စပယ်ရှယ်လစ် ၁
Vol. 26 Ch. 388
ကျိုးဝူက ပြုံး၍ “ဒီလိုဆိုလည်း အဆင်ပြေပါတယ်”
ဘေးနားရှိ ဖုန်းဖုန်းက အလေးအနက်ထားကာ ရှင်းပြသည်၊၊
“မနေ့က နင်တို့ အားလုံးက တိုက်ပွဲကြီးတစ်ခုကို ဖြတ်ကျော်ခဲ့ရတာဆိုတော့ ကောင်းကောင်း အနားယူပြီး ခွန်အားတွေ ပြန်ဖြည့်ထားရင် စမ်းသပ်မှုရလဒ်တွေ ပိုကောင်းလာနိုင်တယ်”
“ဟုတ်ပြီလေ… ပထမဦးဆုံး မှတ်ပုံတင်တာနဲ့ စကြရအောင်”
ကျိုးဝူသည် အပေါက်ဝမှ စက်ရုပ်ကို လက်ညိုးထိုးပြပြီး “ကြိုပြောထားချင်တာက… မင်းတို့ရဲ့ အချက်အလက်တွေကို ဒီမှာဖြည့်သွင်းပြီးရင် စနစ်ရဲ့ တန်းစီဇယားထဲ ရောက်သွားလိမ့်မယ်။ ဒီနေ့ လူသိပ်မများတော့ အသုတ်နည်းနည်းနဲ့ ပြီးနိုင်ပါတယ်။ တစ်သုတ်ကို လူ ၁၀၀ နှုန်းနဲ့ မိနစ် ၃၀ လောက် ကြာမယ်”
“ဟေး…အစ်ကိုကြီး ကျွန်မတို့ကို ဘာတွေ စမ်းသပ်မှာလဲ” ထိုအချိန်တွင် ရှာရှားက မနေနိုင်ဘဲ မေးလိုက်သည်၊၊
“လူသား စမ်းသပ်မှုတွေတော့ မဟုတ်ဘူးမလား”
ကျိုးဝူက ချက်ချင်းပင် ရယ်မောလိုက်ပြီး “မဟုတ်ပါဘူး… အခု ဖီးနစ်ရဲ့ စွမ်းအားရှင်တွေနဲ့ မျိုးရိုးဗီဇပြာင်းလဲသူတွေအတွက် စမ်းသပ်မှုတွေက အဓိကအားဖြင့် နှစ်ဆင့် ခွဲထားတယ်။ တစ်ခုက ဝိညာဉ်လှိုင်း အမြင့်ဆုံးစမ်းသပ်မှု ဖြစ်ပြီး နောက်တစ်ခုက ကန့်သတ်အချိုး ဖြစ်တယ်။ ဒီနှစ်ခုကို ပေါင်းစပ်လိုက်ရင် လူတစ်ယောက်ရဲ့ ဆင့်ကဲပြောင်းလဲမှု အဆင့်ကို သိနိုင်မယ်”
“ဝိညာဉ်လှိုင်း အမြင့်ဆုံး စမ်းသပ်မှု”
ထိုအချိန်တွင် ရှုချင်းက ထွက်လာပြီး
“ကျွန်မတို့လို ဆင့်ကဲပြောင်းလဲသူတွေလည်း ဝိညာဉ်လှိုင်းကို တိုင်းတာလို့ရလား”
“ရတာပေါ့” ကျိုးဝူက ပြန်ဖြေသည်။
“မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲသူတွေကလည်း အေးခဲ-အမှောင် အခြေခံအမှုန်ရဲ့ သက်ရောက်မှုကို ခံရပြီး လူသားတွေက ကန့်သတ်ထက်ကျော်လွန်တဲ့ ဆင့်ကဲပြောင်းလဲမှုကို ဖြစ်ပေါ်စေတယ်။ ဒါက အခြေခံအားဖြင့် စွမ်းရည်အမျိုးအစားတစ်ခုပဲ။ အမြင့်ဆုံး ကန့်သတ်ချက်ကို စမ်းသပ်ခြင်းဖြင့် တစ်ဦးချင်းရဲ့ ဆင့်ကဲပြောင်းလဲမှု အဆင့်နဲ့ သူတို့ ပိုင်ဆိုင်တဲ့ စွမ်းအင်သိပ်သည်းဆကို ဆုံးဖြတ်နိုင်တယ်”
“ဒါဆို ဒီကန့်သတ်အချိုးဆိုတာက ဘာလဲ”
လင်းရှန်က မေးလိုက်သည်။
“ဒါက ရိုးရှင်းပါတယ်” ဖုန်းဖုန်းက ရှင်းပြသည်။
“လူတစ်ယောက်ရဲ့ တိုက်ခိုက်ရေး စွမ်းအား —သတ္တိ၊ စိတ်ဓာတ်၊ အတွေ့အကြုံ၊ အရေးပေါ် အခြေအနေတွေမှာ တုံ့ပြန်နိုင်မှုနဲ့ ကိုယ်ပိုင်စွမ်းရည်တွေကို ဘယ်လောက် ကောင်းကောင်း တိုးတက်အောင် လုပ်ထားလဲဆိုတာကို တွေးကြည့်လို့ရတယ်”
“အမြင့်ဆုံးဝိညာဉ်လှိုင်းက သေနတ်တစ်လက်ရဲ့ စွမ်းအားကို ကိုယ်စားပြုတယ်ဆိုရင် ကန့်သတ်အချိုးက စစ်သားတစ်ဦးရဲ့ အရည်အသွေးကို ကိုယ်စားပြုတယ်။ ဒီနှစ်ခုကို ပေါင်းစပ်လိုက်ရင် ဒီသေနတ်က ဘယ်လို စွမ်းအားမျိုး ထုတ်လွှတ်နိုင်မလဲဆိုတာကို ပြောပြနိုင်တယ်။ ဥပမာ- စစ်သားသစ်တစ်ယောက်က စက်သေနတ်ကြီးကို သုံးရင် ဖုတ်ကောင်တစ်ကောင်ကိုတောင် မသတ်နိုင်ဘဲ သူ့လက်ပဲ ကျိုးသွားနိုင်တယ်၊ ဒါပေမဲ့ ကျွမ်းကျင်သူတစ်ယောက်က ပစ္စတိုကိုပဲ သုံးရင်တောင် တိကျတဲ့ စနိုက်ပါတစ်လက်လို ပစ်နိုင်တယ်။ ဒါကြောင့် စွမ်းရည်တစ်ခုရဲ့ သက်ရောက်မှုက အသိပညာ အပါအဝင် အချက်များစွာပေါ် မူတည်တယ်”
“အသိပညာ”
“ဟုတ်တယ်” ဖုန်းဖုန်းက ပီကေ ဝါးရင်း ပူဖောင်း တစ်ခုကို မှုတ်ထုတ်လိုက်သည်။ ထို့နောက် သူမက ပူဖောင်းကို လက်ချောင်းဖြင့် အပေါက်ဖောက်လိုက်ရာ ပူဖောင်းက ချက်ချင်း မာကျောသွားသည်။ လေစီးကြောင်းတစ်ခု အတွင်းမှာ စုစည်းပြီး သူမက လက်ဖဝါးကို ဆုပ်လိုက်သည်။ လေဝဲတစ်ခု ပစ်ထွက်သွားပြီး သူမရဲ့ လက်ဖဝါးထဲမှာ လျင်မြန်စွာ လည်ပတ်နေတဲ့ လေပွေကို ဖြစ်ပေါ်စေလေသည်။ သူမရဲ့ စွမ်းရည်ကို ဖိသိပ်လိုက်သည်နဲ့ လေက တဝီဝီမြည်ရင်း လေပွေက ပိုအားကောင်းလာသည်။
ဝီ ဝီ ဝီ
ဘုန်း
ဖုန်းဖုန်းသည် လေပွေကို မြေပြင်သို့ ပစ်လိုက်ရာ မာကျောသော မျက်နှာပြင်ပေါ်တွင် စက်ဝိုင်းပုံ အပေါက်တစ်ခု ချက်ချင်း ပေါက်သွားသည်။ ၎င်းရဲ့ စွမ်းအားက ကျည်ဆန်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။
“လေပွေ သက်ရောက်မှု၊ အလယ်တန်းကျောင်း အရည်ဗဟိုပြု ရူပဗေဒ အသိပညာကို ငါရဲ့ စွမ်းရည်နဲ့ ပေါင်းစပ်လိုက်တာက သာမန်လေကို သတ္တုစပ် ကျည်ဆန်ထက် ပိုပြီးအစွမ်းထက်တဲ့ တိုက်ခိုက်မှုအဖြစ် ပြောင်းလဲနိုင်တယ်”
ဖုန်းဖုန်းက ပီကေ နောက်တစ်တုံးကို ပါးစပ်ထဲ ထည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
ပရိသတ်နောက်တွင် ရပ်နေသည့် လုရှင်းချန်၏ မျက်လုံးများ ချက်ချင်းပင် အရောင်တောက်လာသည်။ ဖုန်းဖုန်း၏ လှုပ်ရှားမှုက သူ့အတွက် ကမ္ဘာသစ်တစ်ခုကို ဖွင့်ပေးလိုက်သလို ဖြစ်သွားခဲ့သည်။
“ရူပဗေဒပညာကို မီးနတ်ဘုရား စွမ်းအားနဲ့ ပေါင်းစပ်ရင်… အင်း… စိတ်ဝင်စားစရာပဲ” သူ တစ်ယောက်တည်း ရေရွတ်လိုက်သည်။
ကီကီပင် မျက်မှောင်ကြုတ်ပြီး စိတ်ဝင်တစား နားထောင်ကာ စဥ်းစားနေသည်၊၊
ဖုန်းဖုန်း၏ လှုပ်ရှားမှုက ရိုးရှင်းပြီး နားလည်လွယ်သည်။
ထိုအချိန် လင်းရှန်က ပြောလိုက်သည်၊၊
“ဒါဆို ဒီကန့်သတ်အချိုးက တစ်ယောက်နဲ့တစ်ယောက် မတူညီဘူး၊၊ လူတစ်ယောက်ရဲ့ အရည်အချင်းကို အကဲဖြတ်ဖို့ သုံးတာပေါ့”
ကျိုးဝူက ပခုံးတွန့်လိုက်ပြီး
“အဲဒီသဘောပဲ။ ဒါပေမဲ့ ဒီ ဆင့်ကဲပြောင်းလဲမှုအဆင့်က နှိုင်းယှဉ်ချက်အရ ရည်ရွယ်ချက်ရှိရှိ ဂဏန်းအကဲဖြတ်မှုတစ်ခုသာ ဖြစ်တယ်။ လူတစ်ယောက်ရဲ့ တိုက်ခိုက်ရေးစွမ်းအား ဒါမှမဟုတ် အသက်ရှင်နှုန်းကို အပြည့်အဝကိုယ်စားမပြုနိုင်ဘူး။ အချို့ စွမ်းရည်တွေက အန္တရာယ်ရှိတဲ့အချိန်မှာ လွတ်မြောက်ဖို့ အခွင့်ရေးပိုများတယ်။ ဥပမာ- ပျံသန်းနိုင်တဲ့ စွမ်းရည်တွေမှာ အသက်ရှင်နှုန်းက မြင့်မားပြီး ထွက်ပြေးတဲ့နေရာမျိုးမှာ ကောင်းမွန်ပေမဲ့ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက မမြင့်မားနိုင်ဘူး”
“ငါတို့ နားလည်ပါတယ်”
“စမ်းသပ်မှုမှာ ပါဝင်ရင် လက်ဆောင်ပေးတယ်လို့ ကြားတယ်။ အဲဒါ အမှန်ပဲလား”
ထိုအချိန်တွင် စိတ်လှုပ်ရှားနေသည့် မြောင်လုက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဟုတ်ပါတယ်” ကျိုးဝူအာက ပြုံးပြီး ပြောလိုက်သည်၊၊
“မင်းတို့က ဆင့်ကဲပြောင်းလဲမှု အဆင့်ကို ရတာနဲ့ ထောက်ပံ့ရေးပစ္စည်း သေတ္တာတစ်လုံး ရနိုင်တယ်။ စိန်အဆင့် ရောက်ရင်တော့ ထောက်ပံ့ရေးပစ္စည်း သေတ္တာသုံးလုံး ရရှိမယ့်အပြင် စက်သေနတ်ကြီးတစ်လက်နဲ့ ကျည် ၁,၀၀၀ ပါ ထပ်ပေးဦးမယ်”
“ဒီလောက် အများကြီးလား” လူအုပ်ကြီးက အံ့သြတုန်လှုပ်စွာဖြင့် အာမေဋိတ်သံ ပြုလိုက်ကြသည်။
ကျိုးဝူက ခေါင်းညိတ်သည်။ လူတိုင်း၏ အံ့သြမှုကို မြင်သောအခါ သူက ဂုဏ်ယူစွာ ထပ်ပြောလိုက်သည်၊ “ဟဲဟဲ… ရူးသွပ်သူ အဆင့်ဆိုရင်တော့ ထောက်ပံ့ရေးယာဉ်တစ်စီး၊ အေးခဲ-အမှောင် ဓာတ်ပြုဆေးရည်တစ်ပုလင်း၊ YJ-03 ယာဉ်တင် လေယာဉ်ပစ် စက်အမြောက်တစ်လက်နဲ့ ကျည်ဆန် ၂၀၀ ထိ ပေးမယ်။ ဘယ်လိုလဲ… ဆွဲဆောင်မှု မရှိဘူးလား”
“ဝိုး” လူအုပ်ကြီးက အော်ဟစ်လိုက်ကြသည်။
“လေယာဉ်ပစ် စက်အမြောက်”
“အဲဒါ တကယ်လား”
“လုံးဝ အမှန်ပါပဲ”
ကျိုးဝူက ပခုံးတွန့်ပြီး “ဒါတွေ အားလုံးက အခမဲ့ပါ။ စိန်အဆင့် ဒါမှမဟုတ် အထက်မှာ ရှိသူတိုင်းက ငါတို့ ညလမ်းလျှောက်သူ အဖွဲ့အစည်းရဲ့ ခြေရာခံသုတေသနအတွက် သွေးနမူနာ တစ်ခု ချန်ထားခဲ့ရမယ်ဆိုတဲ့ အခြေအနေတစ်ခုတည်းပဲ ရှိတယ်”
ချန်ဆီရွှမ်က “သုတေသနအတွက် သက်သက်တော့ မဟုတ်ဘူးမလား။ ဒီအဆင့်မြင့် စွမ်းအားရှင်တွေကို နောင်လာမယ့် အချိန်တွေမှာ ဖီးနစ်နဲ့ ပိုမို ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်စေချင်လို့ ဖြစ်မယ်”
“အဲဒီလို ရည်ရွယ်ချက်တော့ ရှိပါတယ်” ကျိုးဝူက အကူညီမဲ့စွာ ပြန်ဖြေသည်။
“တစ်ချိန်တည်းမှာပဲ ဒီမှာ ရောက်နေတဲ့ အဖွဲ့တွေကို အသက်ရှင်နှုန်း ပိုမြင့်လာအောင် ကူညီပေးချင်တယ်။ အချို့ ရှုထောင့်က ကြည့်ရင် ဒီသန်မာတဲ့ အသက်ရှင်ကျန်ရစ်သူ အဖွဲ့တွေဟာ တစ်နေ့ကျရင် လူသားမျိုးနွယ်ရဲ့ နောက်ဆုံး မျှော်လင့်ချက် ဖြစ်လာနိုင်တယ်။ ဒါပေါ့… ဖီးနစ်က ရှင်သန်ကျန်ရစ်သူတွေကို ထောက်ပံ့ဖို့အတွက် အရင်းအမြစ်တွေ ရင်းနှီးမြှုပ်နှံရတာကို ဝမ်းသာပါတယ်၊၊ ဒါက ငါတို့ရဲ့ ရည်ရွယ်ချက်ပဲ”
“ဒါ့အပြင် မင်းတို့ စမ်းသပ်မှု လုပ်တဲ့အခါ ငါတို့ ဖီးနစ်လုပ်ဖော်ကိုင်ဖက်တွေက ညလမ်းလျှောက်သူ အဖွဲ့အစည်းကနေ အကျဉ်းချုပ်ထားတဲ့ နည်းလမ်းတွေအပေါ် အခြေခံပြီး ရိုးရှင်းတဲ့ လေ့ကျင့်မှုအချို့ကို ပေးပါလိမ့်မယ်။ ဒါက မင်းတို့ကို အထောက်အကူ ဖြစ်စေလိမ့်မယ်။ ဒါက အရေးပေါ်စွမ်းရည်လေ့ကျင့်မှု အမျိုးအစားတစ်ခုပဲ။ ဒါကြောင့် ဖီးနစ်က ပစ္စည်းတွေ ပေးပို့ရုံတင် မဟုတ်ဘူး။ ဒေသအနှံ့မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေက ပြည့်စုံတဲ့ ရှင်သန်ရေး ကျွမ်းကျင်မှု လေ့ကျင့်မှုတွေ ပေးနေတယ်—စွမ်းရည်တွေအကြောင်းတင် မဟုတ်ဘဲ သေနတ် အသုံးပြုနည်း၊ ဆေးဘက်ဆိုင်ရာ လေ့ကျင့်မှု၊ ရှင်သန်ရေး လမ်းကြောင်း၊ အမှောင်ည တုံ့ပြန်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်း …တွေပဲ”