ဥာဏ်ကြီးရှင်
Vol. 25 Ch. 361
ရှောက်ရွှမ်သည် အဖိုးအိုနောက်မှ လိုက်သွားပြီး တောင်ကို ကွေ့ပတ်တက်သွားလေသည်။ လိုသောအပင်များကိုတွေ့ပါက အဖိုးအိုက သွားယူသည်။
အညိုရောင်မြက်ပင်တစ်ပင်ကို အဖိုးအိုက ဖြတ်ယူလာသည်။ မြေပြင်ပေါ်တွင် ပေါက်နေသော နွယ်ပင်တစ်ပင်မှ အပေါ်ယံအရေပြားကို ဖြတ်ယူသည်။ တချို့အရာများကို ရှောက်ရွှမ်မမြင်ဘူးပေ။ အဖိုးအိုသည် ပန်းအချို့ကိုလည်း ခူးသေးသည်။
“ခင်ဗျားက…” ရှောက်ရွှမ်သည် အဖိုးအို၏ အပြုအမူများကို ကြည့်ပြီး မေးလိုက်မိသည်။
“ဒါတွေနဲ့ ကြွက်ရိုင်းအုပ်ကို နှိမ်နင်းမလို့” အဖိုးအိုကပြောလိုက်သည်။ ရွှေကောက်ပဲသီးနှံများ
အတွက် သူသာအနိုင်ရသူဖြစ်ရမည်ဟု ဆုံးဖြတ်ထားသည်။ ထိုကြွက်ရိုင်းများကို သီးနှံများအား စားခွင့်မပြုနိုင်ပါ။
“ကြွက်တွေကို အဆိပ်ခတ်မလို့လား” ရှောက်ရွှမ်က မေးလိုက်သည်။
“အဆိပ်ခတ်မလို့လား” ရှောက်ရွှမ်ကမေးလိုက်သည်။ ကြွက်ရိုင်းများသည် အရေအတွက် များလွန်းသည်။ အဆိပ်ခတ်ချင်သည်ဆိုပါက ဆေးပင်များမှ အဆိပ်တစ်မျိုးကို ဖော်စပ်ရမည်ဖြစ်ပြီး ပမာဏအများကြီးကို ဖော်စပ်ရမည် ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဆေးတစ်မျိုးကို ဖော်စပ်မှရမည် ဖြစ်သည်။
သို့သော် အဖိုးအိုကလည်း ကြွက်များကို အဆိပ်တန်းခတ်ရန် စိတ်မကူးပါ။
“ဒီကြွက်တွေ ဒီတောင်ကတုံးမှာ နေနေတာ ကောင်းတယ်…နောင်တချိန် ရွှေကောက်ပဲသီးနှံလို
လာရင် ကြွက်တွေကို အားကိုးပြီးလိုက်ရှာလို့ရတယ်…အဲဒီတော့ ကြွက်တွေ အကုန်လုံးကို အဆိပ်ခတ်လို့ မဖြစ်သေးဘူး…ငါက သူတို့ကို မူးမေ့သွားအောင် လုပ်မှာ” အဖိုးအိုလက်များထဲတွင် အပင်များနှင့် ပြည့်နေပြီဖြစ်သည်။ ထိုနေရာတွင် ပေါက်သောအပင်သိပ်မရှိသဖြင့် အဖိုးအိုကလည်း အပင်အများကြီး မခူးချင်ပါ။ သို့သော် အဘိုးအိုသည် အဆိပ်ဆေးတစ်မျိုးကို အချိန်မီဖော်စပ်ရမည်ဖြစ်သည်။အဖိုးအိုသည် သူမှတ်မိသလောက် အပင်များရှိသော နေရာများကို လျင်မြန်စွာသွားနေသည်။ ခဏချင်းအတွင်း သူ့လက်၂ဖက်မှာ ပြည့်သွားပြန်သည်။
“အဲဒါတွေ ကျွန်တော့်ကိုပေး…ခင်ဗျားဆက်ခူးပါ” ရှောက်ရွှမ်သည် အဖိုးအို၏ လက်ထဲမှ မြက်များကို လှမ်းယူလိုက်သည်။
အဖိုးအိုကလည်း မငြင်းပါ။ ဆေးပင်များကို ရှောက်ရွှမ်ကို လှမ်းပေးလိုက်ပြီး “သတိထားပြီး ကိုင်နော်…အက်နေတဲ့ အသီးတွေကို သွားမထိနဲ့…အသီးရဲ့အရည်တွေက အဆိပ်ရှိတယ်…သွား
လည်းမရှူကြည့်နဲ့ဦး…မူးလဲသွားမယ်…မင်းမရှိတော့ရင် ငါတစ်ယောက်တည်းကြွက်တွေကို နှိမ်နင်းနိုင်မှာ မဟုတ်ဘူး” ဟုပြောလိုက်သည်။
နှစ်ယောက်သား ခြေကုန်သုတ်၍ လျှောက်လေတော့သည်။ ကြွက်များ၏ လှုပ်ရှားမှုကို ကြည့်လျှင် တောင်ထိပ်မှ အပင်များသည် မကြာခင်အချိန်အတွင်း ရင့်မှည့်တော့မည်ဖြစ်ကြောင်းကို သိနိုင်သည်။ သူတို့လိုသမျှပစ္စည်းများကို စုဆောင်းပြီး အချိန်ကိုက်လှုပ်ရှားရမည် ဖြစ်သည်။
အဖိုးအိုနောက်ကလိုက်ပါရင်းနှင့် ရှောက်ရွှမ်သည် အပင်များအကြောင်းကို အတော်လေး နားလည်လာသည်။ သို့သော် အဖိုးအိုလိုတော့ အပင်များကိုတွေ့သည့်နေရာတွင် လိုသလိုသုံးနိုင်သည်အထိတော့ မစွမ်းဆောင်နိုင်သေးပါ။ အဖိုးအိုသည် စကားအများကြီးမပြောပါ၊ ထို့ကြောင့် ရှောက်ရွှမ်သည် အဖိုးအိုပြောသော အပင်နာမည်များကို အလွတ်ကျက်ထားလိုက်သည်။ နောင်တွင် ပြန်အသုံးဝင်လာနိုင်သည်
မဟုတ်ပါလား။
သစ်ပင်များနှင့် ခြုံနွယ်များရှင်းလင်းနေသော တောင်ကတုံးသည် လောင်ကျွီလို လူမျိုးအတွက်တော့ ရတနာသိုက်တစ်ခုပင်ဖြစ်သည်။ ရတနာလား၊အမှိုက်လားကတော့ ဆုံးဖြတ်သူအပေါ်မူတည်သည်။ တချို့အပင်များသည် ၁ပင်တည်းဆိုလျှင် အစွမ်းမထက် သော်လည်း၊ အပင်၂မျိုးပေါင်းလိုက်လျှင် ထူးခြားသွားနိုင်သည်။ အဖိုးအိုသည် အပင်မျိုးစုံကို ပေါင်းစပ်ပြီး ဆေးတစ်မျိုးကို ဖော်စပ်မည် ဖြစ်သည်။
“ဟုတ်ပြီ…ဒါဆိုရပြီ”
အဖိုးအိုသည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ဆေးဖော်စပ်ရန် ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်နေလေသည်။
ကြေးဝါအိုးလေးတစ်လုံး၊ ထူးဆန်းသည့် ပုံစံရှိသည့် ဓားများ စသည်တို့ကို ထုတ်လိုက်ပြီး ဆေးဖော်စပ်ရန် ပြင်ဆင်နေသည်။
“ရှောက်ရွှမ်…တောင်ပေါ်ကို သွားပြီး မျဉ်းတစ်ကြောင်းတည်းပါတဲ့ အသီးသွားခူးပေးပါ…နည်းနည်းပွင့်အာနေတဲ့ အသီးကို ရှာလာခဲ့…လုံးဝကြီးပွင့်နေတာတို့…လုံးဝကြီးပိတ်နေတာတို့ဆို မယူခဲ့နဲ့” အဖိုးအိုသည် ခေါင်းပင်မဖော်ဘဲ ရှောက်ရွှမ်ကို လှမ်းပြောလိုက်သည်။ လက်၂ဖက်စလုံးမအားသလို ရှောက်ရွှမ်ကို ကြည့်ရန်လည်း အချိန်မရပါ။ နောက်ပြီး သူသွားရှာမည်ဆိုလျှင်လည်း ရှောက်ရွှမ်လောက် မြန်မည် မဟုတ်ပါ။
“အိုကေ” ရှောက်ရွှမ်သည်လည်း အဖိုးအိုပြောပြသည့်အပင်ကို သိနေသဖြင့် အများကြီး ပြန်မေးမနေတော့ပါ၊ ခရီးလမ်းတလျှောက်တွင် အဖိုးအိုက အပင်များအကြောင်း ရှောက်ရွှမ်ကို သင်ပြခဲ့ခြင်းဖြစ်သည်။
မျဉ်းတစ်ကြောင်းတည်းပါသောအသီးသီးသည့်အပင်များမှာ တောင်၂လုံးကြား လျှိုမြောင်ထဲတွင် ပေါက်ကြောင်း ရှောက်ရွှမ်မှတ်မိလိုက်သည်။ ထိုလျှိုမြောင်ကြားမှ ဖြတ်သွားရင်းနှင့် ထို
အပင်များကိုလည်း မြင်ဖူးနေသည်။
ထိုအပင်အမျိုးအစားမှာ ခြုံပုတ်အပင်အမျိုးအစားဖြစ်ပြီး အမြင့်မှာ ရှောက်ရွှမ်၏ ခါးလောက်သာ ရှိမည်။ ထိုအပင်၏နာမည်ကို အဖိုးအိုပေးထားခြင်းဖြစ်သည်။
တောင်ကုန်းပေါ်မှ ပြေးဆင်လာရင်း ရှောက်ရွှမ်သည် ဘေးပတ်ဝန်းကျင်ကို ကြည့်လာသည်။ မကြာပါ၊ မျဉ်းတစ်ကြောင်းတည်းပါသောအသီးတစ်လုံးကို တွေ့လိုက်ရသည်။
“မျဉ်းတစ်ကြောင်းသီး” ဟုခေါ်ဆိုရခြင်းမှာ ထိုအပင်မှ အသီးသည် ရင့်မှည့်ခါနီးပြီဆိုလျှင် အသီး၏အခွံ့ပေါ်တွင် မျဉ်းတစ်ကြောင်းပေါ်ထွက်လာသောကြောင့် ဖြစ်သည်။ အသီးမှာ ပို၍ရင့်မှည့်လာသောအခါ ထိုမျဉ်းကြောင်းနေရာမှ အက်ကွဲပြီး ပွင့်အာသွားမည်။ ထို့နောက် အူတိုင်အသေးလေးတစ်ခုတည်းကျန်သည်အထိ ခြောက်သွားမည်ဖြစ်သည်။ ထိုအချိန်ရောက်လျှင် အသီးပေါ်မှ အက်ကွဲကြောင်းသည် လုံးဝပွင့်ထွက်သွား
ပြီး အထဲမှ အူတိုင်ကို အပြင်သို့ ထွေးထုတ်လိုက်မည် ဖြစ်သည်။
ထိုအပင်မှ ထွက်လာသော အူတိုင် ရှောက်ရွှမ်ကို တစ်ခါမှန်ဖူးသည်။ တော်တော်လေးနာပါသည်။ ရှောက်ရွှမ်သည် ခန္ဓာကိုယ်ကြံ့ခိုင်သူမဟုတ်ပါက၊ အရေပြားစုတ်ပြဲသွားနိုင်ပါသည်။
ထို့ကြောင့် ထိုအသီးတွင် အက်ကွဲကြောင်းပေါ်နေပြီဆိုပါက ထိုနားတွင် သားရဲတိရစ္ဆာန်များ မနေကြတော့ပါ။ အဖိုးအိုကတော့ “အခွံပေါ်မှာ မျဉ်းကြောင်းပေါ်နေတာ မြင်ပြီဆိုရင် အနားမသွားနဲ့တော့…အူတိုင်နဲ့ ပစ်ခံရလိမ့်မယ်” ဟုပြောသည်။
ထင်သလိုခူးလိုက်မည်ဆိုလျှင်လည်း အခွံပေါ်မှ အက်ကွဲကြောင်းသည် မြန်မြန်ပွင့်ထွက်သွားပြီး အူတိုင်ကို ထွေးထုတ်လိုက်မည် ဖြစ်သည်။ ထို့ကြောင့် အဖိုးအိုသည် မျဉ်းတစ်ကြောင်းသီး ခူးနည်းကို သူကိုယ်တိုင် ၂ခါ ခူးပြပြီး သင်ကြားပေး ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော၂ရက်ကထက်စာလျှင် အခွံပေါ်တွင် မျဉ်းပေါ်နေသော အသီးများ ပိုများလာပါသည်။ ဘယ်လိုအနေအထားမျိုးကို အဖိုးအိုလိုအပ်သည် ရှောက်ရွှမ်မသိပါ။ တချို့ အက်ကွဲကြောင်းများက တိမ်နေပြီး အဖိုးအို လိုချင်သော အနေအထား မဟုတ်ပေ။
ထိုအခါ ရှောက်ရွှမ်သည် ထိုအသီးများကို အခိုင်လိုက်ကြီး ဖြတ်ယူလာရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ရှောက်ရွှမ်သည် အသီးခိုင်များကို ရှာကာ ဖြတ်ယူလာပြီး တောင်ပေါ်ပြန်တက်သွားပြန်သည်။
ကြွက်ရိုင်းများသည် သီးနှံများ အပြည့်အဝ ရင့်မှည့်သောအချိန်သို့ ရောက်ရန် စောင့်နေခြင်းဖြစ်သည် ဟု အဖိုးအိုကပြောခဲ့သည်။ ကြွက်များသည် သူတို့လိုချင်သော ပစ္စည်းကို အကောင်းဆုံးသောအချိန်တွင်ရရန်စောင့်နေခြင်း ဖြစ်သည်။ ရှေ့နားတွင် နေရာယူထားသော ကြွက်ကြီးများသည် အရင်တုန်းကလည်း ရွှေ
ကောက်ပဲသီးနှံများကို ပိုစားခဲ့စန်တူသည်။ သူတို့ဟာသူတို့ ရှာတွေ့ချင်းဖြစ်လျှင် ဘာကြောင့် သူတို့ဟာသူတို့ စားပစ်ခြင်း မပြုပါသနည်း။
တွေးနေရင်းနှင့် ရှောက်ရွှမ်သည် အသီးခိုင်ကို ဆွဲကာ တောင်ကုန်းပေါ်သို့ တက်လာခဲ့သည်။
တောင်ကုန်းပေါ်သို့ ရောက်သောအခါ အဖိုးအိုက မီးမွှေးထားသည်ကို တွေ့လိုက်ရသည်။ မီးဖိုဘေးတွင် လိုအပ်သော ဆေးပင်မျိုးစုံကို ပြင်ဆင်ထားသည်။ ကြေးဝါအိုးလေးထဲမှ စူးရှသော အနံ့တစ်မျိုးထွက်ပေါ်နေပါသည်။
“အဲဒီနားလောက်မှာပဲနေ” အဖိုးအိုက ရှောက်ရွှမ်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ ရှောက်ရွှမ်လည်း သစ်သီးခိုင်ကို အောက်ချပြီး ထိုနေရာကို ရှောင်ကွင်းသွားလိုက်သည်။ ရှောက်ရွှမ်သည် အဖိုးအိုလိုမျိုး အဆိပ်ပြေပျောက်နိုင်သော အစွမ်းမရှိပါ။ အဖိုးအိုက ရှောက်ရွှမ်အတွက် စိတ်ပူနေပါသည်။
အနံ့လေး နည်းနည်းလောက်ရှူမိလိုက်ရုံနှင့် ရှောက်ရွှမ်ခေါင်းမူးသွားသည်။ ထို့ကြောင့် သူသည် အိုးနှင့်ဝေးရာနေရာသို့ ပြောင်းလိုက်သည်။
မီးမှာပြင်းထန်လွန်းသဖြင့် အိုးထဲမှ ရေငွေ့များ ထွက်ပေါ်လာပါသည်။ အဖိုးအိုက ထိုအိုးဘေးတွင် ဝပ်ပြီး အိုးကိုသေချာကြည့်နေသည်။ ထို့နောက် ဓားတစ်ချောင်းဖြင့် အထဲတွင် ပါသော ဆေးများကို မွှေနေလေသည်။
“ဟုတ်ပြီ”
အဖိုးအိုက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ မီးကို ငြိမ်းသတ်လိုက်ပြီး ရှောက်ရွှမ် ယူလာသော သစ်သီးခိုင်ကို ကောက်ယူလိုက်ပြီး သူသဘောကျသော အနေအထားရှိသည့် သစ်သီးများကို ခူးယူလိုက်သည်။ ထို့နောက် သစ်သီးတစ်လုံးကို လက်တစ်ဖက်က ကိုင်ပြီး၊ နောက်လက်တစ်ဖက်က ဓားကို ကိုင်ထားလေသည်။ အိုးလေးထဲမှ ပေါင်ဒါမှုန့်အနည်းငယ်ကို ယူလိုက်ပြီး သစ်သီး၏ ပွင့်အာနေသော အကွဲကြောင်းထဲမှ ပေါင်ဒါမှုန့်များကို
လောင်းထည့်လိုက်သည်။
သစ်သီးများသည် ငှက်ဥအရွယ်အစားလောက်ရှိပါသည်။ အဖိုးအိုသည် ဓားကို အသုံးပြု၍ ပေါင်ဒါမှုန့်များကို မဖိတ်မစင်အောင် သစ်သီးထဲသို့ ထည့်နေ၏။
အဖိုးအိုတွင် ထူးဆန်းသော ဓားများ ရှိနေသည့်အတွက် ရှောက်ရွှမ် အံ့ဩမနေတော့ပါ။ ထိုဓားများသည် သူ့နေရာနှင့်သူ အသုံးတည့်သော ဓားများ ဖြစ်သည်။
သစ်သီးတစ်လုံးကို ပေါင်ဒါမှုန့်များ ဖြည့်ပြီးသောအခါ အကွဲကြောင်းအဝကို သစ်ရွက်တစ်ရွက်နှင့် ဖုံးလိုက်သည်။ အထဲမှ ပေါင်ဒါမှုန့်များ ထွက်မကျစေရန် သစ်ရွက်ဖြင့် ဖုံးအုပ်လိုက်ခုင်းဖြစ်ပါသည်။
အဖိုးအိုသည် သစ်သီးထဲသို့ ပေါင်ဒါမှုန့်များလျင်မြန်စွာထည့်ပြီး သစ်ရွက်များဖြင့် အကွဲကြောင်းအဝကို လိုက်ပိတ်နေသည်။ ထို့နောက်
ပေါင်ဒါမှုန့်ဖြည့်ပြီးသော နောက်ဆုံးသစ်သီးကို ကောက်ယူလိုက်ပြီး ဘေးဘီကို ကြည့်လိုက်သည်။
သိပ်မဝေးလှသော နေရာတွင် ငှက်တစ်ကောင်သည် မြေပြင်ပေါ်မှ ပိုးကောင်များကို စားသောက်နေပါသည်။ ပစ်မှတ်ကို ကြည့်လိုက်ပြီးနောက် သစ်သီးကို ကျည်ဆန်တစ်တောင့်လို ပစ်လိုက်ပါသည်။ သစ်သီးသည် ပစ်မှတ်ဆီသို့ လွင့်ပျံထွက်သွားပ်သည်။ ထို့နောက် မြေပြင်ပေါ်ပြုတ်ကျပြီး ဖောက်ခနဲ မြည်သံတစ်ခု ထွက်ပေါ်လာသည်။သစ်သီးသည် အကွဲကြောင်းတစ်ခုလုံး ပွင့်အာသွားပြီး အထဲမှ အူတိုင်ကို ထွေးထုတ်လိုက်သည်။ ထိုအချိန်တွင်ပင် သစ်သီးထဲတွင်ရှိသော ပေါင်ဒါမှုန့်များ လေထဲ လွင့်ပျံသွားတော့သည်။
ငှက်၏အတောင်ပံ၂ချက်လောက်သာ ခါပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။
“ဘယ်လိုလဲ” အဖိုးအိုက ဂုဏ်ယူသော မျက်နှာ
ဖြင့် ရှောက်ရွှမ်ကို ကြည့်လိုက်သည်။ သူဖန်တီးလိုက်သောအရာကို အဖိုးအိုသည် အလွန်ကျေနပ်နေဟန်ပေါ်ပါသည်။
ရှောက်ရွှမ်သည် မြေပြင်တွင် လဲကျနေသောငှက်နားကို လျှောက်သွားလိုက်သည်။ ထို့နောက် အခွံသာ ကျန်တော့သည် မျဉ်းတစ်ကြောင်းသီးကို ကြည့်ရင်း “တကယ့်ဥာဏ်ကြီးရှင်ပဲ” ဟုရေရွတ်မိလိုက်သည်။ ရူးကြောင်ကြောင် အဖိုးအိုသည် တကယ့် ဥာဏ်ကြီးရှင်တစ်ယောက် ဖြစ်လေသည်။
(ဆက်ရန်…)