အခန်း (၂၅၁-၂၅၅)
Vol. 17 Ch. 251-255
Chapter 251
"မင်း ထင်တာမှန်တယ်...ဒါက မင်း တွေးထင်ထားတဲ့အတိုင်းပဲ"
ခွေးက စကားပြောဆိုရင်း လီရီဟန်ကိုကြည့်လိုက်သည်။
"ဘာလို့လဲဆိုတော့ မနက်ဖြန်ကျရင် ငါက နတ်ဆိုးအင်ပါယာတစ်ယောက်လည်း ဖြစ်သွားနိုင်လို့ပဲ"
လီရီဟန်၏နှလုံးခုန်နှုန်းများမြန်သွားကာ သူမ၏ဟန်ချက်ပျက်သွားပြီး မြေပြင်ပေါ်သို့လဲကျသွားလုမတက်ပင်။
"အော် ဒါနဲ့...ငါ့ကို စီနီယာလို့မခေါ်နဲ့...ငါ့ကိုစကားမပြောနဲ့"
ထိုအချိန်မှာပင် ခွေးက သူမကို သတိပေးလေသည်။
"ဘာလို့လဲဆိုရင် မင်း မှတ်ထားရမှာက ငါတို့တွေက သာမာန်သေမျိုးတစ်စုပဲ....ငါက ခွေးတစ်ကောင်သက်သက်ပဲ"
ထိုသို့ပြောဆိုပြီးနောက်...
ခွေးသည် ရှေ့မှဦးဆောင်ပြီး ယာယီစခန်းသို့ပြန်လိုက်၏။
လီရီဟန်တစ်ယောက်တည်း စိတ်ရှုပ်ထွေးစွာဖြင့် မတ်တတ်ရပ်နေမိသည်။
သေမျိုးတစ်စု...
ခွေးတစ်ကောင်...
အမှန်တကယ်ကို ရယ်ရွှင်ဖွယ်ကောင်းပေ၏။
...
ထင်းရလာပြီးနောက် အရာအားလုံးအဆင်သင့်ပြင်ဆင်ပြီးဖြစ်သဖြင့် ရီဖုန်းသည် မီးစမွှေးကာ မြွေသားစွပ်ပြုတ်ကို စတင်၍ချက်ပြုတ်လိုက်သည်။
"ဆေးပင်တချို့တော့ ထပ်ထည့်ရမယ်"
စားသောက်ဖွယ်ရာများ အထူးသဖြင့် ဤကဲ့သို့စွပ်ပြုတ်မျိုးကို ချက်ပြုတ်သည့်အချိန်တွင် ရီဖုန်းသည် နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သော အဆင့်တွင်ရှိသည့် သူ၏ဆေးပညာစွမ်းရည်ကို ပေါင်းစပ်အသုံးပြုရန် တစ်ကြိမ်တစ်ခါမျှ မမေ့လျော့ခဲ့ချေ။
အမှန်အားဖြင့်....
ခြုံငုံ၍ပြောဆိုရလျှင် ဆေးပညာစွမ်းရည်တွင် ကုသခြင်းသက်သက်မဟုတ်ဘဲ ဆေးဝါးဖော်စပ်ခြင်းစွမ်းရည်လည်း ပါဝင်သည်။ ထို့ပြင် အပ်စိုက်ခြင်း အရိုးဆက်ခြင်း အစရှိသဖြင့် အံ့အားသင့်ဖွယ်အရာအမျိုးမျိုးလည်း ကျယ်ပြန့်စွာရှိနေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ထိုပညာရပ်များအားလုံးသည် နာမကျန်းမှုကိုကုသခြင်း ဒဏ်ရာများကိုကုသခြင်းတို့နှင့် ဆက်စပ်နေသည်။
ထို့ကြောင့် ဤသည်မှာ ဆေးပညာစွမ်းရည်တစ်ခုတည်းဖြစ်ပုံရသော်လည်း ပညာရပ်နယ်ပယ်အမြောက်အများကို လွှမ်းခြုံထားသည်။
"အံ့အားသင့်စရာပဲ..."
"ဒါက ငါ့ရဲ့ဟင်းချက်အတွေ့အကြုံကို ဘယ်လောက်ထိတိုးတက်သွားစေနိုင်မလဲဆိုတာ ငါ မသိဘူး"
ရီဖုန်းသည် အိုးဖုံးကိုမကာ မွှေးရနံ့ကို ရှုရှိုက်ကြည့်ပြီးနောက် စိတ်ကျေနပ်စွာပြုံးလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် စနစ်မှထုတ်ပြန်ထားသော တာဝန်တချို့ကို သတိရသွားသည်။
ယခင်တာဝန်များဖြစ်သော ဇီသာ စစ်တုရင် လက်ရေးလှစာလုံးနှင့်ပန်းချီပညာရပ်တို့တွင် စစ်တုရင်ပညာရပ်တစ်ခုတည်းကသာ နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်သို့ မရောက်ရှိသေးချေ။
နောက်ထပ်တာဝန်များဖြစ်သော ဝိုင်ဖော်စပ်ခြင်း လဖက်ရည်ဖျော်စပ်ခြင်း ပန်းပုနှင့် တခြားပညာရပ်နယ်များကမူ ပို၍ပင်နိမ့်ကျနေသည်။ ထိုပညာရပ်နယ်ပယ်များအနက်မှ မည်သည့်တစ်ခုမျှ နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သောအဆင့်သို့ မရောက်ရှိသေးချေ။
"တစ်ကြိမ်ကို တစ်ဆင့်စီကြိုးစားတာပေါ့....ဒါပေမယ့် တကယ်လို့ အခွင့်အရေးရရင် တခြားအရာတွေထက် စစ်တုရင်စွမ်းရည်ကို ကျွမ်းကျင်လာအောင် ငါ အရင်ဆုံးလုပ်ရမယ်....ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီပညာရပ်နယ်ပယ်လေးမျိုးထဲမှာ တစ်မျိုးပဲကျန်နေတာက ငါ့ကို စိတ်မသက်မသာဖြစ်စေတယ်"
ရီဖုန်းက တိုးညှင်းစွာ ရေရွတ်လိုက်သည်။
မကြာမီမှာပင် မြွေသားစွပ်ပြုတ် ချက်ပြုတ်ပြီးလေပြီ။
လူတိုင်းထံတွင် တောက်ပသောမျက်လုံးများရှိနေသည်။ လီရီဟန်ပင်လျှင် သူမ၏တံတွေးများကို မျိုချနေလေ၏။
ကျုးရုံကဲ့သို့လူမျိုးပင်လျှင် မည်သည့်လှုပ်ရှားမှုမျိူးကိုမျှ မပြုလုပ်ဝံ့ချေ။ သူမသည် ဤကဲ့သို့စွပ်ပြုတ်တစ်ခွက်ကိုစားသောက်ရန် မမျှော်လင့်ဝံ့သဖြင့် သိနားလည်စွာ နံဘေးတစ်ဖက်သို့ ရွှေ့ထိုင်လိုက်သည်။
"မင်းတို့ ဘာလို့စိုက်ကြည့်နေကြတာလဲ...ယဥ်ကျေးမနေကြနဲ့...စားကြလေ"
ရီဖုန်းက အော်ဟစ်လေသည်။
"ဘာလဲ ..ငါကိုယ်တိုင် မင်းတို့ကို ထည့်ကျွေးရမှာလား"
"ကျေးဇူးတင်ပါတယ် ဆရာကြီး"
လူတိုင်းသည် ပန်းကန်လုံးတစ်လုံးစီယူကာ စွပ်ပြုတ်ကို ခပ်ထည့်လိုက်ကြ၏။
စိတ်ဝိညာဥ်စွမ်းအားများ ဗလုံစီနေကာ အမျိုးမျိုးသောသိုင်းပညာစိတ်ဆန္ဒများ ပါဝင်နေသော စွပ်ပြုတ်ကိုကြည့်ပြီး ဤအချိန်အခိုက်အတန့်တွင် လူတိုင်း၏မျက်လုံးများ တောက်ပသွားသည်။
"ဒီစွပ်ပြုတ်တစ်ပန်းကန်ကို သောက်ပြီးရင်...ငါတို့က သိုင်းသူတော်စင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားနိုင်မှာကို ငါ စိုးရိမ်မိတယ်"
ဝူယုံဟုန်က တီးတိုးပြောဆိုကာ လုသရှန်း စွန်းကျူးကဲ ချူးရှစ်ခွမ်းတို့နှင့် အကြည့်ချင်းဖလှယ်လိုက်သည်။
အမှန်အတိုင်းပြောဆိုရလျှင် အဓိကအသားအဖြစ် ဒုတိယဘဝနတ်ဆိုးအင်ပါယာကိုသုံးထားသည့်အပြင် နတ်ဘုရားများနှင့်ယှဥ်ပြိုင်နိုင်သော ရီဖုန်း၏ဆေးစွမ်းအားများလည်း ပါဝင်နေသောကြောင့် သူတို့သည် သိုင်းအင်ပါယာနယ်ပယ်သို့ တိုက်ရိုက်ချိုးဖျက်ဝင်ရောက်ရန်မှာ မဖြစ်နိုင်သောကိစ္စမဟုတ်ချေ။ ဤသည်မှာ သူတို့၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်ကြောင့် စုပ်ယူနိုင်သောစွမ်းအားပမာဏ အကန့်အသတ်ရှိနေသောကြောင့်ပင်။
သို့ရာတွင် ကျူးရုံနှင့်လူအိုကြီးဝမ်တို့သည် ပန်းကန်လုံးများကို သူတို့၏လက်များအတွင်း၌ အချိန်အတော်ကြာကိုင်ထားကာ မသောက်ဝံ့ကြချေ။
ဤမြွေသားစွပ်ပြုတ်ကို သောက်သုံးပြီးနောက် သူတို့သည် ဒုတိယဘဝသိုင်းအင်ပါယာနယ်ပယ်သို့ ရောက်ရှိသွားနိုင်ကြောင်း အကဲခတ်မိသည်။
သို့ရာတွင် နှစ်ဘဝသိုင်းအင်ပါယာနယ်ပယ်သို့ချိုးဖျက်ဝင်ရောက်ချိန်တွင် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး ရောက်ရှိလာပေမည်။
ဤကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် အသေးအမွှားကိစ္စမဟုတ်ချေ။ အကယ်၍ တစ်စုံတစ်ယောက်သည် သတိလက်လွတ်ဖြစ်သွားပါက သူ့၏စိတ်ဝိညာဥ် ကြေမွှပျက်စီးသွားပေလိမ့်မည်။ ထို့ကြောင့် တခြားသိုင်းအင်ပါယာများသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဖြတ်ကျော်ရန် ကြိုတင်ပြင်ဆင်မှုများကို အပြည့်အဝအသုံးပြုလေ့ရှိသည်။ ထို့ကြောင့် ယခုချိန်၌ သူတို့သည် လုံးလုံးလျားလျား ပြင်ဆင်ထားခြင်းမရှိသဖြင့် အနည်းငယ်မျှပင် ယုံကြည်ချက်မရှိချေ။
ထို့ပြင် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး ရောက်လာချိန်၌ ဆရာကြီး၏ သာမာန်သေမျိုးဘဝကိုအတွေ့အကြုံယူလိုသော မူလရည်ရွယ်ချက်ကို သက်ရောက်သွားနိုင်ချေရှိသည်။
"အမ်...မင်းတို့နှစ်ယောက်က...ဘာလို့မသောက်တာလဲ"
ထိုလူနှစ်ယောက်ကို ရီဖုန်းက မေးမြန်းလိုက်သည်။
ထို့နောက် ရီဖုန်းသည် သူတို့အားမျက်စောင်းထိုးကြည့်ကာ စိတ်မရှည်သောလေသံနှင့် ပြောဆိုသည်။
"မင်းတို့နှစ်ယောက်က ဘာတွေဟန်များနေတာလဲ...ဒီလောက် အိုးအကြီးကြီးကို...ငါက မင်းတို့ကို သောက်လို့ပြောရင် သောက်လိုက်ပေါ့"
"ကောင်းပြီလေ"
ထိုစကားကိုကြားချိန်တွင် သူတို့နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြ၏။
ဆရာကြီးသည် ထိုသို့ပြောဆိုလာသဖြင့် သူတို့ စိုးရိမ်ပူပန်နေသောကိစ္စနှင့်ပတ်သတ်၍ သူ့ထံတွင် အတွေးတစ်ခုရှိနေပေမည်။
မည်သို့ပင်ဆိုစေကာမူ သူတို့ မည်သည့်အရာအား တွေးတောသည်ကို ဆရာကြီး မည်သည်ကြောင့် မသိရှိဘဲနေမည်နည်း....
"ဝမ်ချိုင်...ဒီကိုလာအုံး...မင်းက သည်းခြေအိတ်ကိုစားလိုက်တော့"
ရီဖုန်းသည် မြွေသည်းခြေအိတ်ကိုဆုပ်ကိုင်ကာ ခွေးထံပစ်ပေးလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ခွေး၏မျက်လုံးများ တောက်ပသွားသည်။ ခွေးသည် ခုန်ထကာ ထိုသည်းခြေအိတ်ကိုတစ်လုတ်တည်းဖြင့် ဝါးမျိုပြီးနောက် စွပ်ပြုတ်ပန်းကန်လုံးနှစ်လုံးစာသောက်ကာ ရထားလုံးနောက်၌ ပုန်းအောင်းနေတော့သည်။
ရီဖုန်းသည် စွပ်ပြုတ်ကိုပန်းကန်လုံးအနည်းငယ်ခန့်သောက်ပြီးနောက် လီရီဟန်သည် ထောင့်တစ်နေရာ၌ တစ်ယောက်တည်းထိုင်နေကာ စွပ်ပြုတ်ကိုသောက်လိုပုံမရကြောင်း သူ မြင်တွေ့လိုက်ရသည်။
ရီဖုန်းသည် စွပ်ပြုတ်ပန်းကန်တစ်လုံးကို သူကိုယ်တိုင်ခပ်ထည့်ကာ သူမထံသို့ ယူသွားပေးလိုက်သည်။
"မိန်းကလေးလီ....တစ်ပန်းကန်လောက် သောက်ပါအုံး"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
လီရီဟန်၏မျက်နှာပေါ်တွင် ချက်ချင်းဆိုသလိုပင် အားတုံ့အားနာအမူအယာမျိုး ထင်ဟပ်လာသည်။ သူမသည် အလျင်စလိုမတ်တတ်ထရပ်ပြီး ထိုမြွေသားစွပ်ပြုတ်ကိုတစ်ချက်ကြည့်ပြီး တံတွေးမျိုချကာ ပြောဆိုလိုက်၏။
"ဆရာကြီး...ကျွန်မ...ကျွန်မနဲ့ မထိုက်တန်ပါဘူး...ဘာလို့ ရှင့်ဟာရှင် မသောက်တာလဲ"
ဒီမိန်းကလေး....
သူမသည် စွပ်ပြုတ်ကို အလွန်သောက်လိုသည်မှာ သိသာထင်ရှားသော်လည်း သူမကို ကြည့်ရသည်မှာ ရှက်ရွံနေပုံရသည်။
ထို့ပြင် ယခုချိန်၌ သူမသည် သူ့အားဆက်ဆံသည်မှာ ယခင်ထက် များစွာပို၍ ယဥ်ကျေးသိမ်မွေ့နေသည်။
ကြည့်ရသည်မှာ ယောက်ျားတစ်ယောက်တွင် အရည်အချင်းများရှိနေရန် လိုအပ်သည့်ပုံပင်။ အထူးသဖြင့် ဟင်းချက်စွမ်းရည်ကြောင့် ဤမိန်းကလေးသည် သူ့အား အမြင်သစ်နှင့်ကြည့်လာအောင် လုပ်ဆောင်နိုင်စွမ်းရှိလာသည်မှာ တိကျသေချာသည်။
ရီဖုန်းသည် သူမထံသို့ မြွေသားစွပ်ပြုတ်ကို အတင်းအကြပ် ပေးလိုက်သည်။
မြွေသားစွပ်ပြုတ်ကိုယူပြီးနောက် လီရီဟန်သည် ထိုပန်းကန်လုံးကို သူမ၏လက်နှစ်ဖက်ဖြင့် ကိုင်ထားကာ သူမ၏ခန္ဓာကိုယ်တုန်ရီနေသည်။
ဤသည်မှာ...
မိုးကောင်ကင်ကို ဆန့်ကျင်နေသော အခွင့်အရေးကောင်းကြီးပင်။
သူမသည် မည်သည်ကြောင့် ဤအရာမျိုးနှင့် ထိုက်တန်မည်နည်း...
ဆရာကြီးသည် ယခင်က သူမ၏အဆင်အခြင်မဲ့သောလုပ်ရပ်များကို တေးမှတ်မထားရုံသာမက သူသည် သူမကို ဤကဲ့သို့ကံကြမ္မာကောင်းကြီးကိုပင် ပေးနေမည်ဟု သူမ မျှော်လင့်မထားမိချေ။
ရီဖုန်း၏နောက်ကျောပြင်ကိုကြည့်ပြီး သူမက လေးလေးနက်နက် ဦးညွှတ်အရိုအသေပြုလိုက်သည်။
စွပ်ပြုတ်အနည်းငယ်ခန့် မြည်းကြည့်ပြီးနောက်...
သူမ၏ဒန်တျန်အတွင်း၌ စွမ်းအားများ တလိမ့်လိမ့်ထလာသည်ကို သူမ ခံစားမိသည်။ ရုတ်ချည်းဆိုသလိုပင် သိုင်းဘုရင်နယ်ပယ် အစောပိုင်းအဆင့်တွင်ရှိနေသော သူမသည် သိုင်းဧကရာဇ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်မည့် အတားအဆီးနေရာသို့ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။
"အင်း....ဆရာကြီး...ကျွန်တော်တို့ အလေးသွားစွန့်လိုက်အုံးမယ်"
ထိုအချိန်မှာပင် ဝူယုံဟုန်တို့လေးယောက်သည် ပျာပျာသလဲပြောဆိုကာ အဝေးရှိတောအုပ်ထံသို့ အပြေးသွားလိုက်ကြ၏။
"ကျွန်မ...ကျွန်မလည်း အလေးသွားစွန့်လိုက်အုံးမယ်"
လီရီဟန်သည်လည်း သူမ၏လက်အတွင်း၌ မြွေသားစွပ်ပြုတ်ပန်းကန်ကိုကိုင်ကာ အဝေးသို့ အလျှင်အမြန်ပြေးထွက်ခဲ့တော့သည်။
"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
ထိုလူတစ်စုကိုကြည့်ပြီး ရီဖုန်းသည် လုံးလုံးလျားလျား ဇဝေဇဝါဖြစ်သွားသည်။ သူသည် စွပ်ပြုတ်ပန်းကန်လုံးနှစ်လုံး သောက်ခဲ့လေရာ မည်သည်ကြောင့် သူ အဆင်ပြေနေသနည်း။
လူအိုကြီးများသည် မည်သို့ပင်ဆိုစေကာမူ အသက်အိုမင်းနေပြီဖြစ်သဖြင့် ဖြည့်စွက်စာများကို လက်မခံနိုင်သည်အား သူ နားလည်နိုင်သည်။
သို့ရာတွင် လီရီဟန်ကဲ့သို့ ကျင့်ကြံသူတစ်ယောက်သည်လည်း ဤသို့ဖြစ်သွားသဖြင့် သူ အလွန်ဇဝေဇဝါဖြစ်သွားသည်။
"အကိုကြီး....အကိုကြီး...ကျွန်တော်ကိုလည်း တစ်ပန်းကန်လောက်ပေးပါအုံး"
ထိုအချိန်မှာပင် မြေပြင်ပေါ်၌ထိုင်ကာ ကျောက်တုံးများကို ဆော့ကစားနေသော လုပမ်ဝေ၏အင်္ကျီလက်ကြားမှနေ၍ ကင်းခြေမျှားတစ်ကောင် တွားသွားထွက်လာကာ မျှော်လင့်စောင့်စားမှုများ ပြည့်နှက်နေသောမျက်နှာဖြင့် အလောသုံးဆယ်ပြောဆိုသည်။
"မင်းကလား...."
"မင်း နင်သေမှာကို မကြောက်ဘူးလား"
လုပမ်ဝေက မျက်မှောင်ကြုတ်လိုက်၏။
"ဒါဆို...ဒါဆိုရင် တစ်စက်လောက်ရော မရဘူးလား"
ကင်းခြေမျှားက မျက်နှာချိုသွေးကာ ပြောဆိုသည်။
"ကောင်းပြီလေ...မင်းက အရမ်းအားနည်းနေတယ်...မင်းရဲ့အဆင့်ကိုမြှင့်တင်ဖို့ လိုအပ်တယ်"
လုပမ်ဝေက ပြောဆိုကာ ရီဖုန်းသောက်ပြီးသော စွပ်ပြုတ်ပန်းကန်ကိုကောက်ယူကာ လက်ကျန်စွပ်ပြုတ်ရည်များအနက်မှတစ်စက်ကို ကင်းခြေမျှားအား ကျွေးလိုက်သည်။
"ဝိုး...."
"ကျွန်တော် ပျံသန်းနိုင်တော့မယ်...ကျွန်တော့်ဘဝရဲ့ အထွတ်အထိပ်အခြေအနေကို ရောက်သွားသလိုပဲ..အကိုကြီး...ကျွန်တော် အပေါ့သွားပြီးရင် ပြန်လာခဲ့မယ်"
စွပ်ပြုတ်ရည်တစ်စက် သူ၏ပါးစပ်အတွင်းသို့ ဝင်သွားပြီးနောက် ကင်းခြေမျှားက စိတ်လှုပ်ရှားစွာဖြင့်အော်ဟစ်ကာ ပြေးထွက်သွားတော့သည်။
ကျူးရုံနှင့်လူအိုကြီးဝမ်တို့သည် 'အလေးစွန့်သွားမည်'ဟုဆိုပြီး ပြေးထွက်သွားသူများကိုကြည့်ကာ အလွန်မနာလိုဖြစ်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ သိုင်းအင်ပါယာများဖြစ်သော သူတို့၏ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် တခြားလူများနှင့် ကွဲပြားခြားနားပေ၏။
ကျင့်ကြံဆင့်ချိုးဖျက်ချိန်၌ သူတို့၏ခန္ဓာကိုယ်များတွင် မည်သည့်စွမ်းအားမျှ ကျန်ရှိတော့မည်မဟုတ်ချေ။ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးမှလာသောစွမ်းအားသည် အမှန်တကယ်ကို ကြီးကျယ်ခမ်းနားသည်။ သူတို့၏လက်ရှိ ပြင်ဆင်ထားမှုအဆင့်ဖြင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ရင်ဆိုင်နိုင်မည်ဟု သူတို့ အမှန်တကယ်ကို ယုံကြည်ချက်မရှိချေ။
ထို့ကြောင့် သူတို့သည် ရီဖုန်း၏နံဘေး၌နေပြီး ရောက်ရှိလာမည့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဖြတ်ကျော်ရာ၌ သူတို့အား သူ ကူညီပေးမည်ကို မျှော်လင့်ရုံသာ တတ်နိုင်တော့သည်။
ထိုကိစ္စကို ဆရာကြီး မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းမည်ကိုမူ သူတို့ မသိရှိချေ။
ထို့ပြင် သမိုင်းစဥ်တလျှောက်၌ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကိုဖြတ်ကျော်ရာတွင် တခြားသူများမှ ကူညီပေးနိုင်သည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဖူးချေ။
ဘုန်း...ဘုန်း...
မိုးကောင်းကင်ယံအတွင်း၌ တိမ်တိုက်များတဝုန်းဝုန်းထလာကာ ကြီးမားသောစုပ်ဝဲကြီးနှစ်ခုအဖြစ် ပေါင်းစည်းသွားသည်။
သိသာထင်ရှားစွာပင်....
သူတို့၏ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး ရောက်ရှိလာလေပြီ။
Chapter 252
ရုတ်ချည်းဆိုသလိုပင် တိမ်မည်းများက မိုးကောင်းကင်ယံကို လွှမ်းခြုံသွားကာ ဖိနှိပ်ချုပ်ကိုင်နိုင်သောအရှိန်အဝါတစ်ရပ် ပျံ့နှံ့သွားသည်။
အချင်းဝက်မိုင်တစ်ထောင်အတွင်းရှိ မိုးကောင်းကင်ယံသည် အုံ့မှိုင်းသွားကာ မြေပြင်တပြင်လုံးပေါ်သို့ ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ် သက်ရောက်လာသောကြောင့် သက်ရှိအမြောက်အများ တုန်တုန်ရီရီဖြင့် ဝပ်တွားနေကြသည်။
"ဘာလို့ ရာသီဥတုက ရုတ်တရက်ကြီး ပြောင်းလဲသွားတာလဲ"
ရီဖုန်းက သူ၏ခေါင်းကို ခါယမ်းလိုက်၏။ ဤတစ်ကြိမ်တွင် သူသည် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အလွန်ကြီးမားသောထီးနှစ်လက်ကို ယူဆောင်လာသောကြောင့် သူ ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။
ဤနေရာမှ ပြင်ပသို့အလေးစွန့်ရန် ထွက်သွားသူများအတွက်မူ သူ အနည်းငယ်စိတ်မကောင်းဖြစ်မိသည်။
စွတ်စိုသောတောအုပ်အတွင်း၌ မိုးရေများအကြားတွင် အပေါ့အလေးသွားရမည်မှာ သက်တောင့်သက်သာမဖြစ်စေနိုင်ချေ။
ဟူး....
သူ ငုတ်တုတ်ထိုင်၍ အချိန်တခဏခန့် စောင့်ဆိုင်းရပေမည်။
"မင်းတို့တွေလည်း ထိုင်ကြလေ"
ရီဖုန်းက နူးညံညင်သာစွာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် သူတို့နှစ်ယောက်လုံး ခေါင်းညိတ်လိုက်သော်လည်း သူတို့၏မျက်လုံးအကြည့်များသည် မိုးကောင်းကင်ယံအတွင်းရှိ လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါပေါ်တွင်သာ ကျရောက်နေကာ အနည်းငယ်မျှပင် စိတ်အေးချမ်းမှုမရှိချေ။
တဖြည်းဖြည်းနှင့် သူတို့၏ခေါင်းများအထက်မှ တိမ်တိုက်များ တစတစ ပို၍ပို၍ ထူထပ်သိပ်သည်းလာသည်။
ထို့နောက် သူတို့နှစ်ယောက်၏နေမထိထိုင်မသာ အကြည့်များအောက်တွင် ရေပုံးတစ်ပုံးစာခန့်ထူထပ်သိပ်သည်းသော မိုးကြိုးလုံးနှစ်လုံးက တဖြည်းဖြည်းစုဝေးနေလေပြီ။
"အရမ်းကြောက်ဖို့ကောင်းတာပဲ"
သူတို့နှစ်ယောက်သည် ဦးရေပြားများတင်းကြပ်လာမှုကို ခံစားရကာ မည်သည့်ကြိုတင်ပြင်ဆင်မှုမျိုးမျှ မပြူလုပ်ထားသဖြင့် ဤအရာကို မည်ကဲ့သို့ရင်ဆိုင်ရမည်ကို သူတို့ မတွေးတောတက်ချေ။ သူတို့လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ရီဖုန်း လှုပ်ရှားမှုတစ်ခုပြုလုပ်မည်ကို မျှော်လင့်နေရန်သာပင်။
နောက်ဆုံး၌....
ထိုမိုးကြိုးလုံးများ ပို၍ပို၍ နီးကပ်လာလေပြီ။
သူတို့နှစ်ယောက်လုံး ရင်တမမဖြစ်နေသည်။
'ဆရာကြီး...မင်း ဘာလို့ ခုထိမလှုပ်ရှားသေးတာလဲ'
အရေးကြီးအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် မိုးမရွာမီ အစောပိုင်းက သူအသုံးပြုခဲ့သော မြွေသားစွပ်ပြုတ်အိုးကို လုံခြုံအောင်ဖုံးထားသင့်သည်ဟုတွေးတောက သူက ရုတ်တရက် ထီးအောက်မှထွက်လာသည်။
သို့ရာတွင် ရီဖုန်း ထီးအောက်မှခြေထောက်ထွက်လိုက်သည်နှင့် နိမ့်ဆင်းလာသောမိုးကြိုးနှစ်စင်း ပြင်းပြင်းထန်ထန် တုန်ခါသွားကာ ဆင်းသက်လာမှုအရှိန် သိသိသာသာ လျော့ကျသွားသည်။
ဤအချိန်အခိုက်အတန့်တွင် မိုးကြိုးနှစ်စင်းတွင် အသိဥာဏ်ပိုင်ဆိုင်ထားပုံရကာ ထိတ်လန့်ကြောက်ရွံနေကြသည်။
ဤလူသားသည် သူတို့အား ပင်ကိုသဘာဝအလျောက် တုန်လှုပ်ချောက်ချားစေသည့်အလားပင်။
ထို့နောက် ကျူးရုံနှင့်လူအိုကြီးဝမ်တို့၏ ထိတ်လန့်တုန်လှုပ်နေမှုအောက်တွင် ထိုမိုးကြိုးနှစ်စင်းသည် လေထုအတွင်း၌ တုန်ရီသွားကာ ဖျတ်ခနဲ ပျောက်ကွယ်သွားတော့သည်။
"ဒါက...."
ဤမြင်ကွင်းကြောင့် ကျူးရုံနှင့်လူအိုကြီးဝမ်တို့ ကြက်သေသေသွားသည်။
အကယ်၍ ရီဖုန်းသည် ဤကောင်းကင်ဘုံမိုးကြိုးကပ်ဘေးကို သူတို့ တောင့်ခံနိုင်စေရန် ကူညီပေးလျှင်ပင် သူတို့ အနည်းငယ်အင်အားစိုက်ထုတ်ရအုံးမည်ဟု ထင်မြင်ယူဆခဲ့သည်။
သို့ရာတွင် မိုးကောင်းကင်တာအိုကို ကိုယ်စားပြုသော ကောင်းကင်ဘုံမိုးကြိုးများသည် ဆရာကြီးကြောင့် ထိတ်လန့်ကြောက်ရွံကာ ထွက်ပြေးသွားမညဟု မည်သူက တွေးထင်မိမည်နည်း....
ဟူး...
ဤသည်မှာ မည်ကဲ့သို့ နတ်ဘုရားစွမ်းရည်မျိုးဖြစ်သနည်း....
ထိုအရာများသည် မိုးကောင်းကင်တာအို၏ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးပင်။
မိုးကောင်းကင်တာအိုမှ စေလွှတ်လိုက်သော ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများပင်လျှင် ထိတ်လန့်ကြောက်ရွံပြီး အဝေးသို့ထွက်ပြေးသွားလေရာ ဆရာကြီးထံတွင် မည်သည့်ကျင့်ကြံဆင့်နယ်ပယ်မျိုးရှိနေသနည်း....
သူတို့၏အသိပညာဗဟုသုတအတွင်းရှိ အမြင့်မားဆုံး ကျင့်ကြံဆင့်နယ်ပယ်သည် ဆရာကြီး၏ကျင့်ကြံဆင့် တစ်ထောင်ပုံတစ်ပုံပင် ရှိလိမ့်မည်မဟုတ်ဟု သူတို့ခံစားမိသည်။
ဤအချိန်အခိုက်အတန့်တွင်....
သူတို့နှစ်ယောက်၏ဒန်တျန်များထံတွင် ပြောင်းလဲမှုတချို့နှင့် ကြုံတွေ့နေရသည်ကို သူတို့ခံစားမိလေ၏။ သူတို့၏ခွန်အားများ အဆများစွာမြင့်တက်လာကာ မသိလိုက်မသိဘာသာဖြင့် သူတို့သည် ပိုင်နယ်နယ်မြေနှင့်ဆက်စပ်သော တစ်စုံတစ်ခုကို ဖမ်းဆုပ်မိလေပြီ။
သူတို့သည် အချိန်အတော်ကြာ ကြက်သေသေနေခဲ့သည်။
ဒုတိယဘဝသိုင်းအင်ပါယာနယ်ပယ် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဤကဲ့သို့ အလွန်လွယ်ကူစွာ ဖြတ်ကျော်နိုင်ခဲ့မည်ဟု သူတို့မျှော်လင့်မထားမိချေ။
ဆရာကြီးသည် အမှန်တကယ်ကို တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။
အချိန်တခဏကြာပြီးနောက် အစောပိုင်းက အပေါ့အပါးသွားသူများအားလုံး ပြန်လည်ရောက်ရှိလာကြသည်။ သူတို့၏အဆင့်ချိုးဖျက်မှုများသည် အချိန်တခဏထက်ပိုကြာသည်မှာ ဖြစ်ရိုးဖြစ်စဥ်ကိစ္စပင်။
သို့ရာတွင် သူတို့သည် ရီဖုန်းနှင့်အတူ ထွက်လာစဥ်ကတည်းက တိုတောင်းသောအချိန်စီးဆင်းမှုကို ထိန်းချုပ်နိုင်သည့် ဝင်္ကပါဖွဲ့စည်းပုံတစ်ခုကို သူတို့ပြင်ဆင်ခဲ့သည်။ သူတို့၏ကျင့်ကြံဆင့်ချိုးဖျက်မှုများကို ထိုဝင်္ကပါအတွင်း၌ ပြုလုပ်ပြီးနောက် ပြင်ပ၌ အချိန်နာရီဝက်ပင် ကုန်ဆုံးခြင်းမရှိသေးချေ။
သို့ရာတွင် နာရီဝက်ဆိုသောအချိန်ကာလသည် တိုတောင်းခြင်းရှိမနေဆဲပင်။
သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် ရီဖုန်းက ပြောဆိုသည်။
"မင်းတို့ချေးပါတာက တော်တော်လေးအချိန်ကြာတာပဲ...လိပ်ခေါင်းရောဂါဖြစ်မှာကို မင်းတို့မကြောက်ကြဘူးလား"
လူတိုင်း၏မျက်နှာအမူအယာများ ကို့ရိုးကားရားဖြစ်သွားသည်။
"ဆရာကြီး...ဒါက ငါတို့ရဲ့အမှားက...ငါတို့ တိုးတက်အောင်လုပ်မယ်...နောက်တစ်ကြိမ်ကျရင် ငါတို့ သေချာပေါက်တိုးတက်စေရမယ်"
ဝူယုံဟုန်တို့လူစုသည် အလျှင်အမြန် တောင်းပန်လိုက်ကြ၏။
ထိုအချိန်တွင် လီရီဟန်သည် ကြက်ကလေးတစ်ကောင်အလား ခေါင်းငိုက်စိုက်ကျနေကာ မည်သည့်စကားမျှ မပြောဆိုဝံ့ချေ။
အစောပိုင်းက ဝူယုံဟုန်တို့လူစု၏ခွင့်ပြုချက်ဖြင့် သူမသည်လည်း ဝင်္ကပါအတွင်းသို့ဝင်ရောက်ကာ သိုင်းသူတော်စင်လေးယောက်၏အဆင့်ချိုးဖျက်မှုကို သူမကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ ဤသည်မှာ သူမအား လုံလောက်စွာ ထိတ်လန့်တုန်လှုပ်စေခဲ့ပြီးလေပြီ။
သူမကိုယ်တိုင်သည်လည်း စွပ်ပြုတ်အနည်းငယ် သောက်သုံးရုံမျှဖြင့် သိုင်းဘုရင်နယ်ပယ်မှ သိုင်းဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
သို့ရာတွင် သူမသည် ထပ်မံ၍ မသောက်ဝံ့တော့ချေ။ သူမ၏ကျင့်ကြံဆင့်ဖြင့် အကယ်၍ ရီဖုန်းသည် စွပ်ပြုတ်အတွင်းမှ ဆေးစွမ်းအားများကို ယခုထက်ပို၍ပျော့အောင် ထိန်းညှိပေးလျှင်ပင် သူမ ပို၍ထိန်းထားနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် သူမသည် ကြွင်းကျန်သောစွပ်ပြုတ်များကို အိမ်သို့သယ်သွားရန်အတွက် ဘူးတစ်ဘူးအတွင်း၌ သိမ်းဆည်းလိုက်သည်။
"ကောင်းပြီလေ...ငါတို့ ခရီးဆက်သွားကြစို့"
ရီဖုန်းက မိုးကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ ရာသီဥတုအခြေအနေ မတည်ငြိမ်သေးသည့်တိုင် ယခုချိန်၌ မိုးထပ်မံ၍ရွာနိုင်ချေ မရှိတော့ဟု ထင်ရသဖြင့် သူသည် ခရီးဆက်သွားရန်အတွက် လူတိုင်းကိုတိုက်တွန်းလိုက်၏။
ပစ္စည်းများကို ထုတ်ပိုးပြီးနောက် လူတိုင်းသည် ထွက်ခွာရန်အတွက် ပြင်ဆင်ပြီးလေပြီ။
သူတို့ ထွက်ခွာခါနီးအချိန်တွင် ရီဖုန်းသည် အစပထမ၌ မြွေသားစွပ်ပြုတ်အိုးကို သယ်ဆောင်သွားလိုခဲ့သည်။ သို့ရာတွင် ထိုစွပ်ပြုတ်ကိုသောက်ပြီးနောက် လူတိုင်းဝမ်းပျက်သွားသည်ကို သူ အမှတ်သဖြင့် ထိုစွပ်ပြုတ်အိုးကို သူ ဒေါသတကြီးကန်လိုက်တော့သည်။
ဤအရာကိုချက်ပြုတ်ရန် တမနက်ခင်းလုံး သူ အချိန်ကုန်ဆုံးခဲ့ရသည်။
စိတ်မကျေနပ်ဖွယ်ရာပင်....
လူတိုင်းသည် စိတ်ရှုပ်ထွေးနေသောမျက်နှာအမူအယာများနှင့် ထိုအိုးကို ကြည့်လိုက်ကြ၏။
ဤစွပ်ပြုတ်သည် နတ်သုဒ္ဒါထက် ပို၍အဖိုးတန်သော်လည်း ဆရာကြီးသည် စကားတစ်ခွန်းမျှမဆိုဘဲ ကန်ကျောက်၍မှောက်ပစ်ခဲ့သည်။
ဤသည်မှာ သူတို့၏နှလုံးသားများကို နာကျင်သွားစေသည်။
သို့ရာတွင် ဤသည်မှာ ဆရာကြီးအတွက် အသေးအမွှားသာဖြစ်ကြောင်းကိုလည်း သူတို့ နားလည်သဘောပေါက်သည်။ မည်သို့ပင်ဆိုစေကာမူ ဆရာကြီးသည် ဤကဲ့သို့စွပ်ပြုတ်မျိုးကို အချိန်မရွေးချက်ပြုတ်နိုင်ပေ၏။
မိုင်အနည်းငယ်ခန့်အကွာ၌....
ကျင့်ကြံသူတစ်ထောင်ကျော်ခန့် မတ်တတ်ရပ်နေကြသည်။
မူလကရှိနေသော တိမ်တိုက်လေပြေတောင်ကြား နှင်းလေအိမ်တော်နှင့် နတ်ဘုရားဂိုဏ်းတို့အပြင် နောက်ပိုင်းတွင် မိုးကောင်းကင်ဓားဂိုဏ်း နတ်ဆိုးတေးသံဂိုဏ်း တခြားအင်အားစုကြီးငယ်များရောက်ရှိလာကာ ဤနေရာ၌ စုဝေးနေကြသည်။
သူတို့အားလုံးထံတွင် ထိတ်လန့်ကြောက်ရွံနေသော မျက်နှာအမူအယာများရှိနေသည်။
"ခုဏက မိုးကောင်းကင်ယံမှာထွက်ပေါ်လာတာ သိုင်းအင်ပါယာအဆင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးမလား"
ရှုချင်းဟော်က ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးမြန်းသည်။
"ဒီလောက်ထိ ကြောက်ဖို့ကောင်းတဲ့လှုပ်ရှားမှုမျိုးက....ငါလည်း အဲ့ဒီလိုပဲထင်တယ်"
ချောင်ရှန်းက တုံ့ပြန်အဖြေပေးသည်။
"အဲ့ဒီနေရာမှာ သိုင်းအင်ပါယာနှစ်ယောက်က ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို တပြိုင်နက်တည်း ကျော်ဖြတ်ခဲ့တဲ့ကိစ္စကြီး တကယ့်ကိုဖြစ်သွားခဲ့တာလား...."
နံဘေးဘက်တွင်ရှိနေသော ယွင်ရှန်းချွယ်ကလည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောဆိုသည်။
လူတိုင်းသည် သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြကာ မည်သည့်ကိစ္စများ ဖြစ်ပျက်သွားခဲ့သည်ကို မည်သူမျှမသိရှိချေ။
သူတို့အား ပို၍ဇဝေဇဝါဖြစ်သွားစေသောအချက်မှာ အင်ပါယာအဆင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး ဆင်းသက်လာသည်မှာ သိသာထင်ရှားသော်လည်း မကြာမီမှာပင် နောက်သို့ပြန်လှည့်သွားခြင်းပင်။
သို့ရာတွင် သူတို့သိရှိသည်မှာ....
အင်ပါယာအဆင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး ဆင်းသက်သွားသောနေရာသည် ရီဖုန်းတို့လူစု ယာယီစခန်းချနေသောနေရာ အတိအကျပင်။
"သတင်းပို့ပါတယ်....အဲ့ဒီစီနီယာတွေ ထွက်ခွာသွားပါပြီ"
ထိုအချိန်မှာပင် တပည့်တစ်ယောက်က သတင်းပို့လေ၏။
ထိုတပည့်၏အသံ ပျက်ပြယ်သွားသည်နှင့် ချက်ချင်းဆိုသလိုပင် အနီးရှိလူတိုင်းသည် ဒရောသောပါးဖြင့် ရှေ့သို့အလျှင်အမြန် ပြေးထွက်သွားကြတော့သည်။
အမြန်ဆန်ဆုံးလူများမှာ လီမိသားစုခေါင်းဆောင်လီရှုဟွာ နတ်ဘုရားဓားဂိုဏ်း၏ဂိုဏ်းချုပ်ယန်ထန်းယု နတ်ဆိုးတေးသံဂိုဏ်းချုပ်ရွှယ်ချင်ကျူး နှင်းလေအိမ်တော်မှသီထန်းမင် တိမ်တိုက်လေပြေတောင်ကြားမှယွင်ဟောင်ထျန်း တို့မှတပါး တခြားသူများမရှိချေ။
ဤလူများသည် နန်ရှားနယ်မြေ၏ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်။
သူတို့သည် ရီဖုန်းတို့ ယာယီစခန်းချရာနေရာသို့ ပထမဆုံး ရောက်ရှိလာခဲ့သည်။
"ကြည့်ရတာတော့ ဒီနေရာမှာ ဘာထူးခြားမှုမှရှိပုံမရဘူး"
ယွင်ဟောင်ထျန်းသည် သူ၏ပတ်ဝန်းကျင်ကို လေ့လာဆန်းစစ်ပြီးနောက် ညည်းတွားလိုက်၏။
"အမှန်ပဲ....ဒါပေမယ့် နောက်တစ်ခေါက်လောက် ထပ်ကြည့်ကြတာပေါ့...ဆရာကြီးက ကံကြမ္မာကောင်းတချို့ကို ချန်ထားတယ် မထားဘူးဆိုတာ ဘယ်သူသိနိုင်မှာလဲ"
ယန်ထန်းယုက ပြောဆိုသည်။
"ပြောတာကောင်းတယ်....ဆရာကြီး သာမာန်ကာလျှံကာ စွန့်ပစ်ခဲ့တဲ့အရာတစ်ခုကတောင် ငါတို့အတွက် အဖိုးဖြတ်နိုင်မှာမဟုတ်ဘူး"
ရွှယ်ချင်ကျူးက စိတ်ခံစားချက်တချို့နှင့် ပြောဆိုလိုက်၏။ တခြားမည်သူထက်မဆို ဤဆရာကြီး၏အရည်အချင်းများ မည်မျှထိအံ့အားသင့်ဖွယ်ကောင်းသည်ကို သူမ နားလည်သဘောပေါက်ထားသည်။
ဆရာကြီးစွန့်ပစ်ထားသော အိမ်သာသုံးစက္ကူတစ်ရွက်ကိုပင် သူမ၏နတ်ဆိုးတေးသံဂိုဏ်းသို့ ယူဆောင်နိုင်ပါက ဂိုဏ်းတစ်ဂိုဏ်းလုံး နှစ်ထောင်သောင်းချီ၍ တိုးတက်အောင်မြင်နေပေမည်။
"အမ်..."
ထိုအချိန်မှာပင် သီထန်းမင်သည် မြေပြင်ပေါ်မှအိုးတစ်အိုးကိုကောက်ယူကြည့်လိုက်ရာ အတွင်း၌ ဖိတ်စင်သွားခြင်းမရှိသော စွပ်ပြုတ်အနည်းငယ်ကျန်ရှိနေသည်ကို တွေ့မြင်မိလေ၏။ သူ၏မျက်နှာပေါ်၌ တွေဝေစဥ်းစားနေသောအမူအယာမျိုး ထင်ဟပ်လာသည်။
"ဒါက..."
Chapter 253
သူ ဇဝေဇဝါဖြစ်နေစဥ်မှာပင်....
သူ၏နံဘေးရှိ ယန်ထန်းယုသည် တစ်စုံတစ်ခုကို တက်နင်းမိသွားပုံရသည်။ သူ၏ခြေထောက်ကိုဖယ်ကာ အောက်သို့ငုံကြည့်လိုက်ပြီးနောက် သူက ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
"ဒါက...ဒါက မနေ့ညက ဒုတိယဘဝနတ်ဆိုးအင်ပါယာရဲ့ခေါင်းမဟုတ်လား"
လူတိုင်း ရှေ့သို့ အလျင်စလိုပြေးလာကြသည်။
တခြားသူများသည် ဧရာမရေပေါ်နဂါးကြီးသည် မူလပုံစံသို့ ပြန်ရောက်သွားသည်အထိ ရိုက်နှက်ခံရသည်ကို မမြင်တွေ့ရသော်လည်း လီရှုဟွာကမူ မြင်တွေ့လိုက်ရသည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ဟုတ်တယ်...ဟုတ်တယ်...အမှန်ပဲ...ဒါက နှစ်ဘဝနတ်ဆိုးအင်ပါယာရဲ့ခေါင်းပဲ"
"ဒါက အမှန်ပဲ...မြေပြင်ပေါ်မှာ မြွေရေခွံတွေတောင် ရှိနေသေးတယ်"
နံဘေးဘက်ရှိ ယွင်ဟောင်ထျန်းသည် မြေပြင်ပေါ်၌ပြန့်ကျဲနေသော မြွေရေခွံအစအနများကိုကြည့်ကာ ပြောဆိုလိုက်သည်။
ဤမြွေရေခွံများသည် အရေခွံခွာခံရသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် ပုပ်သိုးသွားသဖြင့် ထိုအရာ၏တန်ဖိုး ဆုံးရှုံးသွားလေပြီ။ ထိုသို့မဟုတ်ပါက အင်ပါယာအဆင့်နတ်ဆိုးသားရဲတစ်ကောင်၏အရေခွံသည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးပင်။
ထိုအချိန်မှာပင် ရွှယ်ချင်ကျူးသည် ရုတ်တရက်တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် အော်ဟစ်လိုက်သည်။
"မြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့ မြွေခေါင်းနဲ့အရေခွံအစအနတွေကို အခြေခံကြည့်ရင် သူတို့က အင်ပါယာအဆင့်နတ်ဆိုးသားရဲကိုသတ်ပြီးတော့ ချက်စားတာများ ဖြစ်နေမလား..."
လူတိုင်း ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
ဤသည်မှာ ဖြစ်နိုင်ချေရှိပေ၏။
သို့ရာတွင် သူတို့ထိတ်လန့်တုန်လှုပ်နေစဥ်မှာပင် သီထန်းမင်သည် ရုတ်တရက် အိုးကိုပွေ့ဖက်ကာ အဝေးသို့ အလျှင်အမြန်ထွက်ပြေးသွားတော့သည်။
ထိုအိုးကိုကြည့်ပြီး လူတိုင်း အသိပြန်ဝင်လာကာ ကျယ်လောင်စွာ အော်ငေါက်လိုက်ကြသည်။
"သီထန်းမင်...မင်းက တော်တော်ရွံရှာစက်ဆုပ်ဖို့ကောင်းတဲ့ကောင်ပဲ...မင်းက အဲ့ဒါကိုဖွက်ထားပြီးတော့ တစ်ယောက်တည်းစားချင်နေတာလား"
သို့ရာတွင် သီထန်းမင်သည် သူတို့ကို အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ အိုးကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ သူ၏အရှိန်နှုန်းကို အဆုံးစွန်ဆုံးအဆင့်ထိ မြှင့်တင်လိုက်၏။
ယခုချိန်တွင် ပြိုင်ဘက်ကင်းဆရာကြီးသည် ဤအိုးအတွင်း၌ နှစ်ဘဝနတ်ဆိုးအင်ပါယာကို စွပ်ပြုတ်ချက်ခဲ့သည်အား သူ ရှင်းရှင်းလင်းလင်း သိရှိသွားခဲ့သည်။ ထို့ပြင် သိုင်းအင်ပါယာနှစ်ယောက်၏ ကျင့်ကြံဆင့်ချိုးဖျက်မှုသည်လည်း ဤစွပ်ပြုတ်နှင့်ဆက်စပါနေမည်မှာ သေချာသလောက်နီးပါးပင်။
သူ၏လက်အတွင်းသို့ ရောက်ရှိလာသော ထိတ်လန့်တုန်လှုပ်ဖွယ်အခွင့်အရေးကောင်းကြီးကို သူ မည်သည့်နည်းဖြင့် လက်လွတ်ခံနိုင်မည်နည်း။
"လိုက်ကြစမ်း..."
တခြားလူများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သီထန်းမင်၏နောက်သို့ လိုက်လံ၍ဖမ်းဆီးကြတော့သည်။
သီထန်းမင်၏အရှိန်သည် အလွန်လျှင်မြန်သော်လည်း ထိုလူများအကြားတွင် သူ့ထက်ပို၍ လျှင်မြန်သူများရှိနေသည်။ အချိန်တခဏအတွင်းမှာပင် သူတို့သည် သီထန်းမင်ကို ဝိုင်းရံလိုက်ကြ၏။
ဖန်ရှင်းအာ ယွင်ရှန်းချွယ်နှင့်တခြားသူများသည်လည်း နောက်မှပြေးလိုက်လာကြသည်။ နန်ရှားနယ်မြေ၏ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကိုကြည့်ပြီး ဆရာကြီးသည် အခွင့်အရေးတစ်ခု ချန်ထားခဲ့သည်ကို သူတို့အားလုံး နားလည်သဘောပေါက်သွားသည်။
သို့ရာတွင် တခြားသူများမှာ ဤယှဥ်ပြိုင်ပွဲအတွင်း၌ပါဝင်ရန် ခွန်အားမရှိသဖြင့် သူတို့၏မျက်နှာများပေါ်တွင် အစွမ်းအစမဲ့ခြင်းများ စိတ်အလိုမကျခြင်းများနှင့် ပြည့်နှက်နေသည်။
"သေစမ်း...သေစမ်းဟာ..."
အထူးသဖြင့် သူမ၏မိုးကောင်းကင်ဓားဂိုဏ်းမှဂိုဏ်းချုပ် တံခါးပိတ်ကျင့်ကြံနေသဖြင့် ထိုလူတစ်စုကို မနာလိုစွာစောင့်ကြည့်နေရုံသာတတ်နိုင်သော ဖန်ရှင်းအာတို့လူစုပင်။
"သီထန်းမင်... မင်းရဲ့လက်ထဲကအိုးကို အောက်ကိုချလိုက်စမ်း...မဟုတ်ရင် ငါတို့က မင်းကို ယဥ်ကျေးနေမှာမဟုတ်ဘူး"
ယန်ထန်းယုက အသံနက်ကြီးဖြင့် ပြောဆိုသည်။
"ဒါကအမှန်ပဲ....တကယ်လို့ မင်းရဲ့လက်ထဲကအိုးကို အောက်ကိုမချဘူးဆိုရင်....မင်းတစ်ယောက်တည်းနဲ့ ငါတို့တွေအများကြီးကို ယှဥ်ပြိုင်နိုင်မလားဆိုတာ မင်း ချိန်ဆကြည့်လေ"
ရွှယ်ချင်ကျူးကလည်း အေးစက်စက်လေသံဖြင့် ပြောဆိုလေ၏။
ဤအချိန်အခိုက်အတန့်တွင် နန်ရှား၏အင်အားစုကြီးများမှ ခေါင်းဆောင်များ၏ ယခင်ကပြေလည်သောဆက်ဆံရေးသည် ချက်ချင်းဆိုသလိုတင်းမာစပြုလာသည်။
သီထန်းမင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
နှင်းလေအိမ်တော်သည် တိုက်ခိုက်ရာတွင် ထူးချွန်ခြင်းမရှိသည့်အပြင် သူ၏ကျင့်ကြံဆင့်သည် ဤလူများအကြားတွင် အောက်ဆုံးအဆင့်၌ရှိနေသည်။ အကယ်၍ အမှန်တကယ် တိုက်ခိုက်လာပါက သူအတွက် မည်သည့်အကျိုးအမြတ်မှမရရှိနိုင်မည်မှာ သေချာပေါက်ပင်။
ထို့ကြောင့် သူသည် ရိုးရှင်းစွာဖြင့် အရှက်မဲ့သောလုပ်ရပ်ကိုလုပ်ဆောင်ပြီး ပြောဆိုလိုက်၏။
"ဟမ့်...တကယ်လို့ မင်းတို့က အုပ်စုအားကိုးနဲ့ ငါ့ကိုတိုက်ခိုက်မယ်ဆိုရင်...ငါက ဒီအိုးကိုသွန်ပစ်လိုက်မယ်...မင်းတို့ထဲကတစ်ယောက်မှ အကျိုးအမြတ်မရစေရဘူး"
တိကျသေချာစွာပင်....
လူတိုင်း၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
"ဒါဆိုရင် မင်းက ဘာလုပ်ချင်တာလဲ"
ယွင်ဟောင်ထျန်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဒါက ရိုးရှင်းပါတယ်...ဒီအိုးထဲမှာ စွပ်ပြုတ်ပန်းကန်လုံးတစ်လုံးစာလောက် ကျန်သေးတယ်...ငါက သုံးပုံပုံတစ်ပုံသောက်မယ်...ကျန်တာကိုတော့ မင်းတို့ခွဲယူကြတော့"
သီထန်းမင်က ပြောဆိုလိုက်၏။
"မဟုတ်ရင်...ငါက ဒီအိုးကို သွန်ပစ်လိုက်မယ်"
သူတို့အားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ဤသည်မှာ အကောင်းဆုံးဖြေရှင်းနည်းဆိုသည်ကို သူတို့အားလုံး ရှင်းရှင်းလင်းလင်း သိရှိထားသဖြင့် သီထန်းမင်၏တောင်းဆိုချက်ကို သူတို့အားလုံး လက်ခံလိုက်သည်။
ထိုအခြင်းအရာကိုကြည့်ပြီး သီထန်းမင်သည် စွပ်ပြုတ်အိုးကြီးကို သူ၏လက်နှစ်ဖက်ဖြင့်ကိုင်ကာ သူ၏ခေါင်းကိုမော့၍ စတင်သောက်လိုက်တော့သည်။
"တော်သင့်ပြီ...ငါ့ကို မြန်မြန်ပေးတော့"
ထိုမြင်ကွင်းကိုကြည့်ပြီး လီရှုဟွာက သူ၏ဓားဖြင့် ထိုးစိုက်လိုက်၏။
"မင်းတို့ကောင်တွေက အရမ်းရွံဖို့ကောင်းတာပဲ"
သီထန်းမင်သည် စွပ်ပြုတ်သုံးပုံတစ်ပုံကိုပင် မသောက်ရသေးချေ။ သူသည် ဓားချက်ကိုရှောင်ကာ အိုးကိုလက်လွှတ်ပေးလိုက်ရသည်။
လီရှုဟွာသည် ထိုအိုးကြီးကိုမြှောက်ကာ စတင်၍ သောက်လိုက်သည်။
သို့ရာတွင် သူ စတင်၍သောက်လိုက်သည်နှင့် တိုက်ခိုက်မှုများက တစ်ခုပြီးတစ်ခု သူ၏နောက်မှ ဝင်ရောက်လာသည်။
ဤှသို့သော ရုန်းရင်းဆန်ခတ်တိုက်ခိုက်မှုများအကြားတွင် အဓိကဂိုဏ်းအင်အားစုကြီးမှ ခေါင်းဆောင်တစ်ယောက်ချင်းစီသည် တစ်ငုံစာစီခန့် သောက်နိုင်ခဲ့လေ၏။
"ဟား ဟား ဟား...ငါ အဆင့်ချိုးဖျက်နိုင်တော့မယ်"
ထိုအချိန်မှာပင် ယွင်ဟောင်ထျန်းထံမှနေ၍ ပထမဆုံး အသံထွက်ပေါ်လာသည်။
"ငါလည်း အဆင့်ချိုးဖျက်နိုင်တော့မယ်"
"ငါလည်း အတူတူပဲ"
"နတ်ဘုရားဆေးဝါးပဲ"
"ကောင်းကင်ဘုံဆေးဝါးဆိုတာကတောင် ဒီအရာကို ခိုင်းနှိုင်းဖော်ပြဖို့ လုံလောက်မှာမဟုတ်ဘူး"
ဤအချိန်တွင် အဓိကအင်အားစုကြီးများ၏ခေါင်းဆောင်များထံမှ အသံများအဆက်မပြတ်ထွက်ပေါ်လာကာ သူတို့၏အရှိန်အဝါများ မြင့်တက်သွားသည်။ သိုင်းအရှင်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေကာ သိုင်းသူတော်စင်တစ်ဝက်အဆင့်နှင့် နီးကပ်နေသူများသည် သိုင်းသူတော်စင်နယ်ပယ်သို့ တိုက်ရိုက်ချိုးဖျက်ဝင်ရောက်သွားနိုင်ခဲ့သည်။
ရုတ်ချည်းဆိုသလိုပင်...
မိုးကောင်းကင်၌ တိမ်တိုက်များဖြင့်ပြည့်နှက်သွားကာ မြောက်မြားစွာသောစိတ်ဝိညာဥ်ချီများ တလိမ့်လိမ့်လူးလွန့်လာသည်။
ထိပ်သီးခေါင်းဆောင်ငါးယောက်သည် သိုင်းသူတော်စင်နယ်ပယ်သို့ တစ်ချိန်တည်း ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လေ၏။
ဤမြင်ကွင်းသည်.....
လက်ရှိနေရာတွင်ရှိနေသူများအားလုံး အံ့အားသင့်တုန်လှုပ်စေခဲ့သည်။
"ညီအကိုတို့...မြန်မြန်လေး...အဲ့ဒီနေရာမှာ ကျန်တာရှိသေးလားလို့ သွားကြည့်ကြစို့"
ထိုအချိန်မှာပင် လက်ရှိနေရာတွင်ရှိနေသူများအားလုံးသည် အလွန်အမင်းစိတ်လှုပ်ရှားစပြုလာကာ ရာနှင့်ချီသောလူများသည် အိုးလွှင့်ပစ်ထားသောနေရာထံသို့ တဟုန်ထိုးအပြေးသွားကြသည်။
"မြန်မြန်ကြည့်ကြစမ်း....မြေပြင်ပေါ်မှာလည်း အကြွင်းအကျန်တချို့ ရှိနေပုံပဲ"
ရာနှင့်ချီသောလူများသည် အစောပိုင်းက ရီဖုန်း အိုးကိုကန်မှောက်ခဲ့သည့်နေရာသို့ ရောက်ရှိသွားကာ မြေပြင်ပေါ်ရှိစွပ်ပြုတ်များစွန်းထင်းနေသော မြေကြီးများကိုဆုပ်ကိုင်ကာ သူတို့၏ပါးစပ်များအတွင်းသို့ ထိုးသွင်း၍ထည့်လိုက်ကြ၏။
ဤမြင်ကွင်းသည်....
ဆာလောင်မွတ်သိပ်နေသောဝံပုလွေများ အစာပေါ်သို့ ခုန်အုပ်လိုက်သည့်အလားပင်။
"ငါတို့လည်း သွားကြစို့"
ချောင်ရှန်းနှင့်ယွင်ရှန်းချွယ်တို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ထိုလုယက်နေမှု၌ပါဝင်ရန် စွပ်ပြုတ်အိုးကျသွားခဲ့သောနေရာဆီသို့ အပြေးသွားလိုက်သည်။
"ဟမ့်...တစ်ယောက်က နှင်းလေအိမ်တော်ရဲ့သခင်လေး...နောက်တစ်ယောက်က တိမ်တိုက်လေပြေတောင်ကြားရဲ့သခင်မလေး....ဒီလိုအကြွင်းအကျန်တွေလုယက်နေတာမှာ ပါဝင်တာ အရှက်ရစရာဖြစ်မှာကို နင်တို့ မကြောက်ကြဘူးလား"
ထိုလူနှစ်ယောက် သွားရောက်၍လုယက်နေသည်ကိုကြည့်ပြီး ဖန်ရှင်းအာထံမှ သရော်တော်တော်စကားသံ ထွက်ပေါ်လာသည်။
ဤနေရာတွင် သူတို့ကိုယ်သူတို့ ချုပ်တည်းကာ ထိုအရာကိုလုယက်ရန် ဆန္ဒမရှိသူများလည်း အမြောက်အများရှိနေဆဲပင်။ ဖန်ရှင်းအာသည် ထိုလူများအနက်မှတစ်ယောက်ပင်။
သူမ၏အမြင်အရ သူတို့သည် အိုးအတွင်းမှစွပ်ပြုတ်ကို လုယူသည်မှာဖြစ်သင့်သည်။ ဤအကြွင်းအကျန်များသည် သူတို့၏ကျင့်ကြံခြင်းကို မည်သည်ကြောင့် တိုးတက်လာစေနိုင်စွမ်းရှိမည်နည်း။
သူမသည် ဤစွပ်ပြုတ်အိုးနှင့်ပတ်သတ်ပြီး ယန်ထန်းယုနှင့်တခြားလူများ၏ကျင့်ကြံဆင့်ချိုးဖျက်မှုကိုကြည့်ပြီး သူမထံတွင်အစွမ်းအစမဲ့မှုကြောင့် သူမ၏မိုးကောင်းကင်ဓားဂိုဏ်းသည် နန်ရှားနယ်မြေ၏အောက်ခြေအဆင့်သို့ ရောက်သွားသည့်အတွက် သူမ နာကျင်ကြေကွဲနေမိလေ၏။
ထို့ကြောင့် သူမသည် ဤအကြွင်းအကျန်များကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။
အမှန်အားဖြင့် ချောင်ရှန်းနှင့်ယွင်ရှန်းချွယ်တို့၏ပူးပေါင်းခွန်အားဖြင့် ယန်ထန်းယုတို့လူစု စွန့်ပစ်ခဲ့သော အိုးကိုလွယ်လင့်တကူ လုယူနိုင်ခဲ့သည်။
ယွင်ရှန်းချွယ်က အိုးမှအကပ်ကို အရင်ဆုံးလျက်လိုက်၏။
"အကုန်မလျက်နဲ့အုံးဟ...ငါအတွက် နည်းနည်းချန်ထားအုံး"
ချောင်ရှန်းက မျှော်လင့်တကြီးဖြင့် ပြောဆိုသည်။
ယွင်ရှန်းချွယ်သည် တွန့်ဆုတ်စွာဖြင့် အိုးကို ချောင်ရှန်းထံသို့ လက်ကမ်းပေးလိုက်သည်။ ထိုမြင်ကွင်းကိုကြည့်ပြီး ချောင်ရှန်းသည်လည်း တဟုန်းဟုန်းတောင်နေသောဆန္ဒများဖြင့် ထိုအိုးမှစွပ်ပြုတ်ကပ်များကိုလျက်လိုက်သည်။
သခင်လေးနှင့်သခင်မလေးဟူသော သူတို့၏အဆင့်အတန်းများကို နှိမ့်ချနေသော သူတို့နှစ်ယောက်၏အပြုအမူကိုကြည့်ပြီး ဖန်ရှင်းအာ၏မျက်နှာပေါ်တွင် အထင်အမြင်သေးသောအမူအယာများ ပို၍ပို၍ထင်ဟပ်လာကာ......
သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် ကျင့်ကြံဆင့်ချိုးဖျက်သံများက နံဘေးပတ်ဝန်းကျင်မှ ထွက်ပေါ်လာသည်။
မြေကြီးများကိုဆုပ်ကိုင်ကာ သူတို့၏ပါးစပ်များအတွင်းသို့ ထိုးသိပ်ထည့်ခဲ့ကြသူများသည် သိုင်းဝိညာဥ်မှသိုင်းဘုရင် သိုင်းဘုရင်မှသိုင်းဧကရာဇ်နယ်ပယ်သို့ သူတို့အားလုံး ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခဲ့သည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင် ချောင်ရှန်းနှင့်ယွင်ရှန်းချွယ်တို့၏မျက်လုံးများလည်း တောက်ပလာကာ သူတို့၏ကျင့်ကြံမှုများ တဟုန်ထိုးမြင့်တက်လာခဲ့သည်။
သူတို့သည် သိုင်းဘိုးဘေးနယ်ပယ်မှနေ၍ သိုင်းအရှင်နယ်ပယ်သို့ တက်လှမ်းသွားနိုင်ခဲ့လေ၏။
"ဘာ...."
ထိုမြင်ကွင်းကိုကြည့်ပြီး အစောပိုင်းက အထင်အမြင်သေးစွာကြည့်နေခဲ့သော ဖန်ရှင်းအာ၏မျက်နှာ ရုတ်တရက်အေးခဲတောင့်တင်းသွားသည်။
Chapter 254
မမျှော်လင့်ဘဲ....
အကျိုးသက်ရောက်မှုသည် ဤမျှထိ အလွန်အစွမ်းထက်သလော....
အထူးသဖြင့် မူလက သူမထက်အားနည်းသော ခွန်အားရှိသည့် ယွင်ရှန်းချွယ်နှင့်ချောင်ရှန်းတို့သည် သိုင်းအရှင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်ကို သူမ တွေ့မြင်ခဲ့ရသည်။ ဤသည်မှာ သူမ၏မျက်နှာကို ဝမ်းချုပ်နေသကဲ့သို့ ရှုံတွသွားစေသည်။
သူမသည် ထိပ်သီးခေါင်းဆောင်များနှင့်ယှဥ်ပြိုင်ရန် အရည်အချင်းမရှိသဖြင့် လက်လွှတ်ပေးခဲ့ရသည်။ သို့ရာတွင် ကြွင်းကျန်သောအခွင့်အရေးများအတွက်မူ သူမ၏လက်ချောင်းများအကြားမှ အလဟဿချော်ထွက်သွားခြင်းဖြစ်သည်။
ဤအချိန်အခိုက်အတန့်တွင်...
သူမ အလွန်အမင်း နောင်တရနေလေပြီ။
အကယ်၍ သူမသည် အစောပိုင်းက သူတို့နှင့်ယှဥ်ပြိုင်ခဲ့ပါက သူမသည်လည်း သိုင်းအရှင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခဲ့သူများအနက်မှတစ်ယောက်ဖြစ်နေပေမည်။
သိုင်းအရှင်နယ်ပယ်...အား...သိုင်းအရှင်နယ်ပယ်.....
ဤှသည်မှာ နန်ရှားနယ်မြေ၌ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာ၍နေနိုင်သော ကျင့်ကြံဆင့်နယ်ပယ်ပင်။ အကယ်၍ ယနေ့တွင် သူမသည် သိုင်းအရှင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပါက မိုးကောင်းကင်ဓားဂိုဏ်း၏အနာဂတ်ဂိုဏ်းချုပ်နေရာကို တိုက်ရိုက်အမွေဆက်ခံနိုင်သောနေရာကို ရရှိကောင်းရရှိနိုင်သည်။
ထိုအကြောင်းကိုတွေးတောရင်း သူမသည် ပို၍ပို၍လက်မခံနိုင်ဖြစ်လာသည်။ သူမ၏စူးရှရှအကြည့်သည် အပြိုင်အဆိုင်လုယက်နေကြသော လူများထံသို့ ကျရောက်သွားသည်။
"နင်တို့အားလုံး...ထွက်သွားကြစမ်း"
ဖန်ရှင်းအာ၏သိုင်းအရှင်နယ်ပယ်အရှိန်အဝါ ပွင့်အံ့ထွက်လာကာ သူမ၏လက်အတွင်းရှိဓားရှည်မှ အေးစိမ့်မှုများ ဖြာထွက်လာသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လုယက်နေသောကျင့်ကြံသူများ၏မျက်နှာများပေါ်တွင် မလိုလားသောအမူအယာများ ထင်ဟပ်လာသော်လည်း ဖန်ရှင်းအာ၏ခြိမ်းခြောက်သောအကြည့်ကိုမြင်ချိန်တွင် သူတို့၏ဒေါသများကိုမျိုသိပ်ပြီး နောက်သို့ဆုတ်လိုက်ကြ၏။
မြေပြင်ပေါ်ရှိစိုစွတ်နေသောမြေကြီးများကိုကြည့်ပြီး ဖန်ရှင်းအာက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။
ဤကဲ့သို့အပြုအမူမျိုးကို အကယ်၍ ယခင်ကဆိုလျှင် သူမ လုပ်ဆောင်နိုင်မည်မဟုတ်ချေ။
သို့ရာတွင် သိုင်းအရှင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည့်အခွင့်အရေးရှိနေသောကြောင့် သူမ မည်မျှထိအရှက်ရပါစေ သည်းခံရပေမည်။
မျက်နှာလွှားဇာအောက်မှနေ၍ သူမသည် အံ့တင်းတင်းကြိတ်ကာ စိုစွတ်နေသောမြေကြီးလက်တစ်ဆုပ်စာကို ဆုပ်ကိုင်ကာ သူမ၏ပါးစပ်အတွင်းသို့ ထိုးသိပ်၍ထည့်လိုက်သည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူမ၏မျက်နှာအမူအယာ သိသိသာသာပျက်ယွင်းသွားသည်။
"သောက်ချေးပဲ...."
သူမ၏လက်အတွင်းရှိ မြေကြီးများကို ဒေါသတကြီးလွှင့်ပစ်ကာ အဝေးရှိမြစ်ကမ်းနံဘေးသို့ ပျံသန်းသွားလိုက်၏။
"ဘာဖြစ်သွားတာလဲ...."
ချောင်ရှန်းနှင့်ယွင်ရှန်းချွယ်တို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စူးစမ်းလေ့လာရန်အတွက် အနီးသို့တိုးသွားလိုက်သည်။
"ခွီး...."
ရုတ်တရက် ချောင်ရှန်းက ကျယ်လောင်စွာအော်ဟစ်ရယ်မောလေသည်။
"ဘာလို့ ဒီလောက်ထိအူမြူးနေတာလဲ"
ယွင်ရှန်းချွယ်က ဇဝေဇဝါဖြစ်နေသောမျက်နှာနှင့် မေးမြန်းသည်။
"ဟား ဟား...ဒါ...ဒါက ဆရာကြီး ဖိတ်စင်ကျခဲ့တဲ့စွပ်ပြုတ်ရည်တွေ မဟုတ်ဘူး...ဒါက ဆီးတွေပဲ"
ချောင်ရှန်းက ရယ်မော၍ပြောဆိုသည်။
ယွင်ရှန်းချွယ်၏မျက်နှာအမူအယာ မသိမသာပြုံးစိစိဖြစ်သွားပြီးနောက် သူမသည်လည်း ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်တော့သည်။
သူမနှင့်ထိုက်တန်သောအရာကို ရရှိခြင်းပင်။
အစပိုင်းတွင် သူမသည် ဟန်တစ်ခွဲသား လုပ်နေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ လက်ရှိနေရာရှိကျင့်ကြံသူများသည် မရပ်တန့်မီအချိန်တွင် ဤနေရာကို ကျွမ်းထိုးမှောက်ခုံလှန်လိုက်လုနီးပါးပင်။
ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခဲ့သော လီရှုဟွာနှင့်တခြားသူများကမူ သူတို့၏မျက်နှာများပေါ်တွင် ပျော်ရွှင်မှုများနှင့်ပြည့်နှက်နေကာ ယခင်ကပဋိပက္ခဖြစ်ခဲ့မှုများအားလုံးကိုလည်း သူတို့သည် နောက်၌ချန်ထားခဲ့လေပြီ။
"စီနီယာတို့...ဒီလိုစွမ်းရည်မျိုးနဲ့ဆိုရင်...ဆရာကြီးက အင်မော်တယ်တစ်ယောက်ဖြစ်နေနိုင်တယ်"
ယွင်ဟောင်ထျန်းက အံ့အားတသင့်ပြောဆိုသည်။
"ဒါပေမယ့် ဆရာကြီးက နန်ရှားကို ဘာလုပ်ဖို့ရောက်လာတယ်ဆိုတာ ငါတို့ မသိရသေးဘူး"
ထိုစကားကိုကြားချိန်တွင်...
လူတိုင်းတိတ်ဆိတ်ငြိမ်သက်သွားသည်။
ဤသည်မှာ သူတို့လည်း ခန့်မှန်းထားသောအတွေးပင်။
ဤကဲ့သို့အစွမ်းထက်ဆရာကြီးတစ်ယောက် နန်ရှားနယ်မြေသို့ ရုတ်တရက်ရောက်ရှိလာခြင်းမှာ သေချာပေါက်ရည်ရွယ်ချက်တစ်ခု ရှိနေရပေမည်။
သူ ရောက်ရှိလာသည်နှင့် အင်ပါယာအဆင့်နတ်ဆိုးသားရဲထွက်ပေါ်လာခဲ့ကာ နန်ရှားနယ်မြေမှအင်အားစုများ၏ ချိန်ခွင်လျှာကိုလည်း နူးညံသိမ်မွေ့စွာ ပြောင်းလဲစေခဲ့သည်။
ဥပမာအနေဖြင့် ယခင်က အစွမ်းထက်သော မိုးကောင်းကင်ဓားဂိုဏ်းသည် ဤတစ်ကြိမ်အဆင့်ချိုးဖျက်မှုအပြီးတွင် အောက်ခြေအဆင့်သို့ရောက်ရှိသွားခဲ့လေ၏။
"စီနီယာတို့...ပင်ကျင်းမြို့မှာရှိတဲ့ ချင်ရှန်းဂိုဏ်းရဲ့ဘိုးဘေး လုချင်ရှန်းဆီကနေပြီးတော့...အဲ့ဒီဆရာကြီးက ကြီးမားတဲ့လှုပ်ရှားမှုတစ်ခုကို လုပ်ဖို့ရှိနေပြီးတော့ နန်ရှားနယ်မြေက သူ့ရဲ့စစ်တုရင်ခုံပေါ်က အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်နိုင်တယ်လို့ ကျွန်မ ကြားထားတယ်...ဒါကြောင့် သူ ဒီတစ်ကြိမ် နန်ရှားနယ်မြေကိုရောက်လာတာက တစ်ခုခုကို ကြိုတင်စီစဥ်ဖို့ပဲဖြစ်မယ်"
ယွင်ရှန်းချွယ်က ဤနေရာသို့ လျှောက်လှမ်းလာရင်း ပြောဆိုသည်။
"တကယ်လို့ မင်းပြောတာသာအမှန်ဆိုရင်....ငါတို့အားလုံးက သူ့ရဲ့နယ်ရုပ်တွေသက်သက် ဖြစ်သွားမှာမဟုတ်လား"
ယန်ထန်းယုက အံ့အားတသင့် ပြောဆိုသည်။
"အဲ့ဒီလိုလည်း ဖြစ်နိုင်တယ်"
ယွင်ရှန်းချွယ်က ခေါင်းညိတ်ပြကာ ပြောဆိုသည်။
"ဒါပေမယ့် တကယ်လို့ အဲ့ဒီလိုဆိုရင်...ဘာဆက်ဖြစ်မှာလဲ"
ဤမေးခွန်းကြောင့် ယန်ထန်းယုသည် သူ၏လျှာကိုကိုက်လိုက်ကာ တခြားသူများသည်လည်း ခေါင်းငုံ၍ စဥ်းစားတွေးတောလိုက်ကြ၏။
ဤသည်မှာ အမှန်ပင်။
အကယ်၍ သူတို့သည် သူ၏နယ်ရုပ်များဆိုပါက မည်သို့ဆက်ဖြစ်မည်နည်း....
ဤှသည်မှာ သူတို့အတွက် ဂုဏ်ယူစရာတစ်ခု မဟုတ်လော...
ထိုအကြောင်းကိုတွေးတောရင်း လူတိုင်း စိတ်လှုပ်ရှားသွားသည်။ အကြောင်းအရင်းမှာ နယ်ရုပ်တစ်ရုပ်ဖြစ်ရခြင်းသည် သူတို့အတွက် ဆိုးရွားသောကိစ္စဟု အဓိပ္ပါယ်သက်ရောက်ခြင်း မရှိသောကြောင့်ပင်။ ဤသည်မှာ သူတို့အတွက် ကြီးမားသောအခွင့်အရေးကြီးပင် ဖြစ်လာနိုင်သည်။
ရီဖုန်းတို့လူစု ထွက်ခွာသွားသည်ကိုကြည့်ပြီး သူတို့သည်လည်း နောက်မှတိတ်တဆိတ် လိုက်သွားလိုက်ကြသည်။
ဤလူစု၏နောက်သို့ လိုက်ခြင်းအားဖြင့် အခွင့်အရေးကောင်းများကို ကောက်ယူနိုင်သည့်အပြင် ဆရာကြီး၏နောက်ဆက်တွဲလုပ်ရပ်များမှတဆင့် သူတို့သည် တစ်စုံတစ်ခုကို ကောက်ချက်ချခန့်မှန်းနိုင်ပေမည်။
အကယ်၍ ရှေ့ရေးကိစ္စတချို့ကို သိရှိထားနိုင်ပါက သူတို့သည် နဂါးတံခါးကိုခုန်ကျော်သည့်အလား အခွင့်အရေးတစ်ခုကို ရရှိနိုင်ပေမည်။
နှစ်ရက်ကြာပြီးနောက် တောင်များကိုဖြတ်ကျော်ပြီး မြစ်များကိုဖြတ်ကူးကာ ရီဖုန်းတို့လူစုသည် အစွန်အဖျားမှနေ၍ နန်ရှားနယ်မြေ၏အစစ်အမှန်အတွင်းပိုင်းသို့ ဝင်ရောက်လာနိုင်ခဲ့သည်။
"ဆရာကြီး...ရှေ့ဆိုရင် လီမိသားစုအိမ်တော်ရှိတဲ့ ကျားယီမြို့ကိုရောက်ပြီ...ကျွန်မရဲ့အိမ်တော်မှာ ရက်နည်းနည်းလောက် အနားယူပါအုံးလား"
လီရီဟန်က စိတ်လှုပ်ရှားစွာဖြင့် တောင်းဆိုသည်။
"ဒါက ကောင်းသားပဲ...ဒါပေမယ့် အနှောက်အယှက်ပေးသလိုများ ဖြစ်သွားမလား"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
"ဘာလို့ အနှောက်အယှက်ပြုရာကျမှာလဲ...ဆရာကြီးက အရမ်းယဥ်ကျေးလွန်းနေပြီ"
လီရီဟန်က ပျာပျာသလဲ ပြောဆိုသည်။ ဆန့်ကျင်ဘက်အနေဖြင့် ရီဖုန်း သဘောမတူမည်ကို သူမ စိုးရိမ်နေမိသည်။ မည်သို့ပင်ဆိုစေကာမူ ရီဖုန်းကဲ့သို့ လူစားမျိုးသာ သူမ၏အိမ်တော်သို့ လိုက်လာပါက ကြီးမားသော ကြီးကျယ်ခမ်းနားမှုများကို ဆောင်ကျဥ်းပေးနိုင်မည်မှာ သေချာပေါက်ပင်။
"ဒါဆိုရင်လည်း မင်းရဲ့ကြင်နာတဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်"
ဤမိန်းကလေးသည် ပို၍ပို၍ နှစ်လိုဖွယ်ကောင်းလာသည်ကို တွေးတောရင်း ရီဖုန်းက သဘောတူညီလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ဤရက်များအတွင်းတွင် သူတို့သည် ကောင်းကောင်းမွန်မွန် အနားမယူရသေးသဖြင့် ဤနေရာ၌ တည်းခို၍ အားပြန်မွေးသည်မှာ ပို၍အဆင်ပြေပေမည်။
သူတို့လူစု ကျားယီမြို့အတွင်းသို့ ဝင်ရောက်ခဲ့တော့သည်။
ကျားယီမြို့သည် ကြီးခြင်းလည်းမရှိ ငယ်ခြင်းလည်းမရှိဘဲ နန်ရှားနယ်မြေအတွင်းတွင် ဤကဲ့သို့မြို့မျိုး မရေမတွက်နိုင်အောင်ရှိနေသည်။
ကျားယီမြို့အတွင်း၌ လီမိသားစုကို ဂုဏ်အဆင့်အတန်းမြင့်မားသော မိသားစုတစ်ခုဟု ယူဆနိုင်သည်။
အမှန်အားဖြင့် ဤလီမိသားစုသည် လီရှုဟွာ၏လီမိသားစုဖြင့် တူညီခြင်းမရှိဘဲ အဆင့်အတန်းခြင်းကွာဟနေဆဲပင်။
အိမ်တော်၏ဗိသုကာလက်ရာသည် အတော်အသင့်ကောင်းမွန်ကာ....
မိသားစုကြီးတစ်စု၏အငွေ့အသက်မျိုး ရှိနေသည်။
"ဟန်အာ...နောက်ဆုံးတော့ မင်း ပြန်ရောက်လာပြီ...အဖေက မင်းကို သေလောက်အောင်လွမ်းနေခဲ့တာ"
ထိုအချိန်မှာပင် ခမ်းနားထည်ဝါသောဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက်က သူတို့ကို ဆီးကြိုနှုတ်ဆက်သည်။
"အဖေ...အဖေကိုစိတ်ပူပန်စေခဲ့မိတဲ့အတွက် ကျွန်မ တောင်းပန်ပါတယ်"
လီရီဟန်က နူးညံသိမ်မွေ့စွာ ပြောဆိုသည်။ ထို့နောက် သူမက ရီဖုန်းတို့လူစုကို အလျှင်အမြန် မိတ်ဆက်ပေးလိုက်၏။
"ဆရာကြီး...ဒါက ကျွန်မရဲ့အဖေ လီယွီဟန်ပါ"
ထို့နောက် သူမက လီယွီဟန်ဘက်သို့လှည့်ကာ ပြောဆိုသည်။
"အဖေ....သူတို့က သခင်လေးရီနဲ့ သူ့ရဲ့မိတ်ဆွေတွေပဲ...သူတို့အားလုံးက ကျွန်မရဲ့...လမ်းတလျှောက်လုံး ကျွန်မကို ကူညီစောင့်ရှောက်ပေးခဲ့တဲ့ မိတ်ဆွေတွေပါ"
"ဒါဆိုရင် မင်းတို့က ဟန်အာရဲ့မိတ်ဆွေတွေပေါ့....ကျေးဇူးပြုပြီးတော့ အထဲကို မြန်မြန်ဝင်ကြပါ"
လီယီဟန်သည် ရီဖုန်းတို့လူစုကို ဧည့်ခန်းအတွင်းသို့ ဖိတ်ခေါ်လိုက်သည်။
"ဆရာကြီး...ကျွန်မကို ခဏလောက် ခွင့်ပြုပေးပါအုံး"
ဧည့်ခန်းအတွင်းသို့ ဝင်ရောက်ပြီးနောက် လီရီဟန်က ရီဖုန်းကို ပြောဆိုသည်။
အကြောင်းအရင်းမှာ သူမသည် ကျင့်ကြံဆင့်ချိုးဖျက်ပြီးနောက် သူမ၏ကျင့်ကြံမှုကို ကျစ်လစ်ခိုင်မာအောင် မပြုလုပ်ရသေးသဖြင့် သူမ၏ကျင့်ကြံဆင့် အနည်းငယ်မတည်မငြိမ်ဖြစ်နေသောကြောင့်ပင်။ သို့ရာတွင် သူမသည် ရီဖုန်း၏ရှေ့တွင် မည်သည့်ကျင့်ကြံခြင်းကိုမျှ မပြုလုပ်ဝံ့သဖြင့် သူမ၏ကျင့်ကြံခြင်းပြဿနာကို တခြားနေရာသို့သွား၍ ဖြေရှင်းလိုခဲ့သည်။
"မင်း သွားလို့ရပါတယ်"
ရီဖုန်းက ပြုံးလိုက်သည်။ ဤမိန်းကလေးသည် အလွန်ယဥ်ကျေးသိမ်မွေ့သည်ဟု သူ တွေးတောမိလေ၏။
ရီဖုန်း၏အပြုံးကိုကြည့်ပြီး လီရီဟန်က သူမ၏ခေါင်းကိုငုံလိုက်သည်။ ရီဖုန်း၏သရုပ်မှန်ကို သူမ သိရှိသွားပြီးချိန်မှစ၍ သူမသည် သူနှင့် မျက်လုံးချင်းဆုံ၍ မကြည့်ဝံ့တော့ချေ။
လီရီဟန်သည် ထွက်ခွာမသွားမီ လီယွီဟန်၏အနီးသို့တိုးကပ်ကာ တည်ကြည်လေးနက်စွာ မှာကြားလေသည်။
"အဖေ...ကျွန်မ ခဏလောက် ထွက်သွားအုံးမယ်...အဖေ မှတ်ထားရမှာက....ဆရာကြီးနဲ့ သူ့ရဲ့အပေါင်းအဖော်တွေကို ကောင်းကောင်းဧည့်ခံထားဖို့ပဲ...အဖေ သေချာမှတ်ထားနော်"
"ဆရာကြီး....ကျွန်မ အပြင်ကိုခဏသွားပြီးတော့ ပြန်ရောက်လာတာနဲ့ ရှင့်ကို အဖော်ပြုပေးပါ့မယ်"
ထိုသို့ပြောဆိုပြီးနောက် သူမသည် ရီဖုန်းကို ဦးညွှတ်အရိုအသေပြုကာ အလျှင်အမြန်ထွက်ခွာသွားတော့သည်။
သူ၏သမီးဖြစ်သူသည် မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ ပြုမူနေသည်ကိုကြည့်ပြီး လီယွီဟန်က မျက်မှောင်ကြုတ်လိုက်၏။
ထို့ကြောင့် သူသည် ရီဖုန်း၏လူစုကို ထပ်မံ၍ စုန်ချည်ဆန်ချည်ကြည့်ပြီး လီယွီဟန်၏မျက်မှောင်ကြုတ်ထားမှု ပို၍တင်းကြပ်သွားသည်။
ရီဖုန်းတစ်ယောက်မှလွဲ၍ ကျန်လူများသည် သင့်လျော်သောပုံပန်းသွင်ပြင်မျိုး မရှိလေရာ ထိုလူများထံမှ မည်သည့်ကျင့်ကြံဆင့်အရှိန်အဝါကိုမျှ သူ အာရုံခံ၍မရသည့်အချက်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။
သို့ရာတွင် သူ့သမီး၏သတိပေးမှုကို အမှတ်ရမိသဖြင့် သူ မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိချေ။ ထိုအစား သူက မေးမြန်းလိုက်သည်။
"လူကြီးမင်းတို့...မင်းတိုက ဘယ်ဂိုဏ်း ဒါမှမဟုတ် ဘယ်အင်အားစုကလာတာလဲဆိုတာ ငါ သိချင်မိတယ်...မင်းတို့ရဲ့ကျင့်ကြံဆင့်နယ်ပယ်တွေက ဘယ်အဆင့်တွေကို ရောက်နေပြီလဲ"
"ဟား ဟား ဟား...သခင်ကြီးလီက အရမ်းအထင်ကြီးလွန်းနေပြီ...ငါတို့တွေက ကျင့်ကြံခြင်းလောကနဲ့ မသက်ဆိုင်တဲ့ သာမာန်သေမျိုးတွေပါ"
ရီဖုန်းက ရယ်မော၍ ပြောဆိုသည်။
"သာမာန်သေမျိုးတွေလား..."
လီယွီဟန်၏မျက်လုံးများ အနည်းငယ် ကျဥ်းမြောင်းသွားသည်။
ဤလူများသည် အထူးလျှို့ဝှက်နည်းစနစ်တချို့ကိုအသုံးပြု၍ သူတို့၏ကျင့်ကြံဆင့်များကို ဖုံးကွယ်ထားသူများဟု သူ တွေးထင်ခဲ့သော်လည်း သာမာန်သေမျိုးများဖြစ်မည်ဟု သူတို့မျှော်လင့်မထားမိချေ။
သို့ရာတွင် လီယွီဟန်သည် သူ၏လူမှုဆက်ဆံရေးတွင် ထက်မြက်မှုကြောင့် ထုတ်ဖော်ပြောဆိုခြင်းမရှိချေ။ ထိုအစား သူက ရယ်မောလိုက်၏။
"သခင်လေးရီ...ငါက ပွင့်လင်းတဲ့လူတစ်ယောက်ပဲ...ဒါကြောင့် ငါ့ရဲ့သမီး မရှိတဲ့အချိန်မှာ....ငါ မင်းနဲ့ ကိစ္စတစ်ခုဆွေးနွေးချင်တယ်"
"သခင်ကြီးလီ....ကျေးဇူးပြုပြီး ဆက်ပြောပါ"
ရီဖုန်းက ပြောဆိုသည်။
အချိန်တခဏကြာခန့် စဥ်းစားတွေးတောပြီးနောက် လီယွီဟန်က အပြုံးနှင့်ပြောဆိုသည်။
"အဖေတစ်ယောက်အနေနဲ့...ငါ့ရဲ့သမီးလေးအတွက် အကောင်းဆုံးကိုပဲ ငါ လိုချင်တယ်...ငါတို့လီမိသားစုက ကျင့်ကြံခြင်းမိသားစုတစ်စုဖြစ်တာကြောင့်...သခင်လေးရီက ငါတို့ဟန်အာနဲ့ နည်းနည်းခွာခွာနေပေးနိုင်မယ်လို့ ငါ မျှော်လင့်တယ်"
"တကယ်တော့ ငါက မင်းအပေါ်မှာ အထင်သေးတယ်လို့ ဆိုလိုတာတော့မဟုတ်ဘူး...ဒါက သေမျိုးတွေနဲ့ကျင့်ကြံသူတွေကြားက မတူညီတာကို ပြောပြရုံသက်သက်ပဲ....."
"ဒါကြောင့် သခင်လေးရီ...ငါ ဆိုလိုချင်တာကို မင်း နားလည်လား"
Chapter 255
ဤစကားသံ ကျရောက်လာသည်နှင့်...
လူအိုကြီးဝမ် ကျူးရုံ ဝူယုံဟုန် လုသရှန်းနှင့်တခြားသူများအားလုံး တပြိုင်နက်တည်း မတ်တတ်ထရပ်လိုက်ကာ သူတို့၏မျက်လုံးများ လုံးလုံးလျားလျား အေးစက်တင်းမာသွားသည်။
ဆရာကြီးသည် သိုသိုသိပ်သိပ်နေကာ ဤကဲ့သို့မထီမဲ့မြင်ပြုမှုကို သူ၏စိတ်အတွင်း၌ တေးမှတ်ထားမည်မဟုတ်သော်လည်း သူတို့ ထိုကိစ္စကို သည်းခံနိုင်မည်မဟုတ်ချေ။
အကယ်၍ သူတို့ မဆင်မခြင်ပြုမူလိုက်ပါက ဆရာကြီး ဒေါသထွက်သွားမည်ကို ထိတ်လန့်ကြောက်ရွံခြင်းကြောင့်သာမဟုတ်ပါက ဤအိမ်တော်ငယ်လေးသည် သူတို့ကြောင့် မြေပြင်ပေါ်သို့ ချက်ချင်းပြိုကျသွားပေမည်။
"မရိုင်းပျကြနဲ့"
ရီဖုန်းကလည်း မတ်တတ်ထရပ်ကာ ဝူယုံဟုန်တို့ကို သတိပေး၍ လီယွီဟန်ကိုကြည့်ကာ ပြောဆိုလိုက်သည်။
"လီမိသားစုခေါင်းဆောင်...ငါ့အထင်တော့ မင်း အတွေးလွန်နေပြီ...ဒီလိုဆိုမှတော့ ငါတို့ သွားလိုက်ပါအုံးမယ်"
ထိုသို့ပြောဆိုပြီးနောက်...
ရီဖုန်းသည် ပစ္စည်းများထုတ်ပိုးရန်အတွက် လူတိုင်းကို အမိန့်ပေးကာ ထွက်ခွာခဲ့တော့သည်။
အကြောင်းအရင်းမှာ ဤသည်က သာမာန်သေမျိုးများကို နှိမ့်ချဆက်ဆံခြင်းဆိုသည်မှာ သိသာထင်ရှားသဖြင့် လီမိသားစု၏စီးပွားရေးလုပ်ငန်းများ မည်မျှထိကြီးမားနေပါစေ သူသည် မည်သည်ကြောင့် အောက်ကျို့ခယ၍ ဆက်ဆံနေရမည်နည်း။
"ဟမ့်..."
"မင်း နောင်တမရဖို့ ငါတို့မျှော်လင့်တယ်"
ဝူယုံဟုန်တို့လူစုသည် ထွက်ခွာမသွားမီ လီယွီဟန်ကို ဒေါသတကြီးဖြင့် စူးစူးဝါးဝါးစိုက်ကြည့်ကာ ထွက်ခွာခဲ့တော့သည်။
"နောင်တလား..."
"သေမျိုးတစ်စုကများ...ဘာတွေလာပြီး ကြီးကျယ်နေတာလဲ"
ရီဖုန်းတို့လူစု ထွက်ခွာသွားသည်ကိုကြည့်ပြီး အဓိကထိုင်ခုံနေရာ၌ထိုင်နေသော လီယွီဟန်သည် သူ၏ခေါင်းကို ခါယမ်းလိုက်၏။ ဤသေမျိုးများ ထွက်ခွာသွားသည်ကို သူ မည်သည်ကြောင့် နောင်တရနေရမည်နည်း။
ဤသည်မှာ ဟာသပြက်လုံးတစ်ခုပင်။
သူသည် သူ၏လီမိသားစုထံမှ အခွင့်အရေးရယူနိုင်ရန်ကြိုးစားခဲ့သော ဤကဲ့သို့လူအမြောက်အများကို မြင်တွေ့ဖူးပြီးလေပြီ။ သူ၏သမီး လီရီဟန်သည် ရိုးရှင်းသောစိတ်နေစိတ်ထားရှိသဖြင့် ဤကိစ္စများကို နားမလည်ချေ။ သို့ရာတွင် ယခုချိန်၌ လီမိသားစုခေါင်းဆောင်ဖြစ်သော သူသည် မည်သည်ကြောင့် ဤကိစ္စများကို ထွင်းဖောက်မမြင်ဘဲနေမည်နည်း။
ပြောရမည်ဆိုလျှင် သူ၏သမီးသည် အဝေးသို့ရောက်ရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ သူမကို အချိန်အတော်ကြာ မမြင်တွေ့ခဲ့ရသဖြင့် ယခု သူမပြန်ရောက်လာချိန်တွင် အဖေနှင့်သမီး ကောင်းစွာအတူရှိနေသင့်သည်။
ထိုသို့တွေးတောပြီး သူသည် မတ်တတ်ထရပ်ကာ လီရီဟန်၏အခန်းထံသို့ လျှောက်လှမ်းသွားလိုက်၏။
"သမီးလေး...အဆင်ပြေရဲ့လား"
ပြင်ပမှနေ၍ လီယွီဟန်က အခန်းတံခါးကိုခေါက်ကာ အပြုံးနှင့်မေးမြန်းလိုက်သည်။
သူမ၏ကျင့်ကြံဆင့်ကို ထိန်းညှိနေသော လီရီဟန်သည် လီယွီဟန်၏အသံကိုကြားချိန်တွင် မျက်မှောင်ကြုတ်ကာ အလျင်စလို တုံ့ပြန်မေးမြန်းသည်။
"အဖေ...ကျွန်မ အဆင်ပြေပါတယ်...ဒါပေမယ့် အဖေ ဘာလို့ ဒီကိုရောက်လာတာလဲ...အဖေက သခင်လေးရီတို့လူစုကို ဧည့်ခံနေတာမဟုတ်ဘူးလား...သူတို့ ဘယ်ရောက်သွားလဲ"
"အိုး ချစ်သမီးလေး...ငါက မင်းနဲ့အချိန်ကြာကြာလေး တွေ့ချင်လို့ပါ"
လီယွီဟန်က ရယ်ပြုံးကာ ထိုမေးခွန်းများကိုလှီးလွှဲရှောင်ဖယ်ပြီး အခန်းတံခါးကိုတွန်းဖွင့်ကာ အတွင်းသို့ဝင်လိုက်၏။
သို့ရာတွင် လီရီဟန်၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။ သူမသည် ပလ္လင်ခွေထိုင်နေရာမှ ချက်ချင်းမတ်တတ်ထရပ်ကာ မကျေမနပ်လေသံဖြင့် ပြောဆိုသည်။
"အဖေ...သူတို့က ဧည့်ခန်းထဲမှာ ရှိနေတုန်းပဲလေ...အဖေက ဘာလို့ သူတို့ကို အဲ့ဒီနေရာမှာထားခဲ့ပြီးတော့ ကျွန်မဆီကို ရောက်လာတာလဲ"
ထိုသို့ပြောဆိုပြီးနောက် သူမသည် လီယွီဟန်၏သွေးဆောင်နေမှုများကို လျစ်လျှူရှုကာ ဧည့်ခန်းထံသို့ တဟုန်ထိုးပြေးထွက်ခဲ့သည်။
သို့ရာတွင် ဧည့်ခန်းအတွင်း၌ မည်သူမျှရှိမနေတော့သည်ကို သူမ မြင်တွေ့မိလေ၏။
"အဖေ....ဘာတွေဖြစ်နေတာလဲ..သူတို့ ဘယ်ရောက်သွားတာလဲ"
လီရီဟန်သည် နောက်မှလိုက်လာသော လီယွီဟန်ကိုကြည့်ကာ စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်သည်။
"မစိုးရိမ်ပါနဲ့....သမီး စိုးရိမ်စရာ မလိုပါဘူး"
လီယွီဟန်သည် သူမကို စိတ်အေးအေးထားရန်ပြောဆိုကာ ဖြည်းညှင်းစွာ ရှင်းပြလေသည်။
"သမီး....မင်းရဲ့ပါရမီအရည်အချင်းက ကောင်းတယ်ဆိုပေမယ့် မင်းရဲ့အတွေးတွေကတော့ နည်းနည်းရိုးစင်းနေတုန်းပဲ...အဲ့ဒီလူတွေက သာမာန်သေမျိုးတွေလေ...မင်းရဲ့မိတ်ဆွေဖြစ်နိုင်တဲ့ ကျင့်ကြံသူတွေမဟုတ်ဘူး"
"အဖေ ဘာကိုဆိုလိုတာလဲ"
လီယွီဟန်၏စကားများကိုကြားချိန်တွင် လီရီဟန်သည် ခုန်ပေါက်မိတော့လုမတတ်ဖြစ်သွားကာ သူမ၏ဖခင်ကို စူးစူးဝါးဝါးကြည့်ပြီး မေးမြန်းလိုက်သည်။
"အဖေ...ကျေးဇူးပြုပြီးတော့ ကျွန်မကိုပြောပြပါ...သူတို့ ဘယ်ကိုထွက်သွားကြတာလဲ"
ဤအခြေအနေမျိုးတွင် သာမာန်အားဖြင့် စိတ်ဓာတ်ခိုင်မာသော လီရီဟန်သည် အလွန်စိုးရိမ်ပူပန်အတွင်းဖြင့် သူမ၏မျက်လုံးများအတွင်းမှ မျက်ရည်များစီးကျတော့လုမတတ်ပင်။
"သမီး...သူတို့က သာမာန်သေမျိုးတွေလို့ ငါ ပြောပြီးပြီလေ....သေမျိုးတွေကို ငါတို့ရဲ့လီအိမ်တော်ထဲမှာ ဝင်ထိုင်ခွင့်ပေးခဲ့ပြီးပြီ"
လီယွီဟန်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ဒါပေမယ့် အဆင့်အတန်းမြင့်မားတဲ့ ငါတို့လီမိသားစုက သူတို့ကို လေးစားရတဲ့ဧည့်သည်တော်တွေလို တကယ်ကြီးဆက်ဆံရမှာလား...ပြီးတော့ လူတွေရဲ့စိတ်ကို မှန်းဆလို့မရဘူး....မင်းကို သူတို့ချဥ်းကပ်လာတာက ငါတို့လီမိသားစုဆီက အခွင့်အရေးလိုချင်လို့ ဟုတ်မဟုတ်ဆိုတာ ဘယ်သူမှကြိုမမြင်နိုင်ဘူး...သူတို့လဖက်ရည်သောက်ပြီးလို့ ခဏလောက်ထိုင်ပြီးတာနဲ့ ငါ သူတို့ကို နှင်ထုတ်လိုက်တယ်"
"သူတို့ကို နှင်ထုတ်လိုက်တာလား"
ထိုစကားသည် လီရီဟန်၏စိတ်နှလုံးသားအတွင်းသို့ မိုးကြိုးတစ်စင်းအလား ကျရောက်သွားသည်။
သူမ၏မျက်နှာ ချက်ချင်းဖြူရော်သွားကာ သူမ၏ခြေထောက်များ အားမရှိတော့သဖြင့် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရပြီး သူမသည် ထိုင်ခုံငယ်တစ်လုံးပေါ်သို့ ပစ်လဲကျသွားလေ၏။ လီယွီဟန်၏စကားလုံးများသည် သူမ၏စိတ်အတွင်းတွင် အချိန်အတော်ကြာသည်အထိ ရစ်သိုင်းလွှမ်းခြုံနေဆဲပင်။
"သမီး...ဘာမှားနေလို့လဲ"
လီယွီဟန်က စိုးရိမ်ပူပန်စွာဖြင့် အလျင်စလိုမေးမြန်းသည်။
"ဖြစ်နိုင်တော့ မင်းက အဲ့ဒီသေမျိုးကို တကယ်ကြီး ချစ်ကြိုက်နေတာလား"
"ကျွန်မကို မထိနဲ့"
သို့ရာတွင် လီရီဟန်သည် လီယွီဟန်၏လက်ကို ပြင်းပြင်းထန်ထန်ပုတ်ထုတ်ကာ သွေးနီရောင်သမ်းနေသောမျက်လုံးတစ်စုံဖြင့် စူးစိုက်ကြည့်ပြီး အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"အဖေက ဘယ်လိုလုပ်ပြီးတော့ သူတို့ကို သေမျိုးတွေလို့ ရွှန်းရွှန်းဝေအောင် ပြောနေနိုင်တာလဲ"
"ပြီးတော့ ကျွန်မက သူ့ကို ချစ်ကြိုက်နေတယ်ဆိုရင်တောင်...ကျွန်မတို့ရဲ့လီမိသားစုက အရည်အချင်းပြည့်မီမယ်လို့ အဖေထင်နေတာလား"
"အဖေက မိသားစုခေါင်းဆောင်နေရာမှာ အချိန်အကြာကြီး တာဝန်ယူခဲ့တာတောင် ဘာလို့ ခုလောက်ထိ တုံးအနေတာလဲဆိုတာ ကျွန်မ မသိတော့ဘူး....သူတို့ကို ယဥ်ယဥ်ကျေးကျေးဆက်ဆံဖို့ ကျွန်မ အဖေကို ထပ်ခါတလဲလဲ သတိပေးခဲ့တယ်....ဒါပေမယ့် အဖေက အဲ့ဒီစကားတွေကို နားမထောင်တဲ့အပြင် သူတို့ကို မောင်းထုတ်ခဲ့တယ်...."
"ဖူး....အဖေက သူတို့ကို တကယ်ကြီး မောင်းထုတ်ခဲ့တယ်...."
ထိုစကားကိုပြောဆိုရင်း ဖြူရော်ရော်မျက်နှာနှင့်လီရီဟန်သည် အလွန်ဒေါသထွက်သွားကာ သူမ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။
"အား...သမီး....မင်း..."
ထိုမြင်ကွင်းကိုကြည့်ပြီး လီယွီဟန်သည် ရှေ့သို့အလျှင်အမြန်တိုးလိုက်သော်လည်း လီရီဟန်၏တွန်းထုတ်ခြင်းကို ထပ်မံ၍ခံလိုက်ရသည်။
"သမီး...ခုလောက်ထိဖြစ်နေစရာ လိုလို့လား"
လီရီဟန်၏မျက်နှာအမူအယာ အလွန်ပျက်ယွင်းနေသည်ကိုကြည့်ပြီး လီယွီဟန်က ပြောဆိုသည်။
"သူတို့က သေမျိုးတွေပဲလေ...သူတို့ထွက်သွားတာက ဘာအရေးကြီးကိစ္စမှမဟုတ်ဘူး...ဒါပေမယ့် ငါက မင်းရဲ့အဖေလေ"
"ပါးစပ်ပိတ်ထားစမ်း..."
လီရီဟန်က အော်ဟစ်လိုက်သည်။
"အခုချိန်ထိ အဖေက သူတို့ကို သေမျိုးတွေလို့ တစ်ကြိမ်ပြီးတစ်ကြိမ် ခေါ်နေတုန်းပဲ...ကိစ္စတွေကို လုံးလုံးလျားလျား ပျက်စီးစေပြီးတော့...အခြေအနေရဲ့လေးနက်မှုကို နည်းနည်းလေးတောင် သိနားလည်မှုမရှိဘူး...သူတို့ကို သေချာဂရုစိုက်ပြီး ယဥ်ယဥ်ကျေးကျေးဆက်ဆံဖို့ ကျွန်မ ထပ်ခါတလဲလဲ သတိပေးခဲ့ကတည်းက....သူတို့က သာမာန်သေမျိုးတွေမဟုတ်ဘူးဆိုတာ အဖေ မမြင်နိုင်ဘူးလား....သူတို့က အပေါ်ယံမှာမြင်နေရသလောက် ရိုးရှင်းတဲ့လူတွေမဟုတ်ဘူး"
"မင်း ဘာကိုဆိုလိုချင်တာလဲ"
လီယွီဟန်၏မျက်နှာသုန်မှုန်သွားကာ သူက မေးမြန်းလိုက်၏။
"ဟမ့်..."
လီရီဟန်၏မျက်လုံးများ သွေးနီရောင်သန်းနေကာ သူမ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုသည်။
"အခုလတ်တလော နန်ရှားနယ်စပ်မှာဖြစ်နေတဲ့ ဖြစ်ရပ်တွေကို အဖေ သိပြီးသားဖြစ်မှာပါ....ဟုတ်တယ်မလား"
"ဒီသတင်းတွေက နန်ရှားနယ်မြေတခွင်လုံးမှာပြန့်နေတာ...ငါ သေချာပေါက်သိတာပေါ့....ဒါပေမယ့် နန်ရှားနယ်စပ်ကဖြစ်ရပ်တွေက သူတို့နဲ့ဘာဆိုင်လို့လဲ"
လီယွီဟန်က ဇဝေဇဝါဖြစ်နေသောလေသံဖြင့် ပြောဆိုသည်။
"ကောင်းပြီ....ကောင်းပြီလေ...နန်ရှားနယ်စပ်ကဖြစ်ရပ်နဲ့သူတို့နဲ့ ဘယ်လိုဆက်စပ်နေလဲဆိုတာ ကျွန်မ အဖေကို ပြောပြမယ်"
လီရီဟန်သည် သူမ၏ပါးစပ်ထောင့်မှ သွေးများကိုသုတ်ကာ လီယွီဟန်ကိုစူးစိုက်ကြည့်ပြီး စကားတစ်လုံးချင်း ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။
"ဘာလို့လဲဆိုတော့...သူတို့က အဲ့ဒီကိစ္စမှာ ပါဝင်ပတ်သတ်နေတဲ့လူတွေမလို့ပဲ"
"အဲ့ဒီသခင်လေးရီဆိုတာက....နန်ရှားနယ်မြေရဲ့စွမ်းအားစုတွေအားလုံးကို ကြိုအကြောင်းကြားစရာမလိုဘဲနဲ့ ...နန်ရှားနယ်စပ်မှာ လာပြီးစုဝေးနေစေခဲ့တဲ့ ပြိုင်ဘက်ကင်းဆရာကြီးပဲ"
Thank For Reading.