← Chapters

နှစ်ယောက်ကြား ယှဥ်ပြိုင်ခြင်း

Vol. 8 Ch. 111

နှစ်ယောက်ကြား ယှဥ်ပြိုင်ခြင်း

Vol. 8 Ch. 111

"ရှောင်ယွီ....ဒါက ဘာတွေဖြစ်နေတာလဲ...."

ယုရှောင်ယွီ အော့အန်ပြီးသွားချိန်၌ မိုယန်ရွှယ်၏မျက်နှာသည် သူမ၏စိတ်ရှုပ်ထွေးမှုကို ချုပ်တည်းထားရသဖြင့် နီမြန်းနေပေ၏။

ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ပြောင်းလဲခြင်းသည် အများဆုံးအားဖြင့် လေ့ကျင့်မရနိုင်ခြင်း သို့မဟုတ် စွမ်းအားစီးဆင်းမှု မမှန်ကန်ခြင်းသာ ဖြစ်စေသည်။ သို့ရာတွင် ဤကဲ့သို့ အော့အန်သည်အထိ ဖြစ်သွားသည်ကိုမူ သူမ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

ယုရှောင်ယွီသည် အသက်ပြင်းပြင်းရှိုက်ပြီး အနည်းငယ်သက်သာသွားချိန်၌ သူမက မိုယန်ရွှယ်ကိုကြည့်ပြီး ပြောဆိုသည်။

"နင့်ရဲ့မှတ်စုထဲမှာ ရေးထားတဲ့ ကျင့်ကြံခြင်းနည်းစနစ်က... ညံ့ဖျင်းတယ်..ရှုပ်ထွေးတယ်.. စနစ်မကျဘူး...ဒါကို ကျောင်းအုပ်ကြီးလုက တကယ်သင်ပေးခဲ့တာ သေချာလို့လား..."

"လုံးဝသေချာတယ်... ငါကိုယ်တိုင်တောင် အဲ့ဒီနည်းစနစ်နဲ့ လေ့ကျင့်ခဲ့တာပဲ"

မိုယန်ရွှယ်က ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် အံ့အားသင့်သွားသည်။

"နေဦး.. ညံ့ဖျင်းတယ်..ရှုပ်ထွေးတယ်.. စနစ်မကျဘူး ဟုတ်လား... နင် ဘာကိုဆိုလိုတာလဲ..."

"ဆရာကျန်းသင်ပေးတဲ့ နည်းစနစ်နဲ့ ယှဉ်လိုက်ရင်တော့ အဲ့ဒီအတိုင်းပဲ"

ယုရှောင်ယွီက ခေါင်းညိတ်လိုက်သည်။

'တစ်ယောက်ယောက်က အကောင်းစားအစားအစာတွေကို မမြည်းစမ်းဖူးဘူးဆိုရင် သနပ်ချဉ်တို့ ပေါင်မုန့်ခြောက်တို့နဲ့လည်း ဗိုက်ဖြည့်လို့ရတာပဲ...ဒါပေမဲ့ အကောင်းစားကို စားဖူးသွားရင်တော့ နောက်တစ်မျိုးကို စားရတာ အော့အန်ချင်စရာဖြစ်သွားတာ မဆန်းဘူး'

စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်အတွက် နည်းစနစ်နှစ်ခုသည် မည်သည်ကြောင့် ဤမျှထိ ကွာခြားရသနည်း...

"ဘာလဲ....နင်က ကျန်းရွှမ်သင်ပေးတဲ့ နည်းစနစ်ကို ကျောင်းအုပ်ကြီးလုသင်ပေးတဲ့ နည်းစနစ်နဲ့ နှိုင်းယှဉ်နေတာလား....နင် နောက်နေတာလား... အဲ့ဒီကောင်က အရင်က ငါ့ရဲ့မြင်းထိန်းပဲ...သူ့မှာ ဘာအရည်အချင်းရှိလို့ ကျောင်းအုပ်ကြီးနဲ့ သွားယှဉ်ရတာလဲ.."

သူမ၏သူငယ်ချင်း မည်သည့်အရာအား ဆိုလိုသည်ကို နောက်ဆုံး၌ နားလည်သွားသဖြင့် မိုယန်ရွှယ်၏မျက်နှာ သုန်မှုန်သွားသည်။

"ငါလည်း မယှဉ်ချင်ပါဘူး...ဒါပေမဲ့ အမှန်တရားက ဒီအတိုင်းပဲဖြစ်နေတာ..."

ယုရှောင်ယွီ၏မျက်နှာ နီမြန်းနေပြီး ရှက်ရွံ့စွာ ဖြင့် ပြောဆိုလိုက်သည်။

ဟုန်ရီပေးခဲ့သော မှတ်စုများတွင် ဆရာကျန်း၏ သင်ကြားမှုများမှ နှစ်ဆယ် သို့မဟုတ် သုံးဆယ်ရာခိုင်နှုန်းခန့်သာ ပါဝင်သော်လည်း သူမသူငယ်ချင်း၏မှတ်စုများထက် များစွာသာလွန်နေဆဲပင်။ ထိုအရာနှစ်ခုသည် အဆင့်တူတွင် ရှိမနေချေ။

ယုရှောင်ယွီသည် ကျင့်ကြံသည်မှာ မကြာသေးသဖြင့် ကျင့်ကြံခြင်းနည်းစနစ်များ၏ အရည်အသွေးကို အကဲဖြတ်ရာတွင် ကျွမ်းကျင်မှုမရှိသော်လည်း မည်သည့်နည်းစနစ်က ပို၍ကောင်းသည်ကိုမူ သူမ ခွဲခြားသိမြင်နိုင်သည်။

"ကောင်းပြီလေ.... နင်က ကျန်းရွှမ် သင်ပေးတဲ့နည်းစနစ်က ပိုကောင်းတယ်လို့ ပြောမှတော့ နင် တစ်ညကျင့်ကြံပြီးတဲ့နောက်မှာ နင့်ရဲ့ခွန်အား ဘယ်လောက် တိုးလာလဲဆိုတာ ငါ့ကို ပြောစမ်း..."

မိုယန်ရွှယ်က တောင်းဆိုလိုက်သည်။

"အဲ့ဒါက... ခွန်အားတိုင်းတဲ့ဝင်္ကပါမရှိတော့ ငါလည်း သိပ်မသေချာဘူး..."

ယုရှောင်ယွီက ခေါင်းခါပြလေ၏။

"မသေချာဘူး ဟုတ်လား...ဒါဆို နင့်ရဲ့တိုးတက်မှုက သိပ်မသိသာဘူးပေါ့..."

မိုယန်ရွှယ်က မှန်းဆလိုက်သည်။

"တိုးတက်မှုက သိပ်မသိသာဘူးဆိုရင် မနေ့က ဆရာကျန်းရဲ့ လိုအပ်ချက်တွေကို ငါမပြည့်မီနိုင်တော့ဘူး...ဒုက္ခပဲ..."

သူမသူငယ်ချင်း၏စကားကို ကြားချိန်တွင် ယုရှောင်ယွီ စတင်၍ထိတ်လန့်လာသည်။

ဆရာကျန်းက သူမကို သတ်မှတ်ထားသော လိုအပ်ချက်များပါသည့် ပိုးထည်အိတ်တစ်လုံး ပေးခဲ့သည်။ အကယ်၍ သူမ ယနေ့တွင် ထိုလိုအပ်ချက်များကို မပြည့်မီပါက သူ၏တပည့်အဖြစ် ဆက်နေခွင့်ရတော့မည် မဟုတ်ချေ။

စိုးရိမ်တကြီးဖြင့် သူမသည် ပိုးထည်အိတ်ကို အမြန်ထုတ်ယူပြီး ညင်သာစွာ ဖွင့်လိုက်သည်။ ထိုပိုးထည်အိတ်အတွင်းရှိ စာရွက်ပေါ်၌ စာကြောင်းတချို့ကို ရေးသားထားလေ၏။

'မင်းရဲ့ခွန်အားကို မြင်းကောင်ရေ တစ်ဒဿမနှစ်ရောက်အောင် မြှင့်တင့်ပါ..ဒါဆိုရင် မင်းက ငါ့ရဲ့တပည့် ဖြစ်လာနိုင်ပြီ'

"မြင်းကောင်ရေအား တစ်ဒဿမနှစ်လား...ဒီကျန်းရွှမ်က အိပ်မက်မက်နေတာလား...."

မိုယန်ရွှယ်က ထိုစာရွက်ကိုကြည့်ပြီး မနေနိုင်တော့ဘဲ လှောင်ပြောင်ရယ်မောလိုက်သည်။

"နင့်ရဲ့ခွန်အားက ငါ့လိုပဲ သုညဒဿမလေးငါးလောက်ရှိရင်တောင် တစ်ညတည်းနဲ့ သုညဒဿမငါးကို ရောက်ရင် အံ့အားသင့်စရာကောင်းနေပြီ... ဒါကို အဖြူရောင်ကျောက်တုံးမြို့မှာ နှစ်တစ်ရာအတွင်း အကောင်းဆုံးလို့တောင် သတ်မှတ်နိုင်တယ်...ဒါပေမဲ့ တစ်ဒဿမနှစ်ဆိုတာ... ခွန်အား တစ်ရာခြောက်ဆယ့်ခုနစ်ရာခိုင်နှုန်း တိုးလာတာပဲ...နင် ဒါကို ဖြစ်နိုင်မယ်လို့ ထင်လား..."

"အဲဒါက..."

ယုရှောင်ယွီ၏မျက်နှာ ပို၍နီမြန်းသွားပြီး တွေဝေတုံ့ဆိုင်းနေသည်။

"ငါ မနေ့က အတန်းပြီးပြီးချင်း မြင်းကောင်ရေအား သုညဒဿမငါးကို ရောက်သွားပြီ... ပြီးတော့... ငါက အတန်းထဲမှာ အာရုံတောင်မစိုက်ခဲ့ဘူး..."

"....."

မိုယန်ရွှယ် ကြက်သေသေသွားသည်။

သူမသည် တစ်ညလုံးလေ့ကျင့်ပြီး ဆံပင်များပင် ဆွဲနှုတ်မိလုမတတ် ကြိုးစားခဲ့သည့်တိုင် မြင်းကောင်ရေ ၀.၄၅ မှ ၀.၄၉သို့သာ တိုးလာခဲ့သည်။

'နင်က အာရုံတောင်မစိုက်ဘဲ မြင်းကောင်ရေအား ၀.၅ ရောက်သွားတယ်လို့ ပြောနေတာလား...'

"ဒါ မဖြစ်နိုင်ဘူး...လုံးဝမဖြစ်နိုင်ဘူး..."

မိုယန်ရွှယ်က အသည်းအသန် ခေါင်းခါယမ်းလိုက်၏။

"ငါ ဒါကို မနေ့က စမ်းသပ်ကြည့်ပြီးပြီ..."

ယုရှောင်ယွီက အလျင်အမြန် ရှင်းပြသည်။

"ခွန်အားတိုင်းတဲ့ဝင်္ကပါ ပျက်နေတာဖြစ်မှာပေါ့... ဒီလိုလုပ်ရအောင် ငါနဲ့နင် လက်သီးချင်း ထိုးကြည့်ရအောင်...ဒါဆိုရင် ငါက နင့်ရဲ့ခွန်အားကို ချက်ချင်းသိနိုင်လိမ့်မယ်"

မိုယန်ရွှယ်က အကြံပြုသည်။

"ကောင်းပြီလေ..."

ယုရှောင်ယွီသည် စဥ်းစားကြည့်ပြီးနောက်သူမ၏သူငယ်ချင်းပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု တွေးတောပြီး သဘောတူလိုက်၏။

သူမတို့နှစ်ဦး မျက်နှာချင်းဆိုင်၍ မတ်တတ်ရပ်လိုက်ကြသည်။ မိုယန်ရွှယ်က အသက်ပြင်းပြင်းရှိုက်ကာ ယမန်နေ့က သူမ သန့်စင်ခဲ့သော ရင်းမြစ်စွမ်းအားကို သူမ၏သွေးကြောများမှတဆင့် လည်ပတ်စေသည်။ ထို့နောက် သူမ၏လက်သီးကိုဆုပ်ကာ သူမ၏သူငယ်ချင်းထံသို့ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

သူမသည် ယုရှောင်ယွီကို မယုံကြည်၍မဟုတ်ဘဲ သူမ၏သူငယ်ချင်းသည် အလွန်ရိုးအလွန်းပြီး လှည့်စားခံရနိုင်သည်ဟု သူမ ယုံကြည်ခြင်းကြောင့်ပင်။ ယုရှောင်ယွီကို သင်ခန်းစာတစ်ခုပေးမှသာ ခွန်အားသည် ကြိုးစားအားထုတ်မှုမှ လာပြီး ဖြတ်လမ်းမှ မဟုတ်ကြောင်း သူမ နားလည်သွားမည်ဟု မိုယန်ရွှယ်က တွေးထင်မိသည်။

"သတိထား..."

သူမ၏သူငယ်ချင်း အားအပြည့်သုံးနေသည်ကို မြင်တွေ့ချိန်၌ ယုရှောင်ယွီသည် ပေါ့ဆခြင်းမပြုဝံ့ဘဲ ထိုလက်သီးကိုတားဆီးရန် သူမ၏လက်ကို မြှောက်လိုက်၏။

သူမတို့၏လက်သီးများ ထိခတ်မိသည်နှင့် လေထုအတွင်းတွင် ပြင်းထန်သောအသံတစ်သံ ထွက်ပေါ်လာသည်။ မိုယန်ရွှယ်သည် တုံ့ပြန်ချိန်မရမီမှာပင် သူမသည် နောက်သို့လွင့်ထွက်သွားပြီး ပြတင်းပေါက်ကိုဝင်တိုက်ကာ မီတာအတော်များများအကွာရှိ ခြံဝန်းအတွင်းသို့ ကျသွားသည်။

"ဖူး...."

သူမ၏ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်လာသည်။

"ရွှယ်အာ...နင် အဆင်ပြေရဲ့လား...."

ယုရှောင်ယွီက သူမ၏ ပေါ့ပေါ့ပါးပါးလက်သီးတစ်ချက်သည် ဤမျှအစွမ်းထက်မည်ဟု မမျှော်လင့်မိသဖြင့် သူမသူငယ်ချင်းထံသို့ အပြေးအလွှားသွားလိုက်သည်။

"နင့်ခွန်အားက... ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အားကောင်းနေတာလဲ..."

မိုယန်ရွှယ်၏အမြင်အာရုံ မှုန်ဝါးသွားပြီး သူမထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ထိုလက်သီးချက်မှတဆင့် သူမသည် အမြဲတစေ သူမထက် အားနည်းခဲ့သော ဤမိန်းကလေးသည် ရုတ်တရက် သူမကို ကျော်တက်သွားသည်ကို သိလိုက်ရသည်။

"ငါလည်းမသိဘူး... ငါ မနေ့က နေ့လယ်ကနေ ညနေအထိပဲ လေ့ကျင့်ခဲ့တာ... ဒါပေမဲ့ ငါ အရမ်းပင်ပန်းလို့ ညသန်းခေါင်မတိုင်ခင် အိပ်ပျော်သွားတယ်"

ယုရှောင်ယွီက ရှင်းပြသည်။

"နင် ငါ့ထက် အချိန်လျော့ပြီး လေ့ကျင့်ခဲ့ပေမယ့် နင့်ရဲ့ခွန်အားက ပိုအားကောင်းတယ်... ဆရာကျန်းရဲ့သင်ကြားမှုက တကယ့်ကို ကျောင်းအုပ်လုထက် ပိုကောင်းနေတာလား..."

မိုယန်ရွှယ်သည် ယုံရခက်နေသော်လည်း သက်သေအထောက်အထားသည် သူမ၏ရှေ့တွင် ရှိနေသောကြောင့် ဤကိစ္စကို လက်ခံရုံမှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ချေ။ အချိန်တခဏအကြာတွင် သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။

"တကယ်လို့ ဒါက အမှန်ဆိုရင်တောင် နင့်ခွန်အားက ငါ့ထက် အများကြီးမသာပါဘူး.... ငါ နည်းနည်းကြိုးစားလိုက်ရင် လိုက်မီနိုင်မှာပါ..."

သူမသည် လက်သီးချက်ကြောင့် လွင့်ထွက်သွားသော်လည်း သူမ ခံစားရသော စွမ်းအားအရ ယုရှောင်ယွီ၏ခွန်အားသည် မြင်းကောင်ရေအား ၀.၆ သို့မဟုတ် ၀.၇ ခန့်သာရှိပြီး ထိုထက်မပိုချေ။ သူမသည် ထိုအဆင့်သို့ ယခုချက်ချင်း မရောက်နိုင်သော်လည်း သူမ၏မိသားစုမှ အရင်းအမြစ်များ အလုံအလောက်ရနေသဖြင့် အနည်းငယ် ကြိုးစားအားထုတ်ပါက လိုက်မီနိုင်ပေမည်။

"အဲ့ဒါက..."

သူမသူငယ်ချင်း၏ တီးတိုးစကားကို ကြားချိန်၌ ယုရှောင်ယွီက ရှက်ကိုးရှက်ကန်းဖြင့် ထပ်မံ၍ကြည့်လိုက်သည်။

"ငါ ခုဏက အားတစ်ဝက်ပဲ သုံးခဲ့တယ်လို့ ပြောရင်... နင် ယုံမှာလား..."

"...."

မိုယန်ရွှယ် ကြက်သေသေသွားသည်။

ဤသို့ဖြစ်ပျက်နေစဉ် တခြားတစ်ဖက်တွင် လျှူမင်ယွဲ့သည် ဖူယောင်စွမ်းအင်သိုလှောင်ခြင်းနည်းစနစ်ဖြင့် တစ်နေ့တာလေ့ကျင့်ပြီးနောက် သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

All Chapters