← Chapters

အခန်း (၇၂၆-၇၃၀)

Vol. 40 Ch. 726-730

အခန်း (၇၂၆-၇၃၀)

Vol. 40 Ch. 726-730

Chapter 726

ရှယီရှန်းက ဤနေရာသို့ အကြောင်းရင်းမရှိဘဲ လာခဲ့သည်မဟုတ်ပေ။သာမာန်အားဖြင့် ကောင်းကင်နန်းတော်ပြိုင်ပွဲ၏ဒုတိယအဆင့်သို့ ရောက်ရှိလာသူများသည် နောက်တစ်ဆင့်သို့တက်လှမ်းနိုင်ရန်အတွက် သူတို့၏အသက်ရှင်သန်နိုင်ရန် အစွမ်းကုန်ကြိုးစားကြပေမည်။

အစကဏဦးတွင် ရှယီရှန်းသည်လည်း ထိုသို့ပြုလုပ်ရန် ကြံရွယ်ခဲ့သည်။

သို့ရာတွင် လွန်ခဲ့သောရက်အနည်းငယ်က သူ့အား ကောင်းကင်နန်းတော်ပြိုင်ပွဲ၏ဒုတိယအဆင့်တွင် ဤနေရာအားရှာဖွေရန် တောင်းဆိုထားသော လျှို့ဝှက်ဆန်းကြယ်သည့် စာတစ်စောင်ကို သူ လက်ခံရရှိခဲ့၏။

ကောလဟာလများအရ ဤနေရာ၌ ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက်၏အလောင်းကို မြှပ်နှံထားသည်ဟုလည်း သူ ကြားဖူးနားဝရှိခဲ့သည်။

အကယ်၍သာ သူသည် ပြိုင်ဘက်ကင်းကျင့်ကြံသူအား ဂါရဝပြုနိုင်ပါက ထိုသူနှင့်အတူမြှုပ်နှံထားသော မှော်ရတနာများကို ရရှိနိုင်ပေမည်။

ထိုစာအားပေးပို့သူသည် ပြိုင်ဘက်ကင်းကျင့်ကြံသူ၏မျိုးဆက်ဖြစ်သော်လည်း သူ၏ပင်ကိုအရည်အချင်းညံဖျင်းမှုကြောင့် ကောင်းကင်နန်းတော်ပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ခွင့်မရဟု ဆိုထားသည်။

သူက ရှယီရှန်းသည် လင်ရှောင်းဂိုဏ်း၏အထူးချွန်ဆုံး ပါရမီရှင်ဟု ကြားသိထားသဖြင့် သူ့အားကူညီ၍ ဘိုးဘေးအားအရိုအသေပြုရန် အကူအညီတောင်းခံထားခြင်းဖြစ်သည်။

အမှန်အားဖြင့် ရှယီရှန်းသည် ကိစ္စတစ်ရပ်အား အကြောင်းအရင်းခိုင်ခိုင်မာမာမရှိဘဲ ယုံကြည်တက်သူမဟုတ်ချေ။

သို့ရာတွင် စာနှင့်အတူ ဆေးလုံးတစ်လုံး ပူးတွဲပါလာသည်။ထိုဆေးလုံးသည် ကပ်ဘေးချိုးဖျက်ဆေးလုံးဖြစ်ပေ၏။

ကျင့်ကြံသူအများစုသည် ဓမ္မရုပ်ထုနယ်ပယ်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိချိန်တွင် ထပ်မံ၍အဆင့်ချိုးဖျက်ရန် အတားအဆီးတစ်ခုနှင့် ရင်ဆိုင်ရလေ့ရှိသည်။

သူတို့က ထိုအတားအဆီးကိုဖြတ်ကျော်နိုင်သည်နှင့် သူတို့၏စိတ်ဝိညာဥ်ကို ခန္ဓာကိုယ်မှစွန့်ခွါနိုင်ပြီး ဥာဏ်အလင်းပွင့်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပေမည်။

သို့ရာတွင် အပြောအရသာ လွယ်ကူသော်လည်း ကျင့်ကြံသူအရေအတွက် မည်မျှများများထိ ထိုအတားအဆီးအား ချိုးဖျက်နိုင်ခြင်းမရှိပဲ ချောင်ပိတ်နေကြသည်အား မသိနိုင်ချေ။

ရှယီရှန်းသည်လည်း ဓမ္မရုပ်ထုနယ်ပယ်နှောင်းပိုင်းအဆင့်၌ တစ်ဆို့နေသည်မှာ နှစ်ပေါင်းများစွာကြာခဲ့လေပြီ။

သူက ကပ်ဘေးချိုးဖျက်ဆေးလုံးအား လက်ခံရရှိပြီးသည်နှင့် သူ၏စိတ်ဆန္ဒကို ချိုးနှိမ်မထားနိုင်တော့ဘဲ ဆေးလုံးကိုချက်ချင်းဝါးမြိုကာ အတားအဆီးကို ချိုးဖျက်နိုင်ခဲ့သည်။

သူ ခံစားမိသည်က ဤကောင်းကင်နန်းတော်ပြိုင်ပွဲကြီးပြီးဆုံးသည်နှင့် သူသည်နှစ်တစ်ရာအတွင်း ဥာဏ်အလင်းပွင့်နယ်ပယ်သို့ အောင်မြင်စွာချိုးဖျက်ဝင်ရောက်နိုင်ပေမည်။

ဤသည်က သူ့အတွက် အစစ်အမှန်ကောင်းကင်ဘုံပင်။

"ပြိုင်ဘက်ကင်းကျင့်ကြံသူက ဒီလိုနေရာမျိုးမှာ ဘာလို့ပုန်းအောင်းနေလဲဆိုတာတော့ ငါ မသိဘူး...ဒါပေမယ့် ငါကတော့ အခွင့်အရေးရတာပဲ"

ရှယီရှန်း၏မျက်လုံးများ တောက်ပနေပေ၏။

သူ့အတွက် ဤကိစ္စက စိတ်ကျေနပ်မှုအပြည့်ရစေသည်။

"ခုဏတုန်းက အထဲကို လူနှစ်ယောက်ဝင်သွားတယ်...မြန်မြန်သွားကြ...သူတို့ကို လက်ဦးမသွားစေနဲ့"

ရှယီရှန်းက စိုးရိမ်ပူပန်ပုံဖြင့် တိုက်တွန်းနှိုးဆော်လိုက်၏။

ဝူရွှင်းယွင်သည် ရှယီရှန်း၏ခန္ဓာကိုယ်အား တစ်ချိန်လုံးမှီထားသည်။သူမ၏ခန္ဓာကိုယ်သည် ရှယီရှန်းနှင့် အလွန်ပင်ပူးကပ်နေပေ၏။

အစောပိုင်းက မျောက်ဝံကြီးသည် လွန်စွာထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသည်။ထိုအချိန်တခဏတွင် သူမ၏အသက်ကိုပင် သူမမပိုင်ဟု ဝူရွှင်းယွင်က ခံစားမိခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ရှယီရှန်းက သူမအား စွန့်ပစ်ခြင်းမရှိပေ။

"စီနီယာအကိုရှ....စီနီယာရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်....ကျွန်မ ရှင့်ကို ဘယ်လိုကျေးဇူးဆပ်ရမယ်ဆိုတာတောင် မသိတော့ဘူး"

ဝူရွှင်းယွင်၏ပါးပြင်သည် နီမြန်းနေပြီး သူမက ရှက်ရွံနေပုံရသည်။

ရှယီရှန်းက အပြုံးနှင့်ပြောဆိုလိုက်၏။

"ငါတို့က အတူလှုပ်ရှားနေတာလေ...တစ်ယောက်နဲ့တစ်ယောက်ကူညီရမှာပေါ့...ဒါက ငါလုပ်သင့်တဲ့ကိစ္စပါ"

ရှယီရှန်းတို့လူစုသည် အချိန်တခဏအတွင်းမှာပင် လှိုဏ်ဂူ၏နက်ရှိုင်းသောနေရာထံသို့ ရောက်ရှိလာကြသည်။

သူတို့က လှိုဏ်ဂူအတွင်းသို့ ပို၍ဝင်မိလေလေ သူတို့၏နံဘေးနားရှိလေထုက ပို၍အေးစက်လာလေလေပင်။

သူတို့အားလုံးသည် ကျင့်ကြံသူများဖြစ်ကြ၍ သာမာန်သေမျိုးများထက် အအေးဒဏ်အါး ပို၍ခံနိုင်ရည်ရှိသည်။သို့ရာတွင် ဤနေရာ၌တိုက်ခတ်နေသော လေအေးများက သူတို့၏နှလုံးသားအောက်ခြေထိတိုင် ချမ်းစိမ့်မှုအားခံစားရစေသည်။

"ဖြစ်နိုင်တာတော့ ဒီနေရာက နေရောင်မရှိဘဲ တစ်နှစ်ပတ်လုံးအရိပ်ကျနေလို့ပဲ...ဒါကြောင့် အရမ်းအေးနေတာ"

ရှယီရှန်းက ရှင်းပြလိုက်၏။

ရုတ်တရက် သူတို့ရှေ့၌ အလင်းရောင်အနည်းငယ်ထွက်ပေါ်လာသည်။

သူတို့က အလင်းရောင်နှင့် နီးကပ်အောင် သွားနေစဥ်မှာပင် ကြီးမားသောတံခါးတစ်ချပ်ရှေ့၌ မတ်တတ်ရပ်နေကြသော လူရိပ်နှစ်ရိပ်အား တွေ့မြင်မိသည်။

"ရပ်လိုက်စမ်း....မင်းတို့က ဘယ်သူတွေလဲ"

မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်မှတပည့်တစ်ယောက်က ဒေါသတကြီးအော်ဟစ်လိုက်၏။

သူတို့က ဤနေရာသို့လာပြီး ပြိုင်ဘက်ကင်းကျင့်ကြံသူ၏အမွေအနှစ်အား ဆက်ခံနိုင်ရန် အင်အားများစွာ စိုက်ထုတ်ခဲ့ရ၏။နောက်ဆုံး၌ ထိုလူနှစ်ယောက်က ကံကြမ္မာကောင်းကို ယူဆောင်သွားတော့မည်လော။

ဝူရွှင်းယွင်က ရုတ်တရက် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။

"ဘယ်လိုလုပ်ပြီး နင်တို့ဖြစ်နေတာလဲ"

သူတို့ရှေ့၌ မတ်တတ်ရပ်နေသည်မှာ လုယွီနှင့်ကျီးချန်ယွီဖြစ်နေသည်။သူတို့နှစ်ယောက်၏အရှိန်သည် အလွန်လျှင်မြန်သဖြင့် မျောက်ဝံကြီး တုံပြန်ခြင်းမပြုနိုင်မီ လှိုဏ်ဂူအတွင်းသို့ ဝင်လာနိုင်ခဲ့သည်။

"လက်စသတ်တော့ အမှိုက်ကောင်ဖြစ်နေတာပဲ....လောကကြီးက တကယ်ကို ကျဥ်းကျဥ်းလေးပါလား"

ရှယီရှန်း၏မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအရိပ်အယောင်များ ထင်ဟပ်လာသည်။

Chapter 727

ရှယီရှန်းနောက်ရှိ မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်မှ တပည့်များကလည်း လုယွီတို့နှစ်ယောက်အား ဝိုင်းရံထားကြ၏။

"စီနီယာအကိုရှ...သူတို့က ခုချိန်ထိ တံခါးကိုဖွင့်ရသေးပုံ မပေါ်ဘူး"

မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်မှ တပည့်တစ်ယောက်က လေးနက်စွာပြောဆိုလိုက်သည်။

ရှယီရှန်းက သရော်တော်တော် ပြောဆိုလေ၏။

"အဲ့ဒီကောင်က ရူးနေတာ....သူ ဒီနေရာကို ဘယ်လိုလုပ်ပြီးရောက်လာမှန်းတော့ ငါ မသိဘူး....သူမှာ ဒီတံခါးကိုကျော်ဖြတ်သွားနိုင်ဖို့ ဘယ်လိုလုပ်ပြီးအရည်အချင်းရှိမှာလဲ"

ရှယီရှန်းသည် စာမှတဆင့် ဤနေရာ၌တံခါးတစ်ချပ်ရှိကြောင်းကို သိရှိထားပြီးဖြစ်သည်။တစ်စုံတစ်ယောက်သည် တံခါးအားဖြတ်သန်းသွားနိုင်ရန်အတွက် နည်းစနစ်တစ်ခုလိုအပ်သည်ဟု စာအတွင်း၌ပါရှိ၏။

"စာထဲမှာပါတာကတော့ တံခါးပေါ်မှာ ကြီးမားတဲ့အရိုးခေါင်းပုံကြီးရှိရမယ်...ဒါက ဒီနေရာဆိုတာ သေချာသွားပြီ"

ရှယီရှန်းက အလွန်စိတ်လှုပ်ရှားနေသည်။

ဒဏ္ဍာရီများအရ ဤနေရာ၌ ကောင်းကင်ဘုံနယ်မြေမှ ထိပ်သီးကျင့်ကြံသူများကိုပင် ဆွဲဆောင်နိုင်သော မှော်ရတနာတစ်ခုရှိသည်ဟု ဆိုကြ၏။ထို့ပြင် ရတနာအား တံခါး၏နောက်၌ လျှို့ဝှက်ထားရှိသည်။

ရှယီရှန်းသည် သူ မျက်လုံးရှေ့၌ ရတနာရှိနေပြီဖြစ်၍ လုယွီအား မျက်စိဆံပင်မွှေးဆူးနေသည်။

"ကောင်လေး....မင်းက သေလမ်းလာရှာမှတော့ ငါ့ကိုအပြစ်မတင်နဲ့"

ရှယီရှန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

ထို့နောက် သူ၏လက်ဖဝါးအတွင်းမှ ထိတ်လန့်တုန်လှုပ်ဖွယ်စွမ်းအားများပါဝင်သော ဓားချီတစ်လှိုင်းထွက်ပေါ်လာသည်။

"ဟေ့....နင်တို့က ဘာလို့ လှိုဏ်ဂူထဲကို အတင်းပြေးဝင်ကြတာလဲ...မြန်မြန်ဒူးထောက်ပြီး စီနီယာအကိုရှဆီမှာ အမှားဝန်ခံလိုက်....နင်တို့ တကယ်သေချင်နေတာလား"

ဝူရွှင်းယွင်က အော်ငေါက်လိုက်၏။

လုယွီက မျက်မှောင်အနည်းငယ်ကြုတ်ထားသည်။သူ၏စိတ်ရှည်သည်းခံမှုသည် အကန့်အသတ်သို့ ရောက်ရှိနေလေပြီ။

လုယွီ လှုပ်ရှားတော့မည့်အချိန်မှာပင် ကျီးချန်ယွီက ရုတ်တရက်ပြောဆိုလိုက်၏။

"နင်တို့ လုပ်ရဲလား"

သူမ၏လက်အတွင်း၌ ရုတ်တရက် အနက်ရောင်စစ်တုရင်အရုပ်တစ်ရုပ် ထွက်ပေါ်လာသည်။ထိုစစ်တုရုပ်အားကြည့်ရသည်မှာ သာမာန်ဖြစ်ပြီး မည်သည့်ထူးခြားချက်မျှရှိမနေချေ။

သို့သော် နောက်ထပ်အချိန်တခဏတွင် ကျီးချန်ယွီက သူမ၏မှော်စွမ်းအားများကို စစ်တုရင်အရုပ်အတွင်းသို့ထည့်သွင်းလိုက်သည်နှင့် စစ်တုရင်ခုံတစ်ခုံက သူမရှေ့၌ ပေါ်ထွက်လာသည်။

"အကြီးအကဲရှင်းရဲ့မှော်ပညာ...."

ရှယီရှန်းက ရုတ်တရက် တုံ့ဆိုင်းသွားသည်။

အကယ်၍သာ မျောက်ဝံကြီးနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းမပြုခဲ့ရပါက သူသည် လူအင်အားအသာစီးဖြင့် ကျီးချန်ယွီအား လွယ်လင့်တကူအနိုင်ယူနိုင်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူ၏မှော်စွမ်းအားများသည် ရုပ်သေးရုပ်အတွင်းသို့ ထည့်သွင်းလိုက်ရသဖြင့် ကုန်ခမ်းလုနီးပါးဖြစ်နေသည်။သူ၌ မှော်စွမ်းအင်အနည်းငယ်သာ ကျန်ရစ်တော့၏။

"ဟမ့်....ငါ မင်းကို ဒီနေ့တော့ အလွတ်ပေးလိုက်ဦးမယ်.....အကြီးအကဲရှင်းရဲ့တပည့်မျက်နှာထောက်ပြီးတော့ပေါ့...ဒီနေရာကထွက်သွားစမ်း"

ရှယီရှန်းတို့လူစုက တံခါးကြီးရှေ့သို့ ရောက်ရှိလာသည်။

ဝူရွှင်းယွင်က ဝင်ရောက်၍ ခနဲ့လိုက်၏။

"မိန်းမတွေနောက်ပဲ ပုန်းအောင်းနေတုန်းပဲလား...ဟွန့်....တကယ်လို့ နင်နေရာမှာ ငါသာဆိုရင် ငါကိုယ်ငါ မြေမြှပ်ဖို့ကျင်းရှာထားပြီးပြီ...ဒီနေရာမှာ ဆက်နေပြီး မျက်နှာပြဝံ့မှာမဟုတ်ဘူး"

လုယွီက ဝူရွှင်းယွင်၏သရော်ခြင်းအား လျစ်လျှူရှုထားပေ၏။သူက တံခါးကြီးကိုကြည့်ပြီး ချင့်ချိန်စဥ်းစားနေသည်။ထိုတံခါး၏နောက်တွင် သားရဲတစ်သောင်းမျှော်စင် ရှိမနေချေ။

ထို့ပြင် တံခါး၏နောက်၌ လုယွီ၏နတ်ဘုရားစိတ်အာရုံကို ပိတ်ပင်တားဆီးထားသော အရာတစ်ခုရှိနေသဖြင့် အတွင်း၌ မည်သည့်အရာရှိနေခြင်းကို သူ မသိရှိပေ။

"ဒီတံခါးကိုမဖွင့်ဖို့ မင်းတို့အားလုံးကို ငါ အကြံပြုချင်တယ်...မဟုတ်ရင် ဆိုးဆိုးရွားရွားကိစ္စတစ်ခုဖြစ်လာလိမ့်မယ်"

အစောပိုင်းက လုယွီသည် တံခါးရှိအတားအဆီးများအား အကုန်အစင်ချိုးဖျက်နိုင်ပြီးဖြစ်သည်။သူ၏လက်ရှိအခြေအနေဖြင့် ဤတံခါးအား ချက်ချင်းဖွင့်နိုင်သည်။

ယခုထိ သူ တံခါးကိုမဖွင့်ရသေးသော အကြောင်းအရင်းမှာ တံခါး၏နောက်တွင် ဆိုးရွားသောတစ်စုံတစ်ရာရှိနေသည်ဟု သူ ခံစားမိခြင်းကြောင့်ပင်။

ဝူရွှင်းယွင်၏မျက်လုံးများအတွင်းရှိ သရော်တော်တော်အရိပ်အယောင်သည် ပို၍ထင်ရှားလာပြီး လှောင်ပြောင်ရယ်မောလိုက်၏။

"နင်မှာ စီနီယာအကိုရှကို ညွှန်ပြနိုင်တဲ့ အရည်အချင်းရှိလို့လား"

လုယွီက ဝူရွှင်းယွင်အား ကြည့်ပြီး သူ၏နှုတ်ခမ်းများ လှုပ်ရှားသွားသည်။သူက တစ်ခုခုပြောလိုသော်လည်း မပြောတော့ချေ။

ကောင်းကင်နန်းတော်ပြိုင်ပွဲကြီးပြီးဆုံးရန် အချိန်နှစ်နာရီသာ ကျန်ရှိတော့သည်။အချိန်က တရွေ့ရွေ့ ကုန်ဆုံးနေလေပြီ။

လုယွီက ကျီးချန်ယွီအားခေါ်ဆောင်၍ လှိုဏ်ဂူ၏တခြားတစ်နေရာသို့ သွားလိုက်သည်။

ရှယီရှန်းသည် လုယွီ၏နောက်ကျောကို တစ်ချက်ကြည့်ပြီး သူ့နောက်ရှိ တပည့်တစ်ယောက်အား ပြောဆိုလိုက်၏။

"သွား...သူတို့နှစ်ယောက်နောက်ကိုလိုက်...တကယ်လို့ အဲ့ကောင်တစ်ယောက်တည်းရှိနေတဲ့အချိန်နဲ့ကြုံရင် သူကိုသတ်ပစ်လိုက်"

ထိုတပည့်က ခေါင်းညိတ်ပြပြီး လုယွီထွက်ခွါသွားသောဘက်သို့ ပြေးလိုက်သွားတော့သည်။

Chapter 728

လုယွီသည် ကျီးချန်ယွီနှင့်အတူ လှိုဏ်ဂူ၏တခြားတစ်နေရာသို့ သွားနေပေ၏။

"အကိုလု...ရှင့်ကိုကြည့်ရတာ ခုဏက ပြောစရာတစ်ခုခုရှိနေပုံပဲ"

ကျီးချန်ယွီက ရုတ်တရက်မေးမြန်းလိုက်သည်။

လုယွီက သက်ပြင်းရှိုက်နေပေ၏။

"တံခါးရဲ့နောက်မှာ ဘာရှိလဲဆိုတာ ငါ မသိပေမယ့်.....အဲ့ဒီလူတွေက ဒီနေရာမှာ တစ်ခုခုလာရှာတယ်ဆိုတာ ထင်ရှားနေတယ်....သူတို့ အဲ့ဒီတံခါးကို မဖွင့်ပစ်ဖို့ ငါ မျှော်လင့်တယ်...မဟုတ်ရင် ဆိုးဆိုးရွားရွား ကိစ္စတစ်ခု ဖြစ်လာလိမ့်မယ်"

ဤလှိုဏ်ဂူ၏ပြင်ပ၌ပင် စိတ်ပုံထွင်းနယ်ပယ်နတ်ဆိုးမှော်သားရဲတစ်ကောင် စောင့်ကြပ်နေသည်။

ကောင်းကင်နန်းတော်ပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရသည့် အခွင့်အရေးမှာ မည်မျှအဖိုးတန်ရှားပါးသနည်း။ပြိုင်ပွဲ၏ဒုတိယအဆင့်သို့ ရောက်ရှိလာသူတိုင်းသည် နောက်တစ်ဆင့်သို့တက်လှမ်းနိုင်ရန်အတွက် မိမိကိုယ်မိမိ ကာကွယ်ရန်သာ ရည်ရွယ်ထားကြ၏။သို့ရာတွင် ထိုလူစုက အန္တရာယ်အများဆုံးနေရာသို့ လာရောက်ရန် ရွေးချယ်ခဲ့သည်။

"သွားကြစို့"

လုယွီသည် ကျီးချန်ယွီနှင့်အတူ လှိုဏ်ခေါင်းအတွင်းရှိ နံရံတစ်ခုဘက်သို့ ဦးတည်သွားနေသည်။

ဤနေရာသည် ချောင်ပိတ်ထားသောထောင့်တစ်နေရာပင်။သူတို့ဝင်လာခဲ့သော လမ်းကြောင်းမှလွဲ၍ ဘက်ပေါင်းစုံ၌ကျောက်တုံးနံရံများကာဆီးထားပြီး လမ်းမရှိချေ။

ကျီးချန်ယွီက အံ့အားသင့်နေပေသည်။

"ဒီနေရာက လမ်းဆုံးနေပြီလေ...ဘာလို့ အကိုလုက ဒီနေရာကိုရွေးချယ်ခဲ့တာလဲ"

လုယွီက ခပ်သဲ့သဲ့အပြုံးနှင့် ရေရွတ်လိုက်၏။

"ကြည့်ရတာတော့ မှော်ရတနာရဲ့စိတ်ဝိညာဥ်က ဒီနေရာကို ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားပုံပဲ"

သူက ရုတ်တရက် နံရံတစ်ဖက်ဆီသို့ သူ၏လက်ကို တင်ထားလိုက်၏။

လုယွီ၏လက်ကျရောက်သွားချိန်တွင် တောင်နံရံတစ်ခုလုံး အပြင်းအထန်တုန်ခါသွားသည်။လုယွီ၏လက်ဝါးအားဗဟိုပြု၍ တောင်နံရံတစ်ခုလုံး ပင့်အူအိမ်သဖွယ် အက်ကွဲလာသည်။

ဝုန်း.....

မရေမတွက်နိုင်သော ကျောက်တုံးကျောက်စများ ပြိုကျလာပြီး မှိန်ပျပျအလင်းရောင်လည်း ထွက်ပေါ်လာပေ၏။

တောင်နံရံ၏နောက်တွင် သီးသန့်လှိုဏ်ခေါင်းတစ်ခုရှိနေသည်။

"ဒီကိုလာခဲ့...ဒါက ငါ ရှာနေတဲ့နေရာပဲ"

လုယွီက ပြုံးရယ်နေပေ၏။သူသည် သားရဲတစ်သောင်းမျှော်စင်၏အော်ရာအား အာရုံခံမိလေပြီ။သူတို့က လှိုဏ်ခေါင်းအတွင်းသို့ ဝင်သွားလိုက်၏။

လဖက်ရည်တစ်ခွက်စာပြင်ဆင်ချိန်ခန့်အကြာတွင် သူတို့နောက်မှလိုက်နေသော မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်မှတပည့်က ဤနေရာသို့ ရောက်ရှိလာသည်။

"ဘာလဲ...နံရံရဲ့နောက်မှာ လှိုဏ်ခေါင်းတစ်ခုရှိနေတာလား"

ထိုတပည့်က အံ့အားသင့်သွားပြီး ရှယီရှန်းထံ သတင်းပို့ရန် ကြံရွယ်လိုက်သည်။သို့ရာတွင် သူက တွေဝေစဥ်းစားနေမိသည်။

"အဲ့ဒီကောင်က ဒီနေရာမှာရတနာတွေရှိနေတာကို သိနေတာပဲဖြစ်မယ်....မဟုတ်ရင် ဒီနေရာကို အတင်းအကြပ်ဝင်လာမှာမဟုတ်ဘူး...သူက သဘာဝလွန်စွမ်းအင်နယ်ပယ် အမှိုက်ကောင်ပဲ...ပြီးတော့ သူ့ဘေးနားက ကောင်မလေးက အကြီးအကဲရှင်းရဲ့တပည့်ဆိုပေမဲ့ တပည့်သစ်တစ်ယောက်လေ...ငါ့ကို အန္တရာယ်ပေးနိုင်မှာမဟုတ်ဘူး

အချိန်တခဏကြာချိန်ဆတွေးတောပြီးနောက် တပည့်၏မျက်လုံးအတွင်း၌ လောဘကြီးသောအရိပ်အယောင်များ ထင်ဟပ်လာသည်။သူက ထိုရတနာများအားလုံးကို သူ့တစ်ယောက်တည်းအတွက် မောင်ပိုင်စီးလိုသည်။

အကယ်၍ သူ ရှယီရှန်းထံ သတင်းပို့လိုက်ပါက အကြွင်းအကျန်ရရှိရန်ပင် မလွယ်ကူချေ။

ရုတ်ချည်းဆိုသလိုပင် သူ၏ခြေထောက်ကိုမြှောက်၍ အလင်းရောင်ထွက်ပေါ်နေသောနေရာသို့ အပြေးသွားလိုက်တော့သည်။

သို့ရာတွင် လှိုဏ်ခေါင်းအနီးသို့ရောက်ချိန်တွင် မမြင်နိုင်သောအားလှိုင်းတစ်ရပ်က သူ့အားတွန်းထုတ်လိုက်၏။သူ မယုံကြည်နိုင်မှုများဖြင့် အံ့တင်းတင်းကြိတ်ကာ ထပ်မံ၍ကြိုးစားလိုက်သော်လည်း တွန်းထုတ်ခံရဆဲပင်။

"ဒါကမမျှတဘူး....ဟိုအမှိုက်ကောင်ကျ ဝင်လို့ရပြီး ဘာလို့ ငါ့ကျမှမရတော့တာလဲ"

ပြင်းထန်သောလောဘစိတ်ဆန္ဒများသည် သူ၏စိတ်နှလုံးသားအား ဖိစီးနေသည်။သူက အကြိမ်ရေအနည်းငယ်ခန့်ထပ်မံကြိုးစားသော်လည်း လှိုဏ်ခေါင်းအတွင်းသို့ ဝင်မရသဖြင့် လုယွီတို့ ပြန်ထွက်လာခြင်းကို စောင့်ဆိုင်းရန် ကြံရွယ်လိုက်သည်။

လှိုဏ်ခေါင်းအတွင်းရှိ မှိန်ပျပျအလင်းရောင်အောက်တွင်....

ဤနေရာသည် သီးခြားလေဟာနယ်တစ်ခုဖြစ်သည်။လုယွီက အတွင်းသို့ ဝင်ပြီးသည်နှင့် ပြင်းထန်သောစိတ်ဝိညာဥ်စွမ်းအားလှိုင်းများကို ခံစားမိသည်။

ကျီးချန်ယွီက အသက်ပြင်းပြင်းတစ်ချက် ရှုရှိုက်လိုက်ရာ သူမ၏မရီးဒါန်းများ ဖောင်းကားပြီး နာကျင်လာမှုကို ခံစားမိသည်။

"စိတ်အေးအေးထား...စိတ်အေးအေးထား...အသက်ပြင်းပြင်းမရှုနဲ့...စိတ်ဝိညာဥ်စွမ်းအားတွေကို ငြိမ်ငြိမ်လေးစုပ်ယူ"

လုယွီ၏အသံက ရုတ်တရက် ကျီးချန်ယွီ၏နောက်မှ ထွက်ပေါ်လာသည်။

ကျီးချန်ယွီက သူမ၏စိတ်ကို တည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းပြီး လုယွီ၏လမ်းညွှန်ချက်အတိုင်း မြေပြင်ပေါ်၌ပလ္လင်ခွေထိုင်လိုက်သည်။

အချိန်တခဏကြာပြီးနောက် ကျီးချန်ယွီ၏မျက်လုံးများ ပြန်ပွင့်လာပြီး သူမက အံ့အားတသင့်ရေရွတ်လေ၏။

"အသက်တစ်ချက်ရှိုက်လိုက်တာက ကျွန်မတစ်ရက်လုံး ခက်ခက်ခဲခဲကြိုးစားတာနဲ့ညီမျှတယ်...ဒီနေရာမှာ စိတ်ဝိညာဥ်စွမ်းအားတွေက တကယ့်ကို ထူထပ်သိပ်သည်းတာပဲ"

"ဒီနေရာက မိုးကောင်းကင်အဆင့်ကျင့်ကြံသူရဲ့ ပိုင်နက်နယ်မြေဖြစ်နေမှာ ငါ စိုးရိမ်မိတယ်"

လုယွီက ရုတ်တရက် ပြောဆိုလေသည်။

Chapter 729

တာအိုတတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးသူသည် သူ၏ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားစမ်းရေအိုင်အား ကောင်းကင်ဘုံလမ်းကြောင်းအဖြစ် ပြောင်းလဲပြီးဖြစ်သည်။

ဤအချိန်တွင် ကျင့်ကြံသူ၏ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားစမ်းရေအိုင်သည် ကမ္ဘာငယ်လေးတစ်ခုအသွင်ပြောင်းသွားပြီး သက်ရှိများကိုမွေးဖွားစေကာ ထိုကျင့်ကြံသူအတွက် စိတ်ဝိညာဥ်စွမ်းအားများကို ထောက်ပံပေးသည်။

အမှန်အားဖြင့် လုယွီ၏နတ်ဘုရားနတ်ဘုရားစမ်းရေအိုင်တွင် ကောင်းကင်ဘုံလမ်းကြောင်း၏အရိပ်အယောင်ပါရှိနေပြီးဖြစ်သည်။

သူ၏နတ်ဘုရားစမ်းရေအိုင်သည် အလွန်အမင်းအစွမ်းထက်သဖြင့် တာအိုတတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်ချိန်တွင် သာမာန်ထက်ထူးကဲသောအင်အားကိုပိုင်ဆိုင်ရပေမည်။

"ဒါက အဲ့ဒီကျင့်ကြံသူရဲ့ခန္ဓာကိုယ်ထဲက ကောင်းကင်ဘုံလမ်းကြောင်းလား...ဒီလိုကိစ္စက ရှေးဟောင်းစာအုပ်တွေထဲမှာပဲရှိတာ မဟုတ်ဘူးလား"

ကျီးချန်ယွီက စဥ်းစားတွေးတောနေသည်။

ဤကြယ်နယ်မြေ၌ သိုင်းသူတော်စင်အဆင့်သည် အမြင့်ဆုံးရောက်ရှိနိုင်သော အကန့်အသတ်ပင်။အကယ်၍ ကျင့်ကြံသူတစ်ယောက်သည် ထိုထက်မြင့်မားသောအဆင့်သို့ တက်လှမ်းလိုပါက ကောင်းကင်ဘုံလမ်းကြောင်းမှတဆင့် ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းရပေမည်။

ထို့ကြောင့် ဤကြယ်နယ်မြေရှိရှေးဟောင်းစာအုပ်များတွင်ပင် တာအိုတတိယဆင့်အကြောင်း အနည်းငယ်သာပါရှိသည်။

"သူ သေပြီးတာ အချိန်အတော်ကြာနေလောက်ပြီ....ဒီလူရဲ့ခန္ဓာကိုယ်က တောင်တန်းတွေအဖြစ်ပြောင်းသွားပြီးတော့ သူက မှော်ရတနာရဲ့စိတ်ဝိညာဥ်အနေနဲ့ ပုန်းနေတာပဲဖြစ်မယ်"

လုယွီက ခပ်သဲ့သဲ့ ပြုံးလိုက်၏။ထိုသူ၏နည်းလမ်းသည် အလွန်ကောင်းမွန်ပေ၏။သားရဲတစ်သောင်းမျှော်စင်ရှိနေသမျှကာလပတ်လုံး ထိုကျင့်ကြံသူသည် သူ၏စိတ်ဝိညာဥ်ပျက်စီးသွားခြင်းမှ ကာကွယ်နိုင်ပြီး ပြန်လည်မွေးဖွားရန် အခွင့်အရေးရနိုင်ပေမည်။

သူတို့နှစ်ယောက်က ဆက်လက်၍သွားနေရာ နောက်ဆုံး၌ ကျောက်တုံးစင်မြင့်တစ်ခုအား တွေ့မြင်မိသည်။

ကျောက်တုံးစင်မြင့်ထက်တွင် သေဆုံးပြီးသည်မှာအချိန်အတော်ကြာမြင့်နေပုံရသော လူတစ်ယောက်ထိုင်နေသည်။ထိုသူ၏ခန္ဓာကိုယ်သည် အရိုးစုအဖြစ်သို့ ပြောင်းလဲနေသော်လည်း သူ၏ခန္ဓာကိုယ်အား အနက်ရောင်သွေးကြောများ ဖုံးလွှမ်းထားဆဲပင်။

အရိုးစု၏လက်အတွင်း၌ စာလိပ်တစ်လိပ်ရှိနေသည်။

ပတ်ဝန်းကျင်နေရာတစ်ခုလုံး မှောင်မည်းနေပြီး စာလိပ်ထံမှသာ မှိန်ပျပျအလင်းရောင်ထွက်ပေါ်နေသည်။ပြန်တွေးကြည့်ပါက ဤနေရာပတ်ဝန်းကျင်၌ လင်းလက်နေသောအလင်းရောင်သည် ထိုစာလိပ်မှထွက်ပေါ်နေခြင်းဖြစ်ပေ၏။

ကျီးချန်ယွီက အံ့အားသင့်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်။

"အကိုလု...ဒီနေရာမှာ ရတနာတွေရှိနေတယ်ဆိုတာ ရှင် ဘယ်လိုလုပ်ပြီး သိနေတာလဲ"

အရိုးစုလက်အတွင်းမှစာလိပ်အား တစ်ချက်ကြည့်မိရုံဖြင့် ရတနာတစ်ခုဖြစ်ခြင်းအား သိနိုင်သည်။

သို့ရာတွင် ထူးဆန်းသည်မှာ လုယွီသည် ဤနေရာသို့ ယခင်ကမရောက်ဘူးပေ။မည်သည်ကြောင့် ဤနေရာ၌ ရတနာများရှိနေခြင်းကို သူ သိနေသနည်း။

လုယွီက ပြန်လည်ဖြေဆိုခြင်းမရှိဘဲ ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်နေသည်။

ပတ်ဝန်းကျင်နေရာတစ်ခုလုံးသည် ဆိတ်ငြိမ်နေသဖြင့် လုယွီတို့နှစ်ယောက်၏ခြေသံကိုသာ ရှင်းရှင်းလင်းလင်း ကြားနေရသည်။

လုယွီက ရုတ်တရက် ပြောဆိုလိုက်၏။

"ခင်ဗျား ဒီနေရာမှာ ပုန်းအောင်းနေတာ အချိန်အတော်ကြာနေပြီ....ကျုပ်တို့နှစ်ယောက်လို သက်ရှိလူသားကို ခင်ဗျား ပထမဆုံးအကြိမ်တွေ့ရတာမလား"

ပတ်ဝန်းကျင်၌ အသံတိတ်ဆိတ်နေဆဲပင်။

လုယွီက ဆက်လက်ပြောဆိုလေသည်။

"ခင်ဗျားရဲ့စိတ်ဝိညာဥ်က ခုချိန်ထိမပြည့်စုံသေးဘူး...တကယ်လို့ ခင်ဗျား ဆက်ပုန်းအောင်းနေမယ်ဆိုရင် သုံးနှစ်အတွင်းမှာ ခင်ဗျားရဲ့စိတ်ဝိညာဥ်ကြေမွပျက်စီးသွားလိမ့်မယ်"

လုယွီက ဘေးပတ်ဝန်းကျင်၌ မည်သည့်လှုပ်ရှားမှုမျှမရှိသည်ကိုကြည့်ပြီး အေးစက်စက်နှာမှုတ်ကာ ထွက်ခွါရန်ဟန်ပြင်လိုက်သည်။

"ခဏနေပါဦး......."

ထိုအချိန်မှာပင် အရိုးစုထံမှ ခပ်ယဲ့ယဲ့အသံထွက်ပေါ်လာသည်။

အရိုးစု၏အထက်၌ အမျိုးသမီးအကြွင်းအကျန်စိတ်ဝိညာဥ်တစ်ခု မျောလွင့်လာခြင်းကို လုယွီတို့က တွေ့မြင်ကြရ၏။

"နင် ငါရှိနေတာကို ဘယ်လိုလုပ်ပြီး သတိထားမိတာလဲ"

သူမ၏အသံက ဖျော့တော့နေသည်။

လုယွီက အရိုးစု၏လက်အတွင်းရှိစာလိပ်အား တစ်ချင်ကြည့်ပြီး ပြောဆိုလိုက်၏။

"ဒါက သားရဲတစ်သောင်းမျှော်စင်ရဲ့အထွတ်အမြတ်စိတ်ဝိညာဥ်မလား....အခုချိန်မှာ ဒီပစ္စည်းက ခင်ဗျားအတွက် အသုံးမဝင်တော့ဘူး...ကျုပ်ကို ပေးလိုက်တာ ပိုကောင်းလိမ့်မယ်"

အမျိုးသမီး၏မျက်လုံးမှနေ၍ ရုတ်တရက် စူးရှသောအေးစက်စက်အလင်းရောင်များ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိလေဟာနယ်အတွင်း၌ ဖျတ်ခနဲတစ်ချက်လက်သွားပြီး လုယွီနှင့်ထိုအမျိုးသမီးသည် သီးသန့်လေဟာနယ်အတွင်းသို့ တပြိုင်တက်တည်း ရောက်ရှိသွားသည်။

"နင် ဘယ်သူလဲ....ဘယ်လိုလုပ်ပြီး သားရဲတစ်သောင်းမျှော်စင်ကို သိနေတာလဲ"

အမျိုးသမီးက အော်ဟစ်လိုက်၏။သူမက ဤမှော်ရတနာအား ကောင်းကင်ဘုံနယ်မြေ၌ ရရှိခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိနေရာသည် ဝေးလံခေါင်သီသောကြယ်နယ်မြေဖြစ်ပေ၏။မည်သည့်ကြောင့် တစ်စုံတစ်ယောက်က သားရဲတစ်သောင်းမျှော်စင်၏တည်ရှိမှုအား သိနေရသနည်း။

လုယွီက ပြောဆိုလိုက်၏။

"ပြန်တွေးကြည့်ရင် မင်းကိုလည်း မြေအောက်လောကရဲ့အုပ်ချုပ်သူတစ်ယောက်လို့ ယူဆလို့ရတယ်...မင်း ဘာလို့ ဒီလိုမျိုးဖြစ်သွားရတာလဲ...ယင်ချင်းလန်"

အမျိုးသမီး၏အကြွင်းအကျန်စိတ်ဝိညာဥ်က တုန်ရီသွားသည်။ဤသည်က သူမ၏အမည်နာမဖြစ်ပေ၏။

"နင် ဘယ်သူလဲ"

ယင်ချင်းလန်၏အသံက တုန်ခါနေသည်။

လုယွီက ခပ်သဲ့သဲ့အပြုံးနှင့် ပြောဆိုလိုက်သည်။

"အရင်တုန်းက မြေအောက်လောကမှာကျင်းပတဲ့ လေလံပွဲတစ်ခုမှာ သားရဲတစ်သောင်းမျှော်စင်ကို လေလံတင်ခဲ့တယ်...ငါ အဲ့ဒီအချိန်တုန်းက ဒီမှော်ရတနာနဲ့အတူ မင်းကိုမြင်တွေ့ခဲ့တာပဲ...သားရဲတစ်သောင်းမျှော်စင်က မှော်ရတနာကောင်းတစ်ခုလို့ ငါ ထင်ပေမယ့် အဲ့ဒီအချိန်တုန်းက ငါ့အတွက်အသုံးမဝင်ခဲ့ဘူး"

"မင်းက မြေအောက်လောကမှာ နာမည်ကောင်းရပြီး နောက်ပိုင်းမှာ နယ်မြေသခင်တစ်ယောက်ဖြစ်လာတယ်....နောက်ပြီး ဘာဆက်ဖြစ်တယ်ဆိုတာတော့ ငါ မသိတော့ဘူး...ဒါပေမယ့် အခုတော့ သားရဲတစ်သောင်းမျှော်စင်ရဲ့ကာကွယ်မှုကိုတောင် မင်း ခံယူနေရတယ်...ဘယ်လိုဖြစ်ပြီး မင်း ဒီလိုမျိုးအဆုံးသတ်နဲ့ကြုံတွေ့ရတာလဲ"

Chapter 730

ယင်ချင်းလန်၏မျက်နှာပေါ်တွင် ခါးသည်းမှုအားကြုံတွေ့ခဲ့ရသော အရိပ်အယောင်များ ထင်ဟပ်လာသည်။သူမသည် မြေအောက်လောက၏ ထိပ်သီးကျင့်ကြံသူများအနက်မှတစ်ယောက် ဖြစ်ပေ၏။

လုယွီသည် သူမအား အစကဏဦးတွင် သိကျွမ်းခဲ့ခြင်းမရှိသော်လည်း လေလံပွဲ၌ သားရဲတစ်သောင်းမျှော်စင်အား သူ အာရုံစိုက်ခဲ့သဖြင့် သူမ၏နာမည်အား မှတ်မိနေခြင်းပင်။

နောက်ပိုင်း၌ လုယွီ၏ကျင့်ကြံဆင့်သည် အလွန်လျှင်မြန်စွာ တိုးတက်လာပေ၏။အဆုံးသတ်၌ သူသည် မြေအောက်လောကရှိနယ်မြေများအား ထိန်းချုပ်နိုင်ခဲ့ပြီး မြေအောက်လောကတာအိုသခင်ဖြစ်လာခဲ့သည်။

ယင်ချင်းလန်၏နာမည်အား နောက်ပိုင်း၌ လုယွီအား ငယ်သားတစ်ယောက်က သတင်းပို့သောအချိန်၌ အမှတ်ရခဲ့သည်။သူမသည် လုယွီ၏လက်အောက်မှ နယ်မြေသခင်တစ်ယောက်အား အပြစ်ပြုမိပြီး မြေအောက်လောကမှနေ၍ အလွန်စိုးရိမ်ဖွယ်အနေအထားဖြင့် ထွက်ပြေးသွားသည်ဟု ဆိုပေ၏။

သို့ရာတွင် ထိုအချိန်တုန်းက လုယွီသည် သူ၏ငယ်သား နယ်မြေသခင်အား ယင်ချင်းလန်၏ကိစ္စကို ဆက်လက်၍အပြစ်ယူခြင်းမပြုရန် အမိန့်ချမှတ်ခဲ့ကြောင်းကို အမှတ်ရနေဆဲပင်။

လုယွီ၏အမိန့်အားဆန့်ကျင်၍ မည်သူမျှ ယင်ချင်းလန်အား သတ်ဖြတ်ဝံ့မည်မဟုတ်ချေ။

ယင်ချင်းလန်က ခါးသည်းသောလေသံဖြင့် ပြောဆိုလိုက်၏။

"ငါက မြေအောက်လောကနယ်မြေကလူတွေရဲ့ အသတ်ခံရတာမဟုတ်ဘူး...ငါ တာယွီကောင်းကင်ဘုံအင်ပါယာက ကျန်းပိုင်အမတ်ကြီးကို အပြစ်ပြုမိတယ်....အဆုံးသတ်မှာ ငါက သူရဲ့စောင့်ကြည့်တာခံရပြီးတော့ သေဆုံးသွားခဲ့တယ်"

"ငါရဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် ပျက်စီးသွားပေမယ့် အနည်းဆုံးတော့ သားရဲတစ်သောင်းမျှော်စင်ထဲမှာ ငါ ပုန်းအောင်းနေလို့ရတယ်....ငါက အကြွင်းအကျန်စိတ်ဝိညာဥ်အဖြစ်နဲ့ ဒီကြယ်နယ်မြေကို ထွက်ပြေးလာခဲ့တာ"

"ဒီကြယ်နယ်မြေရဲ့မိုးကောင်းကင်တာအိုက ဥာဏ်ရည်ဥာဏ်သွေးမြင့်မားတယ်...ငါ ဒီနေရာမှာ နေထိုင်နိုင်ဖို့အတွက် သဘောတူညီချက်တစ်ခုပြုခဲ့ရတာ...ငါက မိုးကောင်းကင်တာအိုကို သားရဲတစ်သောင်းမျှော်စင်အသုံးပြုခွင့်ပေးခဲ့ရတယ်...အပြန်အလှန်အနေနဲ့ မိုးကောင်းကင်တာအိုက ငါ့အပေါ်မှာ သက်ရောက်မှုမရှိတော့ဘဲ ဒီနေရာမှာ ငါ ယာယီနေနိုင်တယ်"

လုယွီက ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိ၏။တာယွီအင်ပါယာ ထပ်မံဖြစ်နေပြန်သလော...။

တာယွီကောင်းကင်ဘုံအင်ပါယာသည် ကောင်းကင်ဘုံနယ်မြေအတွင်းရှိ သန်းပေါင်းများစွာသော သက်ရှိမျိုးနွယ်များကို အုပ်ချုပ်ပြီး ကြီးမားသောနိုင်ငံတော်ကြီးဖြစ်သည်။တာယွီအင်ပါယာ၏ပိုင်နက်နယ်မြေသည် ရှေးဟောင်းကျင့်ကြံခြင်းလောက၏မိုးကောင်းကင်တရားရုံးဖြင့်ပင် ကွာခြားခြင်းမရှိတော့ချေ။

ထို့ပြင် တာယွီအင်ပါယာမှရာထူးရာခံရှိသူများအားလုံးသည် အစွမ်းထက်သောထိပ်သီးကျင့်ကြံသူများ ဖြစ်ပေ၏။

တာယွီအင်ပါယာမှ အင်အားအနည်းဆုံးအရာရှိပင်လျှင် နယ်မြေသခင်အဆင့်ကျင့်ကြံသူဖြစ်သည်။

လုယွီက ယင်ချင်းလန်အားကြည့်ပြီး အံ့အားသင့်ဟန်ဖြင့် ပြောဆိုလိုက်၏။

"မင်းက ဘယ်လိုလုပ်ပြီး အဲ့ဒီလူတွေကို အပြစ်ပြုမိတာလဲ"

လုယွီ၏လက်အောက်မှ နယ်မြေသခင်ဖြစ်စေ တာယွီအင်ပါယာမှကျန်းပိုင်အမတ်ကြီးဖြစ်စေ သူတို့သည် ခြေတစ်ချက်ဆောင့်နင်းလိုက်ရုံဖြင့် ကောင်းကင်ဘုံနယ်မြေအား တုန်ခါသွားစေသော တည်ရှိမှုကြီးများပင်။

ယင်ချင်းလန်က မည်သို့သောအရည်အချင်းဖြင့် ဤသို့အစွမ်းထက်ပုဂ္ဂိုလ်များအား အပြစ်ပြုခဲ့သနည်း။

ယင်ချင်းလန်က သက်ပြင်းရှိုက်နေပေ၏။

"ငါက ဘေးကပ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်ပဲ...သူတို့က ငါကိုဖမ်းဆီးပြီး လူသားဆေးပြင်းဖိုအဖြစ် အသုံးပြုချင်ကြတာ"

အမှန်အားဖြင့် ဤသည်က သူမ၏အပြစ်မဟုတ်ချေ။သူမ၏ခန္ဓာကိုယ်ဖွဲ့စည်းမှုကြောင့် တခြားလူများက လိုချင်တပ်မက်ကြသဖြင့် ပြဿနာများဖြစ်ပွါးခဲ့ခြင်းပင်။

ထိုနယ်မြေသခင်များသည် အကယ်၍သာ ဘေးကပ်ဆိုးခန္ဓာကိုယ်ပိုင်ရှင် အမျိုးသမီးတစ်ယောက်နှင့်အတူ ယင် ယန် နှစ်မွှာကျင့်စဥ်ကို ကျင့်ကြံနိုင်ပါက ဥပဒေသတစ်ခုအား ချက်ချင်းနားလည်သဘောပေါက်နိုင်မည်ဖြစ်ပြီး တာအိုသခင်တစ်ယောက်ဖြစ်လာပေမည်။

ဤဘေးကပ်ဆိုးခန္ဓာကိုယ်အမျိုးအစားသည် ကျင့်ကြံသူများအတွက် ရူးသွပ်စေနိုင်သော ဆွဲဆောင်မှုကြီးပင်။

"အံ့အားသင့်စရာမရှိတော့ဘူး..."

လုယွီက တီးတိုးရေရွတ်လိုက်၏။

"ဒါပေမယ့် အခုလက်ရှိချိန်မှာ သားရဲတစ်သောင်းမျှော်စင်ကို အမှီပြုပြီး မိုးကောင်းကင်တာအိုနဲ့ကတိခံထားတာက မင်းအတွက် အသက်ရှင်စရာနည်းလမ်းမဖြစ်နိုင်ဘူး"

"ငါ မင်းကို ရွေးချယ်စရာနှစ်ခုပေးမယ်"

"ပထမတစ်ခုက မင်း ဒီအတိုင်းပဲဆက်နေလို့ရတယ်...ဒါပေမယ့် မင်းရဲ့လက်ရှိအခြေအနေက အားနည်းနေပြီ...ဒီနေရာကိုရောက်လာတဲ့ လူတစ်ယောက်ယောက်ရဲ့ခန္ဓာကိုယ်ကို မင်း အပိုင်မစီးဘူးဆိုရင် တဖြည်းဖြည်းနဲ့ မင်းရဲ့စိတ်ဝိညာဥ်ပျောက်ကွယ်သွားလိမ့်မယ်"

"ဒုတိယတစ်ခုက မင်း ငါ့ကို သားရဲတစ်သောင်းမျှော်စင်ထိန်းချုပ်ခွင့် ပေးရမယ်...နောင်တစ်ချိန်ကျ ငါရဲ့ကျင့်ကြံဆင့်မြင့်မားလာပြီဆိုရင် ငါ မင်းကို ခန္ဓာကိုယ်အသစ်ဖန်တီးပေးမယ်...ဘယ်လိုလဲ"

"နင်ပြောတာအမှန်ပဲ....ငါ့မှာ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မရှိဘူးဆိုရင် အနှေးနဲ့အမြန် ငါ ပျောက်ကွယ်သွားလိမ့်မယ်"

ယင်ချင်းလန်၏မျက်လုံးများအတွင်းမှ အေးစက်စက်အလင်းရောင်များ ထွက်ပေါ်လာသည်။

"ဘယ်လိုပဲဖြစ်ဖြစ် အခု ငါ့ရှေ့မှာ သက်ရှိလူသားနှစ်ယောက် ရှိနေတာမဟုတ်ဘူးလား...နင်ကို ငါ အလွတ်ပေးလိုက်မယ်...ဟိုကောင်မလေးမှာလည်း ငါ့လိုမျိုး ဘေးကပ်ဆိုးခန္ဓာကိုယ်ရှိတယ်...တကယ်လို့ ငါ သူ့ခန္ဓာကိုယ်ကို အပိုင်စီးလိုက်မယ်ဆိုရင် နင်ပြောတဲ့ကိစ္စတွေ ငါလိုက်နာစရာမလိုတော့ဘူး"

ပတ်ဝန်းကျင်ရှိ လေထုသည် အလွန်အမင်း အေးစက်လာပေ၏။

ယင်ချင်းလန်၏ပုံရိပ်သည် ဖျတ်ခနဲရွေ့လျားသွားပြီး ကျီးချန်ယွီထံ ဦးတည်သွားနေသည်။

သို့ရာတွင် လုယွီက ရုတ်တရက် ကျီးချန်ယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။

"မင်းက ကြိုးစားရဲသေးတာလား"

လုယွီ၏မျက်နှာအမူအယာ ပျက်ယွင်းသွားခြင်းမရှိချေ။သူ၏နောက်ကျောမှနေ၍ ဧရာမမြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးထွက်ပေါ်လာပြီး ယင်ချင်းလန်၏အကြွင်းအကျန်စိတ်ဝိညာဥ်ထံ ဦးတည်၍ ဒေါသတကြီးဟိန်းဟောက်လိုက်သည်။

All Chapters