← Chapters

အခန်း (၇၃၁-၇၃၅)

Vol. 40 Ch. 731-735

အခန်း (၇၃၁-၇၃၅)

Vol. 40 Ch. 731-735

Chapter 731

ဝေါင်း......

မြေပြင်တုန်ခါသွားစေသော အသံကြီးနှင့်အတူ ယဲ့ချင်းလန်သည် မူးဝေပြီး လဲကျသွားလေ၏။

အချိန်တခဏအကြာမှပင် သူမက အသိပြန်ဝင်လာသည်။

"ဒါက မဟာတာအိုဥပဒေသပဲ....နင်က တာအိုသခင်တစ်ယောက်လား"

ယဲ့ချင်းလန်က တုန်တုန်ရီရီဖြင့် မေးမြန်းလိုက်သည်။

ကောင်းကင်ဘုံနယ်မြေရှိ တာအိုသခင်တိုင်းသည် အဖိုးတန်ရှားပါးသော တည်ရှိမှုကြီးများဖြစ်ပြီး အားအနည်းဆုံးတာအိုသခင်ပင်လျှင် သူမ မော့မကြည့်ဝံ့သောပုဂ္ဂိုလ်မျိုးဖြစ်သည်။

ထို့ပြင် အစောပိုင်းက လုယွီ၏စိတ်ဝိညာဥ်မှ ဒေါသတကြီးဟိန်းဟောက်သံသည် သူမ၏စိတ်ဝိညာဥ် ပြန့်ကျဲသွားလုမတက် ခံစားလိုက်ရသည်။

ရုတ်တရက် လုယွီက သူ၏လက်ကို ဆန့်ထုတ်လိုက်၏။သူ၏နောက်မှ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးကလည်း ဧရာမလက်ဖဝါးကြီးကို ဆန့်ထုတ်ကာ ယဲ့ချင်းလန်အား ဖမ်းဆုပ်ထားလေသည်။

"ငါ အမှန်အတိုင်း ကြားချင်တယ်"

လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

ခရက်...ခရက်...

မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးသည် နတ်ဘုရားစွမ်းအားပိုင်ဆိုင်ထားပုံရပြီး ယင်ချင်းလန်၏အကြွင်းအကျန်စိတ်ဝိညှစ်အား ကျိုးကြေလုမတက် ဖျစ်ညှစ်ထားသည်။

"ငါ အမှန်အတိုင်းပြောနေတာလေ"

ဘန်း...

မြေအောက်လောကနတ်ဘုရားပုံရိပ်၏ပြင်းထန်သော ရိုက်ချက်တစ်ချက်နှင့်အတူ ယင်ချင်းလန်သည် မြေကြီးအတွင်းသို့ နစ်ဝင်သွားပေ၏။

"ဒီအရှင်သခင်ကို အရူးလို့ ခင်ဗျားထင်နေတာလား....ဂုဏ်သိက္ခာရှိတဲ့ ကျန်းပိုင်အမတ်ကြီးက ခင်ဗျားနဲ့အတူသေဆုံးသွားရတယ်ဆိုတာ ကျုပ်သိပြီးသား...ခင်ဗျားမှာ သားရဲတစ်သောင်းမျှော်စင်ရှိနေတာကိုမဆိုထားနဲ့...တကယ်လို့ ခင်ဗျားမှာ အဲ့လိုမျှော်စင်မျိုးဆယ်ခုရှိနေရင်တောင် သူက ခင်ဗျားနဲ့အတူသေဖို့ဆိုတာ မဖြစ်နိုင်ဘူး"

လုယွီ၏အသံက အေးစက်တင်းမာနေပေ၏။

တာယွီအင်ပါယာတွင် မြေအောက်လောကမှ စေလွှက်ထားသော သူလျှိုများစွာရှိသည်။ထူးခြားဖြစ်စဥ်များ၏သတင်းတိုင်းလိုလို လုယွီထံသို့ ရောက်ရှိသည်။

ထို့ပြင် လုယွီသည် ကောင်းကင်ဘုံအင်ပါယာ၏စိတ်ဝိညာဥ်အား ဝါးမြိုထားသူဖြစ်သည်။မည်သူကမျှ သူ့ထက်ပို၍ တာယွီအင်ပါယာအကြောင်း မသိနိုင်ချေ။

ကျန်းပိုင်အမတ်ကြီးအား ကောင်းကင်ဘုံအင်ပါယာထိုက်ချမ်၏အမတ်ချုပ်ကြီးဟု သတ်မှတ်နိုင်သည်။ထိုကဲ့သို့လူစားမျိုးက မည်သည်ကြောင့် အားနွဲ့သည့်မိန်းမသားတစ်ယောက်အား အနိုင်ကျင့်မည်နည်း။

"အမှန်တော့ ကျုက် ခင်ဗျားကို ရွေးချယ်ခွင့်ပေးဖို့မလိုအပ်ဘူး ...တကယ်လို့ ကျုပ် ခင်ဗျားကိုသတ်လိုက်ရင် သားရဲတစ်သောင်းမျှော်စင်က ကျုပ်အပိုင်ဖြစ်သွားပြီ"

လုယွီက ရုတ်တရက် ပြောဆိုလိုက်၏။

ယင်ချင်းလန်က ကြောက်လန့်တကြား အော်ဟစ်လေသည်။

"တကယ်လို့ နင် ငါ့ကိုသတ်လိုက်မယ်ဆိုရင်....ဒီကြယ်နယ်မြေရဲ့မိုးကောင်းကင်တာအိုက နင့်ကို အလွတ်ပေးမှာမဟုတ်ဘူး"

လုယွီက သရော်တော်တော်လေသံဖြင့် ပြောဆိုလိုက်၏။

"ခင်ဗျား ဘယ်လိုထင်လဲ...ဒီကြယ်နယ်မြေရဲ့ မိုးကောင်းကင်တာအိုအဆင့်လောက်က ကျုပ်ကို ဘာလုပ်နိုင်မှာမလို့လဲ"

ယင်ချင်းလန်၏မျက်နှာ ဖြူရော်သွားပြီး သူမ၏နှုတ်ခမ်းများ တဆတ်ဆတ်တုန်လာသော်လည်း မည်သည့်စကားသံမျှထွက်မလာချေ။

တာအိုသခင်အဆင့်ကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေကြီးမှ မဟာတာအိုလမ်းကြောင်းကို သဘောပေါက်နားလည်ပြီးသူများဖြစ်သည်။သူတို့အတွက် ဤကဲ့သို့ပျက်စီးနေသော ကြယ်နယ်မြေမှ မိုးကောင်းကင်တာအိုသည် အရေးပါသောအရာမဟုတ်ချေ။

မည်သည့်တာအိုသခင်မဆို လက်ညှိုးတစ်ချောင်းဖြင့်ပင် ကြယ်နယ်မြေတစ်ခုလုံးအား အမြစ်ပြတ်သုတ်သင်ပစ်နိုင်သည်။

ယင်ချင်းလန်က တုန်ရီနေသော လေသံဖြင့် ပြောဆိုလိုက်သည်။

"ငါ ပြောမယ်...တကယ်တော့ ကျန်းပိုင်အမတ်ကြီးကို ငါ ချောင်းမြောင်းလုပ်ကြံခဲ့တာ...ဒါကြောင့် သူ သေဆုံးသွားရတာပဲ"

လုယွီ၏မျက်ခုံးများ တွန့်ချိုးနေဆဲဖြစ်သည်ကိုကြည့်ပြီး ယင်ချင်းလန်က ထိတ်လန့်တကြား အော်ဟစ်လေ၏။

"င်္ဒတစ်ကြိမ်တော့ ငါ မလိမ်ဘူးနော်...ငါက ကျန်းပိုင်အမတ်ကြီးကို တိုက်ခိုက်ဖို့ လူတွေအများကြီးနဲ့ပူးပေါင်းခဲ့တယ်...သူက အရမ်းအစွမ်းထက်နေမယ်လို့ ဘယ်သူကသိမှာလဲ...သူ မသေခင် နောက်ဆုံးတိုက်ခိုက်လိုက်တဲ့ ထိုးနှက်မှုတစ်ခုက ငါ့ကို ဒီလိုဘဝမျိုး ရောက်သွားစေတာပဲ"

"ခင်ဗျား ကျုပ်ကို ဖုံးကွယ်ချင်သေးတာလား"

လုယွီက အေးစက်စက်နှာမှုတ်လိုက်၏။

မည်သည့်တုံဆိုင်းခြင်းမျှမရှိဘဲ လုယွီက သူ၏လက်ကို ယင်ချင်းလန်၏ခေါင်းပေါ်သို့တင်၍ စိတ်ဝိညာဥ်ရှာဖွေခြင်းမန္တန်အား ရေရွတ်လေသည်။

မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး၏ မျက်လုံးတစ်စုံမှလည်း အေးစက်စက်အလင်းရောင်များ ဖြာထွက်နေသည်။

ယင်ချင်းလန်၏အကြွင်းအကျန်စိတ်ဝိညာဥ်သည် မိန်းမောတွေဝေသော အခြေအနေသို့ ကျရောက်သွားပြီး တစ်ချိန်တည်းမှာပင် လုယွီ၏မျက်ခုံးများ တွန့်ကွေးသွားသည်။

ယင်ချင်းလန်၏မှတ်ဥာဏ်များက ဒီရေအလား လုယွီ၏စိတ်အတွင်းသို့ တိုးဝင်လာပေ၏။

အချိန်တခဏကြာပြီးနောက်...

လုယွီက စိတ်ဝိညာဥ်ရှာဖွေခြင်းအား ရပ်တန့်လိုက်သော်လည်း သူက ယင်ချင်းလန်၏အကြွင်းအကျန်စိတ်ဝိညာဥ်အား လွှက်ပေးခြင်းမရှိချေ။

"ဒီတစ်ကြိမ်တော့ ခင်ဗျား ကျုပ်ကို ဘာတွေဖုံးကွယ်ချင်သေးလဲ...ခင်ဗျားက ရှေးဟောင်းနတ်ဆိုးအကြွင်းအကျန်တွေနဲ့ ပူးပေါင်းခဲ့တာပဲ"

လုယွီ၏မျက်လုံးများအတွင်းမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်လာသည်။

ကောင်းကင်ဘုံနယ်မြေတွင် တာယွီအင်ပါယာနှင့်မြေအောက်လောက နယ်မြေနှစ်ခုစလုံးသည် ရှေးဟောင်းနတ်ဆိုးများအား တားဆီးပိတ်ပင်ကြသည်။

ရှေးဟောင်းနတ်ဆိုးများနှင့် ပူးပေါင်းဝံ့သော မည်သူမဆို ကောင်းကင်ဘုံနယ်မြေရှိ မရေမတွက်နိုင်သော ထိပ်သီးအင်အားစုများ၏တိုက်ခိုက်ခြင်းအား ခံရပေမည်။

ဤအချိန်မှာပင် ယင်ချင်းလန်က စိတ်ဝိညာဥ်ရှာဖွေခံရခြင်းကြောင့် မိန်းမောနေရာမှ အသိပြန်ဝင်လာသည်။

သူမ၏မျက်လုံးများက ပြန်လည်၍ကြည်လင်လာသည်။ရုတ်တရက် သူမက လုယွီ၏အေးစက်စက်အကြည့်အား မြင်တွေ့မိချိန်တွင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

"ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ"

ယဲ့ချင်းလန်က အသနားခံတောင်းပန်လိုက်၏။

Chapter 732

ယင်ချင်းလန်သည် ဘေးကပ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သည့်အပြင် ဆွဲဆောင်ညှို့ငင်မှုနည်းစနစ်များကိုလည်း လေ့ကျင့်ထားပုံရသည်။သူမက တောင်းပန်နေစဥ်တွင် ညှို့ငင်နည်းစနစ်မန္တန်တစ်ပုဒ်အား တိတ်တဆိတ်ရွတ်ဆိုလိုက်၏။ရုတ်ချည်းဆိုသလိုပင် ယဲ့ချင်းလန်က အလွန်ဆွဲဆောင်နိုင်ပုံထင်ရပြီး တွေ့မြင်မိသောလူများအား သနားဂရုဏသက်စေသောစိတ်များ ပေါက်ဖွားလာစေသည်။

ခပ်သဲ့သဲ့အပြုံးနှင့်အတူ လုယွီက ယင်ချင်းလန်အား ကြည့်နေပေ၏။

"ခင်ဗျား တက်နိုင်တဲ့ နောက်ဆုံးအရာက ကျုပ်ကို လှည့်ဖျားဖို့လား...ကျုပ် အရင်တုန်းက မိန်းမတစ်ယောက်ရဲ့လှည့်ဖျားတာကို ခံခဲ့ရဖူးတယ်...ဒါပေမယ့် အဲ့ဒီကိစ္စက ကျုပ်အပြစ်လည်းပါတယ်....ခင်ဗျားကတော့ ကျုပ်ကို တစ်ချိန်လုံး လိမ်လည်လှည့်ဖျားနေတာ...ကြည့်ရတာတော့ ကျုပ် ခင်ဗျားကို သင်ခန်းစာပေးရတော့မယ့်ပုံပဲ...ကျုပ် ခင်ဗျားကို အစက မသတ်ဖို့ရည်ရွယ်ထားခဲ့တယ်...ဒါပေမယ့် ရှေးဟောင်းနတ်ဆိုးတွေနဲ့ပူးပေါင်းခဲ့တဲ့ ခင်ဗျားက သေဖို့ပဲထိုက်တန်တယ်"

ဝေါင်း....

ကျယ်လောင်သောဟိန်းဟောက်သံကြီးက လုယွီ၏နောက်မှ ထွက်ပေါ်လာသည်။

မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးထံမှ ပြင်းထန်သော ဖိအားလှိုင်းတစ်ရပ် ထွက်ပေါ်လာပြီး ယင်ချင်းလန်ထံတိုးဝင်သွားကာ သူမ၏အကြွင်းအကျန်စိတ်ဝိညာဥ်အား ဖိနှိပ်လိုက်၏။

ယင်ချင်းလန်က သူမ၏စိတ်ဝိညာဥ်အား ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ချက်ချင်းပင်ခံစားလိုက်ရ၏။

"နင် ငါ့ကို သတ်လို့မရဘူး....ငါ့ကို မိုးကောင်းကင်တာအိုက ကာကွယ်ပေးထားတယ်...တကယ်လို့ နင် ငါ့ကို သတ်လိုက်မယ်ဆိုရင် နင်က မိုးကောင်းကင်တာအိုကို စိတ်ခေါ်သလိုဖြစ်မှာ"

"မြင့်မြတ်တဲ့ဘိုးဘေးက နိုးထလာတော့မှာ....တကယ်လို့ နင်က တာအိုသခင်တစ်ယောက်ဖြစ်နေရင်တောင်...နင် သေရမှာပဲ"

ယင်ချင်းလန်က ရူးသွပ်လုမခမ်း စူးစူးဝါးဝါး အော်ဟစ်နေသည်။

လုယွီ၏မျက်နှာကမူ တည်ငြိမ်နေဆဲပင်။သူ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးက ယင်ချင်းလန်အား ဖိနှိပ်ထားပြီး အချိန်တခဏကြာပြီးနောက်တွင် သူမ၏အကြွင်းအကျန်စိတ်ဝိညာဥ် ပျောက်ကွယ်သွားတော့သည်။

အကယ်၍ သူမ၏ခန္ဓာကိုယ်အစစ်အမှန်သာ ဤနေရာ၌ ရှိနေပါက လုယွီ ကြောက်ရွံကောင်း ကြောက်ရွံနိုင်မည်။အကြွင်းအကျန်စိတ်ဝိညာဥ်အမျှင်တန်းမျှဖြင့် လုယွီအတွက် အရေးမပါချေ။

"တာယွီအင်ပါယာရဲ့ကျန်းပိုင်အမတ်ကြီးက ဒီလိုနိမ့်ကျတဲ့သူတစ်ယောက်ကြောင့် သေဆုံးသွားရမယ်ဆိုတာ ငါ မျှော်လင့်မထားမိဘူး"

ရှေးဟောင်းနတ်ဆိုးများသည် အဓိပ္ပါယ်မရှိသောကိစ္စများအား ပြုလုပ်လေ့မရှိချေ။ယင်ချင်းလန်သည် လူအများအပြားကိုခေါ်ဆောင်၍ ကျန်းပိုင်အမတ်ကြီးအား တိုက်ခိုက်ခြင်းမှာ တစ်စုံတစ်ယောက်၏ခိုင်းစေခြင်းကြောင့်ပင်။

သူမက ရှေးဟောင်းနတ်ဆိုးများ၏ အသုံးချခံနယ်ရုပ်တစ်ရုပ်သာဖြစ်သည်။

ယင်ချင်းလန် သေဆုံးသွားသည်နှင့် သူမဖန်တီးထားသော သီးသန့်လေဟာနယ်လည်း ပျောက်ကွယ်သွားတော့သည်။

လုယွီက ကျီးချန်ယွီ၏ရှေ့၌ ပြန်လည်ထွက်ပေါ်လာပေ၏။

ဤအချိန်တွင် မူလက ကျောက်တုံးစင်မြင့်ပေါ်၌ ထိုင်နေသော အရိုးစုသည် ကြေမွစပြုလာသည်။

လေတစ်ချက်အဝှေ့တွင် အရိုးစုသည် ပြာအဖြစ်ပြောင်းသွားပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။

ကျီးချန်ယွီက ထိတ်လန့်တကြား မေးမြန်းလေသည်။

"ဘာလို့ အရိုးစုက ရုတ်တရက်ကြီး ကြေမွသွားတာလဲ"

သူမ၏ကျင့်ကြံဆင့်နယ်ပယ်သည် ယင်ချင်းလန်၏အကြွင်းအကျန်စိတ်ဝိညာဥ်အား မြင်တွေ့နိုင်ရန် လုံလောက်ခြင်းမရှိပေ။

လုယွီက အံ့အားသင့်သွားခြင်း မရှိချေ။အမှန်အားဖြင့် ထိုအရိုးစုသည် ယင်ချင်းလန်၏အကြွင်းအကျန်စိတ်ဝိညာဥ်အား ထိန်းသိမ်းထားသောအရာပင်။

ယခုချိန်၌ ယင်ချင်းလန်သည် ပျောက်ကွယ်သွားပြီဖြစ်သဖြင့် အရိုးစုသည်လည်း တည်ရှိနိုင်ခြင်း မရှိတော့ပေ။

လုယွီက စာလိပ်ကိုကောက်ယူပြီး ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် ခြင်္သေ့တစ်ကောင်၏ဟိန်းသံက စာလိပ်မှထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံးအား တုန်ခါသွားစေသည်။

ဤသည်က စိတ်ဝိညာဥ်တိုက်ခိုက်မှုမှော်နည်းစနစ် ဖြစ်ပေ၏။

အကယ်၍ လုယွီကသာ ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါက သူ၏စိတ်ထိန်းချုပ်နိုင်မှုလွတ်ကင်းသွားပေမည်။ထိုအချိန်တခဏတွင် သူသည် ယင်ချင်းလန် ပြင်ဆင်ထားသော တိုက်ခိုက်မှုဒဏ်အါး ခံယူရမည်မှာသေချာပေ၏။

"တိတ်စမ်း"

လုယွီ၏အကြည့်က အေးစက်တင်းမာနေသည်။သူ့စိတ်ဝိညာဥ်၏တိုက်ခိုက်မှုအောက်တွင် စာလိပ်၏တိုက်ခိုက်မှု ပျောက်ကွယ်သွားသည်။

ထို့နောက် မျှော်စင်ပုံစံတစ်ခုက စာလိပ်ပေါ်၌ ထွက်ပေါ်လာပေ၏။မျှော်စင်၌ အထပ်ခုနစ်ထပ်ပါရှိသည်။

မျှော်စင်၏နေရာအများစုသည် မှောင်မည်းနေပြီး ပထမဆုံးနှစ်ထပ်သာလျှင် အလင်းရောင်တောက်ပနေသည်။

"တာအိုဒုတိယဆင့် နတ်ဆိုးမှော်သားရဲတစ်ကောင်ပဲ ကျန်တော့တာလား....အမြင့်ဆုံးနတ်ဆိုးသားရဲတောင် စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူအဆင့်ပဲရှိတယ်"

လုယွီက ကူကယ်ရာမဲ့စွာ ရေရွတ်ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။

အကယ်၍သာ ဤစာလိပ်သည် သားရဲတစ်သောင်းမျှော်စင်၏ အထွတ်အထိပ်အခြေအနေအား အသုံးပြုနိုင်ပါက ထိပ်သီးနတ်ဆိုးမှော်သားရဲအများအပြားအား ဆင့်ခေါ်ကာ ရန်သူများအား ချေမှုန်းတိုက်ခိုက်နိုင်ပေမည်။

ဤကဲ့သို့စွမ်းအားမျိုးသည် လက်ရှိကြယ်နယ်မြေပေါ်ရှိ မည်သည့်အင်အားစုကိုမဆို ပျောက်ကွယ်သွားစေရန် လုံလောက်ပေ၏။

"ကျန်းပိုင်အမတ်ကြီးက သာမာန်လူတစ်ယောက်တော့ မဟုတ်ဘူး...သူ့ရဲ့စွမ်းဆောင်ရည်က သားရဲတစ်သောင်းမျှော်စင်ကို ဒီလိုအခြေအနေမျိုး ဖြစ်သွားစေတယ်"

လုယွီ၏စိတ် တဖြည်းဖြည်းနှင့် ပြန်လည်တည်ငြိမ်သွားသည်။

ယခုလက်ရှိအချိန်တွင် သားရဲတစ်သောင်းမျှော်စင်သည် ပျက်စီးနေသည့်တိုင် သူ့အတွက် အဖိုးတန်သောမှော်လက်နက်တစစ်ခုပင်။

Chapter 733

လုယွီက သူ၏အစစ်အမှန်သွေးစက်အား စာလိပ်ပေါ်သို့ချလိုက်၏။

ရုတ်ချည်းဆိုသလိုပင် စာလိပ်မှ အနက်ရောင်ဖျော့့ဖျော့ အမှတ်အသားများ ထွက်ပေါ်လာသည်။

ဤအချိန်တခဏမှာပင် သားရဲတစ်သောင်းမျှော်စင်၏ပိုင်နက်နယ်မြေအတွင်းရှိ သားရဲများအားလုံး သူတို့၏ခေါင်းများကို မော့လိုက်ကြ၏။

သူတို့၏စိတ်နှလုံးသားများအတွင်း၌ တစ်စုံတစ်ရာ လှုပ်ခတ်သွားခြင်းကို ခံစားနေရသည်။သူတို့အတွက် သခင်အသစ်ပြောင်းလဲသွားလေပြီ။

တောအုပ်တစ်ခုလုံးရှိ အိပ်မောကျနေကျသော နတ်ဆိုးမှော်သားရဲများအားလုံး ပြန်လည်နိုးထလာကြ၏။

ကောင်းကင်နန်းတော်ပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်နေကြသော ကျင့်ကြသူများသည် ဒုက္ခသုက္ခများစွာ ခံစားနေရသည်။ကျင့်ကြံသူအများစုသည် ပြိုင်ပွဲမှထုတ်ပယ်ခြင်း ခံလိုက်ရ၏။

"ဆရာသခင်...ဒီနေရာမှာ အပြောင်းအလဲတချို့ ဖြစ်သွားပုံရတယ်...နတ်ဆိုးမှော်သားရဲတွေက အရင်ထက်ပိုပြီး ရက်စက်ကြမ်းကြုတ်လာတယ်လို့ တပည့်ခံစားမိတယ်"

ဖန်ရှို့ယွင်၏ဓား ပျံဝဲထွက်သွားပြီးနောက် နတ်ဆိုးမှော်သားရဲတစ်ကောင်၏ခေါင်းအား ပြတ်တောက်သွားသည်။

သူမ၏နောက်ရှိ တပည့်မများ၏မျက်နှာများ ဖြူရော်နေပြီး ထိတ်လန့်ကြောက်ရွံမှုကြောင့် သူမတို့၏ခန္ဓာကိုယ်များ တုန်ရီနေပေ၏။

ပိုင်ဆုချင်ကမူ မြင်းမြှီးကျာပွတ်ကို ကိုင်ဆောင်ထားပြီး တည်ငြိမ်နေဆဲပင်။သူမက နံဘေးပတ်ဝန်းကျင်၌ ဟိန်းဟောက်နေသော မှော်သားရဲများကို လျစ်လျှူရှုထားပြီး ရှေ့သို့သာ စူးစိုက်ကြည့်နေသည်။

ပိုင်ဆုချင်၏ရှေ့ လေထုအတွင်းမှနေ၍ ကြက်သွေးရောင်ဝေါယာဥ်တစ်စီးက ရုတ်တရက် ထွက်ပေါ်လာသည်။

ဝေါယာဥ်ကို ကျင့်ကြံသူလေးယောက်က သယ်ဆောင်ထားပြီး လူအယောက်နှစ်ဆယ်ကျော်က နံဘေး၌လိုက်ပါစောင့်ကြပ်နေသည်။ထိုသူများအားလုံးသည် ဓမ္မရုပ်ထုနယ်ပယ်နှောင်းပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ပေ၏။

ဝေါယာဥ်အနီးသို့ ချဥ်းကပ်ဝံ့သော မည်သည့်မှော်သားရဲမဆို ချက်ချင်းသတ်ဖြတ်ခံရပြီး အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။

"အကြီးအကဲပိုင်....မင်းနဲ့ငါက ဒီနေရာမှာဆုံတွေ့ဖို့ ရေစက်ပါပုံပဲ...ငါတို့နှစ်ယောက်ပူးပေါင်းပြီး အတူခရီးဆက်ကြရင် ပိုမကောင်းဘူးလား"

ဝေါယာဥ်မှနေ၍ ညှို့ငင်ဓာတ်ပါသော အမျိုးသားသံတစ်သံ ထွက်ပေါ်လာသည်။

ထိုအသံကိုကြားချိန်တွင် ပိုင်ဆုချင်၏မိုးမခကိုင်းပုံ မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားသည်။သို့ရာတွငမ အချိန်တခဏအကြာတွင် သူမ၏မျက်ခုံးများ ပြန်လည်ပြေလျော့သွားပြီး ပြောဆိုလိုက်၏။

"သခင်လေးလု ဒုက္ခမရှာပါနဲ့...တကယ်လို့ နင် ငါနဲ့တိုက်ခိုက်ချင်တယ်ဆိုရင်တော့ အချိန်မရွေးအဖော်ပြုပေးပါ့မယ်"

ဝေါယာဥ်ထံမှ ကျယ်လောင်သော ရယ်မောသံကြီးထွက်ပေါ်လာပြီးနောက် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး လူရိပ်တစ်ရိပ် ထွက်လာလေ၏။

ထိုလူသည် အလွန်ချောမောခန့်ညားသော လူငယ်တစ်ယောက်ဖြစ်ပြီး သူ၏ဆံပင်များက ရှည်လျားကာ စူးရှသောမျက်လုံးများ ပိုင်ဆိုင်ထားသည်။ထိုလူ၏ပုံပန်းသွင်ပြင်အား မြင်တွေ့ရချိန်တွင် ကြိုးကြာဖြူတောင်မတပည့်မများအနက်မှအများစု၏ အသက်ရှုသံများ လေးလံသွားသည်။

"စီနီယာအမ....အဲ့ဒီလူက ဘယ်သူလဲ"

တပည့်မတစ်ယောက်က ဖန်ရှို့ယွင်အား မေးမြန်းလိုက်၏။

ဖန်ရှို့ယွင်က ပြောဆိုလေသည်။

"သူက လုမိသားစုရဲ့ ကောင်းကင်ဘုံချီးမြှောက်ခံ လုဝူယာပဲ"

တပည့်မတစ်ချို့၏ခန္ဓာကိုယ်များ တုန်ရီသွားပြီး သူတို့၏ခြေထောက်များ ပျော့ခွေသွားသကဲ့သို့ပင် ခံစားမိသည်။

လူဝူယာသည် သူနှင့်မျိုးဆက်တူလူငယ်များအတွင်း၌ ဒဏ္ဍာရီအလားတည်ရှိမှုကြီးဖြစ်သည်။ထို့ပြင် လူဝူယာသည် မြောက်များစွာသောအမျိုးသမီးများ၏ စိတ်ကူးယဥ်အိမ်မက်ချစ်သူလည်း ဖြစ်ပေ၏။

ကြိုးကြာဖြူတောင်မှ တပည့်မအများစု၏မျက်နှာများ နီမြန်းနေပြီး သူမတို့က လုဝူယာအား ရဲရဲမကြည့်ဝံ့ကြချေ။

လုဝူယာ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့် တွဲလွဲခိုနေသည်။

"ငါက ဘယ်လိုလုပ်ပြီး တိုက်ခိုက်ရဲမှာလဲ...အကြီးအကဲပိုင်ကို ငါ ပထမဆုံး မြင်တွေ့ကတည်းက သိဟောင်းကျွမ်းဟောင်းတစ်ယောက်လို ခံစားမိတယ်...ငါဆီမှာ ဘယ်လိုလုပ်ပြီး မင်းကိုတိုက်ခိုက်ဖို့ ဆန္ဒရှိမှာလဲ"

"ဒါပေမယ့် ငါက လျှို့ဝှက်နဂါးစာရင်းပထမနေရာမှာရှိတဲ့ မြေအောက်လောကဆိုတဲ့သူကို မင်းတို့ဂိုဏ်းက ဂိုဏ်းဝင်အသစ်အဖြစ်သိမ်းသွင်းထားတယ်လို့ ငါ ကြားထားတယ်"

လုဝူယာ၏လေသံ ရုတ်တရက်ပြောင်းလဲသွားသည်။

"မင်းက ဘယ်လိုလူစားမျိုးလဲဆိုတာ ငါ တကယ်ကို သိချင်မိတယ်"

ပိုင်ဆုချင်က မျက်မှောင်ကြုတ်နေပေ၏။

"ကြည့်ရတာတော့ ငါတို့လင်ရှောင်းဂိုဏ်းမှာ လုမိသားစုကသူလျှိုတွေအများကြီးရှိပုံပဲ"

ဤကိစ္စအား ပိုင်ဆုချင်နှင့်လူတချို့သာ သိရှိထားသည်။

သို့ရာတွင် လုဝူယာ၏ပုံပန်းသွင်ပြင်အရ ဤကိစ္စအား ရှင်းရှင်းလင်းလင်းသိထားသည်မှာ သိသာထင်ရှားပေ၏။

"မြေအောက်လောက ဘယ်မှာလဲ...သူ ဒီနေရာမှာ မရှိဘူးလား"

လုဝူယာ၏အကြည့်က ကြိုးကြာဖြူတောင်မှတပည့်မတိုင်းထံသို့ ကျရောက်သွားသည်။

ကြိုးကြာဖြူတောင်မှတပည့်မများကမူ အံ့အားသင့်တုန်လှုပ်နေကြ၏။

"ထူးဆန်းတယ်...ဖြစ်နိုင်တာတော့ ဆရာသခင်က တပည့်အသစ်တစ်ယောက် မကြာမီကမှ လက်ခံလိုက်တာများလား"

"မြေအောက်လောကလား....ငါ အဲ့ဒီနာမည်ကိုကြားဖူးတယ်...သူက ယင်လော့ဂိုဏ်းသခင်လေးနဲ့လုဝူယာကို ဖိနှိပ်ပြီး လျှို့ဝှက်နဂါးစာရင်းရဲ့ပထမနေရာကို ရယူသွားတဲ့သူမလား"

တပည့်မများသည် တီးတိုးပြောဆိုပြီး တိုင်ပင်ဆွေးနွေးနေပေသည်။

အမှန်အားဖြင့် သူတို့က လုယွီအကြောင်း တွေးတောမိသည်။သို့ရာတွင် သူတို့က ထိုအတွေးဝင်လာသည်နှင့် ဖျတ်ခနဲပျောက်ကွယ်သွားသည်။

မည်သို့ ဖြစ်နိုင်မည်နည်း။

လုယွီသည် သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူ တစ်ယောက်သာဖြစ်သည်။ထိုကဲ့သို့လူမျိုးက လျှို့ဝှက်နဂါးစာရင်း၌ဝင်ရန်ပင် အရည်အချင်းမပြည့်မီချေ။

Chapter 734

လှိုဏ်ဂူအတွင်း၌....

လုယွီသည် သားရဲတစ်သောင်းမျှော်စင်၏သခင်အဖြစ် အသိအမှတ်ပြုခံပြီးလေပြီ။ဤအချိန်မှစ၍ မျှော်စင်၏ထိန်းချုပ်မှုအောက်ရှိ သားရဲများအားလုံး လုယွီ၏အမိန့်ကို နာခံရပေမည်။

ဤခရီးစဥ်သည် သူ့အတွက် အကျိုးမယုတ်ချေ။

လုယွီက ကျီးချန်ယွီအား ပြောဆိုလိုက်၏။

"နောက်ထပ်နာရီဝက်လောက်ဆိုရင် ကောင်းကင်နန်းတော်ပြိုင်ပွဲကြီး ပြီးဆုံးတော့မယ်...မင်း ဒီနေရာမှာ အရင်ဆုံးကျင့်ကြံနေသင့်တယ်....ဒီနေရာမှာ စိတ်ဝိညာဥ်စွမ်းအားတွေ ထူထပ်သိပ်သည်းတော့ မင်း ပြိုင်ပွဲတတိယအဆင့်အတွက် ကြိုတင်ပြင်ဆင်သင့်တယ်"

ကျီးချန်ယွီက ခေါင်းညိတ်ပြလိုက်၏။ဤမျှများပြားသော စိတ်ဝိညာဥ်စွမ်းအားများကို သူမက အလဟဿအဖြစ်ခံရန်လည်း စိတ်ကူးမရှိချေ။သို့ရာတွင် သူမက အချိန်တခဏကြာ တွေဝေစဥ်းစားပြီး ပြောဆိုလေသည်။

"ရှင်ကရော....ရှင် ကျွန်မနဲ့အတူ ဒီနေရာမှာမလေ့ကျင့်ဘူးလား"

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။

"ငါ ဒီမှါမနေတော့ဘူး...ငါမှာ ဒီထက်ပိုပြီး အရေးကြီးတဲ့ကိစ္စတွေ လုပ်စရာရှိတယ်"

ယင်ချင်းလန်၏မှတ်ဥာဏ်များမှနေ၍ လုယွီသည် အစွမ်းထက်ရှေးဟောင်းနတ်ဆိုးတစ်ကောင်၏ပုံရိပ်အား တွေ့မြင်မိသည်။

လုယွီ၏အကဲဖြတ်မှုအရ ထိုရှေးဟောင်းနတ်ဆိုးသည် နယ်မြေသခင်အဆင့်ကျင့်ကြံသူနှင့် အဆင့်တူညီပေသည်။

ယင်ချင်းလန်နှင့်ရှေးဟောင်းနတ်ဆိုးတို့ အတူပူးပေါင်း၍ ကျန်းပိုင်အမတ်ကြီးအား တိုက်ခိုက်ခဲ့ကြသည်။ကျန်းပိုင်အမတ်ကြီးသည် အစွမ်းကုန်ကြိုးစား၍ ယင်ချင်းလန်တို့အား ထိခိုဏ်ဒဏ်ရါရစေခဲ့သည်။

သူတို့သုံးယောက်စလုံးသည် ဤကြယ်နယ်မြေပေါ်သို့ ရှေ့ဆင့်နောက်ဆင့် အတူတကွပြုတ်ကျလာပေ၏။အစောပိုင်းက လုယွီတွေ့ရှိခဲ့သော တံခါးကြီး၏နောက်၌ ကျန်းပိုင်အမတ်ကြီး၏ရုပ်အလောင်းအား မြှုပ်နှံထားသည်။

မူလက ယင်ချင်းလန်သည် ကျန်းပိုင်အမတ်ကြီး၏ခန္ဓာကိုယ်အား အပိုင်စီးရန် ကြံရွယ်ထားသည်။သို့ရာတွင် သူမက ရှေးဟောင်းနတ်ဆိုးအား ယှဥ်ပြိုင်နိုင်ခြင်းမရှိသဖြင့် သူမ၏တံခါးကိုလာခေါက်မည့် တစ်စုံတစ်ယောက်အား စောင့်ဆိုင်းနေခြင်းဖြစ်သည်။

"နယ်မြေသခင်အဆင့် ရှေးဟောင်းနတ်ဆိုး...မင်းတို့ကောင်တွေ တစ်ကောင်မှမလွတ်စေရဘူး"

လုယွီ၏အကြည့်က ရေခဲတမျှအေးစက်နေပေ၏။သူက သီးသန့်လှိုဏ်ခေါင်းမှနေ၍ ပြင်ပသို့ ခြေချလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်မှတပည့်က လုယွီရှေ့၌ ထွက်ပေါ်လာသည်။ထိုတပည့်သည် ဤနေရာ၌စောင့်နေသည်မှာ အချိန်ကြာမြင့်နေလေပြီ။အစောပိုင်းက ဖြစ်ပျက်ခဲ့သော ထူးဆန်းသည့် သဘာဝဖြစ်စဥ်များကိုလည်း သူ သတိပြုမိ၏။ထို့ပြင် သူသည် လှိုဏ်ဂူအတွင်းမှ အလင်းရောင်ဖျော့ဖျော့ တောက်ပလာခြင်းကိုလည်း တွေ့မြင်မိသည်။

လုယွီသည် လှိုဏ်ဂူအတွင်းမှ တစ်စုံတစ်ခုရရှိလာသည်မှာ သိသာထင်ရှားပေ၏။

"မင်း အထဲကရလာတာ ငါကိုပေးစမ်း...ပြီးတာနဲ့ မင်း ထွက်သွားတော့"

မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်မှတပည့်၏ စကားသံသည် ချိုသာမှုအလျင်းမရှိပေ။

သူက လုယွီ၏နောက်သို့လိုက်ပါသွားသော ကျီးချန်ယွီအား မမြင်တွေ့မိသဖြင့် သူ၏မျက်လုံးများတွင် သရော်ရိပ်များ ပို၍စွန်းထင်းလာသည်။

လုယွီ၏စိတ်နှလုံးသားတစ်ခုလုံး ရှေးဟောင်းနတ်ဆိုးအကြောင်းနှင့်ပြည့်နေပြီး မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်မှတပည့်နှင့် အချိန်ဖြုန်းလိုစိတ်မရှိချေ။

"ဒီနေရာကထွက်သွားစမ်း"

သူက ထိုတပည့်အား ခက်ထန်စွာ အော်ငေူက်လိုက်၏။

မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်မှတပည့်၏မျက်လုံးအကြည့် အေးစက်တင်းမာသွားသည်။

"ငါ မင်းကို သတိပေးပြီးပြီ...ဒါပေမယ့် မင်းက ကောင်းကင်ဘယ်လောက်မြင့်တယ်ဆိုတာ မသိဘူး...ငါ မင်းကိုပြောမယ်....ရတနာပစ္စည်းတွေဆိုတာက သူ့ကိုထိန်းသိမ်းနိုင်မယ့်လူဆီမှာပဲရှိသင့်တယ်...မင်းက အမှိုက်ကောင်တစ်ကောင်လေ...မင်းရခဲ့တဲ့ရတနာကို ငါ့ကို အေးအေးဆေးဆေးလွှဲပြောင်းပေးတာ ပိုကောင်းလိမ့်မယ်"

လုယွီက သူ ပြောသည်ကို မကြားသလိုပြုမူနေသည်အားကြည့်ပြီး သူက စိတ်မထိန်းချုပ်နိုင်တော့ဘဲ ဒေါသထွက်သွားကာ ရှေ့သို့တိုးဝင်သွားတော့သည်။

"မင်းက ငါ့ကို လျစ်လျှူရှုရဲတယ်ပေါ့"

ထိုတပည့်သည် လုယွီ၏ခါးမှသိုလှောင်အိတ်အား လှမ်းဆွဲလိုက်၏။

သို့ရာတွင် သူ၏လက်က လုယွီ၏ခါးအား ထိတွေ့တော့မည့် အချိန်တခဏမှာပင် ကြီးမားသောတန်ပြန်အားလှိုင်းတစ်ရပ်ကြောင့် သူ လွင့်ထွက်သွားသည်။

ဘန်း...

ထိုတပည့်သည် နံရံတစ်ခုနှင့် အပြင်းအထန် ဝင်ဆောင့်မိပေ၏။နံရံတစ်ခုလုံး အက်ကွဲကြောင်းများထလာပြီး လူပုံချိုင့်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။

မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်မှတပည့်သည် အက်ကွဲကြောင်းများကြား နစ်ဝင်သွားပြီး သူ၏ကြွက်သားနှင့်အရိုးများကြေမွပျက်စီးသွားကာ သေလုမျောပါးဖြစ်နေသည်။

"မဟုတ်ဘူး....မဖြစ်နိုင်ဘူး"

သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး သူ့ပါးစပ်မှ သွေးများအန်ထွက်ကျလာသည်။

ဤအချိန်တခဏအတောအတွင်းမှာပင် သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားစမ်းရေအိုင် အက်ကွဲသွားလေပြီ။

လုယွီသည် သဘာဝလွန်စွမ်းအင်နယ်ပယ်အမှိုက်ကောင်တစ်ကောင်မဟုတ်လော။မည်သည်ကြောင့် သူ၏ခွန်အားက ဤမျှထိ ကြီးမားနေရသနည်း။

"သူက လှိုဏ်ဂူထဲက ရတနာကိုရရှိသွားပြီးတော့ သူ့ရဲ့ခွန်အားတွေ တိုးပွါးလာတာပဲဖြစ်မယ်...ခွေးမသား...ငါက စီနီယာအကိုရှဆီအကြောင်းကြားပြီး သူ့ရဲ့ရတနာကို လုယူခိုင်းမယ်....သူရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးပြီး ငါ့ရှေ့မှာ သူ့ကိုဒူးထောက်ခိုင်းမယ်"

မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်မှတပည့်၏ မျက်လုံးများအတွင်း၌ ရန်ငြှိုးမုန်းတီးမှု အရိပ်အယောင်များ ပြည့်နှက်နေသည်။

သူ၏လက်အတွင်း၌ အဆောင်လက်ဖွဲ့တစ်ခု တိတ်တဆိတ် ပေါ်ထွက်လာပြီး ရှယီရှန်းထံ အသံပေးပို့ရန် ကြံရွယ်လိုက်၏။

ဝှစ်...

ရုတ်ချည်းဆိုသလိုပင် လေထုအား ထွင်းဖောက်လာသော အသံတစ်သံ မြည်ဟီးလာသည်။

ဆေဘာဓားရှည်တစ်လက်က ရုတ်တရက် ပျံဝဲထွက်လာပြီး ထိုတပည့်၏ဦးခေါင်းအား ထွင်းဖောက်သွားကာ လုယွီ၏လက်အတွင်းသို့ ပြန်လည်ကျရောက်လာပေ၏။

"ငါ့ကို သတ်ချင်နေမှတော့...မင်း သေပေတော့"

လုယွီက တီးတိုးရေရွတ်ကာ ခေါင်းဖြတ်ဓားကိုကိုင်ဆွဲ၍ မူလကတွေ့ခဲ့သော တံခါးကြီးထံသို့ ပြန်သွားလေသည်။

Chapter 735

လှိုဏ်ဂူအတွင်းရှိ တံခါးကြီးရှေ့....

လုယွီက ဤနေရာသို့ တဖန်ပြန်လည်ရောက်ရှိလာပြန်၏။

ဤှအချိန်တွင် တံခါးကြီးသည် အပြည့်အဝပွင့်နေပြီး အတွင်းမှ လေအေးများကြောင့် ပတ်ဝန်းကျင်ရှိလေထုသည် ရေခဲအလား အေးစက်နေသည်။

လုယွီက တံခါးအတွင်းသို့ ခြေချလိုက်သည်နှင့် အလွန်ကျယ်ဝန်းသော သင်္ချိုင်းဂူတစ်ဂူအား တွေ့မြင်မိသည်။ထိုနေရာ၌ မရေမတွက်နိုင်သော ခေါင်းတလားများရှိနေသည်။တချို့ခေါင်းတလားများအား ဖွင့်လှစ်ပြီးပုံမြင်ရပြီး တထောင်ထောင်အသံနှင့်အတူ လူတချို့က ခေါင်းတလားများအား ဆက်၍ဖွင့်နေသည်။

"စီနီယာအကိုရှ...ဒီနေရာမှာ ရတနာတွေရှိတယ်ဆိုတာ သေချာလို့လား"

တပည့်တစ်ယောက်၏ သံသယဖြင့် မေးမြန်းလိုက်သံ ထွက်ပေါ်လာသည်။

ရှယီရှန်းက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်၏။

"စကားပြောပြီး အချိန်ဖြုန်းမနေနဲ့...မြန်မြန်လုပ်စမ်း"

ရှယီရှန်း၏နောက်လိုက်များသည် သူတို့၏မှော်စွမ်းအားများကို အသုံးပြု၍ လေးလံသောခေါင်းတလားအဖုံးတစ်ခု၏ထောင့်တစ်နေရာအား နေရာရွှေ့ရန်ဟန်ပြင်နေကြသည်။

ထိုခေါင်းတလားအဖုံးပေါ်တွင် ရွှေရောင်အဆောင်လက်ဖွဲ့တစ်ခု ရှိနေသည်။ထိုအဆောင်လက်ဖွဲ့တွင် 'ကျန်း'ဟူသော စာလုံးအား ရေးထွင်းထားပြီး ခေါင်းတလားအဖုံးအား တောင်ကြီးတစ်လုံးကဲ့သို့ လေးလံနေစေသည်။

နောက်ဆုံး၌ ခေါင်းတလားအဖုံးသည် ထောင့်တစ်နေရာ၌ သိသာထင်ရှားစွာ လှစ်ဟသွားပေ၏။

ခေါင်းတလားအတွင်းမှနေ၍ အေးစိမ့်သောလေများအား ထုတ်လွှက်နေသည်။၎င်းအတွင်း၌ အေးစက်စက်အော်ရာပါရှိသော ကျောက်စိမ်းပြာတစ်ခု ရှိနေပေ၏။

တပည့်များအနက်မှတစ်ယောက်သည် အအေးဒဏ်အါး မီးတောက်ဖြင့်အံ့တုရန် ရည်ရွယ်ပြီး ထုတ်လွှက်လိုက်သည်။သို့ရာတွင် သူ၏မီးတောက်မှော်နည်းစနစ်သည် လေအေးများနှင့်ရင်ဆိုင်တွေ့ချိန်တွင် ဝုန်းခနဲအသံတစ်ချက်သာကြားရပြီး ငြိမ်းသေသွားသည်။

ရှယီရှန်း၏မျက်လုံးများ လင်းလက်တောက်ပသွားပေ၏။

"မြန်မြန်လုပ်ကြ...ရတနာက မင်းတို့ရှေ့မှာလေ"

ဤသည်က ဓမ္မရုပ်ထုနယ်ပယ်နှောင်းပိုင်းအဆင့်ကျင့်ကြံသူ ထုတ်လွှက်ထားသော မီးတောက်ကိုပင် ငြိမ်းသွားစေသော ရတနာဖြစ်သည်။ဤသည်က သာမာန်ရတနာမျိုး မဖြစ်နိုင်ချေ။

"တကယ်လို့ မင်းတို့အသက်ဆက်ပြီး ရှင်ချင်သေးတယ်ဆိုရင်...ထပ်ပြီးမလှုပ်ရှားကြနဲ့တော့"

လုယွီ၏အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

"မင်းလား"

ရှယီရှန်းက အသံကြားရာသို့ လှည့်ကြည်လိုက်ရာတွင် ချက်ချင်းပင် သူ ကြောင်အသွားသည်။ရုတ်ချည်းဆိုသလိုပင် ကျီးချန်ယွီသည် လုယွီနှင့်အတူ ရှိမနေခြင်းကို သူ သတိပြုမိသွားသည်။

"ဘာလဲ...အကြီးအကဲရှင်းရဲ့တပည့်က မင်းဘေးမှာရှိမနေတာတောင်..ငါ့ရှေ့မှာ ထွက်ပေါ်လာဝံ့သေးတာလား"

ရှယီရှန်းက သရော်တော်တော် ပြောဆိုလိုက်၏။

သူသည် လုယွီအား သတ်ဖြတ်လိုသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ယခုလက်ရှိအချိန်တွင် လုယွီက သူ့တံခါးဝအါး ကိုယ်တိုင်ကိုယ်ကျ ရောက်လာလေရာ သူ အလွတ်ပေးမည်မဟုတ်ချေ။

"လုယွီ...ဒီနေရာက နင်လာသင့်တဲ့ နေရာမဟုတ်ဘူး....ဒီနေရာက မြန်မြန်ထွက်သွားစမ်း"

ဝူရွှင်းယွင်က အော်ဟစ်လိုက်၏။

သူမသည် ခေါင်းတလားအတွင်းရှိ ရတနာများကို တွေ့မြင်ပြီးဖြစ်သည်။အစကဏဦးတွင် ရှယီရှန်း ဤနေရာသို့ မည်သည်ကြောင့်လာခဲ့ခြင်းကို သူမ မသိသော်လည်း ယခုအချိန်တွင်မူ သူမ၏စိတ်နှလုံးသား လှုပ်ခတ်နေသည်။

ဖြစ်နိုင်သည်က ရှယီရှန်းသည် ဤနေရာ၌ ရတနာများရှိနေခြင်းကို တစ်နေရာရာမှ ကြားသိခဲ့ရသဖြင့် အရောက်လာခဲ့ခြင်းသာ ဖြစ်ပေမည်။

ရှယီရှန်းက သူမအား လမ်းတလျှောက်လုံး ကာကွယ်ပေးခဲ့သဖြင့် ဝူရွှင်းယွင်က စိတ်လှုပ်ရှားမှုကိုလည်း ခံစားနေရသည်။

"တကယ်လို့ နောင်တစ်ချိန်မှာ ငါသာ သူ့ရဲ့တာအိုလက်တွဲဖော်ဖြစ်မယ်ဆိုရင်...သူ ပိုင်ဆိုင်တဲ့ မှော်ရတနာတွေ ငါ့ကို ဝေမျှပေးမှာပဲ"

ဝူရွှင်းယွင်က ထိုအကြောင်းတွေးမိချိန်တွင် စိတ်ကျေနပ်မှုကို ခံစားမိသည်။

ထိုအချိန်မှာပင် လုယွီက ထွက်ပေါ်လာပြီး ရှယီရှန်းအား ဟန့်တားနေသဖြင့် ဝူရွှင်းယွင်၏စိတ်နှလုံးသားအတွင်း၌ စိတ်ပျက်သွားခြင်းများ ကြီးစိုးသွားသည်။

လုယွီက ခေါင်းတလားအား တစ်ချက်ကြည့်လိုက်၏။

ဤသည်က ကျန်းပိုင်အမတ်ကြီး၏ခေါင်းတလားဖြစ်သည်။သူနှင့်အတူ မြှုပ်နှံထားသော ရူယွီကျောက်စိမ်းပြာသည် သူ၏မှော်လက်နက် 'ဟန်ကြွယ်'ဖြစ်ပေ၏။

ထို့ပြင် လုယွီသည် ဤနေရာ၌ ပုန်းအောင်းနေသော ရှေးဟောင်းနတ်ဆိုး၏အော်ရာကိုလည်း ခံစားမိသည်။

"ငါ နောက်တစ်ခါ ထပ်မပြောချင်ဘူး...ဒီနေရာက ချက်ချင်းထွက်သွားကြစမ်း"

လုယွီက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိ၏။

အချိန်တခဏအကြာမှာပင် မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်မှ တပည့်များက သူအား ဝိုင်းရံလိုက်သည်။

ဝူရွှင်းယွင်က ခေါင်းမော့ပြီး အော်ငေါက်လေသည်။

"ဘာလဲ ...နင်ကိုယ်နင် အားနည်းမှန်းသိတာတောင်မှ ဒီနေရာကိုလာပြီး မောက်မာရဲသေးတယ်...နင် ရူးများရူးနေလား...နင့်လိုကောင်မျိုး အရင်က ငါမတွေ့ဖူးဘူး"

"အချိန်အများကြီး မကျန်တော့ဘူး...မင်းရဲ့ကံကောင်းမှုတွေက ကုန်ဆုံးသွားပြီ"

ရှယီရှန်းက လက်ဝှေ့ယမ်းလိုက်ရာတွင် မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်မှတပည့်များက လုယွီအား တိုက်ခိုက်ကြတော့သည်။

မြောက်များစွာသော ဓမ္မပုံရိပ်များက လုယွီပေါ်သို့ ဖိနှိပ်ထားပေ၏။

"ဟမ့်....ဒီနေရာက ထွက်သွားစမ်း"

လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားပြီး ချက်ချင်းပင် မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးက သူ၏နောက်ကျောမှ ထွက်ပေါ်လာသည်။

ဘုန်း....ဘုန်...ဘုန်း...

မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးက နံဘေးပတ်လည်ရှိ ဓမ္မပုံရိပ်များအားလုံးကို လက်သီးဖြင့် ထိုးနှက်လိုက်၏။

ဓမ္မပုံရိပ်များသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး၏ ထိုးနှက်ချက်ကို ခံနိုင်ရည်စွမ်းမရှိကြသဖြင့် ပြိုကွဲသွားပြီး မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်မှတပည့်များ လွင့်ထွက်သွားတော့သည်။

ရုတ်ချည်းဆိုသလိုပင် ရှယီရှန်းနှင့်ဝူရွှင်းယွင်အပြင် မည်သည့်မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်မှ တပည့်မျှ မတ်တတ်ရပ်နိုင်စွမ်းမရှိတော့ချေ။

All Chapters