စွန်းချန်အား ဆင့်ခေါ်ခြင်း
Vol. 8 Ch. 120
"လုမင်ရုန်...."
လျှူထျန်ကျန်းသည် သူ၏ရင်ဘတ်ကို ဆုပ်ကိုင်ထားပြီး သူ၏ခန္ဓာကိုယ်တွင်းကလီစာများ နာကျင်ကိုက်ခဲနေသည်ကို ခံစားလိုက်ရသည်။ သူသည် ဒေါသကြောင့် ရူးသွပ်သွားလုနီးပါးပင်။
'ဒီမှာ ဒဏ်ရာရတာက ငါလေ....ဟုတ်ပြီလား...'
"မင်းက တိုက်ခိုက်ချင်တယ်ဆိုရင် ငါ လက်ခံဖို့ အဆင်သင့်ပဲ.... ဒါပေမဲ့ မင်းက ဘာလို့ ဆရာကျန်းကို ရန်ရှာနေတာလဲ....သူက ကျင့်ကြံတာ မကြာသေးတာကြောင့် သူ့ရဲ့ကျင့်ကြံဆင့်က စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်မှာပဲ ရှိသေးတယ်... သူက မင်းနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"
ကျန်းရွှမ်၏ရှေ့တွင် မတ်တတ်ရပ်နေသော လုမင်ရုံ၏မျက်နှာသည် သုန်မှုန်နေပေ၏။
သူသည် နောက်ကျမှ ရောက်လာပြီး လျှူထျန်ကျန်းက တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကိုသာ မြင်တွေ့လိုက်ရသည်။ လျှူထျန်ကျန်းသည် ယခင်က ခွေးတစ်ကောင်လို အရိုက်ခံခဲ့ရသည်ကို လုမင်ရုန် မမြင်တွေ့လိုက်သဖြင့် သူ ပြဿနာရှာနေသည်ဟုသာ တွေးထင်မိသည်။
"စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် အလယ်အလတ်အဆင့် ဟုတ်လား...အဖြူရောင်ကျောက်တုံးကျောင်းတော်ရဲ့ လေးစားရတဲ့ ကျောင်းအုပ်ကြီးက သာမန်ဆရာတစ်ယောက်အတွက် မျက်နှာပြောင်တိုက်ပြီး လိမ်ညာနေတာပဲ....ဒါက မင်းတို့ ပြောနေတဲ့ ဖြောင့်မတ်မှန်ကန်တဲ့ စံပြဆရာတွေ ဆိုတာလား..."
ဤစကားကိုကြားပြီးနောက် လျှူထျန်ကျန်း၏ ဒေါသများ ပို၍ကြီးထွားလာသည်။
'စွမ်းအင်သိုလှောင်ခြင်း နယ်ပယ် အလယ်အလတ်အဆင့်က လူတစ်ယောက်က ငါ့ကို လှုပ်ရှားမှုနှစ်ခုတည်းနဲ့ နှစ်ခါတောင် လှဲချနိုင်မှာလား...ဒီလိုကိစ္စမျိုးကို ဘယ်သူက ကြားဖူးမှာလဲ.. မင်း ငါ့ကို နောက်နေတာလား....
'သူနဲ့ယုလုံချင်းက ခိုးကြောင်ခိုးဝှက်လုပ်နေတာကို ငါ ဘာလို့ တွေ့နေရလဲဆိုတာ အခုမှ အကြောင်းစုံ သိတော့တယ်'
"မင်း ဒါက ဘာကိုဆိုလိုတာလဲ"
လုမင်ရုန်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"ငါ ဆိုလိုတာက မင်း ထင်တဲ့အတိုင်းပဲ..."
လျှူထျန်ကျန်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး သူ၏စွမ်းအားများ တဖန်ပြန်၍ ထွက်ပေါ်လာသည်။
"မင်းရဲ့ နာမည်ကြီး 'တိမ်တိုက်စီးဆင်းလက် နည်းစနစ်' က အဆင့်တူတွေကြားထဲမှာ ရှုံးပွဲမရှိသေးဘူးလားဆိုတာ ငါ သိချင်တယ်..."
ကျန်းရွှမ်ကို ပြဿနာရှာရန် ခက်ခဲနေသောကြောင့် လျှူထျန်ကျန်းသည် သူ၏ဒေါသကို လုမင်ရုံအပေါ်တွင် ပုံချရန် ဆုံးဖြတ်လိုက်သည်။
ကျောင်းအုပ်ကြီးတစ်ယောက်ဖြစ်သော လုမင်ရုန်သည် သူ၏ သမီးကို ကောင်းမွန်စွာ မစောင့်ရှောက်နိုင်ရုံသာမက ကျန်းရွှမ်ကဲ့သို့ လူတစ်ယောက်၏တပည့်ဖြစ်ခွင့် ပေးခဲ့သည်။ ထိုအကြောင်းပြချက်သည်ပင် သူ့ကို သင်ခန်းစာပေးပြီး လျှူမိသားစုကို အထင်မသေးသင့်ကြောင်း ပြသရန် လုံလောက်ပေ၏။
ထို့ပြင် သူတို့သည် ယခင်က အကြိမ်များစွာ ထိပ်တိုက်တွေ့ခဲ့ဖူးပြီး လုမင်ရုန်၏ကျင့်ကြံမှုသည် အနည်းငယ် အားနည်းသော်လည်း သူတို့၏တိုက်ပွဲရလဒ်သည် အမြဲတစေ မသေချာမရေရာ ဖြစ်နေခဲ့သည်။
"မင်းက ငါ့ကို တိုက်ခိုက်ဖို့ ရည်ရွယ်နေတာလား"
လုမင်ရုန်က မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။
"မင်းက အဲ့ဒီလို မြင်တယ်ဆိုရင်တော့...ဟုတ်တယ်...ဒါက အမှန်ပဲ"
လျှူထျန်ကျန်းသည် ရုတ်တရက် ခြေတစ်ချက်ဆောင့်ကာ ရှေ့သို့ ပျံသန်းသွားပြီး သူ၏ ခန္ဓာကိုယ်သည် လေးကိုင်းကဲ့သို့ ကွေးညွှတ်နေကာ သူ၏လက်သီးသည် မြှားတစ်စင်းအလား လုမင်ရုန်ထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။
ဝှစ်....
ကျောက်စိမ်းအရိုးနယ်ပယ် နှောင်းပိုင်းအဆင့် ထိပ်သီးကျင်ကြံသူ၏ စွမ်းအားအပြည့် လက်သီးချက်သည် လေထုကို ထွင်းဖောက်သွားပြီး စူးရှသော လေတိုးသံကို ဖြစ်ပေါ်စေသည်။ လက်သီးချက် မရောက်မီကပင် အသံ အရင်ရောက်လာသည်။
ဤနည်းစနစ်ကို "မြှားလက်သီး" ဟု သိကြပြီး မြှားများကို နှစ်ပေါင်းများစွာ လေ့လာခြင်းဖြင့် သင်ယူရသော သိုင်းပညာနည်းစနစ်တစ်ခုပင်။ ဤနည်းစနစ်သည် အရိပ်အယောင်မမြင်ရသည့်အပြင် တားဆီးရန် မဖြစ်နိုင်သလောက်နီးပါး လျင်မြန်အောင် ပုံစံထုတ်ထားသည်။
လုမင်ရုံ၏စွမ်းအားကို သိသောကြောင့် လျှူထျန်းကျန်းသည် တိုက်ပွဲစတင်ကတည်းက အားမလျှော့ခဲ့ချေ။
အကယ်၍ ယခင်ကဆိုလျှင် လုမင်ရုန်သည် အဆင့်တစ်ဆင့် ပိုမြင့်နေလျှင်ပင် ဤကဲ့သို့ ရုတ်တရက် တိုက်ခိုက်မှုကြောင့် အငိုက်မိသွားနိုင်သည်။ သို့ရာတွင် ယခုချိန်၌ သူ၏ နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအား ပျံ့နှံ့သွားခြင်းနှင့်အတူ လုမင်ရုန်သည် လျှူထျန်းကျန့်၏ လှုပ်ရှားမှုတိုင်းကို အသေးစိတ်ကျကျ ရှင်းလင်းစွာ မြင်နေရပေ၏။
လုမင်ရုန်သည် ခြေတစ်လှမ်း အနည်းငယ်ရွှေ့လိုက်ရုံဖြင့် လျှူထျန်ကျန်း၏လက်သီးသည် သူ၏ပါးပြင်နံဘေးမှ ပွတ်တိုက်သွားပြီး လွဲချော်သွားသည်။ ထို့နောက် လုမင်ရုန်က လျင်မြန်သော ကန်ချက်ဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်။
ဘန်း....
လျှူထျန်းကျန့်သည် ယခင်က ကျန်းရွှမ်၏ တိုက်ခိုက်ခံရမှုအတိုင်း ဝမ်းဗိုက်ကို တဖန်ထပ်၍ အကန်ခံလိုက်ရပြီး ဒုတိယအကြိမ် ဒူးထောက်ကျသွားကာ သူ၏ ဒူးခေါင်းများ ကျိုးကြေလုမတတ် ဖြစ်သွားသည်။
ကျောက်စိမ်းအရိုးနယ်ပယ်သည် အမှန်တကယ်ကို အစွမ်းထက်သော်လည်း နတ်ဘုရားစိတ်ဝိညာဉ် နယ်ပယ်သို့ ရောက်ရှိနေသော ကျောင်းအုပ်ကြီး လုမင်ရုန်ကဲ့သို့လူနှင့် ယှဉ်ပြိုင်ပါက အနိုင်မရနိုင်ချေ။
"မင်း... မင်း ကျင့်ကြံဆင့် ချိုးဖျက်သွားနိုင်ခဲ့တာလား..."
ဤအချက်ကို သိသွားချိန်တွင် လျှူထျန်းကျန်းထံ၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။
အရှက်ရခြင်းသည် ဒုတိယသာဖြစ်ပြီး သူ့ကို အမှန်တကယ် အံ့အားသင့်စေသောအရာမှာ လုမင်ရုံသည် သူ့ကို ဆယ်နှစ်ကျော်ကြာ ပိတ်ဆို့တားဆီးထားခဲ့သော အတားအဆီးကို ချိုးဖျက်ပြီး ရင်းမြစ်စွမ်းအင်နယ်ပယ်၏ အဋ္ဌမအဆင့်ဖြစ်သော နတ်ဘုရားစိတ်ဝိညာဉ် နယ်ပယ်သို့ ရောက်ရှိသွားခြင်းပင်။
ဤကျင့်ကြံဆင့်နယ်ပယ်သည် အဖြူရောင်ကျောက်တုံးမြို့တွင်သာမက ပတ်ဝန်းကျင်ရှိမြို့များတွင်ပင် ထိပ်တန်းအဆင့်ဟု သတ်မှတ်ခံရသည်။
သူသည် နှလုံးသားနတ်ဆိုးကြောင့် ယခုကျင့်ကြံဆင့်နယ်ပယ်၌ ပိတ်မိနေသည်ဟု ဆိုကြသည် မဟုတ်လော...
သူ မည်သို့ ကျင့်ကြံဆင့် ချိုးဖျက်နိုင်ခဲ့သနည်း...
ဖြစ်နိုင်သည်မှာ...
လျှူထျန်ကျန်း၏စိတ်အတွင်းတွင် အတွေးတစ်ခု ဝင်လာပြီး အဝေးမှ လူငယ်လေးထံသို့ လှမ်းကြည့်လိုက်၏။
ယမန်နေ့က သူတို့သည် လုမင်ရုန်က ကျန်းရွှမ်ကို ကံကြမ္မာချပ်ပြားတစ်ခုပေးပြီး ကျင့်ကြံဆင့်ချိုးဖျက်နိုင်ရန်အတွက် အကူအညီတောင်းနိုင်သည်မှာ မဖြစ်နိုင်ဟု တွေးထင်ကာ လှောင်ပြောင်ခဲ့ကြသည်။ သို့ရာတွင် တစ်ညကြာမြင့်ပြီးနောက် လုမင်ရုံသည် အမှန်တကယ် အောင်မြင်သွားခဲ့သည်။
ကျန်းရွှမ်သည် သူ့ကို အမှန်တကယ် ကူညီပေးခဲ့သလော....
သင်ခန်းစာနှစ်ခုအပြီးတွင် ကျန်းရွှမ်သည် လျှူမင်ယွဲ့ကို ဖခင်ဖြစ်သူအား ဆန့်ကျင်သည်အထိ ဆွဲဆောင်နိုင်ခဲ့သည်။ ကျန်းရွှမ်သည် ကံကြမ္မာချပ်ပြားတစ်ခုလုံးမှ ကောင်းကင်ကံကြမ္မာ စွမ်းအင်များအားလုံးကို တစိုးတစိမျှမကျန် စုပ်ယူနိုင်ခဲ့ပြီး သူနှင့်တန်းတူနီးပါး ကျင့်ကြံဆင့်စွမ်းအားရှိသည်...
ဤှလူထံတွင် လျှို့ဝှက်ချက်များနှင့် ဝှက်ဖဲများ မည်မျှထိများများ ရှိနေသနည်း....
ထို့ပြင် သူသည် မည်သည်ကြောင့် ဤကိစ္စများကို ဖုံးကွယ်ထားသနည်း....
သူက ရှုရှင်း ရှာဖွေနေသော "ဖရိုဖရဲ ကံကြမ္မာဆရာသခင်" ဖြစ်နိုင်သလော...
လျှူထျန်ကျန်းသည် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ပြီး သူ၏မျက်နှာသည် သုန်မှုန်သွားပေ၏။
အကယ်၍ ဤကိစ္စသာ အမှန်ဖြစ်ပါက သူသည် ကျန်းရွှမ်ကို တိုက်ရိုက်ရင်ဆိုင်ရန် မလိုအပ်ချေ။ သူ အမှန်အတိုင်း သတင်းပို့လိုက်ရုံဖြင့် လုံလောက်ပြီး ကြွင်းကျန်သောကိစ္စများကို တခြားသူများက တာဝန်ယူပေလိမ့်မည်။
လျှူထျန်ကျန်း အဖြစ်မှန်ကို သိသွားသည်ကို မြင်တွေ့ချိန်၌ လုမင်ရုန်သည် အမှန်တရားကို ဖုံးကွယ်မထားတော့ချေ။
"အမှန်ပဲ... ငါက နတ်ဘုရားစိတ်ဝိညာဉ် နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ...မင်းနဲ့ ဆရာကျန်းကြားမှာ ဘာရန်ငြိုးရှိလဲ ငါ မသိပေမယ့် ငါ့ရဲ့ အောင်မြင်မှုက သူ့ရဲ့လမ်းညွှန်မှုကြောင့်ပဲ.....ဒါကြောင့် မင်း သူ့ကို တိုက်ခိုက်ချင်တယ်ဆိုရင် ငါ့ကို အရင်ကျော်ဖြတ်ရလိမ့်မယ်"
"ငါတို့ကြားမှာ ဘာရန်ငြိုးမှမရှိဘူး...ငါက ဆရာကျန်းကို ငါ့သမီးကို လွှတ်ပေးပြီး သူနဲ့ ဝေးဝေးနေစေချင်ရုံပဲ…"
လုမင်ရုန်၏စကားကို ကြားချိန်တွင် လျှူထျန်ကျန်းသည် ကျန်းရွှမ်ကို ဆက်လက်မတိုက်ခိုက်နိုင်တော့မှန်း သိရှိသွားသဖြင့် စဥ်းစားတွေးတောလိုက်၏။
"သူက တကယ့်ကို ဖရိုဖရဲကံကြမ္မာ ဆရာသခင်ဆိုရင် ငါ့ရဲ့သမီးက သူနဲ့ ဘယ်လိုမှ ဆက်ပြီးပတ်သက်လို့ မဖြစ်ဘူး.. မဟုတ်ရင် သူတင် အန္တရာယ်ရှိမှာ မဟုတ်ဘဲ လျှူမိသားစုတစ်စုလုံးလည်း ပျက်စီးသွားနိုင်တယ်"
"မင်းရဲ့သမီးကို လွှတ်ပေးရမယ်...ဟုတ်လား..."
လုမင်ရုံ အံ့အားသင့်သွားသည်။ ထို့နောက် အနီးတွင် ဒူးထောက်နေဆဲဖြစ်သော လျှူမင်ယွဲ့ကို သတိပြုမိလိုက်သည်။
"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ..."
"ကျောင်းအုပ်ကြီး...ဒါက ဒီလိုပါ…"
ယုရှောင်ယွီက အခြေအနေကို အသေးစိတ်ကျကျ အလျင်အမြန် ရှင်းပြလိုက်၏။
အကြောင်းစုံကို နားလည်သွားချိန်၌ လုမင်ရုန်၏ မျက်နှာအမူအယာ တင်းမာခက်ထန်သွားသည်။ "ဘယ်သူ့ကို ဆရာအဖြစ် ရွေးချယ်မလဲဆိုတာ လျှူမင်ယွဲ့ရဲ့ ဆုံးဖြတ်ချက်ပဲ...လျှူမိသားစုခေါင်းဆောင် မင်းက မင်းရဲ့သမီးအတွက် အကောင်းဆုံးကို လိုချင်ရင်တောင် ဒီလောက်ထိ ကြီးစိုးလို့ မဖြစ်ဘူး.... ဒါ့ပြင် ဆရာကျန်းရဲ့ တပည့်ဖြစ်ခွင့်ရတာက ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ"
"ရှားပါးတဲ့ အခွင့်အရေး ဟုတ်လား.. ငါတော့ အဲ့ဒီလို မမြင်ဘူး"
လျှူထျန်းကျန့်က သူ၏ သမီးကို ကြည့်လိုက်သည်။
"လျှူမင်ယွဲ့...ငါ မင်းကို နောက်ဆုံးအခွင့်အရေး ပေးမယ်..အခုချက်ချင်း ငါနဲ့ ပြန်လိုက်ခဲ့ရင် ဖြစ်ခဲ့တာတွေအားလုံးကို ငါ ခွင့်လွှတ်ပေးမယ်... မဟုတ်ရင်တော့ လျှူမိသားစုကို ပြန်မလာနဲ့တော့..."
လျှူမင်ယွဲ့က ခေါင်းခါယမ်းပြလေသည်။
"အဖေ...သမီး အဖေနဲ့ ပြန်မလိုက်နိုင်ဘူး...."
"မင်းက သူ့ကို လက်မလွှတ်နိုင်တာကြောင့် လျှူမိသားစုကိုတောင် စွန့်လွှတ်ချင်တာလား"
လျှူထျန်ကျန်း အမှန်တကယ်ကို အံ့အားသင့်သွားသည်။
"တကယ်လို့ လျှူမိသားစုနဲ့နေရတဲ့ ဘဝက အမြဲတမ်း သမီးအတွက် မပျော်ရွှင်ရဘူးဆိုရင်တော့.... ဟုတ်တယ်..သမီး ထွက်သွားတာ ပိုကောင်းပါတယ်"
လျှူမင်ယွဲ့က တုံ့ပြန်အဖြေပေးသည်။
"မင်းက ငယ်သေးတော့ မင်းအတွက် ဘာကကောင်းတယ်ဆိုတာ မသိသေးဘူး... တစ်နေ့နေ့မှာ မင်းလုပ်ခဲ့တဲ့ အမှားကို မင်းသိလာလိမ့်မယ်.... အဲ့ဒီအချိန်ကျမှ မင်း နောင်တမရဖို့ကို ငါမျှော်လင့်တယ်"
"သမီး နောင်တရမှာ မဟုတ်ဘူး"
လျှူမင်ယွဲ့၏ အကြည့်သည် တည်ကြည်ပြတ်သားနေပေ၏။
"ကောင်းပြီ... ကောင်းပြီလေ..."
သူမ၏စိတ်ကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်းနှင့် အတင်းအကြပ် ခေါ်ဆောင်သွားရန် မဖြစ်နိုင်ကြောင်း သိရှိသွားသဖြင့် လျှူထျန်ကျန်းက လုမင်ရုန်ကိုကြည့်ပြီး ဦးညွှတ်လိုက်သည်။
"ကျောင်းအုပ်ကြီးလု...ငါ့ကို သွားခွင့်ပြုပါအုံး"
ထိုသို့ပြောဆိုပြီးနောက် သူသည် နောက်သို့ချာခနဲလှည့်ပြီး ထွက်ခွာသွားသည်။
မူလက သူသည် ကျန်းရွှမ်၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်းထားရန် စီစဉ်ခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ ကျန်းရွှမ်သည် သူ၏သမီးကို သူ့အား ဆန့်ကျင်စေခဲ့သောကြောင့် လျှူထျန်းကျန်းသည် ပြန်ရောက်သည်နှင့် တပြိုင်နက်တည်း အရာအားလုံးကို ရှုရှင်းထံသို့ သတင်းပို့ရန် ဆုံးဖြတ်လိုက်သည်။
လျှူမိသားစုခေါင်းဆောင် ထွက်ခွာသွားပြီးနောက် ကျန်းရွှမ်သည် မြေပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်သော မိန်းကလေးထံသို့ လှည့်ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။
"ငါ့ရဲ့တပည့်ဖြစ်ဖို့အတွက် မင်းက လျှူမိသားစုကို တကယ်ပဲ စွန့်လွှတ်ဖို့ ဆန္ဒရှိတာလား... ဒါက ကိစ္စသေးသေးလေး မဟုတ်ဘူး..မင်း ဆုံးဖြတ်ချက်မချခင် သေချာစဉ်းစားဖို့ ငါမျှော်လင့်တယ်"
"ဆရာကျန်း.... ကျွန်မ ဆုံးဖြတ်ပြီးပါပြီ"
လျှူမင်ယွဲ့၏မျက်လုံးများအတွင်း၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး တဖန်ထပ်၍ ဦးညွှတ်လိုက်သည်။
"အရင်က ကျွန်မက မိုက်မဲခဲ့ပြီးတော့ ဆရာ့ကို အမြဲတမ်းဆန့်ကျင်ခဲ့တယ်...ဒါပေမဲ့ ဆရာက ကျွန်မရဲ့အပြစ်တွေကို ခွင့်လွှတ်ပေးပြီးတော့ သဘောထားကြီးခဲ့တယ်… အခု ကျွန်မ ဆုံးဖြတ်ချက်ချပြီးပြီ...ဆရာက ကျွန်မကို တပည့်အဖြစ် လက်ခံပေးဖို့ တောင်းဆိုပါတယ်"
ကျန်းရွှမ်သည် အချိန်တခဏမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် တုံ့ပြန်အဖြေပေးလိုက်သည်။
"ကောင်းပြီလေ...ငါ မင်းကို လောလောဆယ်မှာ အမည်ခံတပည့်အဖြစ် ငါ လက်ခံမယ်.... မင်းက စာသင်ချိန်တွေ တက်ခွင့်ရမယ်...လေ့ကျင့်ခွင့်ရမယ်...ဒါပေမဲ့ မင်းက ထိုက်တန်ကြောင်း သက်သေပြနိုင်မှသာ တရားဝင်တပည့် ဖြစ်လာလိမ့်မယ်.... ငါ့ကို စိတ်ပျက်အောင်လုပ်ရင် မင်းမှာ နောက်ထပ်အခွင့်အရေးမရှိတော့ဘူး... မင်း ချက်ချင်း ထုတ်ပယ်ခံရမယ်..."
ယခင်က ကျန်းရွှမ်သည် သူမကို တပည့်အဖြစ် လက်ခံရန် မလိုလားခဲ့သော်လည်း သူမ၏ ပြတ်သားမှုနှင့် စိတ်ပိုင်းဖြတ်မှုကို မြင်ပြီးနောက် သူ စိတ်ပြောင်းသွားသည်။ သင်ယူခွင့်ရရန် အရာအားလုံးကို စွန့်လွှတ်လိုသော မည်သူမဆို ကြီးကျယ်သော အောင်မြင်မှုများ ရရှိနိုင်ခြေရှိသည်။
သို့ရာတွင် ယခုချိန်၌ သူမသည် သူ၏အမည်ခံတပည့်သာ ဖြစ်ပေမည်။ တရားဝင်တပည့်ဖြစ်ရန်မှာမူ သူမအတွက် ခရီးရှည်ကြီး ကျန်ရှိနေပေ၏။
"ကျေးဇူးတင်ပါတယ် ဆရာ..."
လျှူမင်ယွဲ့သည် စိတ်သက်သာရာရသွားပြီး သူမ၏မျက်လုံးများအတွင်း၌ စိတ်လှုပ်ရှားမှုဖြင့် ထင်ဟပ်လာကာ အလျှင်အမြန် မတ်တတ်ထရပ်လိုက်သည်။ ထို့နောက် သူမသည် ခိုင်မာသော ဆုံးဖြတ်ချက်ချလိုက်မှုနှင့်အတူ သူမ၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။
သူမသည် အမည်ခံတပည့်သာ ဖြစ်သော်လည်း တရားဝင်တပည့်ဖြစ်ရန် တစ်လှမ်းနီးကပ်သွားပြီဖြစ်ရာ သူမအတွက် မျှော်လင့်ချက် ကျန်ရှိနေပေ၏။
"ဒါက မင်းအတွက် ငါ ပြင်ဆင်ထားတဲ့ ကျင့်ကြံနည်းစနစ်ပဲ...မင်းက စနစ်တကျ လေ့ကျင့်ပြီးတော့ ယုရှောင်ယွီနဲ့ဟုန်ရီတို့ကို အမီလိုက်နိုင်အောင် ကြိုးစားရမယ်"
ကျန်းရွှမ်က သူမကို စာအုပ်တစ်အုပ် လက်ကမ်းပေးလိုက်သည်။
သူမသည် သူ၏နောက်သို့လိုက်ရန် ရွေးချယ်နိုင်သည်ဟု သူ မျှော်လင့်ထားသောကြောင့် သူမ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံပေါ် မူတည်၍ နည်းစနစ်တစ်ခုကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။ စနစ်တကျကောင်းကင်လမ်းမှတဆင့် ဖန်တီးထားသော ဤကျင့်ကြံနည်းစနစ်သည် သူမ၏ကျင့်ကြံမှုကို လျင်မြန်စွာ တိုးတက်စေပေမည်။
အမည်ခံတပည့် ဖြစ်နေလျှင်ပင် သူမသည် သူ၏သင်ကြားမှုအောက်တွင် ရှိနေသောကြောင့် အားနည်းနေ၍ မဖြစ်ချေ။
"ကျွန်မအတွက်လား..."
လျှူမင်ယွဲ့ အံ့အားသင့်သွားသည်။ သူမသည် စာအုပ်ကိုဖွင့်ပြီး နည်းစနစ်ကို ဖတ်ကြည့်မိချိန်၌ သူမ၏မျက်လုံးများတွင် မျက်ရည်များဝဲတက်လာသည်။
'ဆရာကျန်းက ငါ့ရဲ့ဝမ်းဗိုက် ဘယ်ဘက်ခြမ်းမှာ ဒဏ်ရာဟောင်းရှိတာကြောင့် အဲ့ဒီနေရာက သွေးကြောမျှင်တွေက အရမ်းအားနည်းပြီး အထူးဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာကို ဘယ်လိုသိနေတာလဲ... ငါ့ရဲ့ညာဘက်ခြေထောက်ကို အဆိပ်ပြင်းတဲ့မြွေတစ်ကောင် ကိုက်ခဲ့ဖူးတယ်ဆိုတာကို သူ ဘယ်လို သိနေတာလဲ..."
ဤနည်းစနစ်သည် အလွန်အသေးစိတ်ကျကာ သူမ၏ကျင့်ကြံမှုတွင် ဖြစ်နိုင်ခြေရှိသော ပြဿနာများကို ဖော်ပြထားရုံသာမက သူမ ခံစားခဲ့ရသော ဒဏ်ရာဟောင်းများကိုလည်း ဖြေရှင်းပေးပြီး သူမ၏လေ့ကျင့်မှုကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးထားသည်။
ဤသည်မှာ တစ်စုံတစ်ယောက်အတွက် အသင့်ချုပ် အဝတ်အစားများ ဝယ်ဝတ်သည်နှင့် မတူညီဘဲ ကိုယ်တိုင်းနှင့်ချုပ်ထားသော ဝတ်စုံတစ်စုံအလားပင်။
ယခင်က သူမ သင်ယူခဲ့သော နည်းစနစ်များအားလုံးသည် ယေဘုယျအတွေ့အကြုံပေါ်တွင် အခြေခံထားသည်။ တစ်ခုခုအဆင်မပြေဟု ခံစားရလျှင်ပင် သူမသည် နည်းစနစ်နှင့် အလိုက်သင့် နေခဲ့ရသည်။ သို့ရာတွင် ယခုချိန်၌ ဤနည်းစနစ်သည် သူမ၏လိုအပ်ချက်များနှင့် အံ့ဝင်ခွင်ကျဖြစ်နေပေ၏။ ဤနည်းစနစ်ဖြင့် ကျင့်ကြံပါက သူမ၏လှုပ်ရှားမှုတိုင်းတွင် မည်သည့်မသက်မသာမှုမျှမရှိဘဲ ချောမွေ့စွာ စီးဆင်းနေပေမည်။
'ဒီနည်းစနစ်ကို ဆရာကျန်းက ငါ့အတွက် သီးသန့် ဖန်တီးပေးခဲ့တာလား...'
ငယ်စဉ်ကတည်းက သူမသည် ဖခင်၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းရန်အတွက် သူမ၏ကိုယ်ပိုင်ဆန္ဒများကို ချိုးနှိမ်ကာ စံပြသမီးကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့သည်။ ဤသည်မှာ တစ်စုံတစ်ယောက်မှနေ၍ သူမ၏ လိုအပ်ချက်များကို အမှန်တကယ် ထည့်သွင်းစဉ်းစားပေးသည့် ပထမဆုံးအကြိမ်ပင်။
သူမ၏နှလုံးသားကို ပျားရည်ဖြင့် စိမ်ထားသကဲ့သို့ သူမထံတွင် နွေးထွေးမှုများ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
'ငါက သူ့ရဲ့တပည့်အဖြစ် လက်ခံပေးဖို့ စိတ်ရင်းမှန်နဲ့ တောင်းဆိုခဲ့တာ တော်တော်ကံကောင်းတာပဲ...ဒီအခွင့်အရေးကိုသာ လွဲချော်ခဲ့ရင် ငါက ယုရှောင်ယွီ တဖြည်းဖြည်း သန်မာလာတာကို ကြည့်နေရပြီး ငါကတော့ တဖြည်းဖြည်း နောက်ကျကျန်နေခဲ့ရမှာပဲ'
"ငါတို့အားလုံးက ငါတို့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ နည်းစနစ်တွေကို ရခဲ့ကြတာပဲ...ဒါကြောင့် ငါတို့က တစ်နာရီအတွင်းမှာ ဒီလောက် မြန်မြန် တိုးတက်လာနိုင်ခဲ့တာ.."
ယုရှောင်ယွီက လျှူမင်ယွဲ့၏အံ့အားသင့်မှုကို သတိပြုမိသွားသဖြင့် အပြုံးနှင့်ရှင်းပြသည်။
သူမသည်လည်း ယခင်က ဤကဲ့သို့ အံ့အားသင့်ခဲ့ဖူးသော်လည်း ယခုချိန်တွင်မူ နားလည်သွားလေပြီ။ ဆရာကျန်းသည် ဤနည်းစနစ်များကို ဖန်တီးရန် အလွန်ကြီးမားသော ကြိုးစားအားထုတ်မှုများ ပြုလုပ်ခဲ့ရမည်ဖြစ်ပြီး ဤသည်မှာ သူမ မည်သို့မျှ အပြည့်အဝ ပြန်မဆပ်နိုင်မည့် ကျေးဇူးကြွေးတစ်ခုပင်။
ဤအချက်ကို သိလိုက်ချန်၌ လျှူမင်ယွဲ့က
သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။
တပည့်သုံးယောက်သည် သူတို့နှင့် အံဝင်ခွင်ကျဖြစ်သော နည်းစနစ်တစ်ခုစီကို ရရှိခဲ့ကြသည်။ ဆရာကျန်း၏ တပည့်များအပေါ် ဂရုစိုက်မှုနှင့် အသေးစိတ်ကျမှုသည် တခြားဆရာများထက် များစွာပို၍သာလွန်သည်။ အလွန်ရိုသေလေးစားခံရသော ကျောင်းအုပ်ကြီးလုမင်ရုန်ပင်လျှင် ဤသို့ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
လျှူမင်ယွဲ့ထံတွင် စိတ်လှုပ်ရှားမှု အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေစဥ်တွင် လုမင်ရုန်သည် စိုးရိမ်ပူပန်သော မျက်နှာအမူအယာဖြင့် ကျန်းရွှမ်ထံသို့ ချဉ်းကပ်လာသည်။
"ဆရာကျန်း...လျှူမိသားစုခေါင်းဆောင်က လျှော့တွက်လို့ရတဲ့လူမျိုး မဟုတ်ဘူး... သူက အနာဂတ်မှာ ဆရာ့ကို ဒုက္ခပေးလာမှာ စိုးရိမ်ရတယ်....သံသယဖြစ်စရာ တစ်ခုခုတွေ့ရင် ငါ့ကို အသိပေးဖို့ မတွန့်ဆုတ်ပါနဲ့...မင်းတစ်ယောက်တည်း ဖြေရှင်းဖို့ကိုလည်း မကြိုးစားပါနဲ့"
လျှူထျန်ကျန်းသည် မည်မျှထိ တစ်ကိုယ်ကောင်းဆန်ပြီး မာနကြီးကြောင်း သိသောကြောင့် လုမင်ရုန်သည် အမှန်တကယ်ကို စိုးရိမ်ပူပန်နေသည်။ ယခုအချိန်၌ လျှူထျန်ကျန်းသည် သူ၏သမီးက လူအများရှေ့တွင် သူ့ကိုဆန့်ကျင်ခြင်းအား ခံခဲ့ရသောကြောင့် ပြန်လည်သင့်မြတ်ရန်မှာ မျှော်လင့်ချက် အနည်းငယ်သာ ရှိတော့သည်။
"နားလည်ပါပြီ...."
ကျန်းရွှမ်က ထိုအကြံဉာဏ်ကို တန်ဖိုးထားသဖြင့် ခေါင်းညိတ်ပြလိုက်သည်။
လုမင်ရုန်က ဆက်လက်၍ ပြောဆိုသည်။ "စကားမစပ်....ချန်းဟောင်က တစ်နေ့နဲ့တစ်ညလုံး ဒူးထောက်ပြီးပြီ...သူ့ကို ဘယ်လို အရေးယူသင့်လဲ"
ကျန်းရွှမ်က အရေးမစိုက်သောအမူအယာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ချန်းမိသားစုခေါင်းဆောင်ကို သူ့ကို ပြန်ခေါ်သွားခိုင်းပြီးတော့ စနစ်တကျ ဆုံးမခိုင်းလိုက်ပါ"
အကယ်၍ ချန်းဟောင်သည် အကြိမ်ကြိမ် ပြဿနာမရှာခဲ့လျှင် ကျန်းရွှမ်သည် သူ့ကို အရေးလုပ်မည် မဟုတ်ချေ။ ထို့ပြင် ချန်းမိသားစုခေါင်းဆောင်သည် သူ၏အခက်အခဲကို ဖြေရှင်းပေးရန် ရင်းမြစ်ဒင်္ဂါးအမြောက်အများ ပေးချေပြီးဖြစ်သောကြောင့် ရန်ငြိုးဆက်ထားရန် မသင့်တော်ပေ။
မည်သို့ပင်ဆိုစေကာမူ သူသည် ချန်းမိသားစု၏ ဧည့်အကြီးအကဲတစ်ဦး ဖြစ်နေသဖြင့် သူတို့၏သခင်လေးကို အချိန်ကြာမြင့်စွာ ဒူးထောက်ခိုင်းရန် မသင့်လျော်ချေ။
"ငါ နားလည်ပြီ"
လုမင်ရုန်က ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ဦးကြားမှ စကားပြောဆိုမှုသည် ယုရှောင်ယွီ လျှူမင်ယွဲ့နှင့် ဟုန်ရီတို့အားလုံးကို ကြက်သေသေသွားစေသည်။
ဆရာကျန်းသည် ကျောင်းအုပ်ကြီးဖြစ်ပြီး ကျောင်းအုပ်ကြီးလုက သာမန်ဆရာတစ်ယောက်ဖြစ်နေသည့်အလား သူတို့ မည်သည်ကြောင့် ခံစားနေရသနည်း။
သူ့တပည့်များ၏ အတွေးများကို မသိဘဲ ကျန်းရွှမ်သည် လုမင်ရုန်နှင့် အချိန်တခဏကြာ စကားပြောပြီးနောက် နှုတ်ဆက်လိုက်သည်။
"ကျောင်းအုပ်ကြီးလု...ကျွန်တော့်မှာ လုပ်စရာကိစ္စလေးတွေရှိလို့ ပြန်တော့မယ်"
"ဂရုစိုက်ပါ ဆရာကျန်း..."
လုမင်ရုန်ကလည်း နောက်သို့ပြန်လှည့်ပြီး ထွက်ခွာသွားသည်။
သူ၏အမြင်အာရုံအောက်မှ ကျောင်းအုပ်ကြီးလု ပျောက်သွားပြီးနောက် ကျန်းရွှမ်သည် သူ၏ နေအိမ်သို့ အလျင်အမြန် ပြန်သွားလေ၏။ အိမ်အတွင်းသို့ ရောက်ရှိချိန်တွင် မည်သူမျှ မရှိကြောင်း အသေအချာစစ်ဆေးပြီးနောက် သူ၏ စိတ်ကိုအာရုံစိုက်ကာ ကမ္ဘာသစ်အတွင်းသို့ ဝင်လိုက်သည်။
သူ ရင်းမြစ်ကမ္ဘာသို့ ဝင်ရောက်ပြီးနောက်တွင် ကမ္ဘာသစ်သည် ရင်းမြစ်စွမ်းအင်ကို ဆက်လက်၍စုပ်ယူကာ အရွယ်အစား ကြီးမားလာပေ၏။ ယခုအချိန်၌ ကျန်းရွှမ်ပင်လျှင် ဤနေရာ၏နယ်နိမိတ်ကို မမြင်နိုင်တော့သည်အထိ ကြီးမားကျယ်ပြန့်နေသည်။
ကမ္ဘာသစ်နှင့်နှိုင်းယှဉ်လျှင် ပါမောက္ခကုန်းမြေသည် ကျယ်ပြန့်သောသမုဒ္ဒရာအတွင်းမှ သေးငယ်သော သဲပွင့်တစ်ပွင့်ကဲ့သို့ ဖြစ်နေသည်။
ကမ္ဘာသစ်၏အမြင့်ဆုံးနေရာတွင် ကျန်းရွှမ်၏ ကျင့်ကြံမှုအတွက် အသုံးပြုသော ရွှမ်ကမ္ဘာရှိနေပေ၏။ ရွှမ်ကမ္ဘာအတွင်း၌ ယခုအချိန်တွင် သန့်စင်ထားသော ရင်းမြစ်စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ထိုအရာ၏စွမ်းအားသည် ကြီး
ကျန်းရွှမ်က ပြုံးလိုက်သည်။
သူသည် ကမ္ဘာသစ်ကို မလောင်ကျွမ်းဘဲ လျှူမိသားစုခေါင်းဆောင်နှင့် တိုက်ခိုက်ကာ သူ၏စွမ်းအားကို စမ်းသပ်ခဲ့ပြီးဖြစ်သည်။ ဤအဆင့်စွမ်းအားဖြင့် သူသည် အဖြူရောင်ကျောက်တုံးမြို့တွင် သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်လေပြီ။ ထို့ကြောင့် စွန်းချန်နှင့်တခြားလူများကို ခေါ်ဆောင်ရန် အချိန်တန်လာသည့်ပုံပင်။