← Chapters

အခန်း (၇၅၆-၇၆၀)

Vol. 51 Ch. 756-760

အခန်း (၇၅၆-၇၆၀)

Vol. 51 Ch. 756-760

Chapter 756

ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းတို့နှစ်ယောက်သည် ခြံဝန်းအတွင်း၌ စကားပြောဆိုနေဆဲပင်။

စုပိုင်၏စကားများကိုကြားချိန်၌ ရီဖုန်းက ခေါင်းညိတ်ပြကာ ပြောဆိုသည်။

"လူတိုင်းမှာ ကံကြမ္မာဆိုတာရှိတယ်...ငါ ဒါကို နားလည်သဘောပေါက်နိုင်တယ်...အခုအချိန်မှာ နိမ့်ကျတဲ့လူဖြစ်နေပေမယ့် နောက်တစ်ချိန်မှာ အရှင်သခင်တစ်ယောက် ဖြစ်သွားနိုင်တယ်...နိမ့်ကျတယ်ဆိုပြီး အနိုင်ကျင့်လို့မရဘူး"

"ဒါဆိုရင် ငါ အဲဒီနေရာကိုသွားဖို့ကို သခင်လေးက သဘောတူတာလား"

စုပိုင်က ပျော်ရွှင်စွာပြောဆိုသည်။

"မင်း သွားလို့ရတယ်...ဒါပေမဲ့...."

ရီဖုန်းက အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်နေသော အမူအယာဖြင့် ပြောဆိုသည်။

"ဒါပေမဲ့ ငါက မင်းကို ကျင့်ကြံဆင့်အခြေခံ နည်းနည်းပဲပေးထားခဲ့တာ...မင်း အဲ့ဒီနေရာကိုရောက်သွားတဲ့အချိန်ကျရင် အဆင်ပြေမပြေဆိုတာ ငါ မသိဘူး"

"သခင်လေး...ငါ သေချာပေါက် အဆင်ပြေမှာပါ"

စုပိုင်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလေသည်။

သခင်လေး၏ကျင့်ကြံဆင့်အခြေခံ မည်မျှထိမြင့်မားသည်ကို သူ မသိရှိချေ။သို့ရာတွင် သခင်လေး သူ့အား ပေးအပ်ထားသည့် ကျင့်ကြံဆင့်အခြေခံကပင် သူ့ကို အရှင်သခင်တစ်ယောက်ဟု ယူဆနိုင်သည်။

သခင်လေးသည် အရှင်သခင်ဟူသည့် စကားအပေါ် နားလည်မှုတချို့လွဲမှားနေမည်ကို သူ စိုးရိမ်မိသည်။

သို့ရာတွင် သူ ဒုတိယအကြိမ် ပြန်လည်၍ တွေးတောမိချိန်၌...

သူ၏ကျင့်ကြံဆင့်သည် သိုင်းပညာနယ်မြေတစ်ခုလုံး၌ ဒုတိယတစ်ယောက် မရှိနိုင်သည်အထိမြင့်မားနေသော်လည်း သခင်လေး၏စိတ်အတွင်းတွင်မူ ရေတပေါက်ပမာသာ ဖြစ်နေမည်ကို သူ စိုးရိမ်မိသည်။

ရီဖုန်းက သက်ပြင်းတစ်ချက်ရှိုက်ကာပြောဆိုသည်။

"ငါ မင်းကို အသေးစားလက်နက်တစ်ခု ပေးလိုက်မယ်...မင်းက နေ့တိုင်း ငါ့အတွက် ဟင်းစားရှာပေးနေတာကြောင့် ငါ မင်းကို ပေးသင့်တယ်"

ထိုသို့ပြောဆိုပြီးနောက် သူသည် ဓားရှည်တစ်လက်ကိုထုတ်ယူကာ စုပိုင်ထံသို့ ပစ်ပေးလိုက်၏။

စုပိုင်သည် ထိုဓားရှည်ကိုယူဆောင်လိုက်သောအချိန်၌ ထိတ်လန့်တုန်လှုပ်သွားသည်။

သခင်လေးသည် ထိပ်တန်းအဆင့် အင်မော်တယ်မှော်လက်နက်တစ်ခုကို အသေးစားလက်နက်ဟု ခေါ်သလော....

အကယ်၍ ဤဓားရှည်ကိုသာ ပြင်ပသို့ယူဆောင်သွားပါက သိုင်းပညာနယ်မြေတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားမည်ကို သူ စိုးရိမ်မိသည်။

"သခင်လေး....ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်"

ထိုထိပ်တန်းအဆင့်အင်မော်တယ်ဓားကို ကိုင်ထားသော စုပိုင်၏လက်များ တုန်ရီနေသည်။

"ဒါက အဖိုးတန်တာလား"

ရီဖုန်းသည် စိတ်မကြည်မသာဖြင့် မျက်မှောင်ကြုတ်ကာ အထင်အမြင်သေးစွာဖြင့် ပြောဆိုသည်။

"အဲ့ဒီအမှိုက်ကို ငါ အရင်က လွှင့်ပစ်ဖို့ ရည်ရွယ်ထားခဲ့တာ...ဘယ်လိုပဲဖြစ်ဖြစ် မင်းက မင်းရဲ့ရည်းစားဟောင်းကို လက်ဆောင်တခုပေးဖို့ လိုတယ်မဟုတ်လား မင်း ဘာအဖိုးတန်ပစ္စည်းကိုမှ ယူသွားဖို့မလိုဘူး...အဲ့ဒီဓားရှည်လောက်ဆိုရင် အတော်ပဲ"

စုပိုင်သည် ငိုရမည်လော ရယ်ရမည်လောကို မသိတော့ချေ။

ဖြစ်နိုင်သည်က ဤသည်မှာ သခင်လေး၏အမြင်ပင်။

ရီဖုန်း၏အမိန့်များကို နာခံပြီးနောက် စုပိုင်သည် ထိပ်တန်းအဆင့်အင်မော်တယ်ဓားကိုယူကာ ခြံဝန်းအတွင်းမှ ထွက်ခွာခဲ့တော့သည်။

နောက်တစ်နေ့၌...

စုပိုင်သည် ရိုးရှင်းစွာကိုယ်လက်သန့်စင်ပြီးနောက် သန့်စင်ခြင်းတစ်ရာဂိုဏ်း၏ဝတ်စုံကိုဝတ်ဆင်ကာ ကောင်းကင်တိမ်တိုက်မြို့အတွင်းသို့ ရောက်ရှိလာခဲ့သည်။

သူသည် ငယ်ရွယ်စဉ်ကလေးဘဝ၌ သူ၏အစ်မကိုမှီခို၍ ဤမြို့၌ ဆယ်နှစ်ကျော်နေထိုင်ခဲ့သည်။ထို့ကြောင့် သူသည် ဤနေရာနှင့် အလွန်ရင်းနှီးကျွမ်းဝင်သည်ဟု ဆိုနိုင်ပေ၏။

မကြာမီမှာပင်...

သူသည် မြို့အရှင်အိမ်တော်သို့ ရောက်ရှိလာခဲ့သည်။

သူ၏ရည်းစားဟောင်းနှင့် မြို့အရှင်သား၏လက်ထပ်ပွဲကို မြို့အရှင်အိမ်တော်၌ကျင်းပသည်မှာ သဘာဝကျသောကိစ္စပင်။

ဤအချိန်အခိုက်အတန့်၌ မြို့အရှင်အိမ်တော်၏တံခါးမကြီးကို အရောင်အသွေးစုံသောအလင်းတန်းများဖြင့် အလှဆင်ထားကာ အလွန်ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုပင်။

စုပိုင်သည် စာရင်းပေးပြီးနောက် တံခါးထံသို့လျှောက်လှမ်းသွားလိုက်ရာ အတွင်းရှိ အပြင်အဆင်များသည် ပို၍ပင်ကြီးကျယ်ခမ်းနားပြီး ဧည့်သည်များသည် ခြံဝင်းတစ်ခုလုံး​ပြည့်လုနီးပါး များပြားသည်ကို သူ မြင်တွေ့မိသည်။

ယနေ့သည် မြို့အရှင်၏သား မင်္ဂလာဆောင်သောနေ့ဖြစ်သဖြင့် မြို့အတွင်းရှိ အထက်တန်းလွှာမိသားစုများအားလုံး လာရောက်၍ကူညီထောက်ပံ့ပေးကြသည်မှာ သဘာဝကျသောကိစ္စပင်။

"စုပိုင်...နင် ရောက်လာပြီလား"

စုပိုင်သည် ကြက်သေသေနေစဉ်မှာပင် မိန်းကလေးသံတစ်သံက မလှမ်းမကမ်းအကွာမှ ထွက်ပေါ်လာသည်။

ထို့အသံကိုကြားသည်နှင့် စုပိုင်သည် သူ အချစ်ဆုံးနှင့်အမုန်းဆုံးရည်းစားဟောင်းဖြစ်သော လျှူချင်းချင်းဟု ချက်ချင်းသိရှိလိုက်သည်။

"ရှောင်ချင်း...မင်း ဒီနေ့အရမ်းလှတယ်"

သတို့သမီးဝတ်စုံဝတ်ဆင်ထားသော လျှူချင်းချင်းကိုကြည့်ပြီး စုပိုင်က သူမကို ချီးမွမ်းစကားပြောဆိုလိုက်၏။

လျှူချင်းချင်းက ရှေ့သို့လျှောက်လှမ်းလာကာ စုပိုင်ကို ခြေဆုံးခေါင်းဆုံးကြည့်လေသည်။

ထို့နောက် သူမက မျက်မှောင်ကြုတ်ကာ အထင်အမြင်သေးစွာဖြင့် ပြောဆိုသည်။

"နင်က သန့်စင်ခြင်းတစ်ရာဂိုဏ်းထဲကို ဝင်ခဲ့တာ နှစ်တွေအများကြီးကြာနေပြီ...ဘယ်လိုလုပ်ပြီးတော့ နင်က ခုထိ အပြင်စည်းတပည့်တစ်ယောက်တောင် ဖြစ်မလာသေးတာလဲ"

အကယ်၍ သူသည် ယခင်က ထိုစကားများကိုကြားမိပါက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ မခံချင်စိတ်ကိုခံစားမိပေမည်။

သို့ရာတွင် ယခုအချိန်၌ စုပိုင်က တည်ငြိမ်သောအပြုံးဖြင့် ပြောဆိုလိုက်သည်။

"ငါက အစေခံတပည့်တစ်ယောက်ဆိုပေမယ့် သန့်စင်ခြင်းတစ်ရာဂိုဏ်းရဲ့မဟာအကြီးအကဲတောင်မှ ငါ့လောက် တော်တဲ့လူမဟုတ်ဘူး"

လျှူချင်းချင်းက သူမ၏ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

"နှစ်တွေအများကြီးကြာလာတဲ့အချိန်မှာ နင့်ရဲ့ကျင့်ကြံဆင့်အခြေခံက မြင့်တက်မလာပေမယ့် နင်က ကြွားဝါတဲ့စွမ်းရည်ကိုတော့ သင်ယူနိုင်ခဲ့တာပါလား"

စုပိုင်သည် တစ်စုံတစ်ခုကို ပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် အဒေါ်ကြီးတစ်ယောက်၏အသံက သူ၏နံဘေးမှ ထွက်ပေါ်လာသည်။

"ရှောင်ချင်း...သမီးအလိမ္မာလေး...သခင်ကြီးချန်းက ရှေ့မှာ မင်းကိုစောင့်နေတယ်...နင် ဘယ်သူနဲ့ စကားပြောနေတာလဲ"

ထိုစကားကိုပြောဆိုရင်း အနီရောင်ပန်းပွင့်များပါသည့် ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားကာ မျက်နှာချေများ ထူထပ်စွာလိမ်းထားသည့် အဒေါ်ကြီးတစ်ယောက်က မှုန်တေတေမျက်နှာဖြင့် လျှောက်လှမ်းလာသည်။

ထိုအဒေါ်ကြီးသည် စုပိုင်ကို​ မြင်တွေ့ချိန်၌ ခနဲ့တဲ့တဲ့ပြောဆိုသည်။

"အော်...ငါက ဘယ်သူများလဲလို့...အခုကြည့်ကြည့်တော့မှ ငန်းသားစားချင်တဲ့ ဖားပြုတ်ကောင် ဖြစ်နေတာပါလား"

စုပိုင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ဤအဒေါ်ကြီးသည် လျှူချင်းချင်း၏မိခင်ဖြစ်ကြောင်း သူ မှတ်မိသည်။

အတိတ်တွင် သူမသည် အစွမ်းကုန်ကြိုးစား၍ စုပိုင်နှင့်လျှူချင်းချင်းတို့ကို ကွဲကွာသွားစေရန် ပြုလုပ်ခဲ့သည်။

ထိုပြင် သူမသည် ခြိမ်းခြောက်စကားကိုပင် ပြောဆိုခဲ့လေ၏။

"တကယ်လို့ ငါ့ရဲ့သမီးက ခွေးတစ်ကောင်နဲ့လက်ထပ်မယ်ဆိုရင်တောင် ငါ ခွင့်ပြုမယ်...သူက စုပိုင်နဲ့ လက်မထပ်ရဘူး"

အချိန်အတော်ကြာသည်အထိ ဤစကားတစ်ခွန်းသည် ကောင်းကင်တိမ်တိုက်မြို့တစ်မြို့လုံးအနှံ့ ပျံ့နှံ့နေခဲ့သည်။

ဤသည်ကြောင့် သူသည် တခြားလူများအားလုံး၏ ရယ်စရာပြက်လုံးကြီးတစ်ခု ဖြစ်သွားခဲ့သည်။

ယခုအချိန်၌ ထိုအဒေါ်ကြီး၏အသံကို ထပ်မံ၍ကြားရချိန်တွင် စုပိုင်၏ အတိတ်မှအမာရွတ်များကို တဖန်ပြန်၍ဆုတ်ဖြဲလိုက်သည့်အလားပင်။

စုပိုင်က အံ့တင်းတင်းကြိတ်ကာ မည်သည့်စကားမျှ မဆိုချေ။

မည်သို့ပင်ဆိုစေကာမူ သူမသည် လျှူချင်းချင်း၏မိခင် ဖြစ်နေသည်။ထို့ပြင် လျှူချင်းချင်းသည် သူ၏စိတ်အတွင်း၌ သက်ရောက်မှုတချို့ အမြဲတစေရှိနေသော မိန်းကလေးတစ်ယောက် ဖြစ်ပေ၏။

ထိုအချိန်မှာပင်....

ရုပ်ရည်ချောမောခန့်ညားသော လူငယ်တစ်ယောက်က ​ဖြည်းညှင်းစွာလမ်းလျှောက်လာရင်း ပြောဆိုသည်။

"မိန်းမ...ယောက္ခမ...ဒီနေရာမှာ ဘာလို့ မတ်တတ်ရပ်နေကြတာလဲ...ငါ့ရဲ့အဖေက အခမ်းအနားကိုစဖို့ ငါတို့ကို ပြောနေပြီ"

"ကောင်းပြီလေ...ရှောင်ချင်း သွားကြစို့...ဒီဖားပြုတ်ကောင်ကို ဂရုမစိုက်နဲ့တော့"

အဒေါ်ကြီးချင်းကပြောဆိုကာ သူမသည် စုပိုင်ကို တစ်ချက်ပင်လှည့်ကြည့်ခြင်းမပြုတော့ဘဲ လျှူချင်းချင်းကို ဆွဲခေါ်သွားတော့သည်။

လူငယ်ကမူ စုပိုင်ကို တစ်ချက်သာစောင်းငဲ့ကြည့်ပြီးနောက် မဲ့ပြုံးပြုံးကာ အေးစက်စက်နှာတစ်ချက်မှုတ်ပြီး ထွက်ခွာသွားလေ၏။

စုပိုင်ကဲ့သို့ နိမ့်ကျသောလူစားတစ်ယောက်ကို သူအဖက်လုပ်၍ စကားပြောဆိုရန် အလွန်ပျင်းရိနေသည်။

မကြာမီမှာပင်...

မင်္ဂလာပွဲအခမ်းအနားကို စတင်ကျင်းပခဲ့သည်။

လျှူချင်းချင်းသည် လူငယ်၏လက်မောင်းကိုချိတ်ထားကာ သူမ၏မျက်နှာပေါ်၌ စိတ်လှုပ်ရှားသောအပြုံးတစ်ခု ရှိနေသည်။

သူမသည် သူမမိခင်၏စကားကိုနားထောင်၍ စုပိုင်ကိုကန်ထုတ်ကာ မြို့အရှင်၏သားကို ရွေးချယ်ခဲ့မိသဖြင့် သူမ အလွန်ဝမ်းသာနေမိသည်။

နောင်တစ်ချိန်တွင် မြို့အရှင်သာ အနားယူသွားပါက သူမ၏ခင်ပွန်းသည် ကောင်းကင်တိမ်တိုက်မြို့၏မြို့အရှင်အသစ်ဖြစ်လာကာ သူမသည်လည်း မြို့အရှင်ကတော် ဖြစ်သွားပေမည်။

မြို့အရှင်၏သားကို စုပိုင်နှင့်နှိုင်းယှဉ်ကြည့်ပါက မိုးနှင့်မြေတမျှကွာဟသည်။

မင်္ဂလာပွဲအဆုံးသတ်တော့မည်အချိန်တွင် ဧည့်သည်များသည် အသစ်စက်စက်ဇနီးမောင်နှံအတွက် လက်ဆောင်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ပေးကြတော့သည်။

အဒေါ်ကြီးချင်းက စုပိုင်ကိုကြည့်ကာ မဲ့ပြုံးပြုံး၍ ပြောဆိုသည်။

"စုပိုင် ငါ ပြောမယ်...နင်က ဒီမင်္ဂလာပွဲကို လက်ဗလာနဲ့လာတာတော့ မဟုတ်ဘူးမလား...ဘယ်လိုပဲဖြစ်ဖြစ်မြေ နင်က ရှောင်ချင်းရဲ့ရည်းစားဟောင်းပဲလေ...နင် ဘာလက်ဆောင်ကိုမှ မပြင်ဆင်ခဲ့ဘူးလား"

သူမသည် ဧည့်သည်များအားလုံးကြားစေရန်အတွက် တမင်သက်သက် သူမ၏အသံကိုမြှင့်၍ ပြောဆိုလေ၏။

ရုတ်ချည်းဆိုသလိုပင် ထောင့်တစ်နေရာ၌ မတ်တတ်ရပ်နေသော စုပိုင်သည် လူအများ၏အာရုံစူးစိုက်ရာဗဟိုချက် ဖြစ်သွားတော့သည်။

လက်ရှိနေရာတွင်ရှိနေသော လူများအားလုံးနီးပါးသည် ဤကံဆိုးသောအမှိုက်ကောင်အကြောင်းကို သိရှိထားသဖြင့် စုပိုင်အား မည်သို့ပြက်ရယ်ပြုခံရမည်ကို သူတို့ မြင်တွေ့လိုကြသည်။

လူများအားလုံး၏ စူးဝါးသောမျက်လုံးအကြည့်များနှင့် သရော်တော်တော်အသံများကို ခံစားမိသဖြင့် စုပိုင်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သူသည် အနိုင်ကျင့်အရှက်ခွဲခံရမှုကို လုံလောက်အောင် တွေ့ကြုံခဲ့ပြီးလေပြီ။

လူများအားလုံးစောင့်ကြည့်နေစဉ်တွင် သူသည် စင်မြင့်ပေါ်သို့ တန်းတန်းမတ်မတ်သွားကာ စားပွဲပေါ်သို့ ပစ္စည်းတခုကို ပစ်တင်လိုက်သည်။ထို့နောက် သူက ပြောဆိုသည်။

"ဒါက ငါ့ရဲ့လက်ဖွဲ့ပဲ"

ခြံဝန်းအတွင်းတွင် ထွန်းညှိထားသော အနီရောင်မီးအိမ်များအားလုံး တောက်ပသည့် ရွှေရောင်အလင်းတန်းအောက်၌ မှေးမှိန်သွားသည်။

မြို့အရှင်အပါအဝင် ဧည့်သည်များအားလုံးသည်...

စုပိုင် ထုတ်ပေးလိုက်သောပစ္စည်းကြောင့် ထိတ်လန့်တုန်လှုပ်သွားပေ၏။

"ထိပ်တန်းအဆင့် အင်မော်တယ်မှော်လက်နက်လား"

မြို့အရှင်ချန်းချောင်သည် အသိပညာဗဟုသုတကြွယ်ဝသူဖြစ်သဖြင့် ချက်ချင်းသိရှိသွားသည်။

ဤမသိသာမထင်ရှားသော အစေခံတပည့်လေးတစ်ယောက်သည် ထိပ်တန်းအဆင့်အင်မော်တယ်ရတနာကို အမှန်တကယ် ထုတ်ပေးနိုင်သလော....

Chapter 757

"အဖေ....အဖေ မှားနေတာများလား"

သတို့သားချန်းဝေက အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ ပြောဆိုသည်။

ကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် သူသည်လည်း ထိပ်တန်းအဆင့် အင်မော်တယ်မှော်လက်နက်၏တန်ဖိုးကို ကောင်းစွာသိရှိထားသည်။

ဤသည်မှာ သူတို့၏မြို့အရှင်အိမ်တော်ပင်လျှင် ပိုင်ဆိုင်နိုင်ရန်အတွက် အိမ်မက်မက်နေရသော ရတနာတစ်ခုဖြစ်ပေ၏။

"ငါ မမှားဘူး...ဒါက ထိပ်တန်းအဆင့်အင်မော်တယ်မှော်လက်နက်ရဲ့ အရှိန်အဝါပဲ"

ချန်းချောင်က အခိုင်အမာပြောဆိုသည်။

တစ်ချိန်တည်းမှာပင် လူအများ၏မျက်လုံးအကြည့်များသည် စားပွဲပေါ်ရှိ ထိပ်တန်းအဆင့်အင်မော်တယ်ဓားထံသို့ စူးစိုက်၍ကျရောက်နေကာ ထိုအရာ ပျောက်ကွယ်သွားမည်ကို စိုးရိမ်ထိတ်လန့်နေကြသည့်အလားပင်။

လျှူချင်းချင်းသည် ပါးစပ်ဟောင်းသားဖြစ်နေကာ မယုံကြည်နိုင်သောအကြည့်ဖြင့် စုပိုင်ကိုကြည့်လိုက်၏။

ဤအမှိုက်ကောင်သည် မည်သည်ကြောင့် ဤကဲ့သို့ရတနာတစ်ခုကို ထုတ်ပေးနိုင်သည်အား သူမ နားလည်သဘောပေါက်နိုင်ခြင်း မရှိချေ။

အကယ်၍ အတိတ်တွင်...

စုပိုင်သည် တင်တောင်းသောပစ္စည်းအဖြစ် ဤထိပ်တန်းအဆင့် အင်မော်တယ်ဓားကို ထုတ်ပေးခဲ့ပါက သူမ၏မိခင်သည် ညတွင်းချင်း သူမအား စုပိုင်၏ကုတင်ပေါ်သို့ ပစ်တင်လိမ့်မည်မဟုတ်လော....

လူတိုင်းသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် စကားပြောဆိုနေစဉ်မှာပင် စုပိုင်က ထိပ်တန်းအဆင့်အင်မော်တယ်ဓားကို ပြန်လည်၍သိမ်းဆည်းလိုက်သည်။

"စုပိုင်....ဒါက ဘာသဘောလဲ"

အဒေါ်ကြီးချင်းက ပျာပျာသလဲ အော်ဟစ်လိုက်သည်။သူမ၏မျက်လုံးအကြည့်သည်လည်း ထိပ်တန်းအဆင့် အင်မော်တယ်ဓားထံတွင် ကျရောက်နေသည်။

"အစကတော့ ငါက ဒီအင်မော်တယ်လက်နက်ကို လက်ဖွဲ့ပစ္စည်းအနေနဲ့ လျှူချင်းချင်းကိုပေးဖို့ ရည်ရွယ်ထားခဲ့တာ...ဒါပေမဲ့...."

စုပိုင်သည် ဓားရှည်ကို သူ၏လက်အတွင်း၌ဆုပ်ကိုင်ကာ သူ၏အသံ ပြောင်းလဲသွားသည်။

"ဒါပေမဲ့ အခု ငါ စိတ်ပြောင်းသွားပြီ"

သူသည် ထိုစကားကိုပြောဆိုရင်း လျှူမိသားစုနှင့်ချန်းမိသားစုကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်၏။

"မင်းတို့လို အကျိုးအမြတ်ကိုပဲသိပြီးတော့ တခြားလူတွေကို အထင်သေးတဲ့လူစားမျိုးတွေက ငါရဲ့ကြီးမားတဲ့ဂုဏ်ပြုမှုနဲ့ မထိုက်တန်ဘူးဆိုတာ အသိသာကြီးလေ"

"တကယ်လို့ ဒီလက်ဆောင်က ငါ့ရဲ့မျက်လုံးထဲမှာ အမှိုက်ဖြစ်နေရင်တောင် မင်းတို့က ဒါနဲ့မထိုက်တန်ဘူး"

ထိုသို့ပြောဆိုရင်း စုပိုင်က ရုတ်တရက် နောက်သို့လှည့်လိုက်သည်။

သူသည် သူ၏မျက်လုံးထောင့်မှနေ၍ လျှူချင်းချင်းကို ထပ်မံ၍တချက်ကြည့်လိုက်၏။

သူ၏စိတ်နှလုံးသားအောက်ခြေ၌ရှိနေသော နောက်ဆုံးလက်ကျန် သံယောစဥ်အရိပ်အယောင်သည်လည်း တစိုးတစိမကျန်အောင် ပျောက်ကွယ်သွားလေပြီ။

"ချင်းချင်း နှုတ်ဆက်ပါတယ်...ငါတို့ နောက်ကို ဘယ်တော့မှ ထပ်မတွေ့ဘဲ နေကြရအောင်"

သို့ရာတွင် ...

စုပိုင် ထွက်ခွာသွားတော့မည်အချိန်မှာပင် အနောက်မှနေ၍ ကြားဖြတ်ဟန့်တားသံတစ်သံ ထွက်ပေါ်လာသည်။

"ခဏနေအုံး...."

စုပိုင်က သူ၏ခေါင်းကို​ ဖြည်းညှင်းစွာ ပြန်လှည့်ပြီး မြို့အရှင်ချန်းချောင်ကို ကြည့်လိုက်သည်။

"ဘာပြဿနာရှိလို့လဲ"

"မင်း အခု ထွက်သွားလို့ မရသေးဘူး"

ချန်းချောင်က ပြောဆိုကာ ပတ်ဝန်းကျင်ကိုမျက်စပစ်လိုက်သည်နှင့် မြို့အရှင်အိမ်တော်မှအစောင့်များအားလုံး စုပိုင်ကို ဝိုင်းရံလိုက်ကြသည်။

ပတ်ဝန်းကျင်ရှိ အစောင့်များကို လျစ်လျူရှုပြီး စုပိုင်က အေးစက်တင်းမာသောလေသံဖြင့် မေးမြန်းသည်။

"ငါက အတင့်ရဲပြီးတော့ မြို့အရှင်ကို မေးပါရစေ...ငါက ဘာလို့ ထွက်သွားလို့မရတာလဲ"

ချန်းချောင်က အေးစက်စက်ပြုံးလိုက်သည်။

"တကယ်လို့ မင်း ထွက်သွားချင်တယ်ဆိုရင် သွားလို့ရတယ်...ဒါပေမဲ့ မင်းရဲ့လက်ထဲက အင်မော်တယ်ဓားကို ထားခဲ့ရမယ်"

စုပိုင်က ပြောဆိုသည်။

"ဒီဓားကို ငါ ယူလာခဲ့တာ...မင်းတို့က ဒါကို လုယူဖို့ စဉ်းစားနေတာလား"

ချန်းချောင်က အေးစက်စက်နှာတစ်ချက်မှုတ်ကာ သရော်တော်တော်အသံဖြင့် ပြောဆိုလေ၏။

"ဒီဓားကို မင်း ယူလာခဲ့တာလို့ ဘယ်သူက ပြောတာလဲ...ဒါက ငါတို့ချန်းမိသားစုရဲ့ဘိုးဘေးပိုင်အင်မော်တယ်ရတနာဆိုတာ အသိသာကြီးလေ ....မင်းက ငါတို့ချန်းမိသားစု မင်္ဂလာပွဲကျင်းပတာကို အခွင့်ကောင်းယူပြီးတော့ လူသူအများရှေ့မှာ ဒီပစ္စည်းကိုခိုးယူဝံ့တယ်....ငါတို့ချန်းမိသားစုမှာရှိတဲ့ လူတွေအားလုံး မျက်လုံးကန်းနေတယ်လို့ မင်း ထင်နေတာလား....မင်း အတင့်ရဲလှချည်လား"

သူ၏စကားအဆုံးသတ်သွားချိန်၌ သူက ချန်းဝေကိုကြည့်ကာ မေးမြန်းသည်။

"သားလေး...ဒါက ငါတို့ချန်းမိသားစုရဲ့ ဘိုးဘေးပိုင်အင်မော်တယ်ရတနာ မဟုတ်လား"

ချန်းဝေကလည်း အပေးအယူမျှစွာ ကျယ်လောင်သောအသံဖြင့် သံယောင်လိုက်သည်။

"အဖေ....ဒါက အမှန်ပဲ...ဒီဓားက တကယ့်ကို ကျွန်တော်တို့ချန်းမိသားစုရဲ့ ဘိုးဘေးပိုင်အင်မော်တယ်ရတနာပဲ"

ထို့နောက် သူသည် စုပိုင်ကို လက်ညှိုးထိုးကာ တင်းမာခက်ထန်စွာ အော်ဟစ်လိုက်၏။

"ငါတို့ရဲ့အင်မော်တယ်ဓားကို မြန်မြန်ပြန်ပေးစမ်း.....မဟုတ်ရင် မင်း ဒီနေ့ မြို့အရှင်အိမ်တော်ကနေ အရှင်လတ်လတ် ပြန်ထွက်မသွားနိုင်စေရဘူး"

ထိုစကားကိုကြားချိန်တွင် စုပိုင်က ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။

ဤမျှထိ အရှက်မဲ့သောလူများ ရှိနေမည်ဟု သူ တစ်ကြိမ်တစ်ခါ​မျှ တွေးတောထားမိခြင်းမရှိချေ။

"စုပိုင်....မင်း ဘာရယ်တာလဲ...ဒီမြို့အရှင်က မင်းကို ထောင်ချောက်ဆင်တာလို့ မင်း ပြောချင်တာလား"

ထိုစကားကိုပြောဆိုရင်း ချန်းချောင်က ခြံဝန်းအတွင်းတွင်ရှိနေသော လူများအားလုံးကို ဝေ့ဝိုက်၍ကြည့်လေသည်။

"မင်းတို့အားလုံး ပြောကြစမ်း....သူ့လို အ​စေခံတပည့်လေးတစ်ယောက်မှာ ဘယ်လိုလုပ်ပြီးတော့ ထိပ်တန်းအဆင့် အင်မော်တယ်လက်နက် ရှိနေနိုင်မှာလဲ"

လူအုပ်ကြီးသည်လည်း အတူပူးပေါင်း၍ သံယောင်လိုက်ကြတော့သည်။

"မြို့အရှင်ရဲ့စကားတွေက အမှန်ပါပဲ...ဒါက စုပိုင်ရဲ့ပစ္စည်း မဟုတ်ဘူး"

"စုပိုင်...အင်မော်တယ်ရတနာကို မြန်မြန်လက်လွှဲပေးလိုက်စမ်း...မဟုတ်ရင် ဒီလူအိုကြီးက မင်းကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်မယ်...မြို့အရှင်တောင် လှုပ်ရှားဖို့မလိုဘူး"

"အဲ့ဒီအင်မော်တယ်ရတနာက မြို့အရှင်ရဲ့ပစ္စည်းဆိုတာ အသိသာကြီးလေ....လွန်ခဲ့တဲ့တစ်ပတ်လောက်က ငါ မြို့အရှင်အိမ်တော်ကို ရောက်လာတဲ့အချိန်မှာ မြို့အရှင်က ဒီဓားကိုထုတ်ပြီး ငါ့ကိုပြခဲ့ဖူးတယ်"

"..."

ဤကဲ့သို့ စကားစစ်ပွဲများအကြားတွင် လျှူချင်းချင်းက စုပိုင်၏ရှေ့သို့ လျှောက်လှမ်းသွားလေသည်။

ထို့နောက် သူမက တီးတိုးပြောဆိုသည်။

"စုပိုင်... နင်နင်က အဲ့ဒီဓားကို လက်လွှဲပေးသင့်တယ်"

စုပိုင်က အပြုံးနှင့်မေးမြန်းသည်။

"ဘာလို့လဲ....ဒီဓားက ချန်းမိသားစုရဲ့ဘိုးဘေးပိုင်းပစ္စည်းလို့ မင်းကလည်း ပြောချင်တာလား"

လျှူချင်းချင်းသည် စုပိုင်နှင့် အကြည့်ခြင်းမဆုံဝံ့သဖြင့် သူမ၏ခေါင်းကို အောက်သို့ငုံလိုက်၏။ထို့နောက် သူမက တီးတိုးပြောဆိုသည်။

"လက်တစ်ဖက်နဲ့ ပေါင်တစ်ချောင်းကို လိမ်ချိုးနိုင်မှာမဟုတ်ဘူး"

လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ဤကိစ္စကို ကောင်းစွာသတိပြုမိသည်။

ဤထိပ်တန်းအဆင့် အင်မော်တယ်ဓားသည် စုပိုင်၏ပစ္စည်းပင်။

သို့ရာတွင် ဤလောကကြီးအတွင်း၌ ခွန်အားရှိသူသည်သာ ရိုသေလေးစားခြင်းခံရပြီး အုပ်ချုပ်သူဘုရင်ပင်။

မြို့အရှင်ချန်းချောင်သည် နေလအင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်ပေ၏။

မြို့အရှင်သည် သမင်တကောင်ကို မြင်းတစ်ကောင်ဟု ပြောဆိုနေလျှင်ပင် သူတို့အားလုံးသည် ထိုကိစ္စကို ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိဘဲ သံယောင်လိုက်ရုံသာ တက်နိုင်ပေမည်။

"ကောင်းမွန်တဲ့လက်တစ်ဖက်ကတော့ ပေါင်တစ်ချောင်းကို လိမ်ချိုးနိုင်တယ် မဟုတ်လား"

စုပိုင်က ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် သူ၏လက်အတွင်းရှိဓားကို အထက်သို့မြှောက်လိုက်သည်။

"ထိပ်တန်းအဆင့် အင်မော်တယ်ဓားက ဒီနေရာမှာ ရှိနေတယ်...တကယ်လို့ မင်းတို့မှာ သတ္တိရှိတယ်ဆိုရင် လာယူကြစမ်း"

"ဟမ့်...."

ချန်းချောင်က လှောင်ပြောင်သရော်သည်။

"မင်းက သေလမ်းရှာနေမှတော့ ငါ့ကို အပြစ်မတင်နဲ့"

ထိုသို့ပြောဆိုပြီးနောက် ချန်းချောင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

နံဘေးပတ်ဝန်းကျင်တွင်ရှိနေသော ရွှမ်အင်မော်တယ်အစောင့်များအားလုံး စုပိုင်ထံသို့ဦးတည်၍ တရကြမ်းပြေးဝင်လာကြတော့သည်။

စုပိုင်သည် မြို့အရှင်အိမ်တော်မှ အစောင့်များ၏ဖမ်းဆီးခြင်းကို ခံရတော့မည်ဟု တခြားလူများအားလုံးက တွေးတောလိုက်ကြသည်။

သို့ရာတွင် စုပိုင်သည် မည်သည့်လှုပ်ရှားမှုကို​မျှ ပြုလုပ်ခြင်း မရှိသော်လည်း ထိုရွှမ်အင်မော်တယ်များအားလုံး နောက်သို့လွင့်ထွက်ကာ သွေးများအန်ထုတ်လိုက်ရသည်ကို သူတို့အားလုံး တွေ့မြင်မိလေ၏။

"ကောင်စုတ်လေး....ငါကိုယ်တိုင် မင်းကို ရင်ဆိုင်မယ်"

ကျယ်လောင်သောအော်ငေါက်သံတစ်သံနှင့်အတူ ချန်းချောင်၏ခန္ဓာကိုယ်မှနေ၍ မှော်စွမ်းအားများ တလိမ့်လိမ့်ထွက်လာသည်။

ထို့နောက် သူက စုပိုင်ထံသို့ လက်ညှိုးညွှန်လိုက်သည်။

ထိုလက်ချောင်းထိပ်မှစွမ်းအားသည် လေထုကိုဖြတ်သန်းသွားကာ လေဟာနယ်ကိုဆုတ်ဖြဲတော့လုမတတ်ပင်။

အကယ်၍ ဤလက်ချောင်းစွမ်းအားဖြင့် ရိုက်နှက်ခြင်းကိုခံရပါက ကြယ်အင်မော်တယ်များပင်လျှင် တိုက်ရိုက်သေဆုံးသွားပေမည်။

သို့ရာတွင် စုပိုင်၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။

သူသည် ဓားရှည်ကို ဓားအိမ်မှဆွဲချွတ်လိုက်ရာ ဓားချီလှိုင်းတစ်လှိုင်း ပျံ့လွင့်သွားသည်။

နောက်ထပ်အချိန်အခိုက်အတန့်၌....

ချန်းချောင်ထံမှနေ၍ စူးရှသောအော်သံတစ်သံ ထွက်ပေါ်လာပေ၏။

"ငါရဲ့လက်...."

ထိုအချိန်ကျမှသာ စုပိုင်၏ဓားချီသည် ချန်းချောင်၏လက်ကို အရင်းမှဖြတ်တောက်သွားကြောင်း တခြားလူများအားလုံး နားလည်သဘောပေါက်သွားသည်။

ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင်....

လျှူချင်းချင်း၏မျက်လုံးများ ပြူးကျယ်သွားကာ သူမ၏လက်ဖြင့် သူမ၏ပါးစပ်ကိုတင်းတင်းကြပ်ကြပ်အုပ်၍ သူမ မအော်မိစေရန် ဟန့်တားလိုက်သည်။

စုပိုင်၏ခွန်အားကို သူမပင်လျှင် အလွန်အမင်းစိမ်းသက်သက်ဖြစ်နေသကဲ့သို့ ခံစားမိသည်။

ယခင်က အလွန်တုံးအသောအမှိုက်ကောင်သည် မည်သို့ ဖြစ်သွားသနည်း....

"အဖေ...."

သူ၏ဖခင် ဒဏ်ရာရရှိသွားသည်ကို မြင်တွေ့ချိန်၌ ချန်းဝေက ရှေ့သို့ပြေးလာကာ အလျင်စလိုတွဲထူပေးသည်။

ချန်းချောင်သည် အံ့တင်းတင်းကြိတ်ကာ သူ၏လက်မောင်းကြားမှ ကျောက်စိမ်းပုလွေတစ်ချောင်းကိုထုတ်ယူပြီး ပြောဆိုလိုက်သည်။

"ဘိုးဘေးကို ဆင့်ခေါ်ရမယ်"

စုပိုင်၏စွမ်းအားသည် သူ တွေးတောထားသည်ထက် များစွာပို၍ ကျော်လွန်နေမည်ဟု သူ မျှော်လင့်ထားမိခြင်းမရှိချေ။

ယခုကဲ့သို့ အခြေအနေမျိုးကို ဖြေရှင်းရန်အတွက် သူသည် ဘိုးဘေးကိုဖိတ်ခေါ်ရုံသာ တတ်နိုင်ပေမည်။

တူ...တူ....

ချန်းဝေသည် ကျောက်စိမ်းပုလွေကို အလျှင်အမြန်ယူကာ ပြင်းပြင်းထန်ထန်မှုတ်လိုက်၏။

မကြာမီမှာပင် လေဟာနယ်တစ်နေရာတွင် အက်ကွဲကြောင်းတစ်ကြောင်း ကွဲထွက်သွားသည်။

ထိုအက်ကွဲကြောင်းအကြားမှနေ၍ ဆံဖြူလူအိုကြီးတစ်ယောက် ထွက်လာပေ၏။

အစွမ်းထက်သော အရှိန်အဝါတစ်ရပ်သည် ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ပြည့်နှက်သွားကာ လူအများအား အသက်ရှူမွန်းကြပ်သွားစေသည်။

အစစ်အမှန်အင်မော်တယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ....

လူများအားလုံး၏နှလုံးခုန်နှုန်းများ လျှင်မြန်စပြုလာကာ ဆံဖြူလူအိုကြီးအား နတ်ဘုရားတစ်ပါးကို မြင်နေရသည့်အလား ကြည့်လိုက်ကြသည်။

ဤသည်မှာ အစစ်အမှန်အင်မော်တယ်တစ်ယောက်ပင်။

ထိုကြောင့် လူအိုကြီး ထွက်ပေါ်လာချိန်၌ လက်ရှိနေရာတွင်ရှိနေသော လူများအားလုံးနီးပါး ဒူးထောက်လိုက်ကာ မြေပြင်ပေါ်၌ ဝပ်တွားလိုက်ကြ၏။

စုပိုင်တစ်ယောက်တည်းကသာ မည်သည့်အနှောက်အယှက်မျှမရှိသည့်အလား နေရာမှာပင် မတ်တတ်ရပ်နေသည်။

"ဒူးထောက်လေ....နင်က သေချင်နေတာလား"

မြေပြင်ပေါ်၌ဒူးထောက်နေသော လျူချင်းချင်းက တိုးညှင်းသောအသံဖြင့် တိုက်တွန်းလေသည်။

စုပိုင်က သူ၏ခေါင်းကိုခါယမ်းကာ ပေါ့ပေါ့ပါးပါးပြောဆိုသည်။

"ငါ့ကိုသေအောင်သတ်ဖို့ဆိုတာ လွယ်ကောင်းလွယ်နိုင်တယ်...ဒါပေမဲ့ သူတို့ရဲ့အဆင့်နဲ့တော့ မလုံလောက်သေးဘူး"

"အဆင့်အခြင်မဲ့လိုက်တာ...."

လျှူချင်းချင်းသည် အံ့တင်းတင်းကြိတ်ကာ စုပိုင်အား လျစ်လျူရှုလိုက်တော့သည်။

အစစ်အမှန်အင်မော်တယ် လူအိုကြီးသည် ရောက်ရှိလာပြီးနောက် သူ၏လက်နှစ်ဖက်ကိုနောက်ပစ်ကာ မိုးကောင်းကင်ယံအတွင်း၌ မတ်တတ်ရပ်လိုက်၏။

ထို့နောက် သူက ချန်းချောင်ကိုကြည့်ကာ ပြောဆိုသည်။

"မင်းက ငါ့ကို ဒီနေရာဆီလာဖို့ ဖိတ်ခေါ်ခဲ့တယ်....ဘာကိစ္စရှိလို့လဲ"

သူ့ဖခင်၏ကိုယ်စား ချန်းဝေက ဖြစ်ပျက်ခဲ့သည့်ကိစ္စများအားလုံးကို အလျှင်အမြန်ပြောပြလေသည်။

ထို့နောက် သူက အော်ဟစ်လိုက်သည်။

"ဘိုးဘေးကို တောင်းဆိုပါတယ်....ကျွန်တော်တို့ရဲ့ကိုယ်စား ဒီလူဆိုးကောင်ကို သတ်ပြီးတော့ အင်မော်တယ်လက်နက်ကိုပြန်ယူပြီး ကျွန်တော်ဖခင်ရဲ့လက်ပြတ်သွားမှုအတွက် လက်စားချေပေးပါ"

ထိုစကားကိုကြားချိန်၌ ချန်းမိသားစုဘိုးဘေးသည် ကူကယ်ရာမဲ့ဖြစ်သွားကာ သံသယများ စတင်၍ပေါက်ဖွားလာသည်။

ချန်းမိသားစုထံတွင် ထိပ်တန်းအဆင့်အင်မော်တယ်ဓားကဲ့သို့ ဘိုးဘေးပိုင်အင်မော်တယ်ရတနာတစ်ခု မည်သည့်အချိန်က ရှိသွားခဲ့သနည်း။

ဤကိစ္စကို သူ မည်သည်ကြောင့် မသိသနည်း။

ထို့နောက် သူသည် မတ်တတ်ရပ်နေဆဲဖြစ်သော စုပိုင်ကို ဂရုတစိုက်ကြည့်လိုက်သည်။သူ စုပိုင်နှင့် အကြီးခြင်းဆုံမိသော အချိန်အခိုက်အတန့်တွင် သူ၏မျက်လုံးများ စူးရှနာကျင်သွားကာ သူ့အား လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံလိုက်ရသည့်အလားပင်။

ပြင်းထန်သော စိတ်ဝိညာဥ်အားလှိုင်းတစ်ရပ်က သူ၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာသို့ တိုးဝင်လာသည်။

ဤသည်မှာ သူ၏စိတ်ဝိညာဥ်ကို ဖျက်ဆီးသွားတော့လုမတတ်ပင်။

ချန်းမိသားစုဘိုးဘေးသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပေ၏။

ယခုကြည့်ကြည့်တော့မှ သူ့ရှေ့ရှိလူငယ်သည် အစစ်အမှန်အင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်။

ထို့ပြင် ထိုလူငယ်သည် အစစ်အမှန်အင်မော်တယ်နယ်ပယ်၏ မည်သည့်အဆင့်၌ရှိနေသည်ကို သူ ထွင်းဖောက်မြင်နိုင်ခြင်းမရှိချေ။

အကယ်၍ သူတို့နှစ်ယောက် အမှန်တကယ်တိုက်ခိုက်ကြပါက သူသည် စုပိုင်၏ရှေ့၌ တိုက်ကွက်ဆယ်ကွက်ကိုပင် ထုတ်ဖော်အသုံးပြုနိုင်မည်မဟုတ်ချေ။

ထိုသို့ နားလည်သဘောပေါက်သွားသဖြင့် ချန်းမိသားစုဘိုးဘေးသည် သူ၏အရှိန်အဝါကို ချက်ချင်းပြန်လည်ရုတ်သိမ်းလိုက်၏။

သူသည် သာမန်လူအိုကြီးတစ်ယောက်ပုံစံဖြင့် မြေပြင်ပေါ်သို့ ဆင်းလိုက်သည်။

ထိုနောက် လူများအားလုံး၏ မယုံကြည်နိုင်သော မျက်လုံးအကြည့်များအောက်တွင် သူသည် စုပိုင်၏ရှေ့သို့လျှောက်လှမ်းသွားကာ ရိုသေလေးစားစွာဖြင့် ဦးညွှတ်အရိုအသေပြုလေသည်။

"ဂျူနီယာချန်းဝူက စီနီယာကို အရိုအသေပြုပါတယ်"

Chapter 758

ချန်းဝူ၏စကားလုံးများ ကျရောက်သွားသည်နှင့် လူအများထံမှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

သူတို့အားလုံးထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နေကာ အလွန်အမင်းအံ့အားသင့်တုန်လှုပ်နေသည်။

အထူးသဖြင့် ချန်းချောင်နှင့်ချန်းဝေတို့သားအဖနှစ်ယောက်ပင်။သူတို့သည် အံ့အားသင့်တုန်လှုပ်နေခြင်းကြောင့် သူတို့၏နဖူးပြင်များပေါ်၌ သွေးကြောကြီးများပင် ထောင်ထနေလေသည်။

သူတို့၏ အစစ်အမှန်အင်မော်တယ် ဘိုးဘေးသည် ဤအစေခံတပည့်အား အမှန်တကယ်ကို စီနီယာဟု ခေါ်ဆိုခဲ့သလော....

"ဘိုးဘေး....ဘိုးဘေး အမှားတစ်ခုခုများ လုပ်မိတာလား"

"သူက နိမ့်ကျတဲ့အ​စေခံတပည့်တစ်ယောက်လေ ..သူ့မှာ ဘာအရည်အချင်းမှမရှိဘူး"

ချန်းဝေက ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်လိုက်သည်။

ဖြောင်း....

သူ၏စကား အဆုံးသတ်သွားသောအချိန်မှာပင် ချန်းဝူက သူ့အား ပါးဖြတ်ရိုက်လိုက်သည်။

ဤပါးရိုက်ချက်ကြောင့် ချန်းဝေသည် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသွားကာ သွေးတစ်လုတ်အန်ထုတ်လိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကောက်ကွေးကာ တွန့်လိမ့်နေပေ၏။

ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ ချန်းချောင်၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။

သူ စကားမပြောဆိုနိုင်သေးမည်မှာပင် ချန်းဝူ၏ တည်ကြည်လေးနက်ပြီးအေးစက်သော မျက်လုံးအကြည့်က သူ့ထံသို့ ကျရောက်လာသည်ကို သူ တွေ့မြင်မိသည်။

ချန်းချောင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။ထို့နောက် ချန်းဝူ၏အသံသတင်းစကားက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာပေ၏။

"မင်း ဒူးမထောက်သေးဘူးလား...မင်းက ချန်းမိသားစုတစ်စုလုံးကို ပျက်စီးသွားစေချင်တာလား...မင်း ခုထိမသိသေးဘူးလား....မင်းအဆင့်လောက်ကို မပြောနဲ့...တကယ်လို့ သူက ငါ့ကိုသတ်ချင်တယ်ဆိုရင်တောင် သူ့အတွက် အရမ်းလွယ်တယ်"

"ဘာ...."

ချန်းချောင်၏မျက်လုံးများ ပြူးကျယ်သွားကာ သူ၏စိတ်အတွင်း၌ မိုးကြိုးမုန်တိုင်းတစ်ခု တိုက်ခတ်သွားသည့်အလားပင်။

ထို့နောက် သူ၏ဦးရေပြား တင်းကြပ်လာသည်ကို ခံစားမိလေ၏။

ဤသည်မှာ မယုံနိုင်ဖွယ်ကောင်းသော်လည်း ဘိုးဘေးချန်းဝူ၏စကားများကို သူ မေးခွန်းပြန်မထုတ်ဝံ့ချေ။ရုတ်ချည်းဆိုသလိုပင် သူ၏ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည်။

ဤသည်ကြောင့် ယခင်ကတည်းက မယုံကြည်နိုင်ဖြစ်နေသော လူများအားလုံး ပို၍ပင်ထိတ်လန့်တုန်လှုပ်သွားသည်။

ရှေးဦးစွာ ချန်းမိသားစုဘိုးဘေးသည် စုပိုင်ကို စီနီယာဟု ခေါ်ခဲ့သည်။

နောက်ပိုင်းတွင် မြို့အရှင်ဖြစ်သော ချန်းမိသားစုခေါင်းဆောင် ချန်းချောင်သည် နေရာမှာပင် ဒူးထောက်လိုက်၏။

ဤသည်မှတဆင့် သာမန်အစေခံတပည့်လေးဖြစ်ပုံရသော စုပိုင်ထံတွင် သာမန်သူများ ထွင်းဖောက်မမြင်နိုင်သည့် ခွန်အားနှင့်အဆင့်အတန်းရှိနေသည်ကို သက်သေပြနေသည်။

ချန်းဝူပင်လျှင် စုပိုင်ကို စီနီယာဟု ခေါ်ရသည်။

ထိုကြောင့် စုပိုင်သည် အနည်းဆုံးအနေဖြင့် အစစ်အမှန်အင်မော်တယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း ဆိုလိုနေခြင်းပင်။

ဤခြံဝန်းအတွင်း၌ အရူးတစ်ယောက်မျှရှိမနေချေ။သူတို့သည် လိမ္မာပါးနပ်သူများဖြစ်သဖြင့် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ ထိုကိစ္စကို အလျှင်အမြန် နားလည်သဘောပေါက်သွားသည်။

ထို့နောက် သူတို့၏ခြေထောက်များပျော့ခွေသွားကာ ဖြူရော်နေသောမျက်နှာများဖြင့် မြေပြင်ပေါ်၌ ဒူးထောက်ကာ တစ်ယောက်ပြီးတစ်ယောက် တုန်တုန်ရီရီဖြင့် ဝပ်တွားလိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် အစောပိုင်းက စုပိုင်အား ပြစ်တင်စွပ်စွဲရန်အတွက် ချန်းချောင်ကို ကူညီပေးခဲ့သည်။သူတို့သည် ချန်းချောင်ဘက်မှလိုက်ကာ စုပိုင်၏အင်မော်တယ်ဓားကို ချန်းမိသားစု၏ဘိုးဘေးပိုင်ရတနာဟု ပြောဆိုခဲ့လေ၏။

ထို့ကြောင့် ချန်းချောင်ပင်လျှင် မြေပြင်ပေါ်၌ ဒူးထောက်နေသည်ကိုမြင်သဖြင့် သူတို့သည် မည်သည်ကြောင့် ဒူးမထောက်ဘဲနေဝံ့မည်နည်း။

အဒေါ်ကြီးလျှူနှင့်လျှူချင်းချင်းတို့ကမူ ပို၍ပင်အံ့အားသင့်တုန်လှုပ်နေကာ မည်သည့်စကားကိုမျှ မပြောဆိုနိုင်တော့ချေ။သူမတို့၏ခန္ဓာကိုယ်များ ပြင်းပြင်းထန်ထန်တုန်ရီနေကာ သူမတို့၏မျက်နှာများပေါ်၌ သံသယများဖြင့် ပြည့်နှက်နေသည်။

"စီနီယာ ကျေးဇူးပြုပြီးတော့ ထိုင်ပါအုံး"

ချန်းဝူက ရိုသေလေးစားစွာ ပြောဆိုသည်။

သူသည် စုပိုင်၏ယခုလက်ရှိအသက်အရွယ်ကိုကြည့်ပြီး အထင်အမြင်သေးခြင်းမရှိချေ။

ဤလောကကြီး၌ ခွန်အားကောင်းသူသည်သာ ရိုသေလေးစားခြင်းခံရပေ၏။

အထူးသဖြင့် သူ့အား ပြင်းထန်သည့်ဖိအားအရှိန်အဝါကို ပေးစွမ်းနိုင်သော စုပိုင်ကဲ့သို့ ဆရာကြီးတစ်ယောက်ကို သူ အနည်းငယ်သတိလက်လွတ် ဆက်ဆံမိသည်နှင့် သူ၏မိသားစုအတွက် ဘေးကပ်ဆိုးကြီးဆိုက်ရောက်လာပေမည်။

သို့ရာတွင်....

ချန်းဝူ၏မျက်နှာချိုသွေးမှုနှင့် ရင်ဆိုင်နေရသည့်တိုင် စုပိုင်သည် သူ့အား လုံးလုံးလျားလျား လျစ်လျှူရှုထားသည်။သူသည် မြေပြင်ပေါ်၌ ဒူးထောက်နေသော ချန်းချောင်နှင့်တခြားလူများကို အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်၏။

"ဒီအင်မော်တယ်ဓားက မင်းရဲ့ဟာ ဖြစ်နေတုန်းပဲလား"

စုပိုင်သည် သူ၏လက်အတွင်း၌ ဆုပ်ကိုင်ထားသောဓားရှည်ကိုမြှောက်ကာ ခက်ထန်တင်းမာသောလေသံဖြင့် မေးမြန်းသည်။

ထိတ်လန့်ကြောက်ရွံ့နေသော ချန်းချောင်နှင့်တခြားလူများအားလုံး၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။သူတို့သည် ချန်းချောင်ကိုကူညီ၍ စုပိုင်အား မဟုတ်မမှန်သည့်စကားများကို စွပ်စွဲပြောဆိုခဲ့ပေ၏။

"ဆရာကြီး ငါ့ကို ခွင့်လွှတ်ပေးပါ"

"ဆရာကြီး အသက်ချမ်းသာပေးပါ...ငါ မှားသွားပါတယ်"

သူတို့သည် တစ်ယောက်ပြီးတစ်ယောက် တုန်ရီနေသောအသံများဖြင့် ခွင့်လွှတ်မှုရရှိရန်အတွက် အသနားခံတောင်းပန်လိုက်ကြ၏။

ချန်းဝူသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ သူ၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်သော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

စုပိုင်၏ပုံပန်းသွင်ပြင်ကို ကြည့်ပြီးနောက် အကယ်၍ သူ ဤကိစ္စကို ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိပါက ဘေးကပ်ဆိုးကြီးတစ်ခုဖြစ်လာမည်ကို သူ သိရှိထားသည်။

ချန်းဝူ၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားကာ မြေပြင်ပေါ်၌လဲကျနေသော ချန်းဝေ၏နဖူးကို သူ၏လက်ဝါးဖြင့်အုပ်ကာ စိတ်ဝိညာဉ်ရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ယခင်က ဤနေရာ၌ ရှိမနေသဖြင့် ဤကိစ္စ၏အကောင်းအဆိုးကို သူ မသိရှိချေ။

ဤကိစ္စ၏အကောင်းအဆိုးကို သူသိရှိထားမှသာလျှင် စုပိုင်အား မှန်ကန်သောဖြေရှင်းချက်တစ်ခု သူ ပေးနိုင်ပေမည်။

ရုတ်ချည်းဆိုသလိုပင်....

ယခုလက်ရှိနေရာသို့ စုပိုင် ထွက်ပေါ်လာသောအချိန်မှစတင်၍ ဖြစ်ပျက်ခဲ့သမျှအရာအားလုံး သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။

"ခွေးမသား...."

ကျယ်လောင်သော အော်ငေါက်သံတစ်သံနှင့်အတူ သူ ဒေါသထွက်စပြုလာသည်။

"အဆင်အခြင်မဲ့တဲ့ကောင်တွေ...မင်းတို့က ဆရာကြီးရဲ့လက်ထဲက အင်မော်တယ်လက်နက်ကို တကယ်ကြီး လိုချင်တပ်မက်ဝံ့တာလား"

ဤကိစ္စအားသိရှိပြီးနောက် သူသည် ချန်းချောင်ကို ဒေါသတကြီးစူးစိုက်ကြည့်ကာ စကားတစ်လုံးခြင်းအော်ဟစ်လိုက်၏။

"ပြောရမယ်ဆိုရင် မင်းက အဆင်အခြင်မဲ့ဆုံးပဲ"

တစ်ချိန်တည်းမှာပင် ချန်းဝူက ချန်းချောင်ထံသို့ ခြေလှမ်းတစ်လှမ်းခြင်း ချဥ်းကပ်သွားလေသည်။

"အား...."

"ဘိုးဘေး...ငါ မှားသွားတယ်...ငါ မှားသွားပါတယ်...ငါ နောက်ကို ထပ်ပြီးမလုပ်ရဲတော့ပါဘူး"

သို့ရာတွင် သူ၏စကား အဆုံးသတ်သွားသောအချိန်မှာပင် ထက်ရှသောစွမ်းအားလှိုင်းတစ်လှိုင်းက သူ၏ဝမ်းဗိုက်အောက်ပိုင်းကို ထွင်းဖောက်သွားသည်။

သူ့၏ဒန်တျန် ပျက်စီးသွားလေပြီ။

သူသည် အမှိုက်ကောင်တစ်ကောင်အဖြစ်သို့ ရောက်ရှိသွားလေ၏။

"အား...."

ချန်းချောင်သည် စူးရှနာကျင်စွာအော်ဟစ်ကာ ခွေးသေတစ်ကောင်အလား မြေပြင်ပေါ် ပုံလျက်သားလဲကျသွားသည်။

ချန်းဝူသည် ချန်းချောင်အား လျစ်လျူရှုထားလေ၏။

သူ့ထံ၌ မရေမတွက်နိုင်သောမျိုးဆက်များ ရှိနေသဖြင့် မိသားစုကို မည်သူဦးဆောင်သည်ဖြစ်စေ ပြဿနာမရှိချေ။သို့ရာတွင် ဤကဲ့သို့ ငတုံးငအတစ်ကောင်မှ မိသားစုကိုဦးဆောင်နေပါက မျိုးတုံးပျောက်ကွယ်ခြင်းအဖြစ်သို့ ဦးတည်သွားပေမည်။

မူလက ကြီးကျယ်ခမ်းနားခြင်း အရှိန်အဝါများရှိသည့် ချန်းချောင်သည် ကျင့်ကြံဆင့်ဖျက်ဆီးခံလိုက်ရသည်ကို မြင်တွေ့ချိန်၌ တခြားလူများအားလုံး ပို၍ထိတ်လန့်ကြောက်ရွံ့သွားသည်။သူတို့အားလုံးသည် အသက်ရှုမမှန်တော့ဘဲ မြေပြင်ပေါ်၌လဲလျောင်းနေကာ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် သတိလစ်သွားလုနီးပါးပင်။

"အမှိုက်ကောင်တွေ....မင်းတို့အားလုံး မင်းတို့ရဲ့လက်တွေကို ဖြတ်လိုက်ကြစမ်း...ဒါ့ပြင် မင်းတို့ရဲ့နောက်မှာရှိတဲ့မိသားစုတွေလည်းဟကောင်းကင်တိမ်တိုက်မြို့ကနေ ထာဝရထွက်သွားရလိမ့်မယ်....နောင်အနာဂတ်မှာ မင်းတို့တွေ မြို့ထဲကိုခြေတစ်လှမ်းချရဲတာနဲ့ ဘာသနားညှာတာမှုမှမရှိဘဲ ငါက သတ်ပစ်မယ်"

ရေခဲတမျှအေးစက်သောအသံ ထွက်ပေါ်လာပြီးနောက် ထိုလူများအားလုံးကို စီရင်ချက်ချလိုက်သည်။

သူတို့အားလုံးသည် လျှပ်စီးမိုးကြိုးဖြင့်ရိုက်ခတ်ခံရသည့်အလား မြေပြင်ပေါ်၌ တောင့်တင်းသွားတော့သည်။

ဤသည်မှာ သူတို့၏နောက်တွင်ရှိနေသောမိသားစုများမှပိုင်ဆိုင်သည့် ကောင်းကင်တိမ်တိုက်မြို့အတွင်းရှိ အခြေခံအုတ်မြစ်များအားလုံးကို စွန့်လွှတ်ရသည်နှင့် တူညီပေ၏။

သို့ရာတွင် သူတို့သည် ဘက်မှား၍ရပ်တည်မိကာ သံပြားကြီးကိုကန်မိမည်ဟု မည်သူက တွေးထင်မိမည်နည်း။

ယခုအချိန်တွင် တစ်ဖက်လူသည် သူတို့အား တိုက်ရိုက်သတ်ဖြတ်ခြင်း မပြုသည်ကပင်ကံကောင်းသည်ဟု ယူဆနိုင်သည်။

"တကယ်တော့ မင်းတို့လည်း အပါအဝင်ပဲ"

ထိုအချိန်မှာပင် ချန်းဝူက ကြောင်စီစီဖြစ်နေသော အဒေါ်ကြီးလျှူနှင့်လျှူချင်းချင်းတို့နှစ်ယောက်ကိုကြည့်ကာ ပြောဆိုသည်။

လျှူသားအမိနစ်ယောက်လုံး၏မျက်နှာ​များ ဖြူရော်သွားကာ မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သားလဲကျသွားတော့သည်။

ဤလူများအားလုံးကို ဖြေရှင်းပြီးနောက် ချန်းဝူက မျက်နှာချိုသွေးသောအမူအယာဖြင့် စုပိုင်ထံသို့ လျှောက်လှမ်းလာသည်။

"စီနီယာ...မင်း စိတ်ကျေနပ်ရဲ့လား"

ချန်းဝူက အပြုံးနှင့်ပြောဆိုသည်။

"တကယ်လို့ စီနီယာ စိတ်မကျေနပ်ဘူးဆိုရင် ငါက အခုချက်ချင်း သူတို့အားလုံးကို သတ်ပစ်လိုက်မယ်"

"ဒီလောက်ဆိုရင် လုံလောက်ပြီ"

မည်သို့ပင်ဆိုစေကာမူ စုပိုင်သည် ဤလူများ အပြစ်ပေးခံရသည်ကို မြင်တွေ့ပြီးနောက် သူ ဤကိစ္စကို ထပ်မံ၍အလွန်အကျွံ့မလုပ်လိုတော့ချေ။

ထိုမြင်ကွင်းကိုကြည့်ပြီး ချန်းဝူက စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

သူ့ကိုကြည့်ရသည်မှာ အပေါ်ယံ၌တည်ငြိမ်အေးဆေးနေပုံရသော်လည်း အမှန်အားဖြင့် သူ့၏အဝတ်အစားများတွင် ဇောချွေးများဖြင့်ရွှဲနစ်နေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် စုပိုင်သည် နောက်ဆုံး၌ စိတ်ကျေနပ်သွားခဲ့လေပြီ။

စုပိုင်သည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် စိတ်ဝင်စားခြင်းမရှိတော့သဖြင့် ထွက်ခွာသွားရန်ပြင်လိုက်သည်။

"စုပိုင် ခဏနေပါအုံး"

ထိုအချိန်မှာပင် အဒေါ်ကြီးလျှုသည် လျှူချင်းချင်းကိုဆွဲခေါ်လာကာ သူ၏နောက်မှ အလျှင်အမြန်လိုက်လာပြီး အော်ဟစ်လိုက်သည်။

"စုပိုင် ကျေးဇူးပြုပြီးတော့ ငါတို့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်....ငါတို့က ကောင်းကင်တိမ်တိုက်မြို့ကနေ ထွက်မသွားချင်ဘူး"

"ငါတို့က ကောင်းကင်တိမ်တိုက်မြို့မှာနေလာတာ နှစ်အများကြီးကြာနေပြီ....နောက်ဆုံးကျမှ ငါတို့မိသားစုက အခြေခံအုတ်မြစ်တချို့ ရလာနိုင်ခဲ့တယ်...တကယ်လို့ ငါတို့ထွက်သွားရမယ်ဆိုရင် နှစ်တွေအများကြီးကြာတဲ့အထိ ငါတို့ ပင်ပင်ပန်းပန်းကြိုးစားခဲ့တာတွေအားလုံး အ​ချည်းနှီးဖြစ်သွားလိမ့်မယ်"

စုပိုင်က အဒေါ်ကြီးလျှူကို တစ်ချက်ကြည့်ပြီးနောက် လျစ်လျူရှုလိုက်၏။

ဤမြင်ကွင်းကိုကြည့်ပြီး အဒေါ်ကြီးလျှူသည် အလျှင်အမြန်ပြေးလာကာ စုပိုင်၏အဝတ်အစားများကိုဆွဲပြီး အော်ဟစ်လေသည်။

"စုပိုင် နင် ဒီလောက်ထိ နှလုံးသားမမဲ့သင့်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် ချင်းချင်းက နင့်ရဲ့ငယ်ချစ်ဦးပဲလေ"

"ငယ်ချစ်ဦးလား"

စုပိုင်က အဒေါ်ကြီးလျှူကိုကြည့်ပြီး အပြုံးနှင့်ပြောဆိုသည်။

"တကယ်လို့ သူက ငါ့ရဲ့ငယ်ချစ်ဦးဖြစ်နေရင်တောင် သူက သစ္စာဖောက်ခဲ့တဲ့လူမဟုတ်လား...ဘာလို့ ခင်ဗျားက ဒီနေရာမှာလာပြီး ရယ်စရာစကားတွေပြောနေတာပဲ"

"အော် ဒါက ငါတို့ရဲ့အပြစ် မဟုတ်ဘူး...နင်က ဒီလောက်ထိအစွမ်းထက်တယ်ဆိုတာ ငါတို့ မသိခဲ့ဘူးလေ"

အဒေါ်ကြီးလျှူက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"တကယ်လို့ မင်းက အရမ်းအစွမ်းထက်တယ်ဆိုတာ ငါ သိခဲ့ရင် ငါက မင်းကို ချင်းချင်းနဲ့လက်ထပ်ပေးခဲ့မိမှာပဲ"

ထိုစကားကိုပြောဆိုရင်း အဒေါ်ကြီးလျှူသည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် ပျာပျာသလဲပြောဆိုသည်။

"မင်း ချင်းချင်းကို ချစ်နေတုန်းပဲမဟုတ်လား...ငါ သူ့ကို မင်းနဲ့လက်ထပ်ပေးမယ်"

"ချင်းချင်း မင်းရဲ့သဘောထားကို မြန်မြန်ပြောလိုက်စမ်း...မင်း သူ့ကို ချစ်နေတုန်းပဲဆိုတာ မြန်မြန်ပြောလိုက်စမ်း"

လျှူချင်းချင်းသည် အဒေါ်ကြီးလျှူ၏ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။

သို့ရာတွင် လျှူချင်းချင်း စကားပြောဆိုရန်ဟန်ပြင်လိုက်သောအချိန်မှာပင် စုပိုင်က သူ၏လက်ကိုဝှေ့ယမ်း၍ ကြားဖြတ်ဟန့်တားလိုက်၏။

"ဘာမှ ထပ်ပြောနေဖို့ မလိုတော့ဘူး။

စုပိုင်က ပေါ့ပေါ့ပါးပါးပြောဆိုသည်။

"ဒီလိုစကားအတုအယောင်တွေပြောဖို့ မလိုတော့ဘူး...ငါတို့က အစကတည်းက တစ်ယောက်နဲ့တစ်ယောက် ဘာမှမဆိုင်တော့ဘူး"

"မင်းတို့က ဆိုးသွမ်းခဲ့တယ်ဆိုပေမယ့် အရမ်းယုတ်မာတဲ့အဆင့်ထိ မရောက်သေးဘူး...အတိတ်မှာပတ်သက်ခဲ့တဲ့ မျက်နှာကိုထောက်ပြီးတော့ မင်းတို့ရဲ့လက်တွေကိုဖြတ်လိုက်မယ်ဆိုရင် ငါ ကျေနပ်ပြီ"

ထိုသို့ပြောဆိုပြီးနောက်;သူသည် နံဘေးတစ်ဖက်တွင်ရှိနေသော ချန်းဝူကိုကြည့်လိုက်သည်။

"တခြားလူတွေကိုတော့ မင်း ကြိုက်သလိုစီရင်လို့ရတယ်"

ထို့နောက် စုပိုင်သည် လျှူသားအမိကို လုံးလုံးလျားလျားလျစ်လျူရှုကာ တံခါး၏ပြင်ပသို့ တိုက်ရိုက်လျှောက်လှမ်းလိုက်တော့သည်။

"အိုး...စီနီယာ ဘာလို့ ဒီလောက်မြန်မြန်ကြီး ထွက်သွားတာလဲ"

"ဒီနေရာမှာ နည်းနည်းကြာကြာနေပါအုံးလား"

"ဘာလို့ ထွက်သွားမှာလဲ"

"စီနီယာ တကယ်လို့ ငါက တားမရရင်လည်း မင်းကိုလိုက်ပို့ပါ့မယ်"

ချန်းဝူသည် ခွေးတစ်ကောင်အလား စုပိုင်၏နောက်မှ လိုက်သွားတော့သည်။

သူတို့နှစ်ယောက် ခြံဝန်းအတွင်းမှ ထွက်ခွာသွားသည်ကိုကြည့်ပြီး လျှူသားအမိတစ်ယောက်သည် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သားလဲကျသွားတော့သည်။သူမတို့၏မျက်နှာအမူအယာများ ပျက်ယွင်းနေကာ သူမတို့၏စိတ်နှလုံးသားများအတွင်း၌ နောင်တများဖြင့်ပြည့်နှက်နေသည်။

"တကယ်လို့ စုပိုင်မှာ ခုလိုခွန်အားမျိုးရှိတယ်ဆိုတာ ငါ သိခဲ့ရင် အစကတည်းက စုပိုင်ကိုသစ္စာဖောက်ဖို့ ရွေးချယ်ခဲ့မှာမဟုတ်ဘူး...ဒါဆိုရင် အခုချိန်မှာ ငါတို့တွေ ခုလိုအဖြစ်မျိုးနဲ့ ကြုံရမှာမဟုတ်ဘူး"

သို့ရာတွင် ဤလောကကြီးအတွင်း၌ နောင်တကိုကုသရန် ဆေးမရှိချေ။

...

စုပိုင်နှင့်ချန်းဝူသည် ရှေ့ဆင့်နောက်ဆင့်ထွက်လာခဲ့လေ၏။ချန်းဝူ မည်မျှထိဖြောင့်ဖျသည်ဖြစ်စေ စုပိုင်သည် ဤနေရာ၌နေရန် အနည်းငယ်မျှရည်ရွယ်ချက်မရှိချေ။သူ၏စိတ်အတွင်း၌ သူသည် ဂိုဏ်းသို့ပြန်သွားကာ သခင်လေးရီဖုန်းအတွက် စားစရာတစ်ခုရှာရန်သာ စဉ်းစားတွေးတောနေသည်။

သို့ရာတွင်...

သူ ထွက်ခွာလုဆဲဆဲအချိန်တွင် ထူးခြားသောစွမ်းအားလှိုင်းတလှိုင်းကို သတိပြုမိသွားသည်။

သူသည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်၏။

"စီနီယာ ဘာဖြစ်လို့လဲ"

နောက်တွင်ရှိနေသော ချန်းဝူသည် စုပိုင်ကို ဝင်တိုက်မိမလိုဖြစ်သွားသဖြင့် နံဘေးသို့ရှောင်တိမ်းကာ အလျင်စလိုမေးမြန်းလိုက်သည်။

"ဒါက နတ်ဆိုးသားရဲတစ်ကောင်ရဲ့အရှိန်အဝါ မဟုတ်လား"

စုပိုင်က သူ၏ခေါင်းကိုတိမ်းစောင်းကာ မေးမြန်းသည်။

"အမှန်ပဲ...ဒါက ငါ့ရဲ့မိတ်ဆွေအပ်ထားတဲ့ ရောင်စုံကလေးငယ်ပါ...အခက်အခဲတချို့ကြောင့် သူက အဲ့ဒီသားရဲကို ငါ့ဆီမှာ အချိန်ခဏလောက်အပ်ထားခဲ့တယ်...စီနီယာက တကယ့်ကိုဆရာကြီးလို့ ခေါ်ဆိုခံရဖို့ ထိုက်တန်ပါတယ်...ဒီနတ်ဆိုးသာရဲကိုတောင် အာရုံခံနိုင်တယ်...စီနီယာက တကယ့်ကိုထက်မြက်တာပဲ"

ချန်းဝူက ချီးမွမ်းမြှောက်ပင့်စကားများကို အဆက်မပြတ်ပြောဆိုလေသည်။

ရောင်စုံကလေးငယ်ဟူသော စကားကိုကြားချိန်၌ စုပိုင်၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သွားသော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

ရောင်စုံကလေးငယ်...

ပစ္စည်းကောင်းလေး...

ဤသည်မှာ အလွန်ထူးဆန်းသော နတ်ဆိုးသားရဲတစ်ကောင်ပင်။ထိုနတ်ဆိုးသားရဲ၏ခွန်အားသည် မြင့်မားခြင်းမရှိသော်လည်း အလွန်ထူးဆန်းသောမျိုးနွယ်ဖြစ်သည်။

သူသည် သခင်လေး စားရန်အတွက် အသစ်အဆန်းတစ်စုံတစ်ခု မရရှိမည်ကို စိုးရိမ်ပူပန်နေခဲ့သည်။ထိုအချိန်မှာပင် ဤသားရဲ ထွက်ပေါ်လာခဲ့ပေ၏။

Chapter 759

"ငါက သူရဲ့နတ်ဆိုးသားရဲကိုလိုချင်တယ်...ဒါကြောင့် မင်းရဲ့သူငယ်ချင်းကို ဒီနေရာဆီလာပေးဖို့ မင်း ပြောပေးနိုင်မလား"

စုပိုင်က ချန်းဝူကိုကြည့်ကာ ပြောဆိုသည်။

"တကယ်တော့ ဒီအပေးအယူအတွက် ငါ့ရဲ့ခွန်အားနဲ့လုပ်နိုင်တဲ့ ဘယ်ကိစ္စကိုမဆို ငါ သူ့ကိုကူညီပေးနိုင်တယ်"

"ဒါက...."

"ကောင်းပြီလေ....ငါက အခုချက်ချင်း ငါ့သူငယ်ချင်းဆီ ဆက်သွယ်လိုက်မယ်"

ချန်းဝူက ချက်ချင်းသဘောတူလိုက်၏။

မည်သို့ပင်ဆိုစေကာမူ သူ၏အမြင်အရ ရောင်စုံကလေးငယ်သည် အဖိုးတန်သော်လည်း စုပိုင်၏ခွန်အားနှင့် လုပ်ဆောင်နိုင်သော တစ်စုံတစ်ခုဖြင့် လဲလှယ်နိုင်မည်ဆိုပါက သူ၏မိတ်ဆွေအတွက် ထိုက်တန်မည်မှာသေချာပေါက်ပင်။

ထို့ပြင် သူသည်လည်း ဤကိစ္စမှတစ်ဆင့် အကျိုးကျေးဇူးတချို့ရရှိနိုင်သည်။

သန့်စင်ခြင်းတစ်ရာဂိုဏ်း....

တံခါးပိတ်ကျင့်ကြံနေသော အကြီးအကဲဝမ်ယွဲ့သည် ထိုသတင်းကိုရရှိချိန်၌ ကောင်းကင်တိမ်တိုက်မြို့သို့ အပြေးသွားခဲ့သည်။

ချန်းဝူနှင့်တူညီစွာ သူသည်လည်း အစစ်အမှန်အင်မော်တယ်တစ်ယောက်ပင်။

ထို့ပြင် သန့်စင်ခြင်းတစ်ရာဂိုဏ်းနှင့်ကောင်းကင်တိမ်တိုက်မြို့သည် မနီးမဝေးအကွာတွေရှိနေသောကြောင့် တစ်နာရီမပြည့်မီမှာပင် သူ ရောက်ရှိလာခဲ့သည်။

အကြီးအကဲဝမ်ယွဲ့ ကောင်းကင်တိမ်တိုက်မြို့သို့ ရောက်ရှိလာသည် ချန်းဝူက စားသောက်ပွဲတစ်ခုဖြင့် တည့်ခင်းဧည့်ခံလိုက်၏။

"စီနီယာ သောက်ကြစို့....ငါတို့က မင်းကို အရမ်းလေးစားမိတယ်"

အတိုချုပ်မိတ်ဆက်ပေးပြီးနောက် ချန်းဝူသည် ယဉ်ကျေးသိမ်မွေ့စွာဖြင့်ပြောဆိုကာ သူတို့နှစ်ယောက်၏လက်အတွင်းမှ ဝိုင်အရက်ခွက်များကို တပြိုင်နက်တည်းမြှောက်လိုက်ကြသည်။

"ငါက စီနီယာတစ်ယောက် မဟုတ်ပါဘူး...ငါ့နာမည်က စုပိုင်"

စုပိုင်က ပြောဆိုသည်။

"စီနီယာစု"

ချန်းဝူတို့နှစ်ယောက်သည် သူတို့၏စကားအသုံးအနှုန်းကို အလျှင်အမြန်ပြောင်းလဲလိုက်သည်။

"လိုရင်းအချက်ကို ပြောကြရအောင်"

စုပိုင်က စိတ်မရှည်စွာ ပြောဆိုသည်။

"ငါက အလျင်လိုနေတယ်....ဒါကြောင့် ငါ့ကို ပွင့်ပွင့်လင်းလင်းပြောပါ...မင်း ငါ့ကို ရောင်စုံကလေးငယ်ပေးဖို့အတွက် မင်း ဘာတွေကို တောင်းဆိုချင်လဲ"

"အင်း"

ဝမ်ယွဲ့က စုပိုင်ကို တစ်ချက်စောင်းပဲကြည့်ပြီးနောက် သူ၏လက်အတွင်းရှိ ဝိုင်အရက်ခွက်ကို အောက်သို့ချလိုက်သည်။

သူသည် မူလက ထိုကိစ္စအကြောင်းကို စုပိုင်နှင့် ယဉ်ကျေးသိမ်မွေ့စွာ တဖြည်းဖြည်းတိုင်ပင်ဆွေးနွေးလိုခဲ့သည်။သို့ရာတွင် စုပိုင်သည် ပြောင်ပြောင်တင်းတင်း ဖွင့်ဟပြောဆိုသည်ကိုကြည့်ပြီး သူသည်လည်း လိုရင်းအချက်ကိုသာပြောရန် ဆုံးဖြတ်လိုက်သည်။

"စီနီယာက အဲ့ဒီရောင်စုံကလေးငယ်ကို လိုချင်တယ်ဆိုရင် မဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ဘူး...စီနီယာက ငါ့အတွက် ကိစ္စတစ်ခုလုပ်ပေးဖို့ လိုအပ်ရုံလေးပဲ"

ဝမ်ယွဲ့က ပြောဆိုသည်။

"မင်း ဆက်ပြောပါ"

စုပိုင်က တုံ့ပြန်သည်။

"ဒါက ဒီလိုပါ....ငါရဲ့အစ်ကိုကြီးက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်တုန်းက ထန်ရှန်းတောင်တန်းမှာ လျှို့ဝှက်နယ်မြေတစ်ခုကို သွားပြီးရှာဖွေခဲ့တယ်...သူက အဲ့ဒီနေရာမှာရှိတဲ့ ရှေးဟောင်းဝင်္ကပါတစ်ခုကို မတော်တဆထိတွေ့မိပြီးတော့ လှောင်ပိတ်မိနေခဲ့တယ်"

ဝမ်ယွဲ့က စကားတစ်လုံးခြင်းပြောဆိုသည်။

"ဒီနှစ်တွေအတွင်းမှာ ငါ့ရဲ့အစ်ကိုကြီးကိုကယ်တင်ဖို့အတွက် ငါက နည်းလမ်းတွေအများကြီးကို စဉ်းစား​တွေးတောခဲ့တယ်...ငါ ဘာကိုမှမလုပ်ဆောင်နိုင်ခဲ့ပေမဲ့ အဲ့ဒီဝင်္ကပါကို ချိုးဖျက်နိုင်မယ့် အဓိကသော့ချက်ကိုတော့ ရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်"

"အဲ့ဒီဝင်္ကပါကို ခင်းကျင်းထားတာက တခြားသာမန်ဝင်္ကပါတွေနဲ့ မတူဘူး...ငါတို့က ဝင်္ကပါမျက်လုံးကို ရှာတွေ့တာနဲ့ ကြီးမားတဲ့စွမ်းအားကိုအသုံးပြုပြီးတော့ ဝင်္ကပါကို ချိုးဖျက်လို့ရတယ်"

"ဒါကြောင့် စီနီယာက ငါ့ကိုကူညီပြီးတော့ ငါ့ရဲ့အစ်ကိုကြီးကို ကယ်တင်ပေးစေချင်တယ်"

ထိုသို့ပြောဆိုပြီးနောက် ဝမ်ယွဲ့က ဦးညွှတ်အရိုအသေပြုလိုက်သည်။

စုပိုင်၏မျက်လုံးအကြည့် ရွေ့လျားသွားကာ သူက မေးမြန်းလိုက်၏။

"အဲ့ဒီဝင်္ကပါကို ချိုးဖျက်ဖို့အတွက် စွမ်းအားပမာဏ ဘယ်လောက်များများလိုအပ်တယ်ဆိုတာ ငါ သိလို့ရမလား"

ဝမ်ယွဲ့က အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ပြောဆိုသည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်လောက်က ငါက ငွေကြေးတချို့ကို အသုံးပြုပြီးတော့ ဝင်္ကပါကိုချိုးဖျက်ဖို့အတွက် အစစ်အမှန်အင်မော်တယ် တတိယအဆင့်မှာရှိတဲ့ ကျင့်ကြံသူသုံးယောက်ကို ငှားရမ်းခဲ့တယ်...ဒါပေမဲ့ သူတို့ရဲ့ပူးပေါင်းတိုက်ခိုက်မှုနဲ့တောင် ဝင်္ကပါကို လှုပ်ခတ်စေရုံပဲရှိတယ်....ဒါကြောင့် အဲ့ဒီဝင်္ကပါကိုချိုးဖျက်ဖို့အတွက် အစစ်အမှန်အင်မော်တယ် ပဉ္စမအဆင့် ဒါမှမဟုတ် ဒဿမအဆင့်မှာရှိတဲ့ ကျင့်ကြံသူတွေ လိုအပ်မယ်လို့ ငါ ခန့်မှန်းမိတယ်"

"ဒါပေမယ့် အတိအကျကိုတော့ မသိနိုင်ဘူး"

ထိုသို့ပြောဆိုပြီးနောက် ဝမ်ယွဲ့က စိတ်လှုပ်ရှားစွာဖြင့် စုပိုင်ကိုကြည့်လေသည်။

စုပိုင်သည် အလွန်သန်မာအားကောင်းသည်ဟု သူ သိရှိထားသည်။သို့ရာတွင် စုပိုင်၏စွမ်းအားအတိုင်းအဆ မည်မျှထိရှိသည်ကို သူ မသိရှိချေ။

မည်သို့ပင်ဆိုစေကာမူ အစစ်အမှန်အင်မော်တယ်များကြား၌ အကယ်၍ အဆင့်တစ်ဆင့်ကွာခြားနေလျှင်ပင် ကွာဟချက် အလွန်ကြီးမားသည်။

သူသည် အစစ်အမှန်အင်မော်တယ် ပဉ္စမအဆင့်မှဒသမအဆင့်​ကြား ကျင့်ကြံသူတစ်ယောက်ကိုလိုအပ်နေပေ၏။စုပိုင်ထံ၌ ထိုကဲ့သို့ခွန်အားမျိုးရှိမရှိ သူ မသိရှိချေ။

သို့ရာတွင် စုပိုင်သည် တံခါး၏ပြင်ပသို့ လျှောက်လှမ်းသွားပြီဖြစ်ကြောင်း သူ မြင်တွေ့မိသည်။ထို့နောက် စုပိုင်က သူတို့နှစ်ယောက်ကိုကြည့်ကာ အော်ဟစ်လေသည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ...သွားကြစို့လေ"

"ဘာ...."

"ဘယ်ကိုလဲ"

ဝမ်ယွဲ့သည် ချက်ချင်းအသိဝင်လာခြင်းမရှိပေ။

"မင်းက မင်းရဲ့အစ်ကိုကြီးကို ကယ်မလို့မဟုတ်လား"

စုပိုင်က မေးမြန်းသည်။

ဝမ်ယွဲ့သည် ကြက်သေသေသွားကာ စုပိုင်ကိုကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလေ၏။

"အခု....အခုချက်ချင်း သွားမလိုလား"

"မဟုတ်ရင် ငါက ဘာလုပ်ရမှာလဲ"

စုပိုင်က တုံ့ပြန်အဖြေပေးသည်။

စုပိုင်သည် တိုက်ရိုက်သဘောတူညီခဲ့ရုံသာမက ထွက်ခွာသွားရန်ပင် ဟန်ပြင်နေမည်ဟု သူ မျှော်လင့်ထားမိခြင်းမရှိချေ။

ဤသည်မှာ အလွန့်အလွန် စိတ်မြန်လက်မြန်ဖြစ်နေသည်မဟုတ်လော...

သူသည် ယခုအချိန်၌ အဆင်သင့်မပြင်ဆင်ရသေးချေ။

"ဒါက...ဘယ်လိုပဲဖြစ်ဖြစ် ဝင်္ကပါကိုချိုးဖျက်တယ်ဆိုတာ ကိစ္စကြီးတစ်ခုပဲလေ...ဒါကြောင့် မင်း ပြင်ဆင်ဖို့တော့ လိုအပ်တယ်မဟုတ်လား"

ဝမ်ယွဲ့က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

"မင်း အထောက်အပံ့ပစ္စည်းတချို့ကို မလိုအပ်တော့ဘူးလား...ဒါ့ပြင် မင်းရဲ့အကောင်းဆုံးအခြေအနေမှာရှိနေတဲ့ နေ့တနေ့ကို မင်း ရွေးချယ်ဖို့လိုတယ်မဟုတ်လား"

"အချိန်မရှိဘူး"

စုပိုင်က မိုးကောင်းကင်ယံကိုမော့ကြည့်ကာ ပြောဆိုသည်။

"စောစောပြန်ရမယ်...ငါက ညစာချက်ဖို့အတွက် အချိန်မီပြန်ရလိမ့်မယ်"

ညစာချက်ရန်ဟု ဆိုသလော...

ဝမ်ယွဲ့သည် ကြက်သေသေသွားလေ၏။

သို့ရာတွင် သူ ထပ်မံ၍ ရှည်ရှည်ဝေးဝေးမေးမြန်းဝံ့ခြင်းမရှိချေ။စုပိုင်၏ စိတ်မရှည်မှုများမြင့်တက်လာသောမျက်နှာကိုကြည့်ပြီး သူက အံ့တင်းတင်းကြိတ်ကာ မတ်တတ်ထရပ်လိုက်တော့သည်။

"ကောင်းပြီလေ....ဒါဆိုရင်လည်း စီနီယာရဲ့စကားကို လိုက်နာပါ့မယ်...ငါတို့ သွားကြရအောင်"

မကြာမီမှာပင် ဝမ်ယွဲ့သည် ရှေ့မှလမ်းပြကာ ချန်းဝူနှင့်စုပိုင်တို့က နောက်မှလိုက်ပါခဲ့ကြသည်။

သူတို့သုံးယောက်သည် ထန်ရှန်းတောင်တန်းထံသို့ ဦးတည်၍ပျံသန်းခဲ့ကြသည်။

သူတို့သုံးယောက်လုံးသည် အစစ်အမှန်အင်မော်တယ်များဖြစ်သဖြင့် အချိန်တစ်နာရီခန့်အကြာတွင် ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။

ထန်ရှန်းတောင်တန်းသည် မဟာတောင်တန်းကြီးဟု ခေါ်ဆိုခံရရန် ထိုက်တန်သည်။

ဤနေရာတွင် ထူးဆန်းသောကျောက်ဆောင်များရှိပြီး တောင်ထိပ်များသည် တိမ်စိုင်များအတွင်းသို့ ထွင်းဖောက်နေသည်အထိ မြင့်မားနေပေ၏။လူအများသည် အကြည်တချက်ဖြင့် ရှေ့သို့ကြိုမြင်နိုင်စွမ်း ရှိမည်မဟုတ်သောကြောင့် မမြင်နိုင်သော ကြီးလေးသည့်ဖိအားအရှိန်အဝါကို ခံစားရပေမည်။

ဤလျှို့ဝှက်နယ်မြေသည် မည်ကဲ့သို့ဖြစ်သည်လာသည်ဟူသောအချက်ကို မည်သူမျှရမသိရှိချေ။

သို့ရာတွင် ထန်ရှန်းတောင်တန်းသည် အလွန်ကြီးမားကျယ်ပြန့်ကာ မြင့်မားသည့်တောင်ထိပ်များနှင့် နက်ရှိုင်းသောချောက်နက်ကြီးများ မရေမတွက်နိုင်အောင် ရှိနေသောကြောင့် ကြီးမားသည့်အန္တရာယ်များနှင့်အခွင့်ကောင်းများ တစ်ချိန်တည်းတွင် ပုန်းကွယ်နေသည်။

ထို့ကြောင့် သိုင်းပညာနယ်မြေအတွင်းတွင်ရှိသော ကျင့်ကြံသူများအမြောက်အများသည် စူးစမ်းလေ့လာရန်အတွက် ဤနေရာသို့ ရောက်ရှိလာလေ့ရှိသည်။

မကြာမီမှာပင် သူတို့သုံးယောက်သည် တောင်တစ်လုံး၏ခြေရင်းသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာသို့ရောက်ရှိလာချိန်၌ သူတို့သည် ဝင်္ကပါ၏လှုပ်ခတ်မှုကို ခပ်ဖျော့ဖျော့အာရုံခံမိသည်။

"စီနီယာ...ငါ့ရဲ့အစ်ကိုကြီးက ဒီတောင်အောက်မှာ ပိတ်မိနေတယ်...ဒီဝင်္ကပါကိုချိုးဖျက်ဖို့အတွက် ငါတို့က ဒီတောင်ကို ဖျက်ဆီးဖို့လိုအပ်လိမ့်မယ်"

ဝမ်ယွဲ့သည် ထိုစကားများကိုပြောဆိုနေချိန်၌ အလေးအနက်ထားစပြုလာသည်။

သူသည် ဤနေရာသို့ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ရောက်ရှိလာခဲ့ပြီးဖြစ်သည်။သို့ရာတွင် သူသည် ဤတောင်ကို တစ်ကြိမ်တစ်ခါ​မျှ ဖျက်ဆီးနိုင်ခဲ့ခြင်းမရှိချေ။

"ငါ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တဲ့အတွေ့အကြုံတွေအရဆိုရင် ဒီတောင်ကိုဖြိုခွဲဖို့အတွက် အသုံးပြုရမယ့်နည်းလမ်းက အရမ်းအရေးကြီးတယ်...ဒီတောင်ရဲ့ပုံသဏ္ဍာန်အရဆိုရင် တကယ်လို့ ငါတို့က တောင်ရဲ့နောက်ကျောကနေ တိုက်ခိုက်မယ်ဆိုရင် ဖိအားတွေအများကြီးလျော့ပါးသွားနိုင်တယ်"

ထိုသို့ပြောဆိုပြီးနောက် ဝမ်ယွဲ့က ရှေ့မှဦးဆောင်၍ လမ်းပြလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

ဤတောင်ကိုမြင်တွေ့ချိန်၌ စုပိုင်၏ခွန်အား မြင့်မားသည်ကို သူ သိရှိထားသည့်တိုင် သူ၏စိတ်နှလုံးသားအတွင်း၌ ဝေခွဲရခက်သောခံစားချက်များ ပေါက်ဖွားလာသည်။

အကြောင်းအရင်းမှာ ဤတစ်ကြိမ်တွင် အလွန်ကသုတ်ကရိုက်နိုင်သဖြင့် သူ အနည်းငယ်မျှပြင်ဆင်ခဲ့ရခြင်း မရှိသောကြောင့်ပင်။

အကယ်၍ သူ ယခင်က ကြိုသိခဲ့ပါက စုပိုင်ကို ဤနေရာသို့ အလျင်စလိုမလာရောက်ရန် ပြောဆိုခဲ့မိပေမည်။အကယ်၍ တစ်လခန့်အချိန်ယူ၍ပြင်ဆင်ပါက အောင်မြင်နိုင်ချေ ပို၍မြင့်မားသွားပေမည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင်....

သူ၏နောက်မှ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။

ဘုန်း...

သူ ထိတ်လန့်တကြားဖြင့် နောက်သို့ပြန်လှည့်ကြည့်လိုက်ရာ စုပိုင်က လက်ညှိုးတချက် ညွှန်ပြလိုက်သည်ကို သူ မြင်တွေ့မိသည်။

ထို့နောက် ဘုန်းခနဲမြည်သံနှင့်အတူ တောင်တစ်တောင်လုံး ပေါက်ကွဲသွားတော့သည်။

Chapter 760

တောင်ပြိုလဲသွားပြီးနောက်....

ဝမ်ယွဲ့သည် သူ၏မျက်လုံးကို အကြိမ်ပေါင်းများစွာပွတ်တိုက်လိုက်သည်။သူသည် ကြက်သေသေနေကာ စုပိုင်ကိုစူးစိုက်ကြည့်ပြီး သူ၏အောက်မေးရိုးများ ပြုတ်ကျလုမတတ်ပင်။

"အစွမ်းထက်လိုက်တာ...."

လက်ညှိုးတစ်ချောင်း....

လက်ညှိုးတစ်ချောင်းသာ အသုံးပြုခဲ့သလော....

ဤသည်မှာ မည်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားမျိုး ဖြစ်သနည်း...

အနည်းဆုံးအနေဖြင့် စီနီယာထံတွင် အစစ်အမှန်အင်မော်တယ် ဒဿမအဆင့်စွမ်းအားမျိုး ရှိနေပေမည်။

ဤကဲ့သို့ လူတစ်ယောက်၏ရှေ့တွင် သူသည် ပြင်ဆင်မှုများပြုလုပ်ရန် လိုအပ်ကြောင်း ပြောဆိုနေသည်မှာ အလွန်ရယ်ရွှင်ဖွယ်ကောင်းသည်မဟုတ်လော...

ဤသည်မှာ သူ့အား အလွန်အရှက်ရစေသည်။

သို့ရာတွင် သူ အရှက်ရသည့်အပြင် တစ်ချိန်တည်းမှာပင် သူ၏စိတ်နှလုံးသားအတွင်း၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကာ သူ၏မျက်လုံးအတွင်းမှ မျက်ရည်များယိုစီးကျတော့လုမတတ်ပင်။

နှစ်ပေါင်းထောင်နှင့်ချီ၍ကြာမြင့်ပြီးနောက် သူ၏အစ်ကိုကြီးသည် နောက်ဆုံး၌ အလင်းရောင်ကို ပြန်လည်၍မြင်တွေ့ခွင့်ရခဲ့လေပြီ။

နံဘေးတစ်ဖက်တွင်ရှိနေသော...

ချန်းဝူသည် သူ၏တင်ပါးကို သူလက်ဖြင့်တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ သူ၏နဖူးပြင်မှ ဇောချွေးများ ယိုစီးကျနေသည်။ သူ၏စိတ်နှလုံးသားအတွင်းရှိ တုန်လှုပ်ချောက်ချားမှုကို သူ စကားလုံးဖြင့်ဖော်ပြရန်ပင်မစွမ်းတော့ချေ။

"အန္တရာယ်များတယ်...ဒါက အရမ်းအန္တရာယ်များတယ်....ကံကောင်းလို့သာပဲ ဒီတကြိမ်မှာ ငါက ခွေးတစ်ကောင်လို ကပ်ဖားရက်ဖားလုပ်နိုင်ခဲ့တယ်...မဟုတ်ရင် ငါတို့ချန်းမိသားစုက အခုချိန်မှာ ဆက်ပြီးတည်ရှိနိုင်တော့မှာမဟုတ်ဘူး"

"ကောင်းပြီလေ....ဝင်္ကပါက ပျက်စီးသွားပြီ"

စုပိုင်က သူ၏လက်ညှိုးကို ပြန်လည်ရုပ်သိမ်းပြီးနောက် ပေါ့ပေါ့ပါးပါးပြောဆိုသည်။

"မင်းတို့ တခြားကိစ္စတွေကို လုပ်လိုက်တော့...ငါက ရောင်စုံကလေးငယ်ကို ငါ့ဟာငါသွားယူလိုက်တော့မယ်...ငါက ညစာအမှီ ပြန်ရလိမ့်မယ်"

သူတို့နှစ်ယောက်သား ဆွံ့အသွားသည်။

စုပိုင်ကိုကြည့်ရသည်မှာ အသေးအမွှားကိစ္စတစ်ခုကို ပြောဆိုနေသည့်အလားပင်။

သို့ရာတွင် စုပိုင်၏ယခုလက်ရှိခွန်အားကို ကြည့်ခြင်းအားဖြင့် ဤသည်မှာ အမှန်တကယ်ဖြစ်ပုံရသည်။

ထိုအချိန်မှာပင် ဝမ်ယွဲ့က တစ်စုံတစ်ခုကိုစဉ်းစားတွေ့သောမိသဖြင့် အလျင်စလိုအော်ဟစ်လိုက်သည်။

"စီနီယာ ရောင်စုံကလေးငယ်ဆိုတာ အဲ့ဒီသားရဲရဲ့ နာမည်ဆိုပေမယ့် အဲ့ဒီကောင်က ကောင်းတဲ့သားရဲတကောင် မဟုတ်ဘူး...သူ့ရဲ့အကျင့်စရိုက်က အရမ်းယုတ်မာကောက်ကျစ်တယ်...သူက သခင်ကိုတောင် အလွယ်တကူပြန်သတ်နိုင်တယ်...ဒါကြောင့် စီနီယာက အဲ့ဒီသားရဲကို ယူသွားမယ်ဆိုရင် ကျေးဇူးပြုပြီးတော့ ဂရုစိုက်ပါ"

"ဒါကပြဿနာမရှိဘူး...ဒီနေ့ညပဲ ငါက အဲ့ဒီသားရဲကို စွတ်ပြုတ်လုပ်လိုက်မယ်"

စုပိုင်သည် မိုးကောင်းကင်ယံကို တစ်ချက်မော့ကြည့်ပြီးနောက် သူ ထပ်မံ၍အချိန်ဆွဲမရတော့ကြောင်း သိရှိသွားသည်။ဤသည်မှာ ညစာချက်ရန်အတွက် အလွန်နောက်ကျနေလေပြီ။

ထိုကြောင့် စုပိုင်သည် စကားဆုံးသည်နှင့် အဝေးသို့ပျံသန်းခဲ့တော့သည်။

သူတို့နှစ်ယောက်သည် လေပြင်းများကြောင့် ဖရိုဖရဲဖြစ်ကျန်ခဲ့ကာ မျက်လုံးအပြူးသားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

"ရောင်စုံကလေးငယ်ကို စွပ်ပြုတ်လုပ်မှာလား"

ချန်းဝူ၏မျက်နှာ ရှုံမဲ့သွားသည်။

"ငါ နားကြားများမှားတာလား"

...

စုပိုင်သည် ကောင်းကင်တိမ်တိုက်မြို့သို့ ‌ပြန်ရောက်ပြီးနောက် ရောင်စုံကလေးငယ်ကိုတစ်ချက်တည်းဖြင့် ရိုက်သတ်လိုက်တော့သည်။

ရောင်စုံကလေးငယ်သည် သေဆုံးသွားပြီးနောက် မူလခန္ဓာကိုယ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။ထိုသားရဲ၏ပုံပန်းသွင်ပြင်သည် အမွှေးများ အရောင်အသွေးစုံလင်သည်မှလွဲ၍ ဘဲတစ်ကောင်နှင့်တူညီကာ နှစ်ပေါင်နီးပါး အချိန်စီးသည်။

ဤသည်မှာ စုပိုင်ကို အလွန်အမင်းစိတ်ကျေနပ်သွားစေသည်။

နောက်ဆုံး၌ သခင်လေးရီဖုန်းစားရန်အတွက် ကောင်းမွန်သောတစုံတစ်ခု ရရှိလာလေပြီ။

ထိုကြောင့် သူသည် အလွန်ပျော်ရွှင်စွာဖြင့် သန့်စင်ခြင်းတစ်ရာဂိုဏ်းသို့ ပြန်ခဲ့တော့သည်။

ခြံဝန်းအတွင်း၌ ရီဖုန်းသည် ခြေချိတ်ထိုင်နေကာ နေဝင်နေသည်ကိုကြည့်ပြီး သူ၏မျက်လုံးများ မှေးစင်းသွားသည်။

သူသည် သူ၏ဗိုက်ကို ပုတ်လိုက်၏။သူ အနည်းငယ်ဆာလောင်နေလေပြီ။

အစေခံတပည့်လေးစုပိုင် အပြင်သို့သွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း မည်သည်ကြောင့် ပြန်ရောက်မလာသေးသနည်း။

စုပိုင်၏စွမ်းအားကြီးချင်ယောင်ဆောင်မှု ကျရှုံးသွားခဲ့သလော....

သူ ထိုသို့စဉ်းစားတွေးသောနေစဉ်မှာပင် စုပိုင်သည် အဝေးတစ်နေရာမှနေ၍ အပြေးပြန်လာခဲ့သည်။

"သခင်လေး...သခင်လေး...."

"ငါ ပြန်လာပြီ"

စုပိုင်က စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်၏။

"ဘယ်လိုဖြစ်သွားလဲ"

ရီဖုန်းက အပြုံးနှင့်မေးမြန်းသည်။

"ဒါ....ဒါက...."

စုပိုင်က သူ့၏ခေါင်းကိုကုတ်ကာ ရှက်ကိုးရှက်ကန်းအမူအယာဖြင့် ပြောဆိုသည်။

"ငါ့ကို ဓားကောင်းတလက်နဲ့ မြင့်မားတဲ့ကျင့်ကြံဆင့်အခြေခံပေးခဲ့တဲ့အတွက် သခင်လေးကို ကျေးဇူးတင်ပါတယ်...ဒီတစ်ကြိမ်အောင်မြင်မှုရခဲ့တာက ငါ့ကို အရမ်းဂုဏ်ယူဝံ့ကြွားစေတယ်"

"ငါ့ရဲ့ရည်းစားဟောင်းက ငါ အခုအရမ်းအစွမ်းထက်တာကိုမြင်ပြီးတော့ နောင်တရနေတယ်"

"ဒါပေမဲ့ အခုအချိန်မှာ ငါက သူ့ကို မလိုချင်တော့ဘူး"

"ဟား ဟား ဟား ဟား...."

ထိုစကားကိုကြားချိန်တွင် ရီဖုန်းသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ ပြောဆိုသည်။

"မင်း အဲ့ဒီလိုတုံ့ပြန်ခဲ့တာ အရမ်းကောင်းတယ်....မင်းက သူ့ကို လျစ်လျူရှုထားနိုင်ခဲ့တယ်...ငါက မင်းကို ခုလိုမျိုးမာနနဲ့ နေစေချင်ခဲ့တာပဲ"

"တကယ်လို့ ငါ့ရဲ့ကျင့်ကြံဆင့်ကြောင့်သာမဟုတ်ရင် အခုချိန်မှာ ငါက အစေခံတပည့်လေးတစ်ယောက် ဖြစ်နေအုံးမှာပဲ"

"တကယ်တော့ ငါက အခုချိန်ထိလည်း သခင်လေးရဲ့အစေခံပါပဲ"

"ငါ ကျိန်ဆိုတယ်...စုပိုင်ဆိုတဲ့ငါက ဒီဘဝတလျှောက်လုံးမှာ သခင်လေးအတွက် ဓားတောင်ကိုပဲတက်ရပါစေ မီးပင်လယ်ကိုပဲကျော်ဖြတ်ရပါစေ တာဝန်ထမ်းဆောင်ပါ့မယ်"

ထိုသို့ပြောဆိုပြီးနောက် စုပိုင်က မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။

"မင်း ဘာလုပ်တာလဲ"

ရီဖုန်းက စုပိုင်ကိုအလျင်စလိုတွဲထူပြီး ပြောဆိုသည်။

"အဲ့ဒီကျင့်ကြံဆင့်အခြေခံလေးနည်းနည်းက တကယ့်ကိုပဲ ဘာမှမဟုတ်ဘူး...မင်းက ဘာလို့ ဒီလောက်ထိ ကိန်းကြီးခန်းကြီးလုပ်နေဖို့ လိုမှာလဲ"

"သခင်လေးအတွက် ဒါက ကျင့်ကြံဆင့်အခြေခံလေးနည်းနည်းဆိုပေမယ့် ဒီနိမ့်ကျတဲ့လူအတွက်ကတော့ ငါရဲ့ကံကြမ္မာတစ်ခုလုံးကို ပြောင်းလဲသွားစေတယ်"

စုပိုင်က အခိုင်အမာပြောဆိုလိုက်၏။

"ဒါက အရမ်းယဉ်ကျေးလွန်းနေပြီ...အရမ်းကို ယဉ်ကျေးလွန်းနေပြီ"

ရီဖုန်းက သူ၏ခေါင်းကိုခါယမ်းကာ အပြုံးနှင့်တုံ့ပြန်သည်။

"စကားမစပ် သခင်လေး...ငါက ဒီသားရဲကို မင်္ဂလာပွဲအခမ်းအနား ပြီးတဲ့အချိန်မှာ တွေ့ခဲ့တယ်....သခင်လေးက ဒါကိုစားချင်မယ်လို့ ငါ တွေးမိတာကြောင့် ဒီနေရာကို ယူလာခဲ့တယ်"

ထိုသို့ပြောဆိုပြီးနောက် စုပိုင်က ရောင်စုံကလေးငယ်ကို မြှောက်ပြလိုက်သည်။

"အမ်...."

ရီဖုန်း၏မျက်လုံးများ တောက်ပသွားသည်။

ဤအစေခံတပည့်လေးသည် အမှန်တကယ်ကိုဉာဏ်ကောင်းပေ၏။

သူသည် စွမ်းအားမကြီးချင်ယောင်ဆောင်ပြီး ရည်းစားဟောင်း၏မင်္ဂလာပွဲသို့ သွားခဲ့သည့်အပြင် ပြန်ရောက်လာချိန်၌ တစ်ဖက်လူ၏ဘဲကို ယူဆောင်လာနိုင်ခဲ့သည်။

သူတို့နှစ်ယောက်သည် ချက်ချင်းဆိုသလိုပင် ချက်ပြုတ်ရန်အတွက် ပြင်ဆင်လိုက်ကြတော့သည်။

"စုပိုင် ဆက်ပြီးချက်ပြုတ်ဖို့က မင်းရဲ့တာဝန်ပဲ"

ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။

"ကောင်းပါပြီ သခင်လေး"

စုပိုင်က ရိုသေလေးစားစွာ ခေါင်းညိတ်ပြပြီးနောက် ယနေ့မင်္ဂလာပွဲသို့သွားရန်အတွက် သူ ဝတ်ဆင်ထားသော အဝတ်အစားသစ်များကို အစေခံတပည့်ဝတ်စုံနှင့် တဖန်ပြန်၍လဲလှယ်လိုက်သည်။ထို့နောက် သူသည် ချက်ပြုတ်ရန်အတွက် အလုပ်ရှုပ်နေတော့သည်။

ရောင်စုံကလေးငယ်၏ အမွှေးများကိုနှုတ်ကာ ခုတ်ထစ်ပြီးနောက် အချိန်တိုအတွင်းမှာပင် ခြံဝန်းအတွင်း၌ သင်းပျံသောရနံ့တခု မျောလွင့်လာသည်။

ရီဖုန်းသည် အနည်းငယ်မြည်းစမ်းကြည့်ပြီးနောက် ထိုဟင်းလျာသည် အလွန်အရသာရှိကြောင်း တွေ့ရှိမိသည်။

သူသည် စုပိုင်ကို မချီးမွမ်းဘဲမနေနိုင်တော့ချေ။

သူတို့နှစ်ယောက်သည် အတူတကွပျော်ရွှင်စွာစားသောက်နေကြစဥ်တွင် ဝမ်ယွဲ့သည် သူ၏အစ်ကိုကြီးကို နေရာထိုင်ခင်းအတည်တကျဖြစ်အောင် စီစဉ်ပေးပြီးနောက် သန့်စင်ခြင်းတစ်ရာဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာသည်။

သူ၏အစ်ကိုကြီးသည် ဒုက္ခအမြောက်အများ ခံစားခဲ့ရသည်ကို သူ ပြန်လည်တွေးတောမိချိန်တွင် အိပ်မက်တစ်ခုမက်ခဲ့သည့်အလား သူ ခံစားနေရဆဲပင်။

သူတို့သည် သာမန်သေမျိုးမိသားစုတစ်စု၌ မွေးဖွားလာခဲ့ကာ သူတို့ငယ်ရွယ်စဉ်အချိန်ကတည်းက မိဘများသေဆုံးသွားခဲ့သည်။ သူ၏အစ်ကိုကြီးသည် သူ့ထက် နှစ်အနည်းငယ်သာ အသက်ပို၍ကြီးသော်လည်း သူ့အပေါ်တွင်အဖေတယောက်အလား ဆက်ဆံခဲ့သည်။သူ ငယ်ရွယ်စဉ်ကလေးဘဝ‌၌ အစ်ကိုကြီးသည်တောင်းရမ်းကာ သူ့အား ကျွေးမွေးပြုစုခဲ့လေ၏။

နောက်ပိုင်းတွင် သူတို့နှစ်ယောက်ထံ၌ ကျင့်ကြံခြင်းပါရမီအရည်အချင်းရှိကြောင်း ရှာဖွေတွေ့ရှိခဲ့၍သာ သူတို့၏အခြေအနေများ ပြောင်းလဲသွားခဲ့သည်။သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ကျင့်ကြံနေစဉ်အတောအတွင်း၌လည်း သူ၏အစ်ကိုကြီးသည် သူ့အား ကောင်းမွန်စွာစောင့်ရှောက်ကာ ကျင့်ကြံခြင်းအရင်းအမြစ်ကောင်းဟူသမျှကို သူ့အား ပေးအပ်ခဲ့သည်။

အစ်ကိုကြီးသည် ထန်ရှန်းတောင်တန်းအတွင်း၌ လှောင်ပိတ်မိနေစဉ်အချိန်မှာပင် သူ လိုအပ်သောအရာများကို ရှာဖွေနေဆဲပင်။

ထိုကြောင့် ထန်ရှန်းတောင်တန်းအတွင်း၌ လှောင်ပိတ်မိနေသော သူ၏အကိုကြီးအတွက် သူ လွန်ခဲ့သောနှစ်များအတွင်း၌ ကောင်းမွန်စွာညအိပ်မပျော်ခဲ့ချေ။

သို့ရာတွင် ယနေ့၌ ထိုဝင်္ကပါကြီး လွယ်လွင့်တကူပျက်စီးသွားမည်ဟု သူ မျှော်လင့်မထားမိပေ။

သူသည် စုပိုင်၏လက်ညှိုးကို ပြန်လည်တွေးတောမိချိန်၌ သူ၏စိတ်နှလုံးသားအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေဆဲပင်။

ဤသည်မှာ အလွန်နှမြောဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။

ထိုအချိန်တုန်းက သူသည် စိတ်လှုပ်ရှားမှုနှင့်ထိတ်လန့်တုန်လှုပ်မှုတို့ကိုသာ ခံစားနေခဲ့ရသည်။ထိုကြောင့် သူသည် စီနီယာကို ကျေးဇူးတင်စကားပြောဆိုရန်အတွက် အချိန်မရခဲ့ချေ။သူသည် စီနီယာနှင့် ပြောဆိုဆက်ဆံခဲ့ရခြင်းမရှိမှုအတွက် သူ ပို၍နောင်တရနေမိသည်။

အကယ်၍ နောင်တစ်ချိန်၌ သူသည် စီနီယာစုနှင့်ထပ်မံ၍တွေ့ဆုံခွင့်ရပါက ကျေးဇူးတင်စကား သေချာပေါက်ပြောဆိုရပေမည်။

သို့ရာတွင် စိတ်ပျက်ဖို့ကောင်းသည်မှာ....

သူ၏ဘဝတွင် ဤကဲ့သို့ အဆင့်အတန်းမြင့်သော စီနီယာစုနှင့် တဖန်ပြန်၍တွေ့ဆုံရန် အခွင့်အရေးမရတော့မည်ကို သူ စိုးရိမ်မိသည်။

သူ သက်ပြင်းတချက် ရှိုက်လိုက်၏။

ထိုနောက် သူ၏ခေါင်းကိုအနည်းငယ်မော့ကာ သူ၏အိမ်တော်ထံသို့ လျှောက်လှမ်းလိုက်သည်။

ထိုအချိန်မှာပင် မလှမ်းမကမ်းအကွာအကွာမှနေ၍ အ​စေခံတပည့်လေးတစ်ယောက် ဖြတ်သန်းသွားသည်ကို သူ မြင်တွေ့မိသည်။

All Chapters