အခန်း (၉၉၅)
Vol. 67 Ch. 995
ပိုင်ဖျောင်ဖျောင်နှင့်စုကျဲတို့နှစ်ဦးလုံး၏ စိတ်နှလုံးသားများ တုန်ခါသွားကြသည်။ ရီဖုန်း၏ကျင့်ကြံဆင့်သည် ထူးကဲသာလွန်သည်ကို သူမတို့ သိထားသော်လည်း ဤမျှထိအစွမ်းထက်လိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ကြချေ။
သူမတို့၏မျက်လုံးများအတွင်း၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး ရီဖုန်း၏နံဘေးသို့ ဆင်းသက်လိုက်ကြသည်။
"ရီဖုန်း...နင်က တကယ်ကို အစွမ်းထက်လွန်းတယ်"
"နင့်ရဲ့ခွန်အားက ဒီလောက်ထိ ကြောက်စရာကောင်းလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့မိဘူး.... ကုချင်းချန်ကို တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်နိုင်တယ်"
မိန်းကလေးငယ်လေးများကဲ့သို့ စိတ်လှုပ်ရှားနေကြသော သူမတို့နှစ်ဦးကို ကြည့်ရင်း ရီဖုန်းကမူ မည်သည့်စိတ်လှုပ်ရှားမှု အရိပ်အယောင်မျှ မရှိဘဲ စိတ်ပျက်လက်ပျက်အမူအယာဖြင့်သာ စူးစိုက်၍ကြည့်နေသည်။
ကုချင်းချန်သည် မည်သည်ကြောင့် ဤမျှထိ အားပျော့နေသနည်း။ သူသည် ခွန်အားအများကြီး မသုံးလိုက်သော်လည်း ကုချင်းချန် လွင့်ထွက်သွားလေပြီ။ ရီဖုန်းသည် သူ၏ လက်ယာဘက်လက်ကို ငုံ့ကြည့်ရင်း သက်ပြင်းတစ်ချက်ကို ညင်သာစွာ ရှိုက်လိုက်သည်။
"ဟူး..."
သူ ပြန်မော့ကြည့်လိုက်ချိန်တွင် တွင်းနက်ကြီးအတွင်းမှ ပုံပျက်ပန်းပျက်ဖြစ်နေသော ပုံရိပ် ထူထဲသော ဖုန်မှုန့်များ ဖုံးလွှမ်းနေသော်လည်း ထိုမိန်းမလျာလေး ဖြစ်သည်မှာ အတိအကျပင်။
သူတော်စင်ဟုခေါ်သော တစ်ယောက်ကို သူသည် တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်ခဲ့ပေ၏။ သူ၏ကျင့်ကြံဆင့်စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အင်အားကြီးလှသည်။
အကယ်၍ တခြားသူများသာ ဤနေရာတွင် ရှိနေပါက သူတို့အားလုံး မှင်တက်သွားကြပေလိမ့်မည်။
မိန်းကလေးနှစ်ယောက် ဤမျှထိ အလွန်စိတ်လှုပ်ရှားနေသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။ ဤကိစ္စသည် အမှန်တကယ်ကို အနည်းငယ် တရားလွန်ပေ၏။
ရီဖုန်းကမူ ပျော်ရွှင်မှုကို မခံစားရဘဲ ပို၍ပို၍ အထီးကျန်ဆန်မှုနှင့်ဆင်းရဲဒုက္ခတို့ကိုသာ ခံစားနေရသည်။ သူ၏ကံကြမ္မာကို လုံးလုံးလျားလျား လက်ခံလိုက်ပုံရပြီး သူ၏မျက်နှာပေါ်တွင် အသက်ရှင်လိုစိတ် အရိပ်အယောင် တစိုးတစိမျှ မရှိတော့ချေ။
လူတို့၏ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်းတို့သည် တစ်ဦးနှင့်တစ်ဦး မသက်ဆိုင်ပေ။ ယခုအချိန်တွင် ဤအချက်သည် အထူးသဖြင့် သိသာရှင်းလင်းနေသည်။
မိန်းကလေးနှစ်ယောက်သည် သူ၏နံဘေးတွင် မည်မျှပင် ချီးကျူးနေပါစေ သူသည် ရေခဲရေဖြင့် လောင်းချခံထားရသည့်အလား တိတ်ဆိတ်စွာ မတ်တတ်ရပ်နေပြီး ငိုချင်သော်လည်း မျက်ရည်မထွက်နိုင် ဖြစ်နေသည်။
သောက်ချေးပဲ....
သူ့ထံ၌ သူတော်စင်အဆင့် ကျင့်ကြံခြင်းရှိနေသည်ကို သူ အတည်ပြုနိုင်လေပြီ။ ထို့ပြင် သာမန်မဟုတ်ဘဲ အလွန်အမင်း အစွမ်းထက်သော သူတော်စင်မျိုးဖြစ်နေပေ၏။
' ငါယိုးမသား စနစ်ကောင်...မင်းက ငါ့ကို ဒီလောက်ထိ အစွမ်းထက်အောင် လုပ်ပေးထားမှတော့ ဘာလို့ သေလမ်းရှာခိုင်းရသေးတာလဲ'
ရီဖုန်းသည် တောင့်တင်းစွာ မတ်တတ်ရပ်နေရင်း ဤလောကကြီး အလွန်ဆူညံသည်ဟု ခံစားလိုက်ရသည်။
မည်သည်ကြောင့် သူသည် သူတော်စင်တစ်ယောက် ဖြစ်နေသနည်း။ ထို့ပြင် သူသည် ထိုမိန်းမလျာလေးကို တစ်ချက်တည်းနှင့် အနိုင်ယူနိုင်စွမ်းရှိသည်။
'ဒါက ဘယ်လိုဟာသမျိုးလဲ....'
ဤကဲ့သို့ကျင့်ကြံဆင့်စွမ်းအားနှင့် သူသည် မည်သို့ သေလမ်းရှာရမည်နည်း။
တစ်ညလုံး နက်နက်နဲနဲ စဉ်းစားပြီးနောက် ရီဖုန်းသည် သူ၏ ကံကြမ္မာကို လက်မခံချင်သေးဘဲ အရာအားလုံးသည် နားလည်မှုလွဲခြင်းတစ်ခုသာ ဖြစ်မည်ဟု မျှော်လင့်ချက် အစအနလေးကို ကိုင်စွဲထားဆဲပင်။
သို့ရာတွင် ထိုမိန်းမလျာလေး ရုတ်တရက် ထွက်ပေါ်လာပြီး အရာအားလုံးကို အတည်ပြုသွားခဲ့သည်။ သူသည် သူတော်စင်တစ်ယောက်ဖြစ်ကာ သံသယဖြစ်ဖွယ်မရှိသော သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦးပင်။
ပြီးဆုံးသွားပြီ...
ဘဝရဲ့ မျှော်လင့်ချက်အားလုံး ပျောက်ကွယ်သွားပြီ...
ရီဖုန်းသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး သူ၏စိတ်နှလုံးသားသည် လုံးလုံးလျားလျား အေးစက်သွားပေ၏။
သူ၏ အထီးကျန်ဆန်ပြီး မှင်တက်နေသော အမူအယာကို မြင်တွေ့မိချိန်တွင် ပိုင်ဖျောင်ဖျောင်နှင့် စုကျဲတို့သည် ပို၍ပင်ရိုသေလေးစားလာကြ၏။ အထူးသဖြင့် ပိုင်ဖျောင်ဖျောင်၏ မျက်လုံးများသည် တောက်ပနေပြီး သူမသည် အမာခံပရိသတ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလုနီးပါးပင်။
အမှန်တကယ်ကိုပင် ရီဖုန်း၏ကျင့်ကြံဆင့်စွမ်းအားသည် အလွန်အစွမ်းထက်ပေ၏။ သူသည် အစောပိုင်းက စုကျဲထံမှ ဓားတစ်ချက်ကို ခံယူခဲ့ပြီး ဖြစ်သဖြင့် ယခုချိန်၌ ကုချင်းချန်ကို အနိုင်ယူခြင်းသည် သဘာဝကျသော အရာတစ်ခုသာ ဖြစ်သည်။
ဤကိစ္စအတွက် သူ့တွင် ပျော်ရွှင်စရာ တစိုးတစိမျှ မရှိသည်မှာ သေချာပေါက်ပင်။
စုကျဲပြောခဲ့သည့်အတိုင်း ရီဖုန်း၏ ရည်မှန်းချက်များသည် သာမန်လောကီရေးရာများကို ကျော်လွန်သွားခဲ့လေပြီ။
သူက တကယ်ကို အရမ်းထူးခြားတယ်...
ရီဖုန်း ဤမျှ အစွမ်းထက်သည်ကို မြင်တွေ့ချိန်တွင် ပိုင်ဖျောင်ဖျောင်အတွက် အသစ်အဆန်းဖြစ်နေပြီး စိတ်လှုပ်ရှားဖွယ် ကောင်းလှသဖြင့် သူမ၏နှလုံးခုန်သံများ ပို၍ပို၍မြန်ဆန်လာသည်။ သူမ၏အကြည့်သည် သူ့အပေါ်တွင် လုံးလုံးလျားလျား ကျရောက်နေပြီး သူ၏ တိတ်ဆိတ်ငြိမ်သက်နေသော အမူအရာပင်လျှင် အလွန်ထူးခြားပြီး အေးစက်ကာ သူမကို မတွန်းလှန်နိုင်အောင် ဆွဲဆောင်နေသည်။
ထိုအချိန်မှာပင် အဝေးရှိ တွင်းနက်ကြီးအတွင်းမှ ပုံရိပ်တစ်ခု တွားသွားတက်လာသည်။ သူ့ထံမှနေ၍ ထိတ်လန့်တကြား အော်ဟစ်သံများနှင့် တုန်ရီနေသော အသံများ ဆက်တိုက်ထွက်ပေါ်လာပြီး အရူးတစ်ယောက်နှင့်ပင် တူညီနေပေ၏။
"ဒါက... မဖြစ်နိုင်ဘူး...ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူး"
သူတို့သုံးယောက်သည် လန့်ဖျပ်သွားပြီး အသံလာရာသို့ ကြည့်လိုက်ကြသည်။ ကုချင်းချန်၏ ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး သူက အငြိုးအတေးများ ပြည့်နေသောမျက်နှာဖြင့် ပြန်လည်၍စိုက်ကြည့်နေလေရာ အကြည့်များ ဆုံသွားကြသည်။
ကုချင်းချန်၏မျက်နှာသည် ပြာတလှည့်ဖြူတလှည့် ပြောင်းလဲနေပြီး ကြီးမားသော အရှက်တရားကို ခံစားလိုက်ရသည့်အလားပင်။ သူ၏မျက်နှာပေါ်၌ ကြောက်မက်ဖွယ်ကောင်းသော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။
"ကောင်စုတ်လေး...မင်းက ဘယ်လိုလုပ်ပြီး သူတော်စင်တစ်ယောက် ဖြစ်နိုင်မှာလဲ..ငါက သူတော်စင်တစ်ယောက်အဖြစ်နဲ့ နှစ်ထောင်ပေါင်းများစွာ ကျော်ကြားခဲ့ပြီးတော့ ဒီလို အရှက်ရစရာမျိုး တစ်ခါမှ မကြုံဖူးဘူး... ပိုင်ဖျောင်ဖျောင်...ကောင်မစုတ် မင်းက ကျားကိုစားဖို့ ဝက်ယောင်ဆောင်တာပဲ... သူတော်စင်တစ်ယောက်ကို ဘယ်လို သတ္တိတွေနဲ့ ခုလိုလုပ်ရဲတာလဲ"
"ငါက မင်းတို့အားလုံးကို ဒီနေရာမှာ ပျက်စီးစေရမယ်...မင်းတို့ရဲ့ ဆွေမျိုးတွေ အစေခံတွေ မင်းတို့နဲ့ ပတ်သက်ဆက်နွှယ်တဲ့ ဘယ်သူမဆို ဒီအရှက်တရားအတွက် သူတို့ရဲ့အသက်နဲ့ ပေးဆပ်စေရမယ်"
ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်တစ်ခု စတင်ပျံ့နှံ့လာပြီး ကုချင်းချန်၏နဖူးပေါ်တွင် သွေးကြောများ ထောင်တက်လာသည်။ ထိုသတ်ဖြတ်လိုစိတ်သည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး စစ်မှန်ပေ၏။
စုကျဲ၏မျက်လုံးများအတွင်းတွင် တည်ကြည်လေးနက်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။ ဤှသည်မှာ သူမသည် ပြိုင်ဘက်၏ စွမ်းအားကို ကြောက်ရွံ့၍ မဟုတ်ဘဲ ထိုအငြိုးမပြေနိုင်သော သဘောထားကြောင့်ပင်။
ဤကိစ္စသည် ပို၍ကြီးထွားသွားလေပြီ။ ပိုင်ဖျောင်ဖျောင်နှင့်စုကျဲတို့သည် တိတ်ဆိတ်သွားကာ တည်ကြည်လေးနက်သော အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
ဤကိစ္စသည် ကုချင်းချန်၏နောက်ကွယ်မှ ရှေးဟောင်းမိသားစုကို ရင်ဆိုင်ရမည်ဖြစ်၍ သူမတို့ မဆင်မခြင် မလုပ်ရဲကြပေ။
သူမတို့ မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို ဆွေးနွေးရန် ပြင်နေစဉ်မှာပင် ရီဖုန်းက ရှေ့သို့ ခြေတစ်လှမ်း တိုးနှင့်နေပြီဖြစ်သည်။ ကုချင်းချန် ဤကဲ့သို့ မာနထောင်လွှားစွာ အော်ဟစ်နေခြင်းသည် ရီဖုန်း၏ နားထဲတွင် ကြီးမားသော မျှော်လင့်ချက်တစ်ခုအလား ထင်မှတ်ရသည်။
ကုချင်းချန်ထံမှ ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပွင့်အံ့ထွက်လာပြီး အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်ကို သူ မြင်တွေ့မိလေ၏။ ဤကဲ့သို့ အခြေအနေမျိုးတွင် သူသည် ကြီးမားသော လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုမည် မဟုတ်လော။
ကျေးဇူးပြုပြီး ရှေးဟောင်းမိသားစုမှ သူတော်စင်ဆိုသော ဂုဏ်ပုဒ်ကို ထပ်မံ၍ အရှက်ရအောင် မလုပ်ပါနှင့်...
ရီဖုန်းသည် တည်ငြိမ်စွာဖြင့် ရှေ့သို့ လျှောက်သွားပြီး သူ၏မျက်လုံးများထဲတွင် ကြယ်ရောင်အလင်းတန်းများ အနည်းငယ် ထွက်ပေါ်နေသည်။
ဤလုပ်ရပ်သည် ပိုင်ဖျောင်ဖျောင်နှင့် စုကျဲတို့ကို မှင်တက်သွားစေရုံသာမက ကုချင်းချန်၏ အမူအယာကိုလည်း မယုံနိုင်လောက်အောင် ခက်ထန်သွားစေသည်။
ကုချင်းချန်သည် သူ၏တာအိုစွမ်းအားကို ဖြည်းညှင်းစွာ သူ၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်ပြီး ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။
"ကောင်းတယ်... မင်းက တကယ်ကို သတ္တိရှိတာပဲ"
"နှစ်ထောင်ပေါင်းများစွာအတွင်းမှာ ငါ သူတော်စင်က ငါ့ရဲ့ အစွမ်းကုန်ကို တစ်ခါမှ မထုတ်သုံးဖူးဘူး...ဒီလိုအခြေအနေမျိုးအထိ တွန်းပို့ခံရတာမျိုးလည်း မရှိဖူးဘူး...ဒါပေမဲ့ ငါ့ရဲ့သတ်ဖြတ်လိုစိတ်ကို လှုံ့ဆော်မိတာကတော့ မင်းဘဝရဲ့ အကြီးမားဆုံး ကံဆိုးမှုပဲ"
"မင်းရဲ့မျက်လုံးဖွင့်ကိုဖွင့်ပြီး သေချာကြည့်စမ်း... ရှေးဟောင်းမိသားစုရဲ့ အမွေအနှစ်ဆိုတာ ဘာလဲဆိုတာ ငါ မင်းကိုပြမယ်"
ရီဖုန်းသည် တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးများတွင် ပို၍ကြီးမားသော မျှော်လင့်ချက်အလင်းရောင်များ ပြည့်နှက်နေပေ၏။
"ကောင်းပြီလေ.. ငါ ကြည့်နေတယ်"
ထိုစကားကို ကြားချိန်၌ ကုချင်းချန်၏မျက်ခွံများ လှုပ်ခတ်သွားပြီး ရီဖုန်းကို သေရမည်အား မသိသောသူဟု စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ တာအိုစွမ်းအား ပွင့်အံ့ထွက်ကာ လေထုထဲသို့ ဖြည်းညှင်းစွာ မြင့်တက်သွားသည်။ မရေမတွက်နိုင်သော ကောင်းကင်နှင့်မြေပြင်၏စွမ်းအင်များ အဆက်မပြတ် စုစည်းလာပြီး ကြောက်မက်ဖွယ် အရှိန်အဝါတစ်ရပ် ရုတ်တရက် ပျံ့နှံ့လာကာ တိမ်တိုက်များ လှုပ်ရှားလာပြီး မြေပြင်ကို တုန်ဟီးသွားစေသည်။
ကုချင်းချန်၏ကြောက်မက်ဖွယ်ကောင်းသော မျက်နှာပေါ်တွင် သွေးကြောများ ထောင်ထနေသည်။ သူ၏လက်များကို ဖြန့်ကားလိုက်ချိန်၌ ကုချင်းချန်၏မိန်းမဆန်သော မျက်လုံးများမှ နတ်ဘုရားတစ်ပါးကဲ့သို့ တောက်ပသော အလင်းများ ထွက်ပေါ်လာသည်။
"ကြယ်တာရာ စစ်တုရင်ခုံ"
ကောင်းကင်နှင့်မြေပြင်ကို ထွင်းဖောက်သွားနိုင်သည့် အလွန်ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပေ၏။
မိုးကောင်းကင်ယံတွင် မဟာတာအို၏ စွမ်းအားဖြင့် ဖွဲ့စည်းထားသော စစ်တုရင်ခုံတစ်ခု ထွက်ပေါ်လာသည်။ တာအိုဆုံမှတ်များသည် စစ်တုရင်ကစားသည့် နယ်ရုပ်များအဖြစ်သို့ ပြောင်းလဲသွားကာ ကြယ်တာရာများ စုဝေးနေသည့်အလား သူတော်စင်နယ်မြေ၏ကောင်းကင် ယံတခွင်လုံးကို ထွန်းလင်းသွားစေသည်။
ပိုင်ဖျောင်ဖျောင်၏မျက်လုံးများအတွင်းတွင် တည်ကြည်လေးနက်သော အမူအယာတစ်ရပ် ထွက်ပေါ်လာပြီး ခုခံရန်အတွက် သူမ၏တာအိုစွမ်းအားကို လှည့်ပတ်လိုက်သည်။
စုကျဲသည်လည်း သူမ၏ဓားကို တိတ်တဆိတ် ဆုပ်ကိုင်ထားပြီး ချီးကျူးစကား မဆိုဘဲ မနေနိုင်တော့ပေ။
"ဒီမိန်းမလျာက တကယ့်ကို ထူးခြားတဲ့ အရည်အချင်းရှိတာပဲ... နှစ်ပေါင်းများစွာကြာအောင် သူ့ရဲ့ကျင့်ကြံခြင်းကို လျစ်လျူရှုထားပေမယ့် စစ်တုရင်တာအိုအပေါ် သူ့ရဲ့ နားလည်နိုင်စွမ်းက ဒီအဆင့်အထိ ရောက်နေပြီ...သူက ကောင်းကင်နဲ့မြေပြင်ရဲ့ စွမ်းအားကိုတောင် ဆင့်ခေါ်နိုင်စွမ်း ရှိတယ်.. ငါတောင်မှ လွယ်လွယ်ကူကူ ခုခံနိုင်မှာ မဟုတ်ဘူး"
ထိုစကားကိုကြားချိန်တွင် ပိုင်ဖျောင်ဖျောင်၏ မျက်လုံးများထဲမှ ဖိအားများ ပို၍ပြင်းထန်လာသည်။ သူမသည် အဝေးရှိ တစ်ကိုယ်တည်းရပ်နေသော ပုံရိပ်ကို ကြည့်ရင်း စိုးရိမ်ပူပန်မှုများလည်း ခံစားနေရပေ၏။
ထိုအချိန်မှာပင် သူမက ရီဖုန်း ပြုံးနေသည်ကို မြင်လိုက်ရသည်။ပိုင်ဖျောင်ဖျောင်၏စိတ်နှလုံးသားသည် အံ့အားသင့်မှုကြောင့် တင်းကျပ်သွားပြီး သူ၏ကျောက်တောင်ကဲ့သို့ ခိုင်မာသော ယုံကြည်ချက်ကြောင့် ထိတ်လန့်သွားသည်။
စုကျဲသည်လည်း ထပ်တူထပ်မျှမှင်တက်သွားပြီး သူမ၏လက်ပိုက်ထားမှုကိုပင် ဖြေချလိုက်မိသည်။ မည်ကဲ့သို့ အားကောင်းသော စွမ်းအားမျိုးက ထိုသို့သော ယုံကြည်မှုကို ထောက်ပံ့ပေးနိုင်သည်ကို သူမတို့ မတွေးဝံ့ကြချေ။
ရီဖုန်းသည် အမှန်တကယ်ကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားနိုင်သူဖြစ်ပြီး သူ၏စိတ်နေစိတ်ထားသည် သူမတို့ လက်လှမ်းမမီနိုင်သော အဆင့်တွင် ရှိနေပေ၏။
မိန်းကလေးနှစ်ယောက်သည် အံ့အားသင့်တုန်လှုပ်စွာ ကြည့်နေရင်း နောက်ထပ် မည်သည့်လှုပ်ရှားမှုကိုမျှမလုပ်ရဲကြတော့ချေ။
ထိုစွမ်းအားသည် သူတော်စင်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားသည့်အချိန်၌ တောက်ပသော အလင်းသည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် တောက်လောင်နေသော နေလုံးကြီးနှင့်ပင် တူညီနေသည်။ နန်းတော်များနှင့်ခန်းမဆောင်များဖြစ်စေ သက်ရှိသတ္တဝါအားလုံးဖြစ်စေ အဖြူအမည်း စစ်တုရင်ကစားနေသည့် နယ်ရုပ်များ၏စွမ်းအားကို ကြောက်ရွံ့နေကြသည်။
အရာအားလုံးကို အပေါ်စီးမှ ငုံ့ကြည့်နေသော ကုချင်းချန်ထံတွင် မာန်မာနများဖြင့် ပြည့်နှက်နေပြီး မြေပြင်ပေါ်ရှိ ပုံရိပ်များကို ပုရွက်ဆိတ်များအဖြစ် သတ်မှတ်နေသည်။
"အသိတရားမဲ့တဲ့ အရူးတွေ"
"မင်းနဲ့ ဟိုကောင်မနှစ်ယောက်..မင်းတို့အားလုံး ဒီနေရာမှာ ပျက်စီးရမယ်...ငါက မင်းတို့ရဲ့ မိသားစုတွေနဲ့ မင်းတို့နဲ့ ပတ်သက်ဆက်နွှယ်တဲ့ လူတိုင်းကို ငိုယိုတောင်းပန်စေပြီး မင်းတို့နဲ့အတူ ငရဲမှာ ပြန်ဆုံစည်းစေရမယ်"
ရီဖုန်းသည် နောက်ဆုံးတွင် ပြုံးလိုက်ပြီး ကျယ်လောင်စွာအော်ဟစ်၍ ချီးကျူးလိုက်သည်။
"အားကောင်းလိုက်တာ..."
ကုချင်းချန်သည် ဤမျှထိ သန်မာအားကောင်းနေသဖြင့် သူလည်း ထိုအရှိန်အဝါနှင့် လိုက်ဖက်ညီအောင် အားနည်းနည်းစိုက်ထုတ်ပြီး တုံ့ပြန်သင့်သည်။ သူသည် ကုချင်းချန်ကို အစွမ်းကုန်သုံးအောင် သေချာပေါက် တွန်းအားပေးရမည်။
ထိုအတွေးဖြင့် ရီဖုန်းသည် ဟန်ဆောင်ပန်ဆောင်လက်ဟန်သင်္ကေတစ်ခုလုပ်ပြီး သူ၏ ညာလက်ကို လက်သီးဆုပ်လိုက်သည်။
သူ၏ဟန်ပန်သည် သာမန်ပုံပေါက်နေသဖြင့် ကုချင်းချန်၏မျက်နှာပေါ်တွင်တွင် ကလေးတစ်ယောက်ကို ကြည့်နေသည့်အလား သရော်တော်တော် အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။ သူ၏မျက်လုံးများအတွင်းတွင် မထီမဲ့မြင်ပြုမှု လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေပေ၏။
"လက်လျှော့လိုက်ပြီလား.. ငါ သူတော်စင်က အလေးအနက်ထားလိုက်ပြီဆိုရင် လူတိုင်းက တကယ်ကို ပုရွက်ဆိတ်တွေပါပဲ..."
သို့ရာတွင် ထိုလက်သီးချက် ပျံ့လွင့်လာချိန်တွင် ကုချင်းချန်၏အပြုံး တောင့်တင်းသွားသည်။ ထိုလက်သီးစွမ်းအား ရှေ့သို့ပျံ့လာသည်နှင့်အမျှ ကုချင်းချန်၏ အမူအရာသည် အဆက်မပြတ် ပြောင်းလဲသွားသည်။ အချိန်တခဏအတွင်းမှာပင် သူ၏မျက်နှာသည် ဖြူဖျော့သွားခဲ့လေပြီ။
သူ၏မျက်လုံးများအတွင်းသို့ ထိုလက်သီးစွမ်းအား ပျံ့လွင့်လာပြီးနောက် ကောင်းကင်နှင့်မြေကြီးကိုလွှမ်းခြုံနိုင်သော ဧရာမပုံရိပ်ယောင်လက်သီးတစ်ချက်သည် တစ်ချိန်တည်းမှာပင် ထွက်ပေါ်လာပေ၏။ ထိုကြောက်မက်ဖွယ် စွမ်းအားအောက်တွင် ကောင်းကင်ကြီးသည်ပင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားတော့မည့်အလား ဖြစ်နေကာ တောက်ပနေသော နေလုံးသည်လည်း အရူးအမူး ပုန်းကွယ်ရန် ကြိုးစားနေသည်။
ကုချင်းချန်၏မျက်နှာသည် ပြာနှမ်းနေပြီး သူ၏ နှုတ်ခမ်းများ စတင်၍တုန်ယင်လာကာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။
ဘုန်း....
ကြယ်တာရာစစ်တုရင်ခုံသည် ဆွေးမြေ့နေသော အရာဝတ္ထုတစ်ခုကဲ့သို့ လွင့်ပြယ်သွားပြီး ကောင်းကင်သည် ကြည်လင်သွားကာ အရာအားလုံး ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။
အော်ဟစ်နေသော ပုံရိပ်သည် လေပြင်းတစ်ချက်ဖြင့် တိုက်ခတ်ခံလိုက်ရသည့်အလား လွင့်ပါသွားကာ ကြယ်ကြွေတစ်စင်းအလား ကျရောက်သွားသည်။
စွမ်းအားလှိုင်းများအားလုံး ပျောက်ကွယ်သွားပြီး နံနက်ခင်းအလင်းရောင်သည် လောကကြီးပေါ်သို့ တဖန်ပြန်၍ဖြာကျလာကာ မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သည့်အလားပင်။
နံနက်ခင်းနေမင်းကြီးသည် ထွက်ပေါ်လာပြီး မိုးကောင်းကင်ယံသည် ကြည်လင်တောက်ပနေပေ၏။
လက်သီးတစ်ချက်တည်းဖြင့် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားဖြင့် ဖွဲ့စည်းထားကာ ရုပ်လုံးပေါ်နေသည့် စစ်တုရင်တာအိုသည် ဖုန်မှုန့်များအလားလွင့်ပြယ်သွားသည်။
ဒါက... ဒါက သူတော်စင်တစ်ယောက် ပိုင်ဆိုင်နိုင်တဲ့ စွမ်းအားမျိုး ဖြစ်နိုင်ရဲ့လား...
ရဲ့ ကျင့်ကြံဆင့်ကို နည်းနည်းလေးတောင်မှ မသုံးသပ်နိုင်ဘူးလား...."
ကုတောက်ဟိုင်သည် သာမန်လူမဟုတ်ပေ။ ဤစကားကိုကြားချိန်၌ သူ၏မျက်လုံးသူငယ်အိမ်များ သိသိသာသာ ကျဥ်းမြောင်းသွားသည်။
"ဘိုးဘေး ဆိုလိုတာက...."
ဤဂျူနီယာကို တစ်ချက်ကြည့်ပြီးနောက် သူ၏သားဆုံးရှုံးခဲ့သော နာကျင်မှုကို စဉ်းစားကာ ကုထိုက်ယွမ်သည် သူ့ကို များစွာ အပြစ်မတင်ခဲ့ချေ။ ကုတောက်ဟိုင်၏ပါရမီသည် သူ၏သား ကုချင်းချန်နှင့် မယှဉ်နိုင်သော်လည်း ရှားပါးသော ပါရမီရှင်တစ်ဦးဖြစ်ပြီး အနည်းဆုံးအနေဖြင့် ကုမိသားစု၏အခြေခံအုတ်မြစ်ကို ထိန်းသိမ်းနိုင်စွမ်းရှိသည်။
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ကုထိုက်ယွမ်သည် သူ ယခင်က မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသမျှကို ပြန်ပြောပြလိုက်သည်။ လက်ညှိုးတစ်ချောင်းဖြင့် လေဟာနယ်ကို ဆုတ်ဖြဲခဲ့သည့် ကြောက်မက်ဖွယ်ကိစ္စကို ကြားသောအချိန်တွင် ကုတောက်ဟိုင်၏မျက်နှာသည် ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားခဲ့သည်။
ဒါဆိုရင် အဲ့ဒီထူးဆန်းတဲ့သက်ရှိတွေက ကြောက်စရာကောင်းတဲ့ တည်ရှိမှုကြီးတွေပေါ့...
ကုတောက်ဟိုင်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဦးညွှတ်လိုက်ပြီး သူ၏မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပေ၏။
"ဘိုးဘေး...ဒီပုဂ္ဂိုလ်တွေမှာ နက်ရှိုင်းတဲ့ ကျင့်ကြံမှုရှိနေမှတော့ သူတို့ ဒီနေ့လာရောက်တာက ကောင်းတဲ့ကိစ္စအတွက်တော့ မဖြစ်နိုင်ဘူး... ကျွန်တော်တို့က သူတို့ကို တန်ဖိုးရှိတဲ့ ရတနာတွေ မဆက်သနိုင်ရင် ကျွန်တော်တို့ ကုမိသားစုတောင်မှ ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်..."
"ဒါကို ဘယ်လိုလုပ်ရမလဲ.. ချင်းချန်လို ပါရမီရှင်တစ်ယောက်ကို ဆုံးရှုံးပြီးတဲ့နောက်မှာ ကျွန်တော်တို့ကုမိသားစုက ဒီဘေးဒုက္ခကိုပါ ခံစားရတော့မှာလား.."
သူ၏စကားများတွင် နာကျင်မှုများ ပြည့်နှက်နေပြီး သူ၏အမူအယာသည် စိတ်ပျက်ညှိုးငယ်နေသည်။
ကုထိုက်ယွမ်ကမူ မထီမဲ့မြင် ပြုံးလိုက်သည်။
"ဒါက ဘေးဒုက္ခလို့ ငါ ဘယ်တုန်းက ပြောလို့လဲ....တောက်ဟိုင် မင်းရဲ့ အမြင်က အရမ်းတိမ်သေးတယ်...သူတို့ရဲ့ ကျင့်ကြံမှုက တကယ့်ကို ကြောက်စရာကောင်းတယ်... ဒါပေမဲ့ သူတို့ ပိုင်ဆိုင်တဲ့ ရတနာတွေက ငါတို့မိသားစုမှာ ရှိတာထက် အများကြီးသာလွန်နေလိမ့်မယ်"
"သူတို့ ဒီတစ်ခေါက် ရောက်လာတာက ဘေးဒုက္ခမဟုတ်ရုံတင်မကဘဲ ငါတို့ကုမိသားစုအတွက် အရမ်းကြီးမားတဲ့ အခွင့်အရေးတစ်ခုပဲ"
ကုထိုက်ယွမ်၏ တည်ကြည်လေးနက်သောအသံသည် ကုတောက်ဟိုင်ကို ထိတ်လန့်တုန်လှုပ်သွားစေပြီး သူ၏မျက်လုံးများတွင် မယုံနိုင်သည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။
"အခွင့်အရေးလား..."
ရုတ်ချည်းဆိုသလိုပင် ကုတောက်ဟိုင်သည် ပို၍ပင်ထိတ်လန့်တုန်လှုပ်သွားပေ၏။
"ဘိုးဘေး ဆိုလိုတာက... ကျွန်တော်တို့ ဘိုးဘေးစဉ်ဆက်အမွေဆက်ခံခဲ့တဲ့ ကြယ်ကြွေစစ်တုရင်ခုံမဟာဝင်္ကပါကို အသက်သွင်းပြီး သူတို့အုပ်စုကို ရင်ဆိုင်ဖို့လား..."
သူ၏စကားမဆုံးမီမှာပင် ကုထိုက်ယွမ်က ဆိုးညစ်သော အပြုံးဖြင့် ခေါင်းညိတ်လိုက်ပြီး 'မင်းကို သင်ပေးလို့ရတယ်' ဟု ဆိုလိုသော အမူအယာကို ပြသလိုက်သည်။
"အတိအကျပဲ"
"မင်းရဲ့ ပါရမီက အကန့်အသတ်ရှိပေမဲ့ မင်းမှာ နားလည်နိုင်စွမ်းတချို့တော့ ရှိသားပဲ.. ဒါက ဒီအဘိုးကြီးရဲ့မျှော်လင့်ချက်တွေကို စိတ်မပျက်စေဘူး...အဲ့ဒီသက်ရှိတွေက ကျင့်ကြံမှုမှာ အစွမ်းထက်ပေမဲ့ ငါတို့က 'ကြယ်ကြွေစစ်တုရင်ခုံမဟာဝင်္ကပါ' ဆိုတဲ့ မျိုးဆက်တိုင်း လက်ဆင့်ကမ်းလာတဲ့ ဒီဘိုးဘေးစဉ်ဆက်ဝင်္ကပါကို အသက်သွင်းသရွေ့ သူတို့က သေခြင်းကနေ လွတ်မြောက်မှာ မဟုတ်ဘူး.."
"ဆိုရိုးစကားအတိုင်းပဲ စည်းစိမ်ဥစ္စာကို အန္တရာယ်ထဲကနေ ရှာရတယ်.... ကုမိသားစုရဲ့ ကြီးကျယ်ခမ်းနားတဲ့ အစီအစဉ်အတွက် ဒီအဘိုးကြီးက အရှက်ကွဲခံပြီးတော့ ဝန်ထုပ်ဝန်ပိုးကို ထမ်းပြီး သူတို့ကို ငါက ထောင်ချောက်ထဲ ဆွဲဆောင်ခဲ့တယ်.... အရာအားလုံးက မင်းအပေါ်မှာ မူတည်တယ်"
စကားအနည်းငယ်အတွင်းမှာပင် ကုထိုက်ယွမ်သည် သူ့ကိုယ်သူ မိသားစု၏သူရဲကောင်းတစ်ဦးအဖြစ် ပုံဖော်လိုက်သည်။ သူ၏ယခင်လုပ်ရပ်အားလုံးသည် ကြီးကျယ်သော အစီအစဉ်အတွက် အရှက်ကွဲခံပြီး ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခဲ့ခြင်းဖြစ်ကာ သူ၏ယခင်မျက်နှာချိုသွေးမှုများပင်လျှင် အလွန်ပါးနပ်သော ဗျူဟာတစ်ခုဖြစ်သည်ဟု ဆိုလိုက်၏။
ကုတောက်ဟိုင်သည် ထိတ်လန့်တုန်လှုပ်စွာ နားထောင်ပြီးနောက် ချက်ချင်းတုံ့ပြန်လိုက်သည်။
"ဘိုးဘေးက ထက်မြက်ပါပေတယ်...ကျွန်တော် အခုပဲ ဘိုးဘေးသင်္ချိုင်းကိုသွားပြီး မဟာဝင်္ကပါကြီးကို ပြင်ဆင်ပါ့မယ်"
နောက်ထပ်စကားများ မလိုအပ်ဘဲ သူတို့နှစ်ဦးသည် တစ်ယောက်၏ဆိုလိုရင်းကို တစ်ယောက်က နားလည်ပြီး သီးခြားစီလှုပ်ရှားလိုက်ကြသည်။ မူလက အကျပ်အတည်းသည် သူတို့အတွက် အခွင့်အရေးတစ်ခုအဖြစ် မြင်တွေ့သွားပြီးနောက် အစီအစဉ်ကို တစ်ဆင့်ပြီးတစ်ဆင့် စတင်၍အကောင်အထည်ဖော်လိုက်ကြသည်။
အချိန်တခဏအကြာမှာပင်...
ကုထိုက်ယွမ်သည် အတားအဆီးမှ ထွက်ခွာပြီး ပင်မခန်းမဆောင်သို့ တန်းတန်းမတ်မတ် သွားကာ အချိန်ကိုခန့်မှန်းပြီး ထပ်မံ၍ပြောဆိုလိုက်သည်။
"လေးစားရတဲ့ စီနီယာတို့...ကျွန်တော်တို့မိသားစုရဲ့ မိန်းမလှလေးတွေအားလုံး ရောက်ရှိနေကြပြီးတော့ တောင်ကုန်းနောက်ဘက်က ကောင်းချီးမြေမှာ စောင့်ဆိုင်းနေကြပါတယ်..."
လုပမ်ဝေသည် ဤစကားကိုကြားချိန်၌ ခေါင်းညိတ်လိုက်ပြီး အစေခံမလေး၏နူးညံ့သောလက်ကို မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးလိုက်သည်။
"မိန်းကလေး....နောက်တစ်ခေါက် ပြန်တွေ့ကြတာပေါ့..."
ဤသို့ပြောဆိုပြီးနောက် သူသည် သူ၏ညီအစ်ကိုများကို ဦးဆောင်ကာ မတ်တတ်ထရပ်လိုက်ပြီး လေထုအတွင်း၌ နောက်ချန်ပုံရိပ်တစ်ခုကိုသာ ချန်ထားခဲ့သည်။
သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း အစေခံမလေးများသည် နောက်ဆုံးတွင် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
ကုထိုက်ယွမ်၏ ဦးဆောင်မှုဖြင့် လုပမ်ဝေတို့တစ်သိုက်သည် ပျော်ရွှင်စွာ ရှေ့ဆက်သွားကြပြီး လမ်းတလျှောက် စကားစမြည်ပြောဆိုနေကြသည်။ သူတို့သည် ရယ်မောရင်း ရံဖန်ရံခါ ပရောပရည်ကဗျာတစ်ပုဒ်ကို ရွတ်ဆိုကြရာ ပတ်ဝန်းကျင်နေရာတဝိုက်လုံး စိတ်လှုပ်ရှားမှုဖြင့် ပေါက်ကွဲလုမတတ် ဖြစ်နေသည်။
သို့ရာတွင် သူတို့သည် တောင်ကုန်း၏နောက်ဘက်ဟုခေါ်သော နေရာသို့ ရောက်ရှိချိန်၌ ဗလာဟင်းလင်းဖြစ်နေသော မြေကွက်လပ်ကြီးတစ်ခုကိုသာ တွေ့လိုက်ရသည်။
အဝေးရှိတောင်ခြေရင်း၌ ပေတစ်ရာမြင့်မားသော ဧရာမတံခါးကြီးတစ်ခု မားမားမတ်မတ်တည်ရှိနေပေ၏။
မိန်းမလှများကို မဆိုထားနှင့် ယင်မတစ်ကောင်ပင် မရှိချေ။
လုပမ်ဝေသည် အချိန်တခဏကြာမျှ မှင်တက်သွားပြီး ကုထိုက်ယွမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဒီနေရာမှာ တကယ်ပဲ မိန်းကလေးတွေ ရှိနိုင်လို့လား..."
ကုထိုက်ယွမ်သည် သူ၏စိတ်အတွင်း၌ မထီမဲ့မြင် ပြုံးလိုက်သည်။ သူတို့သည် ကုမိသားစု၏ရတနာများကို လိုချင်နေကြသော်လည်း မိန်းကလေးများကို အကြောင်းပြချက်အဖြစ် သုံးနေကြသည်။ ဤမျှထိ ကြီးမားသောတံခါးကြီး သူတို့၏ရှေ့၌ ရှိနေသဖြင့် မည်သူမဆို ဤသည်မှာ ဘဏ္ဍာတိုက်ဟု တွေးထင်ကြပေမည်။
ဘယ်သူက သံသယဝင်မှာလဲ...
တကယ်ကို သိသိကြီးနဲ့ မေးနေတာပဲ...
ကောင်းပြီလေ...ငါက နောက်ထပ်ခဏလောက်တော့ သူတို့နဲ့ အလိုက်သင့် ကစားပေးလိုက်အုံးမယ်...
ကုထိုက်ယွမ်က သူသည် အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သည်ဟု ယုံကြည်နေပေ၏။ သူ၏အကြည့်သည် အလွန်တည်ငြိမ်ပြီး သူ၏မျက်နှာပေါ်တွင် ရိုးသားသော အရေးအကြောင်းများဖြင့် ပြည့်နှက်နေကာ သူ၏လေသံသည် ပို၍ပင်နာခံရို့ကျိုးနေသည်။
"စီနီယာကို သတင်းပို့ပါတယ်"
"ကျွန်တော်တို့ကုမိသားစုမှာ ထူးခြားတဲ့ အမွေအနှစ်တွေ ရှိတယ်....ဒါပေမဲ့ 'အပျိုစင်မိန်းကလေးတွေ' ကလည်း အရမ်းရှားပါးပြီးတော့ တခြားသူတွေကို လွယ်လွယ်ကူကူ မပြသနိုင်ပါဘူး...သူတို့က ဒီနေရာမှာ မျိုးဆက်တိုင်း နေထိုင်ခဲ့ကြတာပါ...ကျေးဇူးပြုပြီးတော့ စီနီယာတို့က အနီးကပ်သွားကြည့်လိုက်ရင် သိပါလိမ့်မယ်"
လုပမ်ဝေတို့တစ်သိုက်၏မျက်လုံးများသည် ဤစကားကိုကြားချိန်၌ တောက်ပသွားပြီး ကမ္ဘာသစ်တစ်ခု ရုတ်တရက် ပွင့်သွားသည့်အလားပင်။
"အိုး...ဒီလို အပျိုစင်မိန်းကလေးတွေတောင် ရှိနေတာလား..."
"တောတောင်ထဲမှာ နေတယ်ဆိုတာ ပထမဆုံးကြားဖူးတာပဲ...ဒီနယ်မြေရဲ့ ဓလေ့ထုံးစံတွေက တကယ့်ကို ကွဲပြားခြားနားပုံပဲ"
"အစ်ကိုနှစ်က ဒီနေရာက ဒေသဓလေ့ထုံးစံတွေ ပွင့်လင်းတယ်လို့ ပြောခဲ့တာမဟုတ်လား... ဒီနေ့ ငါတို့ အသစ်အဆန်းတစ်ခုခုကို တွေ့ကြုံရမလားပဲ... ဥပမာ... မျိုးရိုးစဥ်ဆက် ဆက်ဆံမှုဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်းထားတာမျိုးလေ...."
"အင်း...ဒါက ကျိုးကြောင်းဆီလျော်တယ်..."
လုပမ်ဝေတို့တစ်သိုက်သည် လှပသော မြင်ကွင်းအမျိုးမျိုးကို စိတ်ကူးယဉ်ရင်း စကားစမြည်ပြောနေကြသည်။
သူတို့သည် ဤနယ်မြေသို့ ရောက်ရှိခါစဖြစ်ပြီး အမျိုးမျိုးသော ကောလာဟလများနှင့် ပေါင်းစပ်လိုက်ချိန်၌ သိချင်စိတ်ပြင်းပြနေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ ယခုချိန်၌ ဤကဲ့သို့ ထူးခြားသည့် ဓလေ့ထုံးစံကို မြင်တွေ့ချိန်၌ သူတို့၏စိတ်ကူးများ ပို၍ပင်ရိုင်းစိုင်းလာသည်။
လုပမ်ဝေသည် များများစားစား မစဉ်းစားတော့ဘဲ မျှော်လင့်တကြီးဖြင့် ရှေ့သို့တက်လိုက်၏။
"ဒီလိုဆိုမှတော့ ဒီဆန်ကုန်မြေလေးက ငါ့ရဲ့ ကျွမ်းကျင်မှုတွေကို ပြသရတော့မှာပဲ..."
ခွေးနှင့်ကင်းခြေများသည်လည်း အလွန်စိတ်လှုပ်ရှားနေကြပြီး အလွန်သစ္စာရှိစွာဖြင့် သူ၏ဝတ်ရုံနှင့်အဝတ်အစားများကို သပ်ရပ်အောင် ပြုလုပ်ပေးလိုက်ပြသည်။ သူတို့သည် ချက်ချင်းဆိုသလိုပင် အားအကောင်းဆုံး ပံ့ပိုးရေးအဖွဲ့အဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့အစ်ကိုကြီး၏ချစ်ရေးဆိုမှု အောင်မြင်စေရန် သေချာစေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်...
မှန်များ ပစ္စည်းများနှင့် မျက်နှာချေများအားလုံး အဆင်သင့်ဖြစ်လာပြီး စစ်သူကြီးတစ်ဦး စစ်ထွက်တော့မည့်အလားပင်။
ကုထိုက်ယွမ်၏မျက်နှာကြွက်သားများ တဆတ်ဆတ်တုန်ရီနေသည်။
သူသည် နှစ်သန်းပေါင်းများစွာ ရှင်သန်ခဲ့ပြီး မရေမတွက်နိုင်သော ထူးခြားသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့သော်လည်း ဤကဲ့သို့ ထူးဆန်းမှုကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။ သူသည် မူလက တစ်ဖက်လူ သံသယဝင်မည်ကို စိုးရိမ်ခဲ့သော်လည်း သူတို့သည် သေဆုံးရတော့မည့်အချိန်အထိ သတိမမူမိဘဲ နေလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ပေ။
သူတို့သည် ကျင့်ကြံရန်ကိုသာသိသော အရူးအုပ်စုတစ်စု ဖြစ်နိုင်သည်။
သူတို့သည် အလွန်အမင်းတုံးအပေ၏။
သူတို့၏ကျင့်ကြံမှုသည် ကြောက်မက်ဖွယ်ကောင်းပြီး သူတို့၏လုပ်ရပ်များသည် အလွန်အစွမ်းထက်သော်လည်း ဤတည်ရှိမှုကြီးများသည် သူ့ထက် ဥာဏ်ရည်နိမ့်ပါးနေဆဲပင်။
တစ်ခုသိထားရမည်မှာ ကျင့်ကြံခြင်းသည် တိုက်ခိုက်သတ်ဖြတ်ခြင်းမျှသာ မဟုတ်ပေ။
ဤအရူးစီနီယာအုပ်စုနှင့် တွေ့ဆုံရခြင်းသည် အမှန်တကယ်ကို ကောင်းကင်ဘုံမှနေ၍ ကုမိသားစုကို ကူညီခြင်းပင်။
ဤစီနီယာများသည် ဤနေရာတွင် မြှုပ်နှံခံရတော့မည်ကို မြင်ယောင်မိပြီး ကုမိသားစုထံတွင် ရတနာအမြောက်အများ ကြွင်းကျန်ခဲ့မည်ကို သူ စိတ်ကူးယဉ်ကြည့်မိသည်။ ဤကဲ့သို့ ကြီးမားသည့် အခွင့်အရေးသည် သူ၏မျက်စိရှေ့တွင် ရှိနေသဖြင့် ကုထိုက်ယွမ်သည် သူ၏စိတ်ရင်းမှန်ကို ထုတ်ဖော်ပြသတော့မတတ် စိတ်လှုပ်ရှားနေပေ၏။
သူသည် လျင်မြန်စွာဖြင့် ရှေ့သို့တက်ကာ ဦးညွှတ်ပြီး စိတ်အားထက်သန်စွာ ဖိတ်ခေါ်လိုက်သည်။
"စီနီယာတို့...အခုပဲ ရှေ့ဆက်သွားကြမလား..."
လုပမ်ဝေသည်လည်း ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး သူ၏ခွာမြင့်ဖိနပ်သည် တလက်လက်တောက်ပနေပေ၏။ သူ၏ဝတ်ရုံသည် အစွန်းအထင်းမရှိဘဲ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းပြန်လုမတတ် တောက်ပနေသည်။ သူသည် သူ၏အခန့်ညားဆုံးအချိန်တွင် ရှိနေသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
သူ့အပေါ် ယင်ကောင်တစ်ကောင် နားလျှင်ပင် ခြေထောက်ကားကာ ချော်ကျသွားပေမည်။
သူသည် သူ၏ညီအစ်ကိုများကို အကြိမ်ကြိမ် ဦးညွှတ်လိုက်ပြီး သတို့သားတစ်ယောက်နှင့် တထေရာတည်း တူညီနေပေ၏။
"ဂုဏ်ယူပါတယ်...ဂုဏ်ယူပါတယ်..."
ဤသို့ပြောဆိုပြီးနောက် သူသည် သူ၏ညီငယ်အချို့နှင့်အတူ ကုထိုက်ယွမ်၏ ဦးဆောင်မှုအောက်တွင် ရှေ့ဆက်သွားလိုက်သည်။ သူသည် သူ၏ခြေထောက်အောက်ရှိ မြေကွက်လပ်ကို ဖြတ်ကျော်ကာ သူ့ထံတွင် ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။ သူတို့၏မျက်လုံးများသည် တခြားအရာများကို မမြင်တော့သဖြင့် မြေကွက်လပ်၏နံဘေးပတ်လည်၌ ထွင်းထုထားသော ဧရာမတိုင်ကြီးများကိုပင် သတိမပြုမိကြချေ။
သူတို့ မြေကွက်လပ်အစွန်းကို ဖြတ်ကျော်တော့မည့်အချိန်မှာပင်...
ကုထိုက်ယွမ်သည် ရုတ်တရက် လေဟာနယ်ကို ဆုတ်ဖြဲကာ မြေကွက်လပ်၏အပြင်ဘက်သို့ သူတစ်ဦးတည်း ထွက်ခွာသွားသည်။
သူသည် နောက်သို့လှည့်ကာ ရိုင်းစိုင်းစွာ ရယ်မောလိုက်ပြီး သူ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်။
"ဟား ဟား ဟား ဟား ဟား..."
"ဒါက မင်းတို့ တသက်မှာ လုပ်ဖူးသမျှထဲက အကြီးမားဆုံးအမှား ဖြစ်လိမ့်မယ်.. နောက်နှစ် ဒီနေ့က မင်းတို့ သေဆုံးတဲ့ နှစ်ပတ်လည်နေ့ ဖြစ်လိမ့်မယ်..."
Thank For Reading.