← Chapters

အခန်း (၈၇၀)

Vol. 62 Ch. 870

အခန်း (၈၇၀)

Vol. 62 Ch. 870

" ဘယ်လိုဖြစ်ပြီးတော့.. အဲ့အရာက... သခင်လေးလောထျန်း ၊ အဲ့ဒါကြီးကို ချက်ချင်းသိမ်းလိုက်ပါဗျာ "

အားလုံး ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။

လောထျန်း အံ့အားသင့်သွားရကာ ထွင်းစာကို ချက်ချင်းပြန်သိမ်းလိုက်၏။

" အဲ့ဟာက ဘာကြီးလဲဗျ "

လောထျန်း အားလုံးကိုကြည့်ကာ မေးလိုက်သည်။

ထျန်းယွမ်သခင်ကြီးက မျက်နှာတည်ဖြင့် ပြန်ဖြေ၏။

" ဖျက်ဆီးခြင်းလမ်းစဥ်ရဲ့ တာအိုထွင်းစာတွေကို ကောင်းကင်ဘုံက ဒဏ်ခတ်တဲ့ အစွမ်းအထက်ဆုံး အရာအဖြစ် သတ်မှတ်လို့ရတယ်ဗျ ။ ဆိုးရွားတဲ့ အပြစ်မျိုးကို ကျူးလွန်ထားတဲ့သူတွေမှပဲ အဲ့အရာနဲ့

ရင်ဆိုင်ကြရတာ ။ သခင်လေးလောထျန်းက ဘယ်လိုလုပ်ပြီးတော့ ဒါကို သုံးနိုင်နေရတာလဲ "

လောထျန်း ခေတ္တမျှ စဥ်းစားလိုက်ပြီးမှ ပြန်ပြောလိုက်သည်။

" ကျုပ် ခုနက ကျင့်ကြံခြင်းအဆင့် တက်တဲ့အချိန်မှာ ထူးခြားတဲ့ တာအိုထွင်းစာတွေ ရုတ်တရက်ကြီး ပေါ်လာသေးတယ်ဗျ ။ ဒါပေမယ့် အဲ့တုန်းကတော့ ကျုပ် အထွေအထူး စဥ်းစားမနေဘဲ အားလုံးကို သန့်စင်ပစ်လိုက်တာ "

ထိုစဥ် သူ ပြောနေရင်း ရုတ်တရက် တစ်စုံတစ်ခုကို စဥ်းစားမိသွားဟန် တူပါ၏။

" သခင်ကြီးပြောတဲ့အတိုင်းဆိုရင်.. ကျုပ်က ဆိုးရွားတဲ့ ပြစ်မှုမျိုးကို ကျူးလွန်ထားတာလား "

အားလုံး ဆွံ့အသွားကြပြန်ပါသည်။

ထျန်းယွမ်သခင်ကြီးက ခြောက်ကပ်ကပ်ရယ်ရင်း ပြန်ပြော၏။

" ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းတွေက ပြစ်မှုကြီးလို့ ယူဆတဲ့အရာတွေက ကျုပ်တို့ ယူဆတာနဲ့ ကွဲ

တယ်ဗျ ။ သခင်လေးက စည်းမျဥ်းချိန်းကြိုးကို အတင်းကြီး ဆွဲယူပြီးတော့ သန့်စင်ခဲ့တာလေ ။ ကောင်းကင်နဲ့မြေကြီးစည်းမျဥ်း ဘက်က ကြည့်မယ်ဆိုရင် ဒါ တကယ့်ကိုဆိုးတဲ့ ပြစ်မှုကြီးပဲ "

ထျန်းယွမ်သခင်ကြီးမှာ ထိုသို့သာ ပြောလိုက်ရသော်လည်း သူ့ကိုယ်သူ ယုံကြည်မှုပျောက်ဆုံးနေသလို ခံစားလိုက်ရပါသည်။

သူ့စကားအရဆိုလျှင် ချင်းယွမ်ဒေသရှိ ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းများက လောထျန်းနှင့်ရင်ဆိုင်ရာတွင် ဘာအစွမ်းမှ မရှိသလို ဖြစ်နေသည်မဟုတ်ပါလား ။

၎င်းမှာ မသေမျိုးဧကရာဇ် တစ်ယောက်ကသာ လုပ်နိုင်သောအရာပင်...

တနည်းဆိုရသော် ယခု.. လောထျန်းသည် မသေမျိုးဧကရာဇ် တစ်ယောက်၏ အစွမ်းမျိုး ရှိနေပါသလား.. ။

ထျန်းယွမ်သခင်ကြီး လောထျန်းကို စိုက်ကြည့်ရင်း

စိတ်ထဲမှ သက်ပြင်းကြိတ်ချလိုက်၏။

" လောလောဆယ် သူ့ကိုယ်ထဲမှာ စိတ်စွမ်းအင်တွေ ရှိနေသေးတော့ အဲ့အဆင့်ကို သွားလို့မရသေးတာ ဆိုးတာပဲ ။ သူ မသေမျိုးအစစ်တစ်ယောက် ဖြစ်လာတဲ့အထိ စောင့်ရုံပဲပေါ့ "

ထိုစဥ် တဖက်မှ လောထျန်းက မျက်လုံးမှိတ်လိုက်ပြန်သည်။

ဝီ ....

ဤတစ်ကြိမ်တွင် လောထျန်းလက်ထဲ၌ အစိမ်းရောင်တိမ်တိုက်လုံးတစ်ခု ပေါ်လာပါ၏။

" ဒါ ဟုတ်လားဗျ "

လောထျန်း အားလုံးကိုကြည့်ကာ မေးလိုက်သည်။

အားလုံးမှာလည်း သူ့လက်ထဲမှ အရာကိုကြည့်ရင်း အသက်ရှူမြန်လာကြ၏။

" ဒါ.. တကယ့်ကို ချင်းယွမ်တာအိုယွမ် အစစ်ပဲ "

" အဲ့ ချင်းယွမ်တာအိုယွမ်ရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ "

အားလုံးက ထျန်းယွမ်သခင်ကြီးဘက်သို့ စိတ်ဝင်တစား လှည့်ကြည့်လိုက်ကြသည်။

ထျန်းယွမ်သခင်ကြီးက မျက်နှာတည်ဖြင့် ပြန်ပြော၏။

" အဲ့ ချင်းယွမ်တာအိုယွမ်ထဲမှာ ဒေသကိုးခုရဲ့ မူလအစွမ်းနည်းနည်း ရှိတယ် ။ အစွမ်းထက်တဲ့ မသေမျိုးဘုရင် တစ်ယောက်ကသာ အဲ့ဒါကို သန့်စင်လိုက်မယ်ဆိုရင် မသေမျိုးဧကရာဇ် အဆင့်နီးပါးကို တန်းပြီးရောက်သွားနိုင်တယ် "

" ဘယ်လို.. ဒေသကိုးခုရဲ့မူလအစွမ်း .. ဟုတ်လား "

သခင်ကြီးလုံ ပါးစပ်အဟောင်းသား ဖြစ်သွားရှာသည်။

အနားမှ တစ်ယောက်က ၎င်းကိုမြင်ကာ ချက်ချင်းမေး၏။

" သခင်ကြီးလုံ.. ဘာဖြစ်လို့လဲဗျ ။ သခင်ကြီး အဲ့ဒါကို ကြားဖူးလို့လား "

သခင်ကြီးလုံ ခေါင်းညိတ်ပြလိုက်သည်။

" ဟုတ်တယ်... ကြားဖူးတယ် ။ မသေမျိုးဘုရင် တစ်ယောက်နဲ့ မသေမျိုးဧကရာဇ် အဆင့်နီးပါး ကျင့်ကြံသူတစ်ယောက်ရဲ့ တစ်ခုတည်းသော ကွာဟချက်က... မသေမျိုးဧကရာဇ် အဆင့်နီးပါး ကျင့်ကြံသူက ဒေသကိုးခုရဲ့ မူလအစွမ်းနည်းနည်းကို ကျင့်ကြံထားနိုင်တာပဲကွ ။ အဲ့အစွမ်းက နည်းနည်းလေးဆိုပေမယ့် မသေမျိုးဘုရင် ၉၉ % လောက်က တစ်ဘဝလုံး ကြိုးစားရင်တောင် အဲ့ဒါကို မလုပ်နိုင်ကြဘူး "

သူ ထိုသို့ပြောပြီး လောထျန်းအား မနာလိုအားကျမှုတို့ ပြည့်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ကျန်လူများလည်း ချက်ချင်း သဘောပေါက်လိုက်ကြ၏။

လောထျန်း အလွယ်တကူ ရခဲ့သော အခွင့်ကောင်းကြီးမှာ အစွမ်းထက် မသေမျိုးဘုရင်အများစုအတွက် ဘဝတလျှောက်လုံး ကြိုးစားလျှင်ပင် မရ

နိုင်သော အရာတစ်ခု ဖြစ်နေပါသည်။

ထိုသို့သော အခြေအနေမျိုးကို မည်သူက မနာလိုမဖြစ်ဘဲ နေပါမည်နည်း ။

သို့သော်.. တဖက်မှ လောထျန်းကမူ ထိုစကားကို ကြားပြီးနောက် မျက်မှောင်ကြီး ကြုံ့သွားပါ၏။

" ဟင် ... ဒါကိုသုံးဖို့ မသေမျိုးဘုရင်အဆင့်ကို ရောက်ထားမှဖြစ်မှာလား ။ ဒါဆို အသုံးမဝင်ဘူးပဲ "

သူ ပြောပြီး ချင်းယွမ်တာအိုယွမ်အား ကိုယ်ထဲ ပြန်ထည့်လိုက်သည်။

အားလုံးမှာ သူ့ကိုကြည့်ရင်း ဆွံ့အမှင်သက်လျက် ...

ထိုသို့သော အရာတစ်ခုကို အသုံးမဝင်ဟု ပြောသူမှာ လောထျန်းတစ်ယောက်တည်းသာ ရှိနိုင်ပါသည်။

ထိုစဥ် လောထျန်းက ယဲ့ဖူရှောက်တို့ လူစုဘက် ရုတ်တရက်လှည့်ကြည့်ကာ ပြော၏။

" ဒါနဲ့.. အဲ့ကောင်တွေရဲ့ စိတ်ဝိဥာဥ်ကို ရှာလို့ပြီးသွား

ပြီလား "

ထျန်းယွမ်သခင်ကြီးက ချက်ချင်းခေါင်းညိတ်၍ ပြန်ပြောသည်။

" သူတို့အားလုံးရဲ့ စိတ်ဝိဥာဥ်တွေကို ကျုပ်ကိုယ်တိုင် ရှာပြီးသွားပြီ ။ အခု အားလုံးကို ပြောပြမယ် "

ကျန်လူများမှာလည်း ဟွမ်ရှင်းဂိုဏ်းတွင် ဘာတွေဖြစ်ခဲ့သည်ကို မသိသဖြင့် သေချာအာရုံစိုက် နားထောင်လိုက်ကြ၏။

ထျန်းယွမ်သခင်ကြီးက စကားဆက်သည်။

" သူတို့ ဟွမ်ရှင်းဂိုဏ်းရဲ့ တည်ထောင်သူက အစီအမံအတွက် လိုတဲ့ပစ္စည်းတွေရှာဖို့ ကျန့်ဟွမ်ဒေသကို သွားခဲ့တယ် ။ ဒါပေမယ့် အဲ့ကိုရောက်တဲ့အချိန်မှာ အပြောင်းအလဲ ကြီးကြီး ဖြစ်နေတာကို တွေ့ခဲ့ရတယ် "

" အပြောင်းအလဲကြီးကြီး.. ဟုတ်လား "

သခင်ကြီးလုံ မနေနိုင်ဘဲ ဝင်မေးလိုက်သည်။

ထျန်းယွမ်သခင်ကြီး ခေါင်းညိတ်ပြကာ သခင်ကြီးလုံ

ကို ကြည့်၍ ပြော၏ ။

" မင်းက သခင်လေးလောထျန်းကို ကျန့်ဟွမ်ဒေသအကြောင်း ရှင်းပြလိုက် "

သခင်ကြီးလုံ ချက်ချင်းဦးညွှတ်၍ ပြောသည်။

" ဒီလိုပါ သခင်လေး ၊ ကျုပ် ကျန့်ဟွမ်ဒေသကို အကြိမ်ပေါင်းများစွာ ရောက်ဖူးတယ်ဗျ ။ ကျန့်ဟွမ်ဒေသက ကျုပ်တို့ ချင်းယွမ်ဒေသနဲ့ယှဥ်ရင် အများကြီး နွမ်းပါးတယ် ။ အဲ့မှာ စိတ်စွမ်းအင် သိပ်သည်းမှုက တော်တော်နည်းသလို လူဦးရေလဲ တော်တော်နည်းတာဗျ ။ ဒါပေမယ့်.. သူတို့ဆီမှာ ရှားပါးပစ္စည်းတွေကတော့ အင်မတန်ကို ပေါတယ် "

" အဲ့ဒါကြောင့်မို့လဲ ကျန့်ဟွမ်ဒေသမှာ နေကြတဲ့သူတွေက အင်မတန်ရက်စက်သွေးဆာပြီးတော့ အဲ့နေရာကလဲ တရားဥပဒေမဲ့တဲ့ နေရာတစ်ခုလို ဖြစ်နေခဲ့တာ "

" အဲ့လို အချင်းချင်း နှစ်တွေအကြာကြီး တိုက်ခိုက်သတ်ဖြတ်လာကြတဲ့ အတွက်ကြောင့်လဲ ကျန့်ဟွမ်ဒေသရဲ့ လူဦးရေက အနည်းဆုံးဆိုပေမယ့် လူတစ်ယောက်ချင်းစီရဲ့ ကျင့်ကြံခြင်းကတော့ အစွမ်း

အထက်ဆုံးထဲမှာ ပါကြတယ် ။ လွန်ခဲ့တဲ့ နှစ်တစ်သိန်းလောက်ကတော့ ကျန့်ဟွမ်ဒေသမှာ လမ်းစဥ်ကိုးသွယ် မသေမျိုးဘုရင် အာဏာရလာခဲ့တယ်ဗျ ။ သူက ကိုယ်ပိုင်အစွမ်းနဲ့ ကျန့်ဟွမ်ဒေသမှာ ရှိတဲ့ အဖွဲ့ကြီးကိုးခုလုံးကို အနိုင်ယူခဲ့ပြီးတော့ ဒေသတစ်ခုလုံးကို ပြန်စုစည်းခဲ့တာ "

" ကောလဟလ ကြားတာတော့ သူက အဲ့တိုက်ပွဲမှာ ထိပ်ဆုံးအဆင့် ရောက်နေတဲ့ မသေမျိုးဘုရင်ကိုးယောက်ကို တစ်ယောက်တည်း ယှဥ်တိုက်ပြီး အားလုံးကို သတ်ပစ်ခဲ့တာတဲ့ ။ အဲ့လိုကြောင့်မို့လဲ သူ လမ်းစဥ်ကိုးသွယ် မသေမျိုးဘုရင်ဘွဲ့ကို ရခဲ့တာလို့ပြောတယ် "

" တိုက်ခိုက်စွမ်းရည်မှာဆို ဒီလူက ဆယ်ဘွဲ့ရ မသေမျိုးဘုရင်တွေ ကြားထဲမှာတောင် အဆင့်မြင့်ဦးမှာ ။ သူ အဲ့လို အာဏာရသွားတဲ့အတွက်ကြောင့်မို့လဲ ကျန့်ဟွမ်ဒေသမှာ တိုက်ခိုက်၊ သတ်ဖြတ်တာတွေ ရှိနေတုန်းဆိုပေမယ့် နည်းနည်းတော့ ဥပဒေရှိလာတယ်လို့ ပြောလို့ရတယ် ။ သူ့ရဲ့ ရည်ရွယ်ချက်ကလဲ အဲ့ဒါလို့ ပြောရမှာပဲ "

အားလုံး ခေါင်းညိတ်လိုက်ကြသည်။

သူတို့ လမ်းစဥ်ကိုးသွယ် မသေမျိုးဘုရင်အပေါ် ရှိထားသော အမြင်မှာလည်း သခင်ကြီးလုံ ပြောသွားသလိုပါပင် ။

သို့သော် လောထျန်းက နားမလည်နိုင်သေးပုံဖြင့် ပြန်မေးပါသည်။

" ဒါပေမယ့်.. အဲ့ဒါက ပြန်အသက်သွင်းခြင်း သခင်ကြီးရယ် ၊ ဟွမ်ရှင်းဂိုဏ်းရယ်နဲ့ ဘာပတ်သက်လို့လဲဗျ "

အားလုံးလည်း ထျန်းယွမ်သခင်ကြီးဘက် လှည့်ကြည့်လိုက်ကြ၏။

ထျန်းယွမ်သခင်ကြီးက ခေတ္တမျှ တိတ်နေပြီးမှ ပြန်ပြောပါသည်။

" ဟွမ်ရှင်းဂိုဏ်းရဲ့ တည်ထောင်သူ တွေ့ခဲ့တဲ့ အပြောင်းအလဲကြီးက... အဲ့ လမ်းစဥ်ကိုးသွယ် မသေမျိုးဘုရင် အသတ်ခံလိုက်ရပြီ ဆိုတာပဲ "

" ဘယ်လို... "

သူ့စကားဆုံးသည်နှင့် အားလုံးနီးပါး မယုံနိုင်သည့် မျက်နှာထားကိုယ်စီဖြင့် ထရပ်မိသွားကြသည်။

" ဆယ်ဘွဲ့ရမသေမျိုးဘုရင် တစ်ယောက်က အသတ်ခံလိုက်ရတာလား ။ ဒီလိုအဖြစ်မျိုး မဖြစ်တာ... အနည်းဆုံး နှစ်တစ်သိန်းလောက်တောင် ရှိသွားပြီမဟုတ်လား "

တစ်ယောက်က တုန်လှုပ်စွာ ဆိုသည်။

သခင်ကြီးလုံက တစ်ခုကို စဥ်းစားမိသွားဟန်ဖြင့် ထျန်းယွမ်သခင်ကြီးကို ကြည့်ကာ ပြော၏။

" ဘိုးဘေး.. မဟုတ်မှလွဲရော.. သူ့ကို သတ်ခဲ့တဲ့ လူသတ်သမားက ... "

ထျန်းယွမ်သခင်ကြီး ခေါင်းညိတ်ပြသည်။

" ဟုတ်တယ်ကွ .. ပြန်အသက်သွင်းခြင်းသခင်ကြီးက သတ်ခဲ့တာ ။ ငါ ရှာတွေ့သလောက်ဆိုရင် သူက လမ်းစဥ်ကိုးသွယ် မသေမျိုးဘုရင်ကို လွယ်လွယ်လေး သတ်နိုင်ခဲ့ရုံတင်မကဘူး ၊ ထူးဆန်းတဲ့ နည်းတစ်ခုကိုလဲ ကျွမ်းကျင်တတ်မြောက် သွားခဲ့သေးတယ် "

" ဘယ်လို ထူးဆန်းတဲ့ နည်းမျိုးလဲ "

အားလုံးက ထျန်းယွမ်သခင်ကြီးအား စိတ်ဝင်တစား ကြည့်လိုက်ကြသည်။

ထျန်းယွမ်သခင်ကြီးက အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးမှ ပြန်ပြော၏။

" အဲ့ ပြန်အသက်သွင်းခြင်းသခင်ကြီးက လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်း ၊ စိတ်ဝိဥာဥ်အစွမ်း.. စတဲ့ အစွမ်းတွေကို နောက်တစ်ယောက်ဆီ လွှဲပြောင်းပေးနိုင်တယ် "

" ဘယ်လို... "

အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပြန်ပါသည်။

ထိုနည်းမျိုးကို သူတို့ လုံးဝမကြားဖူးပါချေ။

ထျန်းယွမ်သခင်ကြီးက အားလုံးကို တစ်ချက်ဝေ့ကြည့်ကာ ဆက်ပြော၏။

" ယဲ့ဖူရှောက်လို အသက်ငယ်ငယ် ကောင်လေးတစ်

ယောက်က ရုတ်တရက်ကြီး အဆင့်ကိုး မသေမျိုးအစီအမံကို လုပ်နိုင်သွားတဲ့ အကြောင်းကလဲ.. ပြန်အသက်သွင်းခြင်းသခင်ကြီးက ဟွမ်ရှင်းဂိုဏ်း ၊ ဘိုးဘေးတွေရဲ့ စိတ်ဝိဥာဥ်အစွမ်းတွေ အားလုံးကို သူ့ကိုယ်ထဲ လွှဲပြောင်းပေးခဲ့လို့ပဲကွ "

" ဒါ.... "

အားလုံး ကျောရိုးထဲမှပင် ချမ်းစိမ့်သွားသလို ခံစားလိုက်ရပါသည်။

" ယဲ့ဖူရှောက် ဒီနှစ်ထဲမှာ အဲ့လောက်မြန်မြန်ကြီး တိုးတက်လာတာ မဆန်းတော့ပါဘူး "

" အဲ့လိုဆိုရင် အားလုံး အဓိပ္ပါယ်ရှိသွားပြီ.. "

All Chapters