← Chapters

သိပွံနည်းကျ ငြင်းခုန်မှု ၆

Vol. 26 Ch. 382

သိပွံနည်းကျ ငြင်းခုန်မှု ၆

Vol. 26 Ch. 382

“ဒါပေါ့… ကံကောင်းရင် ပထမဆုံး စမ်းသပ်မှုမှာတင် ရသွားနိုင်ပါတယ်” တင်းကျန်းရီက ပခုံးတွန့်ပြသည်။

“ဒါက သိပ္ပံပဲ—အထူးသဖြင့် ပစ္စည်းသုတေသနမှာပေါ့။ ဒါက မော်လီကျူးတွေနဲ့ အန်စာတုံး လှိမ့်ချသလိုပါပဲ။ ရိုးရိုးစကားနဲ့ ပြောရရင် ကံပဲ”

“ငါတို့ ဒီနေရာမှာ နှစ်ရက်ပဲ အချိန်ရှိတယ်” လင်းရှန်က ပြောသည်။

“နှစ်ရက်ဆို လုံလောက်ပါတယ်” ပါမောက္ခကောင်းစီချန်းက ဖြတ်ပြောသည်။

“ဒါရိုက်တာတင်း ပြောတာ မှန်တယ်။ ကိုးကားချက်ရှိရင် အဓိကပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားပြီ။ နှစ်ရက်လောက်ပဲ ငါတို့ကို ငှားပေးပါ...ငါ…”

“ဒါက မဖြစ်နိုင်ဘူးလေ… ပါမောက္ခ” သုတေသီတစ်ဦးက စိုးရိမ်သော အကြည့်ဖြင့် ဖြတ်ပြောသည်။

“ကျွန်တော် ခုနက ဒေတာတွေကို ကြည့်ခဲ့တယ်။ ဆင်တူတဲ့ အရည်အသွေးရှိတဲ့ ဒြပ်ထုများတဲ့ အမှုန် အမျိုးအစား တစ်ထောင်ကျော် ရှိတယ်။ နှိုင်းယှဉ် စမ်းသပ်မှုတွေ လုပ်ရရင်တောင် အနည်းဆုံး စမ်းသပ်မှုရာပေါင်းများစွာ လိုအပ်ပါတယ်”

“ဟုတ်တယ်။ ကျွန်တော်တို့ အရမ်း ကံကောင်းမှ မဟုတ်ရင် နှစ်ရက်က မလုံလောက်ဘူး”

“လုံလောက်မှာပါ”

ကောင်းစီချန်းက ပိတ်ပြောလိုက်သည်။

“ငါ အခုပဲ ကျိုးယန်ကို ဖုန်းခေါ်ပြီး အဆင့်မြင့်သန့်စင်ဂျာမေနီယမ်ထောက်လှမ်းကိရိယာကို ငှားဖို့ ချွမ်းချန်ကို လူလွှတ်ခိုင်းမယ်။ ဖမ်းဆီးထားတဲ့ ထူးဆန်းသတ္တဝါတွေကို တိုက်ရိုက်စမ်းသပ်ဖို့ အသုံးပြုနိုင်တယ်။ နှစ်ရက်ဆိုရင် လုံလောက်သင့်ပါတယ်”

ဤပါမောက္ခအိုကြီးသည် ဖြေရှင်းချက်ကို အမြန်ဆုံး ရှာဖွေနိုင်ရန်အတွက် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို ကြိုးစားနေသည်မှာ ရှင်းနေသည်။

“မဖြစ်နိုင်ဘူး” ဝေ့ကီရှုက ခေါင်းခါလိုက်သည်။

“ချွမ်းချန်ကို သွားဖို့ အချိန်မရှိဘူး။ စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ရဲ့ အစောင့်အရှောက်လည်း လိုအပ်တယ်။ ပြီးတော့ ကျနော်တို့ အချက်ပြကိုလည်း ထုတ်လွှင့်လို့ မရဘူး”

ထိုအချက်က ပတ်ဝန်းကျင်တစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။

သူတို့သည် နှစ်ရက်ဆက်တိုက် မအိပ်ဘဲ နေခဲ့ရင်တောင်မှ ရလဒ်ကို အာမမခံနိုင်သေးပေ။ သုတေသီများသည် သိသိသာသာ စိတ်ပျက်နေပုံရသည်။

“ကျုပ်တို့မှာ အဆင့်မြင့်သန့်စင်ဂျာမေနီယမ် ထောက်လှမ်းကိရိယာ ရှိတယ်”

ရုတ်တရက် ထွက်ပေါ်လာသော အသံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ လူတိုင်းသည် စကားပြောသူဘက်သို့ လှည့်ကြည့်လိုက်သည်—ယုဟန်… သူသည် ယခုအချိန်အထိ တိတ်ဆိတ်စွာ နေခဲ့သူ ဖြစ်သည်။

သူသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ခိုင်မာစွာ ကြေညာသည်။ “အင်ပါယာပရောဂျက်မှာ S-Classအဆင့် ထူးဆန်းတဲ့ သတ္တဝါနှင့် အနီးကပ်ထိတွေ့ပြီးတော့ စွမ်းအင်အမှုန်တွေကို ထောက်လှမ်းဖို့အတွက် အထူးပြု အဆင့်မြင့်သန့်စင်ဂျာမေနီယမ် ထောက်လှမ်းကိရိယာ ရှိပါတယ်။ ပါမောက္ခကောင်းက လိုအပ်မယ်ဆိုရင် ကျုပ်တို့ ပေးပါ့မယ်”

သူ စကားပြောပြီးသည်နှင့် အင်ပါယာအဖွဲ့မှ သုတေသီများသည် ထိတ်လန့်တကြား အသက်ရှူမှားသွားကြသည်။

“ခေါင်းဆောင်ယု… အဲဒီထောက်လှမ်းကိရိယာက ကျွန်တော်တို့အတွက် အရေးကြီးတယ်…”

“ငါတို့ သူတို့ကို အရင်ထောက်ခံမယ်”

ယုဟန်၏ အမူအရာသည် ပြတ်သားနေသည်။

“ဒေတာအရ သူတို့ရဲ့ သီအိုရီက ခိုင်မာတယ်။ ဒါက အလုပ်ဖြစ်ရင် လူအများကြီးကို ကယ်တင်နိုင်တယ်။ ဒါက ငါတို့ရဲ့ ဦးစားပေးမှုတွေထက် ပိုအရေးကြီးတယ်”

“ဒါပေမဲ့…”

“မင်းတို့ ဖီးနစ် စည်းကမ်းကို မေ့သွားကြပြီလား။ ငါ အပြည့်အဝ တာဝန်ယူမယ်”

ယုဟန်က ရုတ်တရက် အော်ပြောလိုက်ကာ တိတ်ဆိတ်သွားစေသည်။

သူသည် လင်းရှန်ဘက်သို့ လှည့်သွားသည်။ “ကပ္ပတိန်လင်း… မင်းက တိုးတက်မှုကို စိုးရိမ်တယ်ဆိုရင် ငါတို့ ပါမောက္ခကောင်းရဲ့ အဖွဲ့နဲ့ ပူးပေါင်းနိုင်ပါတယ်။ ငါတို့ အရှိန်မြှင့်ဖို့ ကူညီပေးပြီး အထောက်အပံ့ပေးပါ့မယ်”

ပါမောက္ခကောင်း၏ အဖွဲ့တွင် စိတ်လှုပ်ရှားမှုများ လွှမ်းခြုံသွားသည်။ သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက်များ တောက်ပလာသည်။

“တကယ်လား”

“ဒါ အံ့ဩစရာပါပဲ”

“ဒါက လုပ်ငန်းစဉ်ကို အရှိန်မြှင့်ပေးပါလိမ့်မယ်”

“ဟုတ်တယ်၊ ငါတို့ ဒါကို သေချာပေါက် လိုအပ်တယ်” ပါမောက္ခကောင်း၏ မျက်နှာသည် ဝမ်းသာအားရဖြင့် တောက်ပနေပြီး သူ၏ အရေးအကြောင်းများမှာ ပို၍ ထင်ရှားလာသည်၊၊

“ဒီလူအိုကြီးတွေ ခုနကပဲ အရူးလို ငြင်းခုံနေကြတာ မဟုတ်လား”

လင်းရှန်သည် ထူးဆန်းသော မြင်ကွင်းကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

သူ၏ ဘေးတွင် တင်းကျန်းရီက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေသည်။ “သိပ္ပံက အမှန်တရားကို လိုက်စားခြင်းပါ။ ပုဂ္ဂိုလ်ရေးဘက်လိုက်မှုတွေက အဲဒါရှေ့မှာ ဘာမှ မဟုတ်ပါဘူး”

သူမ၏ စကားများက လင်းရှန်ကို ထိမှန်စေပြီး သူ သက်ပြင်းချလိုက်သည်။

“ငါ အတွေးအခေါ် ကျဉ်းမြောင်းလွန်းသွားတယ် ထင်တယ်။ ကောင်းပြီ… သူတို့ကို ငှားပေးလိုက်ပါ”

“လူသားမျိုးနွယ်အတွက်လား” တင်းကျန်းရီက မေးသည်။

လင်းရှန်သည် သက်ကြီးရွယ်အို သုတေသီများနှင့် ပွင့်လင်းပြင်းထန်သော စိတ်ခံစားမှုပြနေသော ပါမောက္ခကောင်း၏ အဖွဲ့ကို ကြည့်လိုက်ပြီး ခြောက်သွေ့စွာ ပြန်ဖြေသည်။

“မဟုတ်ပါဘူး။ ဒီလူအိုကြီးတွေ မျက်နှာပေးလိုက်တာလို့ပဲ ပြောပါရစေ”

တင်းကျန်းရီ၏ အကြည့်သည် လင်းရှန်၏ မျက်နှာပေါ်တွင် တည်ရှိနေပြီးနောက် သူမ ညင်သာစွာ ပြုံးလိုက်သည်။

“ကျွန်မ အဲဒါကို ယုံမယ်လို့ ရှင်ထင်နေတာလား”

လင်းရှန် သက်ပြင်းချလိုက်သည်။ “အမှန်က ငါ စိုးရိမ်နေတုန်းပဲ”

“ကျွန်မ သိပါတယ်” တင်းကျန်းရီက ညင်သာစွာ ပြောလိုက်သည်။

“ကျွန်မ သူတို့နဲ့အတူ လာမယ့် နှစ်ရက်မှာ သွားပြီး သုတေသနကို ကူညီပါ့မယ်။ ဒါက အရှိန်မြှင့်ပေးမယ်လို့ ကျွန်မ အာမမခံနိုင်ပါဘူး၊ ဒါပေမဲ့ သွေးကပ်ဘေးပန်းကို လုံခြုံအောင်တော့ ကျွန်မ သေချာလုပ်ပါ့မယ်”

လင်းရှန်၏ မျက်လုံးများ တောက်ပလာသည်။ ဒါက တကယ်ကို ကောင်းမွန်သော အစီအစဉ်ဖြစ်နေသည်၊၊

“ပြီးတော့ ဖီးနစ်က လက်ရှိ အပင်စိုက်ပျိုးရေး သုတေသနတွေ လုပ်နေတယ်။ ရှင် စိတ်ဝင်စားမယ့်အရာတစ်ခုခုကို ကျွန်မ ပြန်ယူလာပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မယ်” သူမသည် သူ့ကို ရည်ရွယ်ချက်ရှိရှိ ကြည့်ရင်း ထပ်ပြောသည်။ လင်းရှန်အကြောင်း ပိုသိလာလေ သူမ၏ အတွေးနှင့် ဦးစားပေးမှုများနှင့် ပို၍ ကိုက်ညီလာလေ ဖြစ်သည်။

သူမသည် ခဏရပ်လိုက်ပြီး သူ၏ အသိအမှတ်ပြုခြင်းကို စောင့်ဆိုင်းနေသကဲ့သို့ ဖြစ်သည်။

“ဒါရိုက်တာတင်း” လင်းရှန်သည် အံ့အားသင့်စွာဖြင့် သူမကို ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်ကို ပြောင်းလိုက်သည်။

“မင်းက ပိုကောင်းလာတယ်”

“ပိုကောင်းလာတယ်”

ဒါက ဘယ်လို စကားမျိုးလဲ။

လင်းရှန်သည် ၎င်းကို မည်သို့ ဖော်ပြရမည်ကို သိပ်မသိပေ။ သူမသည် ဉာဏ်ကောင်းပြီးသား ဖြစ်သည်—အလွန် ဉာဏ်ကောင်းသည်—ပြီးတော့ သူမ လုပ်ဆောင်ခဲ့သမျှသည် သူ စိတ်ထဲတွင် ရှိသည့်အရာနှင့် အမြဲတမ်း ပြီးပြည့်စုံစွာ ကိုက်ညီနေသည်။ ဒါက မယုံနိုင်လောက်အောင် သက်တောင့်သက်သာ ဖြစ်စေသည်။

သူသည် ခေါင်းကုတ်လိုက်ပြီး ရှက်ရွံ့စွာ ပြုံးလိုက်သည်။ “ရိုးရိုးလေးပဲ… ပိုကောင်းလာတယ်၊ ကောင်းပြီလား”

တင်းကျန်းရီသည် လင်းရှန်ကို နားမလည်သလို ကြည့်လိုက်ပြီးနောက် ညင်သာစွာ ပြုံးလိုက်သည်။ သူမသည် သူ့၏ အသိအမှတ်ပြုခြင်းနှင့် ခွင့်ပြုချက်ကို ခံစားရပြီး ၎င်းသည် နွေဦးရာသီ အပြည့်အဝတွင် ပွင့်လန်းသော ပန်းတစ်ပွင့်ကဲ့သို့ သူမအတွင်း၌ ပွင့်လန်းလာသည်။

မကြာမီပင် တင်းကျန်းရီသည် သူမ၏ လက်ပ်တော့ပ်ကို ကိုင်ကာ အသင့်ပြင်လျက် ရထားပေါ်မှ ဆင်းလာလေသည်။ ချန်ဆီရွှမ်သည် နောက်မှ လိုက်လာပြီး သွေးကပ်ဘေးပန်းဖန်အိမ်ကို ညင်သာစွာ ကိုင်ဆောင်ထားသည်။

သုတေသနအဖွဲ့က ထူးဆန်းသော အနက်ရောင်အပင်ကို မြင်သည်နှင့် တင်းကျန်းရီကို ဝိုင်းရံကာ အလောတကြီး ဆွေးနွေးမှုများ စတင်လိုက်ကြသည်။

မကြာမီတွင် ပါမောက္ခကောင်းစီချန်းနှင့် အခြားသူ အချို့က သွေးကပ်ဘေးပန်းကို ၎င်းတို့၏ ယာဉ်ပေါ်သို့ ဂရုတစိုက် လိုက်ပါ ပို့ဆောင်ကြပြီး တင်းကျန်းရီက လင်းရှန်ကို ခေါင်းတချက် အမြန်ငြိမ့်ပြကာ အဖွဲ့နှင့်အတူ သုတေသနသယ်ယူပို့ဆောင်ရေး ယာဉ်ထဲသို့ လိုက်ပါသွားလေသည်။

“ဘယ်အချိန်မဆို ကာကွယ်ပေးထားဖို့ သေချာပါစေ။ ငါတို့ ပြန်ရောက်တာနဲ့ စမ်းသပ်မှု စတင်ပြင်ဆင်ပြီး ကူညီနိုင်တဲ့သူမှန်သမျှအကုန် ခေါ်လိုက်”

ပါမောက္ခကောင်းစီချန်း၏ အမူယာသည် စွမ်းအင်များဖြင့် ပြည့်နှက်နေသည်၊၊ သူ၏ အိုမင်းသော မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင် မရှိဘဲ ထိန်းမနိုင်သော စိတ်လှုပ်ရှားမှုသာ ရှိနေသည်။ ကားထဲသို့ မဝင်မီကပင် သူသည် အမိန့်များ ပေးနေလေပြီ။

All Chapters