အခန်း (၈၆၈)
Vol. 62 Ch. 868
" ဂုဏ်ယူပါတယ် သခင်ကြီး "
အားလုံး သံပြိုင်အော်လိုက်ကြပြန်သည်။
ထျန်းရှန့်ကျီက ကျေနပ်ပြုံးဖြင့် ခေါင်းညိတ်၏။ ထို့နောက် သူ တစ်ခုကို ရုတ်တရက်စဥ်းစားမိသွားဟန်ဖြင့် လျန်ချန်းဘက်လှည့်ကြည့်၍ ပြောသည်။
" အိုး.. ကိစ္စနောက်တစ်ခု ရှိသေးတယ်ကွ ။ အဲ့ဒါကို သွားရှင်းရဦးမယ် "
" အမိန့်သာချပေးပါ သခင်ကြီး "
လျန်ချန်းက ဦးညွှတ်၍ ဆိုသည်။
နတ်ဘုရားသားတော်က တည်တည်ငြိမ်ငြိမ် ပြော၏။
" ဘာမှတော့ ကြီးကြီးမားမား မဟုတ်ပါဘူးကွာ ။ ဒါယွိနိုင်ငံက ယင်ကောင်လေးတစ်ကောင်က ငါ့နောက်လိုက်တစ်ယောက်ကို သတ်ပစ်ခဲ့တယ် ။ အစကတော့ အဲ့ကောင်ကို ငါကိုယ်တိုင် ရှင်းမလို့ပဲ ။ ဒါပေမယ့် အခုက အရှုပ်အထွေးနတ်ဘုရားမြို့တော် ဖွင့်ဖို့အတွက် ငါ ပြင်စရာရှိတာတွေ ပြင်ရဦးမယ်ကွ ။
ပြီးတော့ အဲ့လို ဘာမဟုတ်တဲ့ ယင်တစ်ကောင်ကို ကိုယ်တိုင်ထွက်ရှင်းရင် ငါ့အတွက်လဲ သိက္ခာကျတယ် "
" အဲ့တော့.. လူလွှတ်ပြီး အဲ့ကောင်ကို ဖမ်းခေါ်လာခဲ့လိုက် ။ သတ်တော့ မသတ်လိုက်နဲ့နော် ။ အဲ့ကောင်ကို ငါ့ရှေ့ခေါ်ပြီး အကြောက်တရားဆိုတာဘာလဲ သိအောင်လုပ်ပေးပြီးမှ ဖြည်းဖြည်းချင်းသတ်မှာ ။ ငါပြောတာ နားလည်လား "
လျန်ချန်း ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
" စိတ်မပူပါနဲ့ သခင်ကြီး ၊ အဲ့ကိစ္စကို ကျုပ်တာဝန်သာ ထားပါ ။ ကျုပ် သေသေချာချာကို ကိုင်တွယ်လိုက်ပါ့မယ် ။ အဲ့ကောင်ရဲ့ နာမည်က ဘယ်လိုခေါ်လဲဗျ "
ထျန်းရှန့်ကျီ မျက်ခုံးပင့်သွားကာ ခေတ္တမျှ စဥ်းစားနေပြီးမှ ပြန်ပြောသည်။
" ဒီကောင့်နာမည်က.. လောထျန်း ထင်တယ် "
ထိုစဥ်.. မိုင်ထောင်ပေါင်းများစွာ ဝေးသောတစ်နေရာ၌ ...
" ဟတ်ချိုး... "
ကောင်းကင်ဘုံအဆင့်သို့ ရောက်ပြီးခါစ လောထျန်းတစ်ယောက် နှာချေသွားသည်။
" ဟင်.. ဘာဖြစ်နေတာလဲ ။ ဘာလို့ ရုတ်တရက်ကြီး နှာချေနေရတာလဲ "
လောထျန်း တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
ထို့နောက်.. သူ ဘေးဘီသို့ လှည့်ပတ်ကြည့်လိုက်ရာ တစ်နေရာလုံးက ရှုပ်ပွလျက် ရှိနေသည်ကို မြင်လိုက်ရပါသည်။
ယခင် ပေါကြွယ်ဝလှသော စိတ်စွမ်းအင်များနှင့် မသေမျိုးစွမ်းအင်များလည်း ပျောက်ကွယ်နေခဲ့လေပြီ ။
" ဟင်.. ငါက အခုမှ ကောင်းကင်ဘုံအဆင့်တစ်ပဲ ရောက်သေးတာကို စွမ်းအင်တွေအားလုံး ကုန်သွားပြီလား ။ နောက်အဆင့်တွေ တက်ဖို့ဆိုရင် စိတ်စွမ်းအင်ကြွယ်ဝတဲ့ နောက်နေရာတစ်ခု ထပ်ရှာမှ ရတော့မှာ ။ ထားပါလေ.. လောလောဆယ်တော့
ခန္ဓာကိုယ်ကျင့်စဥ်နဲ့ သိုင်းကွက်တွေ လေ့ကျင့်ဖို့ကိုပဲ အာရုံစိုက်လိုက်မယ် "
လောထျန်း ထိုသို့တွေးကာ မျက်လုံးမှိတ်၍ သူ့ အသိစိတ်ပင်လယ်ထဲ ကြည့်လိုက်သည်။
ဝီ...
ကောင်းကင်ဘုံသိုင်းကျမ်း ကိုးအုပ် ရုတ်ချည်းပေါ်လာ၏။
လောထျန်း ခေတ္တမျှ စဥ်းစားနေပြီးနောက် ကောင်းကင်ဘုံ ခန္ဓာကိုယ်သန့်စင်နည်းကို ဦးစွာ ယူကြည့်လိုက်သည်။
" ဒါနဲ့ပဲ စလိုက်ကြတာပေါ့ "
သူ ရေရွတ်ပြီး စာအုပ်ကို ဖွင့်လိုက်၏။
ဝီ ...
စာအုပ်ထဲတွင် ပါဝင်သော အကြောင်းအရာများ
အားလုံး သူ့ အသိစိတ်ပင်လယ်ထဲသို့ တမဟုတ်ချင်း ရောက်လာသည်။
ထို့နောက်တွင်မူ လောထျန်း မျက်လုံးပြန်ဖွင့်လာကာ စတင်ကျင့်ကြံလိုက်၏။
ဝုန်း...
သိုင်းကွက်အနည်းငယ် လေ့ကျင့်ပြီးနောက်မှာပင် သူ့ခန္ဓာကိုယ်အစွမ်းက သိသိသာသာ တိုးလာသည်ကို လောထျန်း ခံစားလိုက်ရသည်။
သူ့ကိုယ်ထဲ၌ အဆုံးမဲ့ အစွမ်းများလည်း တိုးလာနေပါ၏။
အရှုပ်အထွေး နတ်ဘုရားအလင်းတန်းတစ်ခုလည်း တိုးထွက်လာသည်။
ထို့နောက် အလွန်အေးစက်သော အရောင်အဝါတစ်ခုလည်း ထွက်လာ၏။
" ရွှမ်ပင်နတ်ဘုရားခန္ဓာကိုယ်ပဲ.. အဲ့ဟာကိုရော
အရှုပ်အထွေးခန္ဓာကိုယ်ထဲကို ပေါင်းထည့်လို့ရလားမသိဘူး "
လောထျန်း တွေးမိကာ ချက်ချင်း အကောင်အထည်စဖော်လိုက်သည်။
မကြာခင်မှာပင်.. ကြောက်မက်ဖွယ် အအေးဓာတ်က အရှုပ်အထွေးစွမ်းအင်များနှင့် တစ်သားတည်း ပေါင်းစပ်လာပါ၏။
ဤသို့ဖြင့် တစ်စက္ကန့်မျှ အချိန်လေးအတွင်းမှာပင် ရွှမ်ပင်နတ်ဘုရားခန္ဓာကိုယ်က အရှုပ်အထွေးခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် အရှုပ်အထွေးခန္ဓာကိုယ်၏ အစွမ်းလည်း တိုးလာပါ၏။
သို့သော် အအေးဓာတ် အရောင်အဝါက ပျောက်ကွယ်သွားသည့်တိုင် ရွှမ်ပင်နတ်ဘုရားခန္ဓာကိုယ်၏ အရောင်အဝါက မပျောက်ကွယ်သေးသလို လောထျန်း ခံစားလိုက်ရပါသည်။
ထို့နောက်တွင် သူ့ စိတ်ဝိဥာဥ် လှုပ်ရှားသွားကာ
အရှုပ်အထွေးခန္ဓာကိုယ် အသက်ဝင်လာသည်။
ထို့နောက် ရွှမ်ပင်နတ်ဘုရားခန္ဓာကိုယ်လည်း ထပ်ပေါ်လာပြန်၏။
" ငါ ထင်ထားသလိုပါပဲလား ။ အရှုပ်အထွေးခန္ဓာကိုယ်ထဲကို ပေါင်းစပ်လိုက်တဲ့ ထူးခြားခန္ဓာကိုယ်တွေက လုံးဝကြီး ပျောက်ကွယ်သွားတာ မဟုတ်ဘဲနဲ့ အရှုပ်အထွေးပုံစံအဖြစ် ပြောင်းသွားကြတာ ။ အဲ့ဒါကို ငါ လိုအပ်တဲ့အချိန်တိုင်း ထုတ်သုံးလို့ရတယ် ။ အရှုပ်အထွေးခန္ဓာကိုယ်ကတော့ တကယ့် မူလခန္ဓာကိုယ် ပီသပါပေတယ် "
လောထျန်း ရေရွတ်ကာ သက်ပြင်းချလိုက်သည်။
တစ်ချိန်တည်းနီးပါးမှာပင်...
ဝုန်း ...
လောထျန်း၏ အရှုပ်အထွေး အရောင်အဝါ ပေါက်ကွဲထွက်သွားပြီး ..
အားပြင်းသော အစွမ်းတစ်ခု တိုးထွက်လာ၏။
ဝုန်း ....
သူ့အနောက်ဘက်တွင်လည်း ခေါင်းသုံးလုံး ၊ လက်ခြောက်ခုနှင့် အရိပ်ကြီး ပေါ်လာသည်။
မဟာတာအို စိတ်ဝိဥာဥ်အစစ်ကလည်း ၎င်းအရိပ်ကြီးဘေးတွင် လှည့်ပတ်နေပါ၏။
လက်ခြောက်ဖက်ထဲတွင်လည်း အစိုင်အခဲအဖြစ် သေချာပုံပေါ်နေသည့် အရှုပ်အထွေး လက်နက်ခြောက်ခု ရှိနေသည်။
ထို လက်နက်ခြောက်ခုကိုလည်း ထွင်းစာများ ရစ်ပတ်နေပါသေး၏။
" အရှုပ်အထွေး ဓားသိုင်း ... "
လောထျန်းက စိတ်ဝိဥာဥ်အစွမ်းကိုသုံး၍ ထွင်းစာများအား ဖတ်ပြီး ၎င်းတို့ကို တစ်ခါတည်း မှတ်သားလိုက်သည်။
ထိုစဥ်မှာပင်..
ဝီ ..
လောထျန်း၏ မျက်ခုံးနှစ်ခုကြားတွင် ဓားအရိပ် ခပ်သေးသေးတစ်ခု စုစည်းလာပါ၏။
" အဲ့ဟာက..... "
လောထျန်းက ၎င်းကိုတစ်ချက်ကြည့်ကာ ဓားအရိပ်အား အသာကိုင်လိုက်သည်။
ချွှင် ...
ဓားစိတ်ဆန္ဒတစ်ခု နေရာအနှံ့ ပေါ်လာ၏။
ဝီ ...
ထို အရှုပ်အထွေး ဓားအရိပ် အသက်ဝင်လာသည်နှင့် သူ့လက်ထဲရှိ ဓားအရိပ်ကလည်း ရုတ်တရက် မြည်သံပေးလာပါသည်။
ထို ဓားသံသည်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းနေကာ ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွား
အောင် လုပ်နိုင်နေပါ၏။
သူ့လက်ထဲမှ အရှုပ်အထွေးဓားကို ကြည့်ရင်း လောထျန်း မနေနိုင်ဘဲ သက်ပြင်းချမိလိုက်သည်။
" ဒီအရှုပ်အထွေး ဓားသိုင်းကို အရှုပ်အထွေး လက်နက်ခြောက်ခုထဲက အရှုပ်အထွေးဓားနဲ့ ပေါင်းစပ်လိုက်ရင် အံ့သြစရာ ကောင်းလောက်အောင်ကို အစွမ်းထက်တာပဲ ။ ဒါ... ထုံရွှယ်အဆင့်က ကောင်းကင်ဘုံဓားသိုင်းနဲ့တောင် ယှဥ်လို့ရတယ် "
ချွှင်...
လောထျန်းတစ်ယောက် ထိုစကားကို ပြောလိုက်သည့်အခါ.. သူ့လက်ထဲမှ အရှုပ်အထွေးဓားက မကျေနပ်ပုံဖြင့် အဆက်မပြတ် မြည်သံပေးလာ၏။
လောထျန်း ၎င်းကိုကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားသည်။
" ဒီဓားက အသိဉာဏ်တောင် ရှိနေပြီလား "
လောထျန်း ခေါင်းညိတ်၍ အရှုပ်အထွေးဓားရှည်ကို ပြန်ထားကာ အရှုပ်အထွေး ဓားမြှောင်အား ထုတ်လိုက်သည်။
ထိုဓားမြှောင်တွင်လည်း ထွင်းစာများ ရစ်ပတ်နေပါ၏။
လောထျန်းမှာ ပထမနည်းအတိုင်း ထွင်းစာများကို ဖတ်ပြီးသည်နှင့် ၎င်းဓားသိုင်းအား ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားပါတော့သည်။
ထို့နောက်.. သူ ဓားကိုပြန်ထား၍ ချိန်းကြိုးတစ်ခုကို ယူလိုက်သည်။
ဤသို့ဖြင့် မကြာခင်မှာပင်.. အရှုပ်အထွေး လက်နက်ခြောက်ခုလုံး၏ သိုင်းကျမ်းများကို လောထျန်း ကျွမ်းကျင်တတ်မြောက်သွားပါ၏။
ဝီ ..
သူ့ နဖူးပေါ်တွင်လည်း အရှုပ်အထွေး အရိပ်ခြောက်ခု စုဝေးနေပါသည်။
ချက်ချင်းမှာပင် ထိုအရိပ်များ တစ်ခုနှင့်တစ်ခု ရောယှက်သွားပြီး တလက်လက်တောက်နေသော နတ်ဘုရားအလင်းတန်း တစ်ခုအဖြစ် စုစည်းသွားပါ၏။
" ဟင်... ဒါက... "
လောထျန်း အနည်းငယ် အံ့အားသင့်သွားရသည်။
ထို့နောက်တွင်မူ နတ်ဘုရားအလင်းတန်းက လောထျန်းကိုယ်ထဲ တိုးဝင်သွားကာ မိုးကြိုးသံတစ်သံ ထွက်လာ၏။
သူ့ အသက်အစွမ်းနှင့် ရိုးတွင်းချဥ်ဆီများပါ သန့်စင်ခံလိုက်ရသလို.. လောထျန်း ခံစားမိလိုက်ပြီး သူ့ခန္ဓာကိုယ် မှာလည်း စက္ကန့်နှင့်အမျှ ပိုအစွမ်းထက်လာသလိုပါပင်...
ဤမျှ မကသေးဘဲ..
သူ့ရင်ထဲတွင်လည်း တစ်ခုကို ခံစားမိလိုက်ပါ၏။
လောထျန်း သူ့အတွင်းကမ္ဘာငယ်အား ချက်ချင်းဖွင့်
ကြည့်လိုက်သည်။
သူ့အတွင်းကမ္ဘာငယ်မှာ ကမ္ဘာသစ် ဖန်တီးခြင်း အတွေ့အကြုံကို ထပ်ကြုံနေရပေသည်။
" ဒါ.... "
လောထျန်းမှာ ၎င်းကိုကြည့်ရင်း အံ့အားသင့်နေကာ တီးတိုးရေရွတ်လိုက်သည်။
" ဒါ... ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခုအဖြစ် ပြောင်းသွားတော့မှာလား "
သို့သော် သူ အချိန်အတန်ကြာ ကြည့်ပြီးနောက်တွင်မူ အတွင်းကမ္ဘာငယ်၏ တိုးတက်ပြောင်းလဲမှုနှုန်းက အလွန်နှေးနေသည်ကို တွေ့လိုက်ရပါ၏။
ထို့ကြောင့်.. ခဏတာမျှ စဥ်းစားပြီးနောက် ၎င်းကို လုံးဝ လျစ်လျူရှုထားလိုက်တော့သည်။
လက်ရှိအခြေအနေကို ကြည့်ရလျှင်လည်း အတွင်းကမ္ဘာငယ်က ပိုကောင်းသထက် ကောင်းလာနေပေရာ သူ ဘာမှဝင်လုပ်စရာ မလိုပါချေ။
ထို့နောက် သူ အရှုပ်အထွေးခန္ဓာကိုယ်ကိုသာ အာရုံပြန်စိုက်လိုက်ပါ၏။
လက်ရှိတွင် သူ့ အရှုပ်အထွေးခန္ဓာကိုယ်မှာ တည်ငြိမ်နေခဲ့ပြီဖြစ်ကာ သူ့နဖူးပေါ်ရှိ အရှုပ်အထွေးအမှတ်အသား ခြောက်ခုမှာလည်း ပျောက်ကွယ်သွားခဲ့လေပြီ ။
လောထျန်းက ခေါင်းသုံးလုံး လက်ခြောက်ဖက် အရိပ်ကြီးအား သူ့ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရန် ကြိုးစားလိုက်၏။
တခဏလေးအတွင်းမှာပင် သူ အောင်မြင်သွားခဲ့ပါသည်။
ထို့နောက်တွင်.. သူ လက်ကို အသာမြှောက်လိုက်သည်။
ဝုန်း...
ထိုသို့ တစ်ချက်လေး လှုပ်လိုက်ရုံဖြင့်ပင် လောထျန်းရှေ့ မြေပြင်၌ မိုင်ပေါင်းမည်မျှရှည်သည် မသိသော
အက်ကွဲကြောင်းကြီး ဖြစ်သွားပါတော့၏။
" အစွမ်းက အများကြီးတိုးလာတာပဲ ။ တာအိုအစွမ်းနဲ့လဲ ပိုပြီး သံစဥ်ကိုက်နေတယ် .. "
လောထျန်း ရေရွတ်ပြီး စိတ်ဝိဥာဥ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်။
ဝုန်း... ဝုန်း ... ဝုန်း ....
မျက်စိတစ်မှိတ်ခန့် အချိန်အတွင်း သူ့ခန္ဓာကိုယ် အခြေအနေက အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားပြန်ပါ၏။
ထိုသို့ တစ်ကြိမ်ပြောင်းသွားတိုင်းလည်း အစွမ်းက အကန့်အသတ်ပမာဏသို့ ရောက်လုနီးပင် ။
" အရှုပ်အထွေးအစွမ်းကို သုံးပြီးတော့ ငါ အားလုံးလုပ်လို့ရသွားပြီ ။ ငါ့ရဲ့ အရှုပ်အထွေးခန္ဓာကိုယ်ကလဲ အဆင့်ရှစ်တောင် ရောက်သွားပြီပဲ "
လောထျန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။