ကျင်းချန်ယာဥ်တန်းမှ ပရောဖက်ရှင်နယ်အဆင့် ကျွမ်းကျင်သူ ၁
Vol. 26 Ch. 395
စကင်ဖတ်နေစဉ် လင်းရှန်သည် အချိန်ကို စောင့်ကြည့်နေပြီး လက်ရှိပြဿနာများကို ဖြေရှင်းပြီးသည်နှင့် အနန္တရထား အတွင်းရှိ ပစ္စည်းများကိုပါ အဆင့်မြှင့်တင်နိုင်မည်ဟု တွက်ချက်ထား၏။ ရထားတစ်စီးလုံး၏ သံချပ်ကာကို ပေါင်းစပ်သံချပ်ကာအသစ်ဖြင့် အစားထိုးခဲ့ပြီး သံချပ်ကာမော်ဂျူးများကို စံညွှန်းသတ်မှတ်ထားခြင်းကြောင့် ခေါင်မိုးသံချပ်ကာနှင့် တွဲဖက်ကာ ရထား၏ ပိတ်ဆို့နိုင်စွမ်းသည် သိသိသာသာ တိုးတက်လာခဲ့ပြီး ယခင်က နှင်းအရည်ပျော်စိမ့်ဝင်မှု ပြဿနာကို ဖြေရှင်းပေးနိုင်ပေလိမ့်မည်။
နောက်ထပ် စာရင်းတွင် ပါဝင်သည်မှာ စောင့်ကြည့်စနစ်ဖြစ်သည်။ ယခု အချိန်ရပြီဖြစ်သောကြောင့် ‘ဘုရင်မ မိုနီကာ’ ၏ ဒီဇိုင်းမှ ၃၆၀ ဒီဂရီ စောင့်ကြည့်မှုကို ဖန်တီးရန်နှင့် သတင်းအချက်အလက်ဗဟိုဌာနတွင် ပေါင်းစည်းရန်အတွက် ငှားသုံးနိုင်ပြီ ဖြစ်သည်။ တွဲတိုင်းတွင် အပြင်ဘက်ကို မြင်နိုင်သော မျက်နှာပြင်များကို တပ်ဆင်နိုင်မည်ဖြစ်ရာ အပြင်ဘက်ကို မြင်ရန် ပြတင်းပေါက်များကို ဖွင့်ရန် မလိုအပ်တော့ပေ။ ထို့အပြင် ကာကွယ်နိုင်စွမ်းသည် ပြတင်းပေါက်များထက် အဆပေါင်းများစွာ သာလွန်မည်ဖြစ်ပြီး အဖွဲ့ဝင်အားလုံးအတွက် ဘေးကင်းလုံခြုံမှုကို တိုးမြှင့်ပေးမည်။
နဂါးတောင် ၁ ၏ တြိဂံသံလမ်း သံလိုက်အားပြင်း မြေပြင်အမျိုးမျိုးသုံး မောင်းနှင်မော်ဂျူးကိုလည်း သူ စကင်ဖတ်ရန် စောင့်ဆိုင်းနေလေသည်။ ဝေလုံ လျှပ်စစ်ရထားစက်ခေါင်းအသစ်ကို မပေါင်းစပ်ရသေးသလို၊ လက်နက်စနစ်များ၊ 1130၊ လျှပ်စစ်သံလိုက်အမြောက်၊ စွမ်းအားမြှင့်ဝတ်စုံ၊ PX-05 စက်ရုပ်များနှင့် စိုက်ပျိုးတွဲများအတွက် အဆင့်မြှင့်တင်မှုများလည်း ရှိနေသေးသည်။
လင်းရှန်သည် အနန္တရထားကို အပြည့်အဝ လက်နက်တပ်ဆင်ရန်နှင့် ညမရောက်မီ ပိုမိုလုံခြုံသော ပတ်ဝန်းကျင်ကို ဖန်တီးရန်အတွက် အချိန်တိုင်းကို တန်ဖိုးရှိစွာ အသုံးချလိုစိတ် ပြင်းပြနေ၏။
တစ်ချိန်တည်းမှာပင် သူသည် သူ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနကို ဖွင့်လိုက်သည်။
【သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန】
【TRP မျိုးဆက်-၄ အထူး စက်မှုလုပ်ငန်းသုံး စွမ်းအင်ဝင် Exoskeleton (ပုံစံပုံကြမ်း): ၁ ရက် ၀၄ နာရီ】
“စွမ်းအားမြှင့်ဝတ်စုံအသစ်က အဆင်သင့်ဖြစ်ခါနီးပြီ။ ဘယ်လို ထွက်လာမလဲတော့ မသိဘူး”
ထို့အပြင် လင်းရှန်သည် သူ၏ ကျွမ်းကျင်မှုကို စစ်ဆေးရန် ယန္တရားနှလုံးသား စနစ်မြင်ကွင်းကို ပေါ့ပေါ့ပါးပါး ဖွင့်ကြည့်လိုက်သည်။
【အထူးစွမ်းရည်များ】
ယန္တရားအမြောက်【ချဲ့ထွင်ထားသည်】
AT စွမ်းအင်နယ်ပယ်【ချဲ့ထွင်ထားသည်】
ပြန်လှန်အမှတ်ရခြင်း (ရှားပါး)【အဆင့် ၂ ၅၀%】
စွမ်းအားထိုးတတ်ခြင်း (ရှားပါး)【အဆင့် ၂ ၄၅%】
ဆွဲငင်အားမှန်ဘီလူး (ဒဏ္ဍာရီလာ)【အဆင့် ၁ ၇၃%】
“ယန္တရားချဲ့ထွင်မှုက အမြင့်ဆုံးအဆင့် ကျွမ်းကျင်မှုတွေကိုပဲ ချဲ့နိုင်တယ်။ ပြန်လှန်အမှတ်ရခြင်းနဲ့ စွမ်းအားထိုးတတ်ခြင်းက အချိန်အတော်ကြာ အသုံးမဝင်သေးဘူး။ ငါ့ရဲ့ ကျွမ်းကျင်မှုအဆင့်ကို မြှင့်ပြီး အဆင့် ၃ ကို စောစော ရောက်အောင် လုပ်ရမယ် ထင်တယ်”
ယန္တရားချဲ့ထွင်မှုပြီးနောက် သူ၏ စွမ်းရည်များသည် အဆင့်သစ်သို့ တက်လှမ်းသွားခဲ့သည်။ လင်းရှန်သည် AT စွမ်းအင်နယ်ပယ်ကို တိုက်ပွဲတွင် တစ်ခါမှ အသုံးမပြုဖူးသေးသော်လည်း ၎င်းသည် ရေခဲဒိုင်းကာထက် များစွာ ပိုမိုအားကောင်းဖွယ်ရှိသည်ဟု ပြောနိုင်ပေသည်။
အရေးအကြီးဆုံးအချက်မှာ ဤ စွမ်းရည်ကို ကာကွယ်ရေးဧရိယာကို တိုးမြှင့်ရန်အတွက် စွမ်းအားထိုးတတ်ခြင်းကို အသုံးပြု၍ တိုးချဲ့နိုင်ခြင်းပင် ဖြစ်၏။ တစ်နည်းအားဖြင့် လိုအပ်ပါက ၎င်းကို အနန္တရထားကို တိုက်ခိုက်မှုများမှ ကာကွယ်ရန်ပင် အသုံးပြုနိုင်ပေလိမ့်မည်။
လင်းရှန်သည် ထုတ်လွှင့်မှုစနစ်တွင် ချို့ယွင်းချက်တစ်ခုကို စကင်ဖတ်နေစဉ် မျက်မှောင်ကြုတ်သွားမိ၏။
“ဒီပြဿနာက ငါ ထင်ထားတာထက် ပိုပြီး ဒုက္ခပေးမယ့်ပုံပဲ”
…
“မဆိုးဘူး၊ မဆိုးဘူး။ မိုနီကာ...မင်းရဲ့ ရထားက ငါရဲ့ နဂါးတောင် ၁ ထက် အများကြီး ပိုပြီး ထူးခြားတယ်။ တကယ် ပရော်ဖက်ရှင်နယ်ဆန်တယ်။ ငါတို့လို အပိုင်းအစတွေနဲ့ ပေါင်းစပ်ထားတာ မဟုတ်ဘူး”
ထိုအချိန်တွင် ရထားတွဲအပြင်ဘက်၌ ရှီတိယွမ်သည် မော်နီကာနောက်သို့ လိုက်၍ ရထား၏ လက်နက်စနစ်တစ်ခုလုံးကို စစ်ဆေးနေ၏။ မိုနီကာသည် အရက်ဝိုင်းထဲမှာကဲ့သို့ပင် ပွင့်လင်းရိုးသားစွာဖြင့် သူမ၏ ရထားမှ လျှို့ဝှက်လက်နက်များအားလုံးကို ဖုံးကွယ်ရန် အနည်းငယ်မျှ မကြိုးစားဘဲ ပြသခဲ့၏။
“အစ်ကိုရှီ၊ ကျွန်မကို မနောက်ပါနဲ့။ ကျွန်မက မိန်းမတစ်ယောက်ပါ၊ ရှင်နဲ့ ကပ္ပတိန်လင်းလို စွမ်းရည်တွေ ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ ကျွန်မက နောက်ခံကောင်းပြီး ဒီရထားမရှိရင် ကျွန်မရဲ့ အကန့်အသတ်ရှိတဲ့ စွမ်းရည်တွေနဲ့ဆိုရင် ဖုတ်ကောင်တစ်ကောင်က စားတာခံရတာ ဒါမှမဟုတ် ဓားပြယာဉ်တန်းတစ်ခုဆီ ရောင်းစားခံရပြီး ကစားစရာအဖြစ် အသုံးပြုခံရမှာပဲ”
မိုနီကာ၏ လေသံတွင် မိမိကိုယ်ကို ပြောင်လှောင်သည့် အကူအညီမဲ့မှု အရိပ်အယောင် ပါဝင်နေသော်လည်း သူမသည် ပြုံးနေဆဲပင်။
“ဟေး၊ အဲလို မပြောပါနဲ့”
ရှီတိယွမ်သည် လက်ကို ဝှေ့ယမ်းကာ တိုက်ရိုက်ပြန်ပြောသည်။
“ဒီကမ္ဘာမှာ ရှင်သန်နိုင်တာက စွမ်းရည်တစ်ခုပဲ”
နှစ်ဦးသား ဆက်လက်ပြောဆိုနေကြပြီး ရှီတိယွမ်သည် လင်းရှန်ကို စောင့်နေစဉ် နဂါးတောင် ၁ ၏ စွမ်းရည်စစ်ဆေးမှု အခြေအနေကိုလည်း စောင့်ကြည့်နေ၏။ နှစ်နာရီကျော် ကြာသွားသည်ကိုပင် သတိမထားမိလိုက်ဘဲ မကြာမီတွင် မြို့၏ ထပ်ဆင့်ထုတ်လွှင့်မှု အချက်ပြစနစ်မှတစ်ဆင့် နဂါးတောင် ၁ အဖွဲ့သားများ၏ စွမ်းရည်စစ်ဆေးမှုရလဒ်များ စတင်ရောက်ရှိလာသည်။
၎င်းသည် စွမ်းရည်စစ်ဆေးမှုသည် နောက်ဆုံးအသုတ်သို့ ရောက်ရှိနေပြီဟု ဆိုလိုသည်။
၎င်းတို့သည် လင်းရှန်နှင့် ဆွေးနွေးရန် ရထားပေါ်သို့ တက်ခါနီးတွင် ရုတ်တရက် ပလက်ဖောင်းမှ ကျယ်လောင်သောအင်ဂျင်သံတစ်ခု ပေါ်ထွက်လာ၏။
လှမ်းကြည့်လိုက်သောအခါ ပြုပြင်ထားသော လေးဘီးတပ် မွန်းစတားထရပ်ကားတစ်စီးသည် ပလက်ဖောင်းဆီသို့ ဦးတည်ကာ မောင်းနှင်လာသည်ကို တွေ့ရ၏။ ပလက်ဖောင်းပေါ်တွင် စခန်းချနေသော ရှင်သန်ကျန်ရစ်သူများသည် ထိုယာဉ်ကို မနှစ်မြို့သည့် အကြည့်ဖြင့် ကြည့်လိုက်ကြသော်လည်း ၎င်းပေါ်တွင် တပ်ဆင်ထားသော ဂက်တလင်သေနတ်နှင့် အသေးစား Arc+လျှပ်စစ်အမြောက်ကို မြင်သောအခါ ၎င်းတို့အားလုံး ချက်ချင်း နောက်ဆုတ်သွားကြသည်။
အကြောင်းရင်းမှာ ရိုးရှင်းပေသည်။ ယာဉ်တစ်စီး၏ ပြုပြင်မွမ်းမံမှုအဆင့်သည် ယာဉ်တန်း၏ စွမ်းအားကို ထင်ဟပ်စေသည်။ မွန်းစတာထရပ်ကားတစ်စီးကို အသေးစား Arc+ လျှပ်စစ်အမြောက်ဖြင့် တပ်ဆင်နိုင်ခဲ့ပါက ၎င်း၏ ယာဉ်တန်းသည် မယုံနိုင်စရာကောင်းလောက်အောင် စွမ်းအားကြီးမားပြီး အထင်ကြီးဖွယ် တိုက်ခိုက်စွမ်းအားအပြင် သိသာထင်ရှားသော ကြွယ်ဝမှုလည်း ရှိသည်ဟု ဆိုလိုနေသည်။
မွန်စတားထရပ်ကားသည် အရွယ်အစား ကြီးမားပြီး မောင်းနှင်လာစဉ် ပလက်ဖောင်း၏ အစွန်းကို ပွတ်တိုက်လုနီးပါး ဖြစ်ခဲ့ပြီးနောက် “ဘုရင်မ မိုနီကာ” ဆီသို့ တည့်တည့် ဦးတည်သွားလိုက်၏၊၊
ဝှစ်~
ချက်ချင်းဆိုသလို ထရပ်ကားသည် မိုနီကာနှင့် ရှီတိယွမ်တို့၏ ရှေ့တည့်တည့်တွင် ရပ်တန့်သွားသည်။ တံခါးပွင့်လာပြီး မိုဟော့ဆံပင်နှင့် ထူထဲသော ကုတ်အင်္ကျီဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လျင်မြန်စွာ ခုန်ဆင်းလာကာ နေကာမျက်မှန်ကို ချက်ချင်း ချွတ်လိုက်သောအခါ ရှည်လျားပြီး ပိန်သွယ်သော မျက်နှာပေါ်လာ၏။
တစ်ချိန်တည်းမှာပင် အခြားသုံးဦးသည် ထရပ်ကားပေါ်မှ ဆင်းလာကြပြီး တစ်ဦးစီသည် ထူးဆန်းသော စက်မှုကိရိယာသေတ္တာများနှင့် ရှာဖွေစစ်ဆေးသည့် ကိရိယာများကို ကိုင်ဆောင်ထားကာ ထိုအမျိုးသားနောက်သို့ လိုက်လာသည်။
“ဒီရထားရဲ့ ခေါင်းဆောင်က ဘယ်သူလဲ”
မိုဟော့ဆံပင်နှင့် ထိုအမျိုးသားသည် မိုနီကာနှင့် ရှီတိယွမ်ကို မာနကြီးသောအမူယာဖြင့် သေချာစိုက်ကြည့်လိုက်သည်၊၊
မိုနီကာသည် သူ့ထံမှ မောက်မာသော အကြည့်ကို ခံစားမိပြီး အေးစက်စက်အမူအရာဖြင့် တင်းမာစွာ မေးလိုက်သည်...
“ရှင်က ဘယ်သူလဲ”
“ငါက ဘယ်သူလဲ”
မိုဟော့ဆံပင်နှင့် အမျိုးသားက မျက်မှောင်ကြုတ်လိုက်ပြီး ထူးဆန်းစွာ ပြုံးလိုက်ကာ သူတို့အား လျစ်လျူရှုလိုက်၏။ သူသည် သူ၏ ဆက်သွယ်ရေးကိရိယာကို ဆွဲယူလိုက်ပြီး “ဟေး....စုန့် ငါတို့ ရောက်ပြီ”
သူ စကားမဆုံးမီတွင် စုန့်ဟောင်သည် အမောတကော ပြေးလာကာ မိုနီကာကို ပြောလိုက်သည်။
“မိုနီကာ... သူတို့က ကျင်းချန် ယာဉ်တန်းကပါ။ ခဗျားက ကျွန်တော့်ကို ရထားပြင်ဖို့ လူရှာခိုင်းတာ မဟုတ်ဘူးလား။ ကျွန်တော် သူတို့ကို စုံစမ်းကြည့်ပြီးပြီ၊၊ သူတို့က အရမ်းကျွမ်းကျင်တယ်၊၊ စီလန်မြို့က ယာဉ်တန်းတော်တော်များများ သူတို့နဲ့ ယာဉ်တွေ ပြင်ဖူးကြတယ်”
ထို့နောက် သူသည် မိုဟော့ဆံပင်နှင့် အမျိုးသားကို အလျင်အမြန် မိတ်ဆက်ပေးလျုက်၏။
“ကပ္ပတိန်ဟယ်... ဒါက ကျွန်တော်တို့ရဲ့ ခေါင်းဆောင် မိုနီကာပါ”
“အိုး~ ခင်ဗျားက ခေါင်းဆောင်လား။ ဟယ်လို.. တွေ့ရတာ ဝမ်းသာပါတယ်” ဟယ်ခွန်းသည် မိုနီကာကို ကြည့်ရင်း ထိုမျှ စွမ်းအားကြီးမားသည့် ကမ္ဘာပျက်ကပ်ရထား၏ ခေါင်းဆောင်သည် အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကို အနည်းငယ် မယုံနိုင်ဟန်ဖြင့် ပြောလိုက်သည်။
သူ နှုတ်ဆက်လိုက်သော်လည်း မိုနီကာသည် ထိုသို့သော ရိုင်းစိုင်းသူနှင့် စကားပြောလိုဟန် လုံးဝမရှိပေ။ သူမသည် သူ့အား အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး စုန့်ဟောင်အား မေးလိုက်သည်။
“ဈေးနှုန်း သဘောတူပြီးပြီလား”
“မ…မတူရသေးဘူး”
“အဓိပ္ပာယ်မရှိတာ”
စုန့်ဟောင် ပြန်မပြောနိုင်ခင် ဟယ်ခွန်းက
“မိန်းမလှလေး…ငါတို့က ပရော်ဖက်ရှင်နယ်အဆင့်ကျွမ်းကျင်သူတွေပဲ။ ချို့ယွင်းချက်ကို မသိဘဲ ဈေးနှုန်း ဘယ်လို သတ်မှတ်လို့ရမှာလဲ။ အဲဒါက လိမ်လည်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား”