← Chapters

အခန်း (၇၃၆-၇၄၀)

Vol. 40 Ch. 736-740

အခန်း (၇၃၆-၇၄၀)

Vol. 40 Ch. 736-740

Chapter 736

ရှယီရှန်း၏မျက်လုံးများ အေးစက်တင်းမာသွားသည်။

"မင်းက မင်းရဲ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတာပဲ"

သို့ရာတွင် သူ၏မျက်နှာပေါ်ရှိ အထင်အမြင်သေးသော အမူအယာကမူ ပြောင်းလဲသွားခြင်းမရှိပေ။

"ငါသိပြီ...ဒါက ကျားကိုစားချင်လို့ ဝက်ယောင်ဆောင်ထားတာပဲ....ဟီး...ဟီး...မင်းက ငါ့ရှေ့မှာလှည့်ကွက်တွေကစားဖို့ အရည်အချင်းမပြည့်မီမှာတော့ ငါ စိုးရိမ်မိတယ်"

ရှယီရှန်းက လုယွီအား သရော်တော်တော်အပြည့်ဖြင့် ကြည့်လိုက်၏။

"ငါရဲ့ကျင့်ကြံခြင်းနယ်ပယ်က ဓမ္မရုပ်ထုနယ်ပယ်အထွတ်အထိပ်ကို ရောက်နေပြီဆိုတာ မင်း သိအုံးမှာမဟုတ်ဘူး...တကယ်လို့ ငါ့မှာသာ အချိန်အလုံအလောက်ရမယ်ဆိုရင် ဥာဏ်အလင်းပွင့်နယ်ပယ်ကို တိုက်ရိုက်ချိုးဖျက်နိုင်လိမ့်မယ်"

ရှယီရှန်းက လုယွီအား စိတ်ပျက်သနားဖွယ်အကြည့်ဖြင့် ကြည့်လိုက်၏။

"မင်းကိုယ်မင်း ပါရမီရှင်လို့ ထင်ကောင်းထင်နေလိမ့်မယ်...ဒါပေမယ့် ငါ့ရဲ့မျက်လုံးထဲမှာတော့ မင်းက ဘာကောင်မှမဟုတ်ဘူး"

လုယွီက ရုတ်တရက် ခြေလှမ်းရှေ့တိုးလိုက်သည်။သူက အဓိပ္ပါယ်မရှိသောစကားများ ပြောဆိုလိုစိတ်မရှိသဖြင့် ရှယီရှန်းထံဦးတည်၍ သွားလေတော့၏။

"လာတာ ကောင်းတယ်"

ရှယီရှန်းက ထပ်ခါထပ်ခါ သရော်နေပေ၏။သူ၏လက်အတွင်းရှိဓား တုန်ခါသွားပြီး မြောက်များစွာသောဓားချီများအဖြစ် ပြောင်းလဲသွားသည်။ထိုဓားချီများက လုယွီထံသို့ ဦးတည်၍ဝင်ရောက်သွားသည်။

ဝုန်း....

မြောက်များစွာသောဓားချီများသည် လုယွီရှိနေသော နေရာပေါ်သို့ ကျရောက်သွားသဖြင့် မီးခိုးငွေ့နှင့်ဖုန်မှုန့်များ တထောင်းထောင်းထသွားပေ၏။

ဝူရွှင်းယွင်က အပြုံးနှင့် ပြောဆိုလေသည်။

"စီနီယာအကိုရှရဲ့ကျင့်ကြံမှုအဆင့်က အရမ်းမြင့်မားတာပဲ...ဘယ်လိုလုပ်ပြီး ဒီလိုအမှိုက်ကောင်က စီနီယာကို ယှဥ်နိုင်မှာလဲ"

အစောပိုင်းက လုယွီသည် အပြင်းအထန်တိုက်ခိုက်ပြီး မိုးကောင်းကင်ကြယ်တာရာတောင်ထိပ်မှတပည့်များကို အနိုင်ယူလိုက်စဥ်က ဝူရွှင်းယွင်က အနည်းငယ်အံ့အားသင့်နေမိသည်။

သို့ရာတွင် သူမ၏အံ့အားသင့်မှုများက လှောင်ပြောင်သရော်လိုခြင်းသို့ ပြောင်းလဲသွားပေ၏။

အကြောင်းအရင်းမှာ သူမ၏အမြင်အရ လုယွီသည် ထိုတပည့်များအား အငိုက်ဖမ်း၍ တိုက်ခိုက်လိုက်ခြင်းသာဖြစ်ပေမည်။ထိုတပည့်များသည် သတိလွတ်ကင်းသွားသဖြင့် လုယွီ၏ရိုက်နှက်ခြင်းအား ခံခဲ့ရခြင်းဖြစ်ပေလိမ့်မည်။

အကယ်၍သာ တစ်ယောက်နှင့်တစ်ယောက် ပေါ်ပေါ်ထင်ထင်တိုက်ခိုက်ပါက လုယွီသည် အချိန်အတော်ကြာတိုက်ခိုက်ရပေမည်။

"စီနီယာအကိုရှ...အဲ့ဒီအမှိုက်ကောင်ကို ထပ်ပြီးအာရုံစိုက်မနေနဲ့တော့...ခေါင်းတလားကို အရင်ဖွင့်ဖို့က ပိုအရေးကြီးတယ်"

ဝူရွှင်းယွင်၏မျက်လုံးအကြည့်သည် ခေါင်းတလားအတွင်းရှိ ရူယွီကျောက်စိမ်းပြာထံသို့သာ ကျရောက်နေသည်။ဤသည်က သာမာန်ထက်လွန်ကဲသော အရည်အသွေးရှိသည့် မှော်ရတနာဖြစ်ပေ၏။

ရှယီရှန်းက ခေါင်းညိတ်ပြီး ခေါင်းတလားအဖုံးကို တွန်းလိုက်သည်။

"ကြည့်ရတာတော့ မင်းက ငါပြောတာကို နားမလည်ပုံပဲ...ခေါင်းတလားကိုမထိဖို့ ငါ မင်းကို ပြောထားတယ်လေ"

လုယွီ၏အသံက ရုတ်တရက် ရှယီရှန်း၏နောက်မှ ထွက်ပေါ်လာသည်။

ထို့နောက် လုယွီက မီးခိုးငွေ့များကြားမှ လျှောက်လှမ်းထွက်လာပေ၏။သူ၏အင်္ကျီလက်များပင် သန့်ရှင်းနေပြီး ဖုန်ပေနေသောအရာတစိုးတစိပင် မရှိချေ။

ရှယီရှန်း၏မျက်ခုံးများ တွန့်ကွေးသွားသည်။

"ဘယ်လိုဖြစ်ပြီး မင်း ဘာမှမဖြစ်တာလဲ"

ရုတ်ချည်းဆိုသလိုပင် ရှယီရှန်း၏ဓားရှည်မှနေ၍ လုယွီအားပစ်မှတ်ထားသော ဓားချီအမြောက်အများ ထပ်မံထွက်ပေါ်လာသည်။

"မိုးရေကဲ့သို့ ဓားတစ်သောင်းရွာချခြင်း"

ဓားချီများသည် လုယွီထံသို့ ဦးတည်၍ ဝင်ရောက်သွားသည်။

လုယွီသည် ခြေတစ်လှမ်းရှေ့တိုးပြီးနောက် မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးသည် သူနှင့်အတူရောယှက်သွားပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်၏။

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ မြောက်များစွာသောဓားချီများသည် ဖန်စများကဲ့သို့ ပြိုကွဲသွားပြီး အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

နဂါးပျံခြေလှမ်း...

လုယွီက မျက်တောင်တစ်ခတ်စာအချိန်တွင်းမှာပင် ရှယီရှန်း၏ရှေ့သို့ရောက်လာပြီး လက်သီးဖြင့် ထိုးနှက်လိုက်၏။

ဘုန်း....

ထိုလက်သီးချက်သည် ရှယီရှန်း၏ဒန်တျန်ပေါ်သို့ ကျရောက်သွားသည်။

ခရက်ဟူသောအသံနှင့်အတူ ရှယီရှန်း၏ခန္ဓာကိုယ်အကာအကွယ် မှော်စွမ်းအားအလွှာသည် စက္ကူတစ်ချပ်ကဲ့သို့ ကြေမွသွားတော့သည်။

ထို့နောက် လုယွီက ရှယီရှန်းအား ထပ်မံ၍ကန်ကျောက်လိုက်ရာ သူ၏ညာဘက်ဒူးခေါင်း ကျိုးကြေသွားပေ၏။

"ဒါက မင်းရဲ့ခွန်အားလား"

လုယွီက မေးမြန်းပြီး သူ၏လက်ဖြင့် ရှယီရှန်း၏ပခုံးအား ဖိလိုက်သည်။

ခရက်...ခရက်...

ရှယီရှန်းသည် မြေပြင်ပေါ်၌ ဒူးထောက်ရက်သားဖြစ်နေပြီး သူက လုယွီ၏ဖိနှိပ်ခြင်းကို ခံနေရသည်။

"ဒါက မင်းပြောနေတဲ့ ပြိုင်ဘက်ကင်းပါရမီရှင်ဆိုတာလား"

လုယွီ၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေသည်။

ရှယီရှန်း၏မျက်နှာသည် နာကျင်မှုများကြောင့်ရှုံမဲ့နေပေ၏။သူက ခက်ခက်ခဲခဲ ရုန်းကန်နေသော်လည်း လုယွီ၏လက်သည် တောင်ကြီးတစ်လုံးကဲ့သို့ သူ့အား ဖိနှိပ်ထားသဖြင့် မလှုပ်ရှားနိုင်ပေ။

"မဖြစ်နိုင်ဘူး...မင်း...ဘယ်လိုလုပ်ပြီး မင်း ဒီလေါက်ထိ ခွန်အားကြီးနေတာလဲ"

ရှယီရှန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။သူ ဤဖြစ်ရပ်အား လက်ခံရန် ဆန္ဒမရှိချေ။

သူသည် လင်ရှောင်းဂိုဏ်း၏ ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်သည်။သူအား ကောင်းကင်ဘုံနယ်မြေ၌ ပျံဝဲနိုင်မည့် နဂါးတစ်ကောင်ဟုပင် လူအများက ယူဆထားကြ၏။မည်သည်ကြောင့် သူက လုယွီအား ရှုံးနိမ့်ရသနည်း။

"တောင်းပန်ပါတယ်...ငါက လူသေတွေကို ရှင်းပြတက်တဲ့ အကျင့်မရှိဘူး"

လုယွီက ရှယီရှန်း၏မျက်ခုံးနှစ်ခုကြားသို့ သူ၏လက်ညှိုးဖြင့် အသာအယာထိတွေ့လိုက်သည်။

ဓားချီတစ်လှိုင်းက ချက်ချင်းပင် ပွင့်အံထွက်လာသည်။

ဖောတ်...

ရှယီရှန်း၏နဖူးပေါ်၌ သွေးစို့ရာတစ်ခု ရှိနေသည်။သူ၏မျက်လုံးများက ပြူးကျယ်နေပြီး သူ၏သေဆုံးခြင်းကိုလက်မခံနိုင်ဟန်ဖြင့် သေဆုံးသွားရတော့သည်။

Chapter 737

ရှယီရှန်း၏ခန္ဓာကိုယ်ကြီး ယိမ်းယိုင်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

"မင်း ငါ့ကို ရန်မစသင့်ဘူး"

လုယွီ၏မျက်နှာအမူအယာသည် အလွန်အမင်း တည်ငြိမ်နေပြီး အရေးမပါသောလူတစ်ယောက်အား သတ်လိုက်သကဲ့သို့ပင်။

ရှယီရှန်းအား သတ်ဖြတ်ပြီးနောက် လုယွီက ဝူရွှင်းယွင်အား ကြည့်လိုက်သည်။

ဤှအချိန်တွင် ဝူရွှင်းယွင်၏မျက်နှာသည် စက္ကူဖြူတစ်ချပ်ကဲ့သို့ ဖြူရော်နေပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်ပေါ်၌ဝပ်တွားကာ တဆတ်ဆတ်တုန်နေသည်။

ရှယီရှန်းသည် လင်ရှောင်းဂိုဏ်း၏နံပါတ်တစ် ထိပ်သီးပါရမီရှင်ဖြစ်ပေ၏။ထိုကဲ့သို့သူမျိုးအား သတ်ဖြတ်ရန် ဤမျှထိ လွယ်ကူသွားသလော။

ရှယီရှန်းသည် သေဆုံးသွားချိန်အထိ မျက်လုံးမမှိတ်သွားသည်ကိုကြည့်ပြီး ဝူရွှင်းယွင်သည် လောကကြီးနှင့် တခဏကြာအဆတ်အသွယ်ပြတ်သွားသကဲ့သို့ ခံစားမိသည်။

ဤသည်က လူအများက အစဥ်အမြဲ နှိမ့်ချဆက်ဆံနေသော သူတောင်းစားတစ်ယောက်သည် တစ်ရက်၌ သူ၏ခန္ဓာကိုယ်ပေါ်တွင် နဂါးဝတ်ရုံကိုဝတ်ဆင်ပြီး သူ့ကိုယ်သူအင်ပါယာတစ်ပါးဟု ကြွေးကြော်လိုက်သည်နှင့် တူညီနေသည်။

ဝူရွှင်းယွင်၏စိတ်နှလုံးသားတစ်ခုလုံး နောင်တတရားများ ဖိစီးနေပေ၏။အကယ်၍သာ ဤသို့ဖြစ်လာမည်မှန်း သူမကြိုသိပါက လုယွီအား ရန်စစော်ကားခြင်း သူမပြုမည်မဟုတ်ပေ။

သို့မဟုတ်ပါက သူမသည် ကြိုးကြာဖြူတောင်မှ မောင်းထုတ်ခံရမည် မဟုတ်သည့်အပြင် လုယွီနှင့်လည်း ဆက်ဆံရေးဆိုးရွားမည်မဟုတ်ချေ။

"ကျေးဇူးပြုပြီး....ကျေးဇူးပြုပြီး ငါ့ကိုမသတ်ပါနဲ့"

ဝူရွှင်းယွင်က သူမ၏ခေါင်းကို မြေပြင်ပေါ်၌ဝပ်တွားပြီး ခါးသည်းစွာ တောင်းပန်နေပေ၏။

သေရေးရှင်ရေးနှင့်ရင်ဆိုင်တွေ့ချိန်တွင် သူမ၏ယခင်က မောက်မာနေမှုများသည် အသုံးမဝင်တော့ချေ။

အချိန်တခဏကြာသည့်တိုင် သူမက လုယွီ၏အသံအားမကြားရချေ။ဝူရွှင်းယွင်က အံ့အားသင့်ထိတ်လန့်မှုများဖြင့် မော့ကြည့်လိုက်သည်။

လုယွီက သူမအား အာရုံစူးစိုက်ခြင်းမရှိပေ။ထိုအစား သူက ခေါင်းတလားနံဘေး၌ မတ်တတ်ရပ်ကာ ရှုပ်ထွေးပြီး ခက်ခဲနက်နဲပုံရသော မန္တန်တစ်ပုဒ်ကို ရွတ်ဆိုနေသည်။

ဝူရွှင်းယွင်သည် အချိန်တခဏကြာ တွန့်ဆုတ်နေပြီးနောက် သူမက စိတ်ရှုပ်ထွေးမှုများဖြင့် အဝေးသို့ ပြေးထွက်သွားတော့သည်။အရှက်ခွဲအနိုင်ကျင့်ခံရသကဲ့သို့ ခံစားချက်မျိုးက သူမ၏စိတ်နှလုံးသားအား ဖုံးလွှမ်းနေသည်။သူမကို ပါရမီရှင်တစ်ယောက်ဟု ဆိုနိုင်သော်လည်း လုယွီက သူမအားတိုက်ခိုက်ရန်ပင် အဆင့်မမီဟု ယူဆထားပုံရသည်။

"ကြည့်နေစမ်းပါ...နင်က ကံကောင်းမှုကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာပဲဖြစ်မှာ...အခုတော့ နင် မောက်မာထားဦးပေါ့...နောင်တချိန်ကျရင် နင်က ရေတွင်းအောက်က ဖားသူငယ်အဆင့်ပဲရှိတယ်ဆိုတာ နင်သိလာလိမ့်မယ်"

ဝူရွှင်းယွင်၏စိတ်နှလုံးသား၌ မနာလိုအားကျမှုများ ပြည့်နှက်လာသည်။

လုယွီကမူ အမှန်တကယ်ကိုပင် ဝူရွှင်းယွင်အား အာရုံစိုက်ရန် အချိန်မရှိပေ။လှိုဏ်ခေါင်းအတွင်းသို့ သူ ဝင်ရောက်လာစဥ်ကတည်းက လုယွီက အချိန်အားချိန်ဆပြီးလေပြီ။ကောင်းကင်နန်းတော်ပြိုင်ပွဲကြီး၏ဒုတိယအဆင့်ပြီးဆုံးရန် အချိန်အနည်းငယ်သာ ကျန်ရှိတော့၏။

လုယွီက သူ၏လက်ကိုဆန့်တန်းပြီး ခေါင်းတလားပေါ်သို့ ညင်သာစွာဖိလိုက်၏။

ခေါင်းတလားပေါ်၌ မူလကရှိနေသော 'ကျန်း'ဟူသောစာလုံးသည် လုယွီ၏လက်နှင့် ထိတွေ့လိုက်သော အချိန်တခဏမှာပင် ပျောက်ကွယ်သွားသည်။

ဝုန်းခနဲအသံကြီးနှင့်အတူ ခေါင်းတလားအဖုံး ပွင့်ထွက်သွားပေ၏။

ခေါင်းတလားအတွင်း၌ လူလတ်ပိုင်းကြီးတစ်ယောက်က တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းနေသည်။သူ့အား ခပ်မှိန်မှိန်အနက်ရောင်အခိုးအငွေ့များက ဝိုင်းရံထားသည်။

လူလတ်ပိုင်းကြီး၏ခန္ဓာကိုယ်ပေါ်တွင် အလွန်ခမ်းနားထည်ဝါသော တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ထိုဝတ်ရုံမှနေ၍ မှော်စွမ်းအားများ ထုတ်လွှက်ပေးနေလေရာ သာမာန်ပစ္စည်းတစ်ခုမဟုတ်မှန်း သိနိုင်ပေ၏။

လုယွီက လူလတ်ပိုင်းကြီး၏နံဘေးပတ်လည်ရှိ အနက်ရောင်အခိုးအငွေ့များကို မြင်ချိန်တွင် သူက အေးစက်စက်နှာမှုတ်လိုက်သည်။

"ဒီနေရာက ထွက်သွားစမ်း"

လုယွီ၏ခန္ဓာကိုယ်မှနေ၍ စိတ်ဝိညာဥ်စွမ်းအားများ ပွင့်အံထွက်လာပြီး ချက်ချင်းပင် ခေါင်းတလားထံသို့ ရောက်ရှိသွားသည်။

အနက်ရောင်အခိုးအငွေ့များသည် သက်ရှိတစ်ယောက်၏အော်ရာကို အာရုံခံမိပုံဖြင့် လုယွီထံသို့ အရူးအမူး တိုးဝင်လာကြ၏။

"သေလမ်းရှာနေတာလား"

လုယွီ၏လက်မောင်းက ရုတ်တရက် ရွှေရောင်တောက်ပလာပြီး ၎င်းမှနေ၍ အင်ပါယာအငွေ့အသက်များ ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် အနက်ရောင်အခိုးအငွေ့များသည် ၎င်းတို့၏သဘာဝရန်သူအား တွေ့လိုက်ရပုံဖြင့် တရှဲရှဲအသံများထွက်ပေါ်လာပြီးနောက် လွင့်ပြယ်သွားတော့သည်။

သို့ရာတွင် အနက်ရောင်အခိုးအငွေ့များသည် လေထုအတွင်း၌ စတင်သိပ်သည်းသွားပြီး နောက်ဆုံး၌ လူတစ်ယောက်၏ပုံရိပ်အသွင် ဖွဲ့စည်းသွားသည်။

"မင်း ကိုယ်ကိစ္စကိုယ်လုပ်....ဒီနေရာက ထွက်သွားစမ်း"

အနက်ရောင်လူရိပ်က ဒေါသတကြီး အော်ငေါက်လိုက်၏။

ခေါင်းတလား၏နံဘေးပတ်ဝန်းကျင်ရှိ လေထုသည် ရုတ်တရက် စတင်တုန်ခါလာသည်။

ပတ်ဝန်းကျင်ရှိ ခေါင်းတလားတချို့ ရုတ်တရက် ပွင့်ထွက်သွားပြီး ၎င်းတို့အတွင်းမှနေ၍ ယိမ်းယိုင်နေသောပုံရိပ်များ ထွက်ပေါ်လာပေ၏။

ဤသည်က အလောင်းကောင်များဖြစ်ပေ၏။သူတို့၏ခန္ဓာကိုယ်ရုပ်အလောင်းများသည် ရှေးဟောင်းနတ်ဆိုး၏ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားပြီး အလောင်းကောင်ရုပ်သေးများ ဖြစ်သွားကြခြင်းပင်။

"စွန့်ပစ်အလောင်းတွေကနေ စစ်တပ်အဖြစ်ဖွဲ့စည်းခြင်းလား"

လုယွီ၏မျက်လုံးများ အေးစက်သွားသည်။သူသည် ရှေးဟောင်းနတ်ဆိုးများ၏ မှော်နည်းစနစ်များကို ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည်။

ယခုလက်ရှိချိန်တွင် ရှေးဟောင်းနတ်ဆိုးအသုံးပြုသော ဤှမှော်နည်းစနစ်သည် သူ၏လက်ရှိအခြေအနေဖြင့်ဆိုလျှင် အလွန်ပင် အဆင့်နိမ့်ပေ၏။

"မင်း ငါနဲ့တွေ့တာတော့ သနားစရာပဲ"

လုယွီ၏မျက်နှာထားက တင်းမာနေပြီး သူ၏လက်ဝါးမှနေ၍ ရွှေရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။

ရွှေရောင်မီးတောက်ထွက်ပေါ်လာသော အချိန်တခဏတွင် ပတ်ဝန်းကျင်ရှိအေးစက်စက်လေထုသည် ပူနွေးစပြုလာ၏။

လုယွီက နံဘေးပတ်ဝန်းကျင်သို့ မီးတောက်များအား ပစ်လွှက်လိုက်သည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ရုပ်သေးအလောင်းကောင်များသည် မီးတောက်များ၏ဝိုင်းရံခြင်းခံရပြီး ပြာမှုန်များအဖြစ် ပြောင်းလဲသွားတော့သည်။

"ဒါက ကောင်းကင်ဘုံအင်ပါယာရဲ့မူလဘူတမီးတောက်ပဲ...မင်း ဘယ်သူလဲ"

အနက်ရောင်လူရိပ်က ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

Chapter 738

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

"မင်းက အတော်သိထားတာပဲ"

ဤကမ္ဘာလောကအတွင်း၌ ကောင်းကင်ဘုံအင်ပါယာ၏အစစ်အမှန်မီးတောက်အား သိရှိသောသူ အလွန်ရှားပါးသည်။

ကောင်းကင်ဘုံအင်ပါယာ၏ကိုယ်ရေးကိုယ်တာ အချက်အလက်များအား သိရှိသောလူဟူ၍ အနည်းစုသာရှိပေ၏။

ဝှစ်....

အနက်ရောင်ပုံရိပ်သည် ခေါင်းတလားအနီးမှနေ၍ လှိုဏ်ခေါင်းပြင်ပသို့ ဦးတည်၍ ထွက်ပြေးလေသည်။

"ထွက်ပြေးချင်တာလား"

လုယွီက ခက်ထန်စွာ အော်ငေါက်လိုက်ပြီးနောက် သူ၏လက်ဝါးအတွင်းရှိ ကောင်းကင်ဘုံအင်ပါယာ၏မူလဘူတမီးတောက်အား လှိုဏ်ခေါင်းပြင်ပသို့ ထွက်ပြေးသွားသည့် အနက်ရောင်ပုံရိပ်ထံ ဦးတည်၍ပစ်လွှက်လိုက်သည်။

ရွှေရောင်မီးတောက်များသည် အနက်ရောင်ပုံရိပ်အား ဝိုင်းရံမိပြီး သူ့အားပြာဖြစ်အောင် ရှို့လုနီးပါးပင်။

သို့သော် ထိုအချိန်မှာပင် လေထုအတွင်း၌ လေဟာနယ်လှုပ်ခတ်မှုလှိုင်းတစ်လှိုင်း ဂယက်ထလာသည်။

အမှောင်ထုအတွင်းရှိ မမြင်နိုင်သော အားလှိုင်းတစ်ရပ်က လေဒိုင်းတစ်ခုအသွင်ဖွဲ့စည်းသွားပြီး လုယွီ၏တိုက်ခိုက်မှုအား ပိတ်ဆို့တားဆီးထားပေ၏။

ရွှေရောင်မီးတောက်များသည် လမ်းကြောင်းပြောင်းပြီး တောင်နံရံတစ်ခုပေါ်သို့ ကျရောက်သွားတော့သည်။

ရုတ်ချည်းဆိုသလိုပင် မူလကကျစ်လျစ်သိပ်သည်းနေသော တောင်နံရံသည် ချိုင့်ပေါက်ကြီးဖြစ်သွားပြီး ၎င်းမှနေ၍ ပူပြင်းလောင်ကျွမ်းသော အခိုးအငွေ့များ ထွက်ပေါ်နေသည်။

"သောက်ရေးမပါတဲ့ မိုးကောင်းကင်တာအို....မင်းအဆင့်နဲ့ ငါ့ကိုတားဆီးဝံ့တာလား"

လုယွီက အော်ငေါက်လိုက်၏။

လုယွီ ခြေတစ်ချက်ဆောင့်နင်းလိုက်ရာတွင် တောင်တန်းတစ်ခုလုံး အပြင်းအထန်တုန်ခါသွားသည်။လုယွီက ကောင်းကင်ယံထံဦးတည်၍ အော်ငေါက်နေခြင်းဖြစ်ပြီး သူ၏အကြည့်သည် လှိုဏ်ခေါင်းအား ထွင်းဖောက်ပြီး မိုးကောင်းကင်ယံတိုင် ကျရောက်နေသည်။

အစောပိုင်းက ဤကြယ်နယ်မြေ၏မိုးကောင်းကင်တာအိုသည် လုယွီက ရှေးဟောင်းနတ်ဆိုးအား မသတ်နိုင်ရန် ပိတ်ပင်တားဆီးလိုက်ခြင်းဖြစ်ပေ၏။

မိုးကောင်းကင်ယံတွင် အနက်ရောင်တိမ်တိုက်များ မျောလွင့်နေပြီး မိုးခြိမ်းသံသဲ့သဲ့ ကြားနေရသော်လည်း လုယွီအား ကြောက်ရွံနေပုံဖြင့် မည်သည့်မိုးကြိုးမျှ ကျဆင်းလာခြင်းမရှိချေ။

"တကယ်လို့ မင်းက မြွေနဲ့ကြွက် နှစ်ဖက်စလုံးကို ကစားချင်တယ်ဆိုရင်တော့ မင်း နောင်တရလိမ့်မယ်"

လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပနေသည်။

"ငါရှေ့မှာလာပြီး ခြိမ်းခြောက်မနေနဲ့...ထွက်သွားစမ်း"

ရုတ်ချည်းဆိုသလိုပင် အနက်ရောင်တိမ်စိုင်များ လွင့်ပြယ်သွားပြီး မိုးကောင်းကင်ကြီး ပြန်လည်ကြည်လင်သွားတော့သည်။

ကျွီ...ကျွီ...

လုယွီ၏နောက်ရှိ ခေါင်းတလားမှနေ၍ ရုတ်တရက် တုန်ခါနေသောအသံများ မြည်ဟီးလာသည်။

ခေါင်းတလားအတွင်း၌ လဲလျောင်းနေသော လူလတ်ပိုင်းကြီးသည် တွန့်လိမ်ရုန်းကန်လာပေ၏။

လူလတ်ပိုင်းကြီး သေဆုံးသွားသည်မှာ အချိန်မည်မျှကြာမြင့်ပြီမှန်း မသိနိုင်ချေ။သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းများပင် အပြည့်အစုံမရှိတော့ဘဲ ခန္ဓာကိုယ်နေရာအနှံ့အပြားရှိ ဒဏ်ရါများအား နက်နက်ရှိုင်းရှိုင်းပင် မြင်နေရသည်။

"ဒါက မဟာစိတ်ဝိညာဥ်ကောင်းမွန်ဆေးပဲ...ခင်ဗျား အရင်ဆုံး သောက်လိုက်အုံး"

လုယွီက ဆေးပြားတစ်ပြားကို လူလတ်ပိုင်းကြီး၏ပါးစပ်အတွင်းသို့ ထည့်ပေးလိုက်၏။

လူလတ်ပိုင်းကြီး၏မျက်လုံးများက ပိတ်နေပြီး နံဘေးပတ်ဝန်းကျင်ရှိ လေအေးများက သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့သို့ တရကြမ်းတိုးဝင်သွားကြသည်။

သူ၏ဒဏ်ရါများနံဘေးရှိ အသားများပြန်လည်ပြည့်ဖြိုးလာပြီး ကျိုးကြေနေသော အရိုးများလည်း အလျှင်အမြန် ပြန်လည်ကောင်းမွန်လာသည်။

အသက်ရှုချိန်အနည်းငယ်ကြာပြီးနောက် လူလတ်ပိုင်းကြီး၏ ပုံပန်းသွင်ပြင်သည် သာမာန်လူတစ်ယောက်အသွင်သို့ ပြန်လည်ရောက်ရှိသွားသည်။

အချိန်တခဏအကြာမှာပင် လူလတ်ပိုင်းကြီး၏မျက်လုံးများ ပွင့်လာပေ၏။

"မင်း ဘယ်သူလဲ...ဘာလို့ မင်းဆီမှာ ဘာလို့အရှင်မင်းကြီးရဲ့အငွေ့အသက်တွေ ရှိနေတာလဲ"

လူလတ်ပိုင်းကြီးက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းလေသည်။

"ကျုပ်နာမည်က လုယွီ...ကျုပ်က အရှင်မင်းကြီးရဲ့ သီးသန့်အမတ်ကြီးပဲ...ခင်ဗျားကိုကယ်တင်ဖို့ ကျုက်လာခဲ့တာ"

လုယွီက မျက်နှာအမူအယာ ပျက်ယွင်းနေခြင်းမရှိဘဲ ပြောဆိုလိုက်၏။

လူလတ်ပိုင်းကြီးက အချိန်တခဏကြာခန့် တွေဝေသွားသည်။

"မင်းဆီမှာ အင်ပါယာအမိန့်တော်ရှိလား"

"ရှိတာပေါ့"

လုယွီက အချိန်တခဏတွေးတောပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်ဘုံအင်ပါယာ၏အကြွင်းအကျန်စိတ်ဝိညာဥ်စွမ်းအားများကို သိပ်သည်း၍ သူ၏နတ်ဘုရားစမ်းရေအိုင်အတွင်း၌ အင်ပါယာအမိန့်တော်အဖြစ် ဖွဲ့စည်းလိုက်သည်။

ဤအင်ပါယာအမိန့်တော်သည် အတုဖြစ်သော်လည်း တခြားအမိန့်တော်များထက် ပို၍စစ်မှန်ပေ၏။

အကြောင်းအရင်းမှာ အကြွင်းအကျန်စိတ်ဝိညာဥ်စွမ်းအားများသည် ကောင်းကင်ဘုံအင်ပါယာမှ ဖြစ်တည်ခဲ့ခြင်းကြောင့်ပင်။

လူလတ်ပိုင်းကြီးသည် အင်ပါယာအမိန့်တော်အား ယူဆောင်ပြီး ဖွင့်လှစ်လိုက်၏။သူက အမိန့်တော်အား ဖတ်ရှုပြီးသည်နှင့် ချက်ချင်းပင် ခေါင်းတလားအတွင်းမှ ခုန်ထွက်ပြီး မြေပြင်ပေါ်၌ ဒူးထောက်လေသည်။

"အပြစ်သား လင်းယီက အင်ပါယာမင်းရဲ့အမိန့်တော်ကို နာခံပါ့မယ်"

သူ၏ရှေ့၌ ဒူးထောက်နေသော ကျန်းပိုင်အမတ်ကြီးလင်းယီကိုကြည့်နေသော လုယွီ၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေသည်။

ခေါင်းတလားအတွင်းရှိလူအား လုယွီက မှတ်မိသွားစဥ်ကတည်းကပင် ကောင်းမွန်စွာအသုံးချရန် ကြံရွယ်ခဲ့သည်။

သူ့ရှေ့ရှိလူသည် ကောင်းကင်ဘုံအင်ပါယာ၏ယုံကြည်ရဆုံး လူရင်းများအနက်မှ တစ်ယောက်ဖြစ်သည်။ထိုသူသည် အင်အားစုများကြားရှိ မည်သည့်အားပြိုင်မှုတွင်မျှ ပါဝင်ပတ်သက်ခြင်းမရှိချေ။

သူ ကောင်းကင်ဘုံနယ်မြေသို့ရောက်လျှင် ကျန်းပိုင်အမတ်ကြီးအား အသုံးချနိုင်ပေ၏။

"ကျန်းပိုင်အမတ်ကြီး...မတ်တတ်ထလိုက်ပါအုံး"

လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"အခုလက်ရှိအချိန်မှာ ခင်ဗျားရဲ့စွမ်းအား ဘယ်လောက်ထိပြန်ရပြီလဲ"

လင်းယီသည် အချိန်တခဏကြာ မိန်းမောတွေဝေသွားပြီးမှ ပြောဆိုလေ၏။

"ဒီနေရာက မိုးကောင်းကင်တာအိုက မပြည့်စုံဘူး...ငါ့ရဲ့ကျင့်ကြံဆင့်ကို သိုင်းသူတော်စင်အဆင့်ထိ ဖိနှိပ်ခံထားရတယ်...ဒါပေမယ့် ငါ့ရဲ့ဒဏ်ရါဟောင်းတွေက အပြည့်အဝပြန်မကောင်းသေးဘူး...ဒါကြောင့်မို့ ငါရဲ့ကျင့်ကြံဆင့်က အစောပိုင်းသိုင်းသူတော်စင်အဆင့်ပဲရှိမယ်"

လုယွီက ခေါင်းညိတ်ပြပြီး အပြုံးနှင့်ပြောဆိုလိုက်သည်။

"ကောင်းတယ်...ဒီနေ့ကနေစပြီး မင်းက ငါ့နောက်ကိုလိုက်ရမယ်"

Chapter 739

လင်းယီက လုယွီ၏နောက်သို့လိုက်ရန် လွယ်လင့်တကူ သဘောတူညီလိုက်သည်။သူသည် လုယွီ၏ကျင့်ကြံဆင့်အား ထွင်းဖောက်၍မြင်နိုင်ခြင်း မရှိချေ။

ထိုအကြောင်းအရင်းကြောင့်ပင် သူ၏စိတ်အတွင်းမှနေ၍ ထိတ်လန့်ကြောက်ရွံနေပြီး လုယွီအား သံသယမဝင်မိချေ။

"အချိန်ပြည့်တော့မယ်....ခင်ဗျား ဒီနေရာမှာပဲနေပြီး ခင်ဗျားရဲ့ ခွန်အား ပြန်ပြည့်ဝအောင် ကျင့်ကြံနေ...အခုလက်ရှိချိန်မှာ ကျုပ်က ဒီကမ္ဘာငယ်လေးရဲ့အရှင်သခင်ပဲ...ဒီနေရာက မှော်သားရဲတွေက ခင်ဗျားကို အနှောက်အယှက်ပေးကြမှာမဟုတ်ဘူး"

လုယွီက ညွှန်ကြားလိုက်၏။

"ဒီငယ်သားက အမိန့်နာခံပါ့မယ်"

ကောင်းကင်နန်းတော်ပြိုင်ပွဲကြီး၏ ဒုတိယအဆင့်သည် အချိန်လေးနာရီသာ ကြာမြင့်သည်။ယခုလက်ရှိချိန်၌ အချိန်များ တရွေ့ရွေ့ကုန်ဆုံးနေလေပြီ။

လုယွီက လှိုဏ်ခေါင်းအတွင်းမှ ပြင်ပသို့ ထွက်လိုက်သည်နှင့် မိုးကောင်းကင်ယံရှိ မျက်လုံးတစ်စုံက သူ့အားစိုက်ကြည့်နေသည်ကို အာရုံခံစားမိ၏။

မိုးကောင်းကင်မျက်လုံးသူငယ်အိမ်များအတွင်း၌ မိုးကြိုးလှိုင်းများက အချိန်တခဏကြာလျှင် ကျဆင်းတော့မည့်သကဲ့သို့ ပျော်ဝင်နေသည်။

"သားရဲတစ်သောင်းမျှော်စင်က မင်းအပိုင်မဟုတ်တော့ဘူး...မင်း ယင်ချင်းလန်ကိုပဲလှည့်စားနိုင်မယ်...ငါ့ကိုတော့မရဘူး...တကယ်လို့ မင်း သတ္တိရှိတယ်ဆိုရင်...ငါဆီလာပြီးလုယူလှည့်"

လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

မိုးကောင်းကင်တာအိုသည် ဤကမ္ဘာငယ်အတွင်းရှိ ကောင်းကင်နှင့်မြေကြီးကြားမှ သဘာဝအတိုင်း ဖြစ်တည်လာခြင်းဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ မိုးကောင်းကင်တာအိုသည် အလွန်အစွမ်းထက်သော်လည်း သူ့အား ကန့်သတ်ထိန်းချုပ်ထားသော စည်းမျဥ်းများရှိနေသည်။

သူသည် တချို့အရာများကိုသာ သွယ်ဝိုက်သောနည်းလမ်းဖြင့် လွှမ်းမိုးချုပ်ကိုင်နိုင်သော်လည်း လုယွီကိုမူ မည်သည့်အန္တရာယ်မျှ မပေးနိုင်ချေ။

လုယွီ၏စကားများကို ကြားချိန်တွင် မိုးကောင်းကင်တာအိုသည် အလွန်အမင်းစိတ်ဆိုးဒေါသထွက်သွားပုံဖြင့် ရွှေရောင်အလင်းတန်းများအား ထုတ်လွှက်လိုက်သည်။

သို့ရာတွင် ဤခြိမ်းခြောက်မှုက လုယွီအား အန္တရာယ်မပေးနိုင်ချေ။

နောက်ဆုံး၌ မမြင်နိုင်သော အားလှိုင်းတစ်ရပ်က လုယွီပေါ်သို့ ကျဆင်းလာပြီး သားရဲတစ်သောင်းမျှော်စင်၏ပြင်ပလေဟာနယ်အတွင်းသို့ ပို့ဆောင်လိုက်တော့သည်။

ပြင်ပ၌ ချောက်နက်ကြီး ရှိနေဆဲပင်။

ဤနေရာ၌ မြောက်များစွာသော လူရိပ်များလည်း တစ်ချိန်တည်း ထွက်ပေါ်လာသည်။လူအများစု၏မျက်နှာများ ဖြူရော်နေပေ၏။ချောက်နက်ကြီးနံဘေး၌ ပြန်လည်ထွက်ပေါ်လာကြသော အချိန်တခဏတွင် လူတချို့သည် သွေးများပင်အန်ထွက်ပြီး မြေပြင်ပေါ်၌ ဖျော့တော့စွာလဲလျောင်းနေရသည်။

ထိုပြိုလဲနေသောလူများအား ရွှေရောင်အလင်းတန်းကြီးက ရစ်ပတ်သွားပြီး ပြင်ပသို့ ပို့ဆောင်လိုက်၏။

"နောက်ဆုံးတော့ ပြီးသွားပြီ"

"ဒီတစ်ကြိမ်တော့ ဒုတိယအဆင့်ကို လူတော်တော်များများ အောင်မြင်ခဲ့တာပဲ...မမျှော်လင့်ဘဲ ဒီတစ်ခေါက် ဒုတိယအဆင့်ကို ဖြတ်ကျော်နိုင်တဲ့သူက နောက်ဆုံးအကြိမ်ကထက် ဆယ်ဆလောက်များနေတယ်"

"ဆိုးတာတစ်ခုက တခြားအင်အားစုတွေရဲ့လူငယ်ပါရမီရှင်တွေက အရမ်းအားကောင်းနေတာပဲ...အခုလူအုပ်ထဲမှာ ငါတို့ရဲ့လူငယ်ပါရမီရှင်တွေ အများကြီးရှိနေပေမယ့် တခြားအင်အားစုကလူငယ်တွေကို မယှဥ်နိုင်မှာ ငါ စိုးရိမ်မိတယ်"

ကမ္ဘာငယ်လေး၏ပြင်ပတွင် မြောက်များစွာသော ဧရာမကြေးမုံကြီးများကို စိုက်ထူထားသည်။

ထိုကြေးမုံများသည် ကမ္ဘာငယ်လေးအတွင်းရှိနေရာတိုင်းနီးပါးမှ တိုက်ခိုက်မှုများကို ဖော်ပြပေးနေသဖြင့် ပြင်ပမှစောင့်ကြည့်နေသူများ ရှင်းရှင်းလင်းလင်းသိမြင်နိုင်သည်။

ဒုတိယအဆင့်ကို ဖြတ်ကျော်ပြီးသော လူငယ်ပါရမီရှင်များ ထွက်လာသည်နှင့် အင်အားစုကြီးများမှ ထိပ်သီးကျင့်ကြံသူများသည် သူတို့၏လူငယ်မျိုးဆက်သစ်များကို တွေ့မြင်လိုကြသဖြင့် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

ခရက်...

တိတ်ဆိတ်ငြိမ်သက်စွာစောင့်ကြည့်နေသော လင်ရှောင်းဂိုဏ်းခေါင်းဆောင်၏လက်အတွင်းမှ လဖက်ရည်ခွက် ရုတ်တရက် ကွဲအက်သွားပေ၏။

ဤတစ်ကြိမ်တွင် ကောင်းကင်နန်းတော်ပြိုင်ပွဲ၏နောက်ဆုံးအဆင့်သို့ လင်ရှောင်းဂိုဏ်းမှ လူအယောက်သုံးဆယ်သာ ဝင်ရောက်နိုင်သည်။

သမိုင်းစဥ်အရပြောရလျှင် လင်ရှောင်းဂိုဏ်းအတွက် လူအင်အားအနည်းဆုံး နောက်ဆုံးအဆင့်အားတက်လှမ်းနိုင်ခြင်းဖြစ်သည်။

ယင်လော့ဂိုဏ်းနှင့်လုမိသားစုအား ကြည့်လိုက်မိချိန်တွင် အနည်းဆုံးလူတစ်ရာခန့်ဆီ ရှိနေသည်။

လင်ရှောင်းဂိုဏ်းသည် အလယ်ပိုင်းကုန်းမြေတစ်ခုလုံး၌ ထိပ်သီးနံပါတ်တစ်ဂိုဏ်းအဖြစ် ကျော်ကြားသော်လည်း လူငယ်မျိုးဆက်သစ်များအား လေ့ကျင့်ပေးရာတွင်မူ လွန်စွာညံဖျင်းပေ၏။

"ငါ့တပည့်ကို ဘယ်သူသတ်တာလဲ"

ရုတ်ချည်းဆိုသလိုပင် အက်ရှရှအော်ဟစ်ကြုံးဝါးသံကြီး ထွက်ပေါ်လာသည်။

အော်ဟစ်လိုက်သူသည် မိုးကောင်းကင်ကြယ်တာရာမဟာအကြီးအကဲ ဖြစ်ပေ၏။

ယခုလက်ရှိချိန်တွင် မိုးကောင်းကင်ကြယ်တာရာမဟာအကြီးအကဲသည် အလွန်အမင်း ဒေါသထွက်နေသည်။သူသည် စိတ်ဝိညာဥ်အသက်ပြားများ ကွဲကြေသွားခြင်းကို ခံစားမိပြီးဖြစ်သည်။သူ၏တရားမဝင်သားနှင့်သူ့တပည့်များအားလုံး သေဆုံးသွားရလေပြီ။

"စိတ်ပျက်စရာတစ်ခုက ချောက်နက်ကြီးထဲမှာ ဘာတွေဖြစ်ပျက်သွားလဲဆိုတာ ငါတို့မမြင်နိုင်တာပဲ...မဟုတ်ရင် ငါ့တပည့်တွေကိုသတ်တဲ့ တရားခံကို အရိုးပါမကျန်အောင် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်မယ်"

မဟာအကြီးအကဲသည် အလွန်ဒေါသထွက်နေသဖြင့် သူ၏နဖူးကြောများပင် ထောင်ထနေသည်။

အကြီးအကဲရှင်းက သက်ပြင်းရှိုက်နေပေ၏။

"မိုးကောင်းကင်တာအိုက ဒီတစ်ခေါက် နတ်ဘုရားအလင်းတန်းတွေ ဘယ်လောက်များများချပေးမလဲဆိုတာ ငါ မသိဘူး"

"အရင်အကြိမ်တွေကစပြီးတော့ မိုးကောင်းကင်တာအိုရဲ့နတ်ဘုရားအလင်းတန်းတွေ တဖြည်းဖြည်း နည်းနည်းလာတယ်...ကောင်းကင်ဘုံလမ်းကြောင်းကလည်း ပိုပြီး ရှည်လျားလာတယ်....ကောင်းကင်ဘုံနယ်မြေကိုသွားချင်တဲ့ ငါတို့လိုလူတွေအတွက် အခွင့်အရေးအများကြီး မကျန်တော့ဘူး"

ထိုအချိန်မှာပင် ကောင်းကင်ယံမှ မျက်လုံးတစ်စုံက တောက်ပစွာ လင်းလက်လာသည်။

အလင်းတန်းများ မြေပြင်ပေါ်သို့ ဖြာကျလာပြီး သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအားများက ဘက်ပေါင်းစုံသို့ ပျံ့နှံ့သွားသည်။

နတ်ဘုရားအလင်းတန်း ကျဆင်းလာလေပြီ။

Chapter 740

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နတ်ဘုရားအလင်းတန်းဆယ်ခုက မြေပြင်ပေါ်သို့ ဖြာကျလာသည်။

"အလင်းတန်းဆယ်တန်းပဲလား"

"နောက်ဆုံးအကြိမ်တုန်းက မိုးကောင်းကင်အလင်းတန်းရာနဲ့ချီပြီး ကျဆင်းခဲ့တာ...ဒီတစ်ကြိမ်မှာ ဘာလို့ နတ်ဘုရားအလင်းတန်းတွေ ခုလောက်ထိနည်းပါးနေပါလိမ့်"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က သက်ပြင်းရှိုက်လိုက်၏။

"ပိုင်ဆုချင်ကလွဲပြီး ဘယ်သူမှ ထိပ်သီးဆယ်ယောက်ထဲကို ဝင်နိုင်မှာမဟုတ်ဘူး...တကယ်လို့ နတ်ဘုရားအလင်းတန်းတစ်ရာလောက်သာ ကျဆင်းလာရင် ငါ့တို့လင်ရှောင်းဂိုဏ်းအတွက် မျှော်လင့်ချက်ရှိသေးတယ်...ခုကတော့ အဆိုးရွားဆုံးရလဒ်ကိုပဲ မျှော်လင့်နိုင်တော့တယ်"

အကြီးအကဲရှင်းက ပြောဆိုလိုက်၏။

"အရင်တုန်းက ငါ့ကူညီလိုက်တဲ့ ကောင်ငယ်လေးက ငါတို့အတွက် အံသြဖွယ်ကိစ္စတွေယူဆောင်များ ပေးနိုင်လိမ့်မလား"

"သူလား"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်၏မျက်ခုံးများမြင့်တက်သွားပြီး ရေခဲလှိုဏ်ဂူအတွင်း၌လုယွီ အရူးအမူး အဆင့်ချိုးဖျက်နေခြင်းအား ပြန်လည်တွေးတောနေမိသည်။

"အဲ့ဒီကောင်လေးရဲ့အရည်အချင်းကတော့ မဆိုးဘူး...ဒါပေမယ့် သူက တခြားအင်အားစုက လူငယ်ပါရမီရှင်တွေကို ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့အတွက်တော့ သူ့ရဲ့ကျင့်ကြံမှုအခြေခံက ကျစ်လျစ်မှုမရှိဘူး...ပြီးတော့ သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို ချိုးဖျက်ပြီးတာမကြာသေးတဲ့အပြင် စိတ်ဝိညာဥ်စွမ်းအားတွေလည်း အလုံအလောက်မစုစည်းရသေးဘူး....သူက ကောင်းကင်ဘုံချီးမြှောက်ခံလူငယ်ပါရမီရှင်တွေရဲ့ ပြိုင်ဘက်ဖြစ်ဖို့ အလှမ်းဝေးသေးတယ်"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်၏အကြည့်က ကွင်းပြင်အလယ်ရှိ အနီရောင်ဝေါယာဥ်ထံသို့ ကျရောက်သွားသည်။

"လုဝူယာကိုပဲ ဥပမာအနေနဲ့ကြည့်...သူရဲ့ကျင့်ကြံဆင့်က ဥာဏ်အလင်းပွင့်နယ်ပယ်နှောင်းပိုင်းအဆင့်ကို ရောက်နေပြီ...သူ့ရဲ့ခွန်အားနဲ့ဆိုရင် ကောင်းကင်ဘုံနယ်မြေမှာနေတဲ့ ထိပ်သီးကျင့်ကြံသူတွေက တပည့်အဖြစ်ရွေးချယ်မှာ သေချာတယ်"

"ပြီးတော့ တခြားအင်အားစုတွေက ဖုံးကွယ်ထားတဲ့ လူငယ်ပါရမီရှင်တွေလည်း ရှိနေအုံးမှာ...ဒီတစ်ကြိမ်ကောင်းကင်နန်းတော်ပြိုင်ပွဲမှာတော့ ငါတို့လင်ရှောင်းဂိုဏ်းက အခွင့်အရေးမရနိုင်ဘူး"

မိုးကောင်းကင်ကြယ်တာရာမဟာအကြီးအကဲက အေးစက်စက်နှာမှုတ်လိုက်၏။

"တကယ်လို့ ငါ့ရဲ့တပည့်သာ ဒီနေရာမှာရှိနေရင်...သူ နတ်ဘုရားအလင်းတန်းကိုရမှာ သေချာတယ်"

သူသည် အလွန်အမင်း ဒေါသထွက်နေသဖြင့် သူ၏မျက်နှာတစ်ခုလုံး ရှုံတွနေသည်။

အကြီးအကဲရှင်းနှင့်လင်ရှောင်းဂိုဏ်းခေါင်းဆောင်တို့က မည်သည့်စကားမျှမဆိုတော့ချေ။စိတ်ဆိုးဒေါသထွက်နေပြီး အသိစိတ်လွတ်ကင်းနေသူအား သူတို့ ပြောဆိုနေလျှင်လည်း အကြောင်းထူးမည်မဟုတ်ပေ။

……

ကမ္ဘာငယ်လေးအတွင်း၌....

နတ်ဘုရားအလင်းတန်း ကျဆင်းလာခြင်းနှင့်အတူ ပြိုင်ပွဲဒုတိယအဆင့်ကို အောင်မြင်သူများအားလုံး ကျယ်ပြန့်သောမြေကွက်တစ်ခုအတွင်းသို့ ပို့ဆောင်ခံလိုက်ရသည်။

ဝုန်းခနဲအသံကြီး မြည်ဟီးလာပြီးနောက်တွင် လူများ၏အောက်ရှိ မြေပြင်သည် ရုတ်တရက် မြင့်တက်သွားပြီး ကျောက်တုံးစင်မြင်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

မမြင်နိုင်သောအားလှိုင်းတစ်ရပ်က ကျောက်တုံးစင်မြင့်အား လွှမ်းခြုံသွားပြီး နံဘေးပတ်ဝန်းကျင်ရှိမြင်ကွင်းများအားလုံး အနည်းငယ်ဝေဝါးသွားသည်။

ကောင်းကင်နန်းတော်ပြိုင်ပွဲ၏တတိယအဆင့် စတင်လေပြီ။

"စုစုပေါင်းမှ နတ်ဘုရားအလင်းတန်းဆယ်ခုပဲရှိတယ်...ဒါက တကယ်ကို ကံဆိုးတာပဲ...မင်းတို့အားလုံးက ငါ့ရဲ့နောက်မှာပဲ ကျန်နေရလိမ့်မယ်"

မောက်မာဝံ့ကြွားသော အသံတစ်သံ ထွက်ပေါ်လာသည်။

လူငယ်တချို့က အသံလာရာဆီသို့ လှည့်ကြည့်လိုက်ရာတွင် ဖရိုဖရဲဖြစ်နေသောဆံရှည်လူငယ်တစ်ယောက်ကို တွေ့မြင်မိပေ၏။ထိုလူငယ်၏လက်အတွင်း၌ ဆေဘာဓားတစ်ချောင်းကို ကိုင်ဆောင်ထားပြီး လူအုပ်၏ရှေ့၌ မတ်တတ်ရပ်နေသည်။

ကျောက်တုံးစင်မြင့်ပေါ်၌ လင်ရှောင်းဂိုဏ်းမှတပည့်များ ရှိနေကြပြီး တစ်ဝက်ကျော်မှာ ပိုင်ဆုချင်ဦးဆောင်သော ကြိုးကြာဖြူတောင်ထိပ်မှ တပည့်မများဖြစ်သည်။

ကြွင်းကျန်သော လင်ရှောင်းဂိုဏ်းတပည့်များကမူ တခြားတောင်ထိပ်များမှ ဖြစ်ပေ၏။လုယွီက စုန့်ဟန်ကိုလည်း တွေ့မြင်မိသည်။

"စီနီယာအကိုယန်...ဒီတစ်ကြိမ်တော့ စီနီယာကို ကျွန်တော် အားကိုးပါ့ရစေ"

စုန့်ဟန်က သူ၏လက်များကိုဆုပ်၍ အရိုအသေပြုပြီး မျက်နှာချိုသွေးသော အမူအယာဖြင့် ပြောဆိုနေသည်။

သူသည် အပြစ်ပေးခန်းမအကြီးအကဲ၏ သားဖြစ်သော်လည်း သူ၏ရှေ့ရှိ ဆံပင်ဖရိုဖရဲနှင့်လူငယ်နှင့်ယှဥ်လျှင် အရေးပါသူမဟုတ်ချေ။

ဆံပင်ဖရိုဖရဲနှင့်လူငယ်၏အမည်မှာ ယန်ကျင်းဖြစ်ပြီး မဟာအကြီးအကဲတစ်ယောက်၏သား ဖြစ်ပေ၏။

စုန့်ဟန်သည် မည်ကဲ့သို့လူစားမျိုးအား မြှောက်ပင့်၍ ပေါင်းသင်းရမည်ကို ကောင်းစွာသိရှိထားသည်။

ယန်ကျင်း၏မျက်လုံးအကြည့်က မိန်းကလေးအများစုထံ ဝေ့ဝိုက်၍ ကျရောက်သွားပြီးမှ သူက မောက်မာစွာ ရယ်မောလိုက်၏။

"ဘာမှစိုးရိမ်မနေနဲ့...ငါ တာဝန်ယူတယ်...အဲ့ဒီ သောက်အင်အားစုတွေက ကြက်ကလေး ဌက်ကလေးတစ်သိုက်ကများ...ငါ့ရှေ့မှာ မျက်နှာတောင်ပြဝံ့မှာမဟုတ်ဘူး"

"အမှန်ပဲ...ဒီတစ်ကြိမ်တော့ ကျွန်တော်တို့က စီနီယာအကိုယန်ကိုပဲ မှီခိုရတော့မယ်"

စုန့်ဟန်က တခြားတပည့်များဘက်သို့လှည့်ပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။

"မင်းတို့ ကြားကြလား....မင်းတို့ရဲ့ခွန်အား အကုန်အစင်ကို အသုံးပြုပြီး စီနီယာအကိုယန်ကို ထောက်ပံကြစမ်း....စီနီယာအကိုကို မရှုံးနိမ့်စေနဲ့...ဒီတစ်ကြိမ် နတ်ဘုရားအလင်းတန်းကို ငါတို့ရယူနိုင်ဖို့က စီနီယာအကိုယန်ပေါ်မှာပဲ မူတည်တယ်"

တခြားတပည့်များသည် ယန်ကျင်း၏အဆင့်အတန်းကို သိရှိထားကြသဖြင့် သဘောတူညီကြောင်း ပြောဆိုကြလေသည်။

သို့ရာတွင် ကြိုးကြာဖြူတောင်မှ တပည့်မများကမူ မတုန်မလှုပ်ရှိနေဆဲပင်။

စုန့်ဟန်က ဒေါသထွက်သွားပေ၏။

"မင်းတို့မိန်းကလေးတစ်သိုက်က ဘာဖြစ်နေတာလဲ...ဒါက ကောင်းကင်နန်းတော်ပြိုင်ပွဲနော်...တခြားသူတွေကို အခွင့်အရေးယူခွင့် မပေးနဲ့"

"တကယ်လို့ မင်းစကားမပြောဘူးဆိုရင်...မင်းကို အအလို့ထင်မှာစိုးလို့လား"

လုယွီ၏အေးစက်စက်အသံက ရုတ်တရက်ထွက်ပေါ်လာသည်။

All Chapters