သိပွံနည်းကျ ငြင်းခုန်မှု ၇
Vol. 26 Ch. 383
ယုဟန်သည် လင်းရှန်ထံ လာရောက်ပြီး ရိုးသားစွာ ပြောလိုက်သည်၊၊ “ကပ္ပတိန်လင်း မင်းကို ဘယ်လို ကျေးဇူးတင်ရမလဲ မသိတော့ပါဘူး။ မင်းက ငါတို့အဖွဲ့ကို ကယ်တင်ပေးရုံသာမက ဖီးနစ်ရဲ့ လုပ်ငန်းကိုလည်း ထောက်ပံ့ပေးတယ်။ ငါ အခုပြောနိုင်တာက အများကြီးကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားပဲ။ ရေခဲလေပွေထဲကနေ ငါတို့ အသက်ရှင်လျက် ထွက်နိုင်ခဲ့ရင် ငါက အထက်လူကြီးတွေကို တောင်းဆိုမယ်။ မင်းရဲ့ စွမ်းရည်က ငါတို့ရဲ့ အင်ပါယာပရောဂျက်အတွက် ထူးခြားတဲ့ ဖြေရှင်းချက်ကို ပေးနိုင်ပါလိမ့်မယ်”
“ခဗျားက အရမ်းယဥ်ကျေးလွန်းနေတာပါ” လင်းရှန် ပြန်ဖြေသည်။ သူသည် ယုဟန်အပေါ် အမြင်ကောင်းတစ်ခုဖြင် စတင်တွေးမိလာသည်။ ကီကီ ပြောခဲ့သလိုပင် ထိုလူသည် စာအုပ်သမားကြီးသမားမျိုး ဖြစ်သော်လည်း ခုနကတော့ စစ်မှန်တဲ့ စိတ်ဓာတ်ကို ပြသခဲ့သည်။
အရေးကြီးသော အခြေအနေများတွင် သဘောထား ကွဲလွဲမှုများကို ဘေးဖယ်ထားကာ အတူတကွ လုပ်ဆောင်နိုင်ခြင်းသည် ရရှိရန် မလွယ်ကူသော စိတ်ဓာတ်မျိုး ဖြစ်သည်။ ထိုအရာသည် လင်းရှန်က သိပ္ပံပညာရှင်များကို စစ်မှန်စွာ လေးစားရခြင်း အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။
လူတိုင်း ယာဥ်ပေါ်သို့ ရောက်နေကြပြီ ဖြစ်သည်— ဝေ့ကီရှုမှ လွဲ၍ ဖြစ်သည်။
သူသည် နှင်းများထဲတွင် သူ၏ အပေါ်ဝတ်အိတ်ကပ်များကို အလျင်စလို ရှာဖွေနေဆဲဖြစ်ပြီး ရှင်းရှင်းလင်းလင်းပင် စိုးရိမ်ပူပန်နေသည်။ ထို့နောက် သူသည် လင်းရှန်ထံ လျှောက်လာပြီး သေးငယ်သော အနက်ရောင် သံဘူးလေးတစ်ခုကို ထုတ်လိုက်သည်။ သူသည် လက်အိတ်များကို ချွတ်ကာ လက်ထဲသို့ လေမှုတ်သွင်းပြီးနောက် ဂရုတစိုက် ဖွင့်လိုက်သည်— အတွင်းတွင် အဆင့်-၁ သွေးပဲစေ့ သုံးလုံးသည် တောက်ပစွာ လှုပ်ခါနေသည်။ သူသည် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး လင်းရှန်အား ကမ်းပေးသည်။
“ပါမောက္ခကောင်းစီချန်းက ရှေးရိုးဆန်တယ်။ နိုင်ငံရေး ဒါမှမဟုတ် ဆုလာဘ်ကိစ္စတွေကို သိပ်ဂရုမစိုက်ဘူး။ အမြဲတမ်း ပိုကြီးတဲ့ အကျိုးစီးပွားအကြောင်းပဲ ပြောတယ်။ ဒါပေမဲ့ ဒီသွေးကပ်ဘေးပန်းက မင်းအတွက် အရေးပါမှန်း ငါ သိပါတယ်။ သုတေသနအောင်မြင်သွားတာနဲ့ ဖီးနစ်က မင်းကို အသိအမှတ်ပြုမှု ပေးပါလိမ့်မယ်— ဒါပေမဲ့ အခုချိန်မှာတော့ ငါတို့မှာ ဘာမှ မရှိသေးဘူး”
သူသည် အနည်းငယ် ခါးကို ညွှတ်လိုက်သည်။ “ဒါကြောင့် ဒါကို ငါတို့ သုတေသနအဖွဲ့ဆီက သေးငယ်တဲ့ အမှတ်တရလက်ဆောင်အဖြစ် သဘောထားပါ။ မင်း စိတ်ထဲ မထားဘူးလို့ မျှော်လင့်ပါတယ်။ ငါတို့ ကတိပေးပါတယ်— မင်းရဲ့ ယုံကြည်မှုကို အလဟဿ မဖြစ်စေရပါဘူး။ ဒီနေ့ကစပြီး မရပ်မနား အလုပ်လုပ်ပါမယ်”
လင်းရှန်သည် ဝေ့ကီရှု မည်မျှ ပင်ပန်းနွမ်းနယ်နေသည်ကို သိနိုင်ပေသည်။ သူလို လူတစ်ဦးအတွက် သွေးပဲစေ့သုံးလုံးကို စုဆောင်းရန်မှာ အတော်လေး ကြိုးစားအားထုတ်ရမည်။ သူသည် ထိုဘူးလေးကို ညင်သာစွာ ပြန်တွန်းပေးလိုက်သည်။
“ငါ ဖီးနစ်နဲ့ လက်တွဲတာက မင်းတို့ကို ယုံကြည်လို့ပါ။ ဆုလာဘ်တွေကို စိတ်မပူပါနဲ့။ အရေးအကြီးဆုံးက အသုံးဝင်တဲ့ တစ်ခုခုကို ရှာတွေ့ဖို့— အသက်ရှင်ကျန်ရစ်သူတွေကို တကယ် ကူညီနိုင်တဲ့ တစ်ခုခုကို ရှာတွေ့ဖို့ပါပဲ”
ဝေ့ကီရှု၏ အပြုံးသည် တဖြည်းဖြည်း မှေးမှိန်သွားသည်။ သူ၏ အကြည့်သည် သူ၏ လက်ထဲရှိ သံဘူးသို့ ရောက်သွားပြီး မျက်နှာသည် မှောင်မိုက်သွားသည်။
“ငါ့ဆရာက ဒီသီအိုရီကို အချိန်အကြာကြီးကတည်းက အဆိုပြုခဲ့တာ။ ပထမတော့ ငါ မယုံခဲ့ဘူး။ ရိုးရိုးသားသားပြောရရင် ငါတို့ အများစုက မယုံခဲ့ဘူး။ ဒါမှမဟုတ် မယုံချင်ခဲ့တာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်…”
“မင်းတို့က အမှောင်သတ္တဝါတွေရဲ့ အမှန်တရားကို ရင်ဆိုင်ဖို့ ကြောက်ခဲ့တာလား” လင်းရှန်က မေးသည်။
ဝေ့ကီရှုက လေးနက်စွာ ခေါင်းညိတ်သည်။
“အသက်ရှင်ကျန်ရစ်သူ အများစုအတွက်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဖီးနစ် အထက်အရာရှိတွေအတွက်တော့… ပိုရှုပ်ထွေးတယ်”
လင်းရှန်၏ အမူအရာသည် အနည်းငယ် ထက်မြက်လာသည်။
“အမှောင်သတ္တဝါတွေက အမှတ်အသားတွေ အသုံးပြုပြီး တိုက်ခိုက်တယ်ဆိုရင်— ညဘက်မှာ မီးပြတိုက်လို လူသားတွေကို ပစ်မှတ်ထားတယ်ဆိုရင်— ဖီးနစ်ရဲ့ အာရုဏ်ဦး စီမံကိန်းက အန္တရာယ်ကို ပိုတိုးလာစေနိုင်တယ်” ဝေ့ကီရှုက ပြောသည်။
“ဒါဆို ဖက်ဒရေးရှင်းရဲ့ ပုန်းအောင်းနေတဲ့ မဟာဗျူဟာက မှန်တယ်လား”
လင်းရှန် မေးသည်။
“အကယ်၍ ငါတို့က အမှောင်ထု ကျူးကျော်မှုကို မနိုင်ဘူးဆိုရင်၊ လူသားတွေ နေရောင်ခြည်မရှိဘဲ မရှင်သန်နိုင်ဘူးဆိုရင်၊ ဖြည်းဖြည်းချင်း သေတာ ဒါမှမဟုတ် မြန်မြန်သေတာက ဘာထူးလဲ— ဟန်ဆောင်နေတာက ဘာအဓိပ္ပာယ်ရှိလို့လဲ”
ဝေ့ကီရှုက သက်ပြင်းချသည်။ “ငါတို့ အဲဒါကို သိကြပါတယ်။ ဒါပေမဲ့ သာမန်လူတွေ အများစုက အဲဒီအထိ မတွေးကြဘူး။ ပိုအရေးကြီးတာက— ဒါဟာ သဘောတရားအပေါ် မူတည်တာ မဟုတ်တော့ဘူး— ဒီသီအိုရီက လူသားတွေ ရှင်သန်နေထိုင်တဲ့ ပုံစံတစ်ခုလုံးကို ပြန်လည်စဉ်းစားဖို့ တွန်းအားပေးနိုင်တယ်”
သူသည် လင်းရှန်ကို မျက်လုံးချင်းဆုံကြည့်လိုက်သည်။
“ဒါကို အတည်ပြုပြီးရင် ဘာလုပ်မှာလဲ။ အသက်ရှင်ကျန်ရစ်သူတွေ— လွတ်မြောက်လာတဲ့ လူတွေကို— အမှောင်သတ္တဝါတွေကို လိုက်လံ ရှာဖွေဖို့ စေလွှတ်သင့်သလား။ ဒါဟာ… သူတို့ကို သေခြင်းဆီ လျှောက်လှမ်းဖို့ တောင်းဆိုသလို ဖြစ်နေတယ်”
လင်းရှန် တိတ်ဆိတ်သွားသည်။
“သေချာစုံစမ်းစစ်ဆေးမှု မရှိပဲ ပြောပိုင်ခွင့်မရှိဘူး” ဝေ့ကီရှု၏ လေသံက နိမ့်သွားသည်။
“သိပ္ပံပညာရှင်တွေအနေနဲ့ပဲ ဖြစ်ဖြစ်၊ ခေါင်းဆောင်တွေအနေနဲ့ပဲ ဖြစ်ဖြစ်၊ ငါတို့က တိကျတဲ့၊ လက်တွေ့ကျတဲ့ အထောက်အထားတွေ ရဖို့ လိုတယ်။ မဟုတ်ရင် လူသားမျိုးနွယ် မျိုးသုဉ်းမှုကို အရှိန်မြှင့်တင်နေတဲ့သူတွေဟာ ငါတို့ ဖြစ်သွားလိမ့်မယ်”
“ဝေမြစ်မှာ မင်းတို့က အတိအကျ ဘာဖြစ်ခဲ့တာလဲ” လင်းရှန် တိုးတိုးလေး မေးသည်။
ဝေ့ကီရှု၏ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူ၏ မျက်နှာသည် နာကျင်မှုဖြင့် ရှုံ့မဲ့သွားပြီး နှုတ်ခမ်းများ တုန်ယင်နေသည်။
“အမှတ်အသားက… သတ်မှတ်ချက် တစ်ခုကို ရောက်သွားပြီ”
“သေစေနိုင်တဲ့… သတ်မှတ်ချက်”
လင်းရှန်၏ သွေးများ အေးခဲသွားသည်။
ဝေ့ကီရှု၏ မျက်လုံးများသည် နာကျင်မှုနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နေသည်။
“အဲဒါက ဒီသီအိုရီကို ငါ စပြီးယုံကြည်ခဲ့တဲ့ အချိန်ပဲ။ ခေါင်းဆောင် ဖေးရွှမ်ကို ငါ ထပ်ခါထပ်ခါ ပြောခဲ့တယ်။ ညတိုင်း သေခြင်းဖိအားက ကြီးထွားလာနေတယ်။ ဒါပေမဲ့ လူတိုင်းက မကြာခင် အကူအညီပေးရေးအဖွဲ့ကို ရောက်မယ်လို့ ထင်ခဲ့ကြတယ်”
“ငါတို့က… မိုးသောက်ချိန်လေး တစ်ခုလောက်ပဲ လိုတော့တာ…”
လင်းရှန် ထိတ်လန့် တိတ်ဆိတ်စွာ ရပ်နေသည်။ သူတို့ ဖြတ်သန်းခဲ့ရတာကို နောက်ဆုံးတော့ သူ နားလည်သွားသည်။
သူတို့သည် တတ်လှမ်းဓာတ်လှေကားမှ လွတ်မြောက်ခဲ့ကြသော်လည်း အဆင့်-၅ အမှတ်အသားကို ရင်ဆိုင်ခဲ့ရသည်။
အနန္တရထားသည် မိုးရေမြို့တွင် ကံကောင်းခဲ့သည်။ သူတို့သည် အမှတ်အသားကို စောစီးစွာ တွေ့ရှိခဲ့ပြီး နယ်မြေအခြေပြု ကပ်ပါးသတ္တဝါကို အသုံးပြု၍ ဖိနှိပ်ခဲ့သည်။ ထိုအရာမရှိလျှင် သူတို့ ထိုည၌ ရှင်သန်နိုင်မည် မဟုတ်ပေ။
ဒါပေမဲ့ လူတိုင်းက အဲဒီလောက် ကံမကောင်းခဲ့ကြပေ။ သူတို့ တွေ့ကြုံခဲ့ရတဲ့ Fireline ယာဉ်တန်းကော… သုတ်သင်ခံရပြီး အလောင်းတောင် ရှာမတွေ့ခဲ့ချေ။
ယူပေ အာကာသဆိပ်ကမ်းက ယာဉ်တန်းများထဲတွင် နဂါးတောင် ၁ ကိုသာ တွေ့ခဲ့ရသည်။ ရှကျင်း၊ လူအိုကြီးမို၊ ကျန်းယွမ်၊ ဒါမှမဟုတ် ကျန်းရှု့ဝေ၏ ငွေကြယ်ပင်လျှင် အရိပ်အယောင် မတွေ့ရပေ…
ဝေ့ကီရှုက ဘူးပေါ်ရှိ နှင်းများကို ပွတ်သုတ်ကာ ထပ်မံ၍ ကမ်းပေးသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါက ဒါကို သုံးလို့ မရဘူး။ ငါပေးတဲ့ အကူအညီအဖြစ် သဘောထားပေးပါ”
လင်းရှန်သည် သေတ္တာကို ယူကာ အတွင်းရှိ သွေးပဲစေ့ကို ကြည့်လိုက်ကာ အသက်ရှူသွင်းပြီး ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီလေ… ကျေးဇူးတင်ပါတယ်”
သူ လက်ခံလိုက်မှ ဝေ့ကီရှု သိသိသာသာ စိတ်သက်သာရာရသွားပြီး သူ၏ မျက်လုံးများတွင် ကြည်လင်မှု တစွန်းတစ ပြန်ရေညက်လာသည်။
“ငါတို့ကို လိုအပ်တယ်ဆိုရင် ငါတို့က စင်ထရယ်ရိပ်သာလမ်းပေါ်ရှိ စီလန်တက္ကသိုလ်မှာ ရှိနေပါမယ်။ အဲဒီမှာ ယာယီဓာတ်ခွဲခန်းတစ်ခု ဖွင့်ထားတယ်”
“ကောင်းပါပြီ” လင်းရှန် ခေါင်းညိတ်ပြလိုက်သည်၊၊ ဝေ့ကီရှုလည်း နောက်ဆုံးတွင် ယာဉ်ပေါ်သို့ တက်သွားကာ အဖွဲ့သည် လေပြင်းတိုက်ခတ်မှုများကြားမှ မောင်းထွက်သွားသည်။