အလှအပဂေးတွေစုရာနေရာ
Vol. 10 Ch. 118
လော့ထျန်၏ အရှိန်အဝါ သည် ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲသွား၏။ “ဓားရိုင်း” သည် သူ၏လက်ထဲတွင် ပေါ်လာပြီး ဓားချက်နှစ်ချက် ဆက်တိုက်ခုတ်လိုက်၏။
“ဘုန်းး၊ ဘုန်းး”
ကြီးမားသော ဦးခေါင်းနှစ်လုံးသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။ သူတို့သေဆုံးသွားခဲ့ကြပြီ။
ချက်ချင်းသတ်ဖြတ်မှုဖြစ်စေသည့် ပေါ့ပါးသော ဓားချက်နှစ်ချက်ပင်တည်း။
တစ်ထောင့်ရှစ်ရာဂျင်ရှိသော “သွေးစုပ်ဓားရိုင်း” သည် အလွန်ထက်လှ၏။ ၎င်းသည် ထိုနတ်ဆိုးသားရဲများ၏သွေးကို စတင်သောက်သုံးလိုက်ပြီး ဓားမြည်သံကို ပေးလာခဲ့၏။
“ဒင်၊ ဒင်”
စနစ်၏သတိပေးချက်နှစ်ခုသည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။ လော့ထျန်သည် နတ်ဆိုးအနှစ်၏ ဂုဏ်သတ္တိများကို ချက်ချင်းစစ်ဆေးလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ “အထူးဂုဏ်သတ္တိရှိတဲ့ နတ်ဆိုးအနှစ်တွေ မထွက်လာသေးဘူးပဲ။ ငါငါးမျိုးစလုံးကို ဘယ်တော့မှ အပြည့်အဝ စုဆောင်းနိုင်မှာလဲ”
မီးဂုဏ်သတ္တိရှိသော နတ်ဆိုးအနှစ်ကို ပေါက်ကွဲထုတ်ခဲ့သည့် ချန်ထျန်းယောင်ကို သတ်လိုက်ပြီးနောက် လော့ထျန်သည် ဤလအတွင်း အဆင့် (၅) နတ်ဆိုးသားရဲ ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သော်လည်း မည်သည့်အထူးဂုဏ်သတ္တိရှိသော နတ်ဆိုးအနှစ်မျှ မတွေ့သေးချေ။ ငါးမျိုးရှိသော ဂုဏ်သတ္တိများထဲမှ တစ်ခုခုရှိသည့် နတ်ဆိုးအနှစ်အကြောင်းကို စကားပင်မပြောလိုချေ။
သူသာ ငါးမျိုးစလုံးရှိသော နတ်ဆိုးအနှစ်များကို မစုဆောင်းနိုင်ပါက ရှေးဟောင်းကျမ်းလိပ်၏ “စကြဝဠာအရင်းမြစ်” ကို သူဖောက်ထွင်းနိုင်မည်မဟုတ်ပေ။
သူသာ “စကြဝဠာအရင်းမြစ်” ကိုပင် မဖြေရှင်းနိုင်ပါက အတွင်းမှ ရှေးဟောင်းမှော်ပညာကို မည်သို့ရရှိနိုင်မည်နည်း။
“မေ့လိုက်ပါတော့...”
“အခြားအရာတွေကို မလုပ်ခင် ငါဗိုက်ဖြည့်သင့်တယ်”
လော့ထျန်သည် နတ်ဆိုးသားရဲ၏ပေါင်သားတစ်ပိုင်းကို လှီးဖြတ်လိုက်ပြီး သစ်တော၏ တစ်နေရာသို့ စတင်လျှောက်သွားခဲ့၏။
မကြာမီ...
သူ၏နောက်တွင် ကျယ်လောင်သောအသံများနှင့် မြေတုန်လှုပ်မှုများ ဆက်တိုက်ထွက်ပေါ်လာ၏။ အားမနည်းသော နတ်ဆိုးသားရဲအုပ်စုတစ်စုသည် ထိုရုပ်အလောင်းနှစ်ခုကို အချင်းချင်းလုယက်တိုက်ခိုက်နေကြ၏။
“ဝိညာဉ်တောင်တန်း” အတွင်း၌ရှိစဉ် လူတစ်ဦးသည် အမြဲတမ်းသတိထားနေရမည်ပင်။
အကြောင်းမှာ ထိုနေရာတွင် ကြမ်းကြုတ်သော နတ်ဆိုးသားရဲများစွာ လှည့်လည်သွားလာနေသောကြောင့် အလွန်အန္တရာယ်များ၏။ လော့ထျန်သည် အဆင့် (၅) နတ်ဆိုးသားရဲများကို အလွယ်တကူ ကိုင်တွယ်နိုင်သေးသော်လည်း အဆင့် (၆) နတ်ဆိုးသားရဲများနှင့် တွေ့သောအခါမှသာလျှင် သူအခက်တွေ့လိမ့်မည်။
ထို့ကြောင့် သူသည် ဤနေရာမှ အလျင်အမြန်ထွက်ခွာသွားခဲ့ခြင်းဖြစ်၏။
ညရောက်လာသောအခါ...
လော့ထျန်သည် ဂူပေါက်ဝတွင် ထိုင်နေပြီး အသားကင်နေ၏။ သူသည် သူ၏ယခင်ဘဝမှ ကလေးသီချင်းတစ်ပုဒ်ကို တညည်းညည်းဆိုနေ၏။ “နင်က ငါ့ရဲ့ အသားကင်လေးပါပဲ...”
မကြာမီ...
ကင်ထားသောအသားမှ ဆီစများပွင့်ထွက်လာပြီး ဆွဲဆောင်မှုရှိသော မီးကျွမ်းနံ့ကို ထုတ်လွှတ်နေ၏။ ဤအချိန်တွင် ဆားအချို့ဖြူးလိုက်ပါက အသားက အရသာကို အပြည့်အဝစုပ်ယူစေပြီး အရသာကို ပို၍ပင် စားချင်စဖွယ်ဖြစ်စေမည်ပင်တည်း။
လော့ထျန်သည် တံတွေးမျိုချလိုက်ပြီး ကိုယ့်ကိုယ်
ကိုယ် “မေဘေး ငါဒီလိုအသားကင်တဲ့ ပါရမီမျိုးကို ငါ့အရင်ဘဝတုန်းက ဘာလို့သတိမထားမိခဲ့တာလဲ။ ဒီအနံ့က တကယ်ကို မခံနိုင်အောင်ကောင်းတယ်” ရေရွတ်လိုက်၏။
အနံ့ကို ခဏခံစားပြီးနောက်...
လော့ထျန်သည် မီးဖိုမှ အသားကို အရွက်ကြီးတစ်ခုပေါ်တွင် အအေးခံရန် တင်လိုက်၏။
လော့ထျန်သည် သူ၏ဘောင်းဘီကို ဖြည်ရင်း ဂူထဲမှ ထွက်လာခဲ့သည်။ ထို့နောက် သူသည် မှောင်မိုက်သောည၏ကောင်းကင်သို့ မော့ကြည့်ပြီး “အမလေးဗျာ၊ ကျုပ် တစ်နေ့ကျရင် မင်းကို အပေါက်ဖောက်ပစ်
မယ်” အော်ဟစ်လိုက်၏။
သူ၏ဆီးသည် အတော်လေးဝေးလံသောနေရာသို့ ပစ်လွှတ်လိုက်သော မိုးမြှားတစ်စင်းကဲ့သို့ပင်တည်း။
လော့ထျန်သည် သူ၏ညီလေးကို ငုံ့ကြည့်ပြီး “တကယ်ကို အစွမ်းထက်တဲ့အရာပဲ” ပြုံးလိုက်၏။
သူသည် ဘောင်းဘီကို ပြန်ဆွဲတင်ပြီး ဂူထဲသို့ ပြန်လာခဲ့သည်။ သူ၏ကင်ထားသောအသားကို စားတော့မည့်အချိန်တွင် အရွက်ကြီးပေါ်မှ အသားပျောက်ဆုံးနေသည်ကို သူသတိပြုမိသွား၏။
လော့ထျန်သည် လန့်သွားပြီး “သရဲနဲ့တွေ့တာလား။ အသားကို ဒီမှာထားခဲ့တာ သေချာတယ်”
သူသည် သေချာစွာ ရှာဖွေကြည့်သော်လည်း မည်သည့်အရာမျှ ရှာမတွေ့ချေ။ လော့ထျန်သည် မျက်မှောင်ကြုတ်လိုက်ပြီး တစ်ကီလိုမီတာပတ်လည်ကို လွှမ်းခြုံထားသော သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်လိုက်၏။ မည်သည့်အရာမျှမရှိသေးပေ။
လော့ထျန်သည် မှောင်မိုက်သောဂူကို ကြည့်လိုက်ပြီး “ဒီကမ္ဘာမှာ တကယ်ပဲ သရဲတွေမရှိဘူး မဟုတ်လား” ရေရွတ်လိုက်၏။
သူ၏ပတ်ပတ်လည်ရှိ ဂူသည် လူလုပ်သကဲ့သို့ရှိပြီး နက်ရှိုင်းစွာ ဆက်သွားမည့်ပုံမပေါ်ချေ။ အများစုမှာ ယခင်က “ဝိညာဉ်တောင်တန်း” ကို စူးစမ်းရှာဖွေခဲ့စဉ် လူများပြုလုပ်ထားသောနေရာဖြစ်နိုင်၏။
လော့ထျန်သည် အတွင်းသို့ဝင်၍ စစ်ဆေးကြည့်ရန် စိတ်မဝင်စားသောကြောင့် ၎င်းနက်ရှိုင်းသည်ဖြစ်စေ၊ မနက်ရှိုင်းသည်ဖြစ်စေ သူမသိခဲ့ပေ။
သူသည် မှောင်မိုက်သောဂူကို ကြည့်နေစဉ် ရုတ်တရက် သူ့စိတ်ထဲတွင် မကောင်းသောခံစားမှုတစ်ခု ဝင်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင်...
လော့ထျန်သည် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ သူ၏သီချင်းကို ဆက်ဆိုပြီး အသားတစ်ပိုင်းကို ထပ်ကင်နေခဲ့၏။
ဆယ်မိနစ်ကြာပြီးနောက်...
ကင်ထားသောအသားကြီးတစ်ပိုင်းပြီးသွားပြီး ဤတစ်ပိုင်းသည် အရင်တစ်ခုထက် ပို၍ပင် ဆွဲဆောင်မှုရှိ၏။ လော့ထျန်သည် ဤတစ်ကြိမ်တွင် အပြင်သို့မထွက်ဘဲ အနည်းငယ်ကိုက်စားပြီးမှ အောက်သို့ချထားလိုက်၏။
ထို့နောက် သူသည် ကျောက်ပြားကြီးတစ်ချပ်ပေါ်တွင် လှဲလျောင်းလိုက်ပြီး အိပ်ချင်ယောင်ဆောင်ကာ မျက်လုံးများကို ပိတ်လိုက်၏။
မိနစ်ဝက်ကြာပြီးနောက်...
ဂူ၏အတွင်းပိုင်းမှ အသံအနည်းငယ်ထွက်ပေါ်လာ၏။ လော့ထျန်က သူ၏အာရုံများကို မထုတ်လွှတ်ခဲ့ပါက သူ၏နားများက ၎င်းကို သေချာပေါက်ကြားရမည်မဟုတ်ပေ။
“ဟီးဟီး...”
“နောက်ထပ် အသားကင်တစ်ပိုင်း၊ ဒီလိုအရာမျိုးက အရမ်းအရသာရှိတာပဲ”
ထိုသို့ပြောပြီးနောက် လော့ထျန်ရှိရာသို့ တစ်ချက်ကြည့်လိုက်ပြီး ဂရုတစိုက်ကင်ထားသောအသားကို ဆုပ်ကိုင်ကာ ထွက်ခွာရန် ပြင်လိုက်၏။
လော့ထျန်သည် တုန်လှုပ်သွား၏။ အလွန်အမင်းတုန်လှုပ်သွား၏။ အဘယ်ကြောင့်ဆိုသော် သူ၏မျက်လုံးအနားကွပ်တွင် အရပ်သုံးဆယ်စင်တီမီတာခန့်သာရှိသော အလွန်သေးငယ်သည့်လူတစ်ဦးရှိနေသောကြောင့်ပင်တည်း။ ဤသည်ကား ဒဏ္ဍာရီများထဲမှလူပု လူမျိုးဖြစ်နိုင်ပါမည်လော။
သူ၏ကင်ထားသောအသားကို ကောက်ယူနေသည့်
အချိန်တွင် လော့ထျန်သည် ရုတ်တရက်ထရပ်
လိုက်ပြီး “မင်းငါ့ပစ္စည်းတွေကို ခိုးဝံ့တယ်ပေါ့။ မင်းအသက်ရှင်ရတာ ပင်ပန်းနေပြီပဲ” အော်ဟစ်လိုက်၏။
ထိုလူပုလေးသည် ကင်ထားသောအသားကို ကိုင်ထားရင်း လော့ထျန်ကို မထီမဲ့မြင်ပြုသည့်အသွင်ဖြင့် လျှာထုတ်ပြလိုက်သည်။
ချက်ချင်းဆိုသလိုပင်...
ထိုလူပုလေးသည် မီးခိုးကဲ့သို့ ဂူထဲသို့ ပြေးဝင်သွားတော့၏။
လော့ထျန်သည် မပျော်မရွှင်ဖြစ်သွား၏။
နင်က ကျုပ်ရဲ့အစားအသောက်ကို ခိုးယူရဲတာ အဆင်ပြေသေးတယ်၊ ဒါပေမဲ့ နင်က ကျုပ်ကို မထီမဲ့မြင်ပြုရဲသေးတယ်ပေါ့။ လော့ထျန် ဘယ်လိုသည်းခံနိုင်ပါမည်နည်း။
သူသည် မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားပြီး ထိုလူပုလေး နောက်သို့ အမြန်လိုက်သွားခဲ့၏။
လော့ထျန်ကို ပို၍ပင် တုန်လှုပ်စေသောအရာမှာ ထိုလူပုလေး၏အမြန်နှုန်းသည် အလွန်လျင်မြန်နေခြင်းဖြစ်၏။ “လေအရိပ်ခြေလှမ်း” ကို ဖွင့်ပြီးနောက်တွင်ပင် သူလိုက်မမီနိုင်သေးပေ။ ကံကောင်းစွာဖြင့် သူတို့နှစ်ဦးကြားအကွာအဝေးသည် အလွန်ဝေးကွာသွားခြင်းမရှိသေးချေ။ လော့ထျန်သည် သူ၏ခေါင်းကို တစ်ခါတစ်ရံ ပြန်လှည့်ကြည့်နေသည့် အသည်းအသန်ပြေးနေသော ထိုလူပုလေး၏ ခပ်ဖျော့ဖျော့ပုံသဏ္ဌာန်ကို မြင်နိုင်ခဲ့၏။
လော့ထျန်ကို ပို၍ဒေါသထွက်စေသောအရာမှာ ဤလူယုတ်မာသည် သူ့ကို မထီမဲ့မြင်ပြုသည့်အကြည့်များ ပြသနေသေးခြင်းပင်တည်း။
“မေဘေး”
“အဆင့် (၂) ကြမ်းတမ်းခြင်း”
“လေအရိပ်ခြေလှမ်း၊ အဆင့် (၂)”
ရုတ်တရက်...
လော့ထျန်၏ အရှိန်အဝါ သည် ပေါက်ကွဲအားကောင်းသည့် ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်သွားပြီး သူဒေါသတကြီးဖြင့် “မင်းကောင်စုတ်လေး၊ မင်းကို ကျုပ် မဖမ်းနိုင်ဘူးလို့ ထင်နေတာလား” အော်ဟစ်လိုက်သည်။
လော့ထျန်၏ ရုတ်တရက်ပြောင်းလဲသွားမှုက ထိုလူပုလေးကို တုန်လှုပ်စေခဲ့၏။ သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများပြည့်နှက်နေပြီး သူ၏ပြေးနှုန်းကို မြှင့်တင်လိုက်၏။ သူသည် အသည်းအသန်ရှေ့သို့ ပြေးနေပြီး လော့ထျန်ကို ပြန်လှည့်ကြည့်ရန်ပင် မရဲတော့ချေ။
အဘယ်ကြောင့်ဆိုသော် သူ၏နောက်မှ ဤလူသားသည် အမှန်တကယ်အန္တရာယ်ရှိသောအရာဖြစ်ကြောင်း သူသဘောပေါက်သွားသောကြောင့်ပင်တည်း။
ထိုနှစ်ဦးကြား အကွာအဝေးနီးကပ်လာပြီး လော့ထျန်သည် နောက်ပြောင်သည့်အပြုံးဖြင့် စတင်ရယ်မောလိုက်သည်။ “အမလေးဗျာ၊ ကျုပ်ကို မထီမဲ့မြင်လုပ်လိုက်ဦး။ မင်းဆီက မထီမဲ့မြင်ပြုတဲ့အကြည့်ကို နောက်တစ်ခါ ထပ်ကြည့်ရအောင်”
သူသည် ထိုလူပုလေးကို ဖမ်းဆုပ်တော့မည့်ဆဲဆဲ...
ရုတ်တရက်...
သူသည် ချွန်ထက်သောကွေ့တစ်ခုကို ကွေ့လိုက်ပြီးနောက် သူ့မျက်လုံးများကို ကွယ်သွားစေလောက်အောင် တောက်ပစွာ လင်းနေသော မီးရောင်များကို တွေ့လိုက်ရ၏။
လော့ထျန်သည် သတိမမူမိဘဲ ရုတ်တရက်တောက်ပလာသော အလင်းကို ကာကွယ်ရန် သူ၏ညာလက်မောင်းကို မသိစိတ်ဖြင့် အသုံးပြုလိုက်သည်။ ဤအချိန်တွင်လည်း ထိုလူပုလေးသည် ရုတ်တရက် အလင်းဆီသို့ ခုန်ချလိုက်၏။
သူ၏အမြန်နှုန်းသည် အလွန်လျင်မြန်၏။
လော့ထျန် အချိန်မီမရပ်နိုင်ခဲ့ပေ။ ထို့အပြင် သူ၏မျက်လုံးများသည် အလင်းရောင်ကြောင့် ကွယ်သွားသည့်အချက်ကိုပါ ထည့်ပေါင်းလိုက်သောအခါ သူ၏ခြေထောက်အောက်တွင် လေဟာနယ်ကို ခံစားလိုက်ရပြီး သူ၏ကိုယ်ခန္ဓာတစ်ခုလုံး လွတ်လပ်စွာ ကျဆင်းသွားခဲ့တော့၏။
“လခွမ်း”
“ငါတော့ ဒုက္ခရောက်ပြီ”
ထိုအချိန်တွင် လော့ထျန်၏စိတ်သည် မှေးမှိန်သွားပြီး သူ၏စိတ်ထဲတွင် “ငါအကြီးအကျယ် ရှုပ်ကုန်ပြီ” အတွေးတစ်ခုပေါ်လာခဲ့၏။
သူသည် သူ၏သတိကို လျှော့ချလိုက်ပြီး ဤကဲ့သို့သောအရာမျိုး ဂူအတွင်း၌ ပေါ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိပေ။ ဤနေရာတွင် ထိုမျှကြီးမားသော အပေါက်ရှိနေလိမ့်မည်ဟုလည်း သူဘယ်တုန်းကမှ မထင်ခဲ့မိပေ။
လော့ထျန်၏ခန္ဓာကိုယ်သည် အလေးချိန်၏ဗဟိုချက်ကို ဆုံးရှုံးသွားပြီး အောက်သို့ကျဆင်းသွားခဲ့သည်။
သူကျဆင်းနေစဉ် ထိုလူပုလေးသည် သူ၏လက်မောင်းကို ယပ်ခတ်လိုက်၏။ သူ... သူပျံသန်းနေသည်လား။
ဒီ...
လူပုများသည် ဘယ်တုန်းက ပျံသန်းနိုင်ခဲ့ပါသနည်း။
ဤအရာထဲတွင် အဆိုးဆုံးအချက်မှာ အဆိုပါလူပုလေးသည် မကောင်းဆိုးဝါးကလေးတစ်ဦးကဲ့သို့ သူ၏မျက်နှာပေါ်တွင် ပေါ့ပျက်သောအမူအရာဖြင့် သူ့ကို လျှာထုတ်ပြနေခြင်းပင်တည်း။ သူသည် လော့ထျန်ကို နှိုင်းယှဉ်၍မရလောက်အောင် မထီမဲ့မြင်ပြုသည့်အကြည့်ဖြင့် ကြည့်နေပြီး သူ၏ကံဆိုးမှုကို ကျေနပ်နေသည့်အသွင်ရှိ၏။
“မင်းစောင့်နေလိုက်”
“အားးးးးးးး”
လော့ထျန်သည် သူ၏အလေးချိန်ဗဟိုချက်ကို ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း မလုပ်နိုင်သည်ကို တွေ့ရှိခဲ့၏။ သူကျဆုံးနေသောအရှိန်သည် အလွန်လျင်မြန်ပြီး အရှိန်ကို တန်ပြန်ရန် မည်သည့်နေရာကိုမျှ မတွေ့နိုင်ခဲ့ပေ။
သူသာ နက်နဲ နတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိခဲ့ပါက လေပေါ်တွင် နင်းပြီး ပျံသန်းနိုင်ပေမည်။
သို့သော် သူသည် နက်နဲ ဆရာအဆင့် (၈) တွင်သာ ရှိနေသေးပြီး ၎င်းမှ မိုင်ပေါင်း ၁၀၈,၀၀၀ ကွာဝေးနေသေး၏။
“အားးးးးးးး”
“ငါ့အောက်ကလူတွေ သတိထား၊ ငါအမြန်ဆင်းလာနေပြီ”
“ငါသေတော့မယ်ထင်တယ်...”
လော့ထျန်သည် အိမ်တစ်လုံးပေါ်သို့ တည့်တည့်မတ်မတ်ကျဆင်းခဲ့၏။ တိုက်မိမှုမှ ကြီးမားသော အပေါက်တစ်ခု ပေါက်ကွဲထွက်လာပြီးနောက် သူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့၏။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေ၏။ လော့ထျန်သည် သူ၏ခန္ဓာကိုယ်ရှိ အရေးကြီးသောအစိတ်အပိုင်းအချို့ကို စတင်ထိလိုက်ပြီး စိတ်သက်သာရာရသွား၏။ “ဒီလတစ်လလုံး ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာခုခံမှုကို လေ့ကျင့်နေခဲ့လို့ တော်သေးတယ်၊ မဟုတ်ရင် ငါတကယ်ပဲ ပြုတ်ကျသေဆုံးသွားမှာ”
လော့ထျန်သည် သူ၏ခန္ဓာကိုယ်ပေါ်မှ ဖုန်များကို ပုတ်ခါလိုက်၏။ သူထိုင်လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ အံ့အားသင့်သွားခဲ့သည်။
လော့ထျန်သည် သူ၏မျက်လုံးများကို အတင်းအကြပ်ပွတ်သပ်လိုက်ပြီး “ငါအိပ်မက်မက်နေရမယ်။ ဒါက အိပ်မက်၊ မျက်လှည့်နဲ့ အာရုံထင်ယောင်ထင်မှားတွေ ရောထွေးနေတာဖြစ်ရမယ်...”
သူ၏ရှေ့တွင် အဝတ်အစားတစ်စုံတစ်ရာမပါဘဲ လုံးဝကိုယ်လုံးတီးဖြစ်နေသော အမျိုးသမီးခြောက်ဦးရှိ၏။ သူတို့သည် အလွန်ဆွဲဆောင်မှုရှိနေပြီး သူတို့၏အသွင်အပြင်များကလည်း သွေးဆောင်မှုရှိနေ၏။
အလွန်အံ့မခန်းပင်တည်း။
သူသည် အလှပဂေးများ၏အသိုက်ထဲသို့ ကျရောက်သွားသည်လား။