ချော်ရည်မီးကို အဆင့်မြှင့်တင်ခြင်း
Vol. 10 Ch. 122
လူအုပ်ကြီးသည် ဆူညံပွက်လောရိုက်သွားပြီး ထွက်ပြေးသွားကြ၏။
အမျိုးသမီးများ၏ မျက်လုံးများက ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နေပြီး သူတို့၏ ကိုယ်ခန္ဓာများက မသိစိတ်ကပင် တုန်ယင်လာကြသည်။
ကြောက်ရွံ့မှု၊ နှိုင်းယှဥ်၍မရသော ကြောက်ရွံ့မှုတို့ ဖြစ်သည်။
ဆိုးယုတ်သော ပြုမူဆက်ဆံမှုက သူတို့အား မူလစကတည်းကပင် ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။
လော့ထျန်သည် ထိုဧရာမလူကြီး နင်းချခံထားရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးကို ကူညီပေးလိုက်၏။ သူမ၏ ဖြူဖျော့နေသော မျက်နှာကို မြင်လိုက်သောအခါ သူ၏ နှလုံးသားထဲတွင် နာကျင်မှုကို မခံစားဘဲ မနေနိုင်ပေ။
သူက လူတစ်ဦး ဖြစ်သေးရဲ့လား။
သူသည် ကိုယ်ဝန်ဆောင် အမျိုးသမီးကိုပင် ချမ်းသာမပေးဘဲ ထိုမာနကြီးသော အမူအရာကို ဆက်လက် ထိန်းသိမ်းထားချေ၏။
လူတိုင်းတွင် မိဘများ ရှိကြသည်၊ လူတိုင်း မိခင်တစ်ဦးမှ မွေးဖွားလာကြ၏။ ကိုယ်ဝန်ဆောင် အမျိုးသမီးအပေါ် ဤသို့သော ဆက်ဆံမှုမျိုး ပြုလုပ်သူသည် တိရစ္ဆာန်ထက်ပင် နိမ့်ကျသူ ဖြစ်၏။
လော့ထျန်သည် ထိုဧရာမလူကြီး၏ အောက်ပိုင်း ကိုယ်ခန္ဓာကို ကြည့်လိုက်၏။ သူ၏ မျက်လုံးများက အဆုံးမရှိသော ဒေါသကို ဖော်ပြနေဆဲဖြစ်ပြီး ထိုလူကို နောက်ထပ် အကြိမ် တစ်သောင်းလောက် ထပ်သတ်ချင်နေမိသည်။
ထိုအဖွားကြီးက ရှေ့သို့တက်လာပြီး နာကျင်မှုကြောင့် မူးမေ့လဲကျလုနီးပါး ဖြစ်နေသော ကိုယ်ဝန်ဆောင် အမျိုးသမီးကို ကူညီပေးလိုက်၏။ “အရှင်၊ သူတို့ ရောက်လာကြပြီ”
လော့ထျန်က အေးဆေးစွာ ပြုံးလိုက်ပြီး “သူတို့ လာတဲ့ချိန်က အကောင်းဆုံး အချိန်ပဲ” ပြောလိုက်၏။
သူ ဒေါသထွက်နေသောကြောင့် ၎င်းကို အပြည့်အဝ ထုတ်ဖော်ပစ်ရမည် ဖြစ်သည်။
တစ်ခဏအတွင်း...
လော့ထျန်သည် အစောင့်အရှောက်များ ရောက်လာသည်ကို မစောင့်တော့ဘဲ သူတို့ဆီသို့ တိုက်ရိုက် ပြေးထွက်သွား၏။
လော့ထျန်သည် ကျည်ဆန်တစ်ခုကဲ့သို့ ရှေ့သို့ ပစ်ထွက်သွားပြီး သူ၏ ဆုပ်ထားသော လက်သီးများက မီးလျှံတောက်ပသော အလင်းတန်းကို ချန်ထားခဲ့ပြီး သူ၏ ပုံရိပ်နောက်တွင် ဆွဲယူသွားသကဲ့သို့ ပေါ်လာ၏။
“ဘယ်သူလဲ”
“ကျုပ်က နင်တို့ရဲ့ ဘိုးဘေးပဲ”
လော့ထျန်က အတင်းအကြပ် ခုန်တက်လိုက်၏။ သူ၏ ညာလက်သီးက အပြည့်အဝ စုစည်းထားသော စွမ်းအားဖြင့် နောက်သို့ ဆွဲထားပြီး ပြင်းထန်သော လက်သီးချက်ကို ထိုးချလိုက်သည်။
သူသည် သူ၏ တိုက်ခိုက်မှု မကျရောက်မီ ရှေ့ဆုံးမှ လူ၏ ခေါင်းကို တည့်တည့် ပစ်မှတ်ထားခဲ့သည်။
လက်သီးတစ်ချက်တည်းဖြင့် အသားများ ပေါက်ကွဲထွက်သွား၏။
လော့ထျန်၏ စိတ်ထဲတွင် စနစ်သတိပေးချက် ထွက်ပေါ်လာ၏။
“ဒင်”
လက်သီးတစ်ချက်တည်းဖြင့်... ချက်ချင်း သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။
ပထမဆုံး လက်သီးချက် ကျရောက်ပြီးနောက် ဒုတိယ လက်သီးချက် လိုက်လာ၏။ လော့ထျန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ခွေးမသားတွေ၊ နင်တို့ ခွေးကောင်တွေ အားလုံး သေရမယ် ဒါကြောင့် ကျုပ် အတွက် ငရဲကို သွားစမ်း”
သူသည် ထိန်းမနိုင်သိမ်းမရ ရူးသွပ်နေသော နတ်ဆိုးတစ်ပါးနှင့် တူနေ၏။
ကိုယ်ဝန်ဆောင် အမျိုးသမီးအား နင်းချခံရသည့် မြင်ကွင်းသည် လော့ထျန်၏ စိတ်ထဲတွင် ထပ်ခါတလဲလဲ ပေါ်လာပြီး သူ့အတွင်းရှိ မီးလျှံဒေါသကို ပိုမို တိုးပွားစေခဲ့သည်။
သူ ဒေါသထွက်လေလေ၊ ပိုမို ထုတ်ဖော်လိုလေလေ ဖြစ်သည်။
သူ ထိုးလိုက်သော လက်သီးတစ်ချက်စီတိုင်းသည် ထာဝရ အစောင့်တစ်ဦးကို ဖျက်ဆီးပစ်ချေ၏။ တစ်ချိန်တည်းမှာပင် လော့ထျန်က ထိုအမျိုးသမီးများအား ထိုထာဝရအစောင့်များဟု ခေါ်ဆိုခံရသူများသည် အမှိုက်များသာဖြစ်ပြီး သူတို့ကို ကြောက်ရွံ့ရန် မလိုအပ်ကြောင်း ပြသလိုခဲ့သည်။
ရူးသွပ်စွာ သတ်ဖြတ်နေ၏။
စက္ကန့်သုံးဆယ်ပင် မကြာမီတွင် ကင်းလှည့်အဖွဲ့ငယ်မှ လူ တစ်ဆယ့်ခြောက်ယောက်အနက် အစောင့်အ တစ်ဦးသာ ကျန်တော့သည်။
အသက်ရှင်ကျန်ရစ်သူ အစောင့်အရှောက်သည် ကင်းလှည့်အဖွဲ့၏ ခေါင်းဆောင် ဖြစ်သည်။
ငရဲခွေးတစ်ကောင်နှင့်တူသော တိရစ္ဆာန်ကို စီးနင်းလာသည့် ထိုကင်းလှည့်ခေါင်းဆောင်သည် မူလက ကြမ်းတမ်းသော အမူအရာ ရှိနေခဲ့၏။ ယခုမူ သူ၏ လှံက လော့ထျန်ကို ချိန်ထားသော်လည်း အနည်းငယ် တုန်ယင်နေ၏။ သူသည် သူ၏ ပတ်ပတ်လည်ရှိ သေဆုံးနေသော အစောင့်များအားလုံးကို ကြည့်လိုက်ရာ အလွန် ရုပ်ဆိုးသည့် မျက်နှာအမူအရာဖြင့် ရှုပ်ထွေးမှု ရောထွေးနေ၏။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဘာတွေဖြစ်နေတာလဲ။ အမှောင်ဘုရင်က ငါတို့ကို ထာဝရ ကိုယ်ခန္ဓာ ပေးသနားထားတာ၊ ဒါဆို ဘယ်လိုလုပ် သူတို့ သေသွားနိုင်တာလဲ။
ဒါ့အပြင်...
ငါ့ရှေ့က ဒီလူက ဘယ်သူလဲ။
သူက ငါ့ရဲ့ ထာဝရအစောင့်တွေကို ဘယ်လိုများ သတ်နိုင်ခဲ့တာလဲ။
သူ၏ ထိတ်လန့်နေသော အမူအရာနှင့် တုန်ယင်နေသော အသံဖြင့် ကင်းလှည့်ခေါင်းဆောင်က “မင်းက ဘယ်သူလဲ” မေးလိုက်သည်။
လော့ထျန်က ညင်သာစွာ ပြုံးပြီး “ကျုပ် အခုလေးတင် ပြောလိုက်တယ်လေ၊ကျုပ်က မင်းတို့ရဲ့ ဘိုးဘေးပဲ”
ကင်းလှည့်ခေါင်းဆောင်၏ မျက်လုံးများက မှောင်မိုက်သွား၏။ သူ့အောက်ရှိ ကြမ်းတမ်းသော ခွေးက ဟိန်းဟောက်လာပြီး သူက အေးစက်စွာ ရေရွတ်လိုက်၏။ “မင်း သေချင်နေတာပဲ”
“လာခဲ့”
လော့ထျန်က ဒေါသတကြီး အော်ဟစ်လိုက်၏။ ထို့နောက် သူက သူ၏ လက်ညိုးကို ကောက်ပြီး ပြုံးလိုက်၏။ “နင်တို့ ခွေးမိုက်တွေ၊ နင်တို့ မသေနိုင်ဘူးလို့ တကယ် ထင်နေကြတာလား။”
“အမှောင်ဘုရင်က ငါတို့ကို လိမ်မှာ မဟုတ်ဘူး”
“ငါတို့ရဲ့ ရုပ်ခန္ဓာတွေက ထာဝရပဲ…”
လော့ထျန်သည် ကင်းလှည့်ခေါင်းဆောင် စကားဆုံးအောင် မစောင့်တော့ဘဲ သူ၏ နားရွက်များကို ကလော်ပြလိုက်ရာ ထိုစကားများ ကြားရသည်ကို ငြီးငွေ့နေကြောင်း ဖော်ပြ၏။ သူ၏ ပုံရိပ်က ဝါးသွားပြီး လက်သီးတစ်ချက်က ထိုးထွက်သွားခဲ့သည်။
ကင်းလှည့်ခေါင်းဆောင်သည် စကားပြောခြင်းကို ရပ်လိုက်ပြီး ငရဲခွေး၏ ကျောပေါ်မှ နောက်ပြန် ခုန်ချလိုက်၏။
တစ်ချိန်တည်းမှာပင် ငရဲခွေးက ရူးသွပ်စွာ ခုန်အုပ်လာ၏။
“စောက်ကလေးလေး”
“နင်လို သားရဲ စောက်ကောင်က ကျုပ်အရှေ့မှာ မာနထောင်လွှားရဲတယ်ပေါ့လေ” လော့ထျန်၏ လက်သီးက လေထဲတွင် ပြောင်းလဲသွားပြီး ကြမ်းတမ်းသော ခွေး၏ ကျောပေါ်သို့ ရိုက်ချလိုက်၏။
မီးလျှံလက်သီးသည် ခွေး၏ ကိုယ်ခန္ဓာကိုချက်ချင််း အပိုင်းနှစ်ပိုင်း ပိုင်းပစ်လိုက်သည်။
ထိုခွေးသည် မသေသေးပေ။ ၎င်းသည် အစောင့်နှင့် ဆင်တူပြီးထာဝရ ရုပ်ခန္ဓာဟု ခေါ်ဆိုသော အရာ ရှိနေ၏။ ထိုခွေး၏ မျက်လုံးများက လော့ထျန်ကို စိုက်ကြည့်နေပြီး မြေပြင်ပေါ်မှ သူ့ကို ဆက်လက် ဟောင်နေသည်။
၎င်းက လော့ထျန်ကို မကြောက်မရွံ့ အမူအရာပြနေ၏။
လော့ထျန်သည် ဤအရာကြောင့် အလွန် စိတ်တိုသွားပြီး ချက်ချင်းပင် ထိုကြမ်းတမ်းသော ခွေး၏ ခေါင်းကို နင်းချလိုက်၏။ ၎င်း၏ ဦးနှောက်အသားစများသည် မြေပြင်တစ်လျှောက် ပက်ကျဲသွားပြီး လော့ထျန်က “ခွေးမသား၊ အခု ဆက်ဟောင်နေတာကို ကြည့်ရအောင်”
ကင်းလှည့်ခေါင်းဆောင်၏ မျက်နှာအမူအရာက အလွန် ရုပ်ဆိုးနေ၏။ “မင်းက ဘယ်လိုလုပ်…”
လော့ထျန်က လှောင်ပြုံးပြုံးပြီး ပြန်ဖြေလိုက်၏။ “ကျုပ် လူတိုင်းကို ဘယ်လို သတ်နိုင်တာလဲ။ ကျုပ် ရှင်းပြပေးမယ်။ နင်တို့အားလုံးက ထာဝရကိုယ်ခန္ဓာရှိတယ်လို့ ထင်နေတဲ့ ခွေးမိုက်တွေချည်းပဲ၊ တကယ်တမ်းကျတော့ နင်တို့အားလုံးက အမှိုက်တွေချည်းပဲ”
သူတို့သည် တကယ်တော့ အသုံးမဝင်ကြချေ။
သူတို့အား ကျင့်ကြံမှုအဆင့်တစ်ခုဖြင့် သတ်မှတ်ရမည်ဆိုလျှင် သူတို့သည် နက်နဲ ဆရာအဆင့်၏ အစောပိုင်းတွင် အများဆုံး ရှိနေကြသည်။
သို့သော်...
လော့ထျန်သည် သူတို့၏ အားနည်းချက်ကို မတွေ့ရှိခဲ့ပါက သူတို့၏ မသေနိုင်သော ကိုယ်ခန္ဓာများသည် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို နက်နဲ ဂုရုသခင်အဆင့်နှင့် ညီမျှသည်အထိ တိုးမြှင့်ပေးနိုင်ပေလိမ့်မည်။
မိမိကိုယ်ကို မေးကြည့်ပါ။
သင် တိုက်ခိုက်နေသော လူတစ်ဦးက နာကျင်မှုကို မခံစားရဘဲ သင် ဘယ်လောက်ပဲ ထိခိုက်မှု ပေးပါစေ မသေဆုံးပါက သင် သူတို့နှင့် မည်သို့ တိုက်ခိုက်မည်နည်း။
လော့ထျန်က သူတို့၏ အားနည်းချက်ကို ရှာဖွေတွေ့ရှိခဲ့သည်မှာ ကံကောင်း၏။ မဟုတ်ပါက တိုက်ခိုက်ခြင်းကို မပြောနှင့် ဤလူများသည် သူ့ကို ပင်ပန်းနွမ်းနယ်သည်အထိ ဖြစ်စေနိုင်ချေ၏။
ဤအကြောင်းကြောင့်လည်း သူတို့၏ အတွေ့အကြုံမှတ်များသည် အလွန် မြင့်မားနေခြင်းဖြစ်ပြီး ဤနေရာကို ကောင်းမွန်သော နေရာတစ်ခု ဖြစ်စေခဲ့သည်။ ဤလူမျိုးများ နောက်ထပ် ထောင်ပေါင်းများစွာ ရှိနေပါက...
“ဂလု”
လော့ထျန်သည် သူ၏ တံတွေးကို မျိုချလိုက်ရ၏။ ထိုသို့ဆိုလျှင် နက်နဲ ဂုရုသခင်အဆင့်သို့ ဖောက်ထွင်းဝင်ရောက်ခြင်းသည် မျက်စိတစ်မှိတ်အတွင်း လျင်မြန်မည် မဟုတ်ပေလော။
ကင်းလှည့်ခေါင်းဆောင်၏ မျက်လုံးများသည် ဤအချက်တွင် မီးတောက်များ ထုတ်လွှတ်နိုင်လုနီးပါး ဖြစ်နေ၏။ ထို့နောက် သူက “အမှောင်ဘုရင်က ငါတို့ကို လိမ်မှာ မဟုတ်ဘူး။ မင်း ငါတို့ကို သတ်လို့ မရဘူး၊ ဟားဟားဟား… မင်းလို အပြင်လူက ဆိုးဆိုးရွားရွား သေဆုံးရလိမ့်မယ်၊ အမှောင်ဘုရင်က ငါတို့ကို မသေနိုင်ခြင်းကို တစ်ဖန် ပြန်ပေးသနားလိမ့်မယ်၊ ဟားဟားဟား…”
“နင့်အမကို ပေးသနား”
လော့ထျန်၏ ခြေထောက်များ လှုပ်ရှားသွားပြီး အရိပ်လေ ခြေလှမ်းကို အသက်သွင်းလိုက်သည်။
သူ့ပုံရိပ်၏ အလင်းရောင်မျဉ်းက ကင်းလှည့်ခေါင်းဆောင်၏ ဘေးသို့ ချက်ချင်း ရောက်လာသည်ကို မြင်ရ၏။ လော့ထျန်၏ နှုတ်ခမ်းများက သေမင်းကဲ့သို့ ပြုံးလိုက်ပြီး သူက အေးစက်စွာ ပြောလိုက်သည်။ “ထပ်ရယ်ကြည့်ပါဦး…”
ကင်းလှည့်ခေါင်းဆောင်သည် ရယ်ရန် ပါးစပ်ဖွင့်ခါနီးတွင် ချော်ရည်မီးလျှံ ဖုံးလွှမ်းထားသော လက်သီးက သူ၏ ပါးစပ်ကို ထိုးချလိုက်သည်။
ချက်ချင်း လောင်ကျွမ်းသွားပြီး သူ၏ ခေါင်းက ရူးသွပ်သလို လောင်ကျွမ်းလာ၏။
ထူထဲသော မီးခိုးနက်များသည် သူ၏ နှာခေါင်း၊ မျက်လုံးနှင့် နားများမှ စတင် ထွက်လာ၏။
ကင်းလှည့်ခေါင်းဆောင်၏ ခေါင်းအတွင်းတွင် လက်တစ်ဝက်ခန့် ရှည်လျားသော ပိုးကောင်တစ်ကောင်က သူ့ခေါင်းထဲမှ ရုန်းကန်ထွက်ရန် ကြိုးစားနေ၏။
ဤအချိန်တွင်လည်း...
ရုတ်တရက် သတိပေးသံတစ်ခုက လော့ထျန်၏ စိတ်ထဲတွင် ထွက်ပေါ်လာ၏။
“ဒင်”
“ကစားသမား လော့ထျန်ကို ဂုဏ်ယူပါသည်။ ချော်ရည်မီးလျှံကို အဆင့်မြှင့်လိုက်ပြီ ဖြစ်သည်။ သင် အဆင့်မြှင့်လိုပါသလား”
“ဟမ်”
“အဆင့် တက်သွားတာလား” လော့ထျန်သည် ဝမ်းသာအားရ ဖြစ်သွားပြီး သူ၏ စိတ်ထဲတွင် “အဆင့်မြှင့်လိုက်” ချက်ချင်း ပြောလိုက်၏။
“ဒင်”
“ကျေးဇူးပြုပြီး အဆင့်မြှင့်ရန်အတွက် ရွေးချယ်မှု ပြုလုပ်ပါ။ ခြေထောက်၊ ရင်ဘတ်၊ သို့မဟုတ် ခေါင်း”
“ဒါ ဘာကို ဆိုလိုတာလဲ။ ဒီသိုင်းပညာက တစ်ဦးတစ်ယောက်ရဲ့ ရုပ်ခန္ဓာကို ပြောင်းလဲပေးနိုင်ပြီး နောက်ဆုံးမှာ ချော်ရည်မီးလျှံလူသားအဖြစ် ပြောင်းလဲသွားနိုင်တာလား”
တစ်ခဏအတွင်း...
လော့ထျန်သည် ပျော်ရွှင်သွားပြီး သူ့ကိုယ်သူ ပြောလိုက်၏။ “အဆင့်မြှင့်တင်မှုတွေက နောက်ဆုံးမှာ One Piece က ရေတပ်ရဲ့ အပြင်းထန်ဆုံး စစ်သူကြီးသုံးဦးထဲက တစ်ဦးဖြစ်တဲ့ အကာအီနုလို ဖြစ်လာနိုင်မလား။ ဒါမှမဟုတ် ပေါ့ဂတ်စ် ဒီ အေ့စ် လိုလား။ ဒါမှမဟုတ် သူတို့နှစ်ဦးစလုံးရဲ့ စွမ်းအားတွေ ပိုင်ဆိုင်နိုင်မလား။ ဟာ၊ တကယ်ပဲ ဒီလောက် အံ့သြဖို့ကောင်းဖို့ လိုသလား။ ကျုပ်ရဲ့ နှလုံးသားလေးက ဒီလို စိတ်
လှုပ်ရှားမှုကို မခံနိုင်တော့ဘူး”
ချက်ချင်းဆိုသလိုပင်...
လော့ထျန်သည် ခဏတာ စဥ်းစားပြီးနောက် သူ၏ ဆုံးဖြတ်ချက်ကို ချလိုက်သည်။ “ခြေထောက်ကို အဆင့်မြှင့်မယ်”
“ဒင်”
“ခြေထောက် အဆင့်မြှင့်တင်နေသည်…”
လော့ထျန်က အဘယ်ကြောင့် သူ၏ ခြေထောက်ကို အရင် အဆင့်မြှင့်တင်ရန် ရွေးချယ်ခဲ့သနည်း။
ရင်ဘတ်နှင့် ခေါင်းသည် သူ၏ ကာကွယ်ရေးကို အနည်းငယ်သာ တိုးမြှင့်ပေးနိုင်သော်လည်း ခြေထောက်များသည် တိုက်ခိုက်နိုင်စွမ်း ရှိ၏။ လူတစ်ဦး၏ ခြေထောက်က မီးလျှံကြာပွတ်ကဲ့သို့ ကန်ထုတ်လိုက်သောအခါ မည်မျှ အေးမြပြီး စွမ်းအားရှိမည်နည်း။
ဟုတ်ပါတယ်...
လော့ထျန်သည် သူ၏ ခြေထောက်ကို အဆင့်မြှင့်တင်ရန် ရွေးချယ်ခဲ့သည့် အခြား အဓိက အကြောင်းရင်းလည်း ရှိချေ၏။ သူသည် One Piece အတွင်းရှိ အခြား ဇာတ်ကောင်ဖြစ်သော ကောက်ကွေးနေသည့် မျက်ခုံးပိုင်ရှင် စားဖိုမှူး ဗင်းစမုတ် ဆန်ဂျီကို စဥ်းစားနေခဲ့ခြင်း ဖြစ်သည်။ သူ၏ သေစေနိုင်သော ခြေထောက်တစ်စုံသည် မည်မျှ အစွမ်းထက်သနည်း။
စက္ကန့်အနည်းငယ် ကြာသွား၏။
လော့ထျန်၏ ခြေထောက်များ ပတ်ပတ်လည်တွင် အဖြူရောင် အခိုးအငွေ့များ စတင်ပေါ်လာပြီး နောက်ဆုံးတွင် အနီရောင်သို့ ပြောင်းသွား၏။ ထို့နောက် ချော်ရည်မီးလျှံပမာဏ အနည်းငယ်က သူတို့ပတ်ပတ်လည်တွင် ပွက်ပွက်ဆူလာ၏။
သူ၏ လက်နှင့် ခြေထောက်များသည် ယခုအခါ ချော်ရည်မီးလျှံဖြင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်နေပြီး စောက်ရမ်းမိုက်သော အသွင်အပြင်ကို ဖန်တီးလိုက်သည်။
ဤအချိန်တွင်လည်း...
ကင်းလှည့်ခေါင်းဆောင်သည် နောက်ဆုံး အသက်ရှူချိန်တွင် ရှိနေပြီး လော့ထျန်က အေးစက်စွာ ပြုံးလိုက်၏။ “ငရဲကို သွားတော့…”
“မင်းရဲ့လက်ကို ရပ်လိုက်”
ရုတ်တရက်...
ကျယ်လောင်ပြီး အားကောင်းသော အသံကို ကြားလိုက်ရ၏။ ထို့နောက် အနက်ရောင် တိမ်တိုက်တစ်ခု ကောင်းကင်မှ လေထဲသို့ ဆင်းသက်လာ၏။
အနက်ရောင် တိမ်တိုက်အလယ်တွင် ရွှေရောင် အလင်းရောင် တောက်ပနေပြီး တစ်ချိန်တည်းမှာပင် အဆုံးမရှိသော သေခြင်းတရား အငွေ့အသက်ကို ခံစားရသည်။
“ဟာ”
“ခင်ဗျားက ကျုပ်ကို လက်ရပ်ဖို့ ပြောပြီး ကျုပ်က ရပ်လိုက်ရင် သိက္ခာကျသွားမှာပေါ့” လော့ထျန်က မထီမဲ့မြင် ပြောလိုက်ပြီး သူ၏ ညာလက်သီးကို လှုပ်ရှားလိုက်သည်။
အကျိုးဆက်များကို ဂရုမစိုက်ဘဲ လော့ထျန်သည် ကင်းလှည့်ခေါင်းဆောင်ကို ချက်ချင်း သတ်ပစ်လိုက်သည်။
“ဘုန်း…”
အနက်ရောင် တိမ်တိုက်သည် ပေါက်ကွဲသွားပြီး အဆုံးမဲ့ သေခြင်းတရား အငွေ့အသက်များသည် လော့ထျန်ထံသို့ ဆူနာမီလှိုင်းကဲ့သို့ တိုက်ခတ်လာသည်။