← Chapters

မျှော်လင့်ခြင်း လမင်းအိုကြီးများ

Vol. 11 Ch. 144

မျှော်လင့်ခြင်း လမင်းအိုကြီးများ

Vol. 11 Ch. 144

မျက်လုံးစောင်းက ဆိုးသွမ်းအင်မော်တယ်အား တည့်တည့်ကြည့်ကာ ခပ်တင်းတင်းပြောလိုက်သည်၊

"ညီလေး... မင်းက ကလေးမဟုတ်တော့ဘူး။ ဂိုဏ်းရဲ့ အကျိုးစီးပွားကို ဦးစားပေးရမယ်။"

"ဂိုဏ်းရဲ့ လက်ရှိအခြေအနေက မကောင်းဘူး။"

"ငါတို့အနေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ လိုတယ်။ အလင်းနန်းတော်က ကွေးယွန်တိုက်ကြီးရဲ့ အရှင်သခင်ဖြစ်ပြီး မယုံနိုင်လောက်အောင် အင်အားကြီးတယ်။ ဟုန်တုလိုမျိုး ထူးချွန်သူတွေကို မိတ်ဆွေဖွဲ့ထားသင့်တယ်။ တစ်နေ့နေ့ကျရင် သူတို့က ငါတို့ဂိုဏ်းအတွက် အားကိုးရာ ဖြစ်လာနိုင်တယ်။"

ဆိုးသွမ်းအင်မော်တယ် ဘာတတ်နိုင်တော့မည်နည်း။

သူက ကူကယ်ရာမဲ့သလို ခံစားလိုက်ရသော်လည်း ခေါင်းညိတ်လ်ုက်ရ၏။

"နားလည်ပါပြီ၊ အစ်ကိုကြီး"

.................

တိမ်တိုက်မြို့တော်သည် ကွေးယွန်တိုက်ကြီး၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။

မြို့သည် အစွန်အဖျားဒေသတွင်တည်ရှိနေသောကြောင့် မည်သည့် အဓိကအင်အားစုနှင့်မျှ မသက်ဆိုင်ခဲ့ပေ။

မြို့ထဲတွင် အကျော်ကြားဆုံး နေရာဟူ၍

ယွင်ကျုံးစံအိမ်နှင့်လင်ထျန်းခန်းမ နှစ်ခုသာရှိ၏။

တစ်ခုက အဆင့်မြင့် ဖျော်ဖြေရေးကို လုပ်ကိုင်ပြီး၊ ကျန်တစ်ခုက ကမ္ဘာအနှံ့မှ သတင်းအချက်အလက်များကို စုဆောင်းသည်။

ယခုအချိန်မှာတော့ အစွန်အဖျားဒေသမှ တိမ်တိုက်မြို့တော်သည် ထူးထူးခြားခြားစည်ကားနေ၏။

အရှ့ပိုင်းဒေသ၏ ပါရမီရှင်တိုက်ပွဲကို တိမ်တိုက်မြို့တော်တွင်ကျင်းပမည်ဟု သတ်မှတ်လိုက်သောကြောင့်ပင်။

မြို့သည် အရှေ့ပိုင်းဒေသမှ ပါရမီရှင်များအားလုံး၏ စုဝေးရာနေရာ ဖြစ်လာသည်။

များပြားသော ပါရမီရှင်များက တိမ်တိုက်မြို့တော်သို့ ပလူကောင်များပျံလာသလို အဆက်မပြတ် ရောက်ရှိနေကြသည်။

တစ်ချိန်က အစွန်အဖျားဖြစ်ခဲ့သောမြို့သည် ရုတ်တရက် ကွေးယွန်တိုက်ကြီး၏ အစည်ကားဆုံးသော နေရာဖြစ်လာ၏။

ကျန်းယာ၏နောက်မှ လိုက်ပါလာသည့် ကျိယွမ်သည် မြို့ထဲ၌ ဟိုဟ်ုဒီဒီကြည့်လာရာ တစ်နေရာတွင် စိတိဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦးကို တွေ့လိုက်ရသည်။

တိုင်းပြည်တစ်ရာတွင် စိတ်ဝိညာဥ်အဆင့်

ကျင့်ကြံသူများ အလွန်ရှားပါးသည်။

အချို့မြို့ငယ်လေးများတွင် အခြေတည်အဆင့်ကျင့်ကြံသူများပင် အာဏာစက် ထူထောင်နိုင်သည်။

သို့သော်တိမ်တိုက်မြို့တော်တွင် အခြေတည်အဆင့်ကိုအသာထား အမြုတေအဆင့်အချို့ပင်လျှင် ဆေးနန်းဆောင်များ၌ ဧည့်ကြိုအလုပ်ကို လုပ်စားနေရသည်။

ဘဝတွေက တော်တော်ကွာခြားတာပဲ။

ကျိယွမ်က သံဝေဂရသလိုခေါင်းတဆတ်ဆတ်ညိတ်မိသည်။

ဗဟုသုတကြွယ်ဝသောကျန်းယာက တိမ်တိုက်မြို့မှ နာမည်ကြီးနေရာများအကြောင်းရှင်းပြသည်။

“ယွင်ကျုံးစံအိမ် နာမည်ကြီးတာက နဂါးနဲ့ငါးအကကြောင့်ပါ"

"နဂါးနဲ့ငါးအကလား..."

ကန်းဖူလူကစိတ်ဝင်စားသလိုမေးလိုက်သည်။

အိမ်ကမိန်းမနှင့် ယောက္ခမလက်အောက်မှလွတ်လာခိုက် အိမ်နှင့်အဝေးတွင် သူကအသစ်အဆန်းလေးများကို စမ်းချင်နေပုံရလေ၏။

ကျန်းယာက သဘောမကျသော်လည်း ပြောလက်စမို့ ဆက်ရှင်းပြလေ၏။

"အင်း....နဂါးနဲ့ငါးအကဆိုတာ အမြုတေအဆင့်ရှိတဲ့ မိန်းမလှလေး ၃၀၀ ကမြူဆွယ်တဲ့အဝတ်အစားတွေဝတ်ပြီး မြူခိုးတွေကြားမှာ ယောက်ျားတွေအကြိုက်ကပြတာမျိုးပါ၊သူတို့ရဲ့အမြုတေအစွမ်းကြောင့် မီးထွန်းစရာမလိုပဲ အရောင်မျိုးစုံတောက်ပနေတာ"

"တောက်....ဒီမြင်ကွင်းမျိုး...."

ကန်းဖူလူ၏ မျက်လုံးများက အမြုတေဆင့်ခေါ်စရာမလိုဘဲ အရောင်စုံတောက်ပလာ၏။

"ဒီလိုနာမည်ကြီးအနုပညာမျိုးကို ကြုံတုန်းလေ့လာသင့်တယ်မှတ်လား ညီလေး..."

ကန်းဖူလူက ကျိယွမ်အား သူခိုးသေဖော်ညှိသလို တိုးတိုးလေးကပ်ပြောလိုက်သည်။

သို့သော်ကျိယွမ်ကတော့ ထူးထူးခြားခြား

စိတ်လှုပ်ရှားမှု မရှိပါ။

ဝူကွေမြို့တွင် သူနောက်ဆုံးအကြိမ် ဟောပြောပွဲ ပြုလုပ်ပြီးနောက်၊ အဓိပတိ ယန်ဟွန်းက တေးဂီတနှင့်အကပါဝင်သည့် ခမ်းနားသောပွဲတော်တစ်ခုကို အထူး စီစဉ်ပေးခဲ့သည်။

ထိုအချိန်က အဓိပတိအဆင့် မိန်းမလှ တစ်ထောင့်ခြောက်ရာသည် အနီရောင်စကပ်များဝတ်ဆင်ကာ ရင်သပ်ရှုမောဖွယ်အကကို ကပြခဲ့သည်။

ထိုမျှမကသေးဘဲ ပို၍ဆွဲဆောင်မှုရှိသော အအဓိပတိအမျိုးသမီးသုံးရာတို့သည် သူမတို့ကိုယ်တိုင်တီထွင်ထားသော ကိုယ်ပိုင်အကကို ကပြခဲ့ရာ၊ ၎င်းတို့၏ လှုပ်ရှားမှုများမှာ ပိုမိုဆွဲဆောင်မှုရှိပြီး ပို၍ရဲတင်းလှ၏။

ထိုအကသည် မြို့သခင်ဖြစ်သူကျိယွမ်အတွက်သာသီးသန့်ဖြစ်ပြီး သူသည် သတို့သမီးလေးနှင့်အတူကြည့်ရှုခဲ့လေသည်။

အဝတ်အစားများနှင့်သာ နေခဲ့ရသော သတို့သမီးလေးက ထို့အကကိုအလွန်နှစ်သက်နေပြီး သစ်သားပြားများပင် တစ်ခုပြီးတစ်ခု ပစ်ထုတ်နေသဖြင့် ကျိယွမ်ပင် တားယူခဲ့ရလေ၏။

ထိုကပွဲအားကြည့်ပြီးနောက် သမိုင်းအဆက်ဆက်မှ ဧကရာဇ်များက အဘယ့်ကြောင့် ဖော်လံဖားများလက်ထဲ၌ ကျရှုံးခဲ့ရသည်ကို ကျိယွမ်သဘောပေါက်သွားခဲ့သည်။

ငါတောင် ခဏခဏတံတွေးမျိုချနေရတာ။ဇိမ်ခံချင်နေတဲ့ ဧကရာဇ်တွေဆို ဘယ်လိုတောင့်ခံနိုင်မှာလဲ။

ထို့သို့သောကပွဲကိုကြည့်ခဲ့ရသူအတွက် အမြုတေအဆင့် ၃၀၀ ပါသောအဖွဲ့လေးက မထူးဆန်းတော့ပေ။

ထိုအချိန်တွင် နဂါးဟိန်းသံအလား ကျယ်လောင်သည့် အသံတစ်ခုက လေထဲတွင် ပဲ့တင်ထပ်လာသည်။

တိမ်တိုက်မြို့တော်မှ လူများမှာ အသံကြားရာကောင်းကင်သို့ မော့ကြည့်မိကြ၏။

မြို့အထက်ကောင်းကင်ယံ၌ ပျံသန်းနေသော ယုန်ရထားတစ်စီးပေါ်လာသည်။

ထိုရထားကို ရှေးဟောင်းနဂါးသွေးပါသော တိမ်ယုန် ၁၈ ကောင် က ဆွဲလာခြင်း ဖြစ်သည်။

၎င်းတို့၏အရှိန်အဟုန်သည် ဒီရေလှိုင်းကဲ့သို့ မြန်ဆန်ပြီး ပိုမိုနီးကပ်စွာ ကြည့်လိုက်လျှင် ခေါင်း ၅၄ ခုနှင့် ခြေထောက်၁၄၄ ခုရှိကြောင်းကို တွေ့ရမည်ဖြစ်သည်။

ရထားဖြတ်သန်းရာနေရာတိုင်းတွင် နတ်အလင်းပျံ့နှံ့ပြီး မိုးခြိမ်းသံများကျဆင်းသည်။

ထိုရထားသည် သေချာပေါက် ကြီးမားသော ဂုဏ်သတင်း၏ သင်္ကေတဖြစ်သည်။သာမန်လူများ တတ်နိုင်သောအရာ မဟုတ်ပေ။

"အဲဒါ ဟုန်တုရဲ့ ရထားပဲ"

"တကယ်ကြီး ဟုန်တုဖြစ်နေတာပဲ၊ သူက အရှေ့တိုင်းဒေသပါရမီရှင်များ စာရင်းရဲ့ အဆင့် ၂၇ မှာရှိတယ်။"

"သူက ငါတို့ကွေးယွန်တိုက်ကြီးရဲ့ လူငယ်မျိုးဆက်ထဲမှာ အသန်မာဆုံးပါရမီရှင်ပဲ။ ဒီတစ်ခါတော့ သူက အဆင့်နှစ်ဆယ်ထဲကို ဝင်နိုင်လောက်တယ်"

"ဦးဆောင်လာတဲ့ ယုန်ကစိတ်ဝိညာဥ်အဆင့်သားရဲတစ်ကောင်ပဲ၊ကြောက်စရာကောင်းလ်ိုက်တာ"

အောက်တွင်ရှိနေသောကျင့်ကြံသူများက အံ့ဩခြင်းနှင့်အတူ မနာလိုမှုဖြင့်ပါ အော်ဟစ်ကြသည်။

တစ်ချိန်တည်းမှာပင် ယုန်ရထားပေါ်တွင်လိုက်ပါလာသော ရွှီထုန်ချန်၏ မျက်လုံးများသည် တစ်စုံတစ်ခုကို သတိထားမိသကဲ့သို့ ရုတ်တရက် ကျဥ်းမြောင်းသွားသည်။

"ထုန်ချန် ဘာဖြစ်တာလဲ"

ဟုန်တုက မျက်လုံးဖွင့်ပြီး ရွှီထုန်ချန်ကို ကြည့်လိုက်သည်။ သူ၏ အကြည့်သည် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားသော်လည်း သူ၏အနိုင်ယူလိုသော စိတ်ထားကတော့ အတိုင်းသားမြင်နေရ၏။

"ဘ-ဘာမှ မဟုတ်ပါဘူး"

ရွှီထုန်ချန်က လျင်မြန်စွာပြန်ဖြေလိုက်သည်။

ဟုန်တုက သူ့ကို တစ်ချက်ကြည့်ပြီး အထက်စီးဆန်ဆန်ပြောလ်ုက်သည်။

"မင်းရဲ့ ကျင့်ကြံခြင်းကို အာရုံစိုက်ပါ။ အရှေ့တိုင်းဒေသပါရမီရှင်တိုက်ပွဲမှာ မင်းရဲ့ အကူအညီ လိုအပ်လိမ့်မယ်"

ဟုန်တုက သူ၏ဆရာဖြစ်သူ ချင်းယင်ထက် ပင် ပို၍တဲ့တိုးဆန်လှ၏။

သူ၏ဆရာဖြစ်သူချင်းယင်က ရွှီရဲ့လီကို နူးညံ့သော စကားလုံးများဖြင့် ဖိအားပေးခဲ့သော်လည်း ဟုန်တုကတော့ မချိုသာပါ။သူက အထက်စီးဆန်လှ၏။

သူသည် မြင့်မြတ်သောနောက်ခံ မှ ဆင်းသက်လာပြီး ကြီးမားသော အရည်အချင်းကိုလည်း ပိုင်ဆိုင်ထားသည်။

ထို့ကြောင့် ကွေးယွန်တိုက်ကြီးမှ သူနှင့်ရွယ်တူများက သူ့ကိုအစေခံခြင်းသည် သဘာဝကျသည်ဟုသာ သူကယူဆသည်။

ရွှီထုန်ချန်ကို ယခုလို သူ၏ရထားဖြင့် ခေါ်လာပေးခြင်းကပင် ကြီးမားသော မျက်နှာသာပေးမှုတစ်ခုဟု သူခံယူထားသည်။

ရွှီထုန်ချန်သည် ဟုန်တု၏စကားကို ကြားသောအခါ စိတ်ထဲတွင် လေးလံသော ခံစားချက်ကို ခံစားခဲ့ရသော်လည်း သူ၏ မျက်နှာအမူအရာကတော့ မပြောင်းလဲခဲ့ပါ။

"ကောင်းပြီ"

သူသည် ဟုန်တုအပေါ်၌ အငြိုးအတေးများရှိသော်လည်း ဆရာဖြစ်သူနှင့် သူ၏ဂိုဏ်းအတွက် သည်းခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပါ။

သို့သော် သူသည် ယခုလေးတင် ခံစားခဲ့ရသော ထူးဆန်းသည့်ခံစားချက်ကို သတိရသွားသည်။

ယုန်ရထားပေါ်၌ပါလာစဥ်တွင် သူ၏ အတွင်းရှိ စစ်မှန်နေမင်းမီးတောက်သည် ရုတ်တရက် တောက်လောင်လာ၏။

သူသည် အစစ်အမှန်နေမင်း ကို မြင်လိုက်ရသကဲ့သို့ပင် ခံစားခဲ့ရသည်။

ငါများ အမြင်မှားတာလား။

ထိုလူ၏ မျက်နှာကို ပြန်သတိရလိုက်သောအခါ ရွှီသုန်ချန်သည် သံသယနှင့် အတူစိတ်ရှုပ်ထွေးမှုများ ပြည့်နှက်သွားသည်။

ငါဘာလို့အဲဒီလိုဖြစ်သွားပါလိမ့်၊ထူးဆန်းတယ်။

ချီယွမ်ကတော့ ယုန်ရထား ပျံသန်းသွားသည်ကိုကြည့်ပြီး မနေနိုင်စွာသက်ပြင်းချ၏။

"ဒါကြောင့်မို့လို့ မြို့ကြီးပြကြီးက လူတွေက ဒီလို ပုံစံမျိုးနဲ့ ခရီးသွားကြတာကိုး။"

" ဂိမ်းထဲမှာတော့ ငါကသူတို့ထက် ပိုသန်မာပေမဲ့၊ တကယ့်ဘဝမှာတော့ အားလုံးကို ငါကမော့ချည်း ကြည့်ရတာပါလား"

သူ၏ဘေးတွင်ရပ်နေသော ကျန်းယာသည် ယခင်ကအတိုင်း အေးဆေးတည်ငြိမ်နေခဲ့သည်။

ကောင်းကင်ပေါ်ရှိ ယုန်ရထားသည် သူမအတွက် ဘာမှအဓိပ္ပာယ် မရှိခဲ့ပါ။

ကန်းဖူလူကတော့ ကျိယွမ်၏ ပခုံးကိုပုတ်ပြီး နှစ်သိမ့်၏။

"စိတ်မကောင်းမဖြစ်ပါနဲ့ ညီလေး၊နဂါးနဲ့ငါးအကကို လေ့လာခွင့်ရတာကိုက ဒီခရီးစဥ်ကတန်နေပါပြီ"

ကျိယွမ်က ကန်းဖူလူအား လက်ဖျားခါသွားသည်။

သူက ဒီလောက်သေချာနေတာ ငါကသွားမယ်လို့များ ပြောမိလို့လား။

ထိုအချိန်တွင် နှုတ်ခမ်းမွှေးခပ်ပါးပါးရှိသော အမျိုးသားတစ်ဦးက သူတို့ဆီသို့ ချဥ်းကပ်လာသည်။

"ခင်ဗျားတို့က တိမ်တိုက်မြို့တော်ကို အခုမှရောက်ဖူးတာထင်တယ်"

"ဟုတ်တယ်"

ကန်းဖူလူက သတိထားလျက် ထိုအမျိုးသားကို သံသယဖြင့်ကြည့်ကာ ပြန်ဖြေသည်။

"ခင်ဗျားတို့နှစ်ယောက် နဂါးနဲ့ငါးအကအကြောင်းပြောနေတာ ငါခုနက ကြားလိုက်တယ်လေ၊ ဟဲဟဲ ဟဲဟဲ"

နှုတ်ခမ်းမွှေးရေးရေးနှင့်အမျိုးသားက အထာသိသလို ရယ်မောလိုက်သည်။

"မင်းတို့ ဘာလို့ ငါ့ကို မင်းတို့ရဲ့စာပို့ကျောက်စိမ်းမှာ သူငယ်ချင်းအဖြစ် မအပ်ရတာလဲ"

"ငါ့ဆီမှာ နဂါးနဲ့ငါးအကထက် ပိုတာတွေ ရှိတယ်။ သီးသန့်ရှယ်လေးတွေချည်း စုဆောင်းထားတာလေးတွေနော်၊ စိတ်အားထက်သန်နေတဲ့ အသံလေးတွေ၊ နာမည်ကြီးတွေရဲ့ လူသိမခံတဲ့ပုံရိပ်တွေ၊ တားမြစ်ထားတဲ့ နည်းစနစ်တွေ၊ သားရဲမလေးတွေ၊ မြေခွေးမလေးတွေ၊ ဆရာနဲ့တပည့် စိတ်ကူးယဉ်ဇာတ်လမ်းလေးတွေ၊ ပြီးတော့ အလားအလာရှိတဲ့ လူငယ်ပါရမီရှင်တွေပါဝင်တဲ့ တချို့အရာတွေတောင် ရှိတယ်။"

"ဈေးနှုန်းတွေကလည်း မျှတတယ်၊ လိမ်လည်တာ လုံးဝမရှိဘူး၊ အများကြီး ဝယ်ရင် လျှော့စျေးလည်းရှိတယ်"

"ဟေ......"

ကန်းဖူလူသည် ခဏတာ မှင်တက်သွားပြီး သူ၏မျက်လုံးများက တဖျတ်ဖျတ်တောက်ပလာ၏။သို့သော်လည်း ကျိယွမ် နှင့်ကျန်းယာကိုကြည့်မိပြီး သူ စိတ်လှုပ်ရှားမှုကို လျှင်မြန်စွာထိန်းချုပ်လိုက်သည်။

သူက သူတော်စင်တစ်ပါးလို အမူအယာဖြင့် တုန့်ပြန်သည်။

"စိတ်မဝင်စားဘူး"

သို့သော် ကျိယွမ်ကတော့ စဉ်းစားဟန်ဖြင့် ငြိမ်နေ၏။ထိုသူက မှောင်ခိုသမားဖြစ်နိုင်သည်။

"ခင်ဗျားပြောတာတွေ တကယ်ရော စစ်မှန်ရဲ့လား"

ကျိယွမ်က ပြန်မေးလိုက်သည်။

"လုံးဝ အစစ်ပဲ"

စီးပွားရေးစျေးကွက် အလားအလာကို မြင်လိုက်ရသော နှုတ်ခမ်းမွှေးရေးရေးနှင့်အမျိုးသားသည်ပို၍ပင် စိတ်အားထက်သန် လာသည်။

"စိတ်ဝင်စားတယ်ဆိုရင်၊ လမ်းကြားထဲမှာ ပြောလို့ရတယ်။ ဒီအကြောင်းကို လူမြင်ကွင်းမှာ ဆွေးနွေးဖို့ မသင့်တော်ဘူး..."

"ကောင်းပြီလေ"

ကျိယွမ်က သဘောတူလိုက်ပြီးနောက် ကန်းဖူလူနှင့်ကျန်းယာကို တစ်ချက်ကြည့်လိုက်သည်။

"ကျွန်တော် စီးပွားရေးကိစ္စတစ်ခု ဆွေးနွေးဖို့ သွားလိုက်အုံးမယ်။ ခဏနေရင် ပြန်လာခဲ့မယ်"

ထို့နောက် ကျိယွမ်သည် ထိုသူ၏နောက်သို့ လိုက်သွားသည်။

ကန်းဖူလူက လုပ်ချင်လျက်သာသားနှင့် ထိန်းသိမ်းနေရသောကြောင့် ခံရခက်ခက်ကြီးပြုံးကာ ညည်းညူ၏။

"ငါတို့ရှန်ကွမ်းဂိုဏ်းမှာ သမာဓိရှိတဲ့ လူကြီးလူကောင်းသူဆိုလို့ ငါပဲရှိတော့တာထင်ပါရဲ့၊သူကငယ်သေးတော့ ခွင့်လွှတ်ပေးလိုက်ပါ"

သို့သော် သူက ကျိယွမ်ပြန်လာလျှင် ထိုကျောက်စိမ်းပြားများကို တောင်းကြည့်ရမည်ဟု စိတ်ထဲတွင် ကြိတ်ကြံနေ၏။

ကျန်းယာကတော့ တည်ငြိမ်သောအမူအရာ ဖြင့်သာ ရှိနေပြီး ဘာမှမဖြစ်ခဲ့သကဲ့သို့ပင်။

သူမနှင့်လည်း မဆိုင်သောကြောင့် ဖြစ်နိုင်သည်။

ကျိယွမ်နှင့်နှုတ်ခမ်းမွှေးသည် လူခြေပြတ်သော လမ်းကြားထဲသို့ ဝင်ရောက်လာကြသည်။

စိတ်ချရပြီဟုထင်သောအခါ နှုတ်ခမ်းမွှေးက သူ၏အဝတ်များကို မတင်လိုက်၏။သူ၏ခါးစည်းကြိုးပြားထဲတွင် ကျောက်စိမ်းပြားများကို စီတန်း၍ အထပ်ထပ်ထိုးထားသည်ကို မြင်လိုက်ရသည်။

ကျောက်စိမ်းပြားများပေါ်တွင် စာသားအမျိုးမျိုးရေးထားပြီး တိမ်များဖြင့်ဖုံးလွှမ်းထားသော ပုံများလည်းပါရှိနေ၏ ။ထိုပုံများက တော်တော်ကြမ်းပြီး တစ်ခေတ်တစ်ခါက ပလေးဘွိုင်းမဂ္ဂဇင်းကိုပင် သတိရစေသည်။

အရောင်းအဝယ်ကို လမ်းကြားထဲမှာ လုပ်ရခြင်းသည် အံ့ဩစရာ မဟုတ်တော့ပါ။ ဤပုံများကို လမ်းပေါ်တွင် ပြသပါက သမာဓိရှိသော စစ်သည်တစ်ဦးဦးက ဝင်ရောက်၍ ဖျက်ဆီးပစ်နိုင်သည်။လူကိုပါ မဖမ်းသွားလျှင်ပင် တော်တော်ကံကောင်းနေလေပြီ။

"ညီအစ်ကို၊ မင်းဘယ်ဟာတွေ လိုချင်လဲ"

နှုတ်ခမ်းမွှေးက သူ၏ သိုလှောင်အိတ်ကိုဂုဏ်ယူစွာဖြင့် ပုတ်ပြလိုက်သည်။

အထဲတွင်အများကြီးရှိနေသေးသည်ဟူသော သဘောပင်။

ကျိယွမ်က တိုးတိုးမေးလိုက်၏။

"ခင်ဗျားတို့က ပစ္စည်းတစ်မျိုးမျိုးကို အကျိုးအမြတ်ယူပြီး ရောင်းချပေးတာမျိုး လုပ်လား"

ကျိယွမ်သည် နှုတ်ခမ်းမွှေး၏ လူကြီးကြိုက်ပစ္စည်းများကို စိတ်မဝင်စားပါ။ သူ၏ ရည်ရွယ်ချက်က အခြားတစ်ခုဖြစ်သည်။

"ကိုယ်စားလှယ်ယူတာမျိုးလား"

နှုတ်ခမ်းမွှေး၏ စိတ်အားထက်သန်မှုက သိသိသာသာ လျော့ကျသွားသည်။

"မင်းက လျှို့ဝှက်ပြီး ရင်ခုန်စရာတစ်ခုခု မှတ်တမ်းတင်ထားတာကို ရောင်းခိုင်းချင်တာလား။ ငါတို့က ဘယ်ပစ္စည်းကိုမဆို လက်မခံဘူး"

"ဒါက သေချာပေါက် ရင်ခုန်စရာပါဆိုဗျာ"

ကျိယွမ်က သူအစောပိုင်းက ပြင်ဆင်ထားသည့် မှတ်ဉာဏ်ကျောက်တုံး ကို ထုတ်လိုက်သည်။

"ကျွန်တော့်ဟာက ခေါင်းစဥ်တောင်ပါပြီးသား"

"ကြားလိုက်ရင်လန့်သွားမယ်၊အလင်းနန်းတော်မှ စိတ်ဝိညာဥ်အဆင့်တပည့်

ဆယ့်ခုနစ်ဦး ကာမပွဲကျင်းပရင်း နတ်ဘုရားမိုးကြိုး ထိမှန်ခံရ၊ လျှို့ဝှက်ရုပ်သံများ ပေါက်ကြား"

"အလင်းနန်းတော် လား"

နှုတ်ခမ်းမွှေး အံ့ဩသွားသည်။ သူသည် ကျိယွမ်ထံမှ မှတ်ဉာဏ်ကျောက်တုံးကို ယူပြီးဂရုတစိုက် ကြည့်လိုက်သည်။ ကြည့်နေရင်းမှ သူသည် ခက်ခဲစွာတံတွေးမျိုချ လိုက်၏။

"နတ်ဘုရားမိုးကြိုး...အိုး...တကယ်ကြီးဟ၊ နတ်ဘုရားမိုးကြိုးက အလင်းနန်းတော် ရဲ့ စိတ်ဝိညာဥ်အဆင့်တွေကို တကယ်ပစ်နေတာပဲ"

"အလင်းနန်းတော်ဟာ မရေမတွက်နိုင်တဲ့ ဒုစရိုက်တွေကို တရားလက်လွတ် ကျူးလွန်ခဲ့တယ်။ သူတို့ နတ်ဘုရားမိုးကြိုး ထိမှန်တာက ပုံမှန်ပဲ မဟုတ်ဘူးလား။ ဒါဟာ အလင်းနန်းတော်ဟာ ဆိုးသွမ်းတဲ့လုပ်ရပ်တွေလုပ်နေတယ်ဆိုတာ ငြင်းမရတဲ့ သက်သေပဲ"

ကျိယွမ်က လေးနက်စွာပြောလိုက်သည်။

သူသည် ရုပ်သံကို ၂၁ရာစု၏စကေးများသုံးကာ ဂရုတစိုက်တည်းဖြတ် ထားခဲ့ခြင်းဖြစ်သည်။

ကြည့်ရှုမိသူမှန်သမျှက အလင်းနန်းတော် မှ ကျင့်ကြံသူများသည် ဆိုးရွားသော လုပ်ရပ်များကို ကျူးလွန်ခဲ့သောကြောင့် နတ်ဘုရားများ၏ အပြစ်ပေးခြင်းကို ခံရခြင်းဖြစ်သည် ဟု ယုံကြည်လာလိမ့်မည်။

ထိုအထဲတွင် သူကတစ်နေရာမှ မပါဝင်ခဲ့သဖြင့် လုံးဝလွတ်ကင်း၏။

ဤဗီဒီယိုကို ထုတ်လွှင့်ခြင်းသည် သွေးဝတ်စုံဓားနတ်ဘုရား၏ အလင်းနန်းတော် ကို ဖျက်ဆီးရန် စစ်ဆင်ရေးအတွက် ခိုင်မာသော အကြောင်းပြချက်ရသွားမည်မှာ သေချာသည်။

စကားပုံတစ်ခုက ဆိုထားသလိုပင် ဖြောင့်မတ်သောအကြောင်းတရားသည် ထောက်ခံမှုကို ဆွဲဆောင်သည်။သို့သော် ကြွေးကြော်သံသည် ကျယ်လောင်နေဖို့တော့ လိုအပ်၏။

"ဘာလဲ၊ အလင်းနန်းတော်ဆိုတော့ ခင်ဗျားကြောက်သွားတာလား"

နှုတ်ခမ်းမွှေးကတိတ်ဆိတ်နေသောကြောင့် ကျိယွမ်ကဆွပေးလိုက်သည်။

"ဟမ့်၊လင်ထျန်းစံအိမ်က ဘယ်တုန်းကမဆို ဘာကိုမှ မကြောက်ခဲ့ဖူးဘူး။ ငါ ဒီအရောင်းအဝယ်ကို လက်ခံမယ်၊ ဒါပေမဲ့ အမြတ်ခွဲဝေမှုကတော့..."

ကျိယွမ်ခေါင်းခါသည်။

"ငါ အမြတ်ဝေစု မလိုချင်ဘူး။ ဝင်ငွေအားလုံးက မင်းအတွက်ပဲ။"

နှုတ်ခမ်းမွှေး၏ မျက်လုံးများက မီးထတောက်သလို လင်းလက်တောက်ပသွားသည်။

"အဲဒါမျိုးက နည်းနည်းမကောင်းဘူးမှတ်လား"

ဤအရောင်းအဝယ်သည် အန္တရာယ်ရှိ သော်လည်း အမြတ်အစွန်းမှာ အလားအလာ ကြီးမားလှသည်။

အလင်းနန်းတော် ၊ စိတ်ဝိညာဥ်အဆင့်များနှင့် ရှားပါးလှသောနတ်ဘုရားမိုးကြိုးအပြစ်ဒဏ် ။ ထိုအကြောင်းအရာများက သေချာပေါက် ပရိတ်သတ်ကိုဆွဲဆောင်မည်မှာသေချာ၏။

အထဲက ရုပ်သံကိုသာမြင်သွားကြလျှင်တော့ ၊ ဆိုဖွယ်ရာမရှိတော့ပေ။

"ငါက သူများကို ကူညီရတာ ကြိုက်တဲ့ လူကောင်းတစ်ယောက်ပါ။ခင်ဗျားက စိတ်မကောင်းဘူးဆိုရင်၊ ကောင်းကင်ပေါ်က နေသေးလေးကို တစ်ချက်ကြည့်ကြည့်လိုက်"

"နေအသစ်လေးလား"

နှုတ်ခမ်းမွှေးသည် ရှုပ်ထွေးသွားသော်လည်း အမှတ်တမဲ့ဖြင့် နေအသစ်အား မော့ကြည့်လိုက်သည်။

သူက ကျိယွမ်းအား ပြန်ကြည့်လာသောအခါသူ၏ မျက်လုံးများသည် လုံးဝ ရှင်းလင်းနေ သည်။

ထို့အတူ လမ်းကြားသည် ဗလာနတ္တိ ဖြစ်နေပြီး သူ တစ်ဦးတည်းသာ ထိုနေရာတွင် ရပ်နေသည်။

"ဟမ်၊ ငါ ခုနက ဘယ်သူနဲ့ စကားပြောနေတာလဲ"

"ဪ၊ ဟုတ်သား...အလင်းနန်တော်က ရုပ်သံတစ်ခု ရောင်းခိုင်းသွားတာပဲ"

သူ၏ မျက်နှာသည် စိတ်လှုပ်ရှားမှု ဖြင့် တောက်ပလာသည်။

..............

"ညီလေး ၊ ပြန်လာပြီလား"

ကျိယွမ် ပြန်ရောက်လာသောအခါ ကန်းဖူလူ က သက်ပြင်းချလိုက်သည်။သူက ကျိယွမ်က မည်သည်ဇာတ်လမ်းများကို ဝယ်လာစသလဲဟု တွေးမိ၏။

ဟီး....မိန်းမ မသိအောင် အလန်းလေးနဲ့ ဖောက်ပြန်တဲ့ ဇာတ်လမ်းဆိုကောင်းမှာ။

သို့သော်သူက အပြင်ဘက်တွင်တော့ အကြီးပီသစွာတည်ငြိမ်နေလေသည်။

ကျန်းယာကတော့ ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်နေခဲ့သည်။

"အဲဒါဆိုလည်း တည်းခိုခန်းကို သွားကြစို့"

သူတို့လေးဦးသည် ကျန်းယာ ကြိုတင်ဘွတ်ကင်လုပ်ထားသည့် တည်းခိုခန်းသို့ ရောက်ရှိလာကြသည်။

ထိုတည်းခိုခန်းသည် အမှန်တကယ်တော့ တောင်တစ်ခုဖြစ်ပြီး နန်းဆောင်များနှင့် နန်းတော်များအပြင် လိုဏ်ဂူများလည်း ရှိသည်။

ကျန်းယာ၊ ကန်းဖူလူ၊ နှင့် ကျိယွမ် တို့၏ လိုဏ်ဂူများသည် တစ်ခုနှင့်တစ်ခု ကပ်လျက်ရှိနေ၏။

သူတို့အနီးတွင် ကျန်းယာတို့မရှိတော့သည့်အချိန်ရောက်သောအခါ ကန်းဖူလူက ကျိယွမ်အား သတိပေးလိုက်သည်။

"ညီလေး..ဘာပဲပြောပြော၊မင်း အစောပိုင်းက လုပ်ခဲ့တာက ငါတို့ရှန်းကွမ်းရဲ့ ပုံရိပ်ကို တကယ် ညစ်နွမ်းစေတယ်။"

"အဲဒီလို ကိစ္စမျိုးတွေအတွက်... မင်း လျှို့ဝှက် အသံပို့လွှတ်ပြီး မင်းရဲ့ စာပို့ ကျောက်စိမ်းထဲကနေပဲ ဝယ်သင့်တယ်"

ကျိယွမ်က ဘာမှမတုန့်ပြန်ခဲ့ပါ။

ကန်းဖူလူက အနည်းငယ်ဆက်ပြောနေပြီး ကျိယွမ်ကို စိတ်ပျက်နေပုံရသည်။

နောက်ဆုံးမှ သူက အကြောင်းအရာကို ပြောင်းလိုက်သည်။

"ဪ၊ ဒါနဲ့... မင်း နဂါးနှင့်ငါးအကကို ဝယ်ခဲ့တာလား။"

"အစ်ကိုကြီးက အမြုတေအဆင့်ကို ခုမှ ရောက်တာဆိုတော့ ကွေးယွန်တိုက်ကြီးရဲ့ အမြုတေကျင့်ကြံသူတွေ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ လေ့လာကြည့်ချင်လို့ပါ

သူကမျက်နှာချိုသွေးသလို ကျိယွမ်အနားသို့ကပ်သွား၏။သူ၏ညီငယ်၏ အမူအကျင့်အရ အရမ်းညစ်ညမ်းတာများကို မဝယ်လောက်ဟု သူထင်မိသည်။

အင်း..နဂါးနဲ့ငါးလေးလောက်ဆိုလည်း မဆိုးပါဘူး။

ကျိယွမ်က ကန်းဖူလူအား ကြည့်ကာခေါင်းယမ်းပြ၏။

"ဈေးက အရမ်းကြီးလို့ မဝယ်ခဲ့ဘူး"

"ဟမ်..."

ကန်းဖူလူခမျာ လည်လိမ်သွားလေသည်။

ငါ့မှာတော့ မျှော်လင့်ချက်ကြီးနဲ့ကွာ..။

သို့သော်ကျိယွမ်က သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ ကျောက်စိမ်းပြားတစ်ခုက ကန်းဖူလူ၏ လက်ထဲသို့ ကျရောက်သွားသည်။

"သူ ငေးနေတုန်း ကျွန်တော်တစ်ခု ခိုးထုတ်လာနိုင်ခဲ့တယ်"

အမှန်တကယ်တော့ ကျိယွမ်က ပိုက်ဆံပေး ပြီး ဝယ်ခဲ့ခြင်းဖြစ်သည်။

ကန်းဖူလူ၏ စိတ်ဓာတ်ကျနေသော မျက်လုံးများက တဖန်တောက်ပလာသည်။

"ညီလေး..ငါသာ ငါ့ရဲ့အမြုတေကို ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့ရင် မင်းကကျေးဇူးရှင်ပဲ"

ကျိယွမ်က ကန်းဖူလူကိုပြုံးပြခဲ့ပြီး သူ၏ လိုဏ်ဂူသို့ ဦးတည်လိုက်သည်။

လိုဏ်ဂူအတွင်းသို့ ရောက်သောအခါ ကျိယွမ်က ပေါ့ပေါ့ပါးပါး အကဲခတ်ကြည့်သည်။

လိုဏ်ဂူအားခမ်းနားစွာ အလှဆင် ထားသည်။

ကျောက်စိမ်းခေါင်းအုံးများနှင့် ရွှေချည်မျှင် စောင်များမှသည် သစ်ခွရနံ့အထိ အရာအားလုံး ရှိနေသည်။

ကျိယွမ်သည် ရှင်းဟွာကျောက်စိမ်းကို ဖွင့်ကာ ဆိုးသွမ်းအင်မော်တယ်ကို ဆက်သွယ်ရန်ပြင်သည်။

သို့သော် သူ့ထံသို့လူတစ်ယောက်က စာများပို့ထားသည်ကိုတွေ့လိုက်ရသည်။

လင်းအာဟူသော ID ရှိသူထံမှဖြစ်၏။

ညီမလေးကျန်းလင်းစုပဲ။

"အစ်ကိုကြီး၊ ကျင့်ကြံသူတွေအနေနဲ့ ကျင့်ကြံခြင်းနဲ့ ကြီးမြတ်တဲ့အရာတွေကို အာရုံစိုက်သင့်တယ်၊ တပ်မက်မှုတွေထဲမှာ ပျောက်ဆုံးမနေသင့်ဘူး"

"အထူးသဖြင့် အဲဒီပုံရိပ်ကျောက်စိမ်းပြားတွေ။ အများစုက ပုံရိပ်ယောင်တွေနဲ့ အတုအယောင်တွေချည်းပဲ"

"အဲဒီလို အရာတွေ အများကြီး ကြည့်တာက ရှင့်ရဲ့ကျန်းမာရေးအတွက် မကောင်းဘူး"

ကျိယွမ်သည် ခဏတာမှင်တက်သွားသည်။

ကျန်းယာကများ သူ့ညီမလေးကို ပြောပြခဲ့တာလား။

သူ၏ညီမလေးသည် ဗဟုသုတရှိသောကြောင့် တော်တော်များများကို သိသည်မှာ သေချာသည်။သို့သော် သူနားမလည်ပါ။

ညီမလေးက ဘာပြောချင်တာပါလိမ့်။ ဟိုနှုတ်ခမ်းမွှေးရောင်းနေတာတွေက အတုတွေလို့ သတိပေးတာထင်တယ်။ငါ့ကိုအတုတွေကြည့်ပြီး စိတ်ဒဏ်ရာရမှာစိုးရိမ်နေတာဖြစ်မယ်။

သူ၏ ညီမလေးသည် သူ့အပေါ်၌ အမှန်တကယ်ကို ကြင်နာလေသည်။

"ညီမလေး၊ ဒါဆို နင်ငါ့ကို အစစ်အမှန် တစ်ခုခု ဘာလို့ မပြတာလဲ"

တစ်ချိန်တည်းမှာပင် ကျိစယ်တောင်ထိပ်တွင် ကျန်းလင်းစု၏ ခါးစည်းကြိုးထဲမှကျောက်ပြားသည် မီးစိမ်းသွားသည်။

သူမ လျင်မြန်စွာ ထုတ်လိုက်သည်။

သို့သော် မက်ဆေ့ချ်ကို မြင်သောအခါ သူ၏ မျက်နှာလေးသည် ရဲရဲနီ သွားပြီး သွားများ ကိုပင် ကြိတ်လိုက်သည်။

"ကျိယွမ်..ရှင်ကတော့..."

သူမက ကျောက်စိမ်းအားခါးစည်းကြိုးထဲ

ဆောင့်အောင့်ကာ ပြန်ထိုးထည့်ပြီး လျစ်လျူရှုပစ်သည်။

ကျိယွမ်ကတော့ ကျန်းလင်းစု၏ တုံ့ပြန်မှုကို လုံးဝ မသိခဲ့ပါ။

သူသည် ဧကရာဇ်လေးပါး စကားပြောခန်း တွင် စာပို့လိုက်သည်။

"ဆိုးသွမ်းအင်မော်တယ်၊ ကျွန်တော် တိမ်တိုက်မြို့တော်ကိုရောက်နေပြီ"

"မြို့တော်ဆိုတဲ့အတိုင်း လူတွေစည်ကားပြီး တော်တော်ခမ်းနားတာပဲ"

ဆိုးသွမ်းအင်မော်တယ်က ကျိယွမ်၏စာကိုမြင်သောအခါ စိုးရိမ်သလို တွေဝေနေသည်။

အတန်ကြာမှ သူကစာပြန်လိုက်၏။

"မူလနတ်ဘုရား ငါနည်းနည်းကြာမှရောက်လိမ့်မယ်"

"ကိစ္စမရှိဘူး၊ အဲဒီအချိန်ကျမှ တွေ့ကြတာပေါ့"

ကျိယွမ်က စိတ်အားထက်သန်နေသည်။

"မူလနတ်ဘုရား၊ ငါရောက်လာရင် မင်းငါနဲ့အတူ ပွဲတစ်ခုခုများ တတ်ချင်လား"

ဆိုးသွမ်းအင်မော်တယ်က မတတ်သာစွာမေးလိုက်သည်။

သူသည် ဂိုဏ်း၏ပြဿနာကို သတိပြုမိသောကြောင့် သူ၏အစ်ကိုကြီး၏ သတိပေးချက်ကို သတိရနေခဲ့သည်။

သို့သော် မူလနတ်ဘုရားကလည်း သူ၏ မိတ်ဆွေဖြစ်သောကြောင့် တွေ့ချင်နေ၏။

"ပွဲလား။ ဘယ်လို ပွဲမျိုးလဲ"

"ဒါက... ဟုန်တုရဲ့ ပွဲပါ။ သူက ပါရမီရှင်အချို့ကို ဖိတ်ခေါ်နေတယ်။"

"မူလနတ်ဘုရား အထင်တော့မလွဲပါနဲ့။ မင်း တက်ရောက်တဲ့အခါ ဝိညာဥ်သစ်သီးလေးဘာလေးစားပြီး တခြားသူတွေကို လျစ်လျူရှုထားလိုက်ရုံပါပဲ"

"ဝိုး၊ သူလား။ ကျွန်တော်သူ့ကို သိတယ်။ သူက ကွေးယွန်တိုက်ကြီးရဲ့ ထိပ်တန်းပါရမီရှင်ပဲ။"

"ဒီနေ့ သူက ယုန်ရထားကို စီးလာတာ တော်တော် ခမ်းခမ်းနားနားပဲ"

"ဆိုးသွမ်းအင်မော်တယ်၊ ခင်ဗျားက အဆင့်မြင့်ပွဲရဲ့ ဖိတ်စာကိုတောင်ရအောင် လုပ်ပေးနိုင်တာပဲ"

"စိတ်မပူပါနဲ့၊ ကျွန်တော်လည်းလိုက်ခဲ့ပါမယ်၊ သူကျွန်တော့်ကို မနှောင့်ယှက်သရွေ့တော့ ကျွန်တော်ပြဿနာမရှာပါဘူး၊ပြီးတော့ သူနဲ့လည်း ကိုယ်ရေးကိုယ်တာရန်ငြှိုးလည်းမရှိဘူးလေ၊အဆင်ပြေပါတယ်"

ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောနေသော်လည်း သူ၏မျက်လုံးများက ပိုမို နက်နဲ လာသည်။

ဆိုးသွမ်းအင်မော်တယ်သည် အလွန်စိတ်လှုပ်ရှားသွားလေ၏။

မူလနတ်ဘုရားက သူ့အားမိတ်ဆွေအဖြစ် စစ်မှန်စွာသတ်မှတ်ထားခြင်းဖြစ်သည်။သူ့အတွက်ကြောင့် ဟုန်တုနှင့် သူ၏ရန်ငြိုးကို ပင် ခဏတာ ဘေးဖယ်ထားသည်အထိ စစ်မှန်လေ၏။

"ဒါနဲ့၊ ငါလည်းတိမ်တိုက်မြို့တော်ကို ရောက်ပြီဆိုတော့ ငါ့ရဲ့ ရက်တစ်ရာ စီမံကိန်းကို ဆက်လုပ်သင့်ပြီ"

ဆိုးသွမ်းအင်မော်တယ်၏ မျက်နှာကစိတ်ရှုပ်ထွေးမှုများ ပေါ်လာ၏။

မူလနတ်ဘုရား၏ စကားများသည် သူ့ကို အမှန်တကယ်ပင် ရှုပ်ထွေးစေသည်။

သူသည် အခြေတည်အဆင့်၊ အမြုတေအတင့်လား၊ သို့မဟုတ် ခရမ်းရောင်နန်းတော်လားဆိုသည်ကို ယခုအချိန်ထိ သူ မရှင်းလင်းသေးပါ။

"ငါ ဒီနေ့ တော်တော်ကြီးတဲ့အစီအစဥ်တစ်ခုကို ကြံစည်ပြီးပြီ။ နှစ်ရက်လောက် ပြင်ဆင်ပြီးရင်တော့ အလင်းနနးတော်ကို ထပ်ပြီး တိုက်ခိုက်တော့မယ်"

ထို့နောက် ကျိယွမ်သည် လိုင်းပေါ်မှဆင်းကာ အခန်းထဲတွင် အေးအေဆေးဆေးအနားယူ

နေလိုက်၏။

....................

နောက်တစ်နေ့ ..နံနက်စောစောမှတော့ သူသည် သွေးဝတ်စုံဓားနတ်ဘုရား အကောင့်ထဲသို့ ဝင်ရောက်ပြီး ဖိုရမ်တွင် ပို့စ်တင်လိုက်သည်။

[ခေါင်းစဥ်: အလင်းနန်းတော်သည် တိုင်းပြည်တစ်ရာနယ်မြေများတွင် ယူတ်မာသောအလုပ်များစွာပြုလုပ်ပြီးနောက် နတ်ဘုရားများ၏ အပြစ်ပေးခြင်းကို ခံရ။ ငါ သွေးဝတ်စုံဓားနတ်ဘုရားသည် တရားမျှတမှုကို ကိုယ်စားပြု၍ ၎င်းတို့ကို ဖျက်ဆီးမည်]

ခေါင်းစဥ်သည် ရိုးရှင်းသော်လည်း အကြောင်းအရာက ကြွယ်ဝ သည်။

"အလင်းနန်းတော်ဟာ မရေမတွက်နိုင်တဲ့ ယုတ်မာတဲ့အလုပ်တွေကို ကျူးလွန်ခဲ့တယ်။ကွေးယွန်တိုက်ကြီးကို ငါရောက်လာတဲ့အခါ လင်းထျန်းခန်းမကနေ ကျောက်စိမ်းပြားအချို့ကို ဝယ်ယူခဲ့ပြီး၊ အဲဒီထဲမှာ အလင်းနန်းတော့်ရဲ့ မကောင်းမှု တွေကို မှတ်တမ်းတင်ထားတယ်။"

"သူတို့ဟာ တိုင်းပြည်တစ်ရာနယ်မြေကို ဖျက်ဆီးခဲ့ပြီး၊ နောက်ဆုံးမှာတော့ နတ်ဘုရားရဲ့အပြစ်ပေးခြင်းကို ဆွဲဆောင်ခဲ့တယ် ၊နတ်ဘုရားမိုးကြိုးက အလင်းနန်းတော်ရဲ့ စိတ်ဝိညာဥ်အဆင့်ဆယ်ဂဏန်းကျော်ကို အပြစ်ပေးတဲ့အနေနဲ့ သတ်ခဲ့တယ် ၊ဒါက လောကကြီးအတွက် ကံမကောင်းခြင်းတွေသယ်ဆောင်လာနိူင်တယ်၊ ကောင်းကင်ဘုံကတောင် မနေနိုင်တော့ဘဲ သူတို့ရဲ့ မကောင်းမှုတွေအတွက် အပြစ်ပေးနေပြီ၊အလင်းနန်းတော်ရဲ့ ကံကြမ္မာကောင်းတွေက ကုန်ပြီ။သူတို့ရဲ့မကောင်းမှုဒဏ်တွေ လောကကြီးကို မကူးစက်နိုင်အောင် ဒါကို ဖျက်ဆီးပစ်ရမယ်"

ပို့စ်တင်ပြီးနောက် ကျိယွမ်သည်ခေတ္တနားပြီး ကျန်းလင်းစု ပေးထားသော နည်းစနစ်များ ကို ဆက်လက် ပြုပြင်နေ၏။

အမြုတေအဆင့်သို့ရောက်လာသည်နှင့်အမျှ ကျိယွမ်ကျမ်းကို ဆက်လက်ပြုစုရန်ပို၍ ခက်ခဲလာသည်။

မည်သို့ပင်ဖြစ်စေ ကျိယွမ်ကတော့ သူ၏ရည်မှန်းချက်ကို လက်မလျှော့ပါ။

သူသည် စကြာဝဠာအသစ်အတွင်းမှာရှိသော အခြားသောကြယ်များကိုလည်း သူ၏ အမြုတေအဖြစ်သို့သန့်စင်ချင်၏။

ခက်ခဲလည်း ငါလက်လျှော့လို့မရဘူး၊ ရှေ့ကိုရအောင်ဆက်ရမယ်။

ဤသို့ဖြင့် တစ်နေ့လုံးကျိယွမ်သည် ဂူထဲ၌သာ အချိန်ကုန်ဆုံးသွားခဲ့သည်။

ညနေရောက်သောအခါ ကျိယွမ်သည် ပင်ပန်းနွမ်းနယ်လာသည်ဟု ခံစားရ၏။

"အရမ်း ခက်ခဲလွန်းတယ်။ အမြုတေအဆင့်အတွက် နည်းစနစ်တွေက အခြေတည်အဆင့်အတွက် နည်းစနစ်တွေနဲ့ လုံးဝကို မတူညီတဲ့ အဆင့်မှာ ရှိနေတာပဲ"

သူက နည်းစနစ်များပြုပြင်ခြင်းကို ရပ်နားပြီး ဖိုရမ်သို့ ဝင်ရောက်သည်။

သူ၏ပိုစ့်ကို စစ်ဆေးလိုက်သောအခါ မှတ်ချက်များ တစ်ထောင်နီးပါးရှိသည်ကို မြင်လိုက်ရသောအခါ အံ့အားသင့်ဝမ်းသာ ဖြစ်သွားသည်။

"တရားမျှတမှုက ငါ့ဘက်မှာ ရှိနေတယ် ထင်တယ်"

ကျိယွမ်သည် ယခုအခါ ကိုယ်ကျင့်တရားအရ အမြင့်မားဆုံးနေရာတွင် ရပ်တည်ပြီး အလင်းနန်းတော်ကို ဖယ်ရှားပစ်နိုင်သည်ဟု ခံစားရ၏။

သူသည် မှတ်ချက်များကို လေ့လာလိုက်သည်။

"သွေးဝတ်စုံဓားနတ်ဘုရားပြောတာကို တကယ်ထင်မထားမိခဲ့ဘူး"

"မပြောပါနဲ့တော့။ ငါ့ရဲ့ အစ်ကိုက ဒီနေ့ မနက်အစောကြီး နောက်ဆုံးထွက် ကျောက်ပြားကို ဝယ်ဖို့ ငါ့ကို တောင်းဆိုခဲ့တယ်။ ဒါနဲ့ ငါဝယ်လိုက်ပြီး ကြည့်လိုက်တော့... ၊ အားလားလား....ငါတို့ ထွတ်မြတ်ဧကရာဇ်တိုက်ကြီးမှာ နာမည်ကြီးနေတယ်လို့ပဲ ပြောပါရစေ။"

"အပေါ်က မိတ်ဆွေ၊ ခင်ဗျားက ကွေးယွမ်တိုက်ကြီးက မဟုတ်ဘူးလား"

"အလင်းနန်းတော်ရဲ့စိတ်ဝိညာဥ်အဆင့်တွေရဲ့ ရုပ်သံ၊လင်ထျန်းရဲ့ အမှောင်ဌာနခွဲမှာပဲ ရှိတယ်။ သူတို့ရဲ့အဓိကဌာနခွဲကို မသွားနဲ့"

"အမှောင်ဌာနခွဲ၊ သူတို့က အဲဒါကို ရောင်းတာလား"

"ဒါ တကယ်ပဲနတ်ဘုရားမိုးကြိုးလား"

"အလင်းနန်းတော်ရဲ့ ကျင့်ကြံသူတွေက နတ်ဘုရားအပြစ်ပေးခြင်းကို ဆွဲဆောင်ဖို့ အတိအကျ ဘာလုပ်ခဲ့ကြတာလဲ"

"ငါကြည့်တာကတော့ ကောင်းကင်ကနေ တစ်ခုခုကျလာပုံရတယ်၊ ပြီးတော့ သူတို့ နတ်ဘုရားရဲ့ အပြစ်ပေးခြင်းကို ခံရတယ်ဆိုတာ ဘယ်သူ သတိထားမိလဲ"

"ငါလည်း သေသေချာချာ မမြင်ရဘူး။ ဒါကို မှုန်ဝါးသွားစေတဲ့နည်းစနစ် တစ်မျိုးမျိုး သုံးထားသလိုပဲ။ ဒါပေမဲ့ အဲဒါတွေ ကြီးပြီး ဝိုင်းတယ်လို့ ထင်ရတယ်။ ငါ့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ၊ ဒါက..#%&*..တွေတောင်ဖြစ်နိုင်တယ်"

."ဘာ"

"တကယ်ကြီးလား"

"အဲဒီလို အရာတွေတောင်ကောင်းကင်ကနေ ကျလာပြီး နတ်ဘုရားရဲ့ အပြစ်ပေးခြင်းကို ခံရတယ်ပေါ့၊အလင်းနန်းတော်က ဘယ်လောက်တောင် ဆိုးတဲ့မကောင်းမှုတွေ လုပ်ခဲ့တာလဲ"

"သူတို့ အဲဒါတွေကို ဘာလို့ မှုန်ဝါးသွားအောင် လုပ်ထားတယ်ဆိုတာ မဆန်းပါဘူး။ ဒါက အရမ်းရက်စက်ပြီး သွေးထွက်သံယို ဖြစ်လွန်းတယ်"

ကျိယွမ်သည် ထိုမှတ်ချက်များကြောင့် မှင်တက်လေ၏။

သူက ပွားယူထားသောအရန်ဗီဒီယိုကို ပြန်ဖွင့်ပြီး သေချာကြည့်လိုက်သည်။

ကြည့်ပြီးနောက် ပို၍ပင် စိတ်ရှုပ်ထွေး သွား၏။

"စိတ်အားတက်ကြွပြီး အားရစရာကောင်းတဲ့ ဗီဒီယိုလေ၊ ဂျပန်ကားလို မှုန်ဝါးဝါးလေး ထည့်လိုက်တာကို သူတို့က ဘာလို့ အထင်လွဲကုန်ကြပါလိမ့်"

မြင်ကွင်းတွင် ပေါက်စီလုံးများ ကျလာပြီးနောက် အလင်းနန်းတော်၏စိတ်ဝိညာဥ်အဆင့်များ နတ်ဘုရား၏အပြစ်ပေးခြင်းကို ခံရသည်ကို ရှင်းလင်းစွာ ပြသနေသည်။

သူသည် မလိုလားအပ်သောသံသယများ မဖြစ်စေရန် ပေါက်စီများကို အနည်းငယ်မှုန်ဝါး လိုက်ခြင်းပင်။

သို့သော် အဘယ့်ကြောင့် ကြည့်သူများက $%&* များဟုမြင်နေကြသနည်း။

သူစဥ်းစားမရပါ။

"မေ့လိုက်တော့။ အဓိကကတော့ တရားမျှတမှုက ငါ့ဘက်မှာ ရှိနေပြီ၊ ပြီးတော့ ဟုန်တုရဲ့ ပွဲကို တက်ရောက်ပြီး အလင်းနန်းတော်က ခရမ်းရောင်နန်းတော်အဆင့်တွေနဲ့ တွေ့သင့်တယ်"

သူကအလင်းနန်းတော်ကို စိန်ခေါ်ခဲ့ပြီး ဖြစ်သည်။ ကျိယွမ်သည် ဆုံးဖြတ်ပြီးလျှင် နောက်ဆုတ်မည့်သူ မဟုတ်ပေ။

တရားမျှတမှုကလည်း သူ့ဘက်မှာ ရှိနေပြီဖြစ်သောကြောင့် အလင်းနန်းတော်မှ မျှော်လင့်ခြင်းလမင်းအိုကြီးများကို ရှာဖွေရန် အချိန်တန်ပြီ မဟုတ်ပါလား။

"လူငယ်တွေက အသက်ရှစ်ဆယ်၊ ကိုးဆယ် အရွယ် ချမ်းသာတဲ့အဘွားကြီးတွေကို ကြိုက်ကြတာ မဆန်းပါဘူး။"

"သူတို့သေရင် ကျန်ခဲ့တဲ့သူကချက်ချင်းဘဝပြောင်းသွားနိုင်တာကိုး"

"မျှော်လင့်ခြင်းလမင်းအိုကြီးတွေ သေဆုံးသွားတာနဲ့ သူတို့ရဲ့ နည်းစနစ်တွေ အားလုံး ငါ့ဆီ ရောက်လာမှာပဲ "

-------------------

All Chapters