ရီဖုန်းသည် ကျင့်ကြံခြင်းလောကအတွင်းသို့ ကူးပြောင်းလာခဲ့သည်။ သို့ရာတွင် ကံဆိုးစွာဖြင့် ထာဝရအသက်ကိုကျင့်ကြံရန် မျှော်လင့်ချက်မရှိဘဲ သာမာန်သေမျိုးဘဝဖြင့်သာ နေထိုင်နိုင်သည်။ သူသည် ငြိမ်းချမ်းသောဘဝဖြင့် နေထိုင်နိုင်ရန်ကိုသာ ဆုတောင်းနေရလေ၏။ အမှန်အားဖြင့် သူ မသိရှိသည်မှာ... သူ မွေးမြူထားသောခွေးသည် သူ ကျွေးသော အစားအစာများကို စားပြီးနောက် ဒဏ္ဍာရီလာနတ်ဆိုးဘုရင် ဖြစ်သွားခဲ့သည်။ သူ သာမာန်ကာလျှံကာ သွန်းလုပ်ထားသော မီးဖိုချောင်သုံးဓားတစ်လက်သည် ပြိုင်ဘက်ကင်းနတ်ဘုရားလက်နက်တစ်ခုဖြစ်နေကာ ထိုအရာကိုရရှိရန်အတွက် မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများ တိုက်ခိုက်ခဲ့ကြသည်။ သူ ခေါ်ယူလိုက်သော လူငယ်တပည့်တစ်ယောက်သည် အင်မော်တယ်အရှင်သခင်တစ်ယောက်ဖြစ်လာကာ ရီဖုန်း သူ့ကိုသင်ကြားပေးခဲ့သော နည်းစနစ်များကြောင့် ခေတ်တစ်ခေတ်ကိုပင် ဦးဆောင်နိုင်ခဲ့လေ၏။ သူ ငုံကြည့်ခဲ့မိသော အရိုးစုများပင်လျှင် မရေမတွက်နိုင်သော ကမ္ဘာလောကများကို ဖိနှိပ်နိုင်သည့် ဆိုးသွမ်းသောနတ်ဆိုးဘုရင်များ ဖြစ်လာသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူ၏လက်သီးတစ်ချက် ထိုးနှက်လိုက်ရုံဖြင့် လေဟာနယ် ကြေမွပျက်စီးသွားသည်ကိုကြည့်ပြီး ရီဖုန်းက ညည်းတွားလိုက်သည်မှာ 'ခုကြည့်ကြည့်တော့မှ ငါက ဒီကာလတလျှောက်လုံး ပြိုင်ဘက်ကင်းသိုင်းနတ်ဘုရား ဖြစ်နေခဲ့တာပဲ'

