← Chapters

အခန်း (၄၈၆-၄၉၀)

Vol. 33 Ch. 486-490

အခန်း (၄၈၆-၄၉၀)

Vol. 33 Ch. 486-490

Chapter 486

"အိုး..."

"ဒီအသုံးမကျတဲ့အမှိုက်ကောင်က တကယ်ကြီးလာရဲတာပါလား"

"အမှန်ပဲ....ဘာကျင့်ကြံခြင်းမှမရှိတဲ့ အမှိုက်ကောင်ကများ...သူ ထွက်ပေါ်လာဝံ့မယ်လို့ ငါ ထင်မထားခဲ့ဘူး....မမျှော်လင့်ဘဲ သူက ဒီလောက်ထိ ခေါင်းမာတယ်"

"ခေါင်းမာတော့ရော ဘာလုပ်ရမှာလဲ....သူက အသိဥာဏ်ကင်းမဲ့တာကြောင့် ဒီနေရာကိုလာပြီးတော့ သူ့ကိုယ်သူ အရှက်ခွဲနေတာပဲ”

ရှောင်ကျန်းသည် တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လာသည်ကိုကြည့်ပြီး ပွဲကြည့်ပရိသတ်များထံမှနေ၍ ဆူညံပွက်လောရိုက်နေသောအသံများ ထွက်ပေါ်လာသည်။

သို့ရာတွင် ဤအသံများနှင့် ရင်ဆိုင်ရသည့်တိုင် ရှောင်ကျန်းသည် မကြားသကဲ့သို့ပြုမူနေကာ နှိမ့်ချခြင်းလည်းမရှိ မောက်မာထောင်လွှားခြင်းလည်းမရှိသော အမူအယာဖြင့် စင်မြင်ထံသို့ လျှောက်လှမ်းသွားသည်။

လျှူနန်ယန်းသည် သူမနှင့်နီးကပ်လာသော ရှောင်ကျန်းကိုကြည့်ပြီး အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။

မည်သည်ကြောင့်ဟု သူမ မသိသော်လည်း ယနေ့ရှောင်ကျန်းသည် လွန်ခဲ့သောသုံးရက်က သူမ မြင်တွေ့ခဲ့ရသောတစ်ယောက်နှင့် ကွဲပြားခြားနားနေသည်။

သို့ရာတွင် မည်သည့်အရာ ကွဲပြားခြားနားနေသည်ကို သူမ အတိအကျ မပြောနိုင်​ချေ။

သူမအား ပို၍အံ့အားသင့်စေသောအချက်မှာ ဤကဲ့သို့ အလွန်များပြားသော လှောင်ပြောင်သရော်မှုများနှင့် အခြေအနေများအောက်တွင် ရှောင်ကျန်းသည် တည်ငြိမ်အေးဆေးကာ စိတ်ထိန်းချုပ်ထားနိုင်ခြင်းပင်။

သူမသည် ယခင်က ရှောင်ကျန်းကို အထင်သေးခဲ့မိကြောင်း သူမ ရုတ်တရက် သိနားလည်သွားသည်။

သို့ရာတွင် ဤအတွေးသည် အလွန်လျှင်မြန်စွာ ပျောက်ကွယ်သွားပေ၏။

အကြောင်းအရင်းမှာ ဤကိစ္စသည် အရေးမပါသောကြောင့်ပင်။

အကောင်းဆုံးအနေဖြင့် ရှောင်ကျန်းထံတွင် သတ္တိတချို့ရှိနေကြောင်း ပြသရုံသာရှိသည်။

သူသည် အမှိုက်ကောင်ဟူသောအချက်နှင့် သူနှင့်သူမအကြားရှိ ကွာဟချက်သည် ပြောင်းလဲသွားမည်မဟုတ်ပေ။

"နင့်မှာ အရည်အချင်း ဘယ်လောက်ပဲရှိနေနေ ....ရှောင်မိသားစုနဲ့​လျှူမိသားစုတို့ရဲ့အတိတ်ကဆက်ဆံမှုကို လေးစားတဲ့အနေနဲ့ ငါက ဒီတိုက်ပွဲကို အလေးအနက်ထားပြီးတော့ ဘာဟန့်တားထိန်းချုပ်မှုမှမရှိဘဲ ငါ့ရဲ့ခွန်အားကုန်ကိုထုတ်ဖော်အသုံးပြုမယ်..ဒါက နင့်ကို လုံလောက်တဲ့ ရိုသေလေးစားမှုပေးတယ်လို့ ယူဆလို့ရတယ်"

လျှူနန်ယန်းသည် ပြောင်ပြောင်တင်းတင်းပြောဆိုကာ သူမက အမူအယာကင်းမဲ့သောမျက်နှာဖြင့် ရှောင်ကျန်းကိုကြည့်လိုက်သည်။

လျှူနန်ယန်း၏စကားများသည် လူအများအကြားတွင် နောက်ထပ်ထိတ်လန့်တကြားရေရွတ်သံများကို ဖြစ်ပွားသွားစေခဲ့သည်။

"ဝိုး.မိန်းကလေးလျှူနန်ယန်းက တကယ့်ကို သူတော်စင်မတစ်ယောက်ပဲ"

"အမှန်တော့ သူက ဒီအမှိုက်ကောင်ကို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်လို့ရတယ်...ဒါပေမယ့် သူက မလိုအပ်ဘဲ ဒီလောက်ထိဒုက္ခအများကြီးရှာနေခဲ့တယ်"

"ရှောင်မိသားစုက တစ်ချိန်တုန်းက လျှူမိသားစုအပေါ် သဘောထားကြီးမှုတွေရှိခဲ့တယ်လို့ ငါ ကြားထားတယ်...ကြည့်ရတာတော့ မိန်းကလေးလျှူက အဲ့ဒီကျေးဇူးကို မှတ်ထားပြီးတော့ ကြင်နာသနားမှုကို ပြန်ပေးဆပ်တာပဲ ဖြစ်မယ်...ဒါက ဒီအမှိုက်ကောင်ကို လုံလောက်အောင်မျက်နှာသာပေးတာလို့ ယူဆလို့ရတယ်"

"ဒါက အမှန်ပဲ...မိန်းကလေးလျှူရဲ့ခွန်အားကုန်တိုက်ခိုက်မှုအောက်မှာ သေဆုံးရရင်တောင် အဲ့ဒီကောင်ရဲ့မျက်နှာကို ပြန်အဖတ်ဆယ်လို့ရနိုင်တယ်"

ဤအချိန်အတောအတွင်းတွင် ပွဲကြည့်ပရိသတ်များအကြားမှနေ၍ အသံဗလံမျိုးစုံထွက်ပေါ်နေသည်။

"ဖွီ....ဘာအရေးမှမပါဘဲ ဝေ့လည်ကြောင်ပတ် လုပ်နေသေးတယ်"

လီကျင်းသည် အထင်အမြင်သေးစွာဖြင့်သူ့၏နှာခေါင်းကိုညှစ်ကာ မကျေမနပ်ပြောဆိုလိုက်၏။

"အမှန်ပဲ...ဒါက တိုက်ပွဲလေးတစ်ပွဲပဲလေ...ဘာလို့ ဒီလောက်ထိ အပိုစကားတွေ အများကြီးပြောနေတာလဲ"

ဟုန်ဖုန်ခွမ်းသည်လည်း စိတ်မရှည်တော့ချေ။

သို့ရာတွင် စင်မြင့်ပေါ်ရှိ ရှောင်ကျန်းသည် လျှူနန်ယန်း၏စကားများကိုကြားချိန်တွင် အမူအယာကင်းမဲ့သောမျက်နှာဖြင့် တည်ငြိမ်နေဆဲပင်။

"သူ အကြောက်လွန်ပြီး ရူးများရူးသွားတာလား"

"သူက ဒီလိုမျိုး တုန်လှုပ်ချောက်ချားမှုတွေကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ"

လျှူနန်ယန်းက သူမ၏စိတ်အတွင်းမှကြိတ်၍ လှောင်ပြောင်သရော်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် သူမ၏ခန္ဓာကိုယ်မှနေ၍ တောက်ပသောအလင်းတန်းများ ဖြာထွက်လာကာ သူမ၏ကျင့်ကြံဆင့်စွမ်းအားများလည်း ပွင့်အံ့ထွက်လာသည်။

"ဘုန်း...."

အစွမ်းထက်သောစွမ်းအားလှိုင်းများသည် တိုက်ပွဲကျင်းပရာနေရာတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။

သူမ၏ကျင့်ကြံဆင့်ကို ဖော်ထုတ်လိုက်သောအချိန်အခိုက်အတန့်တွင် လူအုပ်အကြားမှနေ၍ မယုံကြည်နိုင်သော အံ့အားတစ်သင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

"ဘာလဲ...."

"မြေကမ္ဘာ အင်မော်တယ်လား"

"သူက အခုကြည့်ကြည့်တော့မှ မြေကမ္ဘာအင်မော်တယ်တစ်ယောက် ဖြစ်နေတာပဲ"

"မိန်းကလေးလျှူနန်ယန်းက လူသားအင်မော်တယ်တစ်ယောက်ဖြစ်မယ်လို့ပဲ ငါ ထင်ခဲ့တာ...သူက မြေကမ္ဘာအင်မော်တယ်တစ်ယောက် ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"ဒီလိုပါရမီအရည်အချင်းမျိုးက အရမ်းသာလွန်ထူးကဲတယ်...သူက တောင်ပိုင်းနယ်မြေအတွင်းမှာ နံပါတ်တစ်လူငယ်ပါရမီရှင်ဖြစ်တာ အံ့အားသင့်စရာမရှိတော့ဘူး"

"မဟုတ်သေးဘူး...သူက အခုမှ အသက်နှစ်ဆယ်ပဲရှိသေးတယ်...အသက်နှစ်ဆယ်အရွယ် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်တဲ့ သူက တောင်ပိုင်းနယ်မြေရဲ့ နံပါတ်တစ်ထိပ်သီးပါရမီရှင်ဆိုတဲ့အဆင့်လောက် ရိုးရှင်းမှုမရှိဘူး... သူက အင်ပါယာတစ်ခုလုံးကြားမှာတောင် ထိပ်သီးအဆင့်မှာ ရှိနေနိုင်တယ်"

ထိတ်လန့်တုန်လှုပ်နေသောအသံများ အဆုံးမရှိထွက်ပေါ်နေကာ လျှူနန်ယန်းကိုကြည့်သော မျက်လုံးအကြည့်များထံတွင် ရူးသွပ်စွဲလမ်းမှုများဖြင့် ပြည့်နှက်နေသည်။

ဤပွဲကြည့်ပရိသတ်များအကြားတွင် အဓိကဂိုဏ်းကြီးများနှင့်တော်ဝင်မိသားစုတို့မှ နားမျက်စိများအနေဖြင့် လွှတ်ထားသော သူလျှိုများရှိနေသည်။လျှူနန်ယန်းသည် သူမ၏မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျင့်ကြံခြင်းကို ထုတ်ဖော်လိုက်သော အချိန်အခိုက်အတန့်တွင် ဤနေရာမှနေ၍ သတင်းအမြောက်အများပျံ့နှံ့သွားသည်။

စင်မြင့်၏နောက်တွင်....

ယင်ထျန်းရှုံး၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။

ယနေ့တွင် ဤကြီးကျယ်ခမ်းနားသောစင်မြင့်ကို အမှိုက်ကောင်ရှောင်ကျန်းအတွက်ဖြင့် ခင်းကျင်းခဲ့ခြင်းမဟုတ်ချေ။

အကြောင်းအရင်းမှာ ရှောင်ကျန်းတစ်ယောက်တည်းဖြင့် သူတို့ အင်အားစိုက်ထုတ်ရန် မထိုက်တန်သောကြောင့်ပင်။

စေ့စပ်ပွဲဖျက်သိမ်းခြင်းကို သူတို့အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဟုသာ ဆိုနိုင်သည်။အမှန်တကယ် အရေးကြီးသောအချက်မှာ ဤအခြေအနေကို အခွင့်ကောင်းယူ၍ လျှူနန်ယန်း၏နာမည်ဂုဏ်သတင်းကို တည်ဆောက်နိုင်ရန်ပင်။

ဤကဲ့သို့ အသက်နှစ်ဆယ်အရွယ် မြေကမ္ဘာအင်မော်တယ်တစ်ယောက် ရှိနေခြင်းနှင့်အတူ နောင်အနာဂတ်တွင် သူ့၏ထျန်းလင်ဂိုဏ်းသည် အင်ပါယာတစ်ခုလုံးအတွင်း၌ ပို၍မြင့်မားသောအဆင့်သို့ ရောက်ရှိသွားပေမည်။ထို့ပြင် သူ့၏ဂိုဏ်းသည် တော်ဝင်မိသားစု၏ အာရုံစူးစိုက်မှုကိုလည်း ပို၍ရရှိလာနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ...

ဤကိစ္စကို မည်သူမဆို ဂရုတစိုက်စဉ်းစားတွေးတောကြပေမည်။အသက်နှစ်ဆယ်အရွယ် မြေကမ္ဘာအင်မော်တယ်တစ်ယောက်သည် နှစ်တစ်ရာ​ ပြည့်သွားသောအချိန်၌ မည်သည့်အဆင်မျိုးသို့ သူမ ရောက်ရှိသွားနိုင်သနည်း။

ထို့ပြင် နှစ်ပေါင်းတစ်ထောင်အကြာတွင် မည်သို့ဖြစ်လာနိုင်သနည်း...

ထိုကြောင့် သူတို့သည် အရာအားလုံးကို ကြိုတင်၍ အစီအစဉ်ဆွဲထားခြင်းဖြစ်ပေ၏။

ရှောင်ကျန်းကို လေးစားမှုပြသသည်ဟူသော စကားသည် အဓိပ္ပါယ်မရှိချေ။ဤသည်မှာ လျှူနန်ယန်း၏အစစ်အမှန်စွမ်းအားကို လူသိရှင်ကြားထုတ်ဖော်ပြသ၍ လူအများထံမှတုံ့ပြန်မှုများကို ဆွဲဆောင်လိုခြင်းဖြစ်သည်။

လျှူနန်ယန်းသည် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထံမှနေ၍ သူမအား အရူးအမူးချီးမွမ်းမြောက်ပင့်နေသည်များကို ကြားချိန်တွင် သူမ၏စိတ်နှလုံးသားအတွင်းမှာ လှုပ်ခတ်နေမှုများကို ခက်ခက်ခက်ခဲထိန်းသိမ်းနေရသည်။

သူမ၏ပါရမီအရည်အချင်းနှင့်....

ဤကဲ့သို့သာ ဖြစ်နေသင့်သည်။

နောင်အနာဂတ်တွင် သူမသည် ပို၍ကြီးမားသောစင်မြင့်ပေါ်၌ မတ်တတ်ရပ်နေမည်ဖြစ်ကာ ဤလူတစ်စုချည်းသက်သက် ချီးမွမ်းမြောက်ပင့်မှုကို ခံရတော့မည်မဟုတ်ချေ။

သူမ၏ရည်မှန်းချက်ပန်းတိုင် အောင်မြင်ပြီးမြောက်သွားလေပြီ။

ယခုအချိန်၌ တခြားကိစ္စများကို ဖြေရှင်းရန်အချိန်ကျလာခဲ့သည်။

သူမသည် တည်ငြိမ်သောအကြည့်ဖြင့် ရှောင်ကျန်းကို စိုက်ကြည့်လိုက်သည်။

သူမ အံ့အားသင့်သွားရသည်မှာရှောင်ကျန်းသည် နေရာ၌ တည်ငြိမ်အေးဆေးသော မျက်နှာအမူအယာဖြင့် မတ်တတ်ရပ်နေခြင်းပင်။

ပတ်ဝန်းကျင်မှ လှောင်ပြောင်နေသည့်အသံများ ထွက်ပေါ်နေသည်ဖြစ်စေ သူမ၏အားကောင်းသောစွမ်းအားကို ထုတ်ဖော်ပြသထားသည်ဖြစ်စေ သူ့အား အနည်းငယ်မျှ လှုပ်ရှားသွားစေခြင်းမရှိချေ။

"ဘာလဲ"

"သူက စိတ်ပျက်လက်ပျက် ခံစားနေသင့်တာမဟုတ်ဘူးလား"

"ဒါမှမဟုတ် သူ လက်လျှော့လိုက်တာလား"

လျှုနန်ယန်းသည် မျက်မှောင်ကြုတ်၍ ရှောင်ကျန်းကိုကြည့်ကာ သူမ၏စိတ်အတွင်းမှကြိတ်၍ စိုးရိမ်ပူပန်သွားသည်။

ထို့နောက် သူမ၏ခေါင်းကို ခါယမ်းလိုက်၏။

လုံလောက်သွားလေပြီ။

သူ့၏အတွေးများသည် သူမနှင့်အနည်းငယ်မျှသက်ဆိုင်ခြင်းမရှိချေ။

"နင် အရင်စပြီး တိုက်ခိုက်ပါ...ငါက နင် အရင်စတိုက်ဖို့ နင့်ကို အခွင့်အရေးတစ်ခုပေးမယ်"

လျှူနန်ယန်းက ခံစားချက်ကင်းမဲ့သောအသံဖြင့် ပြောဆိုသည်။

"မဟုတ်ရင် နင့်မှာ တိုက်ခိုက်နိုင်တဲ့အခွင့်အရေး နည်းနည်းလေးတောင် ရှိမှာမဟုတ်ဘူး"

"မင်း အရင်တိုက်ခိုက်ပါ"

ရှောင်ကျန်းက ပေါ့ပေါ့ပါးပါးပြောဆိုသည်။

သို့ရာတွင် သူ၏စကားများကြောင့် လှောင်ပြောင်ရယ်မောသံများ ချက်ချင်းထွက်ပေါ်လာခဲ့သည်။

"ဟား ဟား ဟား...ဒီကောင်က အရမ်းရယ်စရာကောင်းတာပဲ"

"အမှန်ပဲ...သူက ဒီအခြေအနေအထိ ရောက်လာတာတောင် ဘာလို့ဟန်ဆောင်နေတာလဲ.... အနည်းဆုံးတော့ တကယ်လို့ သူ အရင်စပြီးတိုက်ခိုက်မယ်ဆိုရင် လှုပ်ရှားမှုတချို့ကို လုပ်နိုင်အုံးမယ်...တကယ်လို့ မိန်းကလေးလျှူကသာ အရင်စတိုက်မယ်ဆိုရင် သူ လှုပ်ရှားနိုင်မယ့်အခွင့်အရေး နည်းနည်းလေးတောင်ရှိမှမဟုတ်ဘူး"

"ဟူး...သူက လက်လျှော့အရှုံးပေးလိုက်တာလဲဖြစ်နိုင်တယ်"

"သနားဖို့ကောင်းတဲ့ကောင်ပဲ"

ကြမ်းတမ်းသောအသံများသည် အရပ်မျက်နှာအဘက်ဘက်မှ ထွက်ပေါ်လာသော်လည်း ရှောင်ကျန်းသည် မလှုပ်မယှက်တည်ငြိမ်နေဆဲပင်။

"ဂျူနီယာညီလေးက တကယ့်ကို ဟန်ဆောင်တဲ့နေရာမှာ ထူးချွန်တဲ့သူပဲ"

လီကျင်းသည် ရှောင်ကျန်းကိုကြည့်ကာ မှတ်ချက်မပေးဘဲ မနေနိုင်တော့ချေ။

စုယွင်ယွင်တို့လူစုသည် ပတ်ဝန်းကျင်ရှိလူအများထံမှနေ၍ လောင်းကြေးထပ်ကာ အကျိုးအမြတ်ရှာဖွေနေကြသည်။

လျှူနန်ယန်း၏မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားသည်။

ရှောင်ကျန်း၏အပြုအမူသည် အနည်းငယ်စိတ်အနှောက်အယှက်ဖြစ်ဖွယ်ကောင်းသည်ကို သူမ တွေ့မြင်မိသည်။

သို့ရာတွင် ဤသည်မှာ ပြဿနာမရှိချေ။

ယနေ့ သူမနှင့်ရှောင်ကျန်းအကြားရှိ စိန်ခေါ်တိုက်ခိုက်ပွဲ အဆုံးသတ်သွားသည်နှင့်သူမ၏စိတ်နှလုံးသားအတွင်းမှ စိတ်ခံစားချက်များ ပျောက်ကွယ်သွားပေမည်။

သူမ၏နူးညံ့သေးသွယ်သောလက်ကို အထက်သို့ မြှောက်လိုက်၏။

သူမ၏အင်္ကျီလက်အတွင်းမှ ထက်ရှသောဓားရှည်တစ်လက် ထွက်ပေါ်လာကာ ရှောင်ကျန်းထံသို့ တိုးဝင်သွားသည်။

ဤဓားချက်တွင်....

အေးစမ့်သောအရှိန်အဝါ ရောယှက်နေကာ အံ့အားသင့်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒပါဝင်နေသည်။

လူအများ၏အမြင်အရ ရှောင်ကျန်း သေဆုံးရမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

သို့ရာတွင် အစစ်အမှန်ရလဒ်သည် လူတိုင်းကို ထိတ်လန့်တုန်လှုပ်မှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။

ရှောင်ကျန်းသည် သူ့၏လက်ဝါးကိုမြှောက်ကာ လက်ချောင်းများဖြင့် ဓားကိုရပ်တန့်သည့် လက်ဟန်သင်္ကေတပြုလုပ်ကာ ဓား၏အစွန်းကို ဆုပ်ကိုင်ထားသည်အား လူများအားလုံး မယုံကြည်နိုင်ဖွယ် မြင်တွေ့လိုက်ရသည်။

ဝီ...ဝီ....

ဤဓားတွင် အစွမ်းထက်သောစွမ်းအားများ ပါဝင်နေလေရာ အတင်းအကြပ် ရပ်တန့်ခံလိုက်ရသောကြောင့် ဓား၏ကိုယ်ထည်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါသွားပြီး တဝီဝီအသံများ ထွက်ပေါ်လာသည်။

ရှောင်ကျန်းသည် အနည်းငယ်မျှ လှုပ်ရှားသွားခြင်းမရှိချေ။

"ဒါက...."

"လက်ချောင်းနှစ်ချောင်းနဲ့ ဒီဓားချက်ကို ဟန့်တားလိုက်တာလား"

ဤမြင်ကွင်းသည်...

ယခုလက်ရှိနေရာတွင်ရှိနေသော လူအများ၏ ထောင်သောင်းချီသော မျက်လုံးအိမ်များကို ကျွတ်ထွက်စေတော့လုမတတ်ပင်။

မူလက အေးစက်စက်မျက်နှာရှိသော လျှူနန်ယန်း၏မျက်နှာအမူအယာသည်လည်း အံ့အားသင့်တုန်လှုပ်မှုသို့ ပြောင်းလဲသွားသည်။

စင်မြင့်၏နောက်တွင်ထိုင်ကာ ပြပွဲကောင်းတခုကိုစောင့်ကြည့်နေသော ယင်ထျန်းရှုံးသည်လည်း သူ့၏ထိုင်ခုံပေါ်မှနေ၍ ပြင်းပြင်းထန်ထန်ခုန်ထလိုက်၏။

ဤအချိန်အခိုက်အတန့်တွင်...

တိုက်ပွဲကျင်းပရာနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

လေပြည်လေညှင်းများ ဖြတ်သန်းတိုက်ခိုက်လာမှုကြောင့် သစ်ရွက်များ မြေပြင်ကိုပွတ်တိုက်သွားသည့် ညင်သာသောအသံပင်လျှင် လူအများ၏နားအတွင်း၌ ကျယ်လောင်စွာကြားနေရပေ၏။

ဤနေရာတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသနည်း...

ရှောင်ကျန်းသည် ကျင့်ကြံနိုင်ခြင်းမရှိသောအမှိုက်ကောင်တကောင်မဟုတ်လော...

မည်သည်ကြောင့် သူသည် လျှူနန်ယန်း၏မြေကမ္ဘာအင်မော်တယ်နယ်ပယ်စွမ်းအားဖြင့် အသုံးပြုထားသောဓားချက်ကို လွယ်လင့်တကူဖမ်းဆီးနိုင်သနည်း။

လူတိုင်း၏စိတ်ဗ လာဟင်းလင်းဖြစ်သွားကာ မည်ကဲ့သို့ တုံ့ပြန်ရမည်ကို ယာယီမသိကြတော့ချေ။

တိုက်ပွဲစင်မြင့်၏အလယ်၌...

ရှောင်ကျန်း၏အသံ ထွက်ပေါ်လာသည်။

"အခုက ငါ တိုက်ခိုက်ရမယ်အလှည့်ပဲ"

သူသည် ရုတ်တရက် သူ့၏စူးရှသောမျက်လုံးတစ်စုံဖြင့် မော့ကြည့်ကာ သူ့၏လက်ချောင်းများဖြင့် ဓားထိပ်ကို ရိုက်ထုတ်လိုက်သည်။

ထို့နောက် အနည်းငယ်မျှတွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူသည် လက်ဝါးတချက်ရိုက်ထုတ်လိုက်၏။

ကျိုးပဲ့သွားသောဓားဖျားသည် အလင်းတန်းတစ်တန်းအသွင်ပြောင်းလဲကာ ချက်ချင်းပျံ့လွင့်သွားသည်။

ရုတ်ချည်းဆိုသလိုပင်....

ထိုဓားထိပ်ဖျားသည် လေဟာနယ်ကိုထွင်းဖောက်သွားကာ လေဟာနယ်လှိုင်းဂယက်များ အဆက်မပြတ် ထွက်ပေါ်လာခြင်းနှင့်အတူ လျှူနန်ယန်းထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားတော့သည်။

Chapter 487

"နန်ယန်း...ဂရုစိုက်"

ထိုဓားထိပ်ဖျား ပျံ့လွင့်လာသော အချိန်အခိုက်အတန့်တွင် တိုက်ပွဲစင်မြင့်၏ပြင်ပ၌ရှိနေသော ယင်ထျန်းရှုံးသည် ထိတ်လန့်တကြားဖြစ်သွားကာ သတိပေးချက်တစ်ခုကို ပျာပျာသလဲအော်ဟစ်လိုက်သည်။

သို့ရာတွင် သူ အချိန်မီသတိပေးလိုက်သည့်တိုင် လျှူနန်ယန်းသည် ထိုဓားချက်ကို ရှောင်တိမ်းနိုင်စွမ်းမရှိချေ။ဤဓားသည် သူမကို ချိတ်ပိတ်ထားပုံရကာ သူမ မည်မျှပင်ရုန်းကန်နေပါစေ သူမ၏ခွန်အားသည် လုံလောက်ခြင်းမရှိပေ။

ရုတ်ချည်းဆိုသလိုပင် ထိုဓားထိပ်ဖျားသည် သူမ၏ပခုံးကို ထွင်းဖောက်သွားကာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော သွေးစို့ရာအပေါက်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် အော်သံတစ်သံနှင့်အတူ လျှူနန်ယန်းသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်လွင့်ကျလာပြီး ထွန့်ထွန့်လူးနေကာ အချိန်အတော်ကြာသည်အထိ မတ်တတ်ရပ်နိုင်ခြင်းမရှိချေ။

တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ချက်ချင်းရှုံးနိမ့်သွားခဲ့သလော....

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"အိုး ဘုရားရေ...ဒီနေရာမှာ ဘာတွေဖြစ်သွားတာလဲ...ငါ အမြင်များ မှားနေတာလား"

"ဘယ်လိုလုပ်ပြီး ဒီလိုရလဒ်မျိုး ဖြစ်နိုင်မှာလဲ"

တစ်ချိန်တည်းမှာပင် ကွင်းပြင်အတွင်းရှိ ထောင်သောင်းချီသောလူများထံမှနေ၍ မယုံကြည်နိုင်သော အသံလှိုင်းလုံးများ တဝုန်းဝုန်းထွက်ပေါ်လာသည်။

မူလက ရှောင်ကျန်းသည် လျှူနန်းယန်း၏တိုက်ခိုက်မှုတစ်ခုကို ခုခံနိုင်လျှင်ပင် သူတို့ အံ့အားသင့်ရန်အတွက် လုံလောက်နေလေပြီ။သို့ရာတွင် ယခုဖြစ်ပျက်သွားသည်မှာ သူတို့အားလုံးကို ရိုက်ချလိုက်သည့်အလားပင်။

ရှောင်ကျန်းသည် လှုပ်ရှားမှုတစ်ခုတည်းဖြင့် လျှူနန်ယန်းကို လွင့်ထွက်သွားစေသလော...

ဤကဲ့သို့ရလဒ်တစ်ခု ထွက်ပေါ်လာမည်ဟု သူတို့ ထင်မှတ်ထားခြင်းမရှိချေ။

လျူနန်ယန်းသည် သူမ၏ပြောင်မြောက်သောစွမ်းရည်ဖြင့် ရှောင်ကျန်းကို သူမ၏ခြေထောက်အောက်တွင် ကြီးကျယ်ခမ်းနားစွာ နင်းချေလိုက်သောမြင်ကွင်းကိုကြည့်ရန် သူတို့ ရောက်လာခဲ့ခြင်းဖြစ်သည်။သို့ရာတွင် အမှန်တကယ်ဖြစ်ရပ်သည် လုံးလုံးလျားလျားကွဲပြားခြားနားနေပေ၏။

ပြောရမည်ဆိုလျှင်....

ဤသည်မှာ လူတိုင်း၏မျှော်လင့်ချက်များထက်ပို၍ကျော်လွန်နေသည်။

လျှူနန်ယန်းသည် သူမ၏ဒဏ်ရာရထားသောပခုံးကိုဆုပ်ကိုင်ကာ မြေပြင်ပေါ်တွင်လဲလျောင်း၍ အသက်ပြင်းပြင်းရှူရှိုက်နေသည်။

သူမ၏မျက်လုံးတစ်စုံသည် ရှောင်ကျန်းထံတွင်သာ စူးစိုက်၍ကျရောက်နေပေ၏။

ဤအမှိုက်ကောင်....

မည်သည်ကြောင့် ဤအမှိုက်ကောင်သည် သူ့အား အနိုင်ယူနိုင်သနည်း....

မဟုတ်ဘူး...

မဖြစ်နိုင်ဘူး....

လျှူနန်ယန်းသည် ဤကဲ့သို့ရလဒ်ကို မည်သို့မျှလက်ခံနိုင်ခြင်းမရှိချေ။ထျန်းလင်ဂိုဏ်း၏သူတော်စင်မိန်းမပျိုဟူသော သူမ၏မြင့်မြတ်သောအဆင့်အတန်းဖြင့် အမှိုက်ကောင်ရှောင်ကျန်း၏အနိုင်ယူခြင်းကို ခံလိုက်ရသည့်ကိစ္စကို သူမ ပို၍လက်မခံနိုင်ပေ။

အထူးသဖြင့် တိုက်ပွဲကွင်းပြင်အတွင်းတွင် စောင့်ကြည့်နေကြသော လူအုပ်ကြီးထံမှ မယုံကြည်သောအကြည့်များကို ရင်ဆိုင်ရချိန်၌ သူမအား လှောင်ပြောင်သရော်နေသည့်အလားပင်။

"သွားသေလိုက်စမ်း"

သူမသည် ဒေါသတကြီးဖြင့် သူမ၏လက်အတွင်းမှ ဓားကျိုးကိုမြှောက်ကာ မြေကမ္ဘာအင်မော်တယ်တစ်ယောက်၏စွမ်းအားကို အနည်းငယ်မျှ ထိန်းချုပ်ကန့်သတ်ထားမှုမရှိဘဲ ထုတ်လွှတ်လိုက်သည်။

ထျန်းလင် ဓားနည်းစနစ်....

ဤနည်းစနစ်တွင် လွှမ်းမိုးချုပ်ကိုင်မှုနိုင်မှုများဖြင့် ကြီးစိုးနေသည်။

"အမ်..."

"ကြည့်ရတာတော့ ဒါက ထျန်းလင်ဂိုဏ်းရဲ့အင်မော်တယ်နည်းစနစ်ဖြစ်တဲ့ ထျန်းလင်ဓားနည်းစနစ်ဖြစ်ပုံပဲ"

"ဒါက အမှန်ပဲ...ထျန်းလင်ဓားနည်းစနစ်က စစ်မှန်ပြီး ရှေးရိုးကျတဲ့ နည်းစနစ်တစ်ခုဘဲ...ဒါကအဆင့်နိမ့်တယ်ဆိုပေမယ့် ထျန်းလင်ဂိုဏ်းရဲ့ ဖိနှိပ်ချုပ်ကိုင်ခြင်း ဓားနည်းစနစ်တွေထဲက တစ်ခုဖြစ်နေတုန်းပဲ....ဒီလျှူနန်ယန်းရဲ့ပါရမီအရည်အချင်းက အရမ်းကြောက်ဖို့ကောင်းတယ်...သူက မြေကမ္ဘာအင်မော်တယ်နယ်ပယ်နဲ့ ဒီထျန်းလင်ဓားနည်းစနစ်ကို တကယ်ကြီးကျင့်ကြံနိုင်တယ်"

"အမှန်ပဲ...အင်မော်တယ်နည်းစနစ်တစ်ခုသာ သူ့ရဲ့လက်ထဲမှာရှိနေရင်...ကျင့်ကြံဆင့်နယ်ပယ်တစ်ဆင့်မြင့်တဲ့လူနဲ့ တိုက်ခိုက်ဖို့တောင် ဘာအခက်အခဲမှရှိမှာမဟုတ်ဘူး"

"ကြည့်ရတာတော့ ဒီနေ့တိုက်ပွဲရဲ့ရလဒ်ကို မှန်းဆဖို့ ခက်ခဲမယ့်ပုံပဲ"

ပွဲကြည့်ပရိသတ်များထံမှနေ၍ ချီးမွမ်းသံများထွက်ပေါ်လာသည်။

ဤသည်မှာ မူလက အလွန်အမင်း တစ်ဖက်သတ်ဆန်သော တိုက်ပွဲတစ်ပွဲပင်။

ယခုအချိန်တွင်မူ ဤတိုက်ပွဲသည် သူတို့တွေးသောထားသည်နှင့်မတူဘဲ များစွာပို၍စိတ်လှုပ်ရှားဖွယ်ကောင်းသောအဆင့်သို့ ရောက်ရှိလာသည်။ဤသည်မှာ အလှည့်အပြောင်းတစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေလေ၏။

တိုက်ပွဲစင်မြင့်၏ပြင်ပတွင်ရှိနေသော ယင်ထျန်းရှုံးသည် ဖြစ်ပျက်နေသောကိစ္စများအားလုံးကိုအေးစက်တင်းမာသောအကြည့်ဖြင့် စောင့်ကြည့်နေသည်။

ရှောင်ကျန်း၏လုပ်ရပ်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ခြင်းမရှိသောကြောင့် သူ့၏တည်ငြိမ်အေးဆေးမှုကို အနည်းငယ်ပျက်ပြားသွားစေသော်လည်း မည်သို့ပင်ဆိုစေကာမူ လျှူနန်ယန်းသည် သူ့၏တိုက်ရိုက်တပည့်တစ်ယောက်ပင်။သူမထံတွင် မည်သည်ကြောင့် ဝှက်ဖဲတချို့မရှိဘဲနေမည်နည်း။

ဤဓားချက်သည်....

လျှူနန်ယန်း၏ အားအကောင်းဆုံးဝှက်ဖဲပင်။

ဤဓားချက်၏အောက်တွင် ရှောင်ကျန်း အနိုင်ရရှိရန်မှာ ဖြစ်နိုင်ချေမရှိပေ။

"ဒီနေ့ နင်က ငါ့ရဲ့မျှော်လင့်ချက်ထက် အများကြီးကျော်လွန်နေတယ်"

"လူတိုင်းက နင့်ကို အမှိုက်ကောင်လို့ တွေးထင်ထားကြတယ်...ဒါပေမယ့် နင်က တကယ်တော့ နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားတဲ့လူပဲ"

"ဒါပေမယ့် ဒါက အသုံးဝင်မှာမဟုတ်ဘူး"

"ငါ့ရဲ့ဒီဓားချက်အောက်မှာ နင်က ကောင်းကင်အင်မော်တယ်တစ်ယောက်ရဲ့စွမ်းအားမျိုးကို ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် အသုံးဝင်မှာမဟုတ်ဘူး...နင်က ဒါကို တောင့်မခံနိုင်မှာ ငါ စိုးရိမ်မိတယ်....အခုလက်ရှိအချိန်မှာ နင့်အတွက် သေချာတာတစ်ခုကတော့ သေဖို့ကိုစောင့်ဆိုင်းနေရုံပဲရှိတယ်"

လျှူနန်ယန်းသည် ရှောင်ကျန်းကို ခက်ထန်တင်းမာစွာကြည့်ကာ ဓားချီတစ်လှိုင်းထုတ်လွှတ်လိုက်ခြင်းနှင့်အတူ သူမ၏ပါးစပ်မှနေ၍ ရေခဲတမျှအေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။

"ငါ သေရမှာ သေချာတယ်တဲ့လား"

ရှောင်ကျန်းက ခပ်ဖျော့​ဖျော့ပြုံးလိုက်၏။

"ဒီနေ့ မင်းရဲ့ဆန္ဒကို ငါ မဖြည့်ဆည်းပေးနိုင်မှာကို ငါ စိုးရိမ်မိတယ်"

သူ့၏အသံ ပျက်ပြယ်သွားခြင်းနှင့်အတူ....

သူ့၏ခန္ဓာကိုယ်မှနေ၍ အလွန်ပြင်းထန်သောအရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာကာ မြောက်များစွာသော စွမ်းအားလိုင်းများကအရပ်မျက်နှာအဘက်ဘက်သို့ပြန့်သွားသည်

ဤကဲ့သို့သူ၏ကျင့်ကြံဆင့်နဲ့ပဲပေါက်ကွဲလုမတတ်မြင့်တက်လာမှုအောက်တွင် အင်မော်တယ်နည်းစနစ်ကိုထုတ်ဖော်အသုံးပြုထားသောရှုရန်၏မျက်နှာအမူအရာ သိသိသာသာပြောင်းလဲသွားသည်

တချိန်တည်းမှာပင်

တိုက်ပွဲကျင်းပရာနေရာတွင်ရှိနေသော ထောင်သောင်းချီသည့် စောင့်ကြည့်သူများထံမှနေ၍ ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာသည်။

ဤတိုက်ပွဲကို လျှို့ဝှက်၍ စူးစမ်းလေ့လာနေကြသော အင်အားစုများမှလူများသည် ဤအချိန်အခိုက်အတန့်တွင် မတ်တတ်ရပ်လိုက်ကြ၏။

"ရွှေအင်မော်တယ်...."

"အိုး ဘုရားရေ....ဒီရှောင်ကျန်း...သူက တကယ်တော့ ရွှေအင်မော်တယ်တစ်ယောက်ပဲ"

"သူ့ကို အမှိုက်ကောင်လို့ ပြောကြတာမဟုတ်ဘူးလား...ဘာလို့ သူက ရုတ်တရက်ကြီး ရွှေအင်မော်တယ်တစ်ယောက် ဖြစ်သွားတာလဲ"

"သူက လျှူနန်ယန်းနဲ့အသက်ရွယ်တူပဲဆိုတာ ငါမှတ်မိသေးတယ်...ဟုတ်တယ်မလား....အသက်နှစ်ဆယ်အရွယ် ရွှေအင်မော်တယ်တစ်ယောက် ...ဟူး...."

"သောက်ချေးပဲ..သူက အမှိုက်ကောင်လို့ အရင်တုန်းက ဘယ်ကောင်တွေ ပြောခဲ့တာလဲ...အခု ထွက်ခဲ့စမ်းပါ...ငါ မင်းတို့ကို သေတဲ့အထိ ခုတ်ပိုင်းပစ်မယ်"

"ဒီကောင်လေး....သူက သူ့ကိုယ်သူ နက်နက်ရှိုင်းရှိုင်း ဖုန်းကွယ်ထားတာပါလား.... အသက်နှစ်ဆယ်အရွယ် ရွှေအင်မော်တယ်တစ်ယောက်...သူက လျှူနန်ယန်းထက်တောင် ပိုပြီးထူးချွန်သေးတယ်"

ဆူညံပွက်လောရိုက်နေသောအသံများ အဆက်မပြတ် မြည်ဟီးလာသည်။

ရှောင်ကျန်းသည် သူ့၏ကျင့်ကြံဆင့်နယ်ပယ်ကို ထုတ်ဖော်လိုက်သောအချိန်၌ သူတို့အားလုံး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။

ယခင်က ယုံကြည်ချက်များနှင့်ပြည့်နှက်နေသော ယင်ထျန်းရှုံးတို့လူစုသည် ယခုအချိန်တွင် ထိတ်လန်ကြောက်ရွံ့နေပေ၏။

တချိန်တည်းမှာပင် လျှူနန်ယန်း၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားကာ သူမ၏ခန္ဓာကိုယ် တုန်ရီနေပြီး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။

"မဖြစ်နိုင်ဘူး...ဒါက မဖြစ်နိုင်ဘူး...သူက ဘယ်လိုလုပ်ပြီးတော့ ရွှေအင်မော်တယ်တစ်ယောက်ရဲ့စွမ်းအားမျိုး ပိုင်ဆိုင်နေရတာလဲ"

သူမသည် ဤကိစ္စကို မည်သို့မျှ လက်ခံနိုင်ခြင်းမရှိချေ။

သို့ရာတွင် သူမအား စောင့်ကြိုနေသည်မှာမိုးကောင်းကင်ယံမှ ဆင်းသက်လာသောလက်ဝါးရိုက်ချက်တစ်ချက်ပင်။

ရှောင်ကျန်းသည် လက်ဝါးတစ်ချက်ကို ညင်သာစွာတွန်းထုတ်ကာ လျှူနန်ယန်း၏တိုက်ခိုက်မှုကို လွယ်လင့်တကူ ခြေမွဖျက်ဆီးလိုက်သည်။

တချိန်တည်းမှာပင် တန်ပြန်ရိုက်ခတ်မှုခံရသောလျှူနန်ယန်းသည် ချက်ချင်းနောက်သို့လွင့်ထွက်သွားကာ ခွေးသေတစ်ကောင်အလား မြေပြင်နှင့်ပြင်းပြင်းထန်ထန်ရိုက်ခတ်မိသည်။

"မင်း ရှုံးသွားပြီ"

ရှောင်ကျန်းက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် လျှူနန်ယန်း၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန်တုန်ခါသွားကာ သူမ၏ပါးစပ်မှ သွေးတလုတ်အန်ထွက်လာသည်။သူမ၏စိတ်အခြေအနေသည် ပြင်းထန်သော တန်ပြန်ရိုက်ခတ်မှုဒဏ်ကို ခံစားလိုက်ရပုံရှိသည်။

"အဲ့ဒီအချိန်တုန်းက မင်း ဘာပြောခဲ့တယ်ဆိုတာကို မင်း မှတ်မိသေးလား"

ရှောင်ကျန်းက သူမကိုကြည့်ကာ ညင်သာစွာပြောဆိုလိုက်၏။ထို့နောက် သူသည် ခေါင်းကိုမော့ကာ ဤတိုက်ပွဲအားကြည့်ရန်လာသော လူများအားလုံးကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။

"ဒီနေ့ ငါ ရှောင်ကျန်းက မင်း ဆိုတဲ့လျှူနန်ယန်းနဲ့ ကြားမှာရှိခဲ့တဲ့ ဆက်ဆံရေးတွေအားလုံးကိုဖျက်သိမ်းလိုက်ပြီလို့ တရားဝင်ကြော်ငြာတယ်...အခုချိန်ကနေစပြီးတော့ ငါတို့က ဘာပတ်သက်ဆက်နွယ်မှုမျိုးမှ မရှိတော့ဘူး"

ဤအချိန်အခိုက်အတန့်တွင် သူ့၏အသံ၌ စိတ်ဝိညာဥ်စွမ်းအားများ ရောယှက်နေကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ထို့နောက် စေ့စပ်ခြင်းကိုဖျက်သိမ်းကြောင်း ရေးသားထားသောစာသည် လေထုအတွင်း၌မျောလွင့်သွားကာ လျှူနန်ယန်း၏ခြေထောက်နံဘေးသို့ ကျရောက်သွားသည်။

ရှောင်ကျန်း၏စကားများ ကျရောက်လာချိန်တွင်....

တိုက်ပွဲကွင်းပြင်နေရာတစ်ဝိုက်လုံး ပွက်လောရိုက်သွားသည်။

ယနေ့တွင် ဤကဲ့သို့ရလဒ်မျိုး ထွက်ပေါ်လာမည်ဟု မည်သူမျှ မျှော်လင့်ထားမိခြင်းမရှိချေ။

လျှူနန်ယန်းသည် သူမနှင့်ရှောင်ကျန်းအကြားမှ စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်းမည်ဟု သူတို့ မူလက ယုံကြည်ခဲ့ကြသည်။သို့ရာတွင် ထိုအစား ရှောင်ကျန်းသည် ပြတ်စဲကြောင်းစာတစ်စောင်ကို လျှူနန်ယန်းထံပေးလိုက်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။

အကယ်၍ ဤသတင်းသာလထွက်ပေါ်သွားပါက လျှူနန်ယန်းသည် ပကတိနယ်မြေအတွင်းတွင် မည်သည့်နည်းဖြင့် ဆက်လက်၍ရပ်တည်နိုင်မည်နည်း။

"ဖူး...."

သူမ၏ရှေ့ရှိ စေ့စပ်ပွဲဖျက်သိမ်းကြောင်းစာလွှာကို စူးစိုက်ကြည့်ပြီး လျှူနန်ယန်းသည် နောက်ထပ်သွေးတစ်လုတ် အန်ထုတ်လိုက်ရ၏။

မူလက သူမ၏အေးစက်ပြီးမောက်မာထောင်လွှားသော ပုံပန်းသွင်ပြင်သည်လည်း ယခုအချိန်၌ လုံးလုံးလျားလျားဖရိုဖရဲဖြစ်နေလေပြီ။သူမ၏မျက်နှာပေါ်တွင် သွေးရောင်ကင်းမဲ့နေသည်။ပြင်းထန်သော တန်ပြန်ရိုက်ခတ်မှုအသံကြောင့် သူမ၏ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံဆင့်အခြေခံများအားလုံးကို ဗြောင်းဆန်သွားစေခဲ့သည်။

ဤနေရာကို သူမ၏အိမ်ကွင်းဟု ယူဆ၍ရသည်။

သူမသည် အခြေအနေကိုအခွင့်ကောင်းယူကာ လူသူအများ၏ရှေ့တွင် သူမ၏နာမည်ဂုဏ်သတင်းကို တည်ဆောက်လိုခြင်းဖြစ်သည်။သို့ရာတွင် ယခင်က စေ့စပ်ကြောင်းလမ်းပွဲကိုဖျက်သိမ်းမည်ဟု သူမ ပြောဆိုခဲ့သော အမှိုက်ကောင်သည် သူမအား အနိုင်ယူခဲ့လေ၏။ထို့ပြင် သူသည် စေ့စပ်ကြောင်းလမ်းခြင်းဖျက်သိမ်းကြောင်း ရေးသားထားသော စာတစ်စာကို သူမအား ပေးအပ်ခဲ့သည်။

သူမသည် ဤကိစ္စကို လက်ခံနိုင်ခြင်းမရှိဘဲ အလွန်အမင်းမကျေမနပ် ဖြစ်နေခဲ့သည်။

"ဘာလို့လဲ"

သူမက ဒေါသတကြီး အော်ဟစ်လိုက်၏။

"ဒါက ရှင်းရှင်းလေးပါပဲ....မင်းရဲ့ကိုယ်ပိုင်နည်းလမ်းကို မင်းဆီ ပြန်ပို့လိုက်တာပဲ"

ရှောင်ကျန်းသည် သူမအား တင်းမာခက်ထန်စွာကြည့်ကာ သတိပေးစကားပြောဆိုသည်။

"ပြီးတော့ ငါက မင်းအတွက် နောက်ဆုံးတစ်ခု အကြံပေးချင်တယ်...မင်းရဲ့ရှေ့က တောင်တစ်လုံးထက်ဝေးကွာတဲ့ တခြားတောင်တွေ ရှိနေသေးတယ်....ပြင်ပလောကမှာ မင်းထက်ပိုပြီး ထူးချွန်ထက်မြက်တဲ့လူတွေ အများကြီးရှိနေတယ်...မင်းရဲ့အောင်မြင်မှုတွေဆိုတာ ငါ့ရဲ့မျက်လုံးထဲမှာတော့ ထည့်ပြောဖို့တောင် မထိုက်တန်ဘူး"

'ထည့်ပြောဖို့တောင် မထိုက်တန်ဘူး'ဟူသော စကားလုံးသည် လျှူနန်ယန်း၏စိတ်အတွင်းသို့ တိုက်ရိုက်ထွင်းဖောက်ဝင်ရောက်သွားသည်။

သူမ၏ဒဏ်ရာများနှင့်တန်ပြန်ရိုက်ခတ်ခံရမှုများအောက်တွင် သူမသည် ပြင်းပြင်းထန်ထန် သွေးများအန်ထုတ်လိုက်ရ၏။ဤအချိန်အခိုက်အတန့်တွင် သူမ၏မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်သည်လည်း အဆင့်တစ်ဆင့် ကျဆင်းသွားခဲ့သည်။

"မင်းရဲ့အနာဂတ်ကို မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ"

ရှောင်ကျန်းသည် သူမအား အနည်းငယ်မျှ စာနာသနားခြင်းမရှိဘဲ တည်ငြိမ်အေးဆေးစွာကြည့်ကာ နောက်သို့ချာခနဲလှည့်ပြီး ထွက်ခွာခဲ့တော့သည်။

ထိုအချိန်မှာပင်...

ပြင်းထန်သောလက်ဝါးပုံရိပ်ယောင်တစ်ခု ရုတ်တရက် ပျံ့လွင့်လာကာ မည်သည့်ခုခံမှုမျှမရှိသော ရှောင်ကျန်းကို ခိုးကြောင်ခိုးကွက်တိုက်ခိုက်လိုက်သည်။

ဤလက်ဝါးရိုက်ချက်သည် အလွန်အမင်း အစွမ်းထက်သဖြင့် လက်ရှိနေရာတွင်ရှိနေသောလူများ၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းခန့် ထိတ်လန့်ကြောက်ရွံသွားသည်။

ဤသည်မှာ ထျန်းလင်ဂိုဏ်း၏ဂိုဏ်းချုပ် ယင်ထျန်းရှုံးကိုယ်တိုင် ထုတ်ဖော်အသုံးပြုလိုက်သောစွမ်းအားပင်။ဤအချိန်အခိုက်အတန့်တွင် သူ့၏မျက်လုံးအတွင်း၌ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်နေသည်။သူ့၏လက်ဝါးပုံရိပ်ယောင်ကြီးသည် ရှောင်ကျန်း၏ခေါင်းထက်သို့ ချက်ချင်းရောက်ရှိသွားသည်။

ဤရုတ်တရက် အပြောင်းအလဲကြောင့်...

လက်ရှိနေရာတွင်ရှိနေသူများအားလုံး သတိလက်လွတ်ဖြစ်သွားသည်။

ရှောင်ကျန်းသည် အလွန်အမင်းလျင်မြန်စွာတုံ့ပြန်လိုက်ကာ တန်ပြန်လက်သီးတစ်ချက်ကိုထိုးနှက်လိုက်သည့်တိုင် နက်နဲသိမ်မွေ့အင်မော်တယ်နယ်ပယ်၌ရှိနေသော ယင်ထျန်းရှုံးနှင့်ရင်ဆိုင်ရချိန်တွင် သူ့ထံ၌ စိတ်ဆန္ဒသာရှိပြီးခွန်အားလုံလောက်ခြင်းမရှိချေ။

"ဖူး..."

ရှောင်ကျန်း၏ပါးစပ်မှနေ၍ သွေးများပန်းထွက်လာကာ သူသည် နောက်သို့ ပြင်းပြင်းထန်ထန်လွင့်ထွက်သွားတော့သည်။

Chapter 488

"သူ မသေဘူးလား"

ယင်ထျန်းရှုံး၏မျက်နှာ မည်းမှောင်သွားသည်။

ရွှေအင်မော်တယ်တစ်ယောက်သည် သူ့၏လက်ဝါးရိုက်ချက်ကို တောင့်ခံနိုင်ကာ အသက်ရှင်သန်နေသဖြင့် သူ အံ့အားသင့်နေမိသည်။

သို့ရာတွင် ဤကဲ့သို့ကိစ္စများ ပို၍ဖြစ်ပွားလာလေလေ သူ့၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပို၍ပြင်းထန်လာလေလေပင်။

ရှောင်ကျန်းသည် သူ့၏အစီအစဉ်များအားလုံးကို ဖျက်ဆီးခဲ့သည်။ထိုအချက်ကို ထည့်မတွက်လျှင်ပင် ရှောင်ကျန်း၏ပါရမီအရည်အချင်းသက်သက်ဖြင့် ယင်ထျန်းရှုံးသည် သူ့အား အသက်ရှင်သန်ခွင့်မပေးလိုချေ။အကယ်၍ ရှောင်ကျန်းသာ အသက်ရှင်သန်နေပါက ထျန်းလင်ဂိုဏ်း၏အနာဂတ်သည် မငြိမ်မသက်မှုများဖြင့် ပြည့်နှက်နေပေမည်။

ယင်ထျန်းရှုံးသည် လေဟာနယ်အတွင်းသို့ခြေချကာ ရှောင်ကျန်း၏နောက်သို့ လိုက်လံဖမ်းဆီးလိုက်သည်။

သူသည် ရှောင်ကျန်းထံဦးတည်၍ နောက်ထပ်လက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်သည်။သူသည် ရှောင်ကျန်းအား အသက်ရှင်သန်နိုင်ရန် အခွင့်အရေးမပေးလိုသည်မှာ သိသာထင်ရှားလှ၏။

သို့ရာတွင် ထိုလက်ဝါးရိုက်ချက်သည် ရှောင်ကျန်းကို ရိုက်ခတ်မိခါနီးအချိန်တွင် နူးညံ့သေးသွယ်သောလက်တစ်ဖက် ရုတ်တရက်ထွက်ပေါ်လာကာ ယင်ထျန်ူရှုံး၏လက်ဝါးနှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားသည်။

"အရမ်းအစွမ်းထက်တာပဲ....မင်းက ဘယ်သူလဲ"

ယင်ထျန်းရှုံးသည် လေထုအတွင်း၌ အချိန်ပေါင်းများစွာ လူးလိမ့်နေပြီးမှ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။ထို့နောက် သူ့၏အံ့အားသင့်တုန်လှုပ်နေသောအကြည့်က ရှေ့သို့ကျရောက်သွားသည်။

ရှောင်ကျန်း၏ရှေ့တွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် မတ်တတ်ရပ်နေသည်ကို သူ မြင်တွေ့မိလေ၏။

သူမထံတွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ်ရှိနေကာ သူမ၏အေးစက်စက်မျက်လုံးများက သူ့ထံသို့ အခိုင်အမာကျရောက်နေသည်။

ဤကဲ့သို့အကြည့်ကို ခံစားရချိန်တွင် ယင်ထျန်းရှုံး၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့်ပင် သူမအား ထိပ်တိုက်ကြည့်ဝံ့ခြင်းမရှိချေ။

"မင်းက ဘယ်သူလဲ"

ယင်ထျန်းရှုံးက အက်ရှရှလေသံဖြင့် မေးမြန်းလိုက်သည်။

"မိုးမြေဂိုဏ်းက စုယွင်ယွင်...ပြီးတော့ ငါက ရှောင်ကျန်းရဲ့စီနီယာအစ်မပဲ"

စုယွင်ယွင်၏အေးစက်တင်းမာနေသောအသံ ထွက်ပေါ်လာသည်။ဤအချိန်အခိုက်အတန့်တွင် သူမ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။ဤဂိုဏ်းချုပ်သည် သူမ၏ဂျူနီယာမောင်လေးကို တိုက်ခိုက်မည်ဟု သူမ မျှော်လင့်ထားမိခြင်းမရှိချေ။

ကံကောင်းထောက်မစွာဖြင့် ရှောင်ကျန်းသည် ပြင်းထန်စွာ ဒဏ်ရာမရရှိခဲ့ချေ။

ထိုသို့မဟုတ်ပါက ထျန်းလင်ဂိုဏ်းတစ်ဂိုဏ်းလုံးကို မြှုပ်နှံလိုက်လျှင်ပင် သူ့၏အသက်အတွက် ပေးလျော်ရန် လုံလောက်မည်မဟုတ်ပေ။

"မိုးမြေဂိုဏ်းလား"

"စီနီယာအစ်မလား"

ယင်ထျန်းရှုံးသည် ဂရုတစိုက်ပြန်လည်စဉ်းစားတွေးတောလိုက်သော်လည်း သူသည် မိုးမြေဂိုဏ်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို တွေ့ရှိခဲ့ခြင်းမရှိချေ။ရှောင်ကျန်းသည် မည်သည့်နေရာမှနေ၍ ဤကဲ့သို့ အစွမ်းထက်သော စီနီယာအစ်မတစ်ယောက်ကို ရှာဖွေတွေ့ရှိလာသည်ကိုလည်း သူ မတွေးတတ်တော့ချေ။

သို့ရာတွင်...

အဝေးရှိ တိုက်ပွဲကွင်းပြင်ပေါ်တွင်ရှိနေသော လျှူနန်ယန်း၏မျက်နှာအမူအရယာ ပို၍သိသိသာသာ ပျက်ယွင်းသွားသည်။

ယခင်က ထျန်ရှင်းမြို့အတွင်း၌ သူမ ရင်ဆိုင်ခဲ့ရသည့် အမျိုးသမီးသည် သူမ၏ဆရာဖြင့်ယှဉ်ပြိုင်နိုင်သည်အထိ အစွမ်းထက်နေမည်ဟု သူမ မျှော်လင့်မထားမိချေ။

ရှောင်ကျန်း...

ယခုလတ်တလောအချိန်တွင် သူ မည်သည့်အရာများကို ကြုံတွေ့ခဲ့ရသနည်း...

သူမသည် အံ့တင်းတင်းကြိတ်ထားကာ သူမထံတွင် မလိုလားမှုများဖြင့် ပြည့်နှက်နေသည်

"ပြောစမ်း...နင်က ဘာလို့ ငါ့ရဲ့ဂျူနီယာမောင်လေးကို တိုက်ခိုက်တာလဲ"

စုယွင်ယွင်က အေးစက်တင်းမာစွာ မေးခွန်းထုတ်လိုက်၏။

"ဟမ့်...."

"သူက စည်းမျဉ်းတွေကို ချိုးဖောက်ပြီးတော့ တိုက်ပွဲကွင်းပြင်ပေါ်မှာ ငါ့ရဲ့တပည့်ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တယ်..ငါ့တပည့်ရဲ့စိတ်က အရမ်းသန့်စင်တာကြောင့် သူ့ရဲ့အကြံအစည်တွေကို မမြင်နိုင်ခဲ့ဘူး...ဒါကြောင့် သူက ပြတ်စဲကြောင်းစာတစ်စောင် ပေးပြီးတော့ငါ့တပည့်ရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို မတည်ငြိမ်အောင်လုပ်ဆောင်ခဲ့တယ်""

"တကယ်လို့ ငါ ဒီနေရာမှာမရှိရင် သူ အဝေးကို ထွက်သွားနိုင်လိမ့်မယ်"

"သူက ငါတို့ ထျန်းလင်ဂိုဏ်းရဲ့နယ်မြေထဲမှာ မဆင်မခြင်တိုက်ခိုက်ရဲမှတော့ ငါ သူ့ကို ဘယ်နည်းနဲ့မှ အလွတ်မပေးနိုင်ဘူး"

ယင်ထျန်းရှုံး၏အသံနက်ကြီးက ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ယနေ့တွင်...

သူသည် အရှုံးကိုအနိုင်အဖြစ် ပြောင်းလဲရပေမည်။

အကြောင်းအရင်းမှာ ယခုလက်ရှိရလဒ်ကို သူ လက်မခံနိုင်သောကြောင့်ပင်။ထို့ပြင် တခြားကိစ္စများထက် သူသည် တတိယမင်းသားကိုရှင်းပြရန် အကြောင်းပြချက်ရှိမနေချေ။

အကယ်၍ ရှောင်ကျန်းကသာ လျှူနန်ယန်းကို ပြတ်စဲစာတစ်စောင် အမှန်တကယ်ပေးအပ်ခဲ့ပါက တတိယမင်းသားသည် ရယ်စရာပြက်လုံးကြီးတစ်ခု ဖြစ်သွားမည်မဟုတ်လော။

ထို့ကြောင့်....

သူ့၏ပိုင်နက်နယ်မြေအတွင်း၌ ရှိနေစဉ်အချိန်အတောအတွင်း သူ လက်ဦးမှုယူ၍ လှုပ်ရှားရပေမည်။

"အခုလက်ရှိနေရာမှာ ရှိနေတဲ့လူတွေအားလုံး...ဒီကိစ္စရဲ့အမှန်တရားကို မင်းတို့လည်း သိကြမယ်လို့ ငါ ယုံကြည်တယ်....မင်းတို့က ငါတို့ထျန်းလင်ဂိုဏ်းရဲ့မိတ်ဆွေတွေဖြစ်နေတာကြောင့် ငါတို့ထျန်းလင်ဂိုဏ်းနဲ့ ငါ ယင်ထျန်းရှုံးအတွက် မင်းတို့က မျက်မြင်သက်သေတွေ ဖြစ်ပေးနိုင်မယ်လို့ ငါ မျှော်လင့်တယ်"

ယင်ထျန်းရှုံးသည် ပတ်ဝန်းကျင်ရှိလူများကိုကြည့်ကာ တည်ငြိမ်အေးဆေးစွာပြောဆိုသည်။

သူ၏စကားများသည် အလွန်အမင်းလိမ္မာပါးနပ်သည်ဟု ယူဆနိုင်ပေ၏။

ဤစကားလုံးများတွင် သိသာထင်ရှားသောခြိမ်းခြောက်မှုတစ်ရပ် ပါဝင်နေသည်။

ထို့ကြောင့် လူအများသည် အမှန်တရားကိုသိရှိနေသည့်တိုင် သူတို့အားလုံး ခေါင်းညိတ်ပြကာ သဘောတူညီလိုက်ကြ၏။

မည်သို့ပင်ဆိုစေကာမူ အကယ်၍ သူတို့သည် ထျန်းလင်ဂိုဏ်းမှ မျက်နှာသာပေးမှုကို ရရှိနိုင်ပါက မည်သည်ကြောင့် သူတို့ ဤကဲ့သို့ မလုပ်ဆောင်ဘဲ နေရမည်နည်း။

ရှောင်ကျန်းအတွက်ကမူ သူ့၏ပါရမီအရည်အချင်းသည် ထူးချွန်သည့်တိုင် ထျန်းလင်ဂိုဏ်းတစ်ဂိုဏ်းလုံး၏ရှေ့တွင် သူသည် မည်သည်ကြောင့် အရေးပါနိုင်မည်နည်း။

ကြီးပြင်းခြင်းမရှိသေးသော ပါရမီရှင်တစ်ယောက်သည် အသက်မဲ့နေသောအရိုးစုတစ်စုနှင့် ကွဲပြားခြားနားခြင်းမရှိချေ။

"မင်း...."

ထိုစကားများသည် ရှောင်ကျန်း၏နားအတွင်းသို့ ရောက်ရှိသွားချိန်တွင် သူ့၏နဖူးမှ သွေးကြောများ ဖောင်းကြွလာကာ ဒေါသကြောင့် သူ့၏ခန္ဓာကိုယ် တုန်ရီသွားသည်။

"ဟား ဟား ဟား"

သို့ရာတွင် စုယွင်ယွင်သည် ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်မောလိုက်၏။

"ဘာ....ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တယ် ဟုတ်လား....ဒါက ဒီအရှုံးကို ဖုံးကွယ်ဖို့အတွက် လိမ္မာပါးနပ်တဲ့နည်းလမ်းပဲ"

အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာပြီးနောက် စုယွင်ယွင်သည် ရှောင်ကျန်းကို နောက်မှနေ၍ ညင်သာစွာတွဲထူလိုက်သည်။

"ဂျူနီယာမောင်လေး"

"နင် ဒီနေရာမှာပဲနေပြီးတော့ နင့်ရဲ့ဒဏ်ရာတွေကို ကုသလိုက်ဦး....အခုချိန်ကစပြီး နင့်ရဲ့စီနီယာအစ်ကိုအစ်မတွေက နင့်ကို ထောက်ပံ့ပေးမယ်"

ထိုစကားကိုကြားချိန်တွင် ယင်ထျန်းရှုံး၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

"သူ့ကို ထောက်ပံ့မှာလား....မင်းတို့က တကယ်ကြီး သူ့ကို ထောက်ပံ့ပေးမလို့လား"

ယင်ထျန်းရှုံးက အေးစက်တင်းမာစွာ မေးခွန်းထုတ်လိုက်သည်။

ဤအမျိုးသမီးသည် သူ့အား အနည်းငယ်စိုးရိမ်ပူပန်မှုဖြစ်စေသော်လည်း ဤမျှထက် မပိုချေ။

နက်နဲသိမ်မွေ့အင်မော်တယ်တစ်ယောက်မျှဖြင့် သူ၏ထျန်းလင်ဂိုဏ်းအတွင်းတွင် မုန်တိုင်းထန်အောင် မည်သည်ကြောင့် ပြုလုပ်နိုင်မည်နည်း။

"နင် ဒါကိုစမ်းကြည့်ရင် သိလာလိမ့်မယ်"

စုယွင်ယွင်၏နှုတ်ခမ်းထောင့် အနည်းငယ်မြင့်တက်သွားကာ သူမက အေးအေးလူလူလေသံဖြင့် ပြောဆိုလိုက်သည်။

"ဂျူနီယာမောင်လေးဆယ့်ရှစ်...ဒီနေ့ မင်း ပျော်စရာတချို့ရှာလို့ရပြီ"

သူမ၏အသံကျရောက်သွားသည်နှင့် ဖရိုဖရဲဖြစ်နေသောပုံရိပ်တစ်ခုသည် အလင်းတန်းတတန်းအလား တိုက်ပွဲကွင်းပြင်၏အလယ်သို့ ရောက်ရှိလာသည်။

"ဟား ဟား ဟား ဟား...."

"စီနီယာအစ်မ...ငါ့ကို နင် ဘာမှထပ်ပြောဖို့မလိုတော့ဘူး...ငါ သူတို့ကို သတ်ချင်နေတာ အချိန်အတော်ကြာနေပြီ"

ထိုအသံကျရောက်လာသည်နှင့်အတူ ဟုန်ဖုန်ခွမ်းသည် ထျန်းလင်ဂိုဏ်းမှ ကောင်းကင်အဆင့်အင်မော်တယ်နှစ်ယောက်ကို သူ့၏လက်ဗလာနှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ အချင်းချင်းပြင်းထန်ထန်ရိုက်နှက်လိုက်၏။

"ဘုန်း...."

ပြင်းထန်သောစွမ်းအားအောက်တွင် ထိုကောင်းကင်အင်မော်တယ်နှစ်ယောက်သည် သွေးသံတရဲရဲဖြစ်သွားကာ အပိုင်းအစများအဖြစ် ပေါက်ကွဲသွားပြီး သွေးများက နေရာအနှံ့ ပြန့်ကျဲသွားတော့သည်။

"ဟား ဟား ဟား"

"အရမ်း စိတ်ကျေနပ်ဖို့ ကောင်းတာပဲ"

သူသည် ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးကာ ထျန်းလင်ဂိုဏ်းအတွင်းရှိ တခြားတပည့်များထံသို့ တိုးဝင်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင်....

တခြားမြေကမ္ဘာအင်မော်တယ်နှစ်ယောက်၏ခေါင်းများသည်လည်း ဟုန်ဖုန်ခွမ်း၏ဆုတ်ဖြဲခြင်းကို ခံလိုက်ရသည်။

"အား...အရမ်းစိတ်ကြည်နူးစရာကောင်းတာပဲ"

ဤကဲ့သို့ရူးသွပ်မှုအကြားတွင် သူသွားသည့် မည်သည့်နေရာတွင်မဆို ခြေပြတ်လက်ပြတ်များသာ ကျန်ခဲ့တော့သည်။

ယင်ထျန်းရှုံးသည် ဒေါသထွက်နေသောမျက်နှာအမူအယာဖြင့် ဟုန်ဖုန်ခွမ်းကို ကြည့်လိုက်၏။

ထျန်းလင်ဂိုဏ်းသည် ခိုင်ခံသောအခြေခံအုတ်မြစ်ရှိသည့် အင်အားစုကြီးတစ်စုဖြစ်သော်လည်း ဤလူများ၏တိုက်ခိုက်ခြင်းစွမ်းရည်အရ ဂိုဏ်း၏ကျောရိုးများဟု ယူဆနိုင်သည်။ဤကဲ့သို့ ကြီးမားသောဆုံးရှုံးမှုများကို သူ မည်သည်ကြောင့် သည်းခံနိုင်မည်နည်း။

"စည်းမျဉ်းဥပဒေခန်းမ....ငါ့ရဲ့အမိန့်ကို နာခံပြီးတော့ သူ့ကိုသတ်ကြစမ်း"

ယင်ထျန်းရှုံး၏ပါးစပ်မှနေ၍ အမိန့်ပေးသံတစ်သံ ထွက်ပေါ်လာသည်။

သူ့၏အမိန့် ထွက်ပေါ်လာသည်နှင့် တူညီဝတ်စုံများကိုဝတ်ဆင်ထားသည့် ရာနှင့်ချီသော အနက်ရောင်ဝတ်စုံဝတ်လူများက လေထုအတွင်းသို့ မြင့်တက်လာသည်။သူတို့သည် အရပ်မျက်နှာအဘက်ဘက်မှနေ၍ ဟုန်ဖုန်ခွမ်းထံသို့တိုးဝင်ကာ တိုက်ခိုက်ကြလေ၏။

ထိုအနက်ရောင်ဝတ်စုံဝတ် လူတစ်ယောက်စီထံတွင် အစွမ်းထက်သောအရှိန်အဝါတစ်ရပ်ရှိနေကာ သူတို့တစ်ယောက်စီတိုင်းသည် အနိမ့်ဆုံးကောင်းကင်အင်မော်တယ်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။သူတို့အနက်မှ ပို၍အစွမ်းထွက်သောလူများသည် ရွှေအင်မော်တယ်နယ်ပယ်တတိယအဆင့်သို့ပင် ရောက်ရှိနေလေပြီ။

"ထျန်းလင်ဂိုဏ်းက တကယ့်ကို သူတို့ရဲ့နာမည်ဂုဏ်သတင်းနှင့်အညီ နေထိုင်တာပါလား...စည်းမျဥ်းဥပဒေခန်းမတစ်ခုတည်းသက်သက်နဲ့ တောင်ပိုင်းနယ်မြေတစ်ဝက်ကို လွှမ်းမိုးအုပ်ချုပ်နိုင်လောက်တယ်"

"အမှန်ပဲ...စည်းမျဥ်းဥပဒေခန်းမရဲ့ဝိုင်းရံတိုက်ခိုက်မှုအောက်မှာ ဒီအရူးကောင်က ကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူး"

နံဘေးပတ်ဝန်းကျင်မှ စောင့်ကြည့်နေသူများသည် မိုးကောင်းကင်ယံသို့မော့ကြည့်ကာ ထင်ကြေးပေးမှုများ မြင့်တက်လာသည်။

သို့ရာတွင်....

ရာနှင့်ချီသောလူများ၏ ဝိုင်းရံတိုက်ခိုက်မှုကိုရင်ဆိုင်ရချိန်တွင် ဟုန်ဖုန်ခွမ်းသည် နောက်ဆုတ်သွားခြင်းမရှိဘဲ ထိုအစား သူတို့ထံသို့ တိုးဝင် သွားမည်ဟု စောင့်ကြည့်နေသူများအားလုံးမျှော်လင့်မထားမိချေ။

တစ်ချိန်တည်းမှာပင် ပို၍စိတ်လှုပ်ရှားနေသောအပြုံးတစ်ခုက သူ့၏မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။

"ဟား ဟား ဟား ဟား...ဒီလောက်ထိ လူတွေအများကြီး...ဒါက တကယ့်ကို ဖောက်ခွဲလို့အရမ်းကောင်းမှာပဲ"

"ငါ ဟုန်ဖုန်ခွမ်းက ငါ့ကိုယ်ငါ ထပ်ပြီးထိန်းချုပ်မထားနိုင်တော့ဘူး"

"ပေါက်ကွဲခြင်းက အနုပညာတစ်ရပ်ပဲ...ပျော်ရွှင်ကြပါစေ"

အော်ဟစ်ကြုံးဝါးလိုက်သော အသံတစ်သံက ဟုန်ဖုန်ခွမ်းထံမှ ထွက်ပေါ်လာကာ သူ့၏ခန္ဓာကိုယ် ရုတ်တရက်ဖောင်းကားလာပြီး လေထုအတွင်း၌ သူ့ကိုယ်သူဖောက်ခွဲလိုက်တော့သည်။

Chapter 489

"သောက်ချေးပဲ"

"အဲ့ဒီကောင်က စကားပြောပြီးတာနဲ့ သူ့ကိုယ်သူချက်ချင်းဖောက်ခွဲသွားတယ်...ဒီစီနီယာအစ်ကိုကိုတောင် ခေါင်းထဲမထည့်တော့ဘူး"

လီကျင်းက ဆဲဆိုကာ အဝေးသို့ထွက်ပြေးလိုက်သည်။

နောက်ထပ်အချိန်အခိုက်အတန့်မှာပင်....

ပေါက်ကွဲသံတစ်သံ မြည်ဟီးလာသည်။

ဘုန်း.....

ဟုန်ဖုန်ခွမ်း၏ရူးသွပ်သော ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲမှုကို ဗဟိုပြု၍ ကြီးမားသောမှိုပွင့်တိမ်တိုက်ကြီးက မိုးကောင်းကင်ယံအတွင်းသို့ မြင့်တတ်သွားသည်။

ကောင်းကင်နှင့်မြေပြင် အရောင်ပြောင်းလဲသွားပေ၏။

ရုတ်ချည်းဆိုသလိုပင်....

ပြင်းထန်သော ရူးသွပ်မှုစွမ်းအားလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားကာလှိုင်းဂယက်များအသွင်ပြောင်းလဲပြီး ပျံ့နှံ့သွားသည်။

ကြီးမားသောကျင်းနက်ကြီးတစ်ခုက မြေပြင်ပေါ်၌ ထွက်ပေါ်လာသည်။

ဤထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားလှိုင်းများအောက်တွင် ထျန်းလင်ဂိုဏ်းအတွင်းမှ အဆောက်အအုံအမြောက်အများ ပြိုလဲသွားကာ မရေမတွက်နိုင်သောလူများ ကျွမ်းထိုးမှောက်ခုံဖြစ်သွားသည်။

ပတ်ဝန်းကျင်တဝိုက်လုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားကာ ထိခိုက်ဒဏ်ရာရရှိသူများက နေရာအနှံ့အပြားတွင်ရှိနေသည်။

ဟုန်ဖုန်ခွမ်း၏ရူးသွပ်စွာဖောက်ခွဲမှုမှ ပရဝုဏ်အတွင်းတွင်ရှိနေသော ပွဲကြည့်ပရိသတ်များဖြစ်စေ ထျန်းလင်ဂိုဏ်း၏စည်းမျဉ်းဥပဒေခန်းမမှ လူများဖြစ်စေ တစ်ဦးတစ်ယောက်မျှမကျန်ရှိဘဲ သေဆုံးသွားခဲ့သည်။

သူတို့သည် လူသားပုံစံမျိုး ကြွင်းကျန်နေလျှင် အနည်းငယ်ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ အခြေအနေပို၍ဆိုးရွားသောလူများသည် ပုံပန်းသွင်ပြင် မမှတ်မိနိုင်တော့ဘဲ မြေပြင်ပေါ်တွင် ​ခြေပြတ်လက်ပြတ်များ ပြန့်ကျဲနေသည်။

စူးရှသောငိုကြွေးညည်းတွားသံများက နေရာအနှံ့အပြားတွင် ပဲ့တင်ထပ်နေပေ၏။

"အရူးပဲ....ဒီကောင်က လုံးလုံးလျားလျား ရူးသွပ်နေတဲ့ လူတစ်ယောက်ပဲ"

"မြန်မြန်ပြေးကြစမ်း"

စူးရှနာကျင်စွာငိုကြွေးနေသံများအကြားတွင် ကြွင်းကျန်သော ပွဲကြည့်ပရိသတ်များသည် အရပ်မျက်နှာအဘက်ဘက်သို့ ထွက်ပြေးသွားကာ တိုက်ပွဲကွင်းပြင်၏အလယ်ဗဟိုချက်နှင့် အဝေးသို့ အလျှင်အမြန်ရှောင်တိမ်းလိုက်ကြသည်။

"သောက်ချေးပဲ...သောက်ချေးပဲ...သောက်ချေးပဲ"

ယင်ထျန်းရှုံး၏မျက်နှာ ဖြူရော်နေကာ သူ့၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ရီနေပြီး သူ၏မျက်လုံးများအတွင်းတွင် သွေးနီရောင်များလွှမ်းခြုံနေသည်။

သူ့၏စည်းမျဥ်းဥပဒေခန်းမ...

သူကိုယ်တိုင် မြေတောင်မြှောက်ထားခဲ့သော စည်းမျဉ်းဥပဒေခန်းမ....

ထျန်းလင်ဂိုဏ်း၏အမာခံကျောရိုးဖြစ်သော အင်အားတစ်ခုသည် ချက်ချင်းအမြစ်ပြတ်ချေမှုန်းခြင်းခံလိုက်ရသလော....

သူ့၏နှလုံးသွေးများ ယိုစီးတော့လုမတတ်ပင်။

"သေ​ကြ....သေကြစမ်း...မင်းတို့အားလုံး သေကြစမ်း...မိုးမြေဂိုဏ်းက ဘယ်လောက်အစွမ်းထွက်တယ်ဆိုတာ ငါ ဂရုမစိုက်တော့ဘူး...မင်းတို့ရဲ့နောက်ခံက ဘာလဲဆိုတာကိုလည်း ငါ ဂရုမစိုက်တော့ဘူး....မင်းတို့ထဲကတစ်ယောက်မှ ထျန်းလင်ဂိုဏ်းကနေ အသက်ရှင်ရက်ထွက်မသွားနိုင်စေရဘူး"

ယင်ထျန်းရှုံးသည် အံ့တင်းတင်းကြိတ်ကာ သူ့၏တုန်ရီနေသောခန္ဓာကိုယ်မှနေ၍ စကားတစ်လုံးချင်းပြောဆိုလိုက်သံ ထွက်ပေါ်လာသည်။

"အကြီးအကဲတွေ နားထောင်ကြစမ်း...ဒီကိစ္စနဲ့ ဆက်စပ်နေတဲ့လူတွေအားလုံးကို ချက်ချင်းသတ်လိုက်ကြစမ်း"

ယင်ထျန်းရှုံးက အော်ဟစ်ကြုံးဝါးလိုက်၏။

"ဟုတ်ကဲ့"

သူ့၏အသံကျရောက်သွားချိန်တွင် ဆယ်နှင့်ချီသောပုံရိပ်များသည် ထျန်းလင်ဂိုဏ်းရှိရာနေရာမှနေ၍ အဆက်မပြတ်ပျံသန်းလာသည်။

"ဟူး...."

"ထျန်းလင်ဂိုဏ်းရဲ့အခြေခံအုတ်မြစ်က လူတိုင်းမျှော်လင့်ထားတာထက် တကယ့်ကို ကျော်လွန်နေတာပါလား"

"ဒါက အမှန်ပဲ...ထျန်းလင်ဂိုဏ်းမှာ ဒီလောက်ထိများပြားတဲ့ အကြီးအကဲတွေရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...သူတို့ထဲက အားအနည်းဆုံးတစ်ယောက်တောင် ရွှေအင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်မှာ ရှိနေတယ်.... သူတို့ကို ဦးဆောင်လာတဲ့လူက နက်နဲသိမ်မွေ့အင်မော်တယ်နယ်ပယ်ကို ရောက်နေပြီ"

"ကြည့်ရတာတော့ မိုးမြေဂိုဏ်းကလူတွေ ဒီနေ့ထွက်ပြေးလွတ်မြောက်နိုင်တော့မယ့်ပုံ မရဘူး"

"ဒီအင်အားစုဖွဲ့မှုက တကယ့်ကိုကြောက်စရာပဲ... ဒါပေမယ့် အခုထိ ထွက်မလာသေးတဲ့ မွန်းစတားအိုကြီးတွေကလွဲလို့ ဒီနေရာကို ထျန်းလင်ဂိုဏ်းရဲ့တိုက်ခိုက်ရေးအင်အားစုတွေအားလုံး ရောက်လာတာမဟုတ်ဘူးလား"

"ထျန်းလင်ဂိုဏ်းရဲ့အကြီးအကဲတွေအားလုံး ထွက်လာပြီးတော့ သူတို့ကို အမြစ်ပြတ်​ချေမှုန်းမယ်ဆိုရင်တောင် ဒါက ထိုက်တန်တယ်...အဲ့ဒီအရူးကောင်က စည်းမျဉ်းဥပဒေခန်းမတစ်ခုလုံးကို သူနဲ့အတူ ဆွဲချသွားတယ်...ဒါက ထျန်းလင်ဂိုဏ်းအတွက် အရမ်းဆုံးရှုံးမှုကြီးမားတဲ့ကိစ္စပဲ"

ဤအချိန်အခိုက်အတန့်တွင်....

ထျန်းလင်ဂိုဏ်းသည် သူတို့၏ကြောက်မက်ဖွယ်ကောင်းသော အင်အားစုဖွဲ့မှုကို ထုတ်ဖော်လိုက်သည်အားကြည့်ပြီး တိုက်ပွဲကွင်ပြင်၏အစွန်အဖျားမှ စောင့်ကြည့်နေသော လူအများသည် သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးလိုက်ကြ၏။

ထိုထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကိုကြည့်ပြီး စုယွင်ယွင်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားသည်။

"ဂျူနီယာမောင်လေးဆယ့်ရှစ်က တကယ့်ကို စိတ်မြန်လွန်းတယ်...ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုယ်သူ ဒီလောက်အစောကြီး ဖောက်ခွဲလိုက်မှတော့ စီနီယာအစ်မက ဒီလောက်များတဲ့လူတွေကို တစ်ယောက်တည်းရင်ဆိုင်ရုံပဲ ကျန်တော့တယ်...ဒီဖိအားက တကယ့်ကို အရမ်းကြီးမားလွန်းတယ်"

သူမသည် ကူကယ်ရာမဲ့စွာဖြင့် ခါးသည်းစွာပြုံးလိုက်၏။

ထို့နောက် သူမသည် နံဘေးတစ်ဖက်ရှိ ရှောင်ကျန်းထံသို့ ကြည့်လိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ရှောင်ကျန်းသည် သူ့၏ဒဏ်ရာများကိုတောင့်ခံကာ မတ်တတ်ထရပ်ပြီး အံ့တင်းတင်းကြိတ်၍ပြောဆိုလိုက်၏။

သူ့၏မျက်လုံးများအတွင်းတွင် စိတ်ပိုင်းဖြတ်ထားသောအရိပ်အယောင်များဖြင့် တောက်ပနေသည်။

"စီနီယာအစ်မ...ငါက သေရမှာကိုမကြောက်ဘူး...ငါက မင်းနဲ့အတူတိုက်ခိုက်မယ်...ကျေးဇူးပြုပြီးတော့ မင်း ငါ့ကို လွတ်လွတ်လပ်လပ်အမိန့်ပေးပါ"

"အမ်...."

"နင် စဉ်းစားတာ အရမ်းများနေပြီ..ဒါက အဲ့ဒီအဆင့်ထိ မရောက်သေးပါဘူး"

စုယွင်ယွင်သည် အချိန်တစ်ခဏကြာ ကြက်သေသေသွားပြီးနောက် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။

"ငါ နင့်ကို ပြောချင်တာက...နောက်ပိုင်းကျရင်အိတ်တစ်အိတ်ရှာပြီးတော့ ဂျူနီယာမောင်လေးဆယ့်ရှစ်ရဲ့ ခန္ဓာကိုယ်အကြွင်းအကျန်တွေကို ရှာဖို့မမေ့နဲ့...ရက်နည်းနည်းလောက်ကြာရင် သူက သူ့ကိုယ်သူ ပြန်ပြီးပေါင်းစပ်နိုင်တယ်ဆိုတာ ဘယ်သူက သိမှာလဲ"

ရှောင်ကျန်းသည် ကြက်သေသေသွားလေ၏။

သို့ရာတွင် သူသည် အသိဝင်လာပြီးနောက်ထိတ်လန့်တကြား မေးမြန်းလိုက်သည်။

"စီနီယာအစ်မ မင်း ဆိုလိုတာက..စီနီယာအစ်ကိုဆယ့်ရှစ်က မသေသေးဘူးလား"

ရှောင်ယွင်သည်လည်း သူတို့ထံသို့ ထိတ်လန့်တုန်လှုပ်နေသောအကြည့်ဖြင့် လှမ်းကြည့်လေသည်။

"ဆရာကလွဲပြီးတော့ တကယ်လို့ သူကိုယ်တိုင်မသေချင်ဘူးဆိုရင် ဘယ်သူက သူ့ကို သတ်နိုင်မှာမလို့လဲ...သူ့ကိုယ်သူ ပြန်ပြီးပေါင်းစပ်နိုင်ဖို့က အချိန်တစ်ခုပဲ လိုအပ်တယ်...သွားကြတော့...သူတို့ကို ငါ့အတွက် ထားခဲ့ကြတော့...အဲဒီကိစ္စကိုတော့ မင်းတို့ကောင်တွေ တာဝန်ယူရမယ်"

စုယွင်ယွင်က ညွှန်ကြားလိုက်သည်။

ထိုသို့ပြောဆိုပြီးနောက် သူမသည် တစ်စုံတစ်ခုကိုအမှတ်ရသွားပုံဖြင့် ထပ်မံ၍ပြောဆိုသည်။

"ဒါနဲ့ အစိတ်အပိုင်းတစ်ခုတစ်လေကိုမှ မကျန်ခဲ့စေနဲ့နော်"

"ဟုတ်ကဲ့ပါ စီနီယာအစ်မ...ဒီကိစ္စကို ငါနဲ့ချန်ထားခဲ့လိုက်ပါ"

ဟုန်ဖုန်ခွမ်း မသေဆုံးသေးသည်ကိုကြားချိန်တွင် ရှောင်ကျန်းသည် စိတ်လှုပ်ရှားစွာဖြင့် တုံ့ပြန်လိုက်၏။

ရှောင်ယွင်၏နဖူးပေါ်တွင် ဇော​ချွေးများရွှဲနစ်နေသည်။

သူ့၏သားသည် မည်သည့်နတ်ဆိုးဂိုဏ်းအတွင်းသို့ ဝင်ရောက်ခဲ့သနည်း။

သူ့၏သားကို ချက်ချင်းအင်မော်တယ်တစ်ယောက်ဖြစ်လာစေရန် ပြုလုပ်ပေးခဲ့သည်ကို ဘေးဖယ်ထားလျှင်ပင် ဤသည်မှာ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲပြီးနောက် အသက်ရှင်သန်နိုင်သော တစ်စုံတစ်ယောက်ကို သူ မြင်တွေ့ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

ထို့ပြင် စုယွင်ယွင်သည် ဤကဲ့သို့အစွမ်းထက်သော အင်အားစုဖွဲ့မှုတစ်ခုနှင့် ရင်ဆိုင်ရသည့်တိုင် အလေးအနက်ထားပုံမရဘဲ သူမသည် အမှုမထားသည့်အလား အမိန့်ပေးနေလေ၏။

သူမသည် အကျဉ်းအကျပ်သို့ကျရောက်နေသောအရိပ်အယောင် အနည်းငယ်မျှမရှိချေ။

သူမ အနည်းငယ် သတိမဲ့လွန်းသည်မဟုတ်လော...

မည်သို့ပင်ဆိုစေကာမူ သူမတို့ရင်ဆိုင်နေရသည်မှာ တောင်ပိုင်းနယ်မြေ၏နံပါတ်တစ်ဂိုဏ်းပင်။

"ဂျူနီယာမောင်လေးလီကျင်း..မင်းက ဓားတစ်လက်ကိုကိုင်ပြီးတော့ စီနီယာအစ်မကို ကူညီမပေးချင်တာ သေချာလား"

စုယွင်ယွင်သည် သူမ၏ခေါင်းကို အနည်းငယ်တိမ်းစောင်းကာ သူ့၏နှာခေါင်းကိုညှစ်နေသော လီကျင်းကို ကြည့်လိုက်သည်။သူမက ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်ကာ အလေးနက်ထားသောအသံဖြင့် မေးမြန်းလိုက်၏။

"ဂျူနီယာမောင်လေးလီကျင်း...တကယ်လို့ ငါနဲ့ပူးပေါင်းပြီး တိုက်ခိုက်ပေးဖို့ မင်းကို ဖိအားပေးမယ်ဆိုရင်....ဒါက အရမ်းပျင်းစရာမကောင်းတော့ဘူး မဟုတ်ဘူးလား"

လီကျင်းသည် သူ့၏နှာခေါင်းကို ထပ်မံ၍ညှစ်ကာ ရယ်မောသံတစ်ချက်နှင့်အတူ ပြောဆိုသည်။

"စီနီယာအစ်မ....ငါက ဂျူနီယာညီလေးဆယ့်ရှစ်ရဲ့အကြွင်းအကျန်တွေကို သိမ်းဆည်းဖို့ ဂျူနီယာညီလေးရှောင်ကျန်းကိုကူညီလိုက်တာက ပိုပြီးကောင်းလိမ့်မယ်...တကယ်လို့ ငါ တစ်ခုခု မေ့ကျန်ခဲ့မယ်ဆိုရင် ဂျူနီယာညီလေးဆယ့်ရှစ်က ငါ့ကို အပြစ်တင်လိမ့်မယ်"

"အမ်..."

"အင်း...ကောင်းပြီလေ"

စုယွင်ယွင်သည် ကူကယ်ရာမဲ့စွာဖြင့် သူမ၏နဖူးကိုပွတ်သပ်ကာ အေးအေးလူလူပြောဆိုသည်။

"ကြည့်ရတာတော့ ဒီအမှိုက်တစ်သိုက်ကို ငါ ကိုယ်တိုင် ဖြေရှင်းရတော့မယ်ပုံပဲ"

"ဒါကလည်း ကောင်းပါတယ်"

"မင်းတို့ရဲ့စီနီယာအစ်မက တစ်ယောက်ယောက်ကိုမသတ်တာ အချိန်အတော်ကြာနေပြီ"

စုယွင်ယွင်၏အသံ ကျရောက်သွားသောအချိန်မှာပင် သူမ၏ပုံရိပ် ဖျတ်ခနဲပျောက်ကွယ်သွားသည်။သူမ ပြန်လည်ထွက်ပေါ်လာချိန်တွင် ယင်ထျန်းရှုံးတို့လူစု၏ရှေ့သို့ ရောက်ရှိနေလေပြီ။ဤသည်မှာ မရေမတွက်နိုင်သောသူများထံမှနေ၍ အော်ဟစ်သံများ ချက်ချင်းထွက်ပေါ်လာစေသည်။

ဤကဲ့သို့အင်အားစုဖွဲ့မှုတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင် စုယွင်ယွင်သည် နောက်ဆုတ်ရမည့်အစား သူမဘက်မှ အရင်ဦးအောင်တိုက်ခိုက်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။

"မိုးနဲ့မြေရဲ့အတိမ်အနက်ကိုမသိပဲ အရမ်းမောက်မာထောင်လွှားလွန်းတယ်"

ယင်ထျန်းရှုံးသည် ဒေါသထွက်သွားကာ စုယွင်ယွင်ထံဦးတည်၍ ကြီးမားသောလက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုကို ရိုက်ထုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် တခြားအကြီးအကဲများသည်လည်း လက်နက်အမျိုးမျိုးကိုအသုံးပြု၍ မှော်နည်းစနစ်မျိုးစုံကိုထုတ်ဖော်ကာ အရပ်မျက်နှာအဘက်ဘက်မှနေ၍ စုယွင်ယွင်ကို တိုက်ခိုက်လိုက်ကြသည်။

ဤအချိန်အခိုက်အတန့်တွင်....

မိုးကောင်းကင်ယံအတွင်း၌ အဆက်မပြတ်ပေါက်ကွဲသံများဖြင့် ပြည့်နှက်သွားတော့သည်။

ပြင်းထန်သောစွမ်းအားလှိုင်းများသည်လည်း မိုးကောင်းကင်ယံတစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။

ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများ၏တိုက်ခိုက်မှုအောက်တွင် လေထုသည် တိုက်ရိုက်အငွေ့ပြန်သွားကာ လေဟာနယ်တစ်ခု ချက်ချင်းဖြစ်ပေါ်လာသည်။

သို့ရာတွင်...

လူတိုင်းအံ့အားသင့်သွားရသည်မှာ စုယွင်ယွင်သည် ရန်သူအမြောက်အများနှင့် ရင်ဆိုင်ရသည့်တိုင် အတားအဆီးမဲ့စွာလှုပ်ရှားနိုင်ပြီး အနည်းငယ်မျှ အရေးနိမ့်နေပုံမရခြင်းပင်။

ဆန့်ကျင်ဘက်အနေဖြင့် ထျန်းလင်ဂိုဏ်းမှအကြီးအကဲတစ်စုသည် စုယွင်ယွင်၏တိုက်ခိုက်မှုများဖြင့် ရံဖန်ရံခါ ရိုက်နှက်ခြင်းခံရကာ မိုးကောင်းကင်ယံမှနေ၍ အောက်သို့ပြုတ်ကျသွားကြသည်။

"ဒီလောက်တောင် ထူးဆန်းတဲ့တိုက်ခိုက်မှုမျိုး ..မင်းက ဘယ်သူလဲ..မင်းတို့မိုးမြေဂိုဏ်းရဲ့နောက်မှာ ဘယ်လိုစွမ်းအားမျိုး ရှိနေတာလဲ"

အချိန်အတော်ကြာသည်အထိ စုယွင်ယွင်ကို မည်သို့မျှ လုပ်ဆောင်နိုင်ခြင်းမရှိသောကြောင့် ယင်ထျန်းရှုံးသည် အလွန်အမင်းဒေါသူပုန်ထသွားလေ၏။

စုယွင်ယွင်သည် နက်နဲသိမ်မွေ့အင်မော်တယ်နယ်ပယ်၌သာရှိကာ သူတို့ထက် ကျင့်ကြံဆင့်မြင့်မားခြင်းမရှိချေ။သို့ရာတွင် ဤမျှထိ လူအမြောက်အများဖြင့် သူမအား ဝိုင်းရံတိုက်ခိုက်သည့်တိုင် သူမသည် လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။

"အဲ့ဒီကိစ္စကို သိဖို့အတွက်...နင်က အရည်အချင်းမမှီဘူး"

စုယွင်ယွင်က အေးစက်စက်ပြုံးကာ အင်အားစိုက်ထုတ်မှုမရှိဘဲ ရန်သူများ၏ဝိုင်းရံတိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။

သူမ၏ကျင့်ကြံဆင့်နယ်ပယ်စွမ်းအားသည် ဤလူများထက် မြင့်မားခြင်းမရှိချေ။

သို့ရာတွင် အတိတ်ဘဝ၌ သူမသည် အင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်ခဲ့သူပင်။

အင်မော်တယ်ဧကရာဇ်တစ်ယောက်ဖြစ်လာရန် သူမသည် အကန့်အသတ်မရှိသော အရိုးပုံကြီးကိုနင်းဖြတ်ကာ မရေမတွက်နိုင်သောတိုက်ပွဲများကို ဖြတ်ကျော်ခဲ့ရသည်။

ထို့ကြောင့် စုယွင်ယွင်သည် သာမန်လူများယှဉ်ပြိုင်နိုင်မည်မဟုတ်သော တိုက်ခိုက်ရေးအတွေ့အကြုံများကို ပိုင်ဆိုင်ထားလေ၏။

သူမ၏အတိတ်ဘဝနှင့်နှိုင်းယှဉ်ပါက ယခုလက်ရှိ သူမရင်ဆိုင်နေရသော ဝိုင်းရံတိုက်ခိုက်ခံရမှုသည် အသေးအမွှားပင်။

အချိန်အတော်ကြာကုန်ဆုံးသွားပြီးနောက် စုယွင်ယွင်သည် စိတ်အေးလက်အေးရှိနေဆဲဖြစ်ကာထျန်းလင်ဂိုဏ်းဘက်တွင်မူ လူခုနှစ်ယောက်ရှစ်ယောက်ခန့် ဆုံးရှုံးသွားလေပြီ။

ထိုမြင်ကွင်းကိုကြည့်ပြီး ယင်ထျန်းရှုံးသည် ထပ်မံ၍ တည်ငြိမ်စွာမနေနိုင်တော့ချေ။သူသည် သူ့၏ဓားကိုမြှောက်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"ဂျူနီယာညီလေး...ဂိုဏ်းက အန္တရာယ်ထဲကိုကျနေပြီ...ဂျူနီယာညီလေးက တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီးတော့ ရန်သူတွေကို ချေမှုန်းပေးမယ်လို့ ငါ မျှော်လင့်မိတယ်"

ယင်ထျန်းရှုံး၏အသံ ကျရောက်သွားသည်နှင့်....

ထျန်းလင်ဂိုဏ်း၏ နက်ရှိုင်းသောနေရာအတွင်းတွင် ကြက်သွေးရောင်မျက်လုံးတစ်စုံ ရုတ်တရက်ပွင့်လာသည်။

ထို့နောက် အရှိန်အဝါတစ်ရပ်သည် ဓားချီတစ်လှိုင်းပွင့်အန်အံ့ထွက်လာသည့်အလား မြေပြင်မှနေ၍ မိုးကောင်းကင်ယံအတွင်းသို့ တန်းတန်းမတ်မတ် ပျံ့လွင့်လာသည်။

အဖြူရောင်ဝတ်စုံဝတ်လူတစ်ယောက် ပျံသန်းလာသည်ကို လူများအားလုံး မြင်တွေ့လိုက်ရကာ သူ့၏နဖူးပေါ်ရှိ ဆံပင်ဖြူများသည်အလွန်အမင်း ထင်းခနဲမြင်သာပေ၏။

Chapter 490

"ဒါက ယင်ကျန်းပဲ"

"ဘုရားရေ...ဒါက တကယ့်ကို ယင်ကျန်းဖြစ်နေတာပါလား"

"သူက မသေသေးဘဲနဲ့ ထျန်းလင်ဂိုဏ်းထဲမှာ ရှိနေတုန်းပဲလား"

"ဟူး...ဒီနေ့ ယင်ကျန်းကို တွေ့ရမယ်လို့ ငါ မျှော်လင့်မထားမိဘူး...သူက ယင်ထျန်းရှုံးတို့ခေတ်တုန်းက နံပါတ်တစ်ပါရမီရှင်တစ်ယောက်ပဲ"

"ဒါက အမှန်ပဲ...ကောလဟာလတွေအရတော့ သူက နက်နဲသိမ်မွေ့အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကိုရောက်နေတာ အချိန်အတော်ကြာနေပြီ....သူက ဂိုဏ်းချုပ်နေရာကို စိတ်မဝင်စားတာကြောင့် ယင်ထျန်းရှုံးကို ပေးလိုက်တာပဲ...ဒါက သူ့ကို ဒဏ္ဍာရီတစ်ပုဒ်လို ဖြစ်သွားစေခဲ့တယ်"

အဖြူရောင်ဝတ်စုံဝတ်လူ၏ ထွက်ပေါ်လာမှုသည် စောင့်ကြည့်နေလူများအားလုံးနီးပါးထံမှ အံ့အားတသင့်အော်ဟစ်သံများကို ထွက်ပေါ်လာစေသည်။

သူသည် ​လေထုအတွင်း၌ မတ်တတ်ရပ်နေကာ သူ့၏ဓားနှင့်တူညီသော မျက်ခုံးမွှေးတစ်စုံက သူ့၏ခံ့ညားထည်ဝါသောအရှိန်အဝါကို ပေါ်လွင်စေသည်။

"ဂျူနီယာညီလေး...အဲ့ဒီမိန်းမက အရမ်းထူးဆန်းတယ်....ငါတို့ထျန်းလင်ဂိုဏ်း အသေအပျောက်နည်းစေဖို့အတွက် ဂျူနီယာညီလေးက လှုပ်ရှားမှုလုပ်ပြီး သူ့ကိုသတ်ပေးဖို့ ငါ မျှော်လင့်မိတယ်"

ယင်ထျန်းရှုံးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ယင်ကျန်း၏မျက်လုံးများ တောက်ပသွားသည်။

စုယွင်ယွင်၏သာလွန်ထူးကဲမှုကို သူ သတိပြုမိသည်မှာ သိသာထင်ရှားသည်။သူ့ထံမှနေ၍ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာကာ စုယွင်ယွင်ကို ချိတ်ပိတ်လိုက်၏။

ဤလူ၏ထွက်ပေါ်လာမှုသည် စုယွင်ယွင်ကို မျက်မှောင်ကြုတ်သွားစေကာ သူမသည် အကျပ်အတည်းအရိပ်အယောင်ကို ခံစားမိသည်။

ဤလူသည် အလွန်အစွမ်းထက်ပေ၏။

ဤသည်မှာ ယင်ကျန်းအပေါ် စုယွင်ယွင်ပေးသည့် ပထမဆုံးအမြင်ပင်။

"ကြည့်ရတာတော့ ငါလည်း အလေးအနက်ထားရမယ့်ပုံပဲ"

သို့ရာတွင် ယန်ကျန်း၏စွမ်းအားကြောင့် စုယွင်ယွင်သည် ထိတ်လန့်ကြောက်ရွံသွားခြင်းမရှိချေ။ဆန့်ကျင်ဘက်အနေဖြင့် သူမ၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ပို၍မြင့်တက်လာသည်။

အချိန်တခဏခန့် ထိပ်တိုက်ကြည့်ပြီးနောက် ယင်ကျန်းသည် လှုပ်ရှားမှုကို စတင်လိုက်၏။

သူ့၏ဓားရှည်နှင့်သူ့ခန္ဓာကိုယ်သည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး သူ့ဓားရှည်၏ထိပ်ဖျားဖြင့် စုယွင်ယွင်ကို အခိုင်အမာချိတ်ပိတ်ထားသည်။

သို့ရာတွင် သူ တိုက်ခိုက်တော့မည့်အချိန်မှာပင် ထိတ်လန့်တ​ကြား အော်ဟစ်သံများက ပတ်ဝန်းကျင်ရှိလူအုပ်အကြားမှ ထွက်ပေါ်လာသည်။

"ကြည့်ကြအုံး...အဲ့ဒီလူက ဘယ်သူလဲ"

"အမှန်ပဲ....ကြီးမားတဲ့တိုက်ပွဲတစ်ခုက ဖြစ်တော့မယ်...အဲ့ဒီလူက ဘယ်လိုသတ္တိမျိုးနဲ့ ဒီနေရာကိုပြေးဝင်လာတံ့တာလဲ...သူက သေချင်နေတာလား"

ထိုစကားများကိုကြားချိန်တွင် လှုပ်ရှားမှုပြုလုပ်တော့မည့် ယန်ကျန်းသည် သူ့၏ခေါင်းကိုတိမ်းစောင်းကာ ကြည့်လိုက်သည်။ဝတ်ရုံခြုံထားသည့် ကတုံးတစ်ယောက်သည် ဤနေရာသို့အပြေးရောက်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။

ယင်ကျန်း၏မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားသည်။

ကြောင်စီစီမျက်လုံးများရှိသော ဤကတုံးကောင်​သည် မည်သည့်နေရာမှ ရောက်ရှိလာသနည်း။

ကြည့်ရသည်မှာ ထိုကတုံးကောင်သည် သူ့ထံဦးတည်၍ တိုးဝင်လာပုံပင်။

"စိတ်ဝင်စားစရာပဲ"

ယန်ကျန်း၏နှုတ်ခမ်းထောင့် မြင့်တတ်သွားသည်။စုယွင်ယွင်အပေါ် သူ့၏တိုက်ခိုက်မှုကို ပြန်ရုတ်သိမ်းလိုက်ကာ ထိုအစား ယခုဝင်ရောက်လာသော ကတုံးကောင်ကို ရင်ဆိုင်ရန်ပြောင်းလဲလိုက်သည်။

တဖြည်းဖြည်းနီးကပ်လာကာ....

အရှိန်အဝါသည် အလွန်သန်မာအားကောင်းပေ၏။

ဤသည်မှာ ယန်ကျန်း၏ပထမဆုံးအတွေးပင်။

သူ့အား ထိပ်တိုက်ရင်ဆိုင်ဝံ့သည့် ရန်သူကိုကြုံတွေ့ရချိန်တွင် ယန်ကျန်းသည် သူ့၏သတိကို လျှော့ချထားခြင်းမရှိချေ။သူ့၏ခန္ဓာကိုယ်ကျုံထားကာ အလေးအနက်ထားသော ကိုယ်နေဟန်ထားနှင့် အဆင်သင့်ပြင်ဆင်လိုက်သည်။

ကတုံးကောင်သည် သူနှင့်နီးကပ်သည်အထိ ပြေးဝင်လာသည်ကိုကြည့်ပြီး ယင်ကျန်း၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ကြီးထွားလာသည်။

သို့ရာတွင် ပြေးဝင်လာသောကတုံးသည် ယင်ကျန်းကို တိုက်ရိုက်ဖြတ်ကျော်သွားလေ၏။

သူသည် ယင်ကျန်းကို တချက်ပင်စောင်းငဲ့ကြည့်ခြင်းမပြုချေ။

ဤမြင်ကွင်းကြောင့် တောင်တစ်လုံးကဲ့သို့မယိမ်းယိုင်သော စိတ်ဆန္ဒမျိုးရှိသည့် ယင်ကျန်းပင်လျှင် ကုကယ်ရာမဲ့စွာဖြင့် သူ့၏မျက်နှာကြွက်သားများ တဆတ်ဆတ်တုန်သွားသည်။

ထိုလူသည် သူ့အား ဤကဲ့သို့ အမှန်တကယ်လျစ်လျူရှုသွားသလော....

ထို့ပြင် သူ့၏ကိုယ်နေဟန်ထား အဆင်သင့်ပြင်ဆင်ထားမှုသည် အလဟဿဖြစ်သွားလေပြီ။ဤသည်မှာ ယင်ကျန်း၏အတ္တမာနကို စော်ကားခြင်းပင်။

"ဂျူနီယာမောင်လေး....နင် နောက်ဆုံးတော့ရောက်လာခဲ့ပြီ..တချို့လူတွေက နင့်ရဲ့လျစ်လျူရှုတာကို ခံလိုက်ရတာကြောင့် အရမ်းဒေါသထွက်နေတယ်"

ဂျီနီယာမောင်လေးကတုံး ရောက်လာသည်ကိုကြည့်ပြီး စုယွင်ယွင်က အဓိပ္ပာယ်အပြည့်ပါသောလေသံဖြင့် ပြောဆိုသည်။

"အော်...."

"ငါ သူ့ကို စိတ်မဝင်စားဘူး...ငါ အရင်ဆုံး အလေးစွန့်သွားရမယ်...ငါ ဒါကို တောင့်ခံထားတာ အချိန်သုံးရက်ကြာနေပြီ"

ပိုင်ချီယုသည် အမူအယာကင်းမဲ့စွာဖြင့် ဗလုံးဗထွေးပြောဆိုပြီး အနီးအနားရှိအိမ်သာအတွင်းသို့သွားကာ အိမ်သာအိုးပေါ်တွင် ထိုင်ချလိုက်၏။

ထိုမြင်ကွင်းကိုကြည့်ပြီး စုယွင်ယွင်၏ပါးစပ် မဲ့ရွဲ့သွားကာ သူမက ဆွံ့အသွားသောအမူအယာဖြင့် ကြည့်လိုက်သည်။

ထိုစကားကိုကြားချိန်တွင် ယန်ကျင်း၏ခန္ဓာကိုယ်မှ စီးဆင်းနေသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ဖုန်းကွယ်ထားနိုင်စွမ်းမရှိတော့ချေ။သူ့၏မျက်နှာကြွက်သားများ အဆက်မပြတ်တုန်ရီနေသည်။

"အဲ့ဒီမိန်းမကို မင်းတို့ အရင်ဆုံး ရင်ဆိုင်လိုက်ကြစမ်း...ငါက ကတုံးကောင်ကို ကိုင်တွယ်ဖြေရှင်းလိုက်မယ်"

ယင်ကျန်းက အက်ရှရှလေသံဖြင့် ပြောဆိုသည်။

"ကောင်းပြီလေ"

ယင်ထျန်းရှုံးက ချက်ချင်းလိုက်နာလိုက်သည်။ သူ့၏အကြည့်သည် မသိလိုက်မသိဘာသာဖြင့် အိမ်သာထံသို့ ရွှေ့ပြောင်းသွားသည်။

ဤလူထူးလူဆန်းသည် မည်သည့်နေရာမှရောက်ရှိလာသည်ကို သူ မသိရှိပေ။သို့ရာတွင် ပထမဆုံးမြင်တွေ့ရုံဖြင့် သူ့၏ဂျူနီယာညီလေးကို ရန်စစော်ကားခဲ့သောကြောင့်အကျိုးဆက်သည် လွန်စွာပြင်းထန်ပေမည်။

"ဟူး...."

"အီးပါရတဲ့အရသာက အရမ်းကောင်းတာပဲ"

အိမ်သာအိုးပေါ်တွင်ထိုင်ရင်း ပိုင်ချီယုသည် ချုပ်တီးထားသောအရာများကို စွန့်ထုတ်ရသည့်အတွက် စိတ်သက်သာရာရသွားသကဲ့သို့ခံစားရသည်။

ပြင်ပတွင် ပြင်းထန်သောအခြေအနေများရှိနေသည်မှာ သိသာထင်ရှားသော်လည်း သူသည် ရုပ်ပြကာတွန်းစာအုပ်တစ်အုပ်ကိုထုတ်ယူကာ စတင်၍ဖတ်ရှုနေတော့သည်။

"ဘုန်း"

ထိုအချိန်အခိုက်အတန့်မှာပင် အိမ်သာတစ်ခုလုံးပေါက်ကွဲသွားကာ မြေပြင်ပေါ်သို့ ပြိုကျသွားပြီး ဖုန်မှုန့်များက မိုးကောင်းကင်ယံအတွင်းသို့ ပျံ့လွင့်သွားသည်။

ထိုဖုန်မှုန့်များ ပျက်ပြယ်သွားချိန်တွင်....

ပိုင်ချီယုတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီး စာအုပ်တစ်အုပ်ကိုကိုင်ထားကာ အိမ်သာအိုးပေါ်တွင် သူ၏တင်ပါးပြောင်ကြီးကို တင်ထားသည်။

လေအေးတစ်ချက် ဖြတ်သန်းတိုက်ခတ်လာသည်နှင့်အတူ သူ့၏တင်ပါး အေးစိမ့်မှုကိုခံစားရလေ၏။ပိုင်ချီယုသည် လေထုအတွင်း၌ ပျံသန်းနေကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေသောမျက်နှာရှိသည့် ယင်ကျန်းကိုမော့ကြည့်လိုက်သည်။သူသည် ကူကယ်ရာမဲ့စွာဖြင့် သူ့၏ကြောင်စီစီမျက်လုံးတစ်စုံမှ မျက်တောင်များကိုခတ်လိုက်သည်။

"မင်း ဒီနေရာကိုရောက်လာတာ ချေးပါချင်လို့လား"

ပိုင်ချီယုက အလေးအနက်ထား၍ မေးမြန်းသည်။

ထို့နောက် ပတ်ဝန်းကျင်ရှိ အပျက်အစီးများကိုကြည့်ပြီး သူ့၏ခေါင်းကိုထပ်မံ၍မော့ကာ ကြောင်စီစီအမှုအယာဖြင့် ပြောဆိုလိုက်သည်။

"ဒါပေမဲ့ မင်း ခဏတော့စောင့်ရလိမ့်မယ်...ငါက ဝမ်းချုပ်နေတယ်"

ထို့နောက် သူ့၏ရုပ်ပြကာတွန်းစာအုပ်ကို ဆက်လက်၍ဖတ်လိုက်၏။

ယင်ကျန်းသည် ချက်ချင်းဒေါသူပုန်ထသွားတော့သည်။

သူ့၏လက်ဝါးကိုမြှောက်လိုက်ကာ အေးစက်စက်ဓားအလင်းတန်းတစ်တန်းဖြင့် ပိုင်ချီယုထံဦးတည်ပြီး ထိုးစိုက်လေသည်။

ပိုင်ချီယုသည် အမူအယာကင်းမဲ့စွာဖြင့် သူ့၏ခေါင်းကိုတိမ်းစောင်းကာ ထိုဓားချက်ကိုလွယ်လင့်တကူ ရှောင်တိမ်းလိုက်သည်။

ယင်ကျန်းက နောက်ထပ်ဓားချက်တချက်ကို ခုတ်ပိုင်းလိုက်၏။

ပိုင်ချီယုသည် သူ့၏ခေါင်းကို လက်ဝဲဘက်သို့တိမ်းစောင်းကာ ထပ်မံ၍ရှောင်တိမ်းလိုက်ပြီး သူ့၏ဆံပင်တစ်ချောင်းကိုပင် ထိခိုက်သွားခြင်းမရှိချေ။

ထိုနောက်မှနေ၍ ပြင်းထန်သောဓားချီအလင်းတန်းများ သူ့ထံသို့ အဆက်မပြတ်မျောလွင့်လာသည်။သို့ရာတွင် ယခင်အတိုင်းတူညီစွာပင် ပိုင်ချီယုသည် ထိုအရာများအားလုံးကိုသူ့၏ခေါင်းအား အနည်းငယ်တိမ်းစောင်းရုံမျှဖြင့် ရှောင်တိမ်းနိုင်ခဲ့သည်။

နောက်ဆုံး၌ ပိုင်ချီယုသည် သူ့၏လက်တွင်းမှရုပ်ပြစာအုပ်ကို အောက်သို့ချလိုက်၏။သူသည်ယင်ကျန်းကို တဖန်ထပ်၍ကြည့်လိုက်သည်။

"မင်း ဘာလိုချင်တာလဲ...အတိအကျပြောစမ်း"

ပိုင်ချီယုက မျက်မှောင်ကြုတ်၍မေးမြန်းသည်။

"ငါ ပြောရမယ်ဆိုရင် မင်းက အရမ်းသန်မာအားကောင်းတယ်...မင်း မတ်တတ်ထရပ်ပြီး ငါနဲ့တိုက်ခိုက်စမ်း"

ယင်ကျန်း၏မျက်လုံးများအတွင်း၌အေးစက်စက်အလင်းရောင်များထင်ဟပ်နေကာ သူကလအလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"အော်..."

"တကယ်လို့ မင်းက ငါနဲ့တိုက်ခိုက်ချင်တယ်ဆိုရင်လည်း စောစောစီးစီးပြောပါလား"

ထိုသို့ပြောဆိုပြီးနောက် ပိုင်ချီယုသည် လက်သီးတစ်ချက်ထိုးနှက်ကာ ယင်ကျန်း၏ရင်ဘတ်ပေါ်သို့ တန်းတန်းမတ်မတ်ကျရောက်သွားစေသည်။

ထိုလက်သီးတချက်ထိုးနှက်ပြီးနောက် ပိုင်ချီယုသည် ဆက်လက်၍ အလေးစွန့်နေလေ၏။

သို့ရာတွင် ယင်ကျန်းကမူ သူ့၏မျက်လုံးအိမ်များ ကျွတ်ထွက်တော့လုမတတ်ပင်။သူသည်သွေးအမြောက်အများ အန်ထုတ်လိုက်ရမှုနှင့်အတူ သူ့၏ခန္ဓာကိုယ်တွင်းအင်္ဂါများ ဗြောင်းဆန်သွားပြီး သူ့၏ခန္ဓာကိုယ်တစ်ခုလုံးသည် အမြောက်ဆန်တစ်ခုအလား နောက်သို့လွင့်ထွက်သွားတော့သည်။

ဘုန်း...ဘုန်း...ဘုန်း...ဘုန်း....

အဆောက်အအုံများ ဆက်တိုက်ပြိုကျသွားကာ မြေပြင်ပေါ်၌ ချောက်နက်ကြီးတခုနှင့်တူညီသော စွတ်ကြောင်းရာကြီးတခု ကျန်ရစ်ခဲ့လေရာ အလွန်တုန်လှုပ်​ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

All Chapters