ခုံးရှီထံမှ သတိပေးချက်(၁)
Vol. 7 Ch. 97
အမှန်အားဖြင့် ခုံးရှိသည်လည်း ကျန်းရွှမ်နှင့်အတူ ရင်းမြစ်ကမ္ဘာအတွင်းသို့ လိုက်လာခဲ့သည်။
သူတို့နှစ်ယောက်တည်းသာမက သူဇနီးနယ်လင်းရှီ၏ဖခင် သူ၏ယောက္ခမ ပါမောက္ကကုန်းမြေ၏ ဖန်တီးသူ နယ်ယွင်နှင့် နယ်ယွမ်၏အကို နယ်ထုံတို့လည်း ရောက်ရှိလာခဲ့သည်။
ရင်းမြစ်ကမ္ဘာ၏ ကောင်းကင်လမ်းသည် ပါမောက္ခကုန်းမြေနှင့် ကွဲပြားခြားနားပေ၏။ ဤအကွာအဝေးကို ဖြတ်ကျော်၍ ဆက်သွယ်နိုင်ရန်အတွက် ကောင်းကင်လမ်းထက် သာလွန်သောစွမ်းအားများကို မှီခိုရသည်။
သူ၏ အတိတ်ဒုက္ခ ကောင်းကင်ဓားနည်းနည်းစနစ်သည် ဤကဲ့သို့ စွမ်းအားမျိုးရှိသော နည်းစနစ်တစ်ခုပင်။ ယခင်က သူ ဒဏ်ရာအပြင်းအထန် ရရှိထားခြင်းကြောင့် သူ၏စွမ်းရည်အများစုသည် ပုန်းကွယ်နေခဲ့ပြီး အသုံးမပြုနိုင်ချေ။ ယခုအချိန်၌ သူ၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်သွားကာ သူ့ထံ၌ ခွန်အားတချို့ ပြန်ရပြီ ဖြစ်သောကြောင့် ထိုနည်းစနစ်များကို တဖန်ပြန်၍ အသုံးပြုနိုင်လေပြီ။
ကျန်းရွှမ် စကားပြောဆိုနေစဉ်မှာပင် လေစုပ်ဝဲသည် နှစ်ကြိမ်တုန်ခါသွားကာ တစ်ဖက်မှနေ၍ နူးညံ့ညင်သာပြီး တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"ကျန်းရှီလား..."
ဤသည်မှာ ခုံးရှီ၏အသံပင်။
ကျန်းရွှမ်၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသည်။
"ခုံးရှီ....မင်းဘက်မှာ အခြေအနေတွေ ဘယ်လိုရှိလဲ"
သူတို့လေးယောက်သည် ရင်းမြစ်ကမ္ဘာအတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် အစွမ်းထွက်သော အားလှိုင်းတစ်ရပ်ကြောင့် လူစုကွဲသွားခဲ့သည်။ ထိုကြောင့် သူသည် တခြားလူများ မည်သည့်နေရာသို့ ရောက်ရှိသွားသည် သို့မဟုတ် မည်သည့်ကိစ္စများနှင့် ကြုံတွေ့နေရသည်ကို သူ မသိရှိချေ။
"အခြေအနေက ကောင်းပုံမရဘူး....ငါ မင်းကို သတိပေးလိုက်မယ်.... ရင်းမြစ်ကမ္ဘာက ငါတို့လိုတက်လှမ်းလာသူတွေကို မကြိုဆိုဘူး... မင်းရဲ့သရုပ်မှန်ကို သေသေချာချာ ဖုံးကွယ်ထားပါ....ကောင်းကင်ကံကြမ္မာစွမ်းအားတွေ အများကြီးကို မင်း ထုတ်သုံးတာကနေ ရှောင်ကြဉ်ပြီးတော့ ကံကြမ္မာခန်းမကို သတိထားရမယ်...မင်း ဒီကိစ္စကို သေချာမှတ်ထားပါ"
ခုံးရှီ၏အသံသည် အလွန်အလျင်စလိုနိုင်ပေ၏။
"ငါ နားလည်ပြီ...."
ခုံးရှီသည် အကြောင်းအရင်းတစ်ခုမရှိဘဲ ဤကဲ့သို့ စကားများ ပြောဆိုမည် မဟုတ်ခြင်းကို သိရှိသဖြင့် ကျန်းရွှမ်က အလေးအနက်ထား၍ တုံ့ပြန်ပြီးနောက် ဆက်လက်၍ ပြောဆိုလိုက်သည်။
"မင်း အရှင်နယ် ဦးလေးနယ်ထုံတို့နဲ့ရော အဆက်အသွယ်ရလား"
ခုံးရှီက တုံ့ပြန်အဖြေပေးသည်။
"ငါ ကြိုးစားကြည့်ခဲ့ပြီးပြီ.... ဒါပေမဲ့ အခုထိတော့ ငါက သူတို့နဲ့ ဆက်သွယ်လို့ မရသေးဘူး...သူတို့ တစ်ခုခုဖြစ်နေတာလည်း ဖြစ်နိုင်တယ်....ငါလည်း အန္တရာယ်ရှိတဲ့ အခြေအနေမှာရောက်နေပြီးတော့ အရမ်းအခက်တွေ့နေတယ်....ကျန်းရှီ မင်းရဲ့ခွန်အားကို အမြန်ဆုံးတိုးတက်အောင် လုပ်ပြီးတော့ ငါ့ကို ကယ်တင်နိုင်မယ့် နည်းလမ်းတစ်ခုကို ရှာပါ...ငါက အခု...."
ခုံးရှီ၏စကား အဆုံးမသတ်သေးမီမှာပင် လေစုပ်ဝဲသည် ရုတ်တရက် ပြိုလဲသွားပြီး ပြင်းထန်သော အားလှိုင်းတစ်ရက်ကြောင့် အတိတ်ဒုက္ခဓားချီစွမ်းအားများ ပျက်စီးသွားသည်။ ကျန်းရွှမ်၏မျက်နှာဖြူရော်သွားကာ သူသည် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရကာ သူ့၏ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်လာသည်။
အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် ကျန်းရွှမ်သည် အချိန်အတော်ကြာသည်အထိ သူ့ကိုယ်သူ ပြန်လည်ထိန်းညှိပြီးမှသာ သက်သာသွားခဲ့သည်။
သူ၏ယခုလက်ရှိခွန်အားနှင့် အရည်အချင်းများအရ ဤကဲ့သို့ အစွမ်းထက်သော ဓားနည်းစနစ်ကို အတင်းအကြပ်အသုံးပြုခြင်းသည် သူ့အား အလွန်အမင်းထိခိုက်စေကြောင်း သူ ရှင်းရှင်းလင်းလင်း သိရှိသွားသည်။
သူယောက္ခမနှင့် ဦးလေးနယ်ထုံတို့၏ ကံကြမ္မာများသည် မသေချာသည့်အပြင် ခုံးရှီသည်လည်း အန္တရာယ်အတွင်း ကျရောက်နေသည်။
ယခုအချိန်၌ သူသည်လည်း သူ၏သရုပ်မှန်ကို ဖုံးကွယ်ထားရပေ၏။
သူ့အပေါ် ခုံးရှီ၏သတိပေးမှု၌ အပိုင်းနှစ်ပိုင်း ပါဝင်သည်။ ပထမပိုင်းသည် ခုံးရှီနှင့်နယ်ညီအစ်ကိုတို့သည် အန္တရာယ်များသော အခြေအနေ၌ ကျရောက်နေခြင်းပင်။ ဒုတိယပိုင်းအနေဖြင့် သူ၏ကံကြမ္မာစွမ်းအားများကို များစွာအသုံးမပြုရန်နှင့် ကံကြမ္မာခန်းမကို သတိထားရန် ဖြစ်ပေ၏။
"ကံကြမ္မာစွမ်းအားဆိုတာက ဘာလဲ...ကံကြမ္မာခန်းမဆိုတာက ဘာလဲ"
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
ကောင်းကင်ကံကြမ္မာစွမ်းအားများ အကန့်အသတ်ရှိခြင်းကြောင့် သူ ယခင်ကစာကြည့်တိုက်သို့ သွားခဲ့သည့် နှစ်ကြိမ်လုံး၌ ကျင့်ကြံနည်းစနစ်များအပေါ်တွင်သာ အာရုံစူးစိုက်ခဲ့သည်။ သူသည် ဤရင်းမြစ်ကမ္ဘာ၏ လူနေမှုနဲ့ မြေမျက်နှာသွင်ပြင်များဆိုင်ရာ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး အာရုံစူးစိုက်ရခြင်း မရှိသေးချေ။ ထို့ကြောင့် သူ ယခုထိတိုင်ရှင်းရှင်းလင်းလင်း မသိသေးသော အရာများစွာ ရှိနေဆဲပင်။
သို့ရာတွင် ဤကိစ္စများသည် အဓိကပြဿနာများ မဟုတ်ချေ။ သူသည် ထိုသတင်းအချက်အလက်များနှင့် ပတ်သက်ပြီး တစ်စုံတစ်ယောက်ကို မေးမြန်းနိုင်ပေ၏။
"ဒီပြဿနာတွေအားလုံးကို ဖြေရှင်းဖို့အတွက် ငါ့ရဲ့ခွန်အားကို အမြန်ဆုံးမြှင့်တင်ရမယ်"
အချိန်တခဏကြာခန့် တွေဝေစဉ်းစားနေပြီးနောက် ကျန်းရွှမ်က စိတ်ပိုင်းဖြတ်လိုက်သည်။
သူ၏ ယခုလက်ရှိ ကျင့်ကြံဆင့်နယ်ပယ်ဖြင့် အကယ်၍ သူသည် ခုံးရှီနှင့်နယ်ယွင်တို့ကို ရှာဖွေတွေ့ရှိလျှင်ပင် သူတို့အား ကူညီပေးနိုင်မည် မဟုတ်ချေ။ ထို့ပြင် သူသည် သူတို့အတွက်ဝန်ထုပ်ဝန်ပိုးတစ်ခုပင် ဖြစ်သွားနိုင်သည်။ ထိုကြောင့် သူ၏ကျင့်ကြံဆင့်ကို အမြန်ဆုံးမြှင့်တင်နိုင်ရန် အာရုံစူးစိုက်သည်က အကောင်းဆုံးဖြစ်ပေမည်။
"ကမ္ဘာသစ်ရဲ့စွမ်းအားကို လောင်ကျွမ်းခြင်း မပြုဘဲနဲ့ မြင်းကောင်ရေ၁၀ပဲရတာက ခန္ဓာကိုယ်နှိထိန်းညှိခြင်းနယ်ပယ်မှာ သာမန်အဆင့်ပဲရှိတယ်....ငါ ဆက်ပြီး ကျင့်ကြံဖို့အတွက် ကောင်းကင်ကံကြမ္မာစွမ်းအားတွေက အရမ်းအရေးပါတယ်....ဒါပေမယ့် ငါက အဲ့ဒါတွေကို ဘယ်နေရာမှာ သွားရှာရမလဲ"
ယခင်က သူသည် ကျောင်းတော်၏ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုကို အခွင့်ကောင်းယူ၍ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း နှစ်သောင်းကျော် ရရှိခဲ့သည်။ ယခုအချိန်၌ ကျောင်းသားသစ်များအားလုံးအတွက် အကဲဖြတ်စစ်ဆေးမှုများ အဆုံးသတ်သွားပြီ ဖြစ်လေရာ သူသည် နောက်ထပ်နည်းလမ်းအသစ်တစ်ခုကို ရှာဖွေရပေမည်။
"ငါက ကျောင်းအုပ်ကြီးလုကို မေးကြည့်လို့ ရနိုင်တယ်"
ဤနေရာတွင်ထိုင်၍ စဉ်းစားနေခြင်းသည် အကျိုးမရှိကြောင်း နားလည်သဘောပေါက်သဖြင့် ကျန်းရွှမ်က မတ်တတ်ထရပ်ပြီး ပြင်ပသို့ထွက်ခွာခဲ့သည်။
....
ကျောင်းအုပ်ကြီးရုံးခန်း၌...
ကျောင်းအုပ်ကြီးလုမင်ရုန်နှင့် ချန်းမိသားစုခေါင်းဆောင်ချန်းရှောင်တို့သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ပြီး ထိုင်နေကြ၏။
အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ကျောင်းအုပ်ကြီးလုက တင်းမာနေသောအခြေအနေကို ချိုးဖျက်လိုက်သည်။
"မိသားစုခေါင်းဆောင်ချန်း...ဆရာကျန်းက မင်းတို့မြင်းခြံကိုလာတာ မနေ့တုန်းက ပထမဆုံးအကြိမ် မဟုတ်လား...သူက တစ်ကြိမ်လေး လာလိုက်ရုံနဲ့ မင်းက သူ့ကို ဧည့်အကြီးအကဲတစ်ယောက်အဖြစ် ခန့်အပ်လိုက်တယ်...မင်း ငါတို့ကို ရှင်းပြချက်တစ်ခု ပေးသင့်တယ်လို့ မထင်ဘူးလား"
ချန်းရှောင်က ခပ်ဖျော့ဖျော့အပြုံးနှင့် တုံ့ပြန်သည်။
"ဆရာကျန်းက ကျိုးချွမ်နဲ့ တခြားမြင်းယဥ်ပါးစေသူတွေတောင် ယဥ်ပါးအောင်မလုပ်နိုင်တဲ့ မြင်းရိုင်းကြက်သွေးနီကို ယဥ်ပါးအောင် လုပ်နိုင်ခဲ့တယ်.... ဒါကြောင့် သူ့ကို ဧည့်အကြီးအကဲတစ်ယောက်အဖြစ် ခန့်အပ်တာက ဘာပြဿနာရှိလို့လဲ....ဆန့်ကျင်ဘက်အနေနဲ့ မင်းတို့ကသာ မြို့အရှင်ယုရဲ့ အမဲလိုက်လင်းယုန်ကို သူ ယဥ်ပါးအောင်လုပ်ခဲ့တာကို အကြောင်းပြပြီးတော့ သူ့ကို လက်ထောက်ဆရာတယောက်အဖြစ် အလျင်စလို ခန့်အပ်ခဲ့တယ်....ဒါ့ပြင် မင်းတို့က ယုရှောင်ယွီကိုတောင် သူ့ရဲ့တပည့် ဖြစ်စေခဲ့တယ် မဟုတ်လား...ဒါက နည်းနည်းတော့ အဆင်အခြင်မဲ့ရာ မကျဘူးလား"
လုမင်ရုန်က ပြောဆိုသည်။
"ငါတို့ကျောင်းတော်ရဲ့တာဝန်က ပါရမီရှင်တွေကို အသိအမှတ်ပြုပြီး တန်ဖိုးထားဖို့ပဲ....ငါနဲ့မြို့အရှင်ယုက ဆရာကျန်းရဲ့ရှေ့အလားအလာကို မြင်ခဲ့တာကြောင့် သူ့ကို အထူးထောက်ပံ့ပေးဖို့ ဆုံးဖြတ်ခဲ့တာပဲ"
ချန်းရှောင်က ပြန်လည်ချေပသည်။
ငါက အထူးထောက်ပံ့တယ်ဆိုတဲ့ ကိစ္စကို နားလည်ပါတယ်....ဒါပေမဲ့ ရင်းမြစ်ဒင်္ဂါးသုံးသိန်းကျော်အထိ ထုတ်ပေးတယ်ဆိုတာကတော့ နည်းနည်းလွန်ကဲမနေဘူးလား... လက်ထောက်ဆရာတစ်ယောက်ရဲ့ လစာအရဆိုရင် သူ ဒါကိုပြန်ဆပ်ဖို့အတွက် အချိန် ဘယ်လောက်တောင်ကြာသွားလိမ့်မလဲ....တကယ်လို့ ငါ မှတ်မိတာမှန်တယ်ဆိုရင် လက်ထောက်ဆရာတစ်ယောက်ရဲ့လစာက တစ်လကို ရင်းမြစ်ဒင်္ဂါးရာဂဏန်းနည်းနည်းလောက်ပဲ ရတာမဟုတ်လား"
လုမင်ရုန်က ရှင်းပြသည်။
"ဒါက သူ့ရဲ့လစာနဲ့ မဆိုင်ဘူး...ဒါက အဖြူရောင်ကျောက်တုံးကျောင်းတော်ရဲ့ စည်းလုံးညီညွတ်မှုကို ပြသတဲ့ သဘောပဲ .. တကယ်လို့တစ်ယောက်ယောက်က လက်ထောက်ဆရာဖြစ်နေရင်တောင် ငါတို့က သူ့ကို ပစ်ပယ်ထားမှာမဟုတ်ဘူး...ပြောရမယ်ဆိုရင် အဲ့ဒီငွေကို မင်းတို့ချန်းမိသားစုက ကူညီပေးခဲ့တာ မဟုတ်ဘူးလား...ငါ မေးပါရစေ....ဆရာကျန်းက အဲ့ဒီငွေတွေကို ပြန်ဆပ်ဖို့အတွက် ကြက်သွေးနီလို မြင်းရိုင်းတွေ ဘယ်လောက်များများကို ယဥ်ပါးအောင်လုပ်ပေးဖို့ လိုတာလဲ"
ချန်းရှောင်သည် တွေဝေတုံ့ဆိုင်းနေပေ၏။
"အင်း....ငါတို့ချန်းမိသားစုကလည်း ဆရာကျန်းရဲ့ရှေ့အလားအလာကို မြင်ပြီးပြီ...ဒါပေမဲ့ သူ့ရဲ့အခုလက်ရှိအရည်အချင်းတွေနဲ့ဆိုရင် အဲ့ဒီငွေက တန်တော့မတန်သေးဘူး"
လုမင်ရုန်က သဘောတူညီလိုက်သည်။
"အမှန်ပဲ...ငါတို့လည်း အဲ့ဒီလို ခံစားရတယ်...သူ့ရဲ့သင်ကြားခြင်းအရည်အချင်းက ဒီငွေကို ထုတ်ပေးဖို့ မတန်သေးဘူး"
ထိုစကားများကို ပြောဆိုပြီးနောက် သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကိုးရိုးကားယားဆန်စွာ ပြုံးပြလိုက်ကြ၏။ ထိုအချိန်မှာပင် လက်ထောက်ကျောင်းအုပ်ဝူယွင်ကျိုးသည် အခန်းအတွင်းသို့ ဝင်လာပြီး ဦးညွှတ်အရိုအသေပြုလိုက်သည်။
"ကျောင်းအုပ်ကြီးလု....မိသားစုခေါင်းဆောင်ချန်း...အဲ့ဒီ မတန်ဘူးဆိုတဲ့ ဆရာကျန်းက ခုဏလေးကတင် စာသင်ခန်းထဲကနေ ထွက်လာပြီးတော့ မြို့အရှင်ယုနဲ့ တွေ့သွားခဲ့တယ်...သူတို့နှစ်ယောက်က ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူထွက်သွားကြတယ်"
"ယုလုံချင်း....ခွေးမသား..."
ချန်းရှောင်သည် ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။
"အရှက်မဲ့လိုက်တာ...."
လုမင်ရုန်ကလည်း မျက်ခုံးပင့်ပြီး အော်ဟစ်လိုက်သည်။
လွန်ခဲ့သော အချိန်တခဏတွင် သူတို့နှစ်ယောက်လုံးသည် ကျန်းရွှမ်အား ထိုငွေနှင့်မတန်ဟု ပြောဆိုခဲ့ကြသည်။ သို့ရာတွင် ယခုအချိန်၌ သူ့အား မြို့အရှင်ယုမှ ခေါ်ဆောင်သွားသည်ဟုကြားချိန်၌ သူတို့နှစ်ယောက်ကို ကြည့်ရသည်မှာ အနည်းငယ် စိုးရိမ်ပူပန်သွားပုံပင်။