← Chapters

မြေခွေးအိုကြီး

Vol. 7 Ch. 92

မြေခွေးအိုကြီး

Vol. 7 Ch. 92

"မင်းတို့အားလုံး...ကျေးဇူးပြုပြီးတော့ မတ်တတ် ထရပ်ကြပါ"

ဤလူများသည် ကျောင်းတော်ထံသို့ ရောက်လာမည်ဟု ကျန်းရွှမ် မျှော်လင့်မထားမိချေ။ ထိုကြောင့် သူသည် အလျင်အမြန်လက်ကမ်းပြီး ကျိုးချွမ်နှင့်တခြားလူများကို တွဲထူလိုက်သည်။

"အဖေ...."

အစောပိုင်းက မည်သူမျှ မယှဉ်ပြိုင်နိုင်သည်အထိ မောက်မာထောင်လွှားနေသော ကျိုးချင်းခိုင်သည် ယခုအချိန်၌ မတ်တတ်ရပ်ကာ ကြက်သေသေနေလေ၏။

သူ၏စိတ်အတွင်း၌ သူ့ဖခင်၏ မြင်းယဥ်ပါးစေခြင်းစွမ်းရည်သည် လောကကြီးအတွင်း၌ အတော်ဆုံးမဟုတ်လျှင်ပင် အဖြူရောင်ကျောက်တုံးမြို့အတွင်း၌ ပြိုင်ဘက်ကင်းပင်။ သို့ရာတွင် ယခုအချိန်၌ သူ၏ဖခင်သည် တခြားလူတစ်ယောက်၏ရှေ့၌ ဒူးထောက်နေပြီး တပည့်တစ်ယောက်၏ ရိုသေလေးစားမှုမျိုးပြသနေလေရာ ဤလူသည် မည်မျှထိ အစွမ်းထက်နေသနည်း။

ချန်းမိသားစုခေါင်းဆောင်သည် သူ၏ဖခင်အစား ကျန်းရွှမ်ကို ဧည့်အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။

ရုတ်ချည်းဆိုသလိုပင် သူ၏မျက်နှာပူနွေးလာသည်ကို ခံစားမိလေ၏။

တခြားလူများ၏ ထိတ်လန့်တုန်လှုပ်နေမှုနှင့် မတူညီဘဲ ချန်းရှောင်က သူ၏နဖူးကို ဖုံးအုပ်ပြီး စဥ်းစားတွေးတောနေသည်။

သူသည် ကျန်းရွှမ်၏ မြင်းယဥ်ပါးစေခြင်းစွမ်းရည် သာလွန်ထူးကဲသည်ကို အတတ်နိုင်ဆုံးဖုံးကွယ်ထားနိုင်ရန် မျှော်လင့်ခဲ့သော်လည်း ဤအခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။

သူသည် ကျိုးချွမ်တို့လူစုကို လှည့်ကြည့်ပြီးနောက် ဆွံ့အသွားသောခံစားချက် လှိုင်းတစ်လှိုင်းက သူ၏စိတ်နှလုံးသားအတွင်း၌ လှိုင်းထန်လာသည်။

ဤလူများကို အနည်းငယ်မျှ ယုံကြည်အားကိုး၍မရချေ။

အမှန်အားဖြင့် အဆိုးရွားဆုံးလူမှာ သူ၏ သောက်ရေးမပါသောသားပင်။

ထိုအကြောင်းကိုတွေးတောရင်း သူ မျက်မှောင်ကြုတ်ကာ ချန်းဟောင်၏နားရွက်ကိုဆွဲပြီး အော်ငေါက်လိုက်၏။

"တိရစ္ဆာန်ကောင်...အခုချက်ချင်း အပြင်ကိုထွက်ပြီးတော့ ဒူးထောက်နေစမ်း"

"ကျွန်တော်...."

ချမ်းဟောင်က နာကျင်စွာဖြင့် ညည်းတွားလိုက်သည်။

"အဖေ...တကယ်လို့ ဆရာကျန်းရဲ့ မြင်းယဥ်ပါးစေခြင်းအသိပညာတွေက အပြစ်အနာအဆာမဲ့တယ် ဆိုရင်တောင်... မိန်းကလေးယုနဲ့မိန်းကလေးလျှူတို့က သူ့ရဲ့တပည့် မဖြစ်ချင်တာ အသိသာကြီးလေ....ကျွန်တော်ရဲ့လုပ်ရပ်က သူတို့ကို ကူညီပေးရုံ သက်သက်ပဲ"

မိသားစုခေါင်းဆောင်ချန်းရှောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်း ဘာတွေ လျှောက်ပြောနေတာလဲ"

ချန်းဟောင်က တုံ့ပြန်သည်။

"ကျွန်တော် လျှောက်ပြောနေတာ မဟုတ်ဘူး...သူတို့က ဆရာကျန်း သင်ပေးတဲ့ ကျင့်ကြံနည်းစနစ်ကို မှတ်သားမထားကြဘူး... သူတို့က ဒါကို သင်ယူလိုစိတ်မရှိဘူး...ဒါကိုကြည့်ရင် သူတို့မှာ သူ့ရဲ့တပည့် ဖြစ်ချင်တဲ့ဆန္ဒရှိမရှိ သိသာတယ် မဟုတ်လား"

"ဒါက... "

ချန်းရှောင်ထံ၌ ပြောစရာစကားလုံး ပျောက်ဆုံးနေစဉ်တွင် အေးစက်စက်အငွေ့အသက်တစ်ခု ပျံ့လွင့်လာခြင်းနှင့်အတူ အခန်းအတွင်းရှိလူများအားလုံး ကျန်းရွှမ်ကို ကြည့်လိုက်ကြ၏။

ကျန်းရွှမ်သည် သူ့ရှေ့ရှိ မိန်းကလေးနှစ်ယောက်ကို တည်ငြိမ်စွာကြည့်ပြီး မေးမြန်းလိုက်သည်ကို သူတို့ မြင်တွေ့မိသည်။

"ဒါက မင်းတို့ရဲ့စိတ်ထဲမှာ တကယ်တွေးနေတာလား"

လျှူမင်ယွဲ့နှင့် ယုရှောင်ယွီတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြကာ သူမတို့နှစ်ယောက်လုံး၏မျက်နှာများပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။

"ကျွန်မတို့...."

ကျန်းရွှမ်က ထပ်မံပြောဆိုသည်။

"အမှန်အတိုင်း ပြောကြစမ်း"

လျှူမင်ယွဲ့သည် အချိန်တခဏကြာခန့် တွေဝေနေပြီးနောက် အမှန်အတိုင်းပြောဆိုရန် ဆုံးဖြတ်လိုက်၏။

"ကျွန်မ အရင်က ဆရာရဲ့တပည့်ဖြစ်ဖို့ သဘောတူခဲ့တာက ဆရာကို အရှက်ရစေချင်လို့ပါ...ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မမှာ ကောင်းမွန်တဲ့ ပါရမီအရည်အချင်းရှိပြီးတော့ ဆရာက လက်ထောက်ဆရာတစ်ယောက် ဖြစ်နေတာကြောင့် ကျွန်မကို သင်ကြားပေးဖို့ မသင့်တော်ဘူး....ဒါကြောင့် စာသင်နေတဲ့အချိန်အတောအတွင်းမှာ ကျွန်မက တမင်သက်သက်နားမလည်ဘူး ဘာမှမသင်ယူခဲ့ဘူးလို့ ပြောပြီးတော့ ဆရာ ဒေါသထွက်အောင် လုပ်ခဲ့တာပါ...ဒါပေမဲ့ ခုဏက ဆရာ ကျွန်မတို့ကို သင်ကြားပေးတဲ့ နည်းစနစ်က မယုံနိုင်စရာကောင်းအောင် နက်နဲသိမ်မွေ့တာကို ကျွန်မသိခဲ့ရတယ်...ဒါကို နည်းနည်းလောက် ကျင့်ကြံလိုက်ရုံနဲ့ ကျွန်မရဲ့တိုးတက်မှုက အရမ်းလျင်မြန်လာခဲ့တယ်...အခုအချိန်မှာ ကျွန်မက ဆရာ့ရဲ့တပည့်တစ်ယောက်ဖြစ်ရတာ ဘယ်လောက်ထိကံကောင်းပြီးတော့ ဂုဏ်ယူဖို့ကောင်းတယ်ဆိုတာကို သိသွားပါပြီ"

ထိုစကားအဆုံးသတ်သွားချိန်တွင် လျှူမင်ယွဲ့၏မျက်နှာပေါ်၌ ရိုးသားဖြူစင်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။

သူမသည် ယခင်က မည်သည့်ဆရာကမျှ သူမအား တပည့်အဖြစ် လက်မခံခဲ့သဖြင့် ကျန်းရွှမ်ကို ရွေးချယ်ခဲ့ရသောကြောင့် သူ အရှက်ကွဲခြင်းကို သူမ မြင်လိုခဲ့သည်။ သို့ရာတွင် ဆရာကျန်း၏ သင်ပြမှုကိုခံယူပြီးနောက် သူမ၏အမြင်များ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ တခြားကိစ္စများကို ထည့်မပြောလျှင်ပင် သူမသည် ထိုကျင့်ကြံနည်းစနစ်ကို အချိန်တစ်ခဏကြာ ကျင့်ကြံခဲ့ရုံမျှဖြင့် သူမ၏ခွန်အား ၅၀ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ အကယ်၍ သူမသည် အလေးအနက်ထား၍ ကျင့်ကြံပါကသူမ၏တိုးတက်မှု မည်မျှထိ မြန်ဆန်မည်နည်း။

ထို့ပြင် ယခုအချိန်၌ ဆရာကျန်းသည် ချန်းမိသားစု၏ ဂုဏ်ထူးဆောင်ဧည့်အကြီးအကဲဖြစ်လာသောကိစ္စကို သူမ သိရှိလိုက်သဖြင့် သူ၏တပည့်ဖြစ်ရသည်မှာ ဂုဏ်ယူဖွယ်ကောင်းကြောင်း နားလည်သဘောပေါက်သွားသည်။ အကယ်၍ သူမသည် ဆရာကျန်းထံတွင် ကောင်းမွန်သောစွမ်းရည်များ ရှိနေသည်ကို ယခုအချိန်ထိ နားမလည်သေးပါက သူမသည် ငတုံးငအတစ်ယောက်သာ ဖြစ်သွားပေမည်။

ထိုကြောင့် ဤအချိန်အခိုက်အတန့်တွင် သူမ၏အစစ်အမှန်ခံစားချက်များကို ဖွင့်ဟပြောဆိုကာ နောင်အနာဂတ်တွင် ဆရာကျန်း၏တပည့်ကောင်းလုပ်မည်ဟု ဆုံးဖြတ်လိုက်ခြင်းပင်။

ယုရှောင်ယွီက ပြောဆိုသည်။

"ဒါက ကျွန်မရဲ့အဖေက ကျွန်မရဲ့ကောင်းကျိုးအတွက် ဆရာကျန်းဆီမှာ တပည့်ခံရမယ်လို့ပြောခဲ့တာကြောင့်ပါ... ကျွန်မက ဆရာကျန်းကို အမြဲတမ်း လေးလေးစားစား ဆက်ဆံခဲ့ပါတယ်....တမင်သက်သက် ပျင်းရိခဲ့တာ မဟုတ်ပါဘူး"

"မင်းပြောတဲ့ ရိုသေလေးစားမှုဆိုတာက ငါစာသင်နေတဲ့အချိန်မှာ နားမထောင်ဘဲနဲ့ အရာအားလုံးကို နားလည်သဘောပေါက်ချင်ယောင်ဆောင်တာလား"

ကျန်းရွှမ်က မျက်မှောင်ကြုတ်ပြီး မေးမြန်းသည်။

"ကျွန်မ...."

ယုရှောင်ယွီ၏မျက်နှာ နီမြန်းသွားကာ သူမ၏ဝတ်စုံကို လိမ်ကျစ်နေပြီး သူမ ပြန်လည်အဖြေပေးလိုသော်လည်း မည်သည့်နေရာမှ စတင်ရမည်ကို မသိရှိချေ။

"ငါ တောင်းပန်ပါတယ် ဆရာကျန်း...ဒါက ငါ့ရဲ့အပြစ်ပါ"

ထိုအချိန်မှာပင် စိုးရိမ်တကြီး ပြောဆိုလိုက်သော အသံတစ်သံ ထွက်ပေါ်လာသဖြင့် လူများအားလုံး လှည့်ကြည့်လိုက်ကြရာ မြို့အရှင်ယုလုံချင်း သုတ်သီးသုတ်ပျာဝင်ရောက်လာသည်ကို မြင်တွေ့မိသည်။

ယုလုံချင်းက ပြောဆိုသည်။

"ဆရာကျန်း... ငါက ရှောင်ယွီကို အဲ့ဒီလိုလုပ်ဖို့ပြောခဲ့တာပါ...မင်းရဲ့သင်ခန်းစာအပေါ် သူ ဂရုတစိုက်နားထောင်ဖို့ ပျက်ကွက်ခဲ့တာက ငါ့ရဲ့မှားယွင်းတဲ့ အတွေးအခေါ်ကြောင့်ပါ"

ကျန်းရွှမ်သည် ဇဝေဇဝါဖြစ်သွားလေ၏။

"မြို့အရှင်...မင်း ဘာလို့ ဒီလိုပြောတာလဲ"

ယုလုံချင်း၏မျက်နှာပေါ်တွင် ရှက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။

"မင်း အရင်က ကျောင်းသားတွေကို မသင်ပေးဖူးတာကြောင့် သူ နားလည်အောင်ရှင်းရှင်းလင်းလင်း သင်ပြပေးနိုင်မှာ မဟုတ်ဘူးလို့ ငါ ထင်ပြီးတော့ မင်းအတွက် စိုးရိမ်ပူပန်သွားခဲ့တယ်.. ဒါကြောင့် မင်းရဲ့ သင်ခန်းစာကို မပျက်စီးအောင် ထောက်ပံ့ပေးဖို့ ငါက သူ့ကို မှာထားခဲ့တယ်...တကယ်လို့ အဆင်မပြေတာရှိရင် ငါက သူ့ကို အိမ်မှာပြန်သင်ပေးဖို့ ရည်ရွယ်ထားတယ်"

သူ၏သမီအား လိမ်ညာလှည်စားရန် ညွှန်ကြားခဲ့မှုကြောင့် မြို့အရှင်သည် စကားပြောဆိုရင်း သူ၏ရှက်ရွံ့မှုများ ပို၍ကြီးထွားလာသည်။

ကျန်းရွှမ်သည် ဤအကြောင်းပြချက်ကြောင့် ကြက်သေသေသွားကာ သူ၏မျက်နှာပေါ်တွင် သိချင်စိတ်ပြင်းပြသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

"မင်းက မြို့အရှင်လေ...ငါက မထင်ရှားတဲ့လက်ထောက်ဆရာတစ်ယောက်..ဘာလို့ မင်းက ငါ့ကို ကူညီပေးချင်တာလဲ"

ဤတစ်ကြိမ်သည် ကျန်းရွှမ် အံ့အားသင့်သွားခဲ့ရသည့် အလှည့်ပင်။

မြို့အရှင်နှင့် သူ၏ဆက်ဆံမှုသည် အမဲလိုက်လင်းယုန်ကို ယဥ်ပါးစေခဲ့ရုံသာဖြစ်ပြီး ထိုကိစ္စအတွက် သူ အခကြေးငွေကိုလည်း ရရှိပြီးလေပြီ။ ဤကိစ္စအတွက်ဖြင့် မြို့အရှင်သည် သူ့သမီးအား သူ့ထံ၌ တပည့်ခံစေရန် မလိုသည့်အပြင် သူ့ကို အားတက်သရော ပံပိုးနေရန်လည်း မလိုအပ်ချေ။

ယုလုံချင်းသည် ဆွံ့အသွားပေ၏။

ကျန်းရွှမ်သည် ထိပ်သီးပါရမီရှင်တစ်ယောက် ဖြစ်သဖြင့် ထိုသို့ပြုလုပ်ခဲ့သည်ဟု ထုတ်ဖော်ပြောဆို၍မရချေ။ သို့ရာတွင် ဤကိစ္စကို ပြောဆိုခြင်းမရှိပါက တခြားအကြောင်းပြချက်များသည် လုံလောက်မည့်ပုံ မရချေ။

သူ နေရာ၌ အနေခက်စွာမတ်တပ်ရပ်နေစဉ်တွင် ပတ်ဝန်းကျင်ရှိ လူများသည်လည်း ထပ်တူထပ်မျှ ဇဝေဇဝါဖြစ်နေသော အကြည့်ဖြင့် သူအားကြည့်နေသည်ကို မြင်တွေ့မိလေ၏။

ကျန်းရွမ်တစ်ယောက်တည်းသာ စိတ်ရှုပ်ထွေးသွားသည် မဟုတ်ဘဲ တခြားသူများအားလုံးသည်လည်း ဇဝေဇဝါဖြစ်နေသည်။

ဤသည်မှာ ပိုင်ယန်မြို့အတွင်း၌ အစွမ်းထက်ဆုံးလူဖြစ်သည့် မြို့အရှင်ပင်။ သူသည် မသိသာမထင်ရှားသော လက်ထောက်ဆရာတစ်ယောက်အပေါ် အလွန်သဘောထားကြီးစွာ ဆက်ဆံနေပေ၏။

ယုလုံချင်း ပြောစရာ စကားမဲ့နေစဉ်မှာပင် ကျောင်းအုပ်ကြီးလုမင်ရုန်က ရှေ့သို့တိုးလာသည်။ သူ၏မျက်လုံးများအတွင်း၌ စိတ်ရှုပ်ထွေးနေသော အမူအယာတစ်ရပ် ထင်ဟပ်နေပေ၏။

"ကျေးဇူးပြုပြီးတော့ ဆရာကျန်းက မြို့အရှင်ကိုအပြစ်မတင်ပါနဲ့...သူက ငါ့ရဲ့တောင်းဆိုချက်ကြောင့် ဒီကိစ္စကို လုပ်ခဲ့တာပါ"

ကျန်းရွှမ်သည် ဇဝေဇဝါဖြစ်သွားလေ၏။

လုမင်ရုန်က အဝေးတစ်နေရာသို့ မျှော်ကြည့်ရင်း ပြောဆိုသည်။

"တကယ်တော့ မြို့အရှင်ယုရဲ့အမဲလိုက်လင်းယုန်ကို မင်း ယဥ်ပါးစေခဲ့တဲ့ အချိန်ကတည်းက ငါ ဒီကိစ္စကို စပြီးစဉ်းစားခဲ့တယ်... တကယ်လို့ သင်ကြားခြင်းကနေတဆင့် အဲ့ဒီအစွမ်းထက်တဲ့ သားရဲယဥ်ပါးစေခြင်းစွမ်းရည်ကို လက်ဆင့်ကမ်းပေးနိုင်မယ်ဆိုရင် လူတွေအများကြီးက ဒါကို သင်ယူနိုင်ပြီးတော့ ငါတို့အသုံးပြုနိုင်တဲ့ မူလဘူတ ရင်းမြစ်သားရဲတွေ ပိုများလာလိမ့်မယ်...ဒါကြောင့် ဒီစာသင်နှစ်ရဲ့အစမှာ ချွင်းချက်တစ်ခုထားပြီးတော့ ငါက မင်းကို လက်ထောက်ဆရာတစ်ယောက်အဖြစ် တိုက်ရိုက်လက်ခံခဲ့တယ်...ဒါ့ပြင် ငါက ယုရှောင်ယွီကို မင်းရဲ့တပည့်ဖြစ်လာဖို့ မြို့အရှင်ကို တောင်းဆိုခဲ့တယ်...အဲ့ဒီလိုမှသာ ငါက မင်းကို လက်ထောက်ဆရာတယောက် အဖြစ်ကနေ တရားဝင်ဆရာတစ်ယောက်အဖြစ်ကို ရာထူးတိုးပေးနိုင်မှာ မလို့ပဲ"

All Chapters