အခန်း (၇၆-၈၀)
Vol. 6 Ch. 76-80
Chapter 76
အခန်းအတွင်းမှ ထွက်ခဲ့ပြီးနောက် ရီဖုန်းသည် သန့်စင်ခန်းသို့ အပြေးသွားခဲ့သည်။
ဤသည်က အလွန်ကြီးမားသော စိတ်သက်သာရာရမှုပင်။
"အား...."
"ခံစားလို့ အရမ်းကောင်းတာပဲ"
"ငါ ဒီနေ့ ဘာလို့ ဗိုက်ခဏခဏအောင့်နေတာလဲ...ဒီစားသောက်ဆိုင်က အစားအစာတွေ မသန့်ရှင်းလို့ပဲဖြစ်မယ်"
ရီဖုန်းသည် အိမ်သာပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ ညည်းညူလိုက်၏။
သို့ရာတွင် အခန်းအတွင်း၌ ကျန်နေခဲ့သော မိန်းကလေးနှစ်ယောက်၏ မျက်နှာအမူအယာများ ပို၍ပို၍ ပျက်ယွင်းလာသည်။
ဤအချိန်အခိုက်အတန့်တွင် ဆေးနှစ်မျိုး၏ပေါင်းစပ်အာနိသင်သည် သူမတို့၏ခေါင်းများအတွင်းသို့ တရကြမ်းတိုးဝင်နေသည်။ သူမတို့၏ခန္ဓာကိုယ်များ ပို၍ပူပြင်းလာကာ ချွေးများထွက်လာကြ၏။ သူမတို့၏ခြေထောက်များကို ကြမ်းပြင်ပေါ်၌ဆောင့်နင်းကာ သူမတို့၏နူးညံသေးသွယ်သောလက်များဖြင့် စားပွဲကိုကုတ်ခြစ်နေသည်။
"ဆရာရီ...သူ ဘယ်ချိန်ကျမှ ပြန်လာမှာလဲ"
မြောင်ယွင်အာက အံ့တင်းတင်းကြိတ်ကာ ခဲယဥ်းစွာအားယူ၍ မေးမြန်းလိုက်သည်။
"ငါ...ငါလည်း မသိဘူးလေ"
ယောင်လင်းအာသည်လည်း အလွန်မသက်မသာ ခံစားနေရသည်။ ဤဆေးများသည် ကျင့်ကြံသူများနှင့်သေမျိုးများဟု ကွဲပြားမှုမရှိဘဲ သက်ရောက်မှုတူညီပေ၏။ အကယ်၍ မကြာမီအချိန်တွင် သူမ ထွက်ပေါက်တစ်ခု ရှာမတွေ့ပါက သူမ၏ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားတော့မည့်အလား ခံစားနေရသည်။
ထိုအချိန်မှာပင် မြောင်ယွင်အာသည် ရုတ်တရက် သူမထံသို့ ခုန်ဝင်လာကာ သူမကို ရင်ခွင်အတွင်း၌ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။
"ဖယ်...ငါ့နဲ့ဝေးဝေးမှာ နေစမ်း"
ယောင်လင်းအာသည် ဒေါသတကြီး အော်ဟစ်လိုက်၏။ သို့ရာတွင် သူမသည် မြောင်လင်းအာကိုကြည့်ပြီး ထိုစကားများပြောဆိုပြီးသည်နှင့် သူမ၏နီမြန်းသောနုတ်ခမ်းများကို မြောင်ယွင်အာ၏နုတ်ခမ်းနှင့် ဖိကပ်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင်....
မိန်းကလေးနှစ်ယောက်လုံး စိတ်ထက်သန်ပြင်းပြမှုများဖြင့် လောင်ကျွမ်းနေသည်။
"ငါ ပြန်လာပြီ"
နောက်ဆုံး၌ ရီဖုန်းသည် စိတ်အေးလက်အေးဖြင့် သန့်စင်ခန်းမှပြန်လာသည်။ တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် သူသည် ရစ်ပတ်ယှက်နွယ်နေသော ပုံရိပ်နှစ်ခုကို တွေ့မြင်မိသည်။
သူသည် အံ့အားသင့်တုန်လှုပ်သွားကာ နေရာမှာပင် ကြက်သေသေသွားသည်။
"သောက်ပလုပ်တုတ်...."
"လိင်တူချစ်သူတွေလား..."
"နှောက်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်...နှုတ်ဆက်ခဲ့ပါတယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းက နောက်သို့ပြန်လှည့်ကာ ထွက်ခွာခဲ့တော့သည်။
"ဆရာရီ...."
"ဒါက ဆရာရီမြင်သလို မဟုတ်ပါဘူး...ကျွန်မတို့ ရှင်းပြပါရစေအုံး...."
ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင် မိန်းကလေးနှစ်ယောက်၏မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားသည်။ သူမတို့သည် ရီဖုန်း၏နောက်သို့ ပြေးလိုက်၍ ရှင်းပြလိုသော်လည်း သူမတို့၏အာရုံကြောစနစ်များအတွင်း၌ ဆေးအာနိသင်များရှိနေကာ လှုပ်ရှားမှုမလုပ်နိုင်စေရန် ကာကွယ်ဟန့်တားထားလေ၏။ သူမတို့သည် အခန်းတံခါးပိတ်သွားသည်ကို ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်ရုံသာ တတ်နိုင်တော့သည်။
အခန်းအတွင်းမှ ထွက်လာခဲ့ပြီးနောက် ရီဖုန်းသည် စိတ်ရှုပ်ထွေးနေသော အမူအယာဖြင့် သူတို့၏ခေါင်းကို ခါယမ်းလိုက်၏။
ဂုဏ်သိက္ခာကြီးပုံရသော မိန်းကလေးနှစ်ယောက်သည် ပိတ်ထားသောတံခါး၏နောက်ကွယ်၌ ဤကဲ့သို့ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
သူသည် ဤကိစ္စကို လက်သင့်မခံလိုသော်လည်း လက်ခံရတော့ပေမည်။
ရီဖုန်းသည် သူ၏ခေါင်းကိုခါယမ်းပြီး ထိုနေရာမှ ထွက်ခွာခဲ့တော့သည်။ သူ မထွက်ခွာမီအချိန်တွင် တံခါးပေါ်၌ 'မနှောက်ယှက်ရ' ဟူသော ဆိုင်းဘုတ်ကိုချိတ်ခဲ့ရန် မမေ့လျော့ချေ။
ညအချိန်သည် လျှင်မြန်စွာ ကုန်ဆုံးသွားလေပြီ။
ရီဖုန်းသည် အိပ်ရေးဝအောင်အိပ်ရန် အိမ်သို့ပြန်လာခဲ့သည်။ သူသည် ခြံဝန်းအတွင်း၌ ခွေးဖြင့် အချိန်တခဏခန့် ကစားပြီးနောက် နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းလိုက်တော့သည်။
......
"ဖူး...."
ပင်ကျင်းကုန်သည်အဖွဲ့အစည်း၌ ခေါင်းဆောင်နေရာတွင်ထိုင်နေသော မြောင်လင်း၏ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်လာသည်။ သူသည် တုန်ရီနေသောလက်ဖြင့် မြောင်ယွင်အာကို လက်ညှိုးညွှန်ကာ ပြောဆိုလိုက်၏။
"မင်း...မင်းက ရှုံးနိမ့်ခဲ့ရုံတင်မကဘူး...တန်ဖိုးမဖြတ်နိုင်တဲ့ ကြေးနီအပိုင်းအစကိုလည်း ဆုံးရှုံးခဲ့တယ်....အဆုံးသတ်ကျတော့ မိန်းကလေးတစ်ယောက်နဲ့ အိပ်ခဲ့တယ်တဲ့လား"
မြောင်ယွင်အာသည် မြေပြင်ပေါ်၌ ကျုံကျုံထိုင်နေကာ သူမ၏မျက်လုံးများနီမြန်းသည်အထိ ငိုကြွေးနေပြီး သူမ၏ခေါင်းကို အားပျော့စွာဖြင့်ညိတ်လိုက်သည်။
သူမ တစ်ကြိမ်တစ်ခါမျှ စိတ်ကူးပင်မယဥ်ခဲ့ဖူးသည်မှာ သူမ၏ပထမဆုံးအကြိမ်သည်....မိန်းကလေးတစ်ယောက်နှင့် ဖြစ်နေမည်ဟုပင်။
....
"ဘာ...."
တစ်ချိန်တည်းမှာပင် ရွှမ်းဝူဂိုဏ်းအတွင်း၌ နင်ရွှမ်းဝူသည် ဒေါသူပုန်ထနေလေ၏။ သူ့ရှေ့ရှိ ယောင်လင်းအာကို လက်ညှိုးငေါက်ငေါက်ထိုးကာ သူက အက်ရှရှလေသံဖြင့် မေးမြန်းလိုက်သည်။
"ဒီတစ်ကြိမ် မင်းရဲ့တစ်ခုတည်းသော အောင်မြင်မှုက....မိန်းကလေးတစ်ယောက်နဲ့ အတူအိပ်ခဲ့ရုံပဲလို့ မင်း ပြောလိုက်တာလား"
ယောင်လင်းအာ၏မျက်နှာအမူအယာ ရှုပ်ထွေးနေသည်။ သူမသည် သူမ၏နုတ်ခမ်းကိုကိုက်ထားပြီး မြေပြင်ပေါ်၌ ဒူးထောက်နေကာ အသက်ပင်ပြင်းပြင်းမရှုဝံ့ချေ။
"ဒါဆိုရင် ငါ့ရဲ့ ကြယ်အမွှာဓားကရော...."
နင်ရွှမ်းဝူက ထပ်မံ၍ မေးခွန်းထုတ်လိုက်သည်။
"ဆုံးရှုံးသွားပြီ...."
ယောင်လင်းအာ၏အသံသည် ကြားရသည်ဆိုရုံမျှ တိုးညှင်းနေပေ၏။
သူမ ထိုစကားကိုပြောပြီးသည်နှင့် နင်ရွှမ်းဝူသည် သူ၏ထိုင်ခုံပေါ်မှ ပစ်လှဲကျသွားသည်။ သူသည် ဒေါသတကြီးဖြင့် သူ၏လက်ဝါးဖြင့် သူ့ရင်ဘတ်ကိုသူ ထပ်ခါတလဲလဲ ထုရိုက်လိုက်ရာ သူ၏ပါးစပ်မှ သွေးများအန်ထွက်လာသည်။
"စိတ်အေးအေးထားပါ...ဘိုးဘေး...စိတ်အေးအေးထားပါ"
"ဘိုးဘေး...စိတ်လျှော့ပါအုံး"
ထိုမြင်ကွင်းကိုကြည့်ပြီး နင်ရွှမ်းဝူ၏နောက်လိုက်များ တုန်လှုပ်ချောက်ချားသွားသည်။ သူတို့အားလုံး မြေပြင်ပေါ်၌ ဒူးထောက်ကာ အော်ဟစ်လိုက်ကြ၏။
အချိန်အတော်ကြာပြီးနောက် နင်ရွှမ်းဝူသည် နောက်ဆုံး၌ ယောင်လင်းအာကို လက်ညှိုးညွှန်ကာ တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"သွား....ရွှမ်းဝူကမ်းပါးကိုသွားပြီးတော့ မင်းကိုယ်မင်း တစ်နှစ်ပြန်သုံးသပ်စမ်း...တစ်နှစ်မပြည့်မချင်း ထွက်မလာနဲ့"
Chapter 77
ချင်ရှန်းဂိုဏ်း....
"ဆရာသခင်..."
လော့လန်ရွှယ်သည် ရိုသေလေးစားစွာဖြင့် ချင်ရှန်းဘိုးဘေး၏ရှေ့သို့ ရောက်လာကာ နူးညံသိမ်မွေ့စွာ ပြောဆိုသည်။
"နန်ရှားနယ်မြေရဲ့ နံပါတ်တစ်ဆေးပညာရှင် လုသရှန်းက ကျွန်မတို့ချင်ရှန်းဂိုဏ်းကို ရောက်လာတယ်"
"ဘာ..."
ထိုစကားကိုကြားချိန်တွင် ချင်ရှန်းဘိုးဘေးသည် ချက်ချင်းဆိုသလိုပင် မတ်တတ်ထရပ်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်၏။
"ဆရာလု ရောက်လာတား...မင်း ငါ့ကို ဘာလို့ ကြိုပြီးအကြောင်းမကြားတာလဲ"
"ဆရာက တံခါးပိတ်ကျင့်ကြံနေတာကြောင့် ကျွန်မက မနှောက်ယှက်ချင်လို့ပါ"
လော့လန်ရွှယ်က ရှင်းပြသည်။
"ကောင်းပြီလေ...ဆရာလု ဘယ်မှာလဲ...ငါ သူ့ကို သွားတွေ့ရလိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် ချင်ရှန်းဘိုးဘေးသည် ချက်ချင်းထွက်ခွာခဲ့ကာ သူ၏မျက်နှာအမူအယာသည် ပို၍ပို၍ တည်ကြည်လေးနက်စပြုလာသည်။
သူသည် လုသရှန်းကို လျစ်လျှူရှုမထားဝံ့ချေ။
နန်ရှား၏နံပါတ်တစ်ဆေးပညာရှင်ဖြစ်သော လုသရှန်းသည် လေလွင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း အတုမရှိသောနာမည်ဂုဏ်သတင်းရှိသည်။ နန်ရှားနယ်မြေ၏ အဓိကဂိုဏ်းကြီးများနှင့် အခွင့်အာဏာကြီးမားသော မိသားစုများပင်လျှင် သူ့အား အထူးအရေးပေး၍ ဆက်ဆံရသည်။
ဤကဲ့သို့လူစားမျိုးတစ်ယောက်သည် သူ၏ချင်ရှန်းဂိုဏ်းသို့ ရောက်လာခြင်းသည် အကျင့်သီလပြည့်စုံသောဘုန်းတော်ကြီးတစ်ပါး ကြွချီလာသည်နှင့်တူညီနေသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
"ချင်ရှန်းက ဆရာလုကို အရိုအသေပြုပါတယ်"
တံခါး၏ပြင်ပတွင် ချင်ရှန်းသည် ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြု၍ အခန်းအတွင်းသို့ဦးတည်ကာ ပြောဆိုလိုက်သည်။
တံခါးသည် တိတ်တဆိတ် ပွင့်သွားလေ၏။
"ကျေးဇူးပြုပြီးတော့ အထဲကို ဝင်ခဲ့ပါ"
အက်ရှရှအသံတစ်သံကအခန်းအတွင်းမှ ထွက်ပေါ်လာသည်။
လုချင်ရှန်းက အခန်းအတွင်းသို့ ဝင်လိုက်သည်။ အခန်းအတွင်းရှိ မြက်ဖျာပေါ်၌ မီးခိုးရောင်ဝတ်စုံဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက် ထိုင်နေသည်။ အဖိုးအိုသည် သွယ်လျလျမျက်နှာနှင့် ထင်ရှားပြတ်သားသောပါးစပ်တို့ရှိကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ မှုန်မှိုင်းနေသောအရှိန်အဝါတစ်ရပ် ထွက်ပေါ်နေလေ၏။
"ချင်ရှန်းဂိုဏ်းက...တော်တော်လေး မောက်မာတာပါလား"
လုသရှန်းက သူ၏ခေါင်းကို ဖြည်းညှင်းစွာမော့ကာ လေးနက်သောအသံဖြင့် ပြောဆိုသည်။
"ငါ လုသရှန်းကို...မင်း တံခါးပိတ်ကျင့်ကြံရာကနေ ထွက်မလာမချင်း...ဒီနေရာမှာ တစ်လခွဲလောက်ကြာအောင် စောင့်ခိုင်းထားကြတယ်...ဘယ်လောက်တောင် အထင်ကြီးဖို့ကောင်းလိုက်လဲ"
ထိုသရော်တော်တော် စကားလုံးများကြောင့် လုချင်ရှန်း၏မျက်နှာအမူအယာ အနည်းငယ် ပျက်ယွင်းသွားသည်။ သူက ပျာပျာသလဲ ရှင်းပြလိုက်၏။
"ဆရာလု...နားလည်မှုမလွဲပါနဲ့...မင်းရောက်လာတာကို ငါ တကယ်မသိတာပါ...ကျေးဇူးပြုပြီးတော့ မင်းကို ကြိုဆိုဖို့လစ်ဟင်းခဲ့မိတဲ့အတွက် ငါ့ကိုခွင့်လွှက်ပေးပါ"
"ထားလိုက်တော့"
လုသရှန်းက သူ၏လက်ကိုဝှေ့ယမ်းကာ တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"အပယိပကိစ္စတွေကို ကျော်လိုက်ကြစို့...ငါ ဒီနေရာကိုလာတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲရှိတယ်...အခုလက်တလောအချိန်မှာ ငါက နန်ရှားက သိုင်းဧကရာဇ်အဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်အတွက် ပဉ္စမအဆင့်ဆေးလုံးတစ်လုံးကို ဖော်စပ်ဖို့လိုအပ်တယ်....ဒါပေမယ့် ငါ ဒီလိုလုပ်ဖို့အတွက် မင်းတို့ချင်ရှန်းဂိုဏ်းရဲ့မီးပုလဲကို ခဏငှားဖို့လိုအပ်တယ်"
"မီးပုလဲလား"
လုချင်ရှန်း၏မျက်နှာအမူအယာ တောင့်တင်းသွားသည်။
"မင်း ငါ့ကို မီးပုလဲ ခဏငှားဖို့ ဆန္ဒရှိသရွေ့...မင်းကို ငါက မျက်နှာသာပေးရုံတင်မကဘူး...အဲ့ဒီသိုင်းဧကရာဇ်ကလည်း မင်းကို မျက်နှာသာပေးစေရမယ်လို့ ငါ အာမခံတယ်...ဒါက မင်းအတွက် အဖိုးတန်ရှားပါးတဲ့ အခွင့်အရေးကြီးပဲ"
လုသရှန်းက လုချင်ရှန်းကိုကြည့်၍ ဖြည်းညှင်းစွာပြောဆိုသည်။
သို့ရာတွင် လုချင်ရှန်း၏မျက်နှာပေါ်တွင် အခက်တွေ့နေသောအမူအယာများ ပို၍ကြီးထွားလာသည်။ နောက်ဆုံး၌ သူက ဦးညွှတ်အရိုအသေပြုကာ ပြောဆိုလိုက်၏။
"ဆရာလုကို ရိုးရိုးသားသား ပြောရရင်...မင်းရဲ့ကမ်းလှမ်းချက်တွေက တကယ့်ကို ရက်ရောပါပေတယ်...ဒါပေမယ့် အခုလက်ရှိမှာ မီးပုလဲက ချင်ရှန်းဂိုဏ်းမှာ မရှိတော့ဘူး...ငါက ဒါကို တခြားသူတစ်ယောက်ဆီ လက်ဆောင်ပေးလိုက်ပြီ"
"ဘာ..."
လုသရှန်းက မှုန်ကုပ်ကုပ် ကြည့်လေသည်။
"လုချင်ရှန်း...မင်း ငါနဲ့ ကစားနေတာလား...မီးပုလဲက မင်းတို့ချင်ရှန်းဂိုဏ်းရဲ့ အကာအကွယ်ရတနာလေ....အခု မင်းက ဒါကို တခြားသူဆီ လက်ဆောင်ပေးလိုက်ပြီလို့ ပြောနေတာလား"
"ဆရာလု...ဒါက အမှန်ပါပဲ"
လုချင်ရှန်းက ပျာပျာသလဲ ရှင်းပြသည်။
"ဟမ့်....ဒါက အမှန်လားအမှားလားဆိုတာ ငါ ဂရုမစိုက်ဘူး...ငါ့အတွက် မီးပုလဲကိုယူဆောင်လာဖို့ မင်းကို ငါ အချိန်ခုနစ်ရက်ပေးမယ်...တကယ်လို့ မင်း ဒါ့ကို တခြားသူဆီ ပေးလိုက်တယ်ဆိုရင်တောင် ငါ့အတွက် ပြန်ယူလာခဲ့ပါ"
လုသရှန်းက အလျှော့မပေးဘဲ ပြောဆိုသည်။
လုချင်ရှန်း၏မျက်နှာအမူအယာ အလွန်ကိုးရိုးကားရားဖြစ်သွားသည်။
မီးပုလဲသည် သူ ရီဖုန်းကို လက်ဆောင်အဖြစ် ပေးအပ်လိုက်ခြင်းပင်။ ကျေးဇူးရှင်၏လက်အတွင်း၌ ရှိနေသောပစ္စည်းကို မည်သည့်နည်းဖြင့် သူ မျက်နှာပြောင်တိုက်ကာ ပြန်တောင်းရမည်နည်း။
ကျေးဇူးရှင်ကို ဤကဲ့သို့ ကိစ္စငယ်လေးဖြင့် စိတ်မကျေမနပ်ဖြစ်အောင် လုပ်မိပါက သူ့အတွက် ပို၍ကြီးမားသော ပြဿနာများ ဆိုက်ရောက်လာပေမည်။
"ဘယ်လိုလဲ"
လုသရှန်းက မျက်ခုံးပင့်၍ မေးမြန်းသည်။
"ဆရာလု....ဒီကိစ္စက တကယ်မဖြစ်နိုင်မှာကို ငါ စိုးရိမ်မိတယ်"
လုချင်ရှန်းက အခက်တွေ့နေသော အမူအယာနှင့် ပြောဆိုသည်။
"တကယ်လို့ တခြားတောင်းဆိုစရာတစ်ခုခုရှိနေရင်...ငါက ဆရာလုကို ဖြည့်ဆည်းပေးပါ့မယ်...ဒါပေမယ့် ကျေးဇူးပြုပြီး ဒီကိစ္စကိုတော့ ပြန်စဥ်းစားပေးပါ"
လုသရှန်း၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ သူက လုချင်ရှန်းကိုကြည့်၍ ဖြည်းညှင်းစွာ ပြောဆိုလေ၏။
"ရုတ်တရက်ကြီး ငါ အရမ်းသိချင်မိသွားပြီ...မင်း ဒီမီးပုလဲ ဘယ်သူ့ကိုလက်ဆောင်ပေးလိုက်လို့ ဒီလောက်ထိအောင် စိုးရိမ်ပူပန်နေရတာလဲဆိုတာ...."
"ဒါက..."
လုချင်ရှန်းက အားတင်း၍ ပြုံးလိုက်သည်။ သူ၏ပြောဆိုလိုက်သောစကားများတွင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။
"အဲ့ဒီဆရာကြီးက ငါ လုချင်ရှန်း ပေါ့ပေါ့တန်တန် အကဲဖြတ်လို့ရတဲ့ လူမျိုးမဟုတ်ဘူး...ဒါပေမယ့် သူက ငါရဲ့အသက်သခင်ကျေးဇူးရှင်ပဲ...ပြီးတော့ ချင်ရှန်းဂိုဏ်းတစ်ဂိုဏ်းလုံးရဲ့ ကျေးဇူးရှင်လည်းဖြစ်တယ်"
"အော်...."
လုသရှန်း၏မျက်လုံးအတွင်း၌ သရော်တော်တော် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"မင်းက အဲ့ဒီလူအကြောင်းကို ဒီလောက်ထိအမွှန်းတင်နေမှတော့...ငါ လုသရှန်းက အဲ့ဒီဆရာကြီးဆီကိုသွားလည်ဖို့ အရမ်းစိတ်အားထက်သန်နေပြီးတော့..မင်းပြောသလို သူက တကယ်အံ့အားသင့်ဖို့ ကောင်းတဲ့လူလားဆိုတာ ကြည့်ချင်တယ်"
"ဆရာလု...ဒါက မသင့်တော်မှာကို ငါ စိုးရိမ်မိတယ်...အဲ့ဒီဆရာကြီးက သာမာန်ဘဝရဲ့အတွေ့အကြုံကို ယူဖို့အတွက် သေမျိုးလောကထဲကိုရောက်နေတာ...ဒါကြောင့် သူက နှောက်ယှက်ခံရတာကို မနှစ်သက်ဘူး"
လုချင်ရှန်းက ပျာပျာသလဲ ရှင်းပြလေသည်။
"မင်း ဒီလိုပြောလာမှတော့...သူ တွေ့ချင်ချင် မတွေ့ချင်ချင်...ငါ သူကို တွေ့မှရမယ်"
လုသရှန်း၏နုတ်ခမ်းထောင့် မြင့်တက်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏အနီးရှိ စားပွဲတစ်လုံး ချက်ချင်းဆိုသလိုပင် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပေ၏။ အစွမ်းထက်သော ဖိအားအရှိန်အဝါတစ်ရပ်က လုချင်ရှန်းပေါ်သို့ ကျရောက်လာသည်။
လုချင်ရှန်းသည် အံ့တင်းတင်းကြိတ်ထားကာ သူ၏နဖူးမှ ချွေးသီးချွေးပေါက်များ ကျဆင်းလာသော်လည်း သူသည် တင်းခံနေဆဲပင်။
"ဆရာလု...ဒီကိစ္စက တကယ်မဖြစ်နိုင်ဘူး"
"ဟမ့်"
လုချင်ရှန်းက အလွန်ဒေါသထွက်သွားသည်။ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် အခန်းအတွင်းမှထွက်သွားကာ ပြင်ပတွင်စောင့်ဆိုင်းနေသော လော့လန်ရွှယ်၏နံဘေးသို့ ရောက်ရှိသွားသည်။ သူ၏တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါသည် လော့လန်ရွှယ်ကို လွှမ်းခြုံသွားကာ သူ၏လက်ဖြင့် သူမ၏လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်လိုက်၏။
တရကြမ်းပြေးထွက်လာသော လုချင်ရှန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ရပ်လိုက်စမ်း"
"ဟား ဟား ဟား..."
လုသရှန်းက အေးစက်စက် ရယ်မောကာ
"ဒါဆိုရင်လည်း ငါ မင်းကို မေးမယ်....မင်း ဆရာကြီးလို့ခေါ်နေတဲ့ အဲ့ဒီလူနဲ့တွေ့ဖို့ ငါ့ကို ခေါ်သွားမှာလား...ခေါ်မသွားဘူးလား"
ဤတစ်ကြိမ်တွင် လုချင်ရှန်းသည် ကျဥ်းထဲကျပ်ထဲအခြေအနေအတွင်းသို့ ကျရောက်သွားသည်။
"ဟမ့်..."
လုသရှန်း၏ဖမ်းဆုပ်ထားမူ ပို၍တင်းကြပ်သွားကာ သူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"စိတ်အေးအေးထားပါ...ငါက သူ့ဆီကနေ မီးပုလဲကိုပဲ လိုချင်တာ...တခြားဘာရည်ရွယ်ချက်မှ မရှိဘူး"
"ကောင်းပြီ...ကောင်းပြီလေ"
လော့လန်ရွှယ်သည် တစတစ အသက်ရှုပို၍မွန်းကြပ်နေသည်ကိုကြည့်ပြီး ချင်လုရှန်းသည် ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်တော့သည်။
"ဒီကိစ္စ ပြေလည်သွားပြီဆိုမှတော့...ဒီနေရာမှာ ငါလုပ်စရာရှိတဲ့ကိစ္စတွေ ပြီးတာနဲ့...ငါးရက်အတွင်းမှာ ငါ သူနဲ့တွေ့ဖို့ မင်း ခေါ်သွားပေးရမယ်"
လုသရှန်းက ထပ်မံ၍ အေးစက်စက်ရယ်မောပြီးနောက် လော့လန်ရွှယ်၏လည်ပင်းကို ဖမ်းဆုပ်ထားသောလက်အား လွှတ်ပေးလိုက်၏။
လုချင်ရှန်းက ပျက်ယွင်းနေသောအမူအယာဖြင့် ခေါင်းညိတ်လိုက်သည်။
သူ့ထံတွင် ကူကယ်ရာမဲ့မှုများနှင့် ပြည့်နှက်နေလေပြီ။
ကျေးဇူးရှင်၏ငြိမ်သက်အေးချမ်းမှုကို နှောက်ယှက်ရန် လူများကို ခေါ်ဆောင်သွားမိသည့်အတွက် သူ့အား အပြစ်မတင်ရန်ကိုသာ သူ မျှော်လင့်မိသည်။
Chapter 78
"လီမော့စီ...မင်း ဘာလုပ်နေတာလဲ..ငါတို့ကို မြန်မြန်လွှတ်ပေးစမ်း"
မူနန်းတော်တောင်နောက်ရှိ ချိုင့်ဝှမ်းနေရာသည် ငှက်ကလေးများ၏အသံများ မွှေးကြိုင်သောပန်းရနံ့များဖြင့် ပြည့်နှက်နေကာ အပေါ်ယံတွင် သာယာငြိမ်းချမ်းပြီး လောကကြီး၏အပြင်ဘက်ရှိ သုခဘုံတစ်ခုနှင့်တူညီသည်။
သို့ရာတွင် ယခုချိန်တွင် ခြေလှမ်းတိုင်းတွင် ဘေးအန္တရာယ်ရှိနေကာ နေရာအနှံ့အပြား၌ အန္တရာယ်များနှင့် ပြည့်နှက်နေသည်။
ဝူယုံဟုန်နှင့်တခြားလူများသည် သိုင်းပညာခန်းမမှ ထွက်လာပြီးနောက် လီမော့စီသည် ရတနာရှာဖွေမည်ဟုယိုးမယ်ဖွဲ့ကာ သူတို့ကို ဤနေရာ၌ ပိတ်လှောင်ထားမည်ဟု မျှော်လင့်မထားမိချေ။
"လီမော့စီ...ငါ မင်းကို သတိပေးလိုက်မယ်...တကယ်လို့ မင်း ငါတို့ကို လွှတ်မပေးဘူးဆိုရင် ငါ ချူးရှစ်ခွမ်းက မင်းနဲ့ ထာဝရရန်သူ ဖြစ်သွားလိမ့်မယ်"
ချူးရှစ်ခွမ်းထံမှ အကန့်အသတ်မရှိသောဒေါသများ ပွင့်အံ့ထွက်လာကာ လီမော့စီကိုကြည့်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဝူယုံဟုန်နှင့်စွန်းကျူးကဲတို့၏ မျက်လုံးများအတွင်း၌ နက်ရှိုင်းသော အမုန်းတရားများရှိနေသည်။
သူတို့သည် အတွင်းလူ၏သစ္စာဖောက်ခြင်းကိုခံရမည်ဟု လုံးလုံးလျားလျား ကြိုတင်မသိရှိခဲ့ချေ။
"ဟား ဟား ဟား...မင်းတို့ ကြိုက်သလောက် အော်ကြစမ်း...မင်းတို့ အဆုတ်ကွဲအောင်အော်နေလည်း ဘာမှအသုံးဝင်မှာမဟုတ်ဘူး"
လီမော့စီ၏မျက်လုံးအတွင်း၌ လှောင်ပြောင်သရော်မှုများနှင့် ပြည့်နှက်နေကာ သူက ပြောဆိုသည်။
"အပြင်ထွက်ဖို့အကြောင်းကို မေ့ထားလိုက်ကြစမ်း....အခုချိန်မှာ မင်းတို့ ခြေတစ်လှမ်းတောင်မှ ရွှေ့နိုင်မှာမဟုတ်ဘူး...ဒီနေရာကို ကြည့်ရတာ သာယာငြိမ်းချမ်းပေမယ့်....တကယ်တမ်းကျတော့ ဒါက သဘာဝအန္တရာယ်နယ်မြေပဲ...ဒါက သဘာဝဝင်္ကပါတစ်ခု ဖြစ်ရုံတင်မကဘူး လွန်ခဲ့တဲ့နှစ်ပေါင်းသုံးသောင်းကျော်လောက်က ရှေးဟောင်းစစ်မြေပြင်လည်းဖြစ်တယ်...အတိတ်တုန်းက မြင့်မြတ်တဲ့စစ်သည်တော်တွေရဲ့ တိုက်ပွဲတွေဖြစ်နေချိန် အတောအတွင်းမှာ....သဘာဝဝင်္ကပါထဲကို ဝင်္ကပါကြီးတွေအများအပြား ထပ်ပြီးပေါင်းထည့်ထားခဲ့တယ်"
"တကယ်တော့..."
လီမော့စီက ခေါင်းမော့ကာ အေးစက်စက်ရယ်မော၍ ဆက်လက်ပြောဆိုလေသည်။
"ငါကလည်း ထပ်ပြီးတော့ ပြုပြင်မွမ်းမံမှုတွေ လုပ်ထားသေးတယ်...မူလရှိတဲ့ ဝင်္ကပါတွေရဲ့အပေါ်မှာ ငါက အလွှာနှစ်လွှာ ထပ်ပြီးခင်းကျင်းထားတယ်...ဒါကြောင့် အင်မော်တယ်တွေတောင် မင်းတို့ကို အပြင်ထုတ်ပေးဖို့ လာကယ်လို့ရမှာမဟုတ်ဘူး"
"ဘာ..."
ထိုစကားကိုကြားချိန်တွင် ဝူယုံဟုန်နှင့် တခြားအဖိုးအိုနှစ်ယောက်ထံတွင် စိုးရိမ်ပူပန်သောအမူအယာမျိုး ထင်ဟပ်လာကာ သူတို့၏မျက်နှာများ ဖြူရော်သွားသည်။
အကယ်၍ ဤကိစ္စသာအမှန်ဖြစ်ပါက သူတို့သုံးယောက်သည် ဤနေရာတွင် သေဆုံးသွားရန်အတွက် စောင့်ဆိုင်းနေရုံသာ တက်နိုင်ပေမည်။
"မင်း ဘာလို့ ဒီလိုလုပ်တာလဲ"
ဝူယုံဟုန်က မချိတင်ကဲလေသံဖြင့် မေးမြန်းသည်။
"တကယ်တော့ ဒါက မင်းဆီမှာရှိနေတဲ့ သူတော်စင်အဆင့်ထွန်ခြစ်ကြောင့်ပဲ"
လီမော့စီက သရော်တော်တော်လေသံဖြင့် အေးစက်စက် ပြောဆိုသည်။
"ဝူယုံဟုန်..မင်းရဲ့အရည်အချင်းက ငါ့ထက်အများကြီး နိမ့်ကျတယ်...မင်းက ဒီလိုပစ္စည်းကောင်းမျိုးကိုပိုင်ဆိုင်ဖို့ မထိုက်တန်ဘူး"
"မင်း...."
ဒေါသပြင်းထန်လာမှုကြောင့် ဝူယုံဟုန်၏ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်လာလေ၏။
"အဲ့ဒါကို ပေးစမ်း"
လီမော့စီက အေးစက်စက်ရယ်မောကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ဝူယုံဟုန်သည် မည်သည့်ခုခံကာကွယ်နိုင်စွမ်းမျှမရှိတော့သဖြင့် သူ၏လက်အတွင်းမှ သူတော်စင်ထွန်ခြစ်သည် လီမော့စီထံသို့ ရောက်ရှိသွားတော့သည်။
သူ၏လက်နက် ပိုင်ရှင်ပြောင်းလဲသွားခြင်းကြောင့် ဝူယုံဟုန်သည် အလွန်ဒေါသထွက်သွားကာ တုန်ရီနေသော်လည်း သူ့ထံ၌ အစွမ်းအစကင်းမဲ့နေသည်။
ဝင်္ကပါအမြောက်အများ၏ ဖိနှိပ်ခြင်းစွမ်းအားအောက်တွင် သူတို့၏လှုပ်ရှားမှုများကို တားဆီးကန့်သတ်ခြင်း ခံထားရရုံသာမက သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များကိုလည်း ဖိနှိပ်ခြင်းခံထားရလေ၏။ လီမော့စီ၏လက်အတွင်း၌ သူတို့သုံးယောက်သည် စဥ့်နီတုံးပေါ်ရှိ ငါးများအလားပင်။
ဝူယုံဟုန်သည် ယခုထိတိုင် လက်လျှော့အရှုံးပေးလိုခြင်းမရှိချေ။ သူက အံ့တင်းတင်းကြိတ်ကာ လုံးစေ့ပတ်စေ့ ပြောဆိုသည်။
"အဲ့ဒီသူတော်စင်ထွန်ခြစ်က ငါ့ကို ဆရာကြီးပေးထားတာ...ငါက တသက်လုံးတပည့်ခံပါမယ်လို့ ကျမ်းသစ္စာကျိန်ဆိုပြီးပြီ....ဆရာကြီးရဲ့ပိုင်ဆိုင်မှုကို မင်း ခုလိုလုယူလိုက်မှတော့...မင်းကို ဆရာကြီးက လက်စားပြန်ချေမှာ မင်း မကြောက်ဘူးလား"
"ဒါက အမှန်ပဲ"
"တကယ်လို့ ဆရာကြီးသာ ဒီကိစ္စကိုသိသွားရင်...မင်းကို အမှုန့်ချေပစ်လိမ့်မယ်"
သိုင်းပညာခန်းမမှဆရာကြီး၏အကြောင်းကို ထုတ်ဖော်ပြောဆိုလိုက်ချိန်တွင် စွန်းကျူးကဲနှင့်ချူးရှစ်ခွမ်းတို့ထံတွင် မျှော်လင့်ချက်အလင်းရောင်များ ရရှိသွားပုံရသည်။ သူတို့သည် လီမော့စီကို ဟန့်တားနိုင်ရန်ရည်ရွယ်၍ ဆက်လက်၍ အော်ဟစ်လိုက်ကြ၏။
"ဟား ဟား ဟား"
သို့ရာတွင် လီမော့စီသည် ထိတ်လန့်ကြောက်ရွံနေရမည့်အစား ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"မင်းက ဘာလို့ရယ်နေတာလဲ"
အဖိုးအိုသုံးယောက်က အေးစက်စက်လေသံဖြင့် မေးမြန်းသည်။
"မင်းတို့သုံးယောက်က အရမ်းတုံးအတာကြောင့် ငါ ရယ်တာပဲ"
လီမော့စီ၏နုတ်ခမ်းထောင့် အေးစက်စက် ကွေးညွှတ်သွားကာ သူက ပြောဆိုသည်။
"ငါ ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်...ငါ သူ့ကို နည်းနည်းလေးတောင် မကြောက်ဘူး...တကယ်တော့ ငါက သူ့ရဲ့သိုင်းပညာခန်းမထဲမှာရှိနေတဲ့ ရတနာတွေကိုတောင် လိုချင်တပ်မက်နေတယ်"
"ဆရာကြီးကို မလေးမစားလုပ်ပြီးတော့ သူ့ရဲ့ပိုင်ဆိုင်မှုတွေအပေါ်တောင် လောဘတက်နေဝံ့တယ်...မင်း ဘယ်လိုမျိုး သေသွားရမှန်းတောင် သိလိုက်မှာမဟုတ်ဘူး"
ဝူယုံဟုန်က အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"ဟား ဟား ဟား...."
"မင်း ပြောတာအမှန်ပဲ...အဲ့ဒီလူက တကယ်ကြောက်ဖို့ကောင်းတယ်...ပုံမှန်အရဆိုရင်တော့ ငါ ဒီကိစ္စကို တွေးတောင်တွေးဝံ့မှာမဟုတ်ဘူး...ဒါပေမယ့် မကြာခင်ကပဲ ငါ လီမော့စီဆီကို မိုးကောင်းကင်ရဲ့လက်ဆောင် အခွင့်အရေးကြီး ရောက်လာခဲ့တယ်"
"ဘာ မိုးကောင်းကင်ရဲ့လက်ဆောင်လဲ"
အဖိုးအိုသုံးယောက်၏မျက်နှာများပေါ်တွင် ဝေခွဲရခက်နေသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
"မနက်ဖြန်က အင်မော်တယ်မြစ်ကုန်းမြေမှာ နှစ်တစ်သန်းမှာတစ်ကြိမ်ပဲ ဖြစ်ပွားတဲ့ ယင်နှစ် ယင်လ ယင်နေ့ရက်ပဲ...ဒါကြောင့်...."
ထိုအချက်သို့အရောက်တွင် လီမော့စီ၏မျက်နှာပေါ်၌ နက်နဲသိမ်မွေ့သောအမူအယာမျိုး ထင်ဟပ်လာကာ ဆက်လက်၍မပြောဆိုတော့ချေ။
သို့ရာတွင် ဝူယုံဟုန်နှင့်တခြားအဖိုးအိုနှစ်ယောက်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားသည်။
"မင်း...မင်း...မင်းက ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ ကောင်းကင်ဘုံယင်မဟာဝင်္ကပါကြီးကို တကယ်ကြီး သင်ယူထားတာလား...ဒီရက်စက်ကြမ်းကြုတ်တဲ့ ဝင်္ကပါက ပျောက်ကွယ်သွားတာ နှစ်ထောင်နဲ့ချီပြီးကြာနေပြီ...ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"
ဤအချိန်တွင် သူတို့သုံးယောက်၏မျက်နှာများသည် သေလုမတတ် ဖြူရော်နေပေ၏။
"ဟား ဟား ဟား..."
"မင်းတို့ ခေါင်းမာတဲ့လူအိုကြီးသုံးယောက်က ထင်သလောက်တော့ မတုံးအသေးဘူးပဲ"
လီမော့စီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"အမှန်ပဲ..ငါက ကောင်းကင်ဘုံဝင်္ကပါကြီးကို သိထားတယ်...ငါက အဲ့ဒီသိုင်းပညာခန်းမရဲ့နံဘေးပတ်လည်မှာ ဝင်္ကပါခင်းကျင်းလိုက်တာနဲ့ အင်မောတယ်အဆင့်ရဲ့အောက်မှာရှိတဲ့ ကျင့်ကြံသူတွေအားလုံး သိတောင်မသိလိုက်ဘဲ သူတို့ရဲ့ကျင့်ကြံဆင့်တွေ တားမြစ်ကန့်သတ်ခံရမယ်...အဲ့ဒီအချိန်ကျရင် မင်းတို့အရမ်းအထင်ကြီးနေတဲ့ မြင့်မြတ်တဲ့ဆရာသခင်က ငါ့ရဲ့လက်ထဲမှာ ဆော့စရာအရုပ်တစ်ခုထက် မပိုတော့ဘူး"
Chapter 79
ထိုစကားလုံးများ ကျရောက်လာသည်နှင့် အဖိုးအိုသုံးယောက်သည် သူတို့၏စိတ်နှလုံးသားများအတွင်း၌ မုန်တိုင်းထန်သွားသည့်အလား ခံစားမိကာ သူတို့၏မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။
အကြောင်းအရင်းမှာ လီမော့စီပြောဆိုနေသော ကောင်းကင်ဘုံမဟာဝင်္ကပါကြီးသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောကြောင့်ပင်။
အမှန်အားဖြင့် လိုအပ်ချက်များသည်လည်း အလွန်အမင်း ခက်ခဲကြမ်းတမ်းသည်။ ထိုအရာကို ယာယီခင်းကျင်းနိုင်ရန် ယင်နှစ် ယင်လ ယင်ရက် ယင်နာရီ ယင်မိနစ်အပိုင်းအခြားတွင် ကျရောက်နေရပေမည်။
ပုံမှန်အားဖြင့် လီမော့စီသည် ထိုဝင်္ကပါကို သိရှိနေလျှင်ပင် အသုံးပြုနိုင်မည်မဟုတ်ချေ။ သို့ရာတွင် မနက်ဖြန်သည် နှစ်တစ်သန်းလျှင်တစ်ကြိမ်သာ တိုက်တိုက်ဆိုင်ဆိုင် ကျရောက်သောနေ့ ဖြစ်နေမည်ဟု မည်သူက တွေးထင်မိမည်နည်း။
"အမှန်ပဲ...ငါ မင်းတို့ကို ပြောချင်တာက ကံကြမ္မာကိုခိုးယူတဲ့ လျှို့ဝှက်နည်းလမ်းကိုလည်း ငါ သိထားတယ်"
ယင်မော့စီက ပျင်းရိငြီးငွေ့သောလေသံဖြင့် ဖြည့်စွက်ပြောဆိုသည်။
"ဘာ....."
ဤစကားသည် ပြင်းထန်သောဗုံးတစ်လုံးအလား ဝူယုံဟုန်နှင့်တခြားအဖိုးအိုနှစ်ယောက်၏ နားများအတွင်း၌ ပေါက်ကွဲသွားသည်။
"မင်း...မင်း မင်း...မင်း လုပ်ချင်တာက....မင်းက ဆရာကြီးရဲ့ကံကြမ္မာကို ခိုးယူချင်တာလား"
ဝူယုံဟုန်၏နုတ်ခမ်းများ တုန်ရီနေကာ သူသည် လီမော့စီကို စူးစိုက်ကြည့်ပြီး အထစ်ထစ်အငေါ့ငေါ့နှင့် ပြောဆိုလေ၏။
"ဝူယုံဟုန်...မင်း ဒီလောက်ထိ ဥာဏ်ကောင်းမယ်လို့ ငါ ထင်မထားမိဘူး"
လီမော့စီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"အဲ့ဒီလူမှာ အကန့်အသတ်မရှိတဲ့စွမ်းအားတွေ ရှိနေတယ်...ငါတောင်မှ သူ့ရဲ့ကျင့်ကြံဆင့်ကို ထွင်းဖောက်မမြင်နိုင်တာကြောင့် သူက သိုင်းသူတော်စင်လား သိုင်းအင်ပါယာလားဆိုတာ မသိဘူး..ဒါ့ပြင် သူဆီမှာ မရေမတွက်နိုင်တဲ့ ရတနာတွေရှိနေမှတော့ သူ့ဆီမှာ မိုးကောင်းကင်ကံကြမ္မာကြီးရှိနေလိမ့်မယ်""
"ငါ လီမော့စီက သူ့ရဲ့ကံကြမ္မာကို ခိုးယူနိုင်သရွေ့ ငါ့ရဲ့ဘဝသက်တမ်းအတွင်းမှာ ငါက သိုင်းအင်ပါယာ ဒါမှမဟုတ် ဒဏ္ဍာရီလာ သိုင်းအင်မော်တယ်နယ်ပယ်ကိုတောင် ခြေချနိုင်လိမ့်မယ်"
"မင်း...အရင်တစ်ကြိမ်တုန်းက ဆရာကြီးရဲ့သိုင်းပညာခန်းမကနေ သိုင်းစိတ်ဆန္ဒတွေကို ရခဲ့တယ်...အခုတော့ မင်းက ကြင်နာမှုကို အမုန်းတရားနဲ့ ပြန်ပေးဆပ်ပြီးတော့ ဆရာကြီးပေါ်မှာ ကြံစည်ဝံ့တယ်...ငါ မင်းနဲ့ သေတဲ့အထိတိုက်ခိုက်မယ်"
ဝူယုံဟုန်သည် အလွန်ဒေါသထွက်နေသဖြင့် သူ၏လည်ပင်းများပင် နီမြန်းနေလေပြီ။
သူသည် ရီဖုန်း သူ့အား သဘောထားကြီးစွာဖြင့် သူတော်စင်ထွန်ခြစ်ကို ပေးခဲ့သည်အား မမေ့လျော့သည့်အပြင် သိုင်းပညာခန်းမမှသိုင်းစိတ်ဆန္ဒများကို အာရုံခံခြင်းကြောင့် သူ အကျိုးကျေးဇူးများ ရရှိခဲ့သည်ကိုလည်း မမေ့လျော့ချေ။
ဤအချိန်အခိုက်အတန့်တွင် သူ၏အရှိန်အဝါများ ပွင့်အံ့ထွက်လာကာ သူသည် ဝင်္ကပါ၏တားမြစ်ကန့်သတ်ချက်များကို အတင်းအကြပ်ချိုးဖျက်၍ လီမော့စီကို တိုက်ခိုက်လိုက်၏။
"ဟမ့်"
သို့ရာတွင် သူ၏လက်ကို သာမာန်ကာလျှံကာ ဝှေ့ယမ်းလိုက်ရုံမျှဖြင့် လီမော့စီသည် ဝူယုံဟုန်၏တိုက်ခိုက်မှုကို ပျက်ပြယ်သွားစေသည်။
"ဒီဝင်္ကပါက ဟန်ပြသက်သက်လို့ မင်း ထင်နေတာလား"
လီမော့စီက အေးစက်စက်လေသံဖြင့် လှောင်ပြောင်သရော်သည်။
တိကျသေချာစွာဖြင့်ပင် အစောပိုင်းက အတင်းအကြပ်ရုန်းကန်ခဲ့မှုကြောင့် ဝူယုံဟုန်သည် ဝင်္ကပါကြီးမှ တန်ပြန်ရိုက်ခတ်မှုဒဏ်ကိုခံစားရကာ သူ၏ပါးစပ်မှ သွေးအလုတ်များစွာ အန်ထွက်လာသည်။
"ကောင်းပြီလေ...မင်းက သေဖို့ကို တောင်းဆိုနေမှတော့ ငါ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်"
လီမော့စီ၏လက်ဝါး တစ်ချက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ စွမ်းအားလှိုင်းများ ထွက်ပေါ်လာပြီး ဝူယုံဟုန်၏ဒန်တျန်ကို ရိုက်ခတ်သွားသည်။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူယှဥ်တွဲ၍ ဝူယုံဟုန်၏ခန္ဓာကိုယ်ပေါ်၌ သွေးစို့ရာအပေါက်တစ်ခု ထွက်ပေါ်လာသည်။ လီမော့စီသည် သူ၏ကျင့်ကြံဆင့်ကို တိုက်ရိုက်ဖျက်ဆီးလိုက်သောကြောင့် ဝူယုံဟုန်၏မျက်လုံးများ ပြူးကျယ်သွားလေ၏။
"လူအိုကြီးဝူ..."
"လူအိုကြီးဝူ...."
ချူးရှစ်ခွမ်းနှင့်စွန်းကျုးကဲတို့က စိုးရိမ်ပူပန်စွာဖြင့် တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
"အမှန်တော့ မင်းက ရက်နည်းနည်းလောက်ပိုပြီး ရုန်းကန်နိုင်အုံးမှာ....ဒါပေမယ့် မင်းက သေလမ်းလာရှာမှတော့ ငါလည်း ဘာမှမတက်နိုင်ဘူး"
လီမော့စီက အေးစက်စက် ရယ်မောလိုက်သည်။
"ဘာကျင့်ကြံခြင်းမှမရှိတော့တဲ့ မင်းက...ရက်အနည်းငယ်အတွင်းမှာ သာမာန်သေမျိုးတစ်ယောက်လို သနားစရာကောင်းလောက်အောင် သေသွားရလိမ့်မယ်"
"ဟား ဟား ဟား..."
ရူးသွပ်လုခမမ်း ရယ်သံကြီးနှင့်အတူ လီမော့စီသည် လေထုအတွင်း၌ ကွေ့ပတ်ပျံသန်းကာ ပင်ကျင်းမြို့ထံသို့ ဦးတည်၍ ထွက်ခွာသွားတော့သည်။
....
"ဝုတ်...ဝုတ်...."
အောင်းချင်သည် ယခုနောက်ပိုင်း၌ ခက်ခဲကြမ်းတမ်းသော အချိန်များကို ခံစားနေရသည်။
ရီဖုန်း၏နောက်သို့ သူ အဆက်မပြတ် ကပ်လိုက်နေခဲ့သော်လည်း တံခါးငယ်လေးထံမှလာသော ခံစားချက်ကို သူ အမှန်တကယ်ကိုပင် သည်းမခံနိုင်ချေ။
"ဝမ်ချိုင်...ဘာပြဿနာတွေ ရှိနေလို့လဲ...မင်း ဒီလောက်ထိ ဆာလောင်နေတာလား"
ရီဖုန်သည် ခွေးကိုညင်သာစွာပွတ်သပ်ပေးကာ ပြောဆိုလိုက်၏။
"ဘာမှမစိုးရိမ်နဲ့...ငါ အချိန်ရရင် မင်းကိုကူညီပြီးတော့ အဲ့ဒီကိစ္စကို ဖြေရှင်းပေးမယ်"
သို့ရာတွင် အောင်းချင်သည် ရီဖုန်း၏စကားများကို အနည်းငယ်မျှ ကြားပုံမရချေ။ သူ၏မျက်လုံး ကျွတ်ထွက်လုမတတ် ပြူးကျယ်နေကာ သူသည် ရီဖုန်း၏နောက်မှတံခါးငယ်လေးကိုသာ စူးစိုက်၍ကြည့်နေသည်။
ဤသစ်သားတံခါးငယ်လေးနောက်မှ အရာကြီးသည် ထွက်လာတော့မည့်အလား သူ ခံစားနေရလေ၏။
ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော ရှေးဟောင်းသားရဲ သို့မဟုတ် ပြိုင်ဘက်ကင်းနတ်ဆိုးတစ်ကောင် ဖြစ်နေနိုင်သည်။
သူသည် ထိုကိစ္စကို မျိုသိပ်မထားနိုင်တော့ချေ။
"ကျွီ....."
မျှော်လင့်ထားသကဲ့သို့ပင် တံခါးသည် ကျွီခနဲမြည်သံနှင့်အတူ ဖြည်းညှင်းစွာပွင့်သွားသည်။
အောင်းချင်သည် အလိုအလျောက် တဆတ်ဆတ်တုန်ရီလာကာ သူသည် ထိုအရာကိုစူးစိုက်၍ကြည့်ပြီး သူ၏အမွှေးများ အဆုံးထိထောင်မတ်သွားသည်။
Chapter 80
နောက်ဆက်တွဲအနေဖြင့် အောင်းချင်၏အကြည့်အောက်တွင် တကျွတ်ကျွတ်မြည်သံထွက်ပေါ်နေသော အဖြူရေအရိုးစုတစ်ခုက တံခါးအဟကြားမှ ဖြည်းညှင်းစွာထွက်ပေါ်လာသည်။
"ဟူး..."
ထိုအရိုးစုကို မြင်တွေ့ချိန်၌ အောင်းချင်သည် လေအေးတစ်ချက် ရှိုက်သွင်းလိုက်သည်။
သူသည် ထိုအရိုးစု၏ကျင့်ကြံဆင့်ကို ထွင်းဖောက်မမြင်နိုင်သော်လည်း ထိုအရာမှလာသော အန္တရာယ်အငွေ့အသက်သည် အလွန်အမင်းအားကောင်းပေ၏။ ထို့ပြင် ထိုအရိုးစုတွင် မည်သည့်အသက်အငွေ့အသက်မျှမရှိဘဲ သက်မဲ့အရာဝတ္ထုတစ်ခုဖြစ်သည်မှာ သိသာထင်ရှားသည်။
မည်သည်ကြောင့် သက်မဲ့အရာဝတ္ထုတစ်ခုသည် ရွေ့လျားနိုင်သနည်း။ ထို့ပြင် မည်သည်ကြောင့် ထိုအရာထံတွင် အစွမ်းထက်သော လွှမ်းမိုးချုပ်ကိုင်နိုင်မှုမျိုး ရှိနေသနည်း။
အောင်းချင်သည် ဤကိစ္စကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။
ရုတ်ချည်းဆိုသလိုပင် သူသည် ရီဖုန်း၏ခြေထောက်အနီးသို့ တဟုန်ထိုးပြေးသွားလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ...."
ရီဖုန်းသည် စိတ်မရှည်စွာဖြင့် အောင်းချင်ကို စောင်းငဲ့ကြည့်ကာ နောက်သို့တစ်ချက်လှည့်ကြည့်လိုက်၏။
"သောက်ပလုပ်တုတ်...."
အရိုးစုကို မြင်တွေ့ချိန်တွင် ရီဖုန်းသည် အလွန်ထိတ်လန့်တုန်လှုပ်သွားကာ အော်ဟစ်လိုက်သော်လည်း မကြာမီမှာပင် သူ ပြန်လည်တည်ငြိမ်သွားသည်။ သူသည် ဒေါသတကြီးဖြင့် အရိုးစုထံသို့ပြေးသွားကာ ထိုးနှက်လိုက်သည်။
"မင်း ထပ်ပေါ်လာပြန်ပြီလား...အရူးကောင်...မင်း ငါ့ကို သေအောင်ခြောက်နေတာလား"
ရီဖုန်းသည် ဆဲရေးတိုင်းထွာကာ အရိုးစုကို ကန်ကျောက်လိုက်၏။ ဤအရာအား မြင်ရသည်မှာ သူ့ကို အလွန်အမင်း စိတ်အနှောက်အယှက်ဖြစ်စေသည်။ တစ်ချိန်တည်းမှာပင် သူ၏စိတ်အတွင်းရှိ စနစ်ကိုလည်း ပြင်းပြင်းထန်ထန် တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
အကြောင်းအရင်းမှာ ဤစိတ်အနှောက်အယှက်အပေးနိုင်ဆုံးအရာကြီးသည် သူနှင့်အတူ တစ်ချိန်တည်း ပါလာသောကြောင့်ပင်။
ဤသည်မှာ အသုံးမကျသောစနစ်ဟု သူ ပြောရခြင်းမှာ သူ့အား ငွေရှာနည်း သို့မဟုတ် ကျင့်ကြံခြင်းကို သင်မပေးခဲ့သည်က သူ လက်ခံနိုင်ဖွယ်ရှိသေးသည်။
သို့ရာတွင် ထိုစနစ်၏ဆုလာဘ်သည်လည်း ဤကဲ့သို့ စုတ်ပြတ်နေသောအရာကြီးဖြစ်နေသည်မှာ သူ ယီးပဲဟုသာ အော်ဆဲချင်တော့သည်။ ဤကိစ္စကို သူ အမှန်တကယ် သည်းမခံနိုင်ချေ။
အမှန်အားဖြင့် ဤအရိုးစုသည် ရီဖုန်း စနစ်နှင့် စတင်ပေါင်းစည်းခဲ့စဥ်၌ ရရှိခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ဤသောက်ချေးထုတ်အရာကြီးသည် လုံးလုံးလျားလျား အသုံးမဝင်ဘဲ သူနှင့်ပါလာခဲ့ရုံမျှသာရှိသည်။
ထိုအရာသည် တနေကုန်တနေခမ်း မည်သည့်အရာမျှ ပြုလုပ်ခြင်းမရှိဘဲ သရဲတစ္ဆေတစ်ကောင်အလား ပတ်ဝန်းကျင်၌ လှည့်ပတ်သွားလာနေသည်။
နောက်ပိုင်းတွင် ရီဖုန်းသည် ထိုအရာကို ပစ္စည်းအတိုအထွာများထားသည့် အခန်းအတွင်း၌ ပိတ်လှောင်ထားခဲ့ကာ သူ မေ့လျော့၍ပင် နေလေပြီ။ ထိုအရာကြီးသည် ကိုယ်တိုင်ကိုယ်ကျ ထွက်လာမည်ဟု မည်သူက သိရှိမည်နည်း။
"အား...အား..."
ရီဖုန်း၏ကန်ချက်ကြောင့် ထိုအရိုးစု၏မေးရိုးမှ ဂလောက်ဂလောက်မြည်ကာ ပွင့်ဟလာပြီးနောက် ပြန်ပိတ်သွားလေ၏။ ထိုအရာသည် သူ့ထံသို့ တဖန်ပြန်၍ မျောလွင့်လာပြန်သည်။
"သောက်ချေးပဲ..."
ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင် ရီဖုန်း၏စဥ်းစားဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးသွားသည်။ သူသည် အရိုးစု၏ခေါင်းကို လက်သီးဖြင့်ထိုးနှက်လိုက်၏။
ဒေါင်...
တဒေါင်ဒေါင်တဒင်ဒင်အသံများ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ အရိုးစု၏ခေါင်းသည် အောက်သို့ပြုတ်ကျလာကာ ခြံဝန်း၏ထောင့်တစ်နေရာသို့ လိမ့်သွားသည်။ အရိုးစု၏ကျန်အစိတ်အပိုင်းသည် မြေပြင်ပေါ်၌ ဦးခေါင်းကို ရှာမတွေ့မီ စမ်းတဝါးဝါးသွားလာနေကာ နောက်ဆုံး၌ ထိုအရာကိုရှာတွေ့သွားပြီး ကို့ရိုးကားရားပုံစံဖြင့် ပြန်တပ်လိုက်၏။
"အရူးကောင်...မင်း အဲ့ဒီဟာကို ပြန်ချထားလိုက်စမ်း"
ရီဖုန်းက အော်ဟစ်လိုက်သည်။
"ဂလောက်...ဂလောက်..."
အရိုးစုထံမှနေ၍ ဂလောက်ဂလောက်အသံများ ဆက်လက်၍ ထွက်ပေါ်နေသည်။ သူ၏လက်များဖြင့် သူ၏ခေါင်းကို အချိန်အတော်ကြာလှည့်ပြီးချိန်တွင် နောက်ဆုံး၌ တည့်မတ်သွားလေ၏။
"ကောင်းလိုက်တာ...ထပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေရတော့မှာ မဟုတ်ဘူး"
ရီဖုန်း၏စိတ်အတွင်း၌ စိတ်ပျက်ညှိုးငယ်ခြင်းများနှင့် ပြည့်နှက်သွားသည်။ သူသည် အနီးရှိ အနက်ရောင်ဝတ်ရုံတစ်ထည်ကို ဆွဲယူ၍ ထိုအရိုးစု၏ခေါင်းပေါ်သို့ပစ်တင်ကာ အော်ဟစ်လိုက်သည်။
"ဒါ့ကို မင်းဟာမင်း ဝတ်လိုက်စမ်း...နေရာအနှံ့ လျှောက်သွားပြီးတော့ တခြားသူတွေကို ခြောက်လှန့်နေတာကို ရပ်လိုက်တော့"
"ဂလောက်...ဂလောက်..."
အရိုးစုသည် ဂလောက်ဂလောက်အသံများဖြင့်ထိုအနက်ရောင်ဝတ်ရုံကို ကိုးရိုးကားရား ခြုံလွှမ်းလိုက်၏။ သူ၏သေးငယ်သောအရပ်အမောင်းကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဝတ်ရုံအတွင်း၌ ရစ်ပတ်ပြီးသားဖြစ်သွားသည်။
ထို့နောက် အနက်ရောင်ပုံရိပ်တစ်ခုသည် ခြံဝန်းအတွင်း၌ လျှောက်ပတ်သွားနေတော့သည်။ ထိုအရာသည် ပတ်ဝန်းကျင်၌ ဟိုဟိုဒီဒီ ခုန်ဆင်းခုန်တက်လုပ်နေလေရာ မည်ကဲ့သို့ကိစ္စများ ဆက်ဖြစ်မည်ကို မည်သူမျှ မသိနိုင်ချေ။
နံဘေးဘက်ရှိ အောင်းချင်၏မျက်လုံးများ ပြူးကျယ်နေသည်မှာ ကျွတ်ထွက်လုဆဲဆဲ အခြေအနေသို့ ရောက်ရှိလာလေပြီ။
အထူးသဖြင့် ရီဖုန်းသည် ထိုအရိုးစုအား ထိုးနှက်ကန်ကျောက်နေစဥ်တွင် ထိုအရာထံမှ မည်သည့်တုံ့ပြန်မှုမျှမရှိသည်ကိုကြည့်ပြီး သူ တွေးထင်ထားသည်ထက် ပို၍ထိတ်လန့်တုန်လှုပ်သွားသည်။
'ဟူး...ငါ မျှော်လင့်ထားသလိုပဲ ဆရာကြီးက အရမ်းကြောက်ဖို့ကောင်းတယ်...'
"အား..."
ရီဖုန်းက ပျင်းရိငြီးငွေ့စွာ အကြောဆန့်ကာ သူ အလွန်ပျင်းလာသကဲ့သို့ ခံစားမိသည်။ သူက မတ်တတ်ထရပ်ကာ ပြောဆိုသည်။
"ဒီလိုသာယာတဲ့ရာသီဥတုမျိုးမှာ....မင်းတို့ကောင်တွေ ခြံထဲမှာနေကြအုံး...ငါ တံခါးနားမှာ နေပူဆာသွားလှုံအုံးမယ်"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် သိုင်းပညာခန်းမ၏တံခါးဝရှိ လှေကားထစ်များအနီးသို့ သူ၏နောက်မှီကုလားထိုင်ကို ရွှေ့လိုက်၏။
ဖြတ်သွားဖြတ်လာလူအုပ်ကြီးကို ပျင်းရိစွာကြည့်ရင်း စျေးသည်များ၏ပွက်လောရိုက်နေသောအော်သံများကို နားထောင်ကာ သူသည် အတုမရှိသော သက်တောင့်သက်သာရှိမှုမျိုးကို ခံစားနေရသည်။
ရှုပ်ယှက်ခတ်နေသောအဆောက်အအုံများအကြားမှနေ၍ လူရိပ်တစ်ရိပ် ဖျတ်ခနဲထွက်ပေါ်လာငာ ခေါင်မိုးတစ်ခုပေါ်၌ မတ်တတ်ရပ်လိုက်သည်။ သူ၏မျက်လုံးများသည် အေးစက်စက်တောက်ပနေကာ မလှမ်းမကမ်းရှိ သိုင်းပညာခန်းမကို စူးစိုက်၍ကြည့်နေသည်။
သူ ဝတ်ဆင်ထားသောဝတ်စုံသည် လေထုအတွင်း၌ လူးလွန့်နေကာ သူ၏နောက်၌ ပေသီးတွက်ခုံတစ်ခုကို လွယ်ထားသည်။
ထိုသူသည် လီမော့စီပင်။
"မိုးကောင်းကင်ယင်မဟာဝင်္ကပါကြီး...အရပ်ရှစ်မျက်နှာ မရီးဒါန်းတံခါးပေါက်ဆယ့်ခြောက်ခုကို အကုန်ခင်းကျင်းထားပြီးတော့ အဆင်သင့်ဖြစ်နေပြီ...အချိန်မှန်ကို စောင့်ရုံပဲရှိတော့တယ်...ဒါပြီးရင်တော့ အချိန် နေရာ လူ အားလုံးသဟဇာတဖြစ်သွားပြီ"
သူ၏အသံ ထွက်ပေါ်လာသည်။
သူက မိုးကောင်းကင်ကို မော့ကြည့်လိုက်၏။
သူ၏မှိုင်းညို့နေသောမျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။
လေပြင်းများ တိုက်ခတ်လာပြီး မိုးကောင်းကင်အတွင်း၌ တိမ်များရစ်ဝဲလာကာ အေးစက်စက်အရှိန်အဝါတစ်ရပ်က လွှမ်းခြုံသွားသည်။ ထိုလေတိုက်ခတ်သံကိုကြားချိန်တွင် လီမော့စီက မျက်လုံးဆတ်ခနဲ ဖွင့်လိုက်သည်။
"အချိန်ကျပြီ"
"မြင့်တက်စမ်း.."
သူ၏အသံ ကျရောက်သွားသည်နှင့် ပုံသဏ္ဍာန်မဲ့သော မြူခိုးများသည် မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာပြီး သိုင်းပညာခန်းမထံသို့ ဦးတည်၍ရွေ့လျားသွားကာ ထိုနေရာတဝိုက်လုံးကို လွှမ်းခြုံသွားသည်။
လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများက လေထုအတွင်း၌ရစ်ဝဲနေကာ သိုင်းပညာခန်းမသည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
"ဟမ့်...မဟာဝင်္ကပါကြီး အသက်ဝင်လာပြီ...မင်းက အင်မော်တယ်မဟုတ်သရွေ့ ဘာမှတတ်နိုင်မှာမဟုတ်ဘူး....မင်းက ငါ့ရဲ့လက်ထဲမှာပဲရှိတယ်"
လီမော့စီက အေးစက်စက်လေသံဖြင့် သရော်လိုက်သည်။
သို့ရာတွင် ဤကဲ့သို့ထူးခြားသောအချိန်အခိုက်အတန့်သည် တခဏသာကြာမြင့်မည်ကို သူ သိရှိထားသည်။ မည်သည့်နည်းနှင့်မျှ နှောင့်နှေးကြန့်ကြာမနေဝံ့သဖြင့် သူ၏ဝတ်ရုံလူးလွန့်သွားပြီးနောက် သူ၏နောက်ရှိပေသီးများကို မိုးကောင်းကင်ယံအတွင်းသို့ ပစ်လွှက်လိုက်သည်။
"ဝှစ်...ဝှစ်....ဝှစ်...."
မြောက်မြားစွာသောပေသီးများသည် စူးရှသောလေတိုးသံနှင့်အတူ အထက်သို့မြောက်တက်သွားကာ ဖရိုဖရဲ ပြန့်ကျဲသွားသည်။
"ပေါင်းစည်းစမ်း..."
သူသည် ရှုပ်ထွေးသောလက်စည်းတံဆိပ်များကို ဆက်တိုက်ဖွဲ့စည်းလိုက်ပြီးနောက် ပြန့်ကျဲသွားသော ပေသီးများ အတူတကွပေါင်းစည်းသွားသည်။ ထို့နောက် ပေတစ်ထောင်ခန့်ရှည်သည့် ကြည်လင်သောပုံရိပ်ယောင်ဓားရှည်တစ်လက်အသွင်သို့ ပြောင်းလဲသွားပြီး နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းနေသော ရီဖုန်း၏မျက်ခုံးနှစ်ခုကြားသို့ ပစ်မှတ်ထား၍ သိုင်းပညာခန်းမထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။
ဝှီး....
ရုတ်ချည်းဆိုသလိုပင် လေပြင်းများက ပင်ကျင်းမြို့တစ်မြို့လုံးအနှံ့ ဝှေ့ယမ်းတိုက်ခတ်သွားလေ၏။
"ဒါက သိုင်းဘိုးဘေးအဆင့်ပဲရှိတဲ့ ငါ့ရဲ့ခွန်အားကုန်ဆိုပေမယ့်...တကယ်လို့ မင်းက သိုင်းအင်ပါယာတစ်ယောက်ဖြစ်နေရင်တောင်...ဒီဓားချက်ရဲ့အောက်မှာ ခွေးသေတစ်ကောင်ပဲ ဖြစ်သွားလိမ့်မယ်"