← Chapters

အခန်း (၇၁-၇၅)

Vol. 5 Ch. 71-75

အခန်း (၇၁-၇၅)

Vol. 5 Ch. 71-75

Chapter 71

"လှလိုက်တဲ့ ကောင်မလေးတွေ...ညီအကို တစ်ချက်လောက်ကြည့်လိုက်အုံး"

ဝမ်ရွှမ်သည် ထိုမိန်းကလေးနှစ်ယောက်ကို သွားရည်တများများကျသည်အထိ ငမ်းနေလေ၏။ သူသည် ရီဖုန်းကို တံတောင့်ဖြင့်တို့ထိကာ တီးတိုးပြောဆိုသည်။

"ညီအကို...သူတို့က တကယ့်ကို ရှားပါးပစ္စည်းလေးတွေပဲ...တကယ်လို့ ငါသာ အဲ့လိုမျိုးတစ်ယောက်လောက်ကို ရနိုင်မယ်ဆိုရင် ငါ သေပျော်ပြီ"

ထိုစကားကိုကြားချိန်တွင် ရီဖုန်းသည် ကြောင်စီစီဖြင့် ဝမ်ရွှမ်ကို ကြည့်လိုက်သည်။

ဤှကောင်သည် အရှက်မဲ့ပေ၏။

သူ၏နံဘေးတွင် သင့်တင့်လျောက်ပတ်သော မိန်းကလေးတစ်ယောက် ရှိနေပါလျက်နှင့် တခြားသူများအပေါ် မျက်စိကျနေဆဲပင်။ ကျေးဇူးတင်စရာကောင်းသည်မှာ သူ၏မိန်းကလေး လွေ့ရှောင်ယု ထိုစကားများကိုမကြားခြင်းဖြစ်သည်။

"ဟူး...သူတို့လို အလှပဂေးလေးတွေက ငါတို့ အဝေးကနေ သဘောကျနိုင်ရုံပဲရှိတယ်....ဘယ်ကံကောင်းတဲ့ ခွေးသူတောင်းစားက သူတို့နဲ့အတူ ညစာစားနိုင်မယ်ဆိုတာ ဘယ်သူသိမှာလဲ"

ဝမ်ရွှမ်သည် ဆန္ဒပြင်းပြနေသော်လည်း သူ့နေရာကိုယ် သူသိသူဖြစ်သည်။ သူသည် စိတ်ပျက်အားငယ်စွာဖြင့် ရီဖုန်း၏ပခုံးကို ပုတ်လိုက်၏။

သို့သော် သူ၏အသံလွင့်ပြယ်သွားသောအချိန်မှာပင် မိန်းကလေးနှစ်ယောက်သည် သူတို့ထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းလာသည်။

"ဆရာရီ...."

"ဆရာရီ..."

တစ်ယောက်၏အသံသည် နူးညံသိမ်မွေ့သည်။

ကျန်တစ်ယောက်၏အသံသည် ရမ္မက်ပြင်းပြသည်။

ထိုမြင်ကွင်းသည် လူတိုင်းကို အသည်းတယားယားဖြစ်စေသည်။

မနာလိုသောအငွေ့အသက်များက စားသောက်ဆိုင်တစ်ဆိုင်လုံးကို လွှမ်းခြုံသွားပေ၏။

အမှန်အားဖြင့် အံ့အားသင့်နေဆုံးလူမှာ သူမတို့၏နံဘေးရှိ ဝမ်ရွှမ်ပင်။ သူ၏ပါးစပ်သည် ကြက်ဥတစ်လုံးပစ်သွင်းလို့ရသည်အထိ ကျယ်လောင်စွာပွင့်ဟနေပြီး သူက အံ့အားသင့်တုန်လှုပ်စွာဖြင့် ရီဖုန်းကိုကြည့်ကာ ပင့်သက်ရှိုက်လိုက်သည်။

"ဟူး...ညီအကို...မင်းက တကယ့်ကို ယောက်ျားတစ်ယောက်ပဲ"

ဝမ်ရွှမ်က အဓိပ္ပါယ်ပါသောအကြည့်ဖြင့် ရီဖုန်းကိုကြည့်ကာ သူ၏လက်မကို ထောင်ပြလေသည်။ သူ၏မျက်လုံးအတွင်း၌ လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။

ရီဖုန်းက သူ့ကိုပြုံးပြပြီးနောက် မိန်းကလေးနှစ်ယောက်ကို ပြောဆိုလိုက်၏။

"သွားကြစို့....ညစာစားဖို့အချိန်ကို ရောက်နေပြီ"

ဝမ်ရွှမ်ကို နှုတ်ဆက်ပြီးနောက် လူအများ၏မနာလိုအားကျနေသော အကြည့်များအောက်တွင် ရီဖုန်းသည် ကြိုတင်မှာယူထားသော စားပွဲထံသို့သွားလိုက်သည်။ သူ၏ကျေးဇူးတင်မှုကိုပြသရန်အတွက် ဤစားသောက်ဆိုင်အတွင်း၌ အကောင်းဆုံးနေရာကို မှာယူထားခြင်းဖြစ်သည်။

မကြာမီမှာပင် အရသာရှိသော ဟင်းလျာပွဲများ ရောက်ရှိလာသည်။

"ဆရာရီ...ဒါလေး စားကြည့်ပါအုံး"

မြောင်ယွင်အာသည် အသားတချို့ကို တူဖြင့်ညှပ်ကာ ရီဖုန်း၏ပန်းကန်အတွင်းသို့ ထည့်ပေးလိုက်၏။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ယောင်လင်းအာ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။ သူမသည်လည်း နောက်ချန်မနေလိုသဖြင့် သူမ၏တူဖြင့် အသားတချို့ကိုညှပ်ကာ ရီဖုန်း၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

"ဆရာရီ ..ကျွန်မထည့်ပေးတဲ့ဟာကိုလည်း စားကြည့်ပါအုံး"

မြောင်ယွင်အာက မျက်မှောင်ကြုတ်လိုက်၏။ သူမသည် ရီဖုန်းနှင့်နီးကပ်အောင်တိုးသွားကာ သူမ၏တူဖြင့် စားစရာများကိုကောက်ယူပြီး သူကို ခွံကျွေးသည်အထိ အကဲပိုလာသည်။

"ကျေးဇူးပဲ....ဒီလောက်ထိ လုပ်စရာမလိုပါဘူး"

ရီဖုန်းသည် ရှက်ကို့ရှက်ကန်းနှင့် ငြင်းပယ်လိုက်သော်လည်း သူမ၏ဧည့်ဝတ်ပြုမှုကို မငြင်းဆန်နိုင်ချေ။ သူက ကူကယ်ရာမဲ့စွာ သူ၏ပါးစပ်ကို ဟပေးလိုက်သည်။

ယောင်လင်းအာ၏မျက်နှာ ရေခဲတမျှအေးစက်သွားကာ သူမက ဒေါသတကြီးဖြင့် မြောင်ယွင်အာကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။ သို့ရာတွင် ရီဖုန်း၏ရှေ့တွင် သူမ မဆင်မခြင်မလုပ်ဝံ့ချေ။ သူမသည် ရီဖုန်း၏ရှေ့တွင် ထိုသေမျိုးမိန်းကလေးအား မရှုံးနိမ့်စေရဟု ဆုံးဖြတ်ချက်ချလိုက်သည်။

"ဆရာရီ...ဒီနေရာထိ လမ်းလျှောက်လာတာ ပင်ပန်းနေရောပေါ့...ကျွန်မက ဆရာရီရဲ့ပခုံးတွေကို နှိပ်ပေးပါရစေ"

သူမ၏တူကို အောက်သို့ချကာ မတ်တတ်ထရပ်ပြီး ရီဖုန်း၏နောက်သို့ လျှောက်လှမ်းသွားလေသည်။ သူမ၏နူးညံချောမွတ်သောလက်များကို ရီဖုန်း၏ပခုံးပေါ်တင်ကာ ညင်သာစွာဆုပ်နယ်လိုက်သည်။

"သောက်ချေးပဲ"

"ယီးပဲကွာ"

"ငါ့ဖင်ကြီးကို စားလိုက်စမ်း"

"ငါ ညစာစားဖို့လာတဲ့အချိန်မှာ ခွေးစာတွေ အတင်းကျွေးခံနေရတာပဲ"

ထိုမြင်ကွင်းကိုကြည့်ပြီး ညစာလာစားနေသော အမျိုးသားများသည် သူတို့၏တူများကို အောက်သို့ချကာ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

တခြားစားပွဲရှိ ဝမ်ရွှမ်၏မျက်လုံးများ ပြူးကျယ်နေသည်။

ဤကောင်သည် ကစားနေခြင်းဖြစ်သလော....

ရီဖုန်းနှင့်နှိုင်းယှဥ်ပါက ဝမ်ရွှမ်သည် အခြေအနေမကောင်းလှချေ။ သူ၏နံဘေး၌ မိန်းကလေးတစ်ယောက် ရှိနေသော်လည်း သူ လွေ့ရှောင်ယုကို စိတ်ဝင်စားမှု ပျောက်ဆုံးသွားလေပြီ။

"မင်းတို့နှစ်ယောက်လုံး တော်သင့်ပြီ"

မိန်းကလေးနှစ်ယောက်၏ လက်သီးပုန်းတိုက်ပွဲသည် ရီဖုန်း၏သတိပြုမိသွားမှုအောက်မှ မလွတ်မြောက်ခဲ့ချေ။ သူသည် အစပထမ၌ သည်းခံနေခဲ့သော်လည်း ယခုချိန်၌ သူမတို့သည် လွန်ကဲလာပေ၏။ သူ၏အသံတွင် ဒေါသအရိပ်အယောင်များ ရောယှက်နေသည်။

သူသည် သံမဏိဖြင့်ထုလုပ်ထားသူမဟုတ်သဖြင့် သူမတို့၏လွန်ကဲသောအပြုအမူများသည် သူ့အား အလွန်သက်တောင့်သက်သာမရှိသကဲ့သို့ ခံစားရစေသည်။

ရီဖုန်း၏စကားများကြောင့် မိန်းကလေးနှစ်ယောက်လုံး ထိတ်လန့်သွားကြ၏။

သူမတို့သည် သူမတို့၏ထိုင်ခုံနေရာသို့ အလျှင်အမြန် ပြန်သွားလိုက်ကြကာ မည်သည့်စကားတစ်ခွန်းမျှ မဆိုဝံ့တော့ချေ။

"ဒါကို စိတ်ထဲမထားကြပါနဲ့...ငါက တခြားဘာသဘောနဲ့မှ ပြောတာမဟုတ်ပါဘူး"

သူမတို့၏တုံ့ပြန်မှုကိုကြည့်ပြီး ရီဖုန်းသည် စိတ်အေးအေးထားရန် ပြောဆိုကာ သူ၏ညစာကို ဆက်၍စားလိုက်သည်။

မိန်းကလေးနှစ်ယောက်သည် သူမတို့၏လှုပ်ရှားမှုများကို ထိန်းချုပ်ထားသော်လည်း သူမတို့၏မျက်လုံးအကြည့်ခြင်း အသံတိတ်တိုက်ပွဲဆင်နေဆဲဖြစ်ကာ ယခုချိန်ထိ မည်သူမျှ အသာစီးမရသေးချေ။

ရှေ့မတိုးသာသည့်အခြေအနေကို မချိုးဖျက်နိုင်သဖြင့် ယောင်လင်းအာ၏မျက်လုံးများ အေးစက်စက်တောက်ပသွားက သူမ၏အနီရောင်နုတ်ခမ်းများကို ကွေးညွှတ်၍ပြုံးလိုက်သည်။

အကယ်၍ ကိစ္စသည် ဤသို့ဖြစ်လာပါက ဂုဏ်သိက္ခာဟူသည်မှာ အရေးမပါတော့သောအရာပင်.....

သူမက ရိုးရှင်းစွာ ခေါ်လိုက်၏။

"ဆရာရီ...."

"အင်း..."

ရီဖုန်းက သူမကို မော့ကြည့်လိုက်သည်။

"ဒီနေ့ည ကျွန်မနဲ့အတူ ဖဲကစားမလား"

ယောင်လင်းအာသည် ရီဖုန်းကိုမေးမြန်းနေစဥ်၌ သူမ၏ညှို့အားပြင်းသောမျက်လုံးတစ်စုံဖြင့် ညုတုတုကြည့်နေလေသည်။ သူမသည် ထိုစကားလုံးများကို ပြောဆိုနေချိန်တွင် ရှက်ရွံနေခဲ့သည်။

Chapter 72

"ဖဲကစားမှာလား"

ရီဖုန်းသည် အံ့အားသင့်စွာဖြင့် ယောင်လင်းအာကိုကြည့်ကာ မေးမြန်းလိုက်၏။

"ဖြစ်နိုင်တာတော့ မင်း အရင်က ဖဲကစားဖူးတာများလား..."

မည်သို့ပင်ဆိုစေကာမူ ဤတခြားကမ္ဘာလောကတွင် ဖဲကစားခြင်းကိုတက်မြောက်သူမရှိချေ။ ဖဲကစားတက်သူတချို့သည် သူ့ထံမှသင်ယူထားခြင်းဖြစ်သည်။

"မဟုတ်ဘူး...မဟုတ်ပါဘူး...ကျွန်မ အရင်က တစ်ခါမှဖဲမကစားဖူးဘူးလို့ ကျိန်ပြောရဲတယ်...တကယ်လို့ ကျွန်မက ဆရာရီနဲ့အတူ ဖဲကစားဖြစ်မယ်ဆိုရင်တောင် ဒါက ကျွန်မရဲ့ ပထမဆုံးအကြိမ်ပဲ"

ယောင်လင်းအာ၏လှပသောမျက်နှာလေး ရှက်သွေးဖြာသွားကာ သူမက ခေါင်းငုံ၍ပြောဆိုသည်။

"အော်..."

ရီဖုန်းက ခေါင်းညိတ်လိုက်၏။ ယောင်လင်းအာသည် ယခင်က ဖဲကစားခြင်းကို တခြားသူများပြောဆိုသည်အား ကြားခဲ့ခြင်းဖြစ်နိုင်သည်ဟု တွေးထင်ကာ သူ များစွာမတွေးတောတော့ချေ။

"မင်းက ဖဲကစားချင်တယ်ဆိုမှတော့ ငါ မင်းနဲ့အတူ ကစားပေးမယ်...ဘယ်ချိန်စပြီး ကစားကြမလဲ"

ထိုစကားကိုကြားချိန်တွင် ယောင်လင်းအာ၏လှပသောမျက်လုံးတစ်စုံ တောက်ပသွားသည်။

ရီဖုန်းသည် ဤမျှထိ အဆင်သင့်ဖြစ်နေမည်ဟု သူမ မျှော်လင့်မထားမိချေ။ သူမသည် သူမ၏ဆွဲဆောင်နိုင်မှုအပေါ် အနည်းငယ်ဂုဏ်ယူဝင့်ကြွားခြင်းမပြုဘဲ မနေနိုင်တော့ချေ။

"ဒါပေမယ့် ဒီနေ့က ဖဲကစားလို့ သိပ်မကောင်းဘူးထင်တယ်"

ယောင်လင်းအာက ညုတုတုအသံဖြင့် ပြောဆိုသည်။

"တကယ်လို့ ကျွန်မတို့ကစားကြမယ်ဆိုရင်...လင်းအာက ဆရာရီကိုအဖော်ပြုပြီး တညလုံးကစားပေးရမှာလေ...ဟုတ်တယ်မလား"

ရီဖုန်း သဘောတူညီပြီးနောက် သူမသည် ပို၍ရဲတင်းလာပေ၏။ စားပွဲအောက်မှနေ၍ သူမ၏ကျောက်စိမ်းကဲ့သို့ နူးညံချောမွတ်သော ခြေထောက်တစ်ဖက်ဖြင့် ရီဖုန်း၏ခြေထောက်ကို ရည်ရွယ်ချက်ရှိရှိ ညင်သာစွာပွတ်လိုက်သည်။

ရီဖုန်း၏မျက်နှာ မှုန်ကုပ်သွားသည်။

ဤမိန်းကလေးသည် အမှန်တကယ်ကိုပင် တညလုံး ကစားလိုသလော...

သို့ရာတွင် သူ နားလည်သဘောပေါက်နိုင်သည်။ အတိတ်တွင် သူသည် ပြင်းပြသောစိတ်ဆန္ဒဖြင့် တစ်ညလုံးဖဲကစားခဲ့ကာ အကြွေစေ့သန်းပေါင်းများစွာကိုရှုံးနိမ့်ခဲ့ပြီး နှစ်ရက်နှစ်ညတိုင်တိုင် အိပ်မပျော်ခဲ့ချေ။

"ကောင်းပြီလေ...မင်းက တစ်ညလုံးဆိုမှတော့ တစ်ညလုံးပေါ့"

ရီဖုန်းက တည်ငြိမ်စွာ ပြောဆိုသည်။

"ဟုတ်ကဲ့ပါ ဆရာရီ...လင်းအာက ဆရာရီ ဒီနေ့ညမှာ ပျော်ရွှင်ရအောင် သေချာပေါက်လုပ်ပေးမယ်"

ယောင်လင်းအာ၏ညှို့အားပြင်းသော အနီရောင်နုတ်ခမ်းများ ညင်သာစွာလှုပ်ခတ်သွားကာ သူမသည် ဤတာဝန်ကို အလွန်လွယ်ကူစွာ အောင်မြင်ခဲ့သည့်အတွက် ဝမ်းသာပီတိဖြစ်နေပြီး အံ့အားလည်းသင့်နေသည်။

"ဒါပေမယ့်...."

ထိုအချိန်မှာပင် အသားတစ်စကိုကိုက်ဝါးပြီးနောက် ရီဖုန်းက သူ၏တူကိုအောက်သို့ချကာ ပြောဆိုလိုက်၏။

"တကယ်လို့ ငါတို့က တကယ်ကြီးဖဲကစားမယ်ဆိုရင်...လူနှစ်ယောက်တည်းနဲ့ကတော့ ပျော်စရာကောင်းမှာ မဟုတ်ဘူး....ငါတို့က လူသုံးယောက်ရှိဖို့လိုတယ်...ဒါကြောင့် မိန်းကလေးမြောင်လည်း အတူကစားသင့်တယ်"

သူမ၏ရည်မှန်းချက် အောင်မြင်သွားသောကြောင့် ပီတိဖြစ်နေသော ယောင်လင်းအာသည် ရုတ်တရက် အံ့အားသင့်တုန်လှုပ်သွားသဖြင့် သူမ၏နီမြန်းသောနုတ်ခမ်းနှစ်လွှာ ပွင့်ဟသွားသည်။

"ဆရာရီ...ဆရာက လူသုံးယောက်အတူ ဖဲကစားချင်တာလား"

သူမက အံ့အားသင့်စွာဖြင့် ရီဖုန်းကို ကြည့်လိုက်သည်။

"ဟုတ်တယ်လေ....ငါတို့က ဖဲကစားမယ်ဆိုမှတော့ အနည်းဆုံး လူသုံးယောက်ရှိဖို့လိုတယ်"

ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။

"တကယ်တော့ လူသာအလုံအလောက်ရှိရင်...လူလေးယောက်ဆိုရင်လည်း အလုပ်ဖြစ်တာပဲ"

"အမ်....."

"ဒါဆိုရင် ဆရာရီက ဒီလိုအရာမျိုးကို သဘောကျတာပေါ့"

"အထင်ကြီးစရာပဲ...အထင်ကြီးစရာပဲ"

ယောင်လင်းအာ၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူမက အနည်းငယ်ထိတ်လန့်တုန်လှုပ်နေသောလေသံဖြင့် ပြောဆိုသည်။

"ဒါက ဘာတွေအထင်ကြီးစရာရှိလို့လဲ...ငါ ပုံမှန်လုပ်နေကျ ကိစ္စလေးပဲလေ"

ရီဖုန်းက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

ထိုစကားကိုကြားချိန်တွင် ယောင်လင်းအာ၏နုတ်ခမ်း မဲ့ရွဲ့သွားသည်။ မြောင်ယွင်အာသည်လည်း အတူဖဲကစားရန် အခွင့်ကောင်းကိုရရှိသွားသဖြင့် သူမ အနည်းငယ်မပျော်မရွှင်ဖြစ်သွားသကဲ့သို့ ခံစားမိသည်။ သို့ရာတွင် ရီဖုန်းသည် အတင်းအကြပ်ပြောဆိုနေသဖြင့် သူမသည် စောဒကမတက်ဝံ့တော့ချေ။

"ကောင်းပြီလေ...မင်းတို့နှစ်ယောက် ဆက်ပြီးစားနှင့်ကြအုံး....ငါ အပြင်ခဏထွက်ပြီးတော့ ဖဲကစားဖို့အတွက် အသုံးအဆောင်တွေကိုယူဖို့ တစ်ယောက်ယောက်ကို အိမ်ပြန်လွှတ်လိုက်အုံးမယ်"

ရီဖုန်းသည် သူ၏တူကို အရင်ဆုံးအောက်သို့ချကာ မတ်တတ်ထရပ်၍ ပြောဆိုပြီးနောက် အခန်း၏ပြင်ပသို့ ထွက်သွားတော့သည်။

ရီဖုန်း၏စကားများသည် ယောင်လင်းအာကို အသက်ရှုမွန်းကြပ်သွားစေသည်။

သူသည် အသုံးအဆောင်ပစ္စည်းများကို လိုအပ်သေးသလော.....

ဤမွန်းစတားအိုကြီးသည် လူထူးလူဆန်းတစ်ယောက်ဖြစ်ကာ သူ၏အတွေ့အကြုံများသည်လည်း ပြိုင်ဘက်ကင်းဖြစ်ပေမည်။

ဤအချိန်အခိုက်အတန့်တွင် သူမ ချမ်းစိမ့်တုန်ရီမှုကို ခံစားလိုက်ရသည်။ သူမသည် ရုတ်တရက် မြောင်ယွင်အာသည်လည်း သူမတို့နှင့်အတူ ဖဲကစားရမည်မှာ အမှန်အားဖြင့် သူမအတွက် ကောင်းမွန်သောကိစ္စဖြစ်နေကြောင်း ခံစားမိလေ၏။

သူမသည် မြောင်ယွင်အာကို စောင်းငဲ့ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။

"ကိစ္စတွေက ဒီအထိရောက်လာမှတော့....ငါတို့ရဲ့ဝှက်ဖဲတွေကို ချပြသင့်ပြီ...နင်ကလည်း မရိုးသားတဲ့ရည်ရွယ်ချက်တစ်ခုနဲ့ ဆရာရီရဲ့အနားကို ချဥ်းကပ်ခဲ့တာမလား"

မြောင်ယွင်အာ၏မျက်နှာအမူအယာ အနည်းငယ်ပြောင်းလဲသွားသော်လည်း သူမသည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

"တကယ်လို့ နင် မပြောဘူးဆိုရင်လည်း ကိစ္စမရှိဘူး...ဒါပေမယ့် နင့်ရဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်နေနေ ဆရာရီက ပြောပြီးမှတော့....ဒီနေ့ည ငါတို့က ဆရာရီကိုအဖော်ပြုပြီး ဖဲကောင်းကောင်းကစားရမယ်"

ယောင်လင်းအာသည် မြောင်ယွင်အာကို စူးစူးဝါးဝါး စိုက်ကြည့်ကာ စကားတစ်လုံးချင်း ပီပီသသ ပြောဆိုလေ၏။

"နင် နားလည်လား"

ထိုစကားကိုကြားချိန်တွင် မြောင်ယွင်အာသည် ယောင်လင်းအာ၏စကားများမှ အဓိပ္ပါယ်ကို နားလည်သဘောပေါက်သွားသည်။

အပေါ်ယံတွင် သူမသည် ကုန်သည်အဖွဲ့၏ပုလဲရတနာလေးဖြစ်ကာ ပျော့ညံပုံရသော်လည်း သူမသည် ရိုးသားဖြူစင်ပြီးနုံအသော ကြာပန်းဖြူလေးဟု ဆိုလိုသည်မဟုတ်ချေ။

"တကယ်လို့ ငါ ခန့်မှန်းတာမှန်မယ်ဆိုရင်...ဖဲကစားတယ်ဆိုတာမှာ တခြားအဓိပ္ပါယ်တစ်မျိုး ရှိနေတယ်မလား"

မြောင်ယွင်အာက ချေပပြောဆိုသည်။

"ဒါဆိုရင် အခု ငါတို့ရဲ့သဘောထားကွဲလွဲနေတာတွေကို ဘေးဖယ်ထားပြီးတော့...ငါတို့အတွက် အကျိုးရှိအောင်ပဲ လုပ်ကြမလား"

"နင် နားလည်သားပဲ"

ယောင်လင်းအာက ပြောဆိုကာ တစ်ချိန်တည်းမှာပင် သူမ၏နုတ်ခမ်းကို တွန့်ကွေးကာ ပြုံးလိုက်၏။

Chapter 73

မိန်းကလေးနှစ်ယောက်သည် တစ်ဖက်တည်းတွင် ရပ်တည်လိုက်ကြပြီးနောက် ရီဖုန်းမရှိသည့်အခြေအနေကို အခွင့်ကောင်းယူ၍ ယောင်လင်းအာ၏လက် တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ အလင်းတန်းတစ်တန်းက ဖျတ်ခနဲထွက်ပေါ်လာပြီးနောက် ပျောက်ကွယ်သွားသည်။

မြောင်ယွင်အာသည်လည်း အခွင့်အရေးတစ်ခုရှာ၍ထွက်ခွာကာ စာတိုတစ်စောင်ကို ပန်းအိုးတစ်လုံး၏နောက်၌ ထားလိုက်သည်။ မကြာမီမှာပင် လူတစ်ယောက်သည် ပန်းအိုးဘေးမှ ဖြတ်လျှောက်သွားကာ အမှတ်မထင်ပုံစံမျိုးဖြင့် ထိုစာတိုကိုကောက်ယူကာ တိတ်တဆိတ်ပျောက်ကွယ်သွားတော့သည်။

"ဟား...ဟား...ဟား...."

"ချင်ရှန်း...မြေခွေးအိုကြီး...မင်း အဲ့ဒီလူရဲ့ယုံကြည်မှုကိုရဖို့ ဘာနည်းလမ်းကိုပဲ သုံးထားပါစေ ကိစ္စမရှိတော့ဘူး...ဒီနေ့ညကျော်သွားတာနဲ့ ငါ ရွှမ်းဝူက မင်းကို ထပ်ပြီးကြောက်နေမှာ မဟုတ်တော့ဘူး"

ရွှမ်ဝူဂိုဏ်း၏ပင်မခန်းမအတွင်းတွင် နင်ရွှမ်းဝူသည် သူ့လက်အတွင်းရှိ ကျောက်စိမ်းပြာကိုကြည့်ကာ ဝမ်းသာအားရ အော်ဟစ်ရယ်မောလိုက်၏။

"ဘိုးဘေး...ဘာကိစ္စရှိလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ"

အကြီးအကဲတစ်ယောက်က မေးမြန်းသည်။

"လင်းအာက ငါ့ကို စိတ်မပျက်စေခဲ့ဘူး...သူက အဲ့ဒီလူကို အမိဖမ်းနိုင်တော့မယ်"

နင်ရွှမ်းဝူက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ ပျော်ရွှင်မှုများပြည့်နေသောမျက်နှာနှင့် ပြောဆိုသည်။

"ဒီနေ့ညကျော်သွားတာနဲ့...လင်းအာက အဲ့ဒီလူရဲ့မိန်းမ ဖြစ်သွားလိမ့်မယ်...အဲ့ဒီအဆင့်အတန်းနဲ့ဆိုရင် လင်းအာပေးတဲ့ အဓိပ္ပါယ်အရတော့....အရင်က ပဋိပက္ခဖြစ်ခဲ့မှုတွေကို အမြန်ဆုံးဖြေရှင်းနိုင်လိမ့်မယ်....ပြီးတော့ ငါတို့ဂိုဏ်းအတွက် မျှော်မှန်းလို့တောင်မရနိုင်တဲ့ အကျိုးကျေးဇူးတွေ ရောက်လာလိမ့်မယ်"

"တကယ်ကြီးလား"

"အရမ်းကောင်းတာပဲ"

ဤအချိန်အခိုက်အတန့်တွင် ရွှမ်းဝူဂိုဏ်းမှလူများသည် စိတ်လှုပ်ရှားသွားကာ သူတို့၏မျက်နှာများပေါ်၌ ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

ရွှမ်းဝူဂိုဏ်း မြင့်တက်လာပေတော့မည်။

ဤသည်က အချိန်အခိုက်အတန့်သာ လိုအပ်တော့သည်။

.....

"ကောင်းလိုက်တာ"

ပင်ကျင်းကုန်သည်အဖွဲ့အစည်း၏စည်းဝေးခန်းမအတွင်း၌ မူလက သုန်မှုန်နေသောမျက်နှာနှင့်ထိုင်နေသော မြောင်လင်းသည် သူ၏လက်အောက်ငယ်သားထံမှ သတင်းကိုရရှိသည်နှင့် ရုတ်တရက် သူ၏ပေါင်ကိုရိုက်ပုတ်ကာ မတ်တတ်ထရပ်လိုက်၏။

"အဖွဲ့ခေါင်းဆောင်...ဘယ်ကိစ္စက မင်းကို ဒီလောက်ထိ စိတ်လှုပ်ရှားသွားစေတာလဲ"

"အမှန်ပဲ...တကယ်လို့ စိတ်လှုပ်ရှားစရာကိစ္စတစ်ခုရှိနေရင်တောင် မင်းက ကုန်သည်အဖွဲ့ရဲ့ပြဿနာကို အရင်ဆုံးဖြေရှင်းသင့်တယ်"

"ဟုတ်တယ်...အဲ့ဒီစာအုပ်ကြောင့် ပေါင်ဖုန်းကုန်သည်အဖွဲ့မှာ သက်ရောက်မှုတွေ ပိုပိုပြီးတော့ကောင်းနေပြီ....တကယ်လို့ မင်း နည်းလမ်းတစ်ခုကို ခုထိမစဥ်းစားနေသေးဘူးဆိုရင်...မင်းရဲ့အဖွဲ့ခေါင်းဆောင်နေရာကို အစားထိုးဖို့ ငါတို့ဆွေးနွေးရလိမ့်မယ်"

ကုန်သည်အဖွဲ့အစည်းမှ အဆင့်မြင့်အဖွဲ့ဝင်များ၏အဓိကဦးစားပေးသောအရာသည် အမြတ်အစွန်းဖြစ်သဖြင့် ယခုချိန်၌ သူတို့သည် မြောင်လင်းကို အလွန်စိတ်မကျေမနပ်ဖြစ်နေကြလေရာ ဒေါသတကြီးပြောဆိုသံများက ပဲ့တင်ထပ်နေသည်။

"ဟမ့်...ငါ့ရဲ့နေရာမှာ အစားထိုးမှာလား...ဘယ့်သူလုပ်ရဲလဲဆိုတာ ငါ ကြည့်ချင်သေးတယ်...ရီဖုန်းလိုအသေးအမွှားတစ်ယောက်ကို ဘာမှစိုးရိမ်နေစရာမလိုတော့ဘူး"

စားပွဲထပ်ဆုံးတွင် ထိုင်နေသောမြောင်လင်းက သူ၏လက်အတွင်းရှိ စာရွက်ကို ပြင်းပြင်းထန်ထန်ဝှေ့ယမ်းကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။

"ကိစ္စတွေက ဒီအထိရောက်လာမှတော့ ငါ မင်းတို့ကောင်တွေကို ထပ်ပြီးဖုံးကွယ်မထားတော့ဘူး....ငါ့ရဲ့သမီးနဲ့ရီဖုန်းက စေ့စပ်ပြီးသွားပြီ...နောင်တစ်ချိန်ကျရင် သူက ငါ့ကိုတွေ့တာနဲ့ ယောက္ခမလို့ လေးလေးစားစား ခေါ်ရလိမ့်မယ်"

"ဘာ...."

"ဒါက အမှန်ပဲလား"

ထိုစကားကိုကြားချိန်တွင် ကုန်သည်အဖွဲ့၏ထိပ်သီးအကြီးအကဲများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

"ဟမ့်...ငါက ငါ့သမီးလက်ထပ်မယ့်ကိစ္စကို လိမ်ပြောနေရအုံးမှာလား"

မြောင်လင်းက နှာတစ်ချက်မှုတ်ကာ သူ၏မျက်လုံးအတွင်း၌ ဝမ်းသာပီတိအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

"ငါသိပြီ...ဒါက ကိစ္စကောင်းကြီးပဲ"

"ဟုတ်တယ်...ဟုတ်တယ်...အဖွဲ့ခေါင်းဆောင်...ငါတို့ ခုဏက မှားသွားပါတယ်...သူက မင်းရဲ့သားမက် ဖြစ်လာမယ်ဆိုမှတော့....ငါတို့ကုန်သည်အဖွဲ့အတွက် အကျိုးကျေးဇူးတွေအများကြီးရအောင် လုပ်ပေးနိုင်မှာ သေချာတယ်"

"ဒါက အမှန်ပဲ...အဖွဲ့ခေါင်းဆောင်...မင်းက တည်ငြိမ်ပြီးတော့ အမြင်ကျယ်တဲ့သူပဲ....ငါတို့ အချိန်အကြာကြီး စိုးရိမ်ပူပန်ရအောင် မင်း လုပ်မယ့်အစား....ဒီလိုသတင်းကောင်းမျိုးကို မင်း ငါတို့ကို စောစောပြောပြသင့်တယ်"

ထိုလူများထံမှ မြှောက်ပင့်ချီးမွမ်းစကားများကိုကြားချိန်တွင် မြောင်လင်းသည် သူ၏လက်ကိုနောက်ပစ်၍ မတ်တတ်ထရပ်ကာ မသိမသာခေါင်းမော့ထားပြီး ဝမ်းသာပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေတော့သည်။

ညစာစားပွဲဝိုင်း၌ ရီဖုန်းသည် မိန်းကလေးနှစ်ယောက်ကို စားသောက်ဆိုင်၏ထိပ်တန်းအဆင့် တည်းခိုခန်းအတွင်းသို့ ခေါ်ဆောင်သွားလေ၏။

"ဟူး...မိုက်လိုက်တာကွာ"

ရီဖုန်းကို အဆက်မပြတ်စောင့်ကြည့်နေသော ဝမ်ရွှမ်သည် လေအေးတစ်ချက်ရှိုက်သွင်းလိုက်ကာ သူ၏မျက်လုံးအတွင်း၌ မနာလိုအားကျမှုများဖြင့် ပြည့်နှက်နေသည်။

အခန်းအတွင်းသို့ ဝင်ရောက်ပြီးနောက် မိန်းကလေးနှစ်ယောက်သည် ကြုံရတော့မည့် သုံးယောက်ဖဲကစားနည်းကို တွေးတောကာ သူမတို့၏မျက်နှာများပေါ်တွင် ရှက်သွေးဖြာပြီး နီမြန်းနေသည်။ သူမတို့သည် အနည်းငယ် စိုးရွံသကဲ့သို့ဖြစ်နေကာ အနည်းငယ်လည်း မျှော်လင့်စောင့်စားနေမိသည်။

"စကြစို့"

စားပွဲရှေ့တွင်ထိုင်ပြီးနောက် ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။

"ဆရာရီ...ကျွန်မတို့ ကစားရမှာက....စားပွဲပေါ်မှာလား"

မြောင်ယွင်အာသည် သူမ၏နီမြန်းသောနုတ်ခမ်းနှစ်လွှာ အနည်းငယ်ပွင့်ဟသွားကာ မေးမြန်းလိုက်၏။ သူမက ရှက်ရွံမှုများပြည့်နှက်နေသော မျက်နှာရှိသည့်ယောင်လင်းအာကိုလည်း စောင်းငဲ့၍ ကြည့်လိုက်သည်။

စားပွဲပေါ်မှာ ကစားခြင်း......

သို့ရာတွင် ရီဖုန်း အမိန့်ပေးထားသဖြင့် သူမတို့သည် မငြင်းဆန်ဝံ့ချေ။ သူမတို့သည် စားပွဲထံသို့ ဖြည်းညှင်းစွာချဥ်းကပ်သွားပြီး တစတစပို၍ရှက်ရွံလာကာ သူမတို့၏လည်ပင်းများပင် ပူနွေးလာသည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ယောင်လင်းအာအတွက်ဖြစ်စေ မြောင်ယွင်အာအတွက်ဖြစ်စေ ပထမဆုံးအကြိမ် ဖဲကစားခြင်းဖြစ်လေရာ စားပွဲပေါ်တွင် လူသုံးယောက်ဖြစ်သဖြင့် ဆိုဖွယ်ရာပင် မရှိတော့ချေ။

ထိုအကြောင်းကို တွေးတောမိချိန်၌ သူမတို့အား ရှက်ရွံမှုကို ခံစားရစေသည်။

"စလိုက်ကြစို့"

နောက်ဆုံး၌ ရီဖုန်းသည် သူ၏အင်္ကျီလက်မောင်းကြားမှ ဖဲထုပ်ကိုထုပ်ယူကာ စားပွဲပေါ်သို့ ရိုက်ချလိုက်၏။

Chapter 74

"ဆရာရီ...ဒါက ဘာလဲ"

မိန်းကလေးနှစ်ယောက်က ဝေခွဲရခက်နေသောအကြည့်မျိုးဖြင့် ရီဖုန်းကို ကြည့်လိုက်ကြသည်။

"ဖဲကစားဖို့လေ..."

"ဒါက...ဖဲကစားတာလား"

"တခြား ဘာဖြစ်နိုင်လို့လဲ"

မိန်းကလေးနှစ်ယောက်၏ နူးညံသေးသွယ်သောခန္ဓာကိုယ်များ တုန်ရီသွားသည်။

သူမတို့သည် နေရာမှာပင် ကြက်သေသေသွားကာ သူမတို့၏မျက်နှာပေါ်၌ မယုံကြည်နိုင်သော အမူအယာမျိုး ထင်ဟပ်လာသည်။

အသိဝင်လာကြပြီးနောက် သူမတို့သည် အလွန်ရှက်ရွံသွားသဖြင့် သူမတို့ကိုယ်သူမတို့ မနည်းပြန်ထိန်းချုပ်လိုက်ပြီး သူမတို့၏နုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ ယခုချိန်မှသာ သူမတို့သည် 'ဖဲကစားခြင်း'ဟူသော အဓိပ္ပါယ်ကို လုံးလုံးလျားလျား နားလည်မှုလွဲမှားခဲ့ကြောင်း သိနားလည်သွားတော့သည်။

"ငါတို့ အခု ဘာလုပ်သင့်လဲ"

မြောင်ယွင်အာက ယောင်လင်းအာကို မျက်စပစ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ယခုလက်ရှိချိန်၌ သူမတို့သည် ကောင်းအတူဆိုးအတူပင်။

"ဒါဆိုရင်လည်း....ဆရာရီက ဖဲကစားတာကို အရင်ဆုံး ရှင်းပြပါအုံး"

ယောင်လင်းအာသည် သူမ၏စိတ်နှလုံးသားအတွင်း၌ အလွန်ရှုပ်ထွေးနေသဖြင့် သူမ စကားပြောဆိုနေစဥ်တွင် အံ့ကြိတ်ထားသည်။ ယခုချိန်တွင် သူမတို့သည် အခန်းအတွင်း၌ သုံးယောက်အတူရှိနေသဖြင့် တခြားကိစ္စအတွက် နောက်ထပ်အခွင့်အရေးကို ရှာဖွေရပေမည်။ သူမတို့ထံတွင် အခွင့်အရေးတစ်ခု ရှိလာမည်မှာ သေချာပေ၏။

ရီဖုန်းသည် ဖဲကစားခြင်း၏စည်းကမ်းချက်များကို မိန်းကလေးနှစ်ယောက်အား အလျှင်အမြန် သင်ပေးလိုက်သည်။

"ဘာပြဿနာမှ မရှိလောက်ပါဘူး..ဟုတ်တယ်မလား"

ရီဖုန်းက မေးမြန်းသည်။

"မရှိဘူး...ဘာပြဿနာမှ မရှိပါဘူး"

မိန်းကလေးနှစ်ယောက်သည် အလွန်အမင်း စိတ်ရှုပ်ထွေးနေသော်လည်း သူမတို့က ခေါင်းညိတ်ပြရုံသာ တက်နိုင်တော့သည်။

"ဒါပေမယ့် ဘာအလောင်းအစားမှမရှိဘဲ ဖဲကစားရတာက ပျင်းဖို့ကောင်းတယ်"

ရီဖုန်းက သူ၏မေးစေ့ကိုပွတ်သပ်ကာ ပြောဆိုသည်။

"ဒီလိုဆိုရင်ရော...ငါတို့က လောင်းကြေးအနေနဲ့ ပစ္စည်းတစ်ခုစီ ထည့်ကြရအောင်....ကစားပွဲပြီးရင် အမှတ်အမြင့်ဆုံးရတဲ့သူက ဒီပစ္စည်းတွေအကုန်လုံးကို ယူနိုင်တယ်"

"တကယ်တော့ လောင်းကြေးနည်းနည်းလေးက အပျော်သဘောဆိုပေမယ့် များသွားရင်တော့ နာကျင်ရတယ်...ဒါကြောင့် ပစ္စည်းတွေကို တူညီတဲ့တန်ဖိုးအတိုင်းပဲ လောင်းပြီးတော့ အရမ်း တန်ဖိုးကြီးတာတွေ မဖြစ်ရဘူး...ငါက ငါ့ရဲ့အကြိုက်ဆုံး ပစ္စည်းတစ်ခုဖြစ်တဲ့ ဒီဓားမြှောင်နဲ့လောင်းကြေးထပ်မယ်"

ရီဖုန်းသည် ဓားမြှောင်တစ်လက်ကို စားပွဲပေါ်သို့ တင်လိုက်စဥ်တွင် ယောင်လင်းအာ၏မျက်လုံးများ ကျွတ်ထွက်လုမတတ်ပင်။

ဒါက....

'တူညီသောတန်ဖိုး' ဖြစ်သော်လည်း 'တန်ဖိုးကြီးခြင်းမရှိရ'ဟူသောစကားမှာ သူ၏အတွေးအရသာဖြစ်နိုင်သည်။

ယောင်လင်းအာက ပင့်သက်ရှိုက်လိုက်၏။ သူမသည် ဤဓားမြှောင်၏အဆင့်ကို အတိအကျမသိသော်လည်း အနိမ့်ဆုံးအနေဖြင့် သူတော်စင့်အဆင့်လက်နက်တစ်ခုဖြစ်ကြောင်း သူမ သိရှိထားသည်။

ဤသည်မှာ ချက်ချင်းဆိုသလိုပင် လိုချင်တပ်မက်မှုကြောင့် သူမကို သွားရည်ကျစေသည်။

သို့ရာတွင် တန်ပြန်လောင်းကြေးထပ်ရန် သူမတွင် ဤအဆင့်နှင့်နီးစပ်သည့် ပစ္စည်းတစ်ခုတစ်လေမျှ မရှိသည်ကို တွေးတောမိချိန်တွင် သူမ အကြပ်ရိုက်သွားသည်။

အချိန်အတော်ကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူမသည် ရွှမ်းဝူဘိုးဘေးမှနေ၍ သူမကိုလက်ဆောင်ပေးထားသည့် ဓားအမွှာကို သူမ၏သိုလှောင်အိတ်အတွင်းမှ ထုတ်ယူလိုက်၏။ ဤသည်မှာ မိုးကောင်းကင်တုန်ဟီးကျောက်တုံးနှင့် အဆင့်တူသော ရတနာတစ်ခုပင်။

အမှန်အားဖြင့် ဤဓားအမွှာသည် သူမ ယခုလက်ရှိပိုင်ဆိုင်ထားသည့် အရာများအနက်မှ အဖိုးတန်ဆုံးပစ္စည်းဖြစ်သည့်အပြင် ယခုလက်ရှိတွင် ရွှမ်းဝူဂိုဏ်းတစ်ဂိုဏ်းလုံး၌ အဖိုးတန်ဆုံးပစ္စည်းလည်းဖြစ်သည်။

"ဆရာရီ...ကျွန်မ ဒါနဲ့လောင်းလို့ရမလား"

ယောင်လင်းအာက ရီဖုန်းသည် သူမ၏ဓားအမွှာအပေါ် အထင်သေးပြီး ငြင်းဆန်မည်ကို စိုးရိမ်သဖြင့် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။

"ဒါလည်း ရပါတယ်"

ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။ မည်သို့ပင်ဆိုစေကာမူ ဤဓားအမြွှာကို ပြုလုပ်ထားသည်မှာ အလွန်လက်ရာမြောက်ပြီး သူ၏လိုလားချက်ဖြစ်သည့် တန်ဖိုးတူပြီး အလွန်တန်ကြေးကြီးခြင်းမရှိရဟူသောအချက်နှင့်လည်း ကိုက်ညီနေသည်။

ရီဖုန်း၏သဘောတူညီမှုကြောင့် ယောင်လင်းအာသည် စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

အနိမ့်ဆုံး သူတော်စင်အဆင့်ဖြစ်သည့် ရီဖုန်း၏ဓားမြှောင်ကို ရရှိရန် သူမ၏ဓားအမြွှာနှင့် လောင်းကြေးထပ်နိုင်ခဲ့သည်ကို တွေးတောရင်း သူမသည် စိတ်လှုပ်ရှားလာသဖြင့် သူမ၏သွေးများဆူပွက်လာသည်။

ထိုအချိန်မှာပင် မြောင်ယွင်အာသည် ရီဖုန်း၏ဓားမြှောင်နှင့် ယောင်လင်းအာ၏ဓားအမြွှာတို့ကိုကြည့်ကာ အခက်တွေ့နေသကဲ့သို့ ခံစားမိသည်။

ကုန်သည်အဖွဲ့၏ပုလဲရတနာဖြစ်သော သူမ၏အမြင်သည် ငယ်ရွယ်စဥ်ကတည်းက သာမာန်လူများထက် များစွာပို၍ကောင်းမွန်သည်။

သူမသည် ပစ္စည်းတစ်ခုကို သာမာန်ဟုတ်မဟုတ် ပြောဆိုနိုင်သောကြောင့် သူမသည်လည်း ထိုအရာများထက် နိမ့်ကျသောပစ္စည်းကို လောင်းကြေးထပ်၍မရချေ။ သို့ရာတွင် ထိုပစ္စည်းများနှင့် နှိုင်းယှဥ်နိုင်သောအဆင့်တွင်ရှိသော သူမထံရှိနေသည့် တစ်ခုတည်းသောအရာမှာ.....

သူမက အံ့ကြိတ်၍ သူမ၏အင်္ကျီလက်အတွင်းမှ ကြေးနီအပိုင်းအစတစ်ခုကို ထုတ်ယူကာ စားပွဲပေါ်၌တင်ပြီး နူးညံသိမ်မွေ့စွာ မေးမြန်းလိုက်၏။

"ကျွန်မ ဒါနဲ့ လောင်းကြေးထပ်လို့ရမလား"

ရီဖုန်းက ထိုအရာကိုတစ်ချက်ကြည့်ပြီး မည်သည့်ပြဿနာမျှမရှိသဖြင့် ခေါင်းညိတ်ပြလိုက်သည်။

သို့ရာတွင် ယောင်လင်းအာ၏မျက်လုံးအတွင်း၌ အံ့အားသင့်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားကာ သူမက ထူးဆန်းသောအကြည့်မျိုးဖြင့် မြောင်ယွင်အာကို ကြည့်လေသည်။ ဤကြေးနီအပိုင်းအစသည် လျှို့ဝှက်နယ်မြေတစ်ခု၏သော့တစ်ချောင်း ဖြစ်ပုံရသည်။ မြောင်ယွင်အာသည် ဤကဲ့သို့ပစ္စည်းတစ်ခုကို ထုတ်ပေးနိုင်မည်ဟု သူမ မျှော်လင့်မထားမိချေ။

သို့ရာတွင် သူမ ထပ်လောင်း၍တွေးကြည့်ချိန်၌ ကုန်သည်အဖွဲ့အစည်းကြီးတစ်ခုထံတွင် ဤကဲ့သို့ရတနာကောင်းတချို့ ရှိနေသည်မှာ အဓိပ္ပါယ်ရှိသောကိစ္စပင်။ အကြောင်းအရင်းမှာ ကျင့်ကြံသူများသည် ရတနာများကိုရှာဖွေရန်အတွက် သေမျိုးကုန်သည်အဖွဲ့များထံသို့ မကြာခဏသွားရောက်လေ့ရှိသောကြောင့်ဖြစ်သည်။

ဤသည်က ပို၍ကောင်းမွန်သောကိစ္စပင်။ အကယ်၍ သူမသာ အနိုင်ရပါက သူတော်စင်အဆင့်ထက် နိမ့်ကျခြင်းမရှိသော ဓားမြှောင်ကိုသာမက လျှို့ဝှက်နယ်မြေတစ်ခု၏သော့ကိုလည်း ရရှိနိုင်ပေမည်။ အကယ်၍ ယနေ့ညတွင် သူမ၏မူလရည်ရွယ်ချက် အောင်မြင်ခြင်းမရှိလျှင်ပင် အလဟဿဖြစ်သွားမည့် ညတစ်ညဖြစ်မည်မဟုတ်တော့ချေ။

ယောင်လင်းအာသည် သူမ၏အနီရောင်နုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်၏။

မြောင်ယွင်အာ၏စိတ်အတွင်း၌လည်း အစီအစဥ်များ ရှိနေသည်။

သူမသည် ရီဖုန်း၏ဓားမြှောင် သာမာန်မဟုတ်ဟု ပြောနိုင်သော်လည်း တန်ဖိုးအတိအကျကို မသိရှိချေ။ သို့ရာတွင် အနည်းဆုံးအနေဖြင့် ယောင်လင်းအာ၏ဓားအမြွှာသည် ပစ္စည်းကောင်းများပင်။

သူမ၏ကြေးနီအပိုင်းအစသည် အလွန်အမင်းတန်ဖိုးရှိသည်ကို သိရှိသော်လည်း ထိုအရာ၏အသုံးပြုပုံအတိအကျကို သူမ မသိရှိချေ။ ဤအရာကို လောင်းကြေးအဖြစ်အသုံးပြုကာ ဓားမြှောင်နှင့်ဓားအမြွှာကို အနိုင်ရရှိပါက ကုန်သည်အဖွဲ့အတွက် ကြီးမားသောအမြတ်အစွန်းကို ယူဆောင်ပေးနိုင်ပေမည်။

သူမ၏ဖခင် ပေးအပ်သောတာဝန် မပြီးမြောက်သေးမီ မျှော်မှန်းမထားသော အကျိုးအမြတ်တစ်ခု ရရှိပါကလည်း မဆိုးလှချေ။

Chapter 75

"ဖဲပစ်မယ်"

"မျိုးတူ နှစ်စုံ..."

"နှစ်လေးလုံး..."

"လိုင်းတူသုံးချပ်"

"ဒေါင်းပြီ.."

"ဟား...ဟား...."

ရီဖုန်းသည် သူ၏လက်အတွင်းရှိဖဲချပ်များကို စားပွဲပေါ်သို့ ဗြန်းခနဲချကာ ဝမ်းမြောက်ပျော်ရွှင်စွာ ပြုံးလိုက်၏။ ယနေ့ညတွင် အကျော့မည်မျှထိများများ ကစားခဲ့သည်ကို သူ မသိတော့ချေ။ ထို့ပြင် ဤကောင်မစုတ်လေးနှစ်ယောက်အား သူ အလှည့်မည်မျှထိ အနိုင်ယူခဲ့ပြီးသည်ကိုလည်း မသိတော့ပေ။

ရီဖုန်း နောက်တစ်ကြိမ် ထပ်မံ၍အနိုင်ရသွားသည်ကိုကြည့်ပြီး မိန်းကလေးနှစ်ယောက်၏မျက်နှာပေါ်ရှိ ရှက်ရွံနေသောအမူအယာများ ပို၍ကြီးထွားလာသည်။

အကယ်၍ ဤအတိုင်းသာဆက်သွားပါက သူသည် သူမတို့ကို အနိုင်ယူသွားနိုင်ရုံသာမက သူမတို့၏ရတနာပစ္စည်းများကိုလည်း ဆုံးရှုံးသွားနိုင်သည်။ ဤသည်မှာ အကြွင်းမဲ့ ဆိုးရွားသောကိစ္စပင်။

ထို့ထက်ပို၍ ဆိုးရွားသောကိစ္စမှာ ပြင်ပတွင် လင်းကြက်တွန်နေပြီဖြစ်သဖြင့် မကြာမီ အာရုဏ်တက်ချိန်ရောက်တော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။

ဤှအချိန်အခိုက်အတန့်တွင် မိန်းကလေးနှစ်ယောက်၏မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ပို၍ပြင်းထန်လာပေ၏။ ထိုအချိန်မှာပင် ရီဖုန်းက မတ်တတ်ထရပ်၍ အကြောဆန့်ကာ ပြောဆိုလိုက်သည်။

"ငါ သန့်စင်ခန်း ခဏသွားဦးမယ်...ငါ ပြန်လာမှ ဆက်ဆော့ကြတာပေါ့"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းက အခန်းအတွင်းမှ ထွက်သွားသည်။

ရီဖုန်း ထွက်ခွာသွားပြီးနောက် မြောင်ယွင်အာသည် သူမ၏နုတ်ခမ်းကို ခပ်ဖွဖွကိုက်ကာ နူးညံသိမ်မွေ့စွာဖြင့် ယောင်လင်းအာကို မေးမြန်းသည်။

"ငါတို့ ဘာလုပ်ကြမလဲ"

ယောင်လင်းအာက မျက်မှောင်ကြုတ်၍ လေးလေးနက်နက် စဥ်းစားတွေးတောလိုက်၏။

ထို့နောက် သူမ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ သူမက အနီရောင်ကြွေပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

မြောင်ယွင်အာသည်လည်း တုန်ရီစွာဖြင့် အဖြူရောင်ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလေသည်။

သူမတို့နှစ်ယောက်ထံတွင် တူညီသောပြင်ဆင်မှုမျိုး ရှိနေမည်ဟု မျှော်လင့်မထားမိသဖြင့် သူမတို့က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။ သူမတို့၏စိတ်နှလုံးသားများအတွင်း၌ ဖော်ပြရန်ခက်ခဲသော စိတ်ရှုပ်ထွေးသည့် ခံစားချက်မျိုးနှင့် ပြည့်နှက်နေသည်။

"ဒါဆို...ငါတို့ နင့်ဟာကိုသုံးမလား ငါ့ဟာကိုသုံးမလား"

မြောင်ယွင်အာက သူမ၏နုတ်ခမ်းကိုကိုက်ကာ နောက်ဆုံး၌ မေးမြန်းလိုက်သည်။

"နှစ်ခုလုံးကို သုံးကြစို့"

အချိန်အနည်းငယ်ခန့် စဥ်းစားတွေးတောပြီးနောက် ယောင်လင်းအာက ပြောဆိုသည်။ သူမ၏မိုးကောင်းကင်နံ့သာမှုန့်ကို သာမာန်ကျင့်ကြံသူများ ခံနိုင်ရည်ရှိမည်မဟုတ်သော်လည်း ရီဖုန်းသည် သာမာန်ကျင့်ကြံသူတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် စိတ်ချရစေရန်.....

သူမက အံ့တင်းတင်း ကြိတ်လိုက်၏။

သူမက အနီးရှိ ရေခရားတစ်လုံးကိုယူဆောင်ကာ ပုလင်းနှစ်လုံးအတွင်းရှိ အရာများအားလုံးကို လောင်းထည့်လိုက်သည်။

"ငါ ပြန်လာပြီ"

သူမ ဆေးများအား ထည့်ပြီးသောအချိန်မှာပင် ရီဖုန်းက သူ၏နေရာတွင် ပြန်ဝင်ထိုင်လေသည်။ စားပွဲပေါ်ရှိ ဖဲချပ်များကိုကြည့်ပြီး သူက ပြောဆိုလိုက်၏။

"အာရုဏ်တက်တော့မယ်...ငါလည်း ပင်ပန်းနေပြီ...ငါတို့ ဝိုင်းသိမ်းကြမလား"

သူသည် စကားပြောဆိုနေရင်း မြောင်ယွင်အာ၏ကြေးနီအပိုင်းအစနှင့် ယောင်လင်းအာ၏ဓားအမြွှာကို ကောက်ယူလေသည်။

"ငါ ဒီပစ္စည်းတွေကို အမှတ်တရအနေနဲ့ယူသွားမယ်...အဆင်ပြေလား"

ထိုမြင်ကွင်းကိုကြည့်ပြီး မိန်းကလေးနှစ်ယောက်၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။ သူမတို့၏လက်များကို အလျှင်အမြန်ဆန့်တန်းကာ ထိုပစ္စည်းများကို ပြန်ဆွဲယူလိုက်သည်။

"မင်းတို့က ဂုဏ်သိက္ခာရှိရှိ လောင်းထားကြတာလေ...ဘာလဲ...မင်းတို့ နောင်တရနေကြပြီလား"

ရီဖုန်းက ရယ်စရာအနေဖြင့် ပြောလိုက်၏။

သို့ရာတွင် ရီဖုန်း၏ရယ်စရာစကားလုံးများသည် မိန်းကလေးနှစ်ယောက်ကို မေးခွန်းထုတ်ကာ လှောင်ပြောင်သရော်နေသည်နှင့် တူညီနေသည်။ သူမတို့၏လက်များကို တပြိုင်နက်တည်း ရုတ်သိမ်းလိုက်ကြကာ ဖျစ်ညှစ်ပြုံး၍ သူမတို့က အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်သည်။

"မဟုတ်ပါဘူး...တကယ်လို့ ကျွန်မတို့ ရှုံးသွားရင်တောင်....လောင်းကြေးတွေကို ဂုဏ်သိက္ခာရှိရှိနဲ့ ပေးရမှာပဲလေ"

"ဒါက အမှန်ပဲ...ဒီအပေါစားရတနာလေးတွေကတော့...နောက်တစ်ကြိမ်ကျရင် မင်းတို့ အနိုင်ရအောင်လုပ်ပြီး ပြန်ယူကြလေ"

ရီဖုန်းက အပြုံးဖြင့် ထိုပစ္စည်းနှစ်ခုကို သိမ်းဆည်းလေသည်။

သူသည် အမှန်အားဖြင့် ထိုပစ္စည်းများကို များစွာဂရုစိုက်ခြင်းမရှိချေ။ သို့ရာတွင် လောင်းကစားလုပ်ခြင်းတွင် အနိုင်ရသောပစ္စည်းများဖြစ်သဖြင့် သူသည် စည်းကမ်းချက်များကို မချိုးဖောက်နိုင်ချေ။ ထိုသို့မဟုတ်ပါက နောင်အနာဂတ်တွင် ဖဲကစားချိန်၌ အဓိပ္ပါယ်ရှိတော့မည်မဟုတ်ချေ။

"ဆရာရီပြောတာ အမှန်ပဲ"

မိန်းကလေးနှစ်ယောက်သည် ခေါင်းညိတ်ပြသော်လည်း သူမတို့မျက်နှာများပေါ်ရှိ အပြုံးများသည် ငိုသည်ထက်ပင်ပို၍ သောကများနေပုံရသည်။

သူမတို့၏နှလုံးသားအတွင်း၌ သွေးစိမ်းရှင်ရှင် ယိုစီးနေသည့်အလားပင်။

သို့ရာတွင် ကံကောင်းထောက်မစွာဖြင့် သူမတို့ထံတွင် နောက်ဆုံးမှီခိုအားထားစရာ ကျန်ရှိနေသေးပေ၏။

အဆုံးသတ်၌ သူမတို့ အောင်မြင်သရွေ့ သူမတို့၏နုတ်ခမ်းများစူကာ ချစ်စဖွယ်လုပ်ပြရုံဖြင့် သူမတို့၏ပစ္စည်းများကို ပြန်ယူနိုင်မည့်အပြင် ထို့ထက်ပိုကောင်းသောပစ္စည်းများကိုပင် ရရှိနိုင်ပေမည်။

ဤအတွေးမျိုး စိတ်အတွင်း၌ရှိနေသောကြောင့် မိန်းကလေးနှစ်ယောက်သည် အကြည့်ချင်းဖလှယ်ကာ ရီဖုန်းကိုကြည့်၍ ပြောဆိုသည်။

"ဆရာရီ....ရှင် တညလုံး ဖဲကစားနေပြီးတော့ ရေလည်းအများကြီးမသောက်ဘူး...အရင်ဆုံး ရေနည်းနည်းလောက်သောက်ပြီးတော့ အနားယူလိုက်ပါအုံး"

ထိုစကားကိုပြောဆိုပြီးနောက် မိန်းကလေးနှစ်ယောက်သည် ရီဖုန်းအတွက် ရေတစ်ခွက်ငှဲ့ပေးလိုက်ကြသည်။

"အရမ်းကြီး ယဥ်ကျေးနေစရာမလိုပါဘူး...မင်းတို့လည်း ရေသောက်ကြလေ"

ရီဖုန်းက ရယ်မောကာ ရေခရားကိုယူ၍ မိန်းကလေးတစ်ယောက်စီအတွက် ရေတစ်ခွက်စီငှဲ့ပေးလိုက်၏။

"မင်းတို့လည်း သောက်ကြလေ"

ထိုအခြင်းအရာကိုကြည့်ပြီး မိန်းကလေးနှစ်ယောက်၏ စိတ်နှလုံးသားများ ပြင်းပြင်းထန်ထန် တုန်ရီသွားကာ သူမတို့၏မျက်နှာများ ဖြူရော်သွားသည်။

"ဒါက ရေလေးသောက်ရုံပဲကို...မင်းတို့က ဘာလို့ ဒီလောက်ထိ စိတ်လှုပ်ရှားနေကြတာလဲ"

ရီဖုန်းက ဝေခွဲရခက်စွာဖြင့် မေးမြန်းလိုက်သည်။

"ဘာမှ...ဘာမှမဖြစ်ပါဘူး"

မိန်းကလေးနှစ်ယောက်သည် ရီဖုန်း တစ်စုံတစ်ခုအား ရိပ်မိသွားမည်ကို စိုးရိမ်သဖြင့် တပြိုင်နက်တည်း ရှင်းပြလိုက်ကြသည်။ အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် သူမတို့သည် ဆုံးဖြတ်ချက်တစ်ခုချကာ ရေခွက်များကို မြှောက်လိုက်၏။

ဤအရာကိုသောက်ပြီးနောက် သူမတို့၏အပြုအမူများသည် ဤလူကြီးမင်းအတွက် ပို၍ပင်စိတ်ကျေနပ်ဖွယ် ကောင်းနေပေလိမ့်မည်။

ထိုအကြောင်းကို တွေးတောမိချိန်တွင် သူမတို့နှစ်ယောက်ထံတွင် စိတ်ပိုင်းဆိုင်ရာဖိအားမျိုး မရှိတော့ချေ။ ထို့နောက် သူမတို့သည် ရီဖုန်းနှင့်အတူတူ ရေသောက်လိုက်ကြကာ စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်ကြသည်။

သူမတို့အစီအစဥ်အောင်မြင်ရန် လမ်းတစ်ဝက်သို့ ရောက်ရှိနေလေပြီ။

သူမတို့သည် အချိန်အနည်းငယ်ကြာအောင် ဆွဲထားရုံသာ လိုအပ်တော့သည်။ ဆေးစွမ်းအားများ ပြလာသည်နှင့် သူမတို့၏ကိစ္စကြီး ပြီးမြောက်အောင်မြင်သွားပေမည်။

ယောင်လင်းအာနှင့်မြောင်ယွင်အာတို့သည် ရီဖုန်းနှင့် ရောက်တက်ရာရာ စကားစမြည်ပြောဆိုလိုက်ကြ၏။ သူမတို့သည် မသိလိုက်မသိဘာသာဖြင့် ဆေးစွမ်းအားသက်ရောက်လာမှုကို တဖြည်းဖြည်းခံစားရကာ သူမတို့၏ခန္ဓာကိုယ်များ တစတစပူလာသည်။

ထို့နောက် ရီဖုန်းကို ကြည့်ရသည်မှာ.....

"ဟူး...ဘာလို့ ရုတ်တရက်ကြီး အရမ်းပူလာတာလဲ"

ရီဖုန်းသည် သူ၏လက်ဖြင့် သူ့ကိုယ်သူ ယပ်ခတ်လိုက်ကာ အနည်းငယ် ဝေခွဲရခက်နေသကဲ့သို့ ခံစားမိသည်။

မျှော်လင့်ထားသကဲ့သို့ပင်....

မိန်းကလေးနှစ်ယောက်သည် နောက်ဆုံးတစ်ဆင့်သာ ကျန်ရှိတော့သဖြင့် ဝမ်းသာပျော်ရွှင်သွားသည်။

သို့ရာတွင်....

ရီဖုန်းသည် ရုတ်တရက် သူ၏ဗိုက်ကိုဆုပ်ကိုင်၍ မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်၏။

"ငါ့ရဲ့ဗိုက်က ဘာလို့ ထပ်ပြီးတော့ မသက်မသာခံစားနေရတယ် မသိဘူး...ကျေးဇူးပြုပြီးတော့ ခဏစောင့်ကြအုံး...ငါ သန့်စင်ခန်းကို ထပ်ပြီးအသုံးပြုဖို့လိုတယ်"

ထိုစကားကိုကြားချိန်တွင် မိန်းကလေးနှစ်ယောက်၏မျက်နှာများပေါ်၌ ထိတ်လန့်ကြောက်ရွံမှုအမူအယာမျိုး ထင်ဟပ်လာသော်လည်း ရီဖုန်းသည် အခန်း၏ပြင်ပသို့ ထွက်သွားလေပြီ။

All Chapters