← Chapters

အခန်း (၉၃၁-၉၃၅)

Vol. 63 Ch. 931-935

အခန်း (၉၃၁-၉၃၅)

Vol. 63 Ch. 931-935

Chapter 931

ရီဖုန်း ဓားချိုင့်ဝှမ်းသို့ ရောက်နေစဥ်အချိန်၌ ပင်လယ်နက်အတွင်းတွင် အလံနီလွှင့်ထူထားသော သင်္ဘောကြီးတစ်စင်း အရှိန်ကုန်မြှင့်၍ မောင်းနှင်နေသည်။

ဤအလံနီသည် ထျန်းယုနယ်မြေအတွင်း၌ ခွန်အားနှင့်အခွင့်အာဏာကို ပြသသောအရာပင်။

အကြောင်းအရင်းမှာ သင်္ဘောများတွင်လွှင့်ထူထားသော အလံအရောင်များဖြစ်သည့် အဖြူရောင် အစိမ်းရောင် အပြာရောင် ခရမ်းရောင်နှင့် အနီရောင်တို့အနက် အလံနီသည် အဆင့်အမြင့်ဆုံးဖြစ်သောကြောင့်ပင်။ထျန်းယုနယ်မြေတစ်ခွင်လုံးရှိ အင်အားစုများအကြား၌ အလံနီကိုလွှင့်ထူရန် အရည်အချင်းပြည့်မီသည်မှာ မိုးမြေကျွန်းတစ်ခုတည်းသာဖြစ်သည်။

မိုးမြေကျွန်း၏အပိုင်ဖြစ်သောသင်္ဘောကြီး ဖြတ်သန်းသွားသည့် မည်သည့်နေရာတွင်မဆို ထိပ်တိုက်တွေ့ဆုံမိသည့် သင်္ဘောများအားလုံး ဘေးသို့ရှောင်တိမ်းလိုက်ကြသည်။

"အလံနီ...ဒါက မိုးမြေကျွန်းရဲ့သင်္ဘောပဲ...ဒီသင်္ဘောကို မြင်ရဖို့ မလွယ်ဘူး..."

"အဲ့ဒီသင်္ဘောရဲ့အရှိန်ကို ကြည့်လိုက်အုံး...ကြည့်ရတာတော့ အလျင်လိုနေတဲ့ပုံပဲ....ဘာတွေဖြစ်နေတာလဲဆိုတာ ငါ မသိဘူး"

"အမှန်ပဲ...နောက်ပိုင်းကျရင် ထျန်းယုနယ်မြေမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်တော့မယ့်ပုံပဲ"

ထိုမြင်ကွင်းကိုကြည့်ပြီး ဖြတ်သွားဖြတ်လာသင်္ဘောများမှလူများသည် သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြကာ သူတို့၏စိတ်လှုပ်ရှားမှုနှင့်သိချင်စိတ်ပြင်းပြမှုတို့ကို ဖော်ပြနေကြသည်။

ထိုကဲ့သို့ကိစ္စမျိုးသည် ဤနေရာတနေရာတည်း၌ ဖြစ်ပွားနေသည် မဟုတ်ချေ။အလံနီလွှင့်ထူထားသော မိုးမြေကျွန်းမှသင်္ဘောများသည် နေရာအနှံ့အပြားရှိ ပင်လယ်ရေမျက်နှာပြင်ပေါ်၌ မြင်တွေ့နိုင်သည်။

ထိုသင်္ဘောများအားလုံးသည် မိုးမြေကျွန်းထံသို့ဦးတည်၍ မောင်းနှင်နေကြခြင်းပင်။

မိုးမြေကျွန်း.....

ဤသည်မှာ ထျန်းယုနယ်မြေအတွင်း၌ အကြီးမားဆုံးအင်အားစုဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း တစ်သိန်းအကြာက ဆင်းသက်လာခြင်းပင်။

မိုးမြေကျွန်းပေါ်တွင် နက်နဲသိမ်မွေ့သော ယဉ်ကျေးမှုအမွေအနှစ်ရှိရုံသာမက သူတော်စင်တစ်ယောက်လည်း ရှိနေသည်။

အမှန်အားဖြင့် မိုးမြေကျွန်း၏သူတော်စင်သည် နယ်မြေကြီးကိုးခုအတွင်း၌ ထွက်ပေါ်လာမည့်သူတော်စင်နှင့် ကွဲပြားခြားနားပေ၏။

နယ်မြေကြီးကိုးခု၌ ထွက်ပေါ်လာမည့် သူတော်စင်များသည် ကောင်းကင်ဘုံ၏ရွေးချယ်ခံဖြစ်ကာ ကောင်းကင်ဘုံ၏ချစ်မြတ်နိုးခြင်းကို ခံရပြီး မိုးကောင်းကင်တာအိုစွမ်းအားနှင့် ပေါင်းစပ်နိုင်သည်။သူတို့၏လှုပ်ရှားမှုနှင့်စကားလုံးတိုင်း လောကကြီးကို လွှမ်းမိုးနိုင်ပေမည်။သူတို့ နိုးထလာချိန်တွင် မိုးနှင့်မြေအကြားမှအစွမ်းထွက်သော သဘာဝလွန်ပုံရိပ်ယောင်များနှင့် အတူယှဉ်တွဲလာခြင်းပင်။

ကံကောင်းသူတချို့သည် တစ်ရက်တွင် သူတော်စင်များဖြစ်လာနိုင်ပြီး ကြားကာလတွင်ကြုံတွေ့ရမည့် ကျင့်ကြံခြင်းလုပ်ငန်းစဉ်ကို လုံးလုံးလျားလျား ကျော်ဖြတ်နိုင်ပေမည်။

ဤသည်မှာ ထျန်းယုနယ်မြေ၏ သမိုင်းစဉ်တလျှောက်၌ ထွက်ပေါ်လာခဲ့ဖူးသော ဆရာကျိုးနှင့် တူညီသည်။

ဆရာကျိုးသည် မူလက နာမည်ကျော်ကြားသော သမားတော်တစ်ယောက်ပင်။သို့ရာတွင် သူသည် စစ်ပွဲအချိန်ကာလကို ကြုံတွေ့ပြီးနောက် သမားတော်များသည် အသက်များကိုကယ်တင်နိုင်သော်လည်း အနာဂတ်အောင်မြင်မှုအကန့်အသတ်ရှိသည်ဟု သူ ခံစားမိသည်။ထို့ကြောင့် သူသည် ဆေးပညာကိုစွန့်လွှတ်ကာ စာပေပညာဘက်သို့ ပြောင်းလဲခဲ့သည်။

ထို့နောက် သူသည် လောကကြီးကို တုန်ခါစေကာ လောကကြီးအတွင်းရှိ လူများအားလုံးကို လွှမ်းးမိုးနိုင်သော စာတမ်းတစ်ခုကို ထုတ်ဝေခဲ့သည်။

သူသည် သာမန်သေမျိုးတစ်ယောက်ဘဝမှနေ၍ စာပေသူတော်စင်ဖြစ်လာသဖြင့် ထျန်းယုနယ်မြေ၏သမိုင်းစဉ်တလျှောက်၌ နက်နဲသိမ်မွေ့သော လွှမ်းမိုးနိုင်မှုရှိသည်။

ဤကဲ့သို့ သူတော်စင်အမျိုးအစားကို အစစ်အမှန်သူတော်စင်ဟု ခေါ်ဆိုသည်။

မိုးမြေကျွန်း၌ရှိနေသော သူတော်စင်ကမူ ဥာဏ်အလင်းပွင့်ခြင်းနယ်ပယ်အတွင်းတွင် ပြင်းပြင်းထန်ထန်ကြိုးစားကျင့်ကြံပြီးနောက် သူတော်စင်နယ်ပယ်သို့ ရောက်ရှိလာခဲ့သည်။

ဤကဲ့သို့ သူတော်စင်မျိုးတွင် လောကကြီးတခွင်လုံးကို လွှမ်းမိုးနိုင်သောစွမ်းရည်မျိုး မရှိချေ။သူတို့သည် အတုအယောင်သူတော်စင်များဖြစ်သဖြင့် သူတို့နှင့် အစစ်အမှန်သူတော်စင်များအကြားတွင် ကြီးမားသောကွာဟချက်တစ်ခုရှိနေပေ၏။

သို့ရာတွင် သူတို့သည် အစစ်အမှန်သူတော်စင်ဖြစ်စေ အတုအယောင်သူတော်စင်ဖြစ်စေ သူတို့အားလုံးသည် သူတော်စင်များပင်။

မည်သည့်သူတော်စင်သည် မွေးရာပါဖြစ်ကာ မည်သည့်သူတော်စင်သည် ကြိုးကြိုးစားစားကျင့်ကြံထားသည် ဟူသောအချက်သည် အရေးမပါချေ။

ထို့ကြောင့် မိုးမြေကျွန်းမှလူသည် အတုအယောင်သူတော်စင်တစ်ယောက်သာဖြစ်သော်လည်း လောကကြီးအတွင်းတွင် တွေးဆ၍မရနိုင်သည်အထိ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြီးတစ်ခု ဖြစ်နေဆဲပင်။

ဤကဲ့သို့ ထိပ်သီးတည်ရှိမှုကြီးတစ်ခုရှိနေသည်မှလွဲ၍ မိုးမြေကျွန်း၏အရွယ်အစားသည် လူအများတွေးထင်ထားသကဲ့သို့ ကြီးမားခြင်းမရှိချေ။

ဆန့်ကျင်ဘက်အနေဖြင့် ဤကျွန်းသည် ဖုန်းယွီကျွန်း၏အရွယ်အစားနှင့် တူညီနေပေ၏။

ပြင်ပမှကြည့်ပါက ဤကျွန်းသည် သာမန်ကျွန်းတစ်ကျွန်းနှင့် များစွာကွဲပြားခြားနားခြင်းမရှိဘဲ သိသာထင်ရှားသော သာယာလှပမှုမရှိပေ။

အကယ်၍ ကျွန်း၏ဆိပ်ကမ်းတွင် အနီရောင်အလံလွှင့်ထူထားသောသင်္ဘောများ ရှိနေခြင်းကြောင့်သာ မဟုတ်ပါက ဤကျွန်းပေါ်တွင် သူတော်စင်တစ်ယောက်ရှိနေသည်ဟု မည်သူကမျှ တွေးထင်မိမည်မဟုတ်ပေ။

ဤအချိန်အခိုက်အတန့်တွင် မိုးမြေကျွန်း၏ဆိပ်ကမ်း၌ သင်္ဘောရှစ်စင်းခန့် ဆိုက်ကပ်ထားသည်။

ထိုအရာများသည် ထျန်းယုနယ်မြစ်တခွင်လုံးအနှံ့တွင် အုတ်အော်သောင်းနင်းမှုကြီးကို ဖြစ်ပွားစေခဲ့သော သင်္ဘောများပင်။

သင်္ဘောများဆိုက်ကပ်ပြီးနောက် လူအများသည် အုပ်စုအသီးသီးခွဲ၍ ထွက်လာကြ၏။

သူတို့ထဲတွင် ဖျတ်လတ်တက်ကြွသောအဖြူရောင်ဝတ်စုံဝတ်လူငယ် ကြီးမားသောအရှိန်အဝါရှိသည့်လူလတ်ပိုင်းကြီး ညှို့အားပြင်းသောမိန်းကလေး လှပချောမောသောမိန်းကလေးစသဖြင့် လူမျိုးစုံပါဝင်သည်။

သူတို့အနက်မှတစ်ယောက်စီသည် ထျန်းယုနယ်မြေအတွင်း၌ နာမည်ကျော်ကြားသော တည်ရှိမှုကြီးတစ်ယောက်ဖြစ်သည်။

ဥပမာအနေဖြင့် အဖြူရောင်ဝတ်စုံဝတ်လူငယ်ချင်နန်သည် ထျန်းယုနယ်မြေ၏နံပါတ်တစ်ပါရမီရှင်ပင်။သူသည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ဉာဏ်အလင်းပွင့်ခြင်းအခြေအနေသို့ ရောက်ရှိခဲ့ကာ နောက်အနာဂတ်တွင် သူတော်စင်တစ်ယောက်ဖြစ်လာရန် အရည်အချင်းမီသောလူငယ်ဟု ထျန်းယုနယ်မြေတခွင်လုံး၏အသိအမှတ်ပြုခြင်းကို ခံရသည်။

အရပ်ရှည်ပြီးချောမောလှပသော ချင်ကျစ်ယွီသည်လည်း ထျန်းယုနယ်မြေအတွင်းရှိ ထိပ်သီးလူငယ်ပါရမီရှင်သုံးယောက်အနက်မှ တစ်ယောက်ပင်။သူမ၏ပါရမီအရည်အချင်းအပြင် သူမ၏လှပချောမောမှုကြောင့် 'ထျန်းယုနတ်မိမယ်'ဟူသော ဘွဲ့ထူးကို ရရှိထားသည်။ဤဘွဲ့ထူးသည် ကျွန်းတစ်ကျွန်း သို့မဟုတ် နယ်မြေတစ်ခုတွင်ရှိနေသော လူများမှ ပေးအပ်ထားသောအရာနှင့် မတူညီချေ။

သူမအား အလှအပနှင့်စွမ်းအား ပေါင်းစပ်ထားသည့် ကံကြမ္မာ၏သမီးတော်ဟု ဆိုနိုင်ပေ၏။

ဤလူငယ်နှစ်ယောက်သည် ထျန်းယုနယ်မြေအတွင်းရှိ လူငယ်ပါရမီရှင်များတွင် ထိပ်သီးလူငယ်ပါရမီရှင်သုံးယောက်အနက်မှနှစ်ယောက်ဖြစ်နေသည်။

ဤသည်မှတဆင့် မိုးမြေကျွန်း၏အင်အား မည်မျှထိ ကြီးမားသည်ကို မြင်တွေ့နိုင်ပေမည်။

ကြွင်းကျန်သောလူများအားလုံးသည်လည်း မိုးမြေကျွန်းမှ အဆင့်မြင့်အကြီးအကဲများပင်။သူတို့သည် ခြေတစ်ချက်ဆောင်နင်းရုံဖြင့် ထျန်းယုနယ်မြေတခွင်လုံးကို တုန်ခါစေသောလူများဖြစ်သည်။

လူများအားလုံး ပြန်လာသည်ကိုကြည့်ပြီး မိုးမြေကျွန်း၏ဘဏ္ဍာစိုးက သူတို့အား အလျင်အမြန်ဆီးကြိုနှုတ်ဆက်သည်။

"ဘဏ္ဍာစိုးချင်....ဒီတကြိမ်မှာ ကျွန်းအရှင်က ငါတို့ကို ဘာလို့ အရေးတကြီးပြန်ခေါ်တာလဲ...ဘာတွေ ဖြစ်နေတာလဲ"

ဘဏ္ဍာစိုးကိုမြင်တွေ့ချိန်၌ လူလတ်ပိုင်းကြီးများအနက်မှတစ်ယောက်က ပျာပျာသလဲမေးမြန်းသည်။

ဤမေးခွန်းကြောင့် တခြားလူများအားလုံး ခေါင်းထောင်ကြည့်လိုက်ကြသည်။

သူတို့အား ဆင့်ခေါ်ခြင်းခံရရုံသာမက အမြန်ဆုံးပြန်လာရန် လိုအပ်သည်ဟုလည်း အမိန့်ပေးထားရာ ဤသည်မှာ မကြုံစဖူးကိစ္စတစ်ရပ်ပင်။

"အရှင်တို့...မင်းတို့ကို ဆင့်ခေါ်တာက ကျွန်းအရှင်မဟုတ်ဘူး...ဘိုးဘေးကိုယ်တိုင်ပဲ...."

ဘဏ္ဍာစိုးချင်က တုံ့ပြန်အဖြေပေးသည်။

"ဘာ....ဘိုးဘေးကိုယ်တိုင် ငါတို့ကို ဆင့်ခေါ်တာလား"

ထိုစကားကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသူများအားလုံးသည် ဘဝ၏အတက်အကျများကို တွေ့ကြုံခံစားဖူးသူများ ဖြစ်သည့်တိုင် ထိတ်လန့်တုန်လှုပ်ပြီး အံ့အားသင့်နေကြဆဲပင်။

ဒဏ္ဍာရီလာသူတော်စင်ဖြစ်သော ဘိုးဘေးသည် သူတို့အား ဆင့်ခေါ်ခဲ့သလော....

သူတို့သည် ဘိုးဘေး တည်ရှိနေသည်ကို သိရှိထားသော်လည်း လက်ရှိနေရာတွင်ရှိနေသောလူငယ်မျိုးဆက်သစ်များအနက်မှတစ်ယောက်မှသူ့အားတကြိမ်တစ်ခါမြင်တွေ့ဖူးခြင်းမရှိချေ။

"ဘိုးဘေးက ငါ့ကိုဆင့်ခေါ်မယ်လို့ ငါ မျှော်လင့်မထားမိဘူး....ဘာတွေဖြစ်နေတာလဲဆိုတာ ငါ သိလို့ရမလား"

အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် သူ၏စိတ်လှုပ်ရှားမှုများကို ချိုးနှိမ်ကာ အလျင်အမြန်မေးမြန်းသည်။

"သခင်လေး...ငါ့လို အဆင့်နိမ့်တဲ့ ဘဏ္ဍာစိုးလေးတစ်ယောက်က ဒီလိုကိစ္စမျိုးတွေကို ဘယ်လိုလုပ်ပြီးသိမှာလဲ...မင်းတို့ ဒီနေရာမှာ မတ်တတ်ရပ်မနေကြဘဲနဲ့ ခန်းမထဲကို မြန်မြန်သွားကြပါလား....ကျွန်းအရှင်က မင်းတို့ကို စောင့်နေတယ်"

ဘဏ္ဍာစိုးချင်က ပြောဆိုသည်။

လူများအားလုံးသည် နှောင့်နှေးမနေဝံ့တော့ဘဲ မိုးမြေခန်းမထံသို့ အလျင်အမြန်သွားလိုက်ကြသည်။

မိုးမြေခန်းမအတွင်း၌ လူလတ်ပိုင်းကြီးတစ်ယောက် ကြိုစောင့်နေသည်။

သူသည် အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ အားကောင်းသောအရှိန်အဝါနှင့်နီမြန်းသောမျက်နှာရှိသည်။သူသည် အစဉ်အမြဲ တည်ငြိမ်သူဖြစ်သည့်တိုင် ယနေ့တွင် သူ၏မျက်နှာပေါ်၌ စိုးရိမ်ပူပန်မှုအရိပ်အယောင်များ​ ထင်ဟပ်နေသည်။

"ကျွန်းအရှင်ကို အရိုအသေပြုပါတယ်"

ကျွန်းသို့ပြန်လာသောသူများသည် နောက်ဆုံး၌ ခန်းမအတွင်းသို့ ရောက်ရှိသွားပေ၏။

"ထုံးတန်းစဉ်လာတွေ ထပ်မလုပ်ကြနဲ့တော့ ....ဘဏ္ဍာစိုးချင်က မင်းတို့ကို ဒီကိစ္စအကြောင်း ပြောပြီးပြီ မဟုတ်လား"

ကျွန်းအရှင်ချင်ရီသည် လူများအားလုံး ရောက်ရှိလာသည်ကို မြင်တွေ့ချိန်၌ အလျင်အမြန်ပြောဆိုလိုက်သည်။

"ငါတို့ သိထားပြီးပါပြီ"

သူတို့အားလုံး ခေါင်းညိတ်လိုက်ကြသည်။

"မင်းတို့အားလုံး ဒီကိစ္စကို သိထားပြီးမှတော့ ထပ်ပြီးအချိန်မဆွဲကြနဲ့တော့...ဘိုးဘေးကိုသွားတွေ့ရအောင် ငါရဲ့နောက်ကို လိုက်ခဲ့ကြစမ်း"

ချင်ရီက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုပြီးနောက် ရှေ့မှဦးဆောင်၍ ထွက်ခွာခဲ့တော့သည်။

တခြားလူများသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ချင်ရီ၏နောက်မှ ထပ်ချက်မကွာ လိုက်သွားကြကာ မည်သည့်အသံဗလံမျှ မထွက်ဝံ့ကြချေ။ မည်သို့ပင်ဆိုစေကာမူ လူအများစုအတွက် ဤသည်မှာ ဒဏ္ဍာရီလာဘိုးဘေးကို သူတို့ မြင်တွေ့ရမည့် ပထမဆုံးအကြိမ်ပင်။

ခန်းမ၏နက်ရှိုင်းသောနေရာသို့ ရောက်ရှိကာ ဝင်္ကပါအမြောက်အများကို ဖြတ်သန်းပြီးနောက် အဆုံးသတ်ကို မမြင်နိုင်သော လမ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်။

Chapter 932

သူတို့အားလုံးသည် အသက်ရှူနှုန်းကိုထိန်းသိမ်းကာ ရှေးဟောင်းလှေကားထစ်များတလျှောက် အောက်သို့ဆင်းလိုက်ကြ၏။အကြောင်းအရင်းမှာ သူတို့၏ရည်မှန်းချက်ပန်းတိုင်သည် မိုးမြေဂိုဏ်း၏မြေအောက်ခန်း ဖြစ်နေသောကြောင့်ပင်။

နာရီဝက်ခန့်ကြာပြီးနောက် သူတို့သည်နောက်ဆုံး၌ ကျောက်ခန်းတစ်ခန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

ထိုကျောက်ခန်းအတွင်းတွင် လူအိုကြီးတစ်ယောက် ပလ္လင်ခွေထိုင်နေသည်။

အမှန်အားဖြင့် သူ့ကို လူအိုကြီးဟု ခေါ်ဆိုသော်လည်း သူ့ကိုကြည့်ရသည်မှာ အိုမင်းပုံမရချေ။ဆန့်ကျင်ဘက်အနေဖြင့် သူ့ကိုကြည့်ရသည်မှာ ဖျတ်လတ်တက်ကြွပြီး စူးရှသောမျက်လုံးများရှိကာ စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

သူ၏နံဘေးတွင် တခြားလူအိုကြီးအမြောက်အ​များ ပလ္လင်ခွေထိုင်နေကြ၏။

ခေါင်းဆောင်လူအိုကြီးသည် ထျန်းယုနယ်မြေ၏ တစ်ဦးတည်းသောသူတော်စင်​ချင်လန်ပင်။

တခြားလူအိုကြီးများသည် သာမာန်လူများမဟုတ်ဘဲ သူတော်စင်တစ်ဝက်အဆင့် တည်ရှိမှုကြီးများပင်။

ဤသည်မှာ ထျန်းယုနယ်မြေအတွင်းရှိ နံပါတ်တစ်အင်အားစု၏ အခြေခံအုတ်မြစ်ပင်။

အခန်းအတွင်းသို့ဝင်ရောက်လာသူများသည် ချင်လန်ကို ပထမဆုံးအကြိမ် မြင်တွေ့မိချိန်၌ သူတို့၏ဘိုးဘေးသည် ဤမျှထိ စိတ်သဘောထားကောင်းမွန်သော အခြေအနေ၌ ရှိနေမည်ဟု မျှော်လင့်မထားမိခဲ့ချေ။

ယခုကြည့်ကြည့်တော့မှ သူတော်စင်တစ်ယောက်ထံတွင် သူတော်စင်တစ်ယောက်၏အပြုအမူမျိုး ရှိနေပေ၏။

"ငါတို့က ဘိုးဘေးကို အရိုအသေပြုပါတယ်"

လူအိုကြီးချင်လန်ကို မြင်တွေ့ချိန်၌ ကျွန်းအရှင်ချင်ရီဦးဆောင်၍ လူများအားလုံး ရိုသေလေးစားစွာ ဒူးထောက်လိုက်ကြသည်။

"မင်းတို့အားလုံး....မတ်တတ်ထရပ်ကြတော့"

ချင်လန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ နူးညံ့ညင်သာသော အားလှိုင်းတစ်ရပ်က ချင်လန်တို့လူစုကို တွဲထူပေးလေ၏။

"ဟား ဟား ဟား... .ငါ ဒီနေ့ မင်းတို့ကို ဒီနေရာဆီ ဆင့်ခေါ်တာနဲ့ပတ်သက်ပြီးတော့ မင်းတို့အားလုံး အရမ်းသိချင်နေမယ်လို့ ငါ ထင်တယ်...ဟုတ်တယ်မလား..."

ချင်လန်က နူးညံညင်သာသောအမူအယာဖြင့်ပြောဆိုကာ ဘိုးဘေးတစ်ယောက်၏မောက်မာထောင်လွှားမှုမျိုး သူထံ၌ ရှိမနေချေ။

"ငါနဲ့အတူ လိုက်ခဲ့ကြစမ်း"

ချင်လန်သည် ရယ်ပြုံးကာ ကျောက်ခန်း၏နံဘေးရှိ တံခါးတစ်ချပ်ကို သူ၏လက်ဖြင့် တွန်းဖွင့်လိုက်သည်။

လူများအားလုံး နောက်မှလိုက်ပါသွားလေ၏။

နံဘေးတံခါးကိုဖွင့်ပြီးနောက် သူသည် တခြားကျောက်ခန်းတစ်ခန်းအတွင်းသို့ လျှောက်လှမ်းသွားသည်။

ထို့ကျောက်ခန်း၏နံရံများပေါ်တွင် ရှုပ်ထွေးသောသင်္ကေတအက္ခရာများကို ရေးထွင်းထားသည်။ထိုသင်္ကေတအက္ခရာများအကြားတွင် တဖျတ်ဖျတ်တောက်ပနေသော စိတ်ဝိညာဉ်မီးအိမ်အမြောက်အများလည်း ရှိနေပေ၏။

ကျောက်ခန်း၏အလယ်ဗဟိုရှိ ကျောက်စားပွဲတစ်လုံးပေါ်တွင် မီးအိမ်တစ်ခုရှိနေသည်။

ချင်လန်သည် စိတ်လှုပ်ရှားသောမျက်လုံးအကြည့်ဖြင့် ထိုမီးအိမ်ကို စူးစိုက်၍ကြည့်နေလေ၏။

"မင်းတို့အားလုံး...ကျေးဇူးပြုပြီးတော့ ဒါကိုကြည့်ပေးပါ"

ထိုအသံကျရောက်လာသည်နှင့်အတူ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ နံရံပေါ်၌ တဖျတ်ဖျတ်တောက်ပနေသော စိတ်ဝိညာဉ်မီးအိမ်များအားလုံး ငြိမ်းသေသွားပြီး ကျောက်ခန်းတစ်ခန်းလုံး မှောင်မည်းသွားသည်။

မဟုတ်သေး....

ဤသည်မှာ လုံးလုံးလျားလျားမှောင်မည်းသွားခြင်း မဟုတ်ပေ။

တခြားစိတ်ဝိညာဥ်မီးအိမ်များ ငြိမ်းသေသွားသော်လည်း ကျောက်စားပွဲပေါ်ရှိ မီးအိမ်အတွင်းတွင် ရှည်လျားသောမီးတောက်တစ်ခုရှိနေသည်ကို မြင်တွေ့နိုင်ပေ၏။

ထိုနောက် အလင်းရောင် ဖြာထွက်လာသည်။

ဤအလင်းရောင်သည် အလွန်မှိန်ဖျော့ကာ သာမာန်အလင်းရောင်များအောက်တွင် မြင်တွေ့နိုင်မည်မဟုတ်ချေ။ဤကဲ့သို့ မှောင်မည်းနေသော ပတ်ဝန်းကျင်အခြေအနေ၌သာ ထိုအရာကို ဝိုးတဝါးမြင်တွေ့နိုင်ပေမည်။

ဤမီးအလင်းရောင်ကိုကြည့်ပြီး ချင်လန်၏ခန္ဓာကိုယ် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေကာ သူတော်စင်တစ်ယောက်ဖြစ်သည့်တိုင် သူ၏မျက်လုံးများ နီမြန်းနေသည်။

သူသည် ထိုမီးအိမ်၏ရှေ့၌ ရိုသေလေးစားစွာ ဒူးထောက်လိုက်၏။

ဘိုးဘေး၏ဒူးထောက်ခြင်းသည် လူများအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။အကြောင်းအရင်းမှာ ဤမီးအိမ်သည် မည်သည့်အရာကို ကိုယ်စားပြုကြောင်း သူတို့ မသိသောကြောင့်ပဲ။သူတို့သည် အံ့အားသင့်တုန်လှုပ်စွာဖြင့် ချင်လန်ကို စိုက်ကြည့်နေကြပြီး မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။

ကျွန်းအရှင်ချင်ရီတစ်ယောက်တည်းကသာ ဤကိစ္စကို အနည်းအကျဥ်းသိရှိထားသည်။

ဘိုးဘေး ဒူးထောက်လိုက်သော အချိန်အခိုက်အတန့်တွင် သူ အလျင်အမြန်တုံ့ပြန်လေသည်။

"ဘိုးဘေး....ဖြစ်နိုင်တာတော့..."

သူ့၏မျက်လုံးများ ပြူးကျယ်နေကာ အံ့အားတသင့် မေးမြန်းလိုက်သည်။ထို့နောက် စိတ်လှုပ်ရှားမှုကြောင့် သူ၏ခန္ဓာကိုယ် တုန်ခါလာကာ သူ့၏ခြေထောက်များ အလိုအလျောက် ဒူးထောက်ရက်သား ဖြစ်သွားသည်။

"အမှန်ပဲ...ဒါက သူ့ကိုကိုယ်စားပြုတဲ့ မီးအိမ်ပဲ"

ချင်လန်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

ချင်ရီသည် ကြိုတင်မှန်းဆပြီးဖြစ်သည့်တိုင် ချင်လန်၏အတည်ပြုမှုကို လိုအပ်နေဆဲပင်။ထိုအဖြေကိုကြားချိန်၌ သူ၏မျက်လုံးသူငယ်အိမ်​များ ကျဉ်းမြောင်းသွားသည်။

"မင်းတို့ကောင်တွေက အဲ့ဒီနေရာမှာ မတ်တတ်ရပ်ပြီး ဘာလုပ်နေကြတာလဲ...အခုချက်ချင်း ဒူးမထောက်သေးဘူးလား"

ချင်ရီက သူ၏နောက်တွင်ရှိနေသော ချင်ကျစ်ယွီနှင့်တခြားလူများကိုကြည့်ပြီး အော်ငေါက်လိုက်သည်။

သူတို့သည် ဤမီးအိမ် မည်သည့်အရာအား ကိုယ်စားပြုသည်ကို မသိရှိသော်လည်း ဘိုးဘေးချင်လန်နှင့် ကျွန်းအရှင်ချင်ရီတို့ ထိန်းချုပ်မှုလွတ်ကင်းသည်အထိ စိတ်လှုပ်ရှားနေသည်ကို မြင်တွေ့မိသည်။ထိုကြောင့် ဤမီးအိမ်တွင် အလွန်အရေးပါသော မူရင်းဇစ်မြစ်ရှိမည်ဟု သူတို့ သိရှိသွားပေ၏။ထို့ကြောင့် သူတို့သည် မည်သည့်စကားကို​မျှ မပြောဝံ့တော့ဘဲ ချက်ချင်းဒူးထောက်လိုက်ကြသည်။

လူများအားလုံး မြေပြင်ပေါ့၌ ဒူးထောက်ပြီးနောက် မှိန်ဖျော့ဖျော့အလင်းရောင်ကို စူးစိုက်၍ ကြည့်နေကြသည်။

"ဒါက ထာဝရမီးတောက်ပဲ...ဆိုလိုတာတော့ အဲ့ဒီလူက အခု ထျန်းယုနယ်မြေထဲမှာ ရှိနေတယ်"

လူအိုကြီးချင်လန်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"အမှန်ပဲ...."

အခြေအနေကိုသိရှိထားသော ချင်ရီ၏ခန္ဓာကိုယ် တုန်ရီနေကာ သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

"ဘိုးဘေး....ကျွန်းအရှင်....အဲ့ဒီမီးအိမ်က ဘာကိုကိုယ်စားပြုတယ်ဆိုတာ နန်အာကို ပြောပြပေးနိုင်မလား"

ထိုအချိန်မှာပင် မြေပြင်ပေါ်၌ ဒူးထောက်နေသော ချင်နန်သည် နောက်ဆုံး၌ သူ၏စိတ်နှလုံးသားအတွင်းမှ သံသယများကို ထိန်းချုပ်မထားနိုင်တော့​ချေ။

"ပါးစပ်ပိတ်ထားစမ်း...မင်းက ဒီကိစ္စကိုသိဖို့အတွက် အရည်အချင်းမီလို့လား"

ချင်ရီက အသံနက်ကြီးဖြင့် အော်ငေါက်လေသည်။

"ဟေး....ရီအာ...အဲ့ဒီလိုမပြောရဘူး"

ချင်လန်က ပြောဆိုသည်။

"ငါ ဒီနေ့ သူတို့ကို ဒီနေရာဆီ ခေါ်လိုက်ရတဲ့အကြောင်းအရင်းက ဒီကိစ္စတွေ ပြောဖို့ပဲ...ဘယ်လိုပဲဖြစ်ဖြစ် နောင်အနာဂတ်မှာ လောကကြီးက သူတို့ရဲ့အပိုင်ပဲလေ"

"ဟုတ်ကဲ့....ရီအာက အမှားကိုသိပါပြီ"

ချင်ရီက ခေါင်းညိတ်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ရှိုက်ကာ အလေးအနက်ထားသောအသံဖြင့် မေးမြန်းသည်။

"ငါတို့ချင်မိသားစုရဲ့ ဘိုးဘေးစည်းမျဉ်းဥပဒေသကို မင်းတို့ မှတ်မိကြလား"

လူများအားလုံး တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။

ဘိုးဘေးစည်းမျဥ်းဥပဒေသသည် ချင်မိသားစုဝင်များ မွေးဖွားလာစဉ်ကတည်းက စောင့်ထိန်းရသည့်အရာပင်။

ပြောရမည်ဆိုလျှင် အနည်းငယ်ထူးဆန်းနေသော်လည်း ချင်မိသားစုဝင်တိုင်း ချက်ပြုတ်ရန်သင်ယူရသည်။

ချင်မိသားစုအတွင်း၌ တစ်စုံတစ်ယောက်ထံတွင် ထူးချွန်သော ပါရမီအရည်အချင်းမရှိလျှင် ပြဿနာမရှိသော်လည်း အကယ်၍ ထိုလူသည် ချက်ပြုတ်နိုင်ခြင်းမရှိပါက မိသားစုအတွင်းမှ ချက်ချင်းကန်ထုတ်ခံရပေမည်။

ထို့ကြောင့် ဤကဲ့သို့အခြေအနေမျိုးအောက်တွင် လူငယ်မျိုးဆက်သစ်များဖြစ်သော ချင်နန်နှင့်ချင်ကျစ်ယွီအပါအဝင် ချင်မိသားစုဝင်များအားလုံး ချက်ပြုတ်ရာ၌ ထူးချွန်ကြသည်။ အထူးသဖြင့် သူတို့သည် တောရိုင်းသားကောင်များကို ပြီးပြည့်စုံစွာ ချက်ပြုတ်နိုင်ပေ၏။

အတိုချုပ်ပြောဆိုရလျှင် ထျန်းယုနယ်မြေအတွင်းတွင် မိုးမြေကျွန်း၏ချင်မိသားစုသည် အစွမ်းထက်ဆုံးဖြစ်သော်လည်း နှိမ့်ချ၍သိုသိုသိပ်သိပ်နေထိုင်သူများပင်။

သို့ရာတွင် ချက်ပြုတ်သည့်အချိန်သို့ ရောက်ရှိလာလျှင်မူ...

'ငါ တောင်းပန်ပါတယ်...ငါတို့ ချင်မိသားစုက ချက်ပြုတ်တဲ့နေရာမှာ အတော်ဆုံးပဲ....'

Chapter 933

"ငါတို့ရဲ့ဘိုးဘေးစည်းမျဉ်းတွေက ဒီမီးအိမ်နဲ့ ဆက်စပ်နေတာလား"

ချင်ကျစ်ယွီက မအောင့်အည်းနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

"မင်း တော်တယ်"

ချင်ရီက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်၏။

"တိတိကျကျပြောရရင် ဒီမီးအိမ်ကိုကိုယ်စားပြုတဲ့ပုဂ္ဂိုလ်နဲ့ ဆက်စပ်နေတာပဲ"

မည်သူတစ်ဦးတစ်ယောက်၏ မေးမြန်းခြင်းကိုမျှ မစောင့်ဆိုင်းဘဲ ချင်ရီက ဆက်လက်၍ပြောဆိုသည်။

"ပြောရမယ်ဆိုရင် ငါတို့ချင်မိသားစု မြင့်တက်လာတဲ့ သမိုင်းကြောင်းကို ငါ မင်းတို့ကို အရင်ပြောရလိမ့်မယ်"

"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းကျော်လောက်က အခုငါတို့နေထိုင်တဲ့ မိုးမြေကျွန်းကို မိုးမြေကျွန်းလို့ခေါ်တာ မဟုတ်ဘူး....ဒါ့ပြင် ငါတို့ချင်မိသားစုရဲ့ပထမဆုံးဘိုးဘေးချင်ရှင်းက ဒီကျွန်းပေါ်မှာ အ​ညတရလူငယ်လေးတစ်ယောက်ပဲ"

"ထျန်းယုနယ်မြေရဲ့ အခြေအနေတွေကြောင့် ကျွန်းတွေက မကြာခဏ ပိုင်ရှင်ပြောင်းသွားခဲ့ပြီးတော့... ငါတို့ချင်မိသားစုရဲ့ဘိုးဘေးကလည်း အသက်ရှင်သန်နိုင်အောင် မနည်းရုန်းကန်ခဲ့ရတယ်....ဒါပေမယ့် တစ်နေ့မှာတော့ သူက လျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်"

"အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူ သာမန်ကာလျှံကာ ထုတ်ယူလိုက်တဲ့ ပစ္စည်းတစ်ခုက အနည်းဆုံး သူတော်စင်အဆင့်မှာ ရှိနေတယ်.....သူ့ရဲ့လက်ကနေထွက်လာတဲ့ ဘယ်အရာမဆို လူတွေကို သူတို့ရဲ့ဘဝတသက်စာလုံးအတွက် အကျိုးကျေးဇူးတွေ ရစေနိုင်တယ်"

"ငါတို့ဘိုးဘေးက သာမန်အညတရလူတစ်ယောက်ကနေ ထိပ်သီးတည်ရှိမှုကြီးတစ်ယောက် ဖြစ်လာတာ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူကို ကျေးဇူးတင်ရမယ်....အချိန်တိုအတွင်းမှာ ဘိုးဘေးက ဒီကျွန်းကို တည်ငြိမ်အောင်လုပ်ပြီးတော့ မိုးမြေကျွန်းကို တည်ထောင်နိုင်ခဲ့တယ်... အဲ့ဒီအချိန်ကနေစပြီး သူက မိုးမြေကျွန်းရဲ့သမိုင်းစဉ်တစ်လျှောက်မှာ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့တယ်"

"ဒါပေမဲ့ ငါတို့ချင်မိသားစုမှာရှိတဲ့အရာရာတိုင်းကို အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူက ပေးထားတယ်ဆိုတာ ဘိုးဘေးက အမြဲတမ်းမှတ်ထားတယ်....သူက ဒါကို မမေ့လျော့ဝံ့ဘဲနဲ့ ကျေးဇူးရှင်ကို ပြန်ပေးဆပ်ချင်ပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူး....ဘိုးဘေးက အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဝမ်းနည်းမှုကို ခံစားနေရတဲ့အချိန်မှာပဲ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့စီနီယာက စာကောင်းသောက်ဖွယ်တွေ အထူးသဖြင့် တောရိုင်းသားကောင်တွေကို နှစ်ခြိုက်တယ်ဆိုတာ သူ သိခဲ့ရတယ်"

"ဒါကြောင့် အဲ့ဒီအချိန်ကနေစပြီးတော့ ဘိုးဘေးက နည်းလမ်းအမျိုးမျိုးနဲ့ ဟင်းလျာတွေကို စူးစမ်းလေ့လာပြီးတော့ စီနီယာအတွက် ချက်ပြုတ်ပေးခဲ့တယ်....သူ့ရဲ့ရိုးသားမှုနဲ့လက်ရာကောင်းမှုတို့က လျှို့ဝှက်ဆန်းကြယ်တဲ့စီနီယာရဲ့စိတ်ကို ဖမ်းစားနိုင်ခဲ့တယ်"

"ဒါပေမဲ့ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့စီနီယာက အရေးကြီးတဲ့ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် ထျန်းယုနယ်မြေမှာ တစ်ချိန်လုံးမနေနိုင်ဘူး....ဒါကြောင့် သူက ဘိုးဘေးကို စိတ်ဝိညာဥ်မီးအိမ်တစ်လုံး ပေးသွားခဲ့တယ်"

ချင်ရီသည် စကားပြောဆိုနေရင်း လေးစားကြည်ညိုစွာဖြင့် ကျောက်တုံးစားပွဲပေါ်ရှိဟမီးအိမ်ကိုကြည့်ကာ တည်ကြည်လေးနက်စွာပြောဆိုလိုက်၏။

"ဒါက အဲ့ဒီမီးအိမ်ပဲ..."

"အဲ့ဒီ​ချင်ရှင်းဆိုတာ ငါ့ရဲ့အဖေပဲ"

ချင်လန်သည် စကားဝိုင်းအတွင်းသို့ဝင်ရောက်လာကာ စိတ်ခံစားချက်အပြည့်ဖြင့်ပြောဆိုသည်။

ငါ့အဖေ တစ်ချိန်လုံး သုံးနှုန်းခဲ့တဲ့ လက်သုံးစကားက...'နောင်အနာဂတ်ကျရင် မင်းက ငါ့ရဲ့အထူးစားဖိုမှူးဖြစ်လာမယ်လို့ ဒီစိတ်ဝိညာဥ်မီးအိမ်က မင်းအတွက်ပဲ'လို့ စီနီယာက ပြောခဲ့တယ်....စိတ်ဝိညာဥ်မီးအိမ်တောက်ပလာတာနဲ့ စီနီယာက ထျန်းယုနယ်မြေကို ပြန်ရောက်လာပြီလို့ ဆိုလိုတယ်...မင်းတို့က စီနီယာအတွက် ဟင်းလျာကောင်းတွေကို ပြင်ဆင်ထားရမယ်"

"ငါ့ရဲ့အဖေက အဲ့ဒီမီးအိမ်ကိုရပြီးတဲ့နောက်မှာ အချိန်အတော်ကြာတဲ့အထိ စိတ်လှုပ်ရှားနေခဲ့တယ်"

"အကြောင်းကတော့ စီနီယာက အဲ့ဒီမီးအိမ် ပေးခဲ့တာက သူ့ကို အသိအမှတ်ပြုရုံတင်မကဘူး...သူ့ကို တန်ဖိုးလည်း ထားလို့ပဲ"

"အဲဒီနေ့ကနေစပြီးတော့ ငါ့ရဲ့အဖေက နေ့စဉ်နဲ့အမျှ အစားအစာတွေကို လေ့လာခဲ့တယ်....နောက်ဆုံးမှာတော့ သူက အစားအစာကြောင့် တာအိုကိုအောင်မြင်ပြီးမြောက်ပြီး သူတော်စင်တစ်ယောက် ဖြစ်လာခဲ့တယ်"

"ဒါပေမဲ့ တစ်ရက်မှာ ငါ့ရဲ့အဖေက သူ ဖြေရှင်းဖို့လိုတဲ့ အရေးကြီးကိစ္စတစ်ခုရှိတယ်လို့ ပြောပြီး ထွက်သွားခဲ့တယ်... သူက ငါ့ကို ဒီမီးအိမ်ပေးပြီးတော့....ဒီမီးအိမ်ရှိနေသရွေ့ ချင်မိသားစု တည်ရှိနေပြီးတော့ တကယ်လို့ မီးအိမ်မရှိတော့ရင် ချင်မိသားစုလည်း ပျက်စီးသွားမယ်လို့ သူက ငါ့ကိုပြောခဲ့တယ်"

"ဒါကြောင့် ဒီမီးအိမ်က ငါတို့ချင်မိသားစုရဲ့စိတ်ဝိညာဥ် ဖြစ်နေပြီးတော့ ငါတို့ချင်မိသားစု တည်ရှိနေရခြင်းရဲ့အဓိပ္ပါယ်ပဲ"

"ငါတို့ အမြဲတမ်းမှတ်ထားရမှာက အဲ့ဒီစီနီယာမရှိရင် ငါတို့ချင်မိသားစုက ထျန်းယုနယ်မြေရဲ့စစ်ပွဲအဓိကရုဏ်းတွေကြားမှာ ပျက်စီးသွားပြီးတော့ ဒီနေ့ဒီအချိန်လို ချင်မိသားစုမျိုး ဖြစ်နေမှာမဟုတ်ဘူး"

"ငါတို့ချင်မိသားစုရဲ့တာဝန်က စီနီယာကိုလုပ်ကျွေးပြုစုပြီးတော့ စီနီယာရဲ့အထူးသီးသန့်စားဖိုမှူးအဖြစ် တာဝန်ယူဖို့ပဲ""

"ဒါကြောင့် ငါတို့ချင်မိသားစုရဲ့အရေးအကြီးဆုံး ဘိုးဘေးစည်းမျဉ်းက ချက်ပြုတ်ခြင်းပဲ...စီနီယာပြန်လာတဲ့နေ့ကျရင် ငါတို့ချင်သားစုမှာ ငါတို့ရဲ့တာဝန်တွေကို ဆက်ပြီးထမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိနေရမယ်"

ထိုစကားများကိုပြောဆိုနေစဉ်တွင် သူတော်စင်တစ်ယောက်ဖြစ်ကာ သန်မာအားကောင်းသော ချင်လန်သည် မျက်ရည်များကျလုမတတ်ပင်။

ထိုစကားကိုကြားချိန်တွင် တခြားလူငယ်မျိုးဆက်များအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ သူတို့၏စိတ်နှလုံးသားအတွင်း၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ယခုအချိန်မှသာ သူတို့၏ချင်မိသားစုတွင် ဤကဲ့သို့ သမိုင်းကြောင်းတစ်ခုရှိကြောင်း သူတို့ သိရှိခဲ့ရသည်။

ယခုကြည့်ကြည့်တော့မှ သူတို့၏ဘိုးဘေးများမှသင်ကြားပေးခဲ့မှုများသည် ဤရည်ရွယ်ချက်ကြောင့် ဖြစ်နေပေ၏။

ထို့ပြင် သူတို့မထင်မထားသောကိစ္စမှာ ချင်မိသားစု၏ပထမဆုံးဘိုးဘေးသည်လည်း သူတော်စင်တစ်ယောက်ဖြစ်နေသည့်အပြင် အစစ်အမှန်သူတော်စင်တစ်ယောက် ဖြစ်နေခြင်းပင်။

"ဒါကြောင့် ဒီနေ့ ငါ မင်းတို့အားလုံးကို ပြန်ခေါ်လိုက်ရတဲ့အကြောင်းက စိတ်ဝိညာဥ်မီးအိမ်တောက်ပနေတယ်ဆိုတာကို ပြောဖို့ပဲ"

"ငါတို့ချင်မိသားစုက နောက်ဆုံးတော့ ငါတို့ရဲ့တာဝန်ကို ဖြည့်ဆည်းနိုင်တော့မယ်"

ချင်လန်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"ဒါပေမဲ့ ဘိုးဘေး....ဒါက နှစ်ပေါင်းတစ်သိန်းကျော်တောင် ကြာသွားပြီလေ... ဒီလိုလုပ်ဖို့ လိုသေးလို့လား..."

ဤအချိန်အခိုက်အတန့်တွင် ချင်နန်တို့နှင့်အတူရှိနေသော လူငယ်မျိုးဆက်သစ်များအနက်မှ ဆန်းပြားသောဝတ်စုံဝတ်ထားသော လူငယ်တစ်ယောက်က မေးခွန်းထုတ်သည်။

"ကျေးဇူးတစ်ခုအတွက် ဘိုးဘေးက လွန်ခဲ့တဲ့နှစ်တစ်သိန်းအကြာတုန်းက ပြန်ပေးဆပ်ပြီးပြီလေ...ငါတို့ချင်မိသားစုကလည်း ဒီမီးအိမ်ကို နှစ်ပေါင်းတစ်သိန်းကျော်ကြာတဲ့အထိ ကိုးကွယ်ခဲ့တယ်....ဒါကို ကျေးဇူးဆပ်ပြီးပြီလို့ ယူဆနိုင်တယ်မဟုတ်လား...အခုအချိန်မှာ ငါတို့မိုးမြေကျွန်းက ထျန်းယုနယ်မြေရဲ့နံပါတ်တစ်အင်အားစုပဲ....ငါတို့က တခြားလူကို လုပ်ကျွေးပြုစုပြီးတော့ သူ့အတွက် ချက်ပြုတ်ပေးရမယ်ဆိုတာက အဆင်မပြေနိုင်ဘူး...တကယ်လို့ အဲဒီသတင်းသာ အပြင်ကိုပြန့်သွားရင် ငါတို့မိုးမြေကျွန်းရဲ့နာမည်ဂုဏ်သတင်း ကျဆင်းသွားနိုင်တယ်မဟုတ်လား"

"ဟမ့်...."

ချင်လန်၏မျက်နှာ ချက်ချင်းသုန်မှုန်သွားသည်။

ထို့နောက် သူတော်စင်တစ်ယောက်၏စွမ်းအား ပျံ့လွင့်လာကာ သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည်။ထို့နောက် အစောပိုင်းကစကားပြောဆိုလိုက်သော လူငယ်သည် ချင်လန်၏လက်အတွင်း၌ တင်းတင်းကြပ်ကြပ်ဖမ်းဆုပ်ခြင်းကို ခံရလေ၏။

"မင်း အဲ့ဒီစကားကို ပြန်ပြောလိုက်စမ်း"

ချင်လန်က စကားတစ်လုံးခြင်းပြောဆိုကာ သူ၏မျက်နှာပေါ်၌ သတ်ဖြတ်လိုသောအရိပ်အယောင်တစ်ရပ် ​ထင်ဟပ်နေသည်။

ဤအချိန်အခိုက်အတန့်၌ ချင်လန်၏အရှိန်အဝါသည် အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်သဖြင့် လူများအားလုံး အသက်ပင်မရှုဝံ့တော့ချေ။အနီးအနားတွင်ရှိနေသော သူတော်စင်တစ်ဝက်လူအိုကြီးများသည်လည်း ဖိနှိပ်ခံရသဖြင့် မြေပြင်ပေါ်၌ ချက်ချင်းဒူးထောက်ကာ မလှုပ်ရှားဝံ့တော့ပေ။

ထိုစကားကိုပြောဆိုခဲ့သော လူငယ်၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုအမူအယာတစ်ရပ် ထင်ဟပ်နေကာ ခွင့်လွှတ်မှုရရန်အတွက် အသနားခံတောင်းပန်လေသည်။

"ဘိုးဘေး....ငါ မှားသွားပါတယ်...ငါက စကားမှားပြီး ပြောခဲ့မိတယ်...ကျေးဇူးပြုပြီးတော့ ငါ့ကို ခွင့်လွှတ်ပေးပါ...ငါ ဒီလိုစကားမျိုး ထပ်မပြောဝံ့တော့ပါဘူး"

ချင်လန်၏ဆွဲမြှောက်ထားခြင်းကို ခံရသောလူငယ်သည် သူ၏တန်းလန်းဖြစ်နေသော ခြေထောက်များကိုစိုက်ကြည့်ပြီး အလျင်စလိုပြောဆိုသည်။

သူ၏စကားလုံးများကြောင့် ဘိုးဘေးထံမှ ဤကဲ့သို့ တုံ့ပြန်မှုတစ်ခုရှိလာမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။

"ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်လဲ....မင်းကိုမသတ်ရမယ့် အကြောင်းပြချက်တစ်ခု ငါ့ကို ပေးစမ်း"

ချင်လန်က သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ထုတ်ဖော်ပြီး တည်ကြည်လေးနက်စွာမေးမြန်းသည်။

"ဘိုးဘေး.....ငါက ထျန်းယုနယ်မြေရဲ့ လူငယ်မျိုးဆက်သစ်တွေထဲက ထိပ်သီးဆယ်ယောက်စာရင်းထဲမှာပါတယ်....တကယ်လို့ မင်း ငါ့ကိုလွှတ်ပေးမယ်ဆိုရင် ငါက နောင်အနာဂတ်မှာ ချင်မိသားစုအတွက် အများကြီးအသုံးဝင်လာမှာ သေချာတယ်....မင်း ငါ့ကိုသတ်လိုက်ရင် ချင်မိသားစုအတွက် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်လာလိမ့်မယ်"

ဆန်းပြားသောဝတ်စုံ ဝတ်ဆင်ထားသည့်လူငယ်သည် ပြင်းပြင်းထန်ထန်လည်ပင်းညှစ်ခြင်းခံထားရသဖြင့် အသက်မရှုနိုင်တော့ချေ။သူသည် နီမြန်းနေသောမျက်နှာဖြင့် ထိုစကားများကို ခက်ခက်ခက်ခဲအားယူ၍ ပြောဆိုလိုက်ရသည်။

သူသည် ထျန်းယုနယ်မြေအတွင်းရှိ ထိပ်သီးပါရမီရှင်ဆယ်ယောက်စာရင်း၌ ပါဝင်သဖြင့် ဤစကားများကိုပြောဆိုရန် ထိုက်တန်သည်ဟု တွေးထင်မိလေ၏။

"အော်...."

"ထိပ်သီးလူငယ်ပါရမီရှင် ဆယ်ယောက်စာရင်းထဲက တစ်ယောက်လား"

ချင်လန်၏မျက်နှာပေါ်၌ သရော်တော်တော်အပြုံးတစ်ခု ထင်ဟပ်လာသည်။

"မင်းက ထိပ်သီးလူငယ်ပါရမီရှင်ဆယ်ယောက်စာရင်းထဲကို ဝင်တာနဲ့ မင်းကိုယ်မင်း အရမ်းတော်နေပြီလို့ ထင်နေတာလား"

"မင်းမှာ အခုရှိနေတဲ့အရာရာတိုင်း..မင်းရဲ့အဆင့်အတန်း မင်းရဲ့ပါရမီအရည်အချင်းအပါအဝင် မင်းရဲ့ကျင့်ကြံဆင့်အရင်းအမြစ်တွေအားလုံးကို အဲ့ဒီစီနီယာက ပေးထားတာမဟုတ်ဘူးလို့ မင်း ထင်နေတာလား"

"သူတော်စင်တစ်ယောက်ဖြစ်လာတဲ့ ငါ့ရဲ့အရည်အချင်းအပါအဝင် ငါတို့ရဲ့ကျွန်းကိုကောင်းချီးပေးခံထားရတဲ့ ကံကြမ္မာတွေ မင်းတို့ရဲ့ပါရမီအရည်အချင်းတွေနဲ့ရုပ်ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေအားလုံးက စီနီယာဆီကနေ လက်ဆင့်ကမ်းဆင်းသက်လာပြီးတော့ သူ့ရဲ့ကောင်းချီးပေးမှုတွေကြောင့်ပဲ"

"စီနီယာမရှိဘဲနဲ့ ချင်မိသားစုတစ်စုလုံးအပါအဝင် ငါတို့အားလုံး အထူးသဖြင့် မင်းက ဘာကောင်မှမဟုတ်ဘူး..."

"မင်းလိုဂျူနီယာလေးတစ်ယောက်က ဘယ်လိုသတ္တိမျိုးနဲ့ ဒီလောက်ထိ မောက်မာထောင်လွှားတဲ့စကားမျိုးကို ပြောရဲတာလဲ"

"မင်းရဲ့အဆင့်အတန်းကနေ ထုတ်ပယ်ပြီးတော့ မင်းရဲ့ကျင့်ကြံဆင့်ကိုဖျက်ဆီးပြီး မင်းကို ချင်မိသားစုကနေ ထုတ်ပယ်မယ်"

ချင်လန်သည် အေးစက်စက်အော်ငေါက်ပြီး ဆန်းပြားသောဝတ်စုံ ဝတ်ထားသည့်လူငယ်ကို မြေပြင်ပေါ်သို့ လွှတ်ချလိုက်၏။

"ဒါက ဘိုးဘေး ကျေးဇူးပြုပြီးတော့ သနားညှာတာပေးပါ"

ချင်လန်၏ဆုံးဖြတ်ချက်ကိုကြားချိန်တွင် ဆန်းပြားသောဝတ်စုံ ဝတ်ထားသောလူငယ်၏ဖခင်သည် မြေပြင်နှင့်ဦးတိုက်ကာ ချက်ချင်းအသနားခံတောင်းပန်သည်။

"ဘိုးဘေး...ကျေးဇူးပြုပြီးတော့ သနားညှာတာပေးပါ....ဖုန်အာက မပြောသင့်တဲ့စကားကို ပြောခဲ့မိတယ်ဆိုပေမယ့် သူ့ရဲ့အမှားကို နားလည်နေပါပြီ....ကျေးဇူးပြုပြီးတော့ ဒီလိုမလုပ်ပါနဲ့...တကယ်လို့ အဲ့ဒီလိုလုပ်လိုက်မယ်ဆိုရင် ဖုန်အာရဲ့ဘဝ ပျက်စီးသွားလိမ့်မယ်"

"ဟမ့် မင်းက ဘယ်လိုသတ္တိမျိုးနဲ့ တောင်းပန်ပေးရဲတာလဲ"

"မင်းက မိဘကောင်းတစ်ယောက်မဟုတ်တာကြောင့် မင်းကိုလည်း ချင်မိသားစုကနေ ထုတ်ပယ်လိုက်ပြီ"

ချင်လန်က သူ၏လက်ကိုဝှေ့ယမ်းပြီး သုန်မှုန်နေသောမျက်နှာဖြင့်ပြောဆိုကာ ညှိနှိုင်းရန်အတွက် အနည်းငယ်မျှ အခွင့်အရေးမပေးချေ။

ထိုစကားကိုကြားချိန်၌ သားအဖနှစ်ယောက်သည် လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံရသည့်အလားပင်။သူတို့သည် ကြောင်စီစီဖြင့် မြေပြင်ပေါ်၌ထိုင်နေတာ သစ်သားရုပ်တုနှင့် တူညီနေပေ၏။

စကားတစ်ခွန်းတည်းကြောင့် ဤကဲ့သို့ ဘေးကပ်ဆိုးကြီး ဆိုက်ရောက်လာမည်ဟု သူတို့ တစ်ကြိမ်တစ်ခါ​မျှ တွေးထင်ထားမိခြင်းမရှိချေ။

တခြားလူများသည် မြေပြင်ပေါ်၌ ဒူးထောက်နကာ အသက်ပင် ရဲရဲမရှူဝံ့ကြပေ။

သနားကြင်နာတတ်ပုံရသော ဤလူအိုကြီးသည် ဒေါသထွက်လာချိန်၌ ဤမျှထိ အလွန်ရုန့်ရင်းကြမ်းတမ်းမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။

"မင်းတို့ကောင်တွေလည်း သူတို့နဲ့တူတဲ့အတွေးမျိုး လုံးဝမတွေးကြနဲ့"

ချင်လန်က လူများအားလုံးကို ဝေ့ဝိုက်ကြည့်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုသည်။သူ၏ထက်ရှသောမျက်လုံးအကြည့်သည်လူများအားလုံး၏စိတ်နှလုံးသားများကို ထွင်းဖောက်မြင်နိုင်သည့်အလားပင်။

"ငါတို့ မလုပ်ရဲပါဘူး"

ချင်လန်၏အကြည့်နှင့်ဆုံတွေ့ချိန်တွင် လူများအားလုံး ချက်ချင်းဦးတိုက်အရိုအသေပြုလိုက်ကြသည်။

ဤကဲ့သို့အကြည့်မျိုးအောက်တွင် သူတို့၏အတွေးများ ပေါ်လွင်သွားပုံရသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့ထံတွင် ဆိုးရွားသောအတွေးများ မရှိချေ။

သူတို့သည် သူတို့၏နေရာနှင့်ပတ်သက်ပြီး အလွန်ရှင်းလင်းစွာ နားလည်သဘောပေါက်ပေ၏။

အထူးသဖြင့် ချင်လန်နှင့်ချင်ရီတို့ ပြောဆိုသောဇာတ်ကြောင်းကို နားထောင်ပြီးနောက် ထိုစီနီယာမရှိပါက ယနေ့တွင် ချင်မိသားစုတည်ရှိမည်မဟုတ်သည့်အပြင် သူတို့သည်လည်း ယခုကဲ့သို့ ရပ်တည်နိုင်မည် မဟုတ်ကြောင်း သူတို့အားလုံး နားလည်သဘောပေါက်သည်။

Chapter 934

"အမိန့်ထုတ်ပြန်လိုက်စမ်း...မိသားစုတစ်စုလုံးက စီနီယာရဲ့ရောက်ရှိလာမှုကို ကြိုဆိုဖို့အတွက် ပြင်ဆင်ရမယ်"

ချင်လန်က အမိန့်ပေးသည်။

"ဟုတ်ကဲ့..."

လူများအားလုံးသည် တညိကြည်လေးနက်သော မျက်နှာအမူအယာများဖြင့် တညီတညွတ်တည်း တုံ့ပြန်လိုက်ကြ၏။

လူများအားလုံး၏ အလေးအနက်ထားသောအမူအယာများကို မြင်တွေ့ချိန်၌ ချင်လန်ကို ကြည့်ရသည်မှာ စိတ်သက်သာရာရသွားပုံပင်။

သို့ရာတွင် သူသည် ထပ်မံ၍ သက်ပြင်းတစ်ချက်ရှိုက်လေသည်။

"ဘိုးဘေး....ဘာပြဿနာရှိလို့လဲ..."

နံဘေးတွင်ရှိနေသော ကျွန်းအရှင်ချင်ရီသည် ချင်လန်၏သက်ပြင်းရှိုက်မှုကို မြင်တွေ့ချိန်၌ မေးမြန်းလိုက်သည်။

"ငါ စိုးရိမ်မိတာက...နှစ်ပေါင်းတစ်သိန်းကျော်ကြာမြင့်ပြီးတဲ့နောက်မှာ စီနီယာက ငါတို့ချင်မိသားစု ဒီနေရာမှာရှိနေတယ်ဆိုတာကို အမှတ်ရပါ့မလားဆိုတာပဲ"

ချင်လန်က စိတ်ခံစားချက်အပြည့်ဖြင့် ပြောဆိုသည်။

"ဘာလို့လဲဆိုတော့ ဒီစိတ်ဝိညာဥ်မီးအိမ်က တောက်ပလာရုံတင်မကဘူး...ဒါက အချိန်တော်တော်ကြာနေပြီ"

"ဒါပေမဲ့ စီနယာဆီကနေ ဘာသတင်းမှမရတဲ့အပြင် ငါတို့ချင်မိသားစုကိုလည်း သူ ရောက်မလာခဲ့ဘူး"

ထိုစကားကိုပြောဆိုနေချိန်တွင် ချင်လန်၏မျက်နှာပေါ်ရှိ စိတ်ပျက်အားငယ်မှုများသည် အလွန်သိသာထင်ရှားပေ၏။

ထိုခေတ်ကာလအတွင်း၌ အသက်ရှင်သန်ခဲ့သည့် တစ်ဦးတည်းသောလူဖြစ်သဖြင့် စီနီယာသည် သူတို့၏ချင်မိသားစုအပေါ် မည်မျှထိကြင်နာခဲ့ကြောင်း တခြားလူများအားလုံးထက် ပို၍သိရှိထားသည်။

"ဘိုးဘေး...ဘာမှမစိုးရိမ်ပါနဲ့....အဲ့ဒီစီနီယာက ကိစ္စတစ်ခုကြောင့် အလုပ်ရှုပ်နေတာလည်း ဖြစ်နိုင်တယ်...သူရဲ့ကိစ္စတွေပြီးသွားရင် ချင်မိသားစုဆီကို ရောက်လာမှာပါ"

ချင်ရီက နှစ်သိမ့်ပေးသည်။

"အဲ့ဒီလိုဖြစ်ပါစေလို့ ငါ မျှော်လင့်မိတယ်"

ချင်လန်က သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။

"စီနီယာ လာလာမလာလာ...ငါတို့ချင်မိသားစုက သူ့ကိုကြိုဆိုဖို့ ပြင်ဆင်ထားရမယ်"

"နားလည်ပါပြီ"

ချင်ရီက တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြသည်။

"ဒါ့ပြင် စီနီယာ ဘယ်နေရာမှာရှိလဲဆိုတာ စုံစမ်းဖို့အတွက် ချင်မိသားစုဝင်တွေကို စေလွှတ်ရမယ်"

"တကယ်လို့ စီနီယာက ငါတို့ကို မေ့လျော့နေရင် ....မိုးမြေကျွန်းရဲ့ချင်မိသားစုက သူ့ရဲ့သစ္စာရှိရှိကျေးကျွန်တွေ ဖြစ်ပြီးတော့ အချိန်မရွေး သူ့အတွက် တာဝန်ထမ်းဆောင်ပေးနိုင်တယ်ဆိုတာ မင်းတို့က သူ့ကို ပြောပြလိုက်ပါ"

ချင်လန်က တည်ကြည်လေးနက်စွာ ရှင်းပြသည်။

"ဟုတ်ကဲ့"

ချင်ရီက ခေါင်းညိတ်ပြပြီးနောက်သူ၏နောက်တွင်ရှိနေသော ချင်နန်နှင့်ချင်ကျစ်ယွီတို့ကို ကြည့်လိုက်သည်။

"ကျစ်ယွီ နန်အာ...ငါက ဒီကိစ္စကို မင်းတို့ဆီ လွှဲလိုက်ပြီ"

"အမိန့်ကို နာခံပါ့မယ်"

လူငယ်မျိုးဆက်သစ်များအကြားတွင် အထူးချွန်ဆုံး လူငယ်နှစ်ယောက်ဖြစ်သော ချင်နန်နှင့်ချင်ကျစ်ယွီတို့က ဒူးထောက်ပြီး တုံ့ပြန်လိုက်ကြ၏။

"ကျွန်းပေါ်မှာ ဧည့်ခံကြိုဆိုဖို့အတွက်ကတော့ ငါ တာဝန်ယူမယ်"

ချင်ရီက ယုံကြည်ချက်အခိုင်အမာဖြင့် သူ၏အင်္ကျီလက်များကိုလိပ်တင်ပြီး ပြောဆိုသည်။

"ဒီနှစ်တွေအတွင်းမှာ ချင်မိသားစုက ငါ့ကို ပြုစုပျိုးထောင်ပြီးတော့ ဒီကျွန်းရဲ့အရှင်သခင် ဖြစ်စေခဲ့တယ် "

"အခုက ကျွန်းအရှင်ဆိုတဲ့ ငါ့ရဲ့အခန်းကဏ္ဍကိုပြသဖို့ အချိန်ရောက်ပြီ"

သူသည် ထိုစကားကိုပြောဆိုရင်း ဒူးထောက်ကျိန်ဆိုလိုက်သည်။

"အတိုချုပ်ပြောရရင် ကျေးဇူးပြုပြီးတော့ ဘိုးဘေးနဲ့ချင်မိသားစုဝင်တွေအားလုံး စိတ်အေးအေးထားပါ...ငါက မိသားစုထဲမှာ ထူးချွန်တဲ့ အချက်အပြုတ်စွမ်းရည်ရှိတဲ့လူတွေကို ချက်ချင်းရွေးချယ်ပြီးတော့ မီးဖိုချောင်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းမယ်...ငါက ခေါင်းဆောင်စားဖိုမှူးပဲ"

"ငါ ဖွဲ့စည်းထားတဲ့ မီးဖိုချောင်အဖွဲ့က ကုန်းသတ္တဝါ ရေသတ္တဝါနဲ့ ဟင်းသီးဟင်းရွက်တွေကိုသုံးပြီးတော့..ကျော်တာ ပြုတ်တာ ကင်တာ စွပ်ပြုတ်ချက်တာ သရေစာတွေနဲ့ ဆားရည်စိမ်ဟင်းလျာတွေကို ကောင်းကောင်းမွန်မွန်ချက်ပြုတ်နိုင်မယ်လို့ ငါ ယုံကြည်တယ်... ငါက စီနီယာစိတ်ကျေနပ်အောင် တာဝန်ထမ်းဆောင်ပေးနိုင်မှာ သေချာတယ်"

"တကယ်လို့ စီနီယာ စိတ်မကျေနပ်ဘူးဆိုရင် ငါ ချင်ရီက ငါ့ရဲ့ပခုံးပေါ်ကနေ ငါ့ရဲ့ခေါင်းကို ဖြတ်ထုတ်လိုက်မယ်"

"ကောင်းတယ်...ကောင်းတယ်...အရမ်းကောင်းတယ်"

သုံးကြိမ်ဆက်တိုက် ချီးမွမ်းလိုက်ခြင်းမှတဆင့် ချင်လန်၏စိတ်အတွင်းမှ စိတ်​ကျေနပ်မှုကို ညွှန်ပြနေသည်။

သူသည် ချင်ရီ၏အနီးသို့ လျှောက်လှမ်းသွားပြီး သူ့၏လက်နှစ်ဖက်ဖြင့်တွဲထူပေးကာ လေးစားစွာ ပြောဆိုလိုက်၏။

"ရီအာ ငါက မင်းကို ကျွန်းအရှင်ဖြစ်ဖို့ ထောက်ပံ့ပေးခဲ့တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုပဲ"

"ငါက အခု စီနီယာကို ဧည့်ခံကြိုဆိုဖို့အတွက် ခေါင်းဆောင်စားဖိုမှူးနေရာကို မင်းဆီ တရားဝင်လွှဲပြောင်းပေးလိုက်ပြီလို့ ထုတ်ပြန်ကြော်ညာမယ်"

"ဘိုးဘေးရဲ့ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်"

ချင်ရီကိုကြည့်ရသည်မှာ အလွန်စိတ်လှုပ်ရှားနေပေ၏။

"ဒီလိုဆိုမှတော့ ငါက အခုချက်ချင်း သွားပြင်ဆင်တော့မယ်"

"ခဏနေအုံး....စိတ်မြန်လက်မြန် မလုပ်စမ်းနဲ့"

ချင်လန်က ချင်ရီကို အော်ခေါ်လေသည်။

"ဘိုးဘေး....မင်းမှာ တခြားညွှန်ကြားစရာ ရှိသေးလား"

ချင်ရီက အလျင်စလိုမေးမြန်းသည်။

"စားဖိုမှူးတစ်ယောက်အတွက် ဇွန်းကြီးတစ်ချောင်းမရှိရင် ဘယ်လိုလုပ်ပြီး သင့်တော်မှာလဲ"

ချင်လန်က အပြုံးနှင့်ပြောဆိုသည်။

"ဘိုးဘေး....မင်းက စိုးရိမ်လွန်နေပြီ....ငါတို့ချင်မိသားစုက ဘိုးဘေးစည်းမျဉ်းအတိုင်း လိုက်နာကြတယ်....ချင်မိသားစုရဲ့ မိသားစုဝင်တိုင်းမှာသင့်တော်တဲ့ လက်နက်တစ်ခု မရှိဘူးဆိုတာ ဖြစ်နိုင်ပေမယ့်...သင့်တော်တဲ့ဇွန်းတစ်ချောင်း မရှိတဲ့လူဆိုလို့ ဘယ်သူမှ မရှိဘူး"

ချင်ရီက ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုသည်။

သူတို့၏နံဘေးတွင်ရှိနေသော ချင်နန် ​ချင်ကျစ်ယွီနှင့်တခြားလူများသည်လည်း ခေါင်းညိတ်လိုက်ကြ၏။

ချင်ရီကဲ့သို့ မျိုးဆက်ဟောင်းမှလူများကို မဆိုထားနှင့် သူတို့ကဲ့သို့ လူငယ်မျိုးဆက်သစ်များ၏သိုလှောင်လက်စွပ်များအတွင်း၌ပင် ဇွန်းကြီးတစ်ချောင်း အစဉ်အမြဲရှိနေသည်။

"မဟုတ်ဘူး..."

ချင်လန်က လျှို့ဝှက်ဆန်းကြယ်သောအပြုံးဖြင့် သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုလိုက်သည်။

"ခဏစောင့်ကြအုံး..."

ထိုသို့ပြောဆိုပြီးနောက် သူသည် သူ၏သိုလှောင်လက်စွပ်ကို ဖွင့်လိုက်၏။

ထို့နောက် သူ၏သိုလှောင်လက်စွပ်အတွင်းမှနေ၍ တခြားသိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်သည်။

ထိုသိုလှောင်လက်စွပ်အတွင်းတွင် သစ်သားသေတ္တာနှစ်လုံးရှိနေပြီး အလွန်အမင်းအဖိုးတန်သောသော ထျန်းရွှယ်သစ်သားဖြင့် ပြုလုပ်ထားသည့် အရာများပင်။

"ဒါက ဘာလဲ..."

ချင်ရီက မေးမြန်းသည်။

တခြားလူများ၏မျက်လုံးအကြည့်များသည်လည်း သစ်သားသေတ္တာနှစ်လုံးပေါ်သို့ အခိုင်အမာ ကျရောက်နေသည်။

ချင်လန်က လျှို့ဝှက်ဆန်းကြယ်စွာပြုံးပြီးနောက် သစ်သားသေတ္တာနှစ်လုံးကို အလေးအနက်ထားသောအမူအယာဖြင့် ကြည့်လိုက်၏။

ရှေးဦးစွာ သူသည် အစွမ်းထက်သော မှော်နည်းစနစ်တစ်ခုကို ဖန်တီး၍ လေထုအတွင်း၌ ရေများကို ဖန်တီးပြီး သူ၏လက်များကို စင်ကြယ်အောင် ဆေးကြောလိုက်သည်။ ထို့နောက် သူ၏လက်ပေါ်တွင် ရေမှုန်ရေမွှားများ မကျန်စေရန် အသစ်စက်စက် အဖြူရောင်အဝတ်စတစ်စဖြင့် သုတ်လေသည်။

ထို့နောက် သူ၏လက်များကို သစ်သားသေတ္တာနှစ်လုံးအနက်မှ တစ်လုံးပေါ်သို့ တင်လိုက်သည်။

ချင်လန်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် တည်ကြည်လေးနက်စွာဖြင့် ထိုသစ်သားသေတ္တာကို ဖွင့်လေသည်။

ရုတ်ချည်းဆိုသလိုပင် လူများအားလုံးသည် ထိုသေတ္တာကို အာရုံစူးစိုက်၍ ကြည့်လိုက်ကြ၏။

ထို့နောက် သေတ္တာအတွင်းတွင် ကြီးမားသောသံဇွန်းကြီးတစ်ချောင်းကို သပ်သပ်ရပ်ရပ်ထည့်ထားသည့်အား သူတို့ မြင်တွေ့မိသည်။

ဤသည်မှာ သံဖြင့်ပြုလုပ်ထားသော ဇွန်းကြီးတစ်ချောင်းပင်။

သို့ရာတွင် ဤသည်မှာ သံဇွန်းကြီးဖြစ်သည့်တိုင် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံးသည် ထိုအရာ၏သာလွန်ထူးကဲသောအရှိန်အဝါကို မြင်တွေ့နိုင်သည်။

ထိုသံဇွန်းကြီးပေါ်တွင် ခပ်ဖျော့​ဖျော့အလင်းတန်းတစ်တန်း စီးဆင်းနေပေ၏။ထိုအရာကိုကြည့်ရသည်မှာ သာမန်သံဇွန်းတစ်ချောင်းနှင့် တူညီသော်လည်း အရွယ်အစားနှင့်လက်ရာတို့မှတဆင့် လက်ရာမြောက်သောပုံစံတစ်ခုဟု သတ်မှတ်နိုင်သည်။

ထို့ထက်ပို၍အရေးကြီးသောကိစ္စမှာ ထိုသံဇွန်းကြီး ထွက်ပေါ်လာချိန်၌ လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏မှော်ရတနာများ တုန်ခါသွားခြင်းပင်။

ကြည့်ရသည်မှာ ထိုအရာများသည် ထိတ်လန့်ကြောက်ရွံ့နေသည့်အလားပင်။

တစ်ခုသိထားရမည်မှာ ထျန်းယုနယ်မြေ၏ နံပါတ်တစ်အင်အားစုဖြစ်သဖြင့် ဤလူများအားလုံးသည် အကြွင်းမဲ့ထိပ်သီးခေါင်းဆောင်များဖြစ်ကာ သူတို့၏မှော်ရတနာများအားလုံးသည် အဆင့်မြင့်မားသော အင်မော်တယ်ရတနာများပင်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ဤသံဇွန်းကြီး၏ရှေ့၌ သူတို့၏မှော်ရတနာများအားလုံး တုန်ခါသွားခဲ့သည်။

"ဒါက...."

ချင်ရီသည် မယုံကြည်မှုများ ပြည့်နှက်နေသောမျက်နှာဖြင့် ချင်လန်ကို ထိတ်လန့်တကြားကြည့်လိုက်သည်။

သူ၏နောက်တွင်ရှိနေသော ချင်နန် ချင်ကျစ်ယွီနှင့်တခြားလူများသည်လည်း သံဇွန်းကြီးကို စူးစိုက်၍ကြည့်နေကြ၏။

"စိတ်မလောကြနဲ့...မင်းတို့ကို ထပ်ပြစရာ ကျန်သေးတယ်"

ချင်လန်က လျှို့ဝှက်ဆန်းကြယ်သောအပြုံးနှင့် နောက်ထပ်သစ်သားသေတ္တာတစ်လုံးအတွင်းမှနေ၍ မီးဖိုချောင်သုံးဓားတစ်လက်ကို ထုတ်ယူလိုက်၏။

ထိုမီးဖိုချောင်သုံးဓား ထွက်ပေါ်လာသောအချိန်၌ မိုးနှင့်မြေ အရောင်ပြောင်းလဲသွားသည်။

လူများအားလုံးသည် ကျောက်ခန်းတစ်ခန်းလုံးအတွင်း၌ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်ကို ခံစားမိလေ၏။

သူတို့ထံတွင်ရှိနေသော လက်နက်များအားလုံးသည် သံဇွန်းကြီး၏ရှေ့၌ သူတို့၏အမြှီးများကို သူတို့၏ပေါင်ကြား၌ ဝှက်ထားသည့်အလား ကြောက်ရွံ့နေကြသည်။သို့ရာတွင် ထိုအရာများသည် မီးဖိုချောင်သုံးဓား၏ရှေ့သို့ ရောက်ရှိချိန်၌ သေချင်ယောင်ဆောင်လိုက်ကြ၏။

"ကောင်းလိုက်တဲ့ဓား..."

"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ ဓားကြီးလဲ"

"ငါတို့မိုးမြေကျွန်းမှာ ဒီလိုအင်မော်တယ်ရတနာမျိုး ရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

ထိုမြင်ကွင်းကိုကြည့်ပြီး လူများအားလုံး တညီတညွတ်တည်း အံ့အားတသင့်အော်ဟစ်လိုက်ကြသည်။

"မင်းတို့ ဒါကို မြင်ကြတယ် မဟုတ်လား"

ချင်လန်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"ဒီရတနာနှစ်ခုက အဲ့ဒီစီနီယာကိုယ်တိုင် ငါ့ရဲ့အဖေကို ပေးသွားခဲ့တာပဲ...ဒီအရာတွေကို ငါ့ရဲ့အဖေက စီနီယာအတွက် ချက်ပြုတ်တဲ့နေရာမှာ အထူးသီးသန့်အသုံးပြုတယ်"

"ဒီအထွတ်အမြတ်ရတနာနှစ်ခုက ငါ့အဖေနဲ့အတူ တစ်ချိန်လုံး ရှိနေခဲ့တယ်...သူက ဒီသံဇွန်းကြီးကနေ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပြီးတော့ သူတော်စင်တစ်ယောက် ဖြစ်လာတယ်...မီးဖိုချောင်သုံးဓားကတော့ ဒီအရာကနေ ထွက်လာတဲ့ မီးပွားလေးတစ်ခုကတင် ထျန်းယုနယ်မြေတစ်ခုလုံးကို ခုတ်ပိုင်းနိုင်တယ်"

"ဒီနေ့ ငါက ဒီအထွတ်အမြတ်ရတနာနှစ်ခုကို မင်းတို့ဆီ တရားဝင်လွှဲပြောင်းပေးမယ်"

ထိုစကားကိုကြားချိန်တွင် မြေပြင်ပေါ်၌ ဒူးထောက်နေသောချင်ရီက ရိုသေလေးစားသောအမူအယာဖြင့် သူ၏လက်နှစ်ဖက်ကိုမြှောက်လိုက်သည်။

"ဒီသံဇွန်းကြီးက မင်းအတွက်ပဲ...မင်းက စာဖိုမှူးတစ်ယောက်ရဲ့တာဝန်ကို ကောင်းကောင်းကြီးထမ်းဆောင်နိုင်မယ်လို့ ငါ မျှော်လင့်တယ်"

ချင်လန်သည် တည်ကြည်လေးနက်သော အမူအယာဖြင့် သံဇွန်းကြီးကို သစ်သားသေတ္တာအတွင်းမှထုတ်ကာ ချင်ရီ၏လက်အတွင်းသို့ ထည့်ပေးလိုက်၏။

Chapter 935

ထိုသံဇွန်းကြီးကိုယူပြီးနောက် ချင်ရီသည် လက်မလွှတ်တော့​ချေ။

သူ၏လက်နှစ်ဖက်ဖြင့် ထိုအရာကို ဆုပ်ကိုင်ထားကာ ကြင်နာစွာပွတ်သပ်နေပြီး သူ၏မျက်လုံးအတွင်း၌ရှိနေသောအရိပ်အယောင်များသည် သူ၏အချစ်ဦးကို ကြည့်နေသည့်အလားပင်။

"ဒီသံဇွန်းကြီးနဲ့ဆိုရင် ငါ့မှာ ပိုပြီးတော့ယုံကြည်ချက်ရှိသွားပြီ"

သူက တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒအပြည့်ဖြင့် ပြောဆိုသည်။

"ဟား ဟား ဟား...အရမ်းကောင်းတယ်"

ချင်လန်သည် ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး ချင်နန်နှင့်ချင်ကျစ်ယွီတို့ကို တဖန်ပြန်၍ ကြည့်လေ၏။

"ငါက အထူးချွန်ဆုံး ဂျူနီယာနှစ်ယောက်ဖြစ်တဲ့ မင်းတို့ကို ဒီဓားပေးလိုက်ပြီ...မင်းတို့နှစ်ယောက်အတူပူးပေါင်းပြီးတော့ ဒီဓားကို ထိန်းသိမ်းရမယ်"

ချင်လန်က အပြုံးနှင့်ပြောဆိုသည်။

"ပထမအချက်အနေနဲ့ မင်းတို့က ချင်မိသားစုရဲ့အနာဂတ်ပဲ...ဒုတိယအချက်ကတော့ မင်းတို့က စီနီယာကိုရှာဖို့ လိုအပ်တယ်....တကယ်လို့ စီနီယာက ငါတို့ချင်မိသားစုကို မမှတ်မိဘူးဆိုရင် မင်းတို့က ဒီဓား သူ့ကိုပြပြီးတော့ မင်းတို့ရဲ့အထောက်အထားကို သက်သေပြရမယ်"

"ဟုတ်ကဲ့ပါ ဘိုးဘေး"

ထိုစကားကိုကြားချိန်တွင် ချင်နန်နှင့်ချင်ကျစ်ယွီတို့သည် မြေပြင်ပေါ်၌ဒူးထောက်ကာ စိတ်အားတက်ကြွနေကြသည်။ဤသည်မှာ သူတို့၏ခန္ဓာကိုယ်များအတွင်းသို့ ကြက်သွေးများထိုးသွင်းထားသည့်အလားပင်။

ဤဓားကို သူတို့ထိန်းသိမ်းရန်အတွက် ပေးမည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။ဤသည်မှာ အမှန်တကယ်ကို အလွန်ကြီးမားသော ချီးမြှောက်မှုပင်။

"ကောင်းပြီလေ....မင်းတို့အားလုံး ပြန်သွားပြီးတော့ အစီအစဉ်တွေ လုပ်ကြတော့"

ချင်လန်သည် အပြုံးနှင့်ပြောဆိုလိုက်၏။

"ဟုတ်ကဲ့ပါ ဘိုးဘေး"

လူများအားလုံးသည် တညီတညွတ်တည်း တုံ့ပြန်လိုက်ကြပြီနောက် ထွက်ခွာခဲ့ကြတော့သည်။

မကြာမီမှာပင် မိုးမြေကျွန်းတကျွန်းလုံးအား အကြီးဆုံးသန့်ရှင်းရေးလုပ်ခြင်းကို စတင်လိုက်ကြကာ နေရာအနှံ့အပြား၌ အမှိုက်တစ်စပင် မရှိတော့ချေ။ထျန်းယုနယ်မြေ၏အရပ်ဒေသအသီးသီးမှ အစားအစာများသည်လည်း မိုးမြေကျွန်းသို့ ရောက်ရှိလာသည်။မီးအိမ်များနှင့်အလှဆင်ပစ္စည်းများကို နေရာအနှံ့အပြား၌ချိတ်ဆွဲထားကာ နှစ်သစ်ကိုရောက်ရှိနေသည့်အလားပင်။

တစ်ချိန်တည်းမှာပင် အလံနီလွှင့်ထူထားသော သင်္ဘောကြီးများသည် သူတို့၏တာဝန်များကိုဆောင်ရွက်ရန်အတွက် မိုးမြေကျွန်းမှ ထွက်ခွာသွားခဲ့သည်။

ထိုအချိန်မှာပင်...

တိမ်တိုက်များအကြား၌

အပြာရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးတယောက်၏ဆံပင်များ လူးလွန့်နေကာ သူမ၏လက်နှစ်ဖက်ကိုနောက်ပစ်ပြီး မတ်တတ်ရပ်နေသည်။

ဤအချိန်အခိုက်အတန့်တွင် သင်္ဘောကြီးတစ်စင်းသည် မိုးကောင်းကင်ယံမှနေ၍ တဟုန်ထိုးပျံသန်းလာပေ၏။

ထိုသင်္ဘောကြီး၏ကုန်းပတ်ပေါ်တွင် လူအမြောက်အများ မတ်တတ်ရပ်နေသည်။

မိန်းကလေးကိုမြင်တွေ့ချိန်၌ ထိုလူများအားလုံး ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်ကြ၏။

"စီနီယာအစ်မကို အရိုအသေပြုပါတယ်"

"အင်း..."

အပြာရောင်ဝတ်စုံဝတ်အမျိုးသမီးသည် ခေါင်းညိတ်ပြပြီးနောက် သူမ၏မျက်လုံးကိုစုံမှိတ်ပြီး ဆက်လက်၍အနားယူလိုက်သည်။

တခြားလူများသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ သူမအား အနှောင့်အယှက်မပြုချေ။ထိုအစား သူတို့သည် လေဟာနယ်သင်္ဘောပျံကို သိမ်းဆည်းကာ လေထုအတွင်း၌ ပလ္လင်ခွေထိုင်လိုက်ကြ၏။

နောက်ထပ်ရက်အနည်းငယ်ကြာပြီးနောက်...

လူတချို့သည် နဂါးများကိုစီးနင်း၍ ရောက်ရှိလာကာ တချို့ကမူ ဖီးနစ်များကို စီးနင်းလာကြသည်။

ဤနေရာတွင် လူခုနစ်ဆယ်ရှစ်ဆယ်ခန့် ရှိနေလေပြီ။

"အခုထိ ဘယ်သူတွေ မရောက်သေးတာလဲ"

ထိုအချိန်မှာပင် ခေါင်းဆောင်အပြာရောင်ဝတ်စုံဝတ်မိန်းကလေးက သူမ၏မျက်လုံးကိုဖွင့်ပြီး မေးမြန်းလေသည်။

"စီနီယာအစ်မ....နံပါတ်ခုနစ်ဆယ့်ငါးဂျူနီယာမောင်လေးနဲ့ နံပါတ်ခြောက်ဆယ့်သုံးဂျူနီယာညီမလေးတို့အပြင်....နံပါတ်ရှစ်ဆယ့်ငါးနောက်မှာရှိနေတဲ့ ဂျူနီယာမောင်လေးညီမလေးတွေက ခုထိမရောက်ကြသေးဘူး"

သားရဲတစ်စုခြံရံ၍ လျှောက်လှမ်းလာသော ကျားကျားချင်က ပြောဆိုသည်။

ဤအုပ်စု၏ခေါင်းဆောင် အပြာရောင်ဝတ်စုံဝတ်မိန်းကလေးသည် စုယွင်ယွင်ပင်။

"အင်း...."

စုယွင်ယွင်က ခေါင်းညိတ်လိုက်သည်။

"စကားမစပ် အကြီးဆုံးစီနီယာအစ်ကိုလည်း မရောက်သေးဘူး"

ကျားကျားချင်က ထပ်မံ၍ပြောဆိုသည်။

"အစ်ကိုကြီးက ဆရာကြီးရဲ့အချစ်ဆုံးတပည့်ဖြစ်ပြီးတော့ ဆရာကြီးရဲ့နောက်ကို အချိန်အကြာဆုံးလိုက်ခဲ့တဲ့လူပဲ"

စုယွင်ယွင်က ပြောဆိုလေ၏။

"စီနီယာအစ်ကိုကြီးရဲ့ပခုံးပေါ်မှာ တခြားတာဝန်တွေ ရှိနေနိုင်တယ်...ဒါကြောင့် စီနီယာအစ်ကိုကြီးက ချွင်းချက်ပဲ...ငါတို့က သူနဲ့ပတ်သက်ပြီးတော့ ဘာမှစိတ်ပူနေဖို့မလိုဘူး"

"ဒါက အမှန်ပဲ...."

ကျားကျားချင်သည် ခေါင်းညိတ်လိုက်ပြီးနောက် တစ်စုံတစ်ခုကို အမှတ်ရသွားသဖြင့်ထပ်မံပြောဆိုသည်။

"​အော် ဒါနဲ့...စီနီယာအစ်ကိုဝူချန်အန်းလည်း ကျန်သေးတယ်"

"စီနီယာအစ်ကို ဝူချန်အန်းလား...."

သူမသည် အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ဆက်လက်၍ပြောဆိုလိုက်၏။

"စီနီယာအစ်ကိုဝူချန်အန်းက ငါတို့ဂိုဏ်းတူမောင်နှမတွေကြားမှာ အစ်ကိုကြီးကလွဲပြီးတော့ ငါ ထွင်းဖောက်မမြင်နိုင်တဲ့ တစ်ယောက်တည်းသောလူပဲ....သူက ငါတို့ထက်ပိုပြီးတော့ ဆရာကြီးနဲ့အဆက်အသွယ်ရှိတယ်...ဒါကြောင့် သူ့ကိုလည်း ငါတို့ရဲ့အကြီးဆုံးစီနီယာအကိုလိုပဲ ချွင်းချက်ထားရမယ်"

"ဟုတ်ကဲ့"

ကျားကျားချင်က ခေါင်းညိတ်လေသည်။

အချိန်တစ်ခဏကြာခန့်စောင့်ဆိုင်းပြီးနောက် စုယွင်ယွင်သည် စိတ်ရှည်မှုပျောက်ဆုံးသွားပုံရကာ ပြောဆိုလိုက်သည်။

"ဖြစ်နိုင်တာတော့ တခြားဂျူနီယာမောင်လေးညီမလေးတွေက အဝေးတစ်နေရာကို ရောက်နေတာပဲဖြစ်မယ်....သူတို့က တစ်ရက်နှစ်ရက်အတွင်း ဒီနေရာဆီ ရောက်မလာနိုင်မှာကို ငါ စိုးရိမ်မိတယ်....ဒါကြောင့် အခု သူတို့ကို ငါ ဘေးဖယ်ထားလိုက်တော့မယ်"

"ငါ နင်တို့ကို ဒီတစ်ကြိမ်ခေါ်လိုက်ရတဲ့အကြောင်းအရင်းက နင်တို့ကို မေးစရာတစ်ခုရှိနေလို့ပဲ"

အချိန်တစ်ခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် စုယွင်ယွင်က မေးမြန်းသည်။

"လွန်ခဲ့တဲ့လအတွင်းမှာ ငါ ကျင့်ကြံခြင်းအခြေအနေကို ဝင်ရောက်နေတုန်း ငါ့ရဲ့စိတ်ထဲမှာ ပုံရိပ်တစ်ခု အလိုအလျောက်ထွက်ပေါ်လာခဲ့တယ်"

"အဲ့ဒီပုံရိပ်မှာ ဂျူနီယာမောင်လေးဝူထျန်းကလွဲပြီးတော့ ငါတို့တွေအားလုံးက ကြီးမားတဲ့ခန်းမတစ်ခုထဲမှာ ပလ္လင်ခွေထိုင်နေကြတယ်"

"မင်းတို့လည်း တူညီတဲ့ကိစ္စမျိုးကို ကြုံတွေ့ရလားဆိုတာ ငါ သိချင်တယ်"

စုယွင်ယွင်၏စကား အဆုံးသတ်သွားသည်နှင့် ဂိုဏ်းသူတပည့်များအကြားတွင် အနည်းငယ်ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

"စီနီယာအစ်မ...ငါလည်း ဖြစ်ခဲ့တယ်...ငါက အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းကို မေးတော့မလို့ပဲ"

ရှောင်ကျန်းက ပျာပျာသလဲပြောဆိုသည်။

"ငါလည်း တကြိမ်ကြုံတွေ့ခဲ့ဖူးတယ်"

ချီယီထုက တုံ့ပြန်သည်။

"အမှန်ပဲ...ငါလည်း အတူတူပဲ..."

"ငါလည်း မြင်ခဲ့တယ်"

"ငါ့ရဲ့စိတ်ထဲမှာလည်း တထပ်တည်းတူတဲ့ ပုံရိပ်မျိုး ထွက်ပေါ်လာခဲ့ဖူးတယ်"

ဤအချိန်အခိုက်အတန့်၌ ဂိုဏ်းတူမောင်နှမများအားလုံး တုံ့ပြန်လိုက်ကြသည်။

ဤကိစ္စကို စာရင်းကောက်ပြီးနောက် ဝူထျန်းမှလွဲ၍ တခြားဂိုဏ်းတူမောင်နှမများအားလုံးသည် တူညီသောမြင်ကွင်းကို မြင်တွေ့ခဲ့ရကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

"ဒါက အမှန်ပဲ..."

စုယွင်ယွင်က စဉ်းစားတွေးတောပြီးနောက် ပြောဆိုသည်။

"ငါက အဲ့ဒီပုံရိပ်ထဲက မြင်ကွင်းကို အရင်က တကယ်ဖြစ်ပျက်ခဲ့ဖူးတယ်လို့ ဝိုးတဝါးခံစားချက်တစ်ခု ရနေတယ်....ဒါက ငါတို့ဂိုဏ်းတူမောင်နှမတွေအားလုံး အချင်းချင်းသိကျွမ်းနေတာ အချိန်အတော်ကြာနေခဲ့သလိုပဲ"

"အမှန်ပဲ...."

"ငါလည်း အဲ့ဒီလို ခံစားရတယ်"

"စီနီယာအစ်မပြောတာ လုံးဝမှန်တယ်...ငါလည်း အဲ့ဒီလိုမျိုး တွေးမိတယ်"

လူများအားလုံး ခေါင်းညိတ်လိုက်ကြသည်။

"ကြည့်ရတာတော့ ဆရာကြီးကြောင့် ငါတို့ရဲ့ကံကြမ္မာတွေက အတူတကွ ချိတ်ဆက်နေခဲ့တဲ့ပုံပဲ....ငါတို့တွေအားလုံး ဆရာကြီးရဲ့တပည့်တွေဖြစ်လာတာက ကံကောင်းမှုတစ်ခုတည်းကြောင့် မဟုတ်နိုင်ဘူး"

စုယွင်ယွင်က သူမ၏ခေါင်းကို အနည်းငယ်မော့ပြီး တည်ကြည်လေးနက်စွာပြောဆိုသည်။

"ဒါမှမဟုတ်ရင် ငါတို့က ဆရာကြီးရွေးချယ်ထားတဲ့ လူတွေပဲ"

ထိုစကားကိုကြားချိန်၌ လူများအားလုံး အလွန်စိတ်လှုပ်ရှားသွားသည်။

အကြောင်းအရင်းမှာ သူတို့သည်ဆရာကြီး၏တပည့်များဖြစ်လာသည်မှာ သူတို့၏ထူးချွန်မူကြောင့် မဟုတ်ဘဲ ကံကောင်းမှုတွေကြောင့်ဟု သူတို့အားလုံး ယုံကြည်ထားသောကြောင့်ပင်။

မည်သို့ပင်ဆိုစေကာမူ ဝက်တစ်ကောင်ပင်လျှင် ဆရာကြီး၏တပည့်ဖြစ်လာပါက မွန်းစတားတစ်ကောင်အဖြစ်ပြောင်းလဲသွားကာ ဝက်ကမ္ဘာလောကကို လွှမ်းမိုးအုပ်ချုပ်နိုင်ပေမည်။

သို့ရာတွင် စုယွင်ယွင်ပြောသောစကားများ အမှန်ဖြစ်ကာ သူတို့သည် ဆရာကြီး၏ရွေးချယ်ခံများဖြစ်ပါက သူတို့ကံကြမ္မာကောင်းရုံသက်သက် ရိုးရှင်းမှုရှိမည် မဟုတ်ချေ။

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မောင်နှမတွေအားလုံးက ဆရာကြီးကို အရှက်ရအောင် မလုပ်သင့်ဘူးလို့ ငါ ထင်တယ်"

စုယွင်ယွင်သည် တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"ဒါက မင်းတို့အားလုံးကို ဒီနေရာမှာ ငါ စုဝေးခိုင်းရတဲ့ ဒုတိယရည်ရွယ်ချက်ပဲ"

လူများအားလုံး၏မျက်လုံးအကြည့်များ စုယွင်ယွင်ထံသို့ အခိုင်အမာကျရောက်နေသည်။

စုယွင်ယွင်က ဆက်လက်၍ပြောဆိုသည်။

"ငါက ငါ့ကို ဘာလို့ ဆရာကြီးက တပည့်အဖြစ်လက်ခံလိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အမြဲသိချင်နေမိတယ်"

"ငါတို့အားလုံးကို သူ့ရဲ့တပည့်အဖြစ် ဘာလို့လက်ခံခဲ့တာလဲ"

"သူ့ရဲ့အမွေအနှစ်ကို ဆက်ခံဖို့လား"

"ဆရာကြီးက မြစ်တွေအများကြီး စီးဝင်နေတဲ့ ပင်လယ်တစ်စီးနဲ့ တူတယ်...တကယ်လို့ ငါတို့က မြစ်လက်တက်လေးတစ်ခုကို ရွေးချယ်လိုက်ရင်တောင် ငါတို့ရဲ့ကြွင်းကျန်တဲ့ဘဝမှာ အသုံးပြုဖို့အတွက် လုံလောက်နေပြီ...ဘယ်သူက သူ့ရဲ့အမွေအနှစ်ကိုဆက်ခံဖို့ အရည်အချင်း​ပြည့်မီမှာလဲ"

"ဒါကြောင့် ငါတို့ရဲ့တည်ရှိနေမှုက တိုက်ဆိုင်မှုသက်သက်မဟုတ်ဘဲနဲ့ ငါတို့မှာ တာဝန်တစ်ခုရှိနေနိုင်တယ်လို့ ငါ အတပ်ပြောနိုင်တယ်"

"အခုလက်တလောအချိန်မှာ ငါ့ရဲ့စိတ်ထဲမှာ ထွက်ပေါ်တဲ့ပုံရိပ်တွေက အကြိမ်ရေစိတ်လာတာကြောင့် ငါ့ရဲ့အတွေးတွေကို ပိုပြီးခိုင်မာသွားစေခဲ့တယ်"

ဂိုဏ်းတူတပည့်များသည် အာရုံစူးစိုက်၍နားထောင်လိုက်ကြပြီးနောက် သူတို့၏မျက်နှာများပေါ်တွင် စဉ်းစားတွေးတောနေသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

"နင်တို့အားလုံး ဆရာကြီး ကစားချင်တဲ့ ကျားကစားပွဲကို သိကြလား"

စုယွင်ယွင်က ထပ်မံ၍မေးမြန်းသည်။

"ငါတို့ရဲ့တာဝန်က ဘာဖြစ်မယ်လို့ မင်း ထင်လဲ"

ဂိုဏ်းတူတပည့်တစ်ယောက်က မေးမြန်းလေ၏။

"ဆရာကြီးရဲ့ကျားကစားပွဲက ဘာလဲ"

စုယွင်ယွင်သညိ တိုက်ရိုက်အဖြေပေးခြင်းမပြုဘဲ ထပ်မံ၍မေးမြန်းသည်။

"ငါတို့မိုးမြေကျွန်းရဲ့စာကြည့်တိုက်မှာ အချိန်အကြာကြီး နေခဲ့တာကို နင်တို့ မှတ်မိလား"

"မိုးမြေဂိုဏ်းရဲ့ကျမ်းစာဆောင်မှာရှိတဲ့ ကျောက်စိမ်းပြားတွေထဲမှာ မရေမတွက်နိုင်တဲ့ပုံရိပ်ယောင်မြင်ကွင်းတွေရှိနေတာကို နင်တို့ မှတ်မိလား"

"ငါတို့ဂိုဏ်းတူမောင်နှမတွေက အဲ့ဒီစာကြည့်ဆောင်ထဲမှနေရင်းနဲ့ ကျောက်စိမ်းပြားတွေကနေတဆင့် ငါတို့ရဲ့ကိုယ်ပိုင်လမ်းကြောင်းတွေကို ရှာတွေ့ခဲ့ကြတယ် မဟုတ်လား"

စုယွင်ယွင်သည် ကျယ်လောင်စွာမေးမြန်းရင်း သူမ၏အသံတွင် စိတ်ခံစားချက်များ ရောယှက်စပြုလာသည်။

"စီနီယာအစ်မ...နင် ဘာကို ဆိုလိုချင်တာလဲဆိုတာ ငါတို့ နားမလည်ဘူး...ကျေးဇူးပြုပြီးတော့ ငါတို့ကို ရှင်းပြပေးပါလား"

ကျားကျားချင်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။

"အဲဒီစာအုပ်တွေထဲက ကမ္ဘာလောကနဲ့ ကျောက်စိမ်းပြားတွေထဲက လူနေမှုဘဝကို ငါတို့အားလုံး နားမလည်ကြဘူး မဟုတ်လား...ဒါက ဆရာကြီးကစားချင်တဲ့ ကျားကစားပွဲ ဖြစ်နိုင်တယ်မဟုတ်လား"

စုယွင်ယွင်သည် သူမ၏ဂိုဏ်းတူမောင်နှမများကိုကြည့်ပြီး စကားတစ်လုံးခြင်း ပြောဆိုလိုက်၏။

All Chapters