေပါဗျာ ။ သခင်ကြီးသာ လိုချင်ရင် ဒါတွေ

အားလုံးကို ပေးပါ့မယ် "

သူ ပြောပြီး သစ်ပင်အပိုင်းများအား လက်နှစ်ဖက်ဖြင့် တရိုတသေ ပေးလိုက်သည်။

လောထျန်းက လက်ယမ်း၍ ၎င်းတို့ကို လှမ်းယူ၏။ သူ့မျက်နှာလည်း ဝင်းသွားသည်။

" တကယ်ကြီး ရှိနေသေးတာပေါ့ "

ထို့နောက် သူ သခင်ကြီးလုံအား ဦးညွှတ်ဆို၏။

" အဲ့လိုဆိုရင်တော့.. ကျေးဇူးအများကြီး တင်ပါတယ်ဗျာ "

ထိုအချိန်မှသာ သခင်ကြီးလုံတစ်ယောက် စိတ်အေးသွားပါတော့သည်။

ထိုစဥ် လောထျန်းက ပြန်အသက်သွင်းခြင်းသခင်ကြီး ဘက်သို့ ရုတ်တရက်လှည့်ကာ မျက်မှောင်ကြုံ့ရင်း ကြည့်၏။

" ဟင်. ... မင်းပါလား.. "

လောထျန်း ပြောသည်။

တဖက်မှ ပြန်အသက်သွင်းခြင်းသခင်ကြီးမှာ ဒေါသထွက်လွန်း၍ နှာခေါင်းကြီးပင် စောင်းသွားတော့မလို..

လောထျန်း၏ သူ့အား အကြိမ်ပေါင်းထောင်ချီ သတ်ခဲ့ပြီး... ယခုမှသာ သူဘယ်သူမှန်း သိသတဲ့လား ။

" သခင်ကြီးလောထျန်း ၊ သူက ရှေးခေတ်က ဘီလူးကြီးတစ်ယောက်ဖြစ်တဲ့ .. ပြန်အသက်သွင်းခြင်းသခင်ကြီး ပဲဗျ ။ ကျုပ်တို့တွေ သူ့ကို အလွတ်ပေးလို့ မဖြစ်ဘူး "

သခင်ကြီးလုံ လှမ်းအော်ပြောလိုက်သည်။

သို့သော် လောထျန်းက ခေါင်းယမ်း၍ ပြန်ပြောပါ၏။

" မဟုတ်ဘူးဗျ ၊ သူက ပြန်အသက်သွင်းခြင်းသခင်ကြီး မဟုတ်ဘူး "

All Chapters