← Chapters

မိန်းကလေးနှစ်ယောက်ကြား ယှဥ်ပြိုင်ခြင်း

Vol. 8 Ch. 113

မိန်းကလေးနှစ်ယောက်ကြား ယှဥ်ပြိုင်ခြင်း

Vol. 8 Ch. 113

တပည့်သည် တပည့်သာဖြစ်ပြီး သူ၏နေရာကို နားမလည်နိုင်လျှင် နောက်ဆုံးတွင် ပြဿနာများ ဖြစ်ပွားလာနိုင်သည်။

"ဟုတ်ကဲ့..."

ယုရှောင်ယွီက သူမ၏သူငယ်ချင်းကို တောင်းပန်သောအကြည့်ဖြင့် ကြည့်လိုက်ပြီး သူမ၏မျက်နှာပေါ်တွင် ရှက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

မိုယန်ရွှယ်၏မျက်နှာ ဖြူဖျော့သွားပြီး ကျန်းရွှမ်သည် ဤမျှထိ ပွင့်လင်းစွာ ပြောဆိုမည်ဟု သူမ မမျှော်လင့်ထားချေ။

အချိန်တခဏအတွင်းတွင် သူမသည် ရက်အနည်းငယ်အကြာက အဖြစ်အပျက်ကို သတိရသွားပေ၏။

ထိုအချိန်က သူသည် မြင်းထိန်းတစ်ယောက်သာဖြစ်ကာ သူမကို စိတ်လှုပ်ရှားစွာ ရှင်းပြနေခဲ့သော်လည်း သူမကမူ စည်းကမ်းများကို လိုက်နာရန် ကြိုးတစ်ချောင်းကို ကောင်းစွာမချည်နှောင်မှုအတွက် သူ၏လစာကို ဖြတ်တောက်ခဲ့သည်။

ထိုအခြေအနေသည် ယနေ့နှင့် မည်မျှထိ တူညီနေသနည်း....

ကွာခြားချက်မှာ အာဏာဟန်ချက်သည် လုံးလုံးလျားလျား ပြောင်းပြန်ဖြစ်သွားခြင်းပင်။

"ရှောင်ယွီ... ငါ အခုသွားတော့မယ်"

ဤနေရာ၌ ဆက်နေရန် အကြောင်းမရှိတော့ကြောင်း သိသောကြောင့် မိုယန်ရွှယ်က နောက်သို့လှည့်ပြီး အခန်းအတွင်းမှ ထွက်သွားသည်။

အတန်းအတွင်းမှ ထွက်ခွာလာစဉ်၌ သူမ၏စိတ်နှလုံးသားအတွင်းတွင် စိတ်မသက်မသာဖြစ်မှုကို ခံစားလိုက်ရသည်။

တစ်ချိန်က သူမ လွယ်လင့်တကူ ထိန်းချုပ်နိုင်ခဲ့သော မြင်းထိန်းသည် ယခုချိန်၌ သူမ၏အိပ်မက်များအတွင်း၌ပင် လက်လှမ်းမမီနိုင်သော အခြေအနေသို့ ရောက်ရှိသွားခဲ့လေပြီ။

သူမသည် မိုမိသားစုမှ ထွက်ခွာပြီးနောက် သူ့ကို သူမဘက်သို့ ခေါ်ဆောင်ရန် အကောင်းဆုံးအခွင့်အရေးကို တစ်ကြိမ်ရခဲ့ဖူးသည်။ သို့ရာတွင် ထိုအခွင့်အရေးသည် ယခုအချိန်၌ သူမအတွက် ထာဝရဆုံးရှုံးသွားလေပြီ။

သူမ၏သူငယ်ချင်း ထွက်သွားသည်ကို မြင်တွေ့သော်လည်း ယုရှောင်ယွီသည် ထိုကိစ္စအပေါ်တွင် စိတ်မဝင်စားဘဲ အခန်း၏ထောင့်ရှိ ခွန်အားတိုင်းဝင်္ကပါကို ကြည့်လိုက်သည်။

"ဆရာ.... ခွန်အားတိုင်းဝင်္ကပါက ဘယ်မှာလဲ..."

အခန်းနံရံတွင် ကပ်ထားခဲ့သော ဝင်္ကပါသည် ယခုအချိန်၌ မမြင်ရတော့ဘဲ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသည့်အလားပင်။

"ဝင်္ကပါက ပျက်စီးသွားပြီ...ဒါကြောင့် လျှူမင်ယွဲ့ ရောက်လာရင် မင်းတို့နှစ်ယောက် လက်သီးချင်း ယှဥ်ထိုးရမယ်...ငါက အဲ့ဒီနည်းနဲ့ မင်းတို့ရဲ့ အစစ်အမှန်ခွန်အားကို ပြောနိုင်လိမ့်မယ်..."

ကျန်းရွှမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ခွန်အားတိုင်းဝင်္ကပါသည် ယမန်နေ့က သူ ကောင်းကင်ဘုံစာကြည့်တိုက်ကို အသက်သွင်းစဉ်၌ သူ၏လက်သီးတစ်ချက်ဖြင့် အမှုန့်ဖြစ်သွားခဲ့ပြီး သူ ပြန်မပြင်ရသေးချေ။ အမှန်အားဖြင့် သူ ထိုကိစ္စကို ဝန်ခံမည်မဟုတ်ချေ။

"သူနဲ့ လက်သီးထိုးရမှာလား.."

ယုရှောင်ယွီသည် အနည်းငယ် စိုးရိမ်ပူပန်သွားပေ၏။

ယမန်နေ့က လျှူမင်ယွဲ့သည် မြင်းကောင်ရေအား ၀.၆ သို့ ရောက်ရှိခဲ့ပြီးဖြစ်ကာသူမသည် ယုရှောင်ယွီထက် အတန်းအတွင်းတွင် ပို၍အာရုံစိုက်ခဲ့သည်။ ယခုအချိန်တွင် သူမသည် ပို၍သန်မာအားကောင်းနေမည်မှာ သေချာပေါက်ပင်။

သူမသည် သူမ၏သူငယ်ချင်းကဲ့သို့ လျှူမင်ယွဲ့၏လက်သီးချက်ဖြင့် နောက်သို့လွင့်စင်သွားလျှင် မည်သို့ ပြုလုပ်ရမည်နည်း...

မိုယန်ရွှယ် ထွက်သွားပြီး မကြာမီမှာပင် လျှူမင်ယွဲ့ ရောက်လာသည်။

"မနေ့က ငါ မင်းတို့တစ်ယောက်ချင်းစီကို ပိုးထည်အိတ်တစ်လုံးစီ ပေးခဲ့တယ်...အခု အဲ့ဒါတွေကို ထုတ်ပေးကြတော့....လိုအပ်ချက်တွေ ပြည့်မီတဲ့သူတွေက နေခဲ့ပြီးတော့ ငါ့ရဲ့သင်ခန်းစာတွေကို ဆက်ပြီးသင်ယူနိုင်တယ်...မပြည့်မီတဲ့လူကတော့ ချက်ချင်းထွက်သွားရမယ်"

သူ၏တပည့်များ စုံလင်သွားပြီကို မြင်တွေ့ချိန်၌ ကျန်းရွှမ်သည် အချိန်မဖြုန်းဘဲ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

"ဟုတ်ကဲ့..."

တပည့်သုံးယောက်သည် သူတို့၏ပိုးထည်အိတ်များကို စားပွဲပေါ်သို့ တင်လိုက်ကြသည်။

ပိုးထည်အိတ်အတွင်းရှိ စာရွက်များကို ဖွင့်ကြည့်ပြီးနောက် ကျန်းရွှမ်က ယုရှောင်ယွီနှင့် လျှူမင်ယွဲ့ကို ကြည့်လိုက်သည်။

"မင်းတို့နှစ်ယောက်က လိုအပ်ချက်အတူတူပဲ... အားအကုန်သုံးပြီး လက်သီးထိုးကြစမ်း...ဘယ်သူက ငါ့ရဲ့အတန်းထဲမှာ ဆက်ပြီးနေနိုင်မလဲဆိုတာ ငါ ဆုံးဖြတ်မယ်...မင်းတို့ မှတ်ထားရမှာက မင်းတို့မှာ အခွင့်အရေးတစ်ကြိမ်ပဲ ရှိတယ်.."

"ဟုတ်ကဲ့..."

လျှူမင်ယွဲ့က ခေါင်းညိတ်ပြီး သူမ၏ ကာလရှည်ပြိုင်ဘက်ဖြစ်ခဲ့သော ယုရှောင်ယွီကို ကြည့်လိုက်သည်။

"ရှောင်ယွီ... သတိထား..ငါက အားမလျှော့ဘူးနော်..."

ဤမိန်းကလေးသည် အမြဲတစေ သူမထက် အနည်းငယ်ပို၍ အရည်အချင်းရှိသော်လည်း မနေ့က အတန်းချိန်အတွင်းတွင် အာရုံမစိုက်ခဲ့ချေ။ ထိုကြောင့် သူမသည် မြင်းကောင်ရေအား ၀.၆ သို့ ရောက်ရှိခဲ့သောကြောင့် ယုရှောင်ယွီထံတွင် မြင်းကောင်ရေအား ၀.၅ခန့်သာ ရှိနေသင့်သည်။ သူမသည် ယုရှောင်ယွီကို အနိုင်ယူရန် ခက်ခဲမည်မဟုတ်ချေ။

"အင်း... ငါ...ငါလည်း အားကုန်သုံးမှာပါ...."

ယုရှောင်ယွီက အံ့တင်းတင်းကြိတ်လိုက်သည်။

သူမသည် ဤသို့ ပြောဆိုသော်လည်း သူမထံတွင် ယုံကြည်ချက်မရှိချေ။

"စကြတော့..."

ကျန်းရွှမ်၏အမိန့်အရ မိန်းကလေးနှစ်ယောက်သည် တပြိုင်နက်တည်း လက်သီးထိုးနှက်လိုက်ကြသည်။

အချိန်တခဏအတွင်းတွင် စွမ်းအားလှိုင်းနှစ်ခုပွင့်အံ့ထွက်လာပြီး လေထုအတွင်း၌ ကျယ်လောင်သောအသံများဖြင့် ပြည့်နှက်သွားပေ၏။

လျှူမင်ယွဲ့သည် သူမ၏သူငယ်ချင်းကဲ့သို့ အားမနည်းမည်ကို သိသောကြောင့် ယုရှောင်ယွီသည်လည်း ပေါ့ဆခြင်းမပြုဝံ့ဘဲ သူမ၏ခွန်အားများအားလုံးကို ထိုလက်သီးချက်ထဲသို့ ထည့်သွင်းလိုက်သည်။

မိန်းကလေးနှစ်ယောက်လုံး အလွန်သန်မာအားကောင်းသည်ကို ခံစားမိချိန်၌ ကျန်းရွှမ်သည် ယမန်နေ့က သူမတို့ ကြိုးစားကျင့်ကြံခဲ့ကြသည်ဟု တွေးထင်ပြီး စိတ်ကျေနပ်သွားသည်။ ထို့နောက် သူသည် သူ၏စိတ်ကို ကောင်းကင်ဘုံစာကြည့်တိုက်ပေါ်တွင် အာရုံစိုက်လိုက်သည်။

"အားနည်းချက်...."

ကောင်းကင်ကံကြမ္မာစွမ်းအင် အမျှင်တန်းအနည်းငယ် လောင်ကျွမ်းသွားပြီးနောက် စာအုပ်နှစ်အုပ်က ရုတ်တရက် သူ၏ရှေ့တွင် ထွက်ပေါ်လာသည်။

ကျန်းရွှမ်သည် သူ၏လက်များကို ထိုစာအုပ်များပေါ်သို့တင်ကာ သူ၏စိတ်ဝိညာဉ်ဖြင့် စာအုပ်များအတွင်းမှ အကြောင်းအရာများကို လွှမ်းခြုံကြည့်ရှုပြီးနောက် သူ၏ မျက်ခုံးများ တွန့်ကွေးသွားသည်။

All Chapters