← Chapters

အခန်း (၈၆၉)

Vol. 62 Ch. 869

အခန်း (၈၆၉)

Vol. 62 Ch. 869

" အဆင့်ကိုးကိုတော့ ဘယ်တော့မှရောက်မလဲ မသိဘူး... "

လောထျန်း ရေရွတ်ကာ သက်ပြင်းချလိုက်သည်။

ထို့နောက် သူ အရှုပ်အထွေးခန္ဓာကိုယ်ကို ပြန်သိမ်းကာ ကောင်းကင်ဘုံသိုင်းကျမ်းမှ အခြားသိုင်းကွက်များကို ဆက်လေ့ကျင့်နေလိုက်၏။

သူ စစချင်း ကောင်းကင်ဘုံဓားသိုင်းကို လေ့ကျင့်ပြီးနောက်.. ကောင်းကင်ဘုံလက်ဝါးသိုင်း ၊ ကောင်းကင်ဘုံ လက်သီးသိုင်း.. စသဖြင့် အစဥ်လိုက် လေ့ကျင့်သွားပါသည်။

ဝုန်း...

လောထျန်း လက်သီးတစ်ချက် ပစ်လွှတ်လိုက်ပြီးနောက် ခေါင်းအသာညိတ်လိုက်၏။

" ကောင်းကင်ဘုံ ကျင့်ကြံခြင်းအဆင့်က လက်သီးသိုင်းက တုကျဲ့အဆင့် လက်သီးသိုင်းထက် အဆအများကြီး ပိုအစွမ်းထက်တာပဲ ။ အရှုပ်အထွေးခန္ဓာကိုယ်ရဲ့ တိုးတက်မှုနဲ့ပါ ပေါင်းလိုက်မယ်ဆိုရင်.. လက်ချောင်းအရိုး တိုက်ခိုက်တာကို ဘာဒဏ်ရာမှမရဘဲ ခံနိုင်လောက်ပြီထင်တယ် "

" ဒါပေမယ့်.. အဲ့ကောင်ကြီးရဲ့ ခန္ဓာကိုယ်အစစ်သာ အနာဂါတ်ကနေ အချိန်ခရီးသွားပြီး ပြန်လာမယ်ဆိုရင်တော့ ငါ့အတွက် ပြဿနာရှိနိုင်သေးတယ် ။ အင်း... ငါ့အစွမ်းကို မြန်နိုင်သမျှ အမြန်ဆုံး တိုးလာအောင် လုပ်မှပဲ... "

လောထျန်း ရင်ထဲမှ ဆုံးဖြတ်ချက်ခိုင်မာစွာ ချလိုက်သည်။

ထို့နောက်တွင် သူ ကောင်းကင်ဘုံခန္ဓာကိုယ်ကျင့်စဥ်ကို ဆက်လေ့ကျင့်လိုက်၏။

ကောင်းကင်ဘုံကျင့်ကြံခြင်းအဆင့်၏ ခန္ဓာကိုယ်ကျင့်စဥ်တွင် တည်နေရာရွှေ့ပြောင်းနိုင်သည့် အကွာအဝေးမှာလည်း မိုင်တစ်သိန်းကျော်ခန့် ပိုတိုးလာခဲ့

ပါသည်။

ထိုအကွာအဝေးကြောင့် လောထျန်း အမှန်တကယ် အံ့အားသင့်သွားခဲ့ရ၏။

နောက်ဆုံးတွင် ကောင်းကင်ဘုံပုံရိပ်ဖော်ကျင့်စဥ် ...

လောထျန်းတစ်ယောက် တင်ပျင်ခွေထိုင်ပြီး ဆယ်စက္ကန့်မျှ ကျင့်ကြံပြီးချိန်မှာပင် မျက်နှာမသာမယာဖြင့် မျက်လုံးပြန်ဖွင့်လာသည်။

" ကောင်းကင်ဘုံပုံရိပ်ဖော်ကျင့်စဥ်က စိတ်ဝိဥာဥ်အစွမ်းကို ဆယ်ဆ ပိုတိုးလာစေတာကလွဲလို့ တခြား ဘာမှထူးခြားတာလဲ မရှိဘူး... ဟူး ... "

သူ့ပုံမှာ ၎င်းကို ကျေနပ်ပုံမရပါ ။

သူ့အနီးတဝိုက် ပတ်ဝန်းကျင်၌ အခြားသူမရှိ၍သာ ကံကောင်းပါ၏။

သို့မဟုတ်ဘဲ တစ်ယောက်ယောက်သာ သူ့စကားကို ကြားသွားခဲ့ပါက သူသေကိုယ်သေ လာတိုက်ခိုက်

မည် မလွဲပါချေ။

စိတ်ဝိဥာဥ်ပညာရှင်များအတွက် အရေးကြီးဆုံးအရာမှာ စိတ်ဝိဥာဥ်အစွမ်း ဖြစ်ပြီး ...

ဤကမ္ဘာကြီး၌ ... မိမိ၏ စိတ်ဝိဥာဥ်အစွမ်း ဆယ်ဆတိုးရန်အတွက် အသက်ကိုပင် စွန့်စားမည့်သူ မနည်းလှပါ ။

သို့သော်.. လောထျန်းက စက္ကန့်ပိုင်းလေးအတွင်း သူ့စိတ်ဝိဥာဥ်အစွမ်း ဆယ်ဆတိုးလာသည်ကို မကျေမနပ် ဖြစ်နေသည်မဟုတ်ပါလား.. ။

ထိုစဥ်မှာပင်..

" သခင်လေးလောထျန်း ၊ အဆင်ပြေရဲ့လား "

မလှမ်းမကမ်းမှ သခင်ကြီးလုံ၏အသံ ရုတ်တရက် ထွက်လာ၏။

လောထျန်း လှည့်ကြည့်လိုက်ရာ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံတွင် ပါဝင်ခဲ့ကြသူများ

အားလုံး ပြန်ရောက်နေကြသည်ကို တွေ့လိုက်ရသည်။

" အိုး.. ပြန်ရောက်လာကြပြီလား ။ ကျုပ် အဆင်ပြေပါတယ် "

လောထျန်း အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

" ဒါ.... "

တဖက်မှ လူများမှာ လောထျန်းကို တွေ့သည်နှင့် မနေနိုင်ဘဲ မျက်နှာထားများ ပြောင်းကုန်ကြပါ၏။

အစောပိုင်းတွင် လောထျန်း ကျင့်ကြံခြင်းအဆင့်တက်စဥ်က အဖြစ်ပျက်များကို သူတို့အားလုံး မြင်ခဲ့ရပါသည်။

ထိုသို့သော ကြောက်မက်ဖွယ် အဖြစ်ပျက်ကြီးကို အသက်ရှင်လျက် ကျော်ဖြတ်နိုင်သူ မည်သူမှ မရှိနိုင်ဟုလည်း သူတို့ တွေးထင်ခဲ့ကြပါ၏။

သို့သော် သူတို့ရှေ့မှ လောထျန်းကမူ ဘာဒဏ်ရာမှ ရထားဟန်မတူဘဲ တက်တက်ကြွကြွ လန်းလန်းဆန်း

ဆန်း ရှိနေပါသည်။

သို့ဆိုလျှင် လောထျန်း၏ အစွမ်းက မည်မျှရှိပါသနည်း...

ထိုစဥ်တွင် ထျန်းယွမ်သခင်ကြီးမှာလည်း အလွန်အံ့သြတုန်လှုပ်နေဟန်ဖြင့် မျက်လုံးအပြူးသား ဖြစ်နေရှာ၏။

" ဟင်.... ဘိုးဘေး ၊ ဘာဖြစ်လို့လဲဗျ "

အကြီးအကဲတစ်ယောက်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။

ထျန်းယွမ်သခင်ကြီးက သူ့ကို တစ်ချက်လှည့်ကြည့်ကာ ပြန်ပြော၏။

" လောထျန်းက... ပိုအစွမ်းထက်လာတယ်ကွ "

အကြီးအကဲကလည်း လောထျန်းအား တစ်ချက်လှမ်းကြည့်ကာ ခေါင်းညိတ်၍ ပြန်ပြောသည်။

" ဟုတ်တယ်ဗျ ၊ သူ့အရောင်အဝါက အရင်နဲ့ မတူတော့တာကို ကျုပ် ခံစားမိ .... "

သို့သော် သူ့စကား မဆုံးခင်မှာပင် ထျန်းယွမ်သခင်

ကြီးက ဖြတ်ပြော၏။

" ငါပြောတာ အဲ့ဒါ မဟုတ်ဘူးကွ "

" ဟင်... "

အားလုံး အံ့သြသွားကြသည်။

ထျန်းယွမ်သခင်ကြီး စကားဆက်၏။

" ငါက.. သူ့ စိတ်ဝိဥာဥ်အစွမ်းကို ပြောနေတာ "

" စိတ်ဝိဥာဥ်အစွမ်း ... တကယ်ကြီး အပြောင်းအလဲ ရှိတာလား "

သခင်ကြီးဟောင် နားမလည်နိုင် ဖြစ်သွားပါသည်။

သူ့အတွက်မူ လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းကို မမြင်ရပါချေ။

ထျန်းယွမ်သခင်ကြီးက ခေါင်းယမ်းရင်း ထပ်ပြောသည်။

" လုံးဝကြီး ပြောင်းသွားတာကွ ။ အရင်ကဆို သူ့ရဲ့ စိတ်ဝိဥာဥ်အစွမ်း အဆုံးသတ်ကို ငါ ရေးရေးလေး အာရုံခံနိုင်သေးတယ် ။ ဒါပေမယ့်.. အခုတော့ ဘာမှကို အာရုံခံလို့ မရတော့ဘူး ။ သူ့ကို ကြည့်လိုက်ရင်

ချောက်နက်ကြီးတစ်ခုကို ကြည့်နေရသလိုပဲ... ။ အဲ့လို ခံစားချက်မျိုးကို ငါ ငယ်ငယ်က စိတ်ဝိဥာဥ်ပညာရပ်ကို စပြီးလေ့ကျင့်တဲ့အချိန် ၊ အစွမ်းထက်တဲ့ စိတ်ဝိဥာဥ်ပညာရှင်တချို့နဲ့ တွေ့တဲ့အခါပဲ ခံစားခဲ့ဖူးတာ "

" ဘယ်လို... "

သူ့စကားကြောင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

အကယ်၍ အခြားသူတစ်ယောက်သာ ထိုသို့ပြောလာပါက သူတို့ လျစ်လျူရှုထားနိုင်ပါသေး၏။

သို့သော် ယခုပြောလိုက်သူမှာ ထျန်းယွမ်သခင်ကြီးပင် ...

သူသည် ဒေသကြီးကိုးခု၏ သမိုင်းတလျှောက်တွင် အလွန်ထင်ရှားကျော်ကြားခဲ့သော လူတစ်ယောက် ဖြစ်ပါ၏။

ထိုသို့သော လူတစ်ယောက်ကပင် ယခုလိုစကားမျိုး

ပြောနေသည်ဖြစ်ရာ လောထျန်းက မည်မျှအစွမ်းထက်ကြောင်း သိသာပါသည်။

အားလုံးတုန်လှုပ်နေကြသည်ကို မြင်သည့် သခင်ကြီးဟောင်က အခြေအနေကို အနည်းငယ်ပြောင်းသွားအောင် ချောင်းဟန့်၍ ပြောလိုက်သည်။

" အဟမ်း ... သခင်လေးလောထျန်း ၊ ခုနတုန်းက ဘာဖြစ်လို့ လေဆင်နှာမောင်းတစ်ခု ရုတ်တရက်ကြီး ပေါ်လာတာလဲဗျ ။ အဲ့ဒါ.. ကောင်းကင်ဘုံပျက်စီးခြင်း ပုံစံအသစ်လား.. "

အားလုံးကလည်း လောထျန်းအား လှည့်ကြည့်လိုက်ကြသည်။

အစောက သူတို့မြင်ခဲ့ရသော လေဆင်နှာမောင်းကြီးမှာ အမှန်တကယ် ကြောက်စရာပါပင်..

လောထျန်းက အေးဆေးသာ ပြန်ပြောပါ၏။

" ကောင်းကင်ဘုံပျက်စီးခြင်း မဟုတ်ဘူးဗျ.. ။ ကျုပ် အသက်ရှူကျင့်စဥ်ကို သုံးပြီးတော့ အသက် ရှူသွင်း ၊ ရှူထုတ် လုပ်နေတာ "

အားလုံး မှင်သက်သွားရပြန်သည်။

အသက်ရှုခြင်းက ထိုသို့သော အကျိုးဆက်မျိုးကို ဖြစ်စေသတဲ့လား ...

ထိုစဥ် သခင်ကြီးလုံက ရုတ်တရက် မေးလာ၏။

" ဟို.. သခင်လေးလောထျန်း ၊ ချင်းယွမ်တာအိုယွမ်ကို သန့်စင်ပြီးတဲ့အချိန်မှာ ထူးခြားမှုတစ်ခုခု ခံစားခဲ့ရသေးလား "

အားလုံးကလည်း ထိုစကားကို ကြားသည်နှင့် လောထျန်းအား စိတ်ဝင်တစား လှည့်ကြည့်ပြီး ဗဟုသုတရရန် မျှော်လင့်ချက်အပြည့်ဖြင့် အဖြေကို စောင့်လိုက်ကြသည်။

သို့သော်.. လောထျန်းက တအံ့တသြ ပြန်မေးပါ၏။

" ချင်းယွမ်တာအိုယွမ်.. အဲ့ဒါ ဘာကြီးလဲဗျ "

သခင်ကြီးဟောင်က ရှေ့သို့ ချက်ချင်းတိုးလာကာ ချင်းယွမ်တာအိုယွမ်အကြောင်း ရှင်းပြလိုက်သည်။

လောထျန်းမှာကား စကားဆုံးအောင် နားထောင်ပြီးသွားသည်အထိ စိတ်ရှုပ်နေသည့် မျက်နှာကြီး ဖြစ်နေဆဲ ...

" အင်... အဲ့လိုလဲ ရှိသေးတာလား ။ အဲ့ဟာကို ကျုပ် စုပ်ယူလိုက်တာ သခင်ကြီးတို့ မြင်ခဲ့ရတာလား "

သူ မေးလိုက်သည်။

သခင်ကြီးလုံက မျက်နှာတည်ဖြင့် ခေါင်းညိတ်ပြ၏။

" ကျုပ်မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့တာဗျ ။ ချင်းယွမ်တာအိုယွမ်က လေဆင်နှာမောင်းထဲကို ဆွဲယူခံလိုက်ရတာ "

ကျန်လူများလည်း တစ်ပြိုင်နက်တည်း ခေါင်းညိတ်ပြလိုက်ကြသည်။

လောထျန်းက သေချာစဥ်းစားလိုက်ပြီးမှ ပြန်ပြော၏။

" အခု သခင်ကြီးပြောမှပဲ.. ကျုပ် အသက်ရှူနေတုန်းက တွေ့ရာအမှိုက်တွေကို စုပ်ယူပြီး သန့်စင်မိလိုက်သေးတယ်ထင်တယ် ။ ဒါပေမယ့်.. အဲ့တုန်းကတော့ သေချာကြီး အာရုံမစိုက်မိလိုက်ဘူးဗျ "

အားလုံးရင်ထဲ တုန်လှုပ်သွားကြရပြန်ပါသည်။

ချင်းယွမ်တာအိုယွမ်ကို တွေ့ကရာအမှိုက် တဲ့လား...

" ဒါဆိုရင်... သခင်လေးလောထျန်း သန့်စင်ထားတဲ့အစွမ်းကို ကျုပ်တို့ကို ထုတ်ပြပါလား ။ ကျုပ်တို့ဘက်ကလဲ လိုအပ်တာလေးတွေ ထောက်ပြလို့ရတာပေါ့ "

သခင်ကြီးလုံက အရောင်လက်နေသော မျက်လုံးများဖြင့် ဆိုလိုက်သည်။

ချင်းယွမ်ဒေသတွင် အကောင်းဆုံး အခွင့်ကောင်းကြီးဟု အများသိသော ချင်းယွမ်တာအိုယွမ်က မည်သို့ထူးခြားသည်ကို သူ အမှန်တကယ်ပင် သိချင်လှပါသည်။

လောထျန်း ခေါင်းအသာညိတ်ပြလိုက်၏။

" ကောင်းပါပြီ ။ ဒါပေမယ့် .. ကျုပ် နည်းနည်းတော့ ရှာကြည့်ရဦးမှာနော် "

လောထျန်း ပြောပြီး တင်ပျင်ခွေထိုင်ချကာ သူ့

ခန္ဓာကိုယ်ထဲ သန့်စင်ထားခဲ့သော အစွမ်းများကို စစ်ဆေးကြည့်လိုက်သည်။

တခဏအကြာတွင်မူ..

" ဟင်.. တွေ့ပြီ.. "

သူ ရုတ်တရက် ပြောပြီး လက်ကို ယမ်းလိုက်သည်။

ဝုန်း...

သူ့လက်ချောင်းများကြားမှ သံချိန်းကြိုးများ ထွက်လာ၏။

ထိုချိန်းကြိုး ပေါ်လာသည်နှင့် ကြောက်မက်ဖွယ် ဖိနှိပ်အားတစ်ခုကိုလည်း ထုတ်လွှတ်လာသည်။

ထိုတခဏ၌ အားလုံး လှုပ်ပင်မလှုပ်နိုင်တော့ချေ။

" အဲ့ဒါ သခင်ကြီးတို့ပြောတဲ့ ချင်းယွမ်တာအိုယွမ်လား "

လောထျန်း မေးလိုက်သည်။

သို့သော်.. ထိုစဥ်တွင် အားလုံးမှာ ပါးစပ်အဟောင်းသား....

" ဒါ... ဒါ... စည်းမျဥ်း ချိန်းကြိုး မဟုတ်လား.. စည်းမျဥ်းချိန်းကြိုး .. "

" အဲ့ဒါ ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းဖြစ်တဲ့ စည်းမျဥ်းချိန်းကြိုး လေ ။ ဘယ်လိုလုပ်ပြီး သူ့ကိုယ်ကနေ ထွက်လာတာလဲ.. "

" စည်းမျဥ်းချိန်းကြိုး ကို အဲ့လိုလုပ်နိုင်တယ်ဆိုတာ ငါ ကြားတောင်မကြားဖူးဘူး ။ ဘာတွေ ဖြစ်နေတာလဲ .... "

အားလုံး အံ့သြမှင်သက်နေကြပါ၏။

လောထျန်းသည်လည်း လန့်သွားပုံဖြင့် ထျန်းယွမ်သခင်ကြီးဘက် လှည့်ကြည့်ကာ ပြောသည်။

" အဲ့ဒါ ချင်းယွမ်တာအိုယွမ် မဟုတ်ဘူးလားဗျ "

ထျန်းယွမ်သခင်ကြီးမှာ ထိုအချိန်တွင် နဖူးပြင်တစ်ခု

လုံး ချွေးသီးများ ပြည့်နေပါ၏။

သူ ချွေးများကို သုတ်လိုက်ပြီးမှ ပြန်ပြောသည်။

" မဟုတ်.. မဟုတ်ဘူး ။ ဒါပေမယ့် ဒီပစ္စည်းရဲ့ တန်ဖိုးကလဲ ချင်းယွမ်တာအိုယွမ်ထက် မနည်းနိုင်ဘူး "

၎င်းမှာ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများကို သန့်စင်ခြင်းမှ ရထားသည့်အရာဖြစ်ရာ တန်ဖိုးက အဘယ့်ကြောင့် နည်းရပါမည်နည်း ။

ထိုစကားကို ကြားပြီးနောက် လောထျန်း မျက်မှောင်ကြုံ့သွား၏။

" အဲ့လိုလား... ။ ကျုပ် အသက်ရှူနေတုန်းက ဒါကို ခန္ဓာကိုယ်ထဲ စုပ်ယူပြီးတော့ သန့်စင်လိုက်မိတာနဲ့ တူပါတယ် "

အားလုံး ဆွံ့အသွားရပြန်ပါသည်။

ထိုစဥ် လောထျန်းက မျက်လုံးထပ်မှိတ်၍ သူ့ကိုယ်အတွင်း စစ်ဆေးကြည့်လိုက်ပြန်သည်။

ထို့နောက်တွင်မူ သူ့မျက်လုံးများ အရောင်လက်လာကာ ပြော၏။

" တွေ့ပြီ... ဒါလား.. "

သူ ပြောပြောဆိုဆိုပင် လက်ယမ်းလိုက်သည်။

ဝုန်း...

သူ့ကိုယ်ထဲမှ ထွင်းစာများ ထွက်လာ၏။

ဝုန်း...

လောထျန်းနှင့် အနီးဆုံးတွင် ရှိနေကြသော လူအနည်းငယ်မှာ တမဟုတ်ချင်း ပျောက်သွားရတော့မလိုပင် ဖြစ်သွားပါသည်။

" မဟုတ်ဘူးဗျ ။ အဲ့ဒါက ဒေသကိုးခုရဲ့ ဖျက်ဆီးခြင်းထွင်းစာတွေပဲ ။ သခင်လေး ဘာတွေကို သန့်စင်ခဲ့တာလဲ... "

လူတစ်ယောက်က သံကုန်ခြစ်၍ အော်ပြောလိုက်သည်။

All Chapters