← Chapters

အခန်း (၈၇၃)

Vol. 62 Ch. 873

အခန်း (၈၇၃)

Vol. 62 Ch. 873

အားလုံး ပြိုင်တူ ပါးစပ်အဟောင်းသား ဖြစ်သွားကြပါသည်။

နောက်နှစ်လနေရင် ကျင့်ကြံခြင်းနောက်တစ်ဆင့်ကို တက်မယ်တဲ့လား ။

၎င်းသည်ပင် သူလိုအပ်သည့် ပစ္စည်း မရှိသေးသောကြောင့် ဖြစ်ပါသည်။

ဤအမြန်နှုန်းမှာ အမှန်တကယ် ကြောက်စရာပါပင် ။

" ဟုတ်ကဲ့.. "

သခင်ကြီးလုံ ခေါင်းကိုသာ ညိတ်ပြလိုက်ရ၏။

လောထျန်းက စိတ်သက်သာရာ ရသွားပုံဖြင့် သက်ပြင်းရှည်ကြီး မှုတ်ထုတ်ကာ ပြောသည်။

" ကောင်းတယ်ဗျာ.. ဒါဆို အဲ့ကိစ္စကို သခင်ကြီးဆီပဲ တာဝန်လွှဲပေးထားလိုက်မယ်နော် ။ ဘာအမှားမှ မ

လုပ်မိအောင် သတိထားပေးပါ "

သခင်ကြီးလုံ ချက်ချင်း မျက်နှာတည်သွားကာ ပြန်ပြော၏။

" စိတ်မပူပါနဲ့ သခင်လေးလောထျန်း ၊ ဒီကိစ္စက ကျုပ်တို့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံအတွက် ပထမဦးစားပေးပါ ။ ကျုပ်ကိုယ်တိုင် သေချာဦးစီးပြီးတော့ ဘယ်သူမှ ဝင်မနှောင့်ယှက်နိုင်အောင် လုပ်ပါ့မယ် "

ထိုစကားကိုကြားပြီး လောထျန်း အလွန်ကျေနပ်သွားပုံ ပေါ်ပါသည်။

ထိုစဥ် အကြီးအကဲတစ်ယောက်က ရုတ်တရက် ပြော၏။

" သခင်ကြီးလုံ ၊ ဟွမ်ရှင်းဂိုဏ်းကိုရော ကျုပ်တို့ ဘယ်လိုကိုင်တွယ်ကြမလဲဗျ "

သခင်ကြီးလုံ မျက်မှောင်ကြုံ့သွားသည်။

" ဘယ်လိုကိုင်တွယ်ရဦးမှာလဲကွ .. ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ရုံပဲပေါ့ "

သူတို့ လက်ရှိရထားသည့် သတင်းအရဆိုလျှင် ဟွမ်ရှင်းဂိုဏ်း တစ်ခုလုံးက ပြန်အသက်သွင်းခြင်းသခင်ကြီး၏ သစ္စာခံများ ဖြစ်နေပေရာ သူတို့အားလုံး၏ ရန်သူ ဖြစ်သွားလေပြီ ။

" ဟုတ်တယ် ၊ ဟွမ်ရှင်းဂိုဏ်းကို ဖျက်ဆီးပစ်ရမယ် "

" အားလုံးကို သတ်ပစ် "

အားလုံး ဒေါသတကြီး အော်ပြောလိုက်ကြ၏။

ထိုစဥ် လောထျန်းက ရုတ်တရက် ဝင်ပြောသည်။

" ကျုပ်လဲ လိုက်ခဲ့မယ်လေ "

" ဟင်.. ဒီလိုကိစ္စအသေးအမွှားလေးကို သခင်လေးလောထျန်း ကိုယ်တိုင် ဝင်လုပ်စရာ မလိုပါဘူးဗျာ "

သခင်ကြီးလုံက လေသံတိုးတိုးဖြင့် ပြန်ပြော၏။

လောထျန်း ခေါင်းယမ်းပြကာ ပြောပါသည်။

" ကိစ္စမရှိဘူးဗျ ၊ ကျုပ်က တခြားလုပ်စရာလဲ ဘာမှမရှိတော့ ဒီတိုင်းကြီး ထိုင်နေရမှာလေ "

ခေတ္တမျှ စဥ်းစားပြီးနောက်တွင်မူ သခင်ကြီးလုံ ခေါင်းညိတ်ပြီး အားလုံးဘက်လှည့်၍ ပြောလိုက်၏။

" အဆင့်ကိုး မသေမျိုးအစီအမံပညာရှင်တွေ အားလုံးနဲ့ ၊ ရွှေရောင်မသေမျိုးအဆင့်နဲ့ အထက်မှာရှိတဲ့ ကျင့်ကြံသူတွေအားလုံး ဟွမ်ရှင်းဂိုဏ်းကို သွားဖျက်ဆီးဖို့ ပြင်ဆင်ကြပါ "

" ဟုတ်ကဲ့.. "

အားလုံးက သံပြိုင်ပြန်ပြောကြသည်။

ဤသို့ဖြင့် မကြာခင်တွင်.... ဟွမ်ရှင်းဂိုဏ်း ၊ တောင်တံခါးဝ အပြင်ဘက်၌ ..

ဝုန်း ...

လေထု ပြိုကွဲသွားကာ သခင်ကြီးလုံတို့လူစု ထွက်လာကြသည်။

" ဟင်.. ဟွမ်ရှင်းဂိုဏ်းက ဘယ်လိုလုပ်ပြီး ခုလိုဖြစ်နေတာလဲ.. "

တစ်ယောက်က အသံတုန်တုန်ဖြင့် ပြော၏။

လူအုပ်ထဲတွင်ရှိနေသော .. ဟွမ်ရှင်းဂိုဏ်းသို့ ရောက်ဖူးသည့် လူများအားလုံးလည်း ထိုအတွေး ဝင်နေပါသည်။

ယခင် ဟွမ်ရှင်းဂိုဏ်းမှာ မသေမျိုးစွမ်းအင်သွေးကြော များစွာရှိသဖြင့် မသေမျိုးအစွမ်းများ ပေါကြွယ်ဝကာ ထိပ်တန်းအဆင့် ဂိုဏ်းတစ်ခု ပီသလှပါ၏။

သို့သော်.. ယခုတွင်မူ တောင်တံခါးဝသည်ပင် ပျက်စီးနေပြီး ... မြေပြင်တွင်လည်း အလောင်းများ ပြန့်ကျဲနေကာ မကြာခင်လေးကမှ အစုလိုက်အပြုံလိုက် လူသတ်မှုကြီး ဖြစ်သွားခဲ့သလိုပါပင် ။

" အဲ့ဒါ ဘယ်သူ့လက်ချက်လဲ "

တစ်ယောက်က တအံ့တသြ မေးလိုက်သည်။

ထိုစဥ်မှာပင်..

အား ....

တောင်တံခါးဝ အတွင်းဘက်မှ သားရဲအော်သံတစ်ခု ရုတ်တရက်ထွက်လာပါ၏။

" ဟင်.. သားရဲတစ်ကောင် ရှိနေတာလား "

တစ်ယောက်က တအံ့တသြ ပြောသည်။

တစ်ချိန်တည်းနီးပါးမှာပင် .. ခပ်လှမ်းလှမ်း တောင်တစ်လုံးမှ ဓားစွမ်းအင်တစ်ခု ထွက်လာကာ အားလုံးဆီ တိုးဝင်လာ၏။

" ဟင်.. ဘာမဟုတ်တဲ့ သားရဲတစ်ကောင်က ဓားသိုင်းနဲ့ တိုက်ခိုက်ရဲတယ်ပေါ့လေ "

ရွှေရောင်မသေမျိုးအဆင့်ရှိ ဓားသမားတစ်ယောက်က လှောင်ပြုံးဖြင့်ပြောကာ သူ့ဓားဖြင့် ပြန်တိုက်ခိုက်လိုက်သည်။

ချွှင်..

ဓားစွမ်းအင်နှစ်ခု တွေ့သွားကြ၏။

သို့သော်... ရွှေရောင်မသေမျိုးအဆင့် ဓားသမား၏ ဓားစွမ်းအင်က တခဏလေးအတွင်း ပြိုကွဲသွား

ပါသည်။

တဖက်မှ ဓားစွမ်းအင်ကမူ ရပ်မသွားဘဲ ဓားသမားဆီ ဆက်တိုးဝင်လာကာ သူ့ပုခုံးကို ဖောက်ထွက်သွား၏။

ဇွပ်...

သွေးများ ကောင်းကင်ယံတခွင် ပြန့်ကျဲသွားသည်။

" ဒါ.. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "

ဓားသမား မျက်နှာဆိုးရွားစွာ ပျက်သွားတော့သည်။

သူ အစောပိုင်းက ဓားထုတ်၍ တိုက်ခိုက်ရဲခဲ့သည့် အကြောင်းရင်းမှာ တဖက်လူက သူနှင့်အဆင့်တူ ရွှေရောင်မသေမျိုးအဆင့်တွင် ရှိထားကြောင်း မြင်လိုက်ရ၍ပင် ။

ထို့အပြင်.. သူ့ကိုယ်ပိုင် ဓားပညာရပ်က ထိပ်ဆုံးသို့ ရောက်ထားပြီဟုလည်း သူ့ကိုယ်သူ ယုံကြည်ချက်အပြည့် ရှိထားခဲ့ပါ၏။

သူနှင့်အဆင့်တူ ကျင့်ကြံသူများထဲတွင် သူ့ထက် ပိုအစွမ်းနိုင်သူ ရှိလိမ့်မည်ဟု သူ့အတွေးထဲပင် မရှိခဲ့ဖူးပါ ။

ထို့ကြောင့်လည်း သူ ရှေ့ထွက်၍ တိုက်ခိုက်ရဲခဲ့ခြင်း ဖြစ်ပါသည်။

သို့သော်.. မျှော်လင့်မထားစွာပင် သိုင်းကွက်တစ်ကွက်တည်းဖြင့် သူ ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့ပါ၏။

ချင်းယွမ်ဒေသတွင် ထိုသို့သော ပါရမီရှင်မျိုး ဘယ်တုန်းက ပေါ်လာခဲ့ပါသနည်း ။

ထိုစဥ်မှာပင်..

ဝုန်း ...

အသံကျယ်တစ်သံနှင့်အတူ ခပ်လှမ်းလှမ်းမှ တောင်ကြီး ပြိုကွဲသွားကာ

လူတစ်ယောက် သူတို့ရှိရာဘက်သို့ လာနေသည်ကို

တွေ့လိုက်ရသည်။

" အကိုလင်းလန် ၊ ဘာမှမစိုးရိမ်နဲ့ ။ ကျုပ် အဲ့ကောင်ကို ခင်ဗျားနဲ့အတူပေါင်းပြီး တိုက်ခိုက်မယ် "

ထိုစဥ်မှာပင် ရွှေရောင်မသေမျိုးအဆင့် ကျင့်ကြံသူတစ်ဦးကလည်း ရှေ့တိုးလာသည်။

ထိုလူ၏ အမည်မှာ မိုလောချီ ဖြစ်ပြီး ၊ လင်းလန်ဆိုသော ဓားသမား၏ မိတ်ဆွေတစ်ယောက် ဖြစ်ပါ၏။ သူတို့နှစ်ယောက်မှာ အစွမ်းလည်း တူညီကြပြီး အမြဲတမ်း အတွဲညီညီ ရှိခဲ့ကြပါသည်။ ထို့ကြောင့်လည်း လင်းလန်ဘက်မှ အရေးနိမ့်နေသည်ကို မြင်သည်နှင့် သူ ကူညီပေးရန် ရှေ့ထွက်လာခြင်းပင် ။

သူတို့နှစ်ယောက် ဘေးချင်းယှဥ်ရပ်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြ၏။

သို့သော်.. ထိုစဥ်မှာပင် တဖက်မှ ရောက်လာသူကိုမြင်ကာ သူတို့နှစ်ယောက်လုံး အံ့အားသင့်သွားရပါသည်။

" ဒါ... "

မိုလောချီ အံ့သြမှင်သက်သွားသလို.. လင်းလန်မှာလည်း ပါးစပ်အဟောင်းသား...

သူတို့သည်သာမက.. အနောက်တွင်ရှိနေကြသော သခင်ကြီးလုံနှင့် ကျန်လူများမှာ အံ့သြတုန်လှုပ်သွားကြပါ၏။

အဘယ့်ကြောင့်ဆိုသော် သူတို့ထံ ပြေးဝင်လာနေသူ၏ပုံက အလွန်ထူးဆန်းနေသောကြောင့်ပင် ။

ထိုလူ၏ အပြင်ပန်းပုံစံမှာ လူတစ်ယောက်နှင့် တူသော်လည်း ...

သူ့ခေါင်းက ဦးခေါင်းခွံတစ်ခုအဖြစ်သာ ကျန်သည်အထိ ပုပ်သိုးဆွေးမြည့်နေကာ သူ့မျက်လုံးနေရာတွင်လည်း ဟောင်းလောင်းပေါက် ဖြစ်နေပါသည်။

ထို့ထက်ပို ဆိုးသည်မှာ.. ထိုလူ၏ကိုယ်ပေါ်တွင် ရှိနေသော အရွယ်အစားစုံ လက်ရှစ်ဖက်လောက် ရှိနေခြင်းဖြစ်ပါ၏။ ထိုလက်များ၏ ဘေးတွင်လည်း ကြောက်မက်ဖွယ် မျက်နှာကြီးများ ရှိနေသေးကာ

၎င်းတို့က ကျယ်လောင်စွာ အော်ဟစ်နေကြသည်။

" အဲ့ဒါ ဘယ်လိုသားရဲကြီးလဲ .... "

တစ်ယောက်က တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

ထိုစဥ်မှာပင်..

ချွှင် ...

တဖက်သားရဲကြီး၏ လက်များထဲမှ ဓားကိုင်ထားသော လက်တစ်ဖက်က လင်းလန်အား ထပ်တိုက်ခိုက်လာ၏။

" ထွက်သွားစမ်းကွာ... "

လင်းလန်၏ မျက်နှာထား ရုတ်ချည်းပြောင်းသွားကာ မြန်မြန်ခုခံရန် ကြိုးစားလိုက်သည်။

ဝုန်း...

သို့သော် အံ့သြဖွယ်မကောင်းစွာပင် သူ တဖက်ဓားချက်ကြောင့် နောက်သို့ လွင့်ထွက်သွားရပါ၏။

" သေစမ်း သားရဲကောင် "

မိုလောချီမှာလည်း သူ့ သူငယ်ချင်းက သားရဲလက်ချက်ဖြင့် အဝေးလွင့်သွားသည်ကို မြင်သည်နှင့် ချက်ချင်း ဒေါသူပုန်ထသွားကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

" ဟမ့်.. ဒီလက်ဝါးက ဓားချိုးဖျက်လက်ဝါး ပဲကွ ။ ဒါကို.. လင်းလန်နဲ့ငါ သိုင်းကွက်တွေအများကြီး အပြန်အလှန် ဖလှယ်ကြပြီးမှ ဖန်တီးထားခဲ့တာ ။ အဲ့ဒါ ဓားသမားတွေကို အနိုင်ယူဖို့အတွက် သေချာရည်ရွယ်ပြီး လုပ်ထားတဲ့ အကွက်ပဲ ။ မင်းဘယ်လောက်ပဲ အစွမ်းထက်ထက် ၊ ဒီနေ့တော့ ရှုံးရမှာပါကွာ "

မိုလောချီ စိတ်ထဲမှ ပြောလိုက်သည်။

သို့သော်.. ထိုစဥ်.. မျှော်လင့်မထားစွာပင် သားရဲကြီး၏ မျက်နှာပေါ်မှ မျက်လုံးက ရုတ်တရက်ပွင့်လာပါ၏။

ထို့နောက်..

ဝုန်း ...

၎င်း၏ အခြားလက်တစ်ဖက်က အစီအမံများ လုပ်ကာ မိုလောချီအား တိုက်ခိုက်လိုက်သည်။

" ဘယ်လိုဖြစ်ပြီး... "

မိုလောချီတစ်ယောက် ၎င်းကိုမြင်ပြီး တုန်လှုပ်သွားကာ အကွက်ပြောင်းရန် ကြိုးစားလိုက်သော်လည်း.. နောက်ကျသွားခဲ့ပါ၏။

ဝုန်း ....

အသံကျယ်တစ်သံနှင့်အတူ မိုလောချီ၏ ခန္ဓာကိုယ်တစ်ဝက် အပိုင်းပိုင်းဖြစ်သွားကာ သူ့အရောင်အဝါလည်း ရုတ်ချည်း မှေးမှိန်သွားတော့သည်။

သို့သော်.. သူ သားရဲကြီးအား စူးစူးရဲရဲ စိုက်ကြည့်ကာ အံကြိတ်၍ ပြောလိုက်ပါ၏။

" မင်းက ရွှေရောင်မသေမျိုးအဆင့် မဟုတ်ဘဲ ... မသေမျိုးသခင်ကြီးအဆင့် ရောက်ထားတာပဲ.. "

လက်ရှိတွင် သူ အလွန်လည်း ကြောက်ရွံ့နေပါတော့သည်။

တဖက်လူသည် မသေမျိုးသခင်ကြီးအဆင့် ရှိမှန်းသာ သူ ကြိုသိခဲ့ပါက လုံးဝ တိုက်ခိုက်မိမည် မဟုတ်ပါချေ။

သခင်ကြီးလုံ နောက်တွင်ရှိနေသော လူများမှာလည်း တုန်လှုပ်နေကြပါသည်။

" ဒီကောင်... ခုနက ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာ မဟုတ်ဘူး ။ သူ့ရဲ့ဓားက တကယ်လဲ ရွှေရောင်မသေမျိုးအဆင့်မှာပဲ ရှိတာ ။ ဒါပေမယ့် သူ့ရဲ့ လက်ဝါးကျတော့ မသေမျိုးသခင်ကြီးအဆင့်မှာ ရှိနေတာလား ။ ဘာတွေဖြစ်နေတာလဲ... "

သခင်ကြီးလုံ တုန်လှုပ်စွာ ပြောလိုက်သည် ။

ထိုစဥ် ဘေးမှကြည့်နေသော လောထျန်းက ရုတ်တရက်ပြော၏။

" မသေမျိုးသခင်ကြီးအဆင့်ကို ရောက်နေတာက အဲ့သားရဲ မဟုတ်ဘူး ။ သူ့ရဲ့ လက်ပဲ "

" ဟင်... "

အားလုံး အံ့အားသင့်သွားကာ လောထျန်းအား နားမ

လည်နိုင်စွာ ကြည့်လိုက်ကြသည်။

လောထျန်းက မျက်မှောင်ကြုံ့ရင်း ဆက်ပြော၏။

" အဲ့ကောင်ကြီးရဲ့ လက်တစ်ခုစီတိုင်းက ကျင့်ကြံခြင်းအဆင့်တွေ ၊ အရောင်အဝါတွေ မတူကြဘူး "

" ဘယ်လို... "

အားလုံးက သားရဲအား ထပ်ကြည့်လိုက်ရာ.. လောထျန်းပြောသည်မှာ အမှန်ဖြစ်ကြောင်း သိလိုက်ရသည်။

၎င်းသားရဲမှာ မျိုးစုံသော အရာများဖြင့် စုစည်းထားသည်နှင့် တူပါသည်။

" ဟမ့်.. အဲ့ကောင်က ဘာကြီးပဲဖြစ်ဖြစ် သူ့ကို သတ်ရမယ် ။ ဟိုနှစ်ယောက်... လာခဲ့ ၊ ငါတို့သုံးယောက် ပေါင်းပြီးတော့ အဲ့သားရဲကိုသတ်ဖို့ အစီအမံတစ်ခု လုပ်ကြရအောင် "

အဆင့်ကိုး မသေမျိုးအစီအမံပညာရှင်တစ်ယောက်က ပြောပြောဆိုဆိုပင် ရှေ့တိုးကာ သူ့ဘေးမှ လူနှစ်ယောက်ကိုလည်း တစ်ပါတည်း ခေါ်လိုက်သည်။

" ကောင်းတယ်.. "

ထိုနှစ်ယောက်ကလည်း တစ်ပြိုင်တည်း ပြန်ပြောကြပြီး.. သူတို့သုံးယောက်သား အစီအမံတစ်ခုကို ချက်ချင်းလုပ်လိုက်ကြ၏။

ဆယ်စက္ကန့်ကျော် ကြာပြီးချိန်တွင်မူ...

ဝီ ...

အဆင့်ရှစ် မသေမျိုးအစီအမံ နမူနာပုံစံတစ်ခု ပြီးသွားတော့သည်။

" အဲ့လောက်ဆိုရပြီ.. သူ့ကို သတ်ပစ် "

သူတို့သုံးယောက် ပြိုင်တူအော်လိုက်ကြ၏။

ဝုန်း ....

မကြာခင်မှာပင် ကြောက်မက်ဖွယ် မီးနဂါးကြီးတစ်ကောင်က တဖက်သားရဲဆီ တိုးဝင်သွားတော့သည်။

သို့သော်.. ထိုစဥ်မှာပင် သားရဲ၏ခေါင်းက ရုတ်တရက်လှည့်လာကာ နဂို ဟောင်းလောင်းပေါက် ဖြစ်နေခဲ့သော မျက်လုံးနေရာ၌ အလင်းတန်းအချို့ လက်လာပါ၏။

ထို့နောက်..

ဝီ ...

၎င်း၏ရှေ့တွင် အစီအမံတစ်ခု ပုံပေါ်လာသည်။

All Chapters