လော့ထျန်၏ သတ်ဖြတ်ရေးလမ်းကြောင်း
Vol. 10 Ch. 123
မည်သူမျှ သူ့ကို တားဆီးနိုင်မည် မဟုတ်ချေ။ ဘုရားသခင်များပင် ဆင်းသက်လာခဲ့လျှင် တားနိုင်မည် မဟုတ်ပါ။
အဘယ်ကြောင့်ဆိုသော် သူ၏ ဒေါသသည် မပြေပျောက်သေးသောကြောင့် ဖြစ်၏။
သေခြင်းတရား အငွေ့အသက် အပြည့်အစုံပါသော ကောင်းကင်ကြီးတစ်ခုလုံးက လော့ထျန်၏ စိတ်နှင့် သတိပင်လယ်ကို ဖိစီးနေသကဲ့သို့ ဖြစ်နေပြီး ပုံမှန်လူများ ခံနိုင်ရည်ရှိရန် အတော်လေး ခက်ခဲစေ၏။
သို့သော် လော့ထျန်သည် ကြောက်ရွံ့မှု အနည်းငယ်မျှ မခံစားရပေ။ အဘယ်ကြောင့်ဆိုသော် ဤသားရဲများသည် ကိုယ်ဝန်ဆောင် အမျိုးသမီးကိုပင် ချမ်းသာမပေးခဲ့သောကြောင့် သူတို့သည် ငရဲသို့ ဝင်ဖို့တောင် မတန်ပေ။
သူ၏ လက်သီးပေါ်ရှိ ချော်ရည်မီးလျှံမီးလျှံသည် ရူးသွပ်စွာ ဆက်လက် လောင်ကျွမ်းနေပြီး ကင်းလှည့်ခေါင်းဆောင်၏ ခေါင်းသည် ပြာအဖြစ်သို့ ပြောင်းသွားသည်အထိ ဖြစ်သည်။ ပြာမှုန်များ မြေပြင်သို့ လွင့်ကျလာသည်နှင့် ရုတ်တရက် လေပြေအေးတစ်ခုက ၎င်းကို ပတ်ဝန်းကျင်သို့ လည်ပတ်သွားစေ၏။ ၎င်းသည် ကင်းလှည့်ခေါင်းဆောင်၏ ဝိညာဉ်ပင်လျှင် ဘာမှ မရှိတော့သည်အထိ လောင်ကျွမ်းသွားသည်နှင့် တူ၏။
ထို့နောက် ချက်ချင်းပင်...
လော့ထျန်သည် ပေါက်ကွဲထွက်သွားသော အနက်ရောင် တိမ်တိုက်ကို မော့ကြည့်လိုက်၏။ သူ၏ မျက်လုံးများက ပြူးကျယ်သွားပြီး ချက်ချင်း စိတ်
လှုပ်ရှားသွားကာ “ဘေ့ာစ်တစ်ယောက်ပဲ”ရေရွတ်လိုက်မိသည်။
ကိုယ်ခန္ဓာတစ်ခုလုံးက ရွှေရောင် တောက်ပနေသည်။ တောက်ပမှုက အားမကောင်းသော်လည်း ၎င်းသည် မီနီ ဘော့စ်ဟု သတ်မှတ်နိုင်သည်မှာ သေချာ၏။
တိမ်တိုက် ပေါက်ကွဲသွားသည်နှင့်အမျှ အလွန် ကြမ်းတမ်းသော သားရဲနှင့်တူသော ခေါင်းတစ်လုံး ပေါ်လာ၏။ ထို့နောက် လေဟာနယ်ကို ထိုးဖောက်နေသည့်အတိုင်း ထင်ရသော လှံတစ်ချောင်း လိုက်လာ၏။ လှံ၏ ကိုယ်ထည်သည် သက်ရှိမြွေတစ်ကောင်ကဲ့သို့ လုံးဝ အနက်ရောင်ဖြစ်ပြီး သေခြင်းစွမ်းအင်ဖြင့် ပြုလုပ်ထားသော ထူထဲသော မီးလျှံနက်များကို ထုတ်လွှတ်နေသည်။
နောက်တွင် ကိုယ်ထည် အပေါ်ပိုင်း ဗလာကျင်းနေသည့် သုံးမီတာ အရပ်ရှိ လူတစ်ဦး ပေါ်လာပြီး သူ၏ သံမဏိနက်ကဲ့သို့ ကြွက်သားများကို ဖော်ပြနေ၏။ သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးက မည်သည့်အချိန်တွင်မဆို စွမ်းအားများ ပေါက်ကွဲထွက်နိုင်သည့် ခံစားချက်ကို ပေး၏။
စွမ်းအားကြီးသော အငွေ့အသက်တစ်ခုက ဤလူ၏ ကိုယ်ခန္ဓာမှ စီးဆင်းနေသည်။
ဤကဲ့သို့သော အငွေ့အသက်သည် ယခင် မသေနိုင်သော အစောင့်များထက် လုံးဝ ကွဲပြား၏။
ဤကွဲပြားမှုသည် ကျင့်ကြံမှုအဆင့်များကြားမှ ကြီးမားသော ကွာဟချက်ပင် ဖြစ်ချေ၏။
မသေနိုင်သော အစောင့်များ၏ တပ်မှူး - ယိုဟွန်း ဖြစ်၏။
သူသည် နက်နဲ ဂုရုသခင်အဆင့်၏ အစောပိုင်း အဆင့်များတွင် ရှိနေချေ၏။
သူ၏ စွမ်းအားများက အလွန် အားကောင်းပြီး သူသည် အမှောင်ဘုရင်၏ အောက်ရှိ အကြီးအကဲ လေးဦးထဲမှ တစ်ဦး ဖြစ်သည်။
သူ၏ ပုံသဏ္ဌာန်က ဗဟိုမြေ မျိုးနွယ်စု၏ မျက်နှာများကို ပြင်းထန်စွာ ပြောင်းလဲစေခဲ့၏။ လူတိုင်း ခေါင်းငုံ့ထားကြပြီး သူ့ကို မျက်လုံးချင်း မဆိုင်ဝံ့ကြပေ။
ဤကဲ့သို့သော ကြောက်ရွံ့မှုကို စကားဖြင့် ဖော်ပြ၍ မရပေ။
ဤအချိန်တွင် သူတို့သည် ကြောက်ရွံ့တုန်လှုပ်ရန်ပင် မေ့နေကြ၏။ သူတို့၏ ခေါင်းများသည် သူတို့၏ ရင်ဘတ်ထဲသို့ မြှုပ်ထားသကဲ့သို့ ဖြစ်နေပြီး သူတို့၏ ခြေထောက်များက မသိစိတ်ကပင် မြေပြင်ပေါ်တွင် ဒူးထောက်သွားကြသည်။
လော့ထျန်သည် ဤရုတ်တရက် ပြောင်းလဲမှုကို သတိပြုမိပြီး မျက်မှောင်ကြုတ်သွား၏။ ထို့နောက် သူက “အားလုံး ထကြစမ်း ဘယ်သူမှ ဒူးထောက်ဖို့ ခွင့်မပြုဘူး”
သူ၏ အသံက ကောင်းကင်ကို တုန်လှုပ်စေသည်။
၎င်းသည် လျှပ်စီးကြောင်းတစ်ခုက အနက်ရောင် ကောင်းကင်ကို ဖြတ်ကျော်သွားသည်နှင့် ဆင်တူ၏။
လူအများအပြားသည် လော့ထျန်ကို မော့ကြည့်လိုက်ရာ သူတို့၏ မျက်လုံးများက တုံ့ဆိုင်းမှုနှင့် သူတို့၏ စိတ်ထဲတွင် ဖြစ်ပျက်နေသော ပဋိပက္ခများကို ပြသနေကြသည်။
လူသားများသည် မိမိကိုယ်ကို ဂုဏ်ယူမှု ရှိရမည်။
သူတို့ကို ရိုက်နှက်နိုင်သည်၊ သတ်နိုင်သည်၊ လှောင်ပြောင်နိုင်သည်၊ စနောက်နိုင်သည်၊ သို့သော် လူသားများသည် မိမိကိုယ်ကို လေးစားမှု မရှိဘဲ မနေနိုင်ပေ။ သူတို့တွင် ဂုဏ်သိက္ခာနှင့် အနိမ့်ဆုံးခံနိုင်ရည် ရှိရမည်။ တစ်ဦးတစ်ယောက်၏ ဒူးက ကောင်းကင်ကို ဒူးထောက်နိုင်သည်၊ မြေကြီးကို ဒူးထောက်နိုင်သည်၊ မိဘများကို ဒူးထောက်နိုင်သည်၊ သို့သော် ရန်သူကို ဒူးထောက်၍ မရနိုင်ချေ။
ထိုအဖွားကြီးသည် ပထမဆုံး ထရပ်သူဖြစ်ပြီး “အားလုံး ထကြ အရှင် ရှိနေတာမို့ ငါတို့ ကြောက်
စရာ မလိုဘူး” ကျယ်လောင်စွာ ပြောလိုက်သည်။
“ဟားဟားဟား…”
“အရှင်လား”
“သူလို သေးငယ်တဲ့ လူသားတစ်ဦးက အရှင် ဖြစ်ဖို့ အရည်အချင်း ပြည့်မီသလား” လေထဲတွင် ပျံဝဲနေရင်း ယိုဟွန်းသည် လော့ထျန်ကို အသာအယာ ကြည့်လိုက်၏။ သူ၏ မျက်နှာက မထီမဲ့မြင်ပြုမှုများဖြင့် ပြည့်နှက်နေပြီး အေးစက်စွာ ပြုံးလိုက်၏။ “အဖွားကြီး၊ နင် အသက်ကြီးလာတာနဲ့အမျှ ပိုပြီး ရှုပ်ထွေးလာပြီလို့ ငါ ထင်တယ်။ နင့်ရဲ့ ဟောကိန်းက တကယ်လို့ ထင်နေတာလား”
“လူသားလောကမှာ သူ၏ ကျင့်ကြံမှုအဆင့်က နက်နဲ သခင် အဆင့် ၈ မှာပဲ ရှိတယ်။ ဒီလို ကျင့်ကြံမှုမျိုးနဲ့ဆိုရင် အမှောင်ဘုရင်ကို သတ်ဖို့ မပြောနဲ့၊ သူက ငါ့ရဲ့ ဖိနပ်ကို သယ်ဖို့တောင် အရည်အချင်း မပြည့်မီဘူး။ ဟားဟားဟား…”
ဤရိုင်းစိုင်းသော ရယ်မောသံသည် ရယ်စရာကောင်းသော ဟာသတစ်ခုကို ကြားလိုက်ရသည်နှင့် ဆင်တူ၏။
ထိုအဖွားစုန်းမက ခိုင်မာသော အကြည့်ဖြင့် လော့ထျန်ကို ကြည့်လိုက်၏။ ထို့နောက် သူမက ညင်သာစွာ ပြောလိုက်၏။ “ယိုဟွန်း၊ မင်း မကောင်းမှုတွေ အများကြီး လုပ်ခဲ့တယ်။ မင်း ဘယ်လောက် အင်အားကြီးပါစေ၊ မင်း သေဆုံးခြင်းကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး။ အရှင်က ငါတို့ကို မင်းကို သတ်ဖို့ အသေအချာ ကူညီလိမ့်မယ်”
“အားလုံး ထကြ”
“သူ့ကို မကြောက်ကြနဲ့။ အရှင် ရှိနေတာမို့ သူက ငါတို့ကို သေချာပေါက် ကာကွယ်ပေးလိမ့်မယ်”
မကြာခင်မှာပဲ...
အချို့လူများသည် အဖွားကြီးကို ကြည့်ပြီး မဝေးလှသော လော့ထျန်ကို ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့၏ ခြေထောက်များ စတင် လှုပ်ရှားလာ၏။
လူအများအပြားသည် ထပ်မံ မတ်တတ်ရပ်ချင်ခဲ့ကြသည်။
ရုတ်တရက်...
ဤအချိန်တွင် ယိုဟွန်းသည် မျက်လုံးပြူးပြူးဖြင့် စူးစိုက်ကြည့်ပြီး အေးစက်စွာ အော်ဟစ်လိုက်၏။ “ငါ့အတွက် ဆက်ပြီး ဒူးထောက်နေကြ ဘယ်သူ မတ်တတ်ရပ်ရဲလဲ၊ ဒီအဖေက သူတို့ကို သေခြင်းတရားထက် ပိုဆိုးတဲ့ နာကျင်မှုကို ခံစားစေရမယ်”
လော့ထျန်သည် ယိုဟွန်းကို ကြည့်လိုက်ပြီးနောက် ဗဟိုမြေ မျိုးနွယ်စုကို ဘာမှ မပြောဘဲ ကြည့်နေ၏။
သူ စောင့်နေခြင်းပင် ဖြစ်သည်။
ဗဟိုမြေ မျိုးနွယ်စု၏ ဆုံးဖြတ်ချက်ကို စောင့်နေခြင်း ဖြစ်၏။
ဤလူများ ဆက်လက် ဒူးထောက်နေပါက သူသည် မစ်ရှင်ကို စွန့်လွှတ်လိုက်မည်။
ဤလူများကို ကယ်တင်ခြင်းမှာ အကျိုးမရှိပေ။
သူတို့၏ ဂုဏ်သိက္ခာကို ဆုံးရှုံးသွားသော လူများကို ကယ်တင်ခြင်းက အဘယ် အကျိုးရှိမည်နည်း။
လူအများအပြား ဒူးပြန်ထောက်ချင်ခဲ့ကြရာ လော့ထျန်၏ နှလုံးသား နာကျင်စေခဲ့သည်။
ထိုအဖွားကြီးသည် လော့ထျန်ကို ကြည့်လိုက်ပြီးနောက် ဒူးထောက်နေသော သူ၏ မျိုးနွယ်ဝင်များကို ကြည့်လိုက်၏။ သူမ၏ အမူအရာက စိတ်လှုပ်ရှားသွားပြီး “နင်တို့အားလုံး တကယ်ပဲ ကျန်ဘဝတစ်လျှောက်လုံး ဒူးထောက်နေချင်ကြတာလား။ နင်တို့အားလုံး တကယ့်လူသားတွေအဖြစ် မတ်မတ်ရပ်ပြီး ပြန်မနေချင်ကြတော့ဘူးလား။ နင်တို့ရှေ့က ရန်သူက ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝကို ဆက်ပြီး ရှင်သန်နေတာကို ဆက်ကြည့်နေချင်ကြသေးတာလား”
“နင်တို့ ဒုက္ခ ခံနေရတာ မဝသေးဘူးလာ။”
သူမ၏ အသံက လူတိုင်း၏ ဝိညာဉ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသော မြှားတစ်စင်းနှင့် တူ၏။
အထူးသဖြင့် “နင်တို့ ဒုက္ခ ခံနေရတာ မဝသေးဘူးလာ”ဟူသော စကားများက သူတို့၏ နှလုံးသားများကို မရည်ရွယ်ဘဲ တုန်ယင်စေခဲ့သည်။
ချက်ချင်းဆိုသလိုပင်...
သူတို့၏ မျက်လုံးများက မော့ကြည့်လာပြီး တဖြည်းဖြည်း ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်လာသည်။ သူတို့၏ လက်များက သူတို့၏ ကိုယ်ခန္ဓာကို ထောက်ပံ့ပေးပြီး တုန်ယင်လျက် ခြေထောက်ပေါ်သို့ ဖြည်းဖြည်းချင်း ထရပ်လာ၏။
ယိုဟွန်း၏ အမူအရာက ကြမ်းတမ်းသွားသည်။ သူသည် သူ၏ လက်ထဲရှိ လှံကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် မီးတောက်ရှည်တစ်ခု ထွက်ပေါ်လာပြီး သူ့အနီးဆုံး အမျိုးသမီးတစ်ဦးဆီသို့ တည့်တည့်မတ်မတ် ပစ်လွှတ်လိုက်၏။ အနက်ရောင် မီးတောက်က ထိုးထွက်ပြီး အမျိုးသမီး၏ လည်ပင်းကို ရစ်ပတ်သွားသည်။
“ပုန်ကန်ချင်တယ်ပေါ့”
“နင်တို့ စျေးပေါတဲ့ကောင်တွေ၊ နင်တို့ အရည်အချင်း ရှိရဲ့လား။”
ယိုဟွန်းသည် သူ၏ လှံကို ရွှေ့လိုက်ရာ အနက်ရောင် မီးတောက်က တင်းကျပ်သွား၏။ သူ ထိုအမျိုးသမီး၏ ခေါင်းကို ဆုတ်ဖြဲတော့မည့်အချိန်တွင် သူ မည်မျှပင် အားစိုက်ထုတ်ပါစေ သူ၏ လက်မောင်းကို မရွှေ့နိုင်သည်ကို သတိပြုမိလိုက်၏။ မော့ကြည့်လိုက်သောအခါ လော့ထျန်သည် မည်သည့်အချိန်က ပေါ်လာသည်မသိဘဲ သူ၏ နှုတ်ခမ်းများတွင် အေးစက်သော လှောင်ပြုံးဖြင့် အနက်ရောင် မီးတောက်ကို ကိုင်ထားသည်ကို သတိပြုမိလိုက်သည်။
ယိုဟွန်းက ပြုံးလိုက်၏။
ထို့နောက် ခေါင်းကို မြှောက်ပြီး ရူးသွပ်သကဲ့သို့ ရယ်မောတော့၏။
“ငါ နင့်ကို မိနစ်အနည်းငယ် ပိုပြီး အသက်ရှင်ခွင့်ပေးမလို့ပါပဲ၊ ဒါပေမဲ့ နင်က သေဖို့ အဲလောက် အလျင်စလို ဖြစ်နေမယ်လို့ မမျှော်လင့်ခဲ့ဘူး”
“ဒါလည်း အဆင်ပြေတယ်။”
“ဒီအဖေက နင့်ကို ငရဲအောက်ဆုံးထိ ရိုက်ချေပစ်မယ်။”
သူ၏ အသံ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ...
ယိုဟွန်းပေါ်ရှိ အနက်ရောင် မီးတောက်များအားလုံး ပေါက်ကွဲထွက်လာပြီး လေထဲတွင် ဧရာမ မြွေပုံသဏ္ဌာန်အဖြစ် ပေါ်လာ၏။
မျက်စိတစ်မှိတ်အတွင်း...
ဧရာမ အနက်ရောင် မီးလျှံမြွေကြီးသည် သူ၏ မေးရိုးများကို ဖွင့်လိုက်ပြီး လော့ထျန် တစ်ကိုယ်လုံးကို မျိုချတော့မည် ဖြစ်သည်။
လော့ထျန်၏ စိတ်က တင်းကျပ်သွားသည်။
အနက်ရောင် မီးတောက်သည် အခြေခံအားဖြင့် သေခြင်းတရား အငွေ့အသက်ဖြစ်ပြီး တစ်ဦးတစ်ယောက်က ၎င်းကို ထိတွေ့မိသည်နှင့် ရူးသွပ်သကဲ့သို့ ကျူးကျော်ဝင်ရောက်ခံရပေလိမ့်မည်။ သေခြင်းတရား အငွေ့အသက်ကို ဖယ်ရှားရန် တစ်ခုတည်းသော နည်းလမ်းမှာ ၎င်းတို့အားလုံးကို ဖျက်ဆီးပစ်ရန်သာ ဖြစ်၏။
ချက်ချင်းဆိုသလိုပင်...
လော့ထျန်သည် မျက်မှောင်ကြုတ်သွားပြီး အတွင်းစိတ်က အော်ဟစ်လိုက်၏။ “လူသတ်လိုစိတ် နတ်ဆိုးစွမ်းအင်ဗဟိုချက်၊ ဒီနေ့ နင့်စိတ်ကြိုက် ဖျက်ဆီးပစ်လိုက်”
“ကောင်းကင်ကို လူသတ်လိုစိတ်များဖြင့် လွှမ်းမိုးလိုက်”
“ထွက်ခဲ့…”
လူသတ်လိုစိတ်သည် လော့ထျန်၏ သတိပင်လယ်မှ ကောင်းကင်သို့ အလျင်အမြန် ထွက်လာ၏။ ဧရာမ ကိုယ်ခန္ဓာတစ်ခုက ကြီးမားသော တံစဉ်ကို ကိုင်ဆောင်လျက် ပုံပေါ်လာသည်။
သေမင်းလား။
လူသတ်လိုစိတ်ဖြင့် ဖွဲ့စည်းထားသော သေမင်းလား။
လော့ထျန်သည် ထိတ်လန့်သွား၏။ အဘယ်ကြောင့်ဆိုသော် သူ ထုတ်လွှတ်လိုက်သော လူသတ်လိုစိတ်က ငရဲမှ သေမင်းတစ်ပါးကို ဖန်တီးပေးမည်ဟု မည်သည့်အခါကမှ မမျှော်လင့်ခဲ့သောကြောင့်ပင် ဖြစ်ချေ၏။ သူ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
သေခြင်းတရား အငွေ့အသက် ဟုတ်လား။
ဒီအဖေက သေခြင်းတရား၏ ဘိုးဘေးပဲ။ နင်က ငါနဲ့ သေခြင်းတရား၏ စွမ်းအားကို ယှဥ်ချင်တာလား
တစ်စက္ကန့်အတွင်း...
လူသတ်လိုစိတ် သေမင်းက သူ၏ တံစဉ်ကို ဝှေ့ယမ်းလိုက်ရာ ဝင်လာသော သေခြင်းတရား အငွေ့အသက်ဖြင့် ပြုလုပ်ထားသော မြွေကို အပိုင်းနှစ်ပိုင်း တိုက်ရိုက် ဖြတ်တောက်လိုက်သည်။ ၎င်းသည် မပြီးဆုံးသေးပေ။ အဘယ်ကြောင့်ဆိုသော် နောက်တစ်စက္ကန့်တွင် လူသတ်လိုစိတ် သေမင်းသည် သေခြင်းတရား အငွေ့အသက်အားလုံးကို သူ၏ ပါးစပ်ထဲသို့ စတင် စုပ်ယူနေတော့သည်။
ဤအချိန်တွင်လည်း...
လော့ထျန်၏ သတိပင်လယ်ထဲတွင် “ဟုန်” ဟူသော ကျယ်လောင်သောအသံကို ကြားလိုက်ရသည်။
ကြီးမားသော အားကောင်းသည့် စွမ်းအင်လှိုင်းတစ်ခုသည် သူ၏ သတိပင်လယ်ထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာ၏။
စက္ကန့်အနည်းငယ်ကြာပြီးနောက်...
လူသတ်လိုစိတ် သေမင်း၏ ခွန်အားသည် ရုတ်တရက် အဆင့်တစ်ခု တိုးလာ၏။ လော့ထျန်သည် ဝမ်းသာအားရ ဖြစ်သွား၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းတရား အငွေ့အသက်ကို စုပ်ယူခြင်းဖြင့် သူ၏ လူသတ်လိုစိတ်သည် သူ၏ကိုယ်ပိုင် စွမ်းအားများကို မြှင့်တင်ပေးခဲ့ကြောင်း သူ သတိပြုမိလိုက်သောကြောင့်ပင် ဖြစ်ချေ၏။ ဤသည်မှာ ရိုးရှင်းစွာ အလွန် အံ့သြဖွယ် ကောင်း၏။
အသတ်ခံရခြင်းသည် သေခြင်းသို့ ရောက်ရှိခြင်းကို ဆိုလိုသည်။
သွေးစုပ်ဓားရိုင်းက သူ၏ သတ်ဖြတ်ခြင်း လမ်းကြောင်းကို သရုပ်ပြခဲ့သောအခါ လော့ထျန်၏ စိတ်သည် ၎င်း၏ သက်ရောက်မှုကို မသိစိတ်ကပင် ခံစားခဲ့ရသည်။
ထိုအချက်တွင် လော့ထျန်အတွင်းရှိ လူသတ်လိုစိတ်က တိတ်တဆိတ် ပြောင်းလဲမှုများ စတင် ပြုလုပ်ခဲ့သည်။
သတ်ဖြတ်ခြင်း၏ လမ်းကြောင်းသည်လည်း အမျိုးအစားများစွာ ခွဲခြားထား၏။
လော့ထျန် လျှောက်လှမ်းနေသော သတ်ဖြတ်ခြင်း လမ်းကြောင်းသည် ဓားရိုင်း၏ သူရဲကောင်း လမ်းကြောင်းထက် ပိုမို ကြမ်းတမ်း၏။ သူ၏ သတ်ဖြတ်ခြင်း လမ်းကြောင်းသည် သေခြင်းတရား၏ လမ်းကြောင်းကိုယ်တိုင် လျှောက်လှမ်းရန်ပင် ဖြစ်သည်။
ဤအချိန်တွင်...
လော့ထျန်၏ ကိုယ်ရည်ကိုယ်သွေးသည် အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ နက်ရှိုင်းသော အတွင်းပိုင်းမှ အနိုင်ယူလိုသော အငွေ့အသက်တစ်ခု ပေါက်ကွဲထွက်လာ၏။ သူက မာနကြီးစွာ ရယ်မောလာ၏။ “ဒီလောက် စွမ်းအားလေးနဲ့ နင်က ကျုပ်ရှေ့မှာ ဂုဏ်ယူဝံ့ကြွားရဲတယ်ပေါ့။ လာခဲ့ ခွေးမသား”