← Chapters

ကျန်းရွှမ်၏လှုပ်ရှားမှု(၃)

Vol. 8 Ch. 118

ကျန်းရွှမ်၏လှုပ်ရှားမှု(၃)

Vol. 8 Ch. 118

လျှူမင်ယွဲ့သည် မတွန့်ဆုတ်ဘဲ မျက်လုံးများကိုသာ စုံမှိတ်ထားလိုက်၏။ ဤအချိန်အခိုက်အတန့်တွင် သူမ၏နှလုံးသားအတွင်းမှနာကျင်မှုသည် ရုပ်ပိုင်းဆိုင်ရာနာကျင်မှုထက် များစွာပို၍ သာလွန်နေသည်။

သို့ရာတွင် အချိန်တခဏကြာသွားသော်လည်း ရိုက်ချက်သည် ကျမလာခဲ့ချေ။ သူမ၏ဖခင် စိတ်ပြောင်းသွားသလောဟု သူမ တွေးမိသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သို့ရာတွင် ဆရာကျန်းသည် သူမ၏ရှေ့တွင် မတ်တတ်ရပ်ကာ သူမဖခင်၏လက်ကိုဖမ်းဆုပ်ထားပြီး မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်ထားသည်ကို သူမ တွေ့လိုက်ရသည်။

"ပြဿနာရှိရင် ဆွေးနွေးတိုင်ပင်ပြီးဖြေရှင်းပါ... အကြမ်းဖက်မှုက အဖြေမဟုတ်ဘူး..."

"ဖယ်ပေးစမ်း.."

လျှူထျန်ကျန်းက သူ၏လက်ကိုဆွဲထုတ်ရန်ကြိုးစားသော်လည်း ကျန်းရွှမ်၏ဆုပ်ကိုင်မှုသည် သံညှပ်တစ်ခုကဲ့သို့ခိုင်မာနေသည်ကို တွေ့လိုက်ရသည်။ သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားပေ၏။

"ဆရာကျန်း... မြို့အရှင်ယုနဲ့ ကျောင်းအုပ်ကြီးလုက မင်းကိုလေးစားတယ်ဆိုတိုင်း ငါက မင်းကိုဘာမှမလုပ်နိုင်ဘူးလို့ မထင်နဲ့...ပထမအချက် ဒါက မိသားစုကိစ္စဖြစ်ပြီးတော့ မင်းနဲ့မဆိုင်ဘူး...ဒုတိယအချက် မင်းရဲ့လွှမ်းမိုးမှုသာမရှိရင် မင်ယွဲ့က ဒီလိုမျိုးပြုမူနေမှာ မဟုတ်ဘူး… ငါ မင်းကို ဒုက္ခမပေးသေးတာကိုပဲ မင်း ကံကောင်းတယ်လို့ မှတ်ထားစမ်း... ငါ့ကို ဆက်ပြီးရန်စနေမယ်ဆိုရင် မင်းကို နောင်တရအောင် လုပ်မိတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့"

ကျန်းရွှမ်သည် သူ၏လက်တစ်ဖက်ကို နောက်ပစ်ထားပြီး သူ၏မျက်နှာအမူအယာ တည်ငြိမ်နေဆဲပင်။

"ခင်ဗျား ကြိုးစားကြည့်ဖို့ ဖိတ်ခေါ်ပါတယ်..."

လျှူမင်ယွဲ့ကို သူ၏တပည့်အဖြစ် လက်ခံရန် ဆုံးဖြတ်ပြီးသည်ဖြစ်စေ မဆုံးဖြတ်ရသေးသည်ဖြစ်စေ သူမ၏နှလုံးသားအလိုအတိုင်း လိုက်နာသည့်အတွက် အပြစ်ပေးခံရသည်ကို သူ နံဘေးမှ ရပ်ကြည့်နေမည် မဟုတ်ချေ။

လူတိုင်းတွင် သူတို့၏ကံကြမ္မာကိုထိန်းချုပ်ပိုင်ခွင့်ရှိပြီး မိဘများပင်လျှင် သားသမီးများ၏လမ်းကြောင်းတွင် ပိတ်မရပ်သင့်ချေ။

"အရမ်းကောင်းတယ်....မင်ယွဲ့က ငါ့ကိုဆန့်ကျင်ရဲတာ မင်းကြောင့်ကိုး...ကောင်းပြီလေ...သူ ကိုးကွယ်နေပြီးတော့ သူ ဒူးထောက်တောင်းပန်ရတဲ့အထိ ဖြစ်နေတဲ့ ဆရာကျန်းဆိုတာက အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်ထက် မပိုဘူးဆိုတာ ငါ ပြမယ်..."

သူ့သမီးအပေါ် ဒေါသထွက်နေပြီးသားဖြစ်သော လျှူထျန်ကျန်း၏ဒေါသသည် ကျန်းရွှမ်က သူ့ကိုစိန်ခေါ်ချိန်၌ ပို၍ကြီးထွားလာသည်။ သူသည် ဒေါသတကြီးဟိန်းဟောက်ကာ သူ၏စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။

သူသည် ကျန်းရွှမ်၏အကြောင်းကို သုံးရက်အကြာကမှ ကြားဖူးသော်လည်း သူ၏နောက်ခံကို လုံလောက်စွာ သိရှိထားသည်။ ရက်အနည်းငယ်အကြာက ကျန်းရွှမ်သည် မိုအိမ်တော်တွင် မြင်းထိန်းတစ်ယောက်ဖြစ်ခဲ့ပြီး ရင်းမြစ်ရေအိုင်အကြောင်းကိုပင် မသိခဲ့ချေ။ သူသည် လုမင်ရုန်၏မျက်နှာသာပေးမှုကို ရရှိပြီး ဆရာတစ်ယောက် ဖြစ်လာခဲ့လျှင်ပင် ဤမျှတိုတောင်းသောအချိန်ကာလအတွင်းတွင် သူ မည်မျှထိ သန်မာလာနိုင်မည်နည်း။

အကောင်းဆုံးအနေဖြင့် သူသည် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် အလယ်အလတ်အဆင့် သို့မဟုတ် နှောင်းပိုင်းအဆင့်သို့သာ ရောက်ရှိနေနိုင်သည်။ ထို့ကြောင့် ကျောက်စိမ်းအရိုးနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် လျှူထျန်ကျန်းသည် သူ့ကိုလွယ်လင့်တကူ ချေမှုန်းနိုင်ပေမည်။

အမှန်အားဖြင့် ချန်းမိသားစု၏ဧည့်အကြီးအကဲတစ်ယောက်ဖြစ်သော ကျန်းရွှမ်ကို သူ သတ်၍မရချေ။ သို့ရာတွင် လျှူထျန်ကျန်းသည် သူ့ကိုသင်ခန်းစာတစ်ခုပေးပြီး မည်သူက အဓိကလူဖြစ်သည်ကို ပြသရန် စီစဉ်ထားပေ၏။

ပြင်းထန်သောအော်သံနှင့်အတူ လျှူထျန်ကျန်းသည် ကျောက်စိမ်းအရိုးနယ်ပယ် နှောင်းပိုင်းအဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်၏စွမ်းအားကို သူ၏လက်ယာဘက်လက်မောင်းအတွင်းသို့ စုစည်းကာ ပြင်းထန်စွာလှုပ်ခါရင်း ချုပ်နှောင်ထားမှုမှ လွတ်မြောက်ရန်ကြိုးစားသည်။ သို့ရာတွင် သူ၏ကြိုးပမ်းမှုများ မအောင်မြင်ခဲ့သည့်အပြင် ကျန်းရွှမ်၏ဆုပ်ကိုင်မှုသည် ပို၍တင်းကျပ်လာပြီး သူ၏လက်မောင်းတွင် စူးရှသောနာကျင်မှုကို ဖြစ်စေသည်။

လျှူထျန်ကျန်း၏မျက်နှာအမူအယာသည် သုန်မှုန်သွားပေ၏။

ဤကြိုးပမ်းမှုတွင် သူသည် စွမ်းအားကုန်ထုတ်မသုံးခဲ့သော်လည်း မြင်းကောင်ရေအား ၃၀ ရှိသောစွမ်းအားသည် လုံလောက်သည်ထက်ပိုသင့်သည်။ ထိုခွန်အားဖြင့် သူသည် ကျောက်တုံးကြီးတစ်တုံးကို လွယ်လင့်တကူ ခြေမွှဖျက်ဆီးနိုင်သော်လည်း ကျန်းရွှမ်၏ဖမ်းဆုပ်မှုမှ မလွတ်မြောက်နိုင်ခဲ့ချေ။ ဤသည်မှာ မယုံနိုင်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။

"လွှတ်စမ်း...."

လျှူထျန်ကျန်းသည် နောက်တစ်ကြိမ်အော်ဟစ်ရင်း သူ၏ခွန်အားကိုနှစ်ဆတိုးလိုက်ရာ မြင်းကောင်ရေအား ၆၀ သို့ ရောက်ရှိသွားသော်လည်း ကျန်းရွှမ်၏ဆုပ်ကိုင်မှုသည် မလှုပ်မယှက်ပင်။ သူ၏လက်ချောင်းများသည် လျှူထျန်ကျန်း၏လက်မောင်းနှင့် ပေါင်းစပ်သွားသည့်အလား အနည်းငယ်မျှ လှုပ်ခတ်သွားခြင်းမရှိချေ။

စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်မှ အဆင့်အမြင့်ဆုံး ကျင့်ကြံသူတစ်ယောက်တွင် အကောင်းဆုံးအနေဖြင့် မြင်းကောင်ရေအား ၅ သာရှိပေမည်။ လျှူထျန်ကျန်းသည် သူ၏ခွန်အားကို ထိန်ချန်ထားသည်ဆိုလျှင်ပင် ကျန်းရွှမ်သည် သူ၏စွမ်းအားနှင့်တန်းတူ သို့မဟုတ် ပို၍ကြီးမားသောစွမ်းအားကို ထုတ်လွှတ်နေသည်။ ကျန်းရွှမ်သည် မည်သည်ကြောင့် ဤမျှထိ အစွမ်းထက်နေသနည်း။

"ဒါဆို မင်းက မင်းရဲ့ခွန်အားကို ဖုံးကွယ်ထားတာပေါ့...ကောင်းပြီလေ ဒါဆိုရင် ငါက ငါ့ရဲ့သာလွန်တဲ့ကျင့်ကြံမှုနဲ့ မင်းကို အနိုင်ကျင့်တာမဟုတ်ဘူးဆိုတဲ့ သဘောပဲ...မင်းဘယ်လောက်တောင် ဖုံးကွယ်ထားလဲဆိုတာ ကြည့်ကြသေးတာပေါ့"

လျှူထျန်ကျန်းက ကျယ်လောင်စွာအော်ငေါက်ပြီး ကျန်းရွှမ်ကိုထိုးနှက်လိုက်၏။

သူ၏ပြိုင်ဘက်က လှုပ်ရှားလာသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်သည် စကားဖြင့် အချိန်မဖြုန်းတော့ချေ။ သူ၏လက်ယာလက်သည် ပုလွေမှုတ်သူ၏လက်ချောင်းများကဲ့သို့ လျင်မြန်တိကျစွာလှုပ်ရှားပြီး တိုက်ခိုက်မှုကို တန်ပြန်လိုက်သည်။

နောက်မှထိုးနှက်သော်လည်း ကျန်းရွှမ်၏လက်သည် လျှူထျန်ကျန်းထံသို့ ပထမဆုံးရောက်ရှိသွားပေ၏။ သူ၏လက်ချောင်းတစ်ချောင်းစီသည် စည်လက်ရိုက်များက စည်ကို တီးခတ်နေသည့်အလား ကြီးမားသောစွမ်းအားကိုသယ်ဆောင်လာကာ ကျယ်လောင်သောပေါက်ကွဲသံများကို ဆက်တိုက်ဖြစ်ပေါ်စေသည်။

ထိုနည်းစနစ်သည် ရင်းမြစ်ကမ္ဘာမှမဟုတ်ဘဲ ပါမောက္ခကုန်းမြေမှ "မြစိမ်းပုလွေလက် နည်းစနစ်"ပင်။ သို့ရာတွင် ထိုနည်းစနစ်၏စွမ်းအားသည် လျှူမိသားစု၏မည်သည့်နည်းစနစ်ထက်မဆို ပို၍အစွမ်းမထက်လျှင်ပင် တန်းတူအဆင့်တွင်ရှိသည်။

အကယ်၍ ဤတိုက်ခိုက်မှုကို လျှူထျန်ကျန်း မကာကွယ်လျှင် သူ ဒဏ်ရာရသွားပေလိမ့်မည်။ သူကာကွယ်ခဲ့လျှင် သူ ထိုးနှက်ခဲ့သော လက်သီးချက်သည် အလဟဿဖြစ်သွားလိမ့်မည်။ သူထံ၌ တခြားရွေးချယ်စရာမရှိသဖြင့် ကာကွယ်ရန် ပြုလုပ်ခဲ့သော်လည်း ထိုခဏတာတွန့်ဆုတ်မှုသည် သူ့ကို အဖိုးအခကြီးစွာ ပေးဆပ်စေခဲ့သည်။

သူ၏ခန္ဓာကိုယ်တွင်းကလီစာများသည် ကျန်းရွှမ်၏လက်ချောင်းများနှင့် မထိတွေ့ခင်မှာပင် မမြင်နိုင်သောကြိုးများဖြင့် တီးခတ်ခံရသကဲ့သို့ တုန်ခါလာသည်။

"မြစိမ်းပုလွေလက် နည်းစနစ်"သည် လက်ချောင်းများ၏နောက်ကွယ်မှ စွမ်းအားများကိုသာမက ပြိုင်ဘက်၏ခန္ဓာကိုယ်တွင်းကလီစာများကို နည်းစနစ်၏သံစဉ်အတိုင်း တုန်ခါစေသော အထူးစည်းချက်တစ်ခုကိုလည်း သယ်ဆောင်ထားသည်။

ဘန်း...

ကျန်းရွှမ်၏လက်သည် လျှူထျန်ကျန်း၏ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွားပေ၏။ တစ်ချက်တည်းသောထိုးနှက်ချက်ဖြင့် လျှူထျန်ကျန်းသည် ဆယ်မီတာကျော်အကွာသို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ မြေပြင်ပေါ်သို့မကျမီမှာပင် သည်းခြေရည်အမြောက်အများကို အန်ထုတ်လိုက်ရသည်။

သူ၏ခန္ဓာတွင်းကလီစာများ သန်မာစေရန် အထူးလေ့ကျင့်ထားသော်လည်း သူသည် ဤထူးဆန်းသောနည်းစနစ်၏စွမ်းအားကို တောင့်မခံနိုင်သေးချေ။

"မင်း… မင်းက စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်မှာ မဟုတ်ဘူးလား"

လျှူထျန်ကျန်းသည် ရုန်းကန်၍ မတ်တတ်ထရပ်ပြီးနောက် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားကာ သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ကျန်းရွှမ်မှ သူ့အပေါ်သုံးခဲ့သော စွမ်းအားသည် မြင်းကောင်ရေအား ၆၀ ကို မကျော်လွန်သော်လည်း နည်းစနစ်ကိုအသုံးပြုခြင်း၏ တိကျမှုသည် ပြီးပြည့်စုံလွန်းသဖြင့် ကျောက်စိမ်းအရိုးနယ်ပယ် နှောင်းပိုင်းအဆင့်ကျင့်ကြံသူဖြစ်သော လျှူထျန်ကျန်းပင်လျှင် ကာကွယ်ရန်ခက်ခဲခဲ့သည်။

စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်မှ ဤကဲ့သို့လုပ်ဆောင်နိုင်ရန်မှာ မဖြစ်နိုင်ချေ။

"ငါက အဲ့ဒီအဆင့်မှာမရှိတာကြာပြီ…"

ကျန်းရွှမ်က ခေါင်းခါလိုက်သည်။

သူ၏ကျင့်ကြံမှု တိုးတက်လာသည်နှင့်အမျှ သူ၏စွမ်းအားတချို့ကို ထုတ်ဖော်ပြသရန် အချိန်တန်နေလေပြီ။ ထိုသို့မဟုတ်ပါက လူအများသည် သူ့ကို အဆက်မပြတ် စိန်ခေါ်နေမည်ဖြစ်ပြီး သူ လေ့ကျင့်ရန် အချိန်ရှိတော့မည်မဟုတ်ချေ။

ထို့ပြင် မကြာသေးမီကမှ စတင်ခဲ့သော ကျင့်ကြံမှုသည် အဖြူရောင်ကျောက်တုံးမြို့၏ ထိပ်သီးကျင့်ကြံသူဟု ခေါ်သောလူများနှင့် နှိုင်းယှဉ်လျှင် မည်သို့ရှိမည်ကို သူ သိလိုသည်။ သူသည် သူတို့ကို မကိုင်တွယ်နိုင်လျှင် ကမ္ဘာသစ်ကိုလောင်ကျွမ်းပြီး သူ အန္တရာယ်ကျရောက်နိုင်မည့် အခြေအနေကို နည်းပါးအောင် ပြုလုပ်နိုင်ပေ၏။

All Chapters