စွမ်းရည်စမ်းသပ်ပွဲ ၃
Vol. 26 Ch. 386
“တွင်းနက် ပိုးကောင်လား” လင်းရှန် မေးသည်။
“မဟုတ်ဘူး” အားဖေး ခေါင်းခါသည်။
“ဒါက… အဲဒါထက် ပိုဆိုးတယ်”
လူတိုင်း၏ အမူအရာ ပြောင်းလဲသွားသည်။ လင်းရှန်သည် နန်ကျင်းနှင့် ရှီတိယွမ်တို့ အကြည့်ချင်း ဖလှယ်လိုက်သည်။ တူညီသောအတွေးတစ်ခုက သူတို့၏ စိတ်ထဲ ဖြတ်သန်းသွားသည်။
S-Class အဆင့် ထူးဆန်းတဲ့ သတ္တဝါလား။
“အင်ပါယာပရောဂျက်က ပါလ်မားမြက်ခင်းပြင်မှာ ဒါကို ကိုင်တွယ်ဖို့ စီစဉ်ထားတာ” ရှီတိယွမ် စိတ်ပျက်လက်ပျက် ပြောသည်။
“အံ့ဩစရာ မဟုတ်ပါဘူး။ ငါတို့ S-Classအဆင့်ကို အရင်က မြင်ဖူးတယ်။ ဘာပဲလာလာ—ငါတို့ ကိုင်တွယ်လို့ရပါတယ်။ ဖီးနစ်ကို ငါပြောပြီးပြီ၊ ငါတို့ သတိရှိနေဖို့ပဲ လိုတယ်”
လင်းရှန် တိတ်ဆိတ်သွားသည်။ သူ့ကို စိတ်ရှုပ်ထွေးစေတာက— အကယ်၍ S-Class အဆင့် ပေါ်လာခဲ့ရင် သူတို့၏ ရထားတွေပေါ်က မည်သူ့ကိုမှ ဘာလို့ အမှတ်အသား မလုပ်ခဲ့တာလဲ။
သွေးကပ်ဘေးပန်းပင်လျှင် တုံ့ပြန်ခြင်း မရှိခဲ့ပေ၊၊
ဒါပေမဲ့ နန်ကျင်းနဲ့ ရှီတိယွမ်ရဲ့ တုံ့ပြန်မှုတွေကို ကြည့်ခြင်းအားဖြင့် သူတို့သည် အားဖေးရဲ့ စွမ်းရည်ကို လုံးဝ သံသယမရှိကြပေ။ ဒါက လင်းရှန်ကို နည်းနည်း စိတ်မသက်မသာ ဖြစ်သွားစေလေသည်၊၊
“ကောင်းပြီ၊ ညလမ်းလျှောက်သူတွေဆီ သွားကြစို့။ ဒီလောက် လူအများကြီးနဲ့ဆိုရင် စောင့်ဆိုင်းရမှာ သေချာတယ်” ရှီတိယွမ် လက်ဝှေ့ယမ်းသည်။ နဂါးတောင် ၁ မှ ကြီးမားသော ယာဉ်ဆယ်စီးကျော်သည် ထွက်ပေါ်လာသည်။
“ငါတို့လည်း သွားကြစို့” လင်းရှန်သည် သူတို့၏ ယခင် ဝင်ရိုးစွန်းယာဉ်ပေါ်သို့ တက်သွားပြီး အဖွဲ့နှစ်ဖွဲ့လုံး စင်ထရယ်ရိပ်သာလမ်းသို့ ဦးတည်သွားကြသည်။
မြို့ထဲ နက်ရှိုင်းစွာ မောင်းနှင်သွားသည်နှင့်အမျှ စျေးဝယ်စင်တာများနှင့် ရင်ပြင်များ ပတ်ပတ်လည်တွင် စခန်းချထားသော ယာဉ်တန်းအရေအတွက် တိုးလာသည်။ လင်းရှန်၏ အဖွဲ့သည် သေးငယ်ပြီး နဂါးတောင် ၁ နောက်မှ လိုက်သွားသည်။
ကီကီသည် ယာဉ်ပေါ်တွင် လွင့်မျောနေသည်ကို များစွာသော မျက်လုံးများက လှည့်ကြည့်ကြသည်။ ပျံသန်းနိုင်သော စွမ်းရည်များသည် ရှားပါးပြီး အသက်ရှင်ကျန်ရစ်သူ အများစုက မြင်ဖူးကြသော်လည်း ကီကီ၏ ပုံစံသည် ကွဲပြားသည်— အတောင်ပံ မပါဘဲ၊ နတ်ဘုရားမတစ်ပါးကဲ့သို့ လေထဲတွင် ဝဲပျံနေသည်။ သူမ၏ ခရမ်းရောင်ဆံပင်သည် မမြင်နိုင်သော စွမ်းအားဖြင့် လွင့်မျောနေပြီး သူမ၏ ထူးခြားသော ရုပ်ရည်ဖြင့် သူမသည် ချက်ချင်းပင် အာရုံစိုက်မှု၏ ဗဟိုဖြစ်လာသည်။
ဖီးနစ်၏ တပ်ရင်း (၇) ထောက်လှမ်းရေးတပ်ဖွဲ့က နဂါးတောင် ၁၊ အနန္တရထားနှင့် အင်ပါယာစစ်ဆင်ရေး အဖွဲ့တို့ကို မြို့ထဲသို့ လိုက်ပါ ပို့ဆောင်ခဲ့သည့် မနေ့ညက အဆင့်မြင့် ကယ်ဆယ်ရေးကြောင့် ဤယာဉ်တန်းသုံးခုသည် ယခုအခါ မြို့၏ သတင်းဝိုင်းများ၏ ခေါင်းကြီးပိုင်းဖြစ်လာသည်။ အင်ပါယာပရောဂျက်ကို လျှို့ဝှက်ထားသောကြောင့် အာရုံစိုက်မှု အားလုံးသည် သူတို့ထံသို့ ရောက်ရှိလာသည်။
စီလန်မြို့သည် အေးခဲနေသော မြို့ဖြစ်ပြီး တောက်ပသော မျှော်စင်များသည် မှန်နံရံများပေါ်တွင် ရေခဲပွင့်များဖြင့် ဖုံးလွှမ်းနေသည်။ နေရောင်ခြည်အောက်တွင် အရာအားလုံး တောက်ပနေသည်။ လမ်းများပေါ်တွင် နှင်းဖုံးနေသော ဖုတ်ကောင်များ ပျံ့ကျဲနေသည်—အလွန်အေးစက်သောလေပွေကြောင့် လုံးဝ ငြိမ်သက်သွားပြီး ယခုအခါ အန္တရာယ်ကင်းနေလေပြီ။
လမ်းတစ်လျှောက်တွင် လင်းရှန်သည် ယာဉ်တန်းများစွာသည် သူတို့၏ စခန်းများအတွက် အဆောက်အအုံများကို သိမ်းပိုက်ထားသည်ကို သတိပြုမိသည်— ယာဉ်များအတွင်း နေထိုင်ရသော ကျဉ်းကြပ်မှုကို ရှောင်ရှားရန် ကြိုးစားခြင်း ဖြစ်သည်။ ဟိုတယ်များ၊ ဈေးဝယ်စင်တာများ၊ အမည်တပ်ခေါ်၍ ရသော— နေရာလွတ်အားလုံးကို သိမ်းပိုက်ထားသည်။
“မြို့က သူတို့ကို အိမ်ထဲ ပြောင်းဖို့ လုံလောက်အောင် လုံခြုံနေပြီနဲ့ တူတယ်” ရှုချင်းသည် မြင်ကွင်းကို ကြည့်ရင်း ပြောသည်။
“ဟုတ်တယ်၊ ကားတွေနဲ့ နှိုင်းယှဉ်ရင် ကျွန်မတို့ ရထားက ဇိမ်ခံပစ္စည်းပဲ” ရှားရှားက ထပ်ပြောသည်။ သူမသည် တာလို့နှင့်အတူ ပစ်ကပ်ကားထဲက ကျဉ်းကျပ်သော နေ့ရက်များကို သတိရသည်— အိပ်စရာ နေရာမရှိ၊ လှဲလျောင်းစရာ နေရာပင် နည်းပါးသည်။ အခုကော။ အိပ်ရာတစ်ခု။ ဆိုဖာတစ်ခု။ ရေချိုးခန်းပင် တစ်ခုရှိသည်။ နတ်ပြည်အလားပင်…
ချန်ဆီရွှမ် ခေါင်းညိတ်သည်။ လင်းရှန်က ဘာလို့ ရထားကို အသုံးပြုဖို့ တင်းမာစွာ တောင်းဆိုခဲ့လဲဆိုတာကို သူမ အစပိုင်းမှာ နားမလည်ခဲ့ပုံကို သူမ သတိရသည်။ နောက်ပိုင်းမှသာ သူမ သိလိုက်သည်— သူ၏ စွမ်းရည်အပြင်— ၎င်းသည် ဂျီးနီးယပ်စ်အစီအစဉ် ဖြစ်သည်။ တစ်ခုတည်းသော အကန့်အသတ်မှာ သံလမ်းများသာဖြစ်သည်။
ဒါပေမဲ့ စစ်မှန်သော ရွေ့လျားသွားလာနိုင်မှုအတွက် နဂါးတောင် ၁ က လမ်းစခင်းပေးခဲ့ပြီးနောက် လှည့်လည်သွားလာနိုင်သော သံမဏိခံတပ်၏ အိပ်မက်သည် စိတ်ကူးယဉ်အတွေးမျှ မဟုတ်တော့ချေ။
သူမသည် လင်းရှန်ကို လှည့်ကြည့်ပြီး အတွေးတစ်ခု သူမ၏ စိတ်ထဲတွင် ပွင့်လာသည်။
ဒါမှမဟုတ်… ကောင်းကင်၌ ပျံသန်းမည့် သူ၏ အိပ်မက်သည်လည်း မဝေးတော့ပေ။
ကြီးမားသော အရွယ်အစားဖြင့် ယာဥ်တစ်ခုသည် ရထားပေါ်ရှိ လူတိုင်းကို ထိတ်လန့်သွားစေသည်။ ယာဉ်များအားလုံးတွင် လေပွေတံဆိပ် ကပ်ထားခြင်း မရှိခဲ့ပါက ၎င်းသည် စတားဖလိ့ ထောက်လှမ်းရေးတပ်ဖွဲ့၏ စခန်းဟု ထင်မှတ်ကြပေလိမ့်မည်၊၊
“ဒါက Arctic မဟာမိတ်တပ်ပေါင်းစုလား”
“ဒါ ဘယ်လို ယာဉ်မျိုးလဲ။ သောက်ကျိုးနဲ… ဒါက ရူးလောက်စရာပဲ” လုချန် အော်ဟစ်လိုက်မိသည်။
သတင်းအချက်လက် အတွေ့အကြုံများသော ကီကီက ချက်ချင်း တုံ့ပြန်သည်။
“ဒါက Trex-300၊ နျူကလီးယားစွမ်းအင်သုံး၊ မြေပြင်အမျိုးမျိုးသွား ယာဉ်ပဲ။ နင် တစ်ခါမှ မမြင်ဖူးမှာ သေချာတယ်။ ရေပေါ်မှာတောင် သွားနိုင်တယ်”
“ငါတို့ ရှင်သန်ကျန်ရစ်သူ လှိုင်းနှုန်းထုတ်လွှင့်မှုတွေမှာ ဒါကို တစ်ကြိမ်ထက်မက ကြားဖူးတယ်။ ကောလာဟလက သူတို့မှာ ယာဉ်တန်း တစ်ခုထက်မက ရှိတယ်၊ သူတို့အားလုံး ဖီးနစ်နဲ့ မတူညီတဲ့ ဇုန်တွေမှာ ပူးပေါင်းလုပ်ဆောင်နေတယ်— လမ်းတစ်လျှောက် တခြား အဖွဲ့တွေကို ခေါ်ယူနေတယ်တဲ့။ သူတို့ရဲ့ နောက်ဆုံး ခရီးစဉ်က အာရုဏ်ဦး စင်တာနဲ့ ချိတ်ဆက်ပြီး အာတိတ်ဇုန်ကို ဦးတည်ဖို့ပဲ” ချန်ဆီရွှမ်က ထပ်ဖြည့်သည်။
“တစ်ခုထက်မက ရှိတာလား” ရှုချင်းသည် ဧရိယာတစ်ဝိုက်ကို မျက်လုံးဝေ့ကြည့်သည်။
“ဒီနေရာက အရေအတွက်ကတင် လူတစ်သောင်းကျော် ရှိပုံရတယ်။ ဒါက တပ်ခွဲတစ်ခု အပြည့်နီးပါးပဲ”
“သူတို့ အများစုက အသက်ရှင်ကျန်ရစ်သူတွေပါ၊ စစ်သားတွေ မဟုတ်ဘူး” လင်းရှန်က တည်ငြိမ်စွာ ပြောသည်။
“ဒါပေမဲ့ သူတို့ရဲ့ အရင်းအမြစ်တွေကို ပေါင်းစည်းလိုက်ရင် သာမန် အရွယ်အစား အလယ်အလတ်ကနေ ကြီးမားတဲ့ ယာဉ်တန်းထက် အများကြီး ပိုပြီး အားကောင်းတယ်”
“ဒီပတ်ဝန်းကျင်က ယာဉ်တန်းအများကြီးက သူတို့နဲ့ ပူးပေါင်းသွားကြလိမ့်မယ်”
“အံ့ဩစရာ မဟုတ်ပါဘူး။ လူတွေက အကာအကွယ်ကို လိုချင်ကြတယ်။ ဖီးနစ်အောက်မှာ အလုပ်မလုပ်ချင်ဘူးဆိုရင် ဒီလို ကြီးမားတဲ့ ယာဉ်တန်းနဲ့ ပူးပေါင်းတာက နောက်ထပ် အကောင်းဆုံး အရာပဲ။ သူတို့ အမှောင်ထုထဲမှာ ကြာကြာ နေထိုင်ခဲ့လေ၊ စည်းလုံးမှုကို ပိုတောင့်တလေပဲ”
မီးတောက်— လုရှင်းချန်သည် ရထားခေါင်မိုးပေါ်တွင် လှဲလျောင်းနေပြီး နေရောင်ခြည်ကို ခံယူနေသည်။ စကားဝိုင်းကို ကြားလိုက်ရချိန် သူသည် ယာဉ်တန်းကို လှမ်းကြည့်ပြီး ပြုံးလိုက်သည်။
“လူတစ်သောင်းကျော်ကို လက်ခံထားတယ်… ဒီ Arctic မဟာမိတ်တပ်ပေါင်းစုရဲ့ ခေါင်းဆောင်က အရေးကြီးတဲ့ တစ်စုံတစ်ယောက်ပဲ ဖြစ်ရမယ်”
အေးစက်သော လေသည် လမ်းမအလယ်သို့ တိုက်ခတ်လာပြီး တောက်ပသော ရေခဲပွင့်များကို သယ်ဆောင်လာသည်။ ယာဉ်တန်း ရှေ့သို့ ရွေ့လျားလာသည်နှင့်အမျှ ခမ်းနားသော ဘုရားကျောင်းတစ်ခု ဖြည်းညှင်းစွာ မြင်ကွင်းထဲသို့ ဝင်လာသည်။ ဘုရားရှိခိုးကျောင်း ထိပ်ရှိ သူတော်စင်ရုပ်တုကို ကင်းမျှော်စင်အဖြစ် ပြုပြင်ထားသည်။ ဖီးနစ် ရေဒါစနစ်တစ်ခုသည် အပေါ်တွင် အလျင်အမြန် လည်ပတ်နေပြီး စုတ်ပြဲနေသော စကျင်ကျောက် ဝတ်စုံပေါ်တွင် ခွေးသွားစိတ်သဏ္ဌာန် ရေခဲချောင်းများ တွယ်ကပ်နေသည်။
စိန့်မိုက်ကယ် ဘုရားရှိခိုးကျောင်း၏ မှန်ပြတင်းများ သည် ဟီလီယမ် မီးလုံးများအောက်တွင် ထူးဆန်းသော အပြာရောင်တောက်ပနေသည်။ ပတ်ပတ်လည် ရင်ပြင်တွင် စက်ပစ္စည်းများနှင့် အခြေစိုက်စခန်းယာဉ်များ ပြည့်နှက်နေပြီး ကြီးမားသော ပွင့်လင်းမြင်သာသော ခေါက်နိုင်သည့် ဒိုင်းကာကို ဖြန့်ကျက်ထားသည်— စွမ်းအင်တစ်မျိုးမျိုးကို ပိတ်ဆို့ရန် သို့မဟုတ် ချေဖျက်ရန် စက်ပစ္စည်း ဖြစ်နိုင်သည်။
လမ်းများတစ်လျှောက် အသက်ရှင်ကျန်ရစ်သူများ ပိုမို ပေါ်လာသည်။ များစွာသောသူတို့သည် သူတို့၏ စခန်းများအနီးတွင် မရှိကြဘဲ ဘုရားရှိခိုးကျောင်း ရင်ပြင်သို့ စုပြုံရောက်ရှိလာကြပြီး ပွဲကြည့်ပရိတ်သတ်အဖြစ် လာရောက်ကြည့်ရှုနေကြသည်။ ပတ်ပတ်လည်တွင် အသက်ရှင်ကျန်ရစ်သူအဖွဲ့များသည် စည်ပိုင်းထဲတွင် ဖိုထားသောမီးပုံများဖြင့် စုရုံးကာ ယာဉ်တန်းဖြတ်သွားသည်ကို သိချင်စိတ်ဖြင့် ကြည့်နေကြသည်။ အခြားယာဉ်တန်းများသည် စခန်းများကြား လဲလှယ်ထားသော ကုန်ပစ္စည်းများကို ထရပ်ကားများနှင့် ဝန်တင်ယဉ်များဖြင့် သယ်ယူပို့ဆောင်ကာ မောင်းနှင်သွားကြသည်။
လင်းရှန်သည် အမျိုးမျိုးသော အသက်ရှင်ကျန်ရစ်သူ စခန်းများကို လေ့လာနေသည်။ ဖီးနစ်နှင့် စတားဖလိ့ ရှိနေခြင်းကြောင့် ဟန်ရှန်းတောင်ကြားရှိ အခြေအနေထက် တင်းမာမှု သိသိသာသာ လျော့နည်းနေသည်မှာ ထင်ရှားပေသည်။ ယာဉ်တန်းများသည် ပိုမို ငြိမ်းချမ်းစွာ အပြန်အလှန် ဆက်ဆံနေကြသည်။
ထိုအချိန်တွင် ယာဉ်တန်းသည် ဖြည်းညှင်းစွာ ရပ်တန့်လာသည်။ ရှေ့ရှိ လမ်းများသည် လူများ ပြည့်ကျပ်နေသည်၊၊ အထူးသဖြင့် ဘုရားရှိခိုးကျောင်း အနီးတွင် လူထောင်ပေါင်းများစွာ စုဝေးနေကြသည်။
အနန္တရထားနှင့် နဂါးတောင် ၁ တို့သည် ရပ်တန့်ရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိပေ။ လူတိုင်း ဆင်းပြီး လမ်းလျှောက်သွားကြရသည်။
“လခွမ်း… ပြည့်ကျပ်နေတာပဲ” ရှီတိယွမ်က ပြောသည်၊၊
သူ့ကို အရပ်ရှည်ပြီး ပခုံးကျယ်ကျယ်ဖြင်ြ သားမွေးအထူ ဝတ်ထားပြီး ဝက်ဝံသားမွေး ဖဲဦးထုပ် ဆောင်းထားကာ ကမ္ဘာပျက်စစ်ခေါင်းဆောင်တစ်ဦးကဲ့သို့ မြင်ရသည်။
သူသည် ရှေ့မှ လူပင်လယ်ကို ကြည့်ပြီး လေသံနိမ့်ဖြင့် ပြောလိုက်သည်။
“လူအိုကြီးချီနဲ့ လူအိုကြီးကျိုးတို့ ဒီအနီးအနားမှာ တပ်စွဲထားတာ ကံကောင်းတယ်။ ဒီနှုန်းနဲ့ဆို နေ့လယ်ပိုင်းအထိတောင် ဖြတ်နိုင်မှာ မဟုတ်ဘူး”