← Chapters

အောင်မြင်ခြင်း

Vol. 25 Ch. 362

အောင်မြင်ခြင်း

Vol. 25 Ch. 362

ခြောက်သွေ့အက်ကွဲနေသော မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများက နေရာအနှံ့ ရှိနေသည်။ ထိုနေရာတွင် အပင်သိပ်မရှိပါ။ တချို့နေရာများတွင် နေရောင်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကြောင့် မာခြောက်နေသော မြေသားများနှင့် ကျောက်တုံးများကို တွေ့ရနိုင်သည်။

တောင်ထိပ်တွင် တိုက်ခတ်နေသောလေမှာ တဖြည်းဖြည်း အားပျော့သွားသော် လည်းနေကတော့ ခြစ်ခြစ်တောက်အောင်ပူနေသည်။ ကြွက်များမှာ ရေငတ် လာသော်လည်း ထိုနေရာမှ ထွက်ခွာမသွားပါ။ သူတို့ လက်သည်း၊ခြေသည်းများက ရှေ့ကိုသာ ကုတ်ခြစ်နေပါသည်။ကြွက်များသည် တောင်ထိပ်ပေါ်မှ အရောင်ပြောင်းလာသော သီးနှံများကို လည်တဆန့်ဆန့်ဖြင့် ကြည့်နေကြပါသည်။ ကြွက်များသည် တောင်ထိပ်တွင်ရှိသော မြင်ကွင်းကို ကောင်းစွာမြင်ရရန် လည်တ

ဆန့် ဆန့်ဖြစ်နေခြင်းဖြစ်သည်။

သီးနှံများမှာ အရောင်ပြောင်းလာပါသည်။ ရွှေအိုရောင်မှ တဖြည်းဖြည်း အရောင် ဖျော့လာသည်။ အရောင်မှိုင်းနေသော မျက်နှာပြင်မှာ တောက်ပလာပြီး ရွှေအစစ်နှင့် တူလာပါသည်။

“ကျွိ…” ကြွက်တစ်ကောင်၏ အော်သံထွက်လာပါသည်။ ထိုအော်သံသည် ကြွက်အပေါင်းတို့ကို လှုပ်ရှားရန် အချက်ပြလိုက်ခြင်းဖြစ်သည်။ ကြွက်ရိုင်းအုပ်ကြီးသည် ရုတ်တရက် ရှေ့သို့ တိုးလာကြသည်။

ကြွက်ကြီးများသည် ခုန်ထွက်လာကြပြီး သီးနှံများကို ကိုက်ဖဲ့ကြလေတော့သည်။ ထိုစဉ် ဝှီးခနဲ အသံတစ်ခုထွက်ပေါ်လာသည်။ ကြွက်များနောက်တွင် တစ်စုံတရာ ရောက်နေလေပြီ။

ဖောက်ခနဲ မြည်သံတစ်ခုနှင့်အတူ ဆိုးဝါးသော အနံ့တစ်ခုက ကြွက်များနားတွင် ပျံ့နှံ့ သွား

သည်။ ထိုအနံ့ကို ရှူလိုက်မိသော ကြွက်များမှာ မိန်းမောသွားပြီး လမ်းလျှောက်ရာတွင် ယိုင်ထိုးယိုင်ထိုး ဖြစ်ကုန်ကြသည်။

ဒါက အစပဲရှိသေးသည်။ မကြာမီတွင် ပြွတ်သိပ်နေသော ကြွက်အုပ်ကြီးနားတွင် တဖောက်ဖောက်မြည်သံများ တရစပ် ပေါက်ကွဲလေတော့သည်။

သစ်သီးများ ပေါက်ကွဲနေချိန်တွင် ရှောက်ရွှမ်သည် အသက်အောင့်ထားလိုက်သည်။ ထို့နောက် သီးနှံများကို ကာကွယ်ရန် တောင်ထိပ်ကို ပြေးသွားသည်။

အဖိုးအိုသည် ကြွက်များကို အဆိပ်ငွေ့ဖြင့် မူးမေ့အောင် လုပ်နိုင်လိုက်သည်။ ကြွက်ရိုင်းများအားလုံး မူးမေ့သွားခြင်း မဟုတ်သော်လည်း ရှောက်ရွှမ်အတွက်တော့ ဖိအား တော်တော်လျော့သွားပသည်။ ကျန်သော ကြွက်များကို ရှောက်ရွှမ် အေးဆေး ရင်ဆိုင်လို့ ရပြီဖြစ်သည်။ ၎င်းတို့သည် သာမန်ကြွက်ရိုင်းများသာ ဖြစ်ပြီး

ကြောက်မက်ဖွယ်သားရဲများ မဟုတ်ပါ။ ရှောက်ရွှမ်သည် သစ်ကိုင်းတစ်ခုချီထားသော တံမြက်စည်းကို ကိုင်ကာ ကြွက်များကို လှဲထုတ်လိုက်သည်။

အမှန်ဆိုလျှင် ရှောက်ရွှမ်သည် အခြားလက်နက်တစ်ခုခုကို အသုံးပြုချင်သည်။ သို့သော် ထိုတံမြက်စည်းမှာ အဖိုးအိုကိုယ်တိုင် လုပ်ထားခြင်းဖြစ်ပြီး ကြွက်များကို နှိမ်နှင်း ရာတွင် ထိရောက်သည်ဆိုသည်။ ထို့ကြောင့် ရှောက်ရွှမ်က ထိုတံမြက်စည်းကို အသုံးပြုလိုက်ခြင်းဖြစ်သည်။

ဟုတ်ပါသည်။ တံမြက်စည်းဖြင့် လှဲခံလိုက်ရသောအခါ ကြွက်များသည် သူတို့မကြိုက်သော အရာတစ်ခုဖြင့် အထိခံလိုက်ရသလိုဖြစ်သွားသည်။ တံမြက်စည်းနှင့် လှဲခံရပြီးနောက်ပိုင်း ကြွက်များသည် ရှေ့ဆက်မတိုးရဲတော့ပါ။

ထိုအဖြစ်မတိုင်ခင်က ကြွက်ကြီးတစ်ကောင်သည် ခုန်ထွက်လာပြီး သီးနှံများကို ကိုက်ဖဲ့လေသည်။ သီးနှံ၏ အနံ့ကို ရသောအခါ ၎င်း၏ စား

လိုစိတ်က ပိုမိုပြင်းထန် လာသည်။ ထိုကြွက်သည် မြေပေါ်တွင်သာ ထိုင်နေပြီး ခြေထောက်များကို မလှုပ်ရှားပါ။ ထိုကြွက်ကြီးသည် အခြားကြွက်ရိုင်းများထက် အလျားပိုရှည်ပါသည်။ ၎င်းသည် အခြေအနေ ပြောင်းလဲသွားသည်ကို သိပါသည်။ ထို့ကြောင့် ကြွက်ကြီးသည် သီးနှံကို ပါးစပ်တွင် ကိုက်ပြီး ထွက်ပြေးပါသည်။ သို့သော် ကံမကောင်းသဖြင့် ကြွက်အုပ် အပြင်သို့ မရောက်မီ အဖိုးအိုက သူ့ကို ဖမ်းမိသွားသည်။

အဖိုးအိုသည် သစ်သီးများထဲသို့ ထည့်သောအမှုန့်လက်ကျန်များကို အသုံးချလိုက်ပါသည်။ တုတ်တစ်ချောင်းထိပ်တွင် ချည်ပြီး မီးရှို့လိုက်ပါသည်။ ထို့နောက် မီးတောက်ကို ငြှိမ်းသက်လိုက်သောအခါ မီးခိုးများထွက်လာပါသည်။ ထိုမီးခိုးများ၏ အနံ့များမှာ ပြင်းထန်လှပါသည်။ သို့သော် သစ်သီးများထဲက သန့်စင်ထားသော အမှုန်များလိုတော့ အစွမ်းမထက်တော့ပါ။မီးခိုးရှူမိလျှင်တော့ အဆိပ်အာနိသင်ပြရန် အချိန်အတော်ကြာ ယူရမည်ဖြစ်သည်။ သို့သော် ထိုမီးခိုးနှင့်ပင် ကြွက်များကို မောင်းထုတ်ရန် လုံလောက်နေပြီ ဖြစ်သည်။

ကြွက်ပတ်လည်ဝိုင်းနေသော ရှောက်ရွှမ်သည် တောင်ထိပ်ကို ကာကွယ်ထားသည် ကိုတွေ့သောအခါ အဖိုးအိုသည် စိတ်သက်သာရာရသွားသည်။ ထို့ကြောင့် ကျန်သော ကြွက်များကို မောင်းထုတ်ရန် ပြန်လည် အာရုံစိုက်လိုက်သည်။ကြွက်တစ်ကောင်သည် ပါးစပ်ထဲတွင် သီးနှံများကို ကိုက်ချီလာသည်။ ကြွက်၏ပါးစပ်များသည် လှုပ်ရှားနေပြီး ၎င်းသည် အဖိုးအို၏လှုပ်ရှားမှုကို ကြည့်နေလေသည်။

ရှောက်ရွှမ်တစ်ယောက် ကြွက်များကို နှိမ်နင်းပြီးသွားသောအခါ တောင်ထိပ်တွင် ကြွက်မိုးရွာသွားသလိုဖြစ်နေပါသည်။ ကြွက်သားရေများနှင့် မြေကြီးပေါ်တွင် အခင်းခင်းထားသလိုဖြစ်နေပါသည်။

ရှောက်ရွှမ်၏ တိုက်ခိုက်မှုကို လွတ်မြောက်သွားသော ကြွက်များက လျင်မြန်စွာ ပြေးထွက်လာသဖြင့် ရှောက်ရွှမ်သည် ၎င်းတို့ကို တံမြက်စည်းဖြင့် လှဲထုတ်လိုက်သည်။

အဖိုးအိုသည် ထွက်ပြေးနေသော ကြွက်ကို ထိန်းချုပ်နိုင်လိုက်သည်။ ထို့နောက် အဖိုးအိုသည် တောင်ထိပ်ပေါ်မှ အပင်တစ်ပင်စီ ပြေးသွားလေသည်။ အဖိုးအိုသည် သီးနှံအခိုင်ကို သတိကြီးစွာဖြင့် ကိုင်တွယ်ကြည့်နေပါသည်။ ထိုအပင်သည် နှစ်စဉ်ပေါက်သော အပင်ဟုတ်၊မဟုတ် သူမသေချာပါ။ ထို့ကြောင့် အဖိုးအိုသည် အပင်ကို မခုတ်ရဲဖြစ်နေသည်။ အရင်အခေါက်များကလို ရှောက်ရွှမ်ကို ခေါ်၍ ဖြတ်ခိုင်းခြင်း မပြုလုပ်ရဲပါ။

အဖိုးအိုသည် လက်ကို မြှောက်လိုက်ပြီး လက်ဝါးစောင်းဖြင့် ခုတ်လိုက်ပြီး သီးနှံတစ်ခိုင်ကို ယူလိုက်သည်။ ထို့နောက် သီးနှံအခိုင်ကြီးကို သူ့အိတ်ထဲထည့်လိုက်သည်။ ထည့်ပြီးသောအခါ အဖိုးအိုသည် ရှောက်ရွှမ်ကို လှမ်းခေါ်လိုက်သည် “သွားကြစို့…ကျန်တဲ့ကြွက်တွေလည်း သွားတော့မှာ”။

အဖိုးအိုစကားဆုံးသည်စောင့်မနေတော့ဘဲ ရှောက်ရွှမ်သည် တံမြက်စည်းကို ဝှေ့ယမ်းရင်း တောင်

အောက်သို့ ခုန်ချလာသည်။ သူသည် ထိုနေရာမှ ခုန်ထွက်သွားခြင်း မဟုတ်ဘဲ ကြွက်ပုံကြီးပေါ်တွင် ခုန်နေခြင်း ဖြစ်သည်။ ရှောက်ရွှမ်သည် နောက်စားရန်အတွက် ကြွက် ၂ကောင်၃ကောင်လောက် ယူထားလိုက်သည်။ ယခုလို ဖုန်းဆိုးမြေတွင် သားကောင်ရှာတွေ့ရန် မလွယ်ကူပါ။ ထို့ကြောင့် အသားကို စားရခဲလှသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် အခွင့်အရေးကို လက်လွှတ်မခံဘဲ ကြွက်၂ကောင်၃ကောင် ဖမ်းလာခြင်းဖြစ်သည်။

“ ပင်စည်ရိုးတံလေးနည်းနည်းပဲ ယူလာတာလား၊ ထားခဲ့တဲ့အပင်တွေက ဒီနေရာမှာပဲ ရှိနေဦးမှာလား၊ ကြွက်တွေဖျက်ဆီးပစ်မှာ မစိုးရိမ်ဘူးလား၊ နောင်တချိန်မှာ ပြဿနာဖြစ်မလာနိုင်ဘူးလား” ရှောက်ရွှမ်က အဖိုးအိုကို မေးလိုက်သည်။ အဖိုးအိုသည် ထိုအပင်များကို သုတေသနပြုလုပ်မည်မဟုတ်ဆိုတာကို ရှောက်ရွှမ်သည် ခုနတုန်းက ဒုက္ခခံနေမည်မဟုတ်ဘဲ ဓားဖြင့် ခုတ်ဖြတ်လိုက်မည်ဖြစ်သည်။

“ကြွက်ရိုင်းတွေက အခုအချိန်မှာ အပင်တွေကို စိတ်ဝင်စားဦးမှာ မဟုတ်ဘူး…ကြွက်တွေက သီးနှံတွေကိုပဲစားချင်တာ…ကျန်ခဲ့တဲ့အပင်တွေကလည်း အမြစ်တော်တော်တွယ်နေပြီ…တူးထုတ်ပြီး သယ်သွားဖို့ အဆင်မပြေဘူး…ထားလိုက်တော့…နောက်တစ်ခေါက်မှ လူတစ်ယောက်ထပ် ခေါ်လာဦးမယ်” ။ အခြားလူများခေါ်လာသည့်အချိန်ထိ အပင်များ မခြောက်သွေ့သေးပါက သူသည် အပင်များအားလုံးကို နေရာရွှေ့ပြောင်းစိုက်ပျိုးပြီ လေ့လာမည် ဖြစ်သည်။

“ကြွက်တွေ သတိပြန်ရလာရင် ခင်ဗျားကို လက်စားချေမှာ မကြောက်ဘူးလား” ရှောက်ရွှမ်က အဖိုးအိုနောက်မှ လိုက်လာသည်။

အဖိုးအိုသည် သီးနှံများထည့်ထားသော အဝတ်အိတ်ကို ကလေးတစ်ယောက်လို ကိုင်ထားသည်။ ရှောက်ရွှမ်၏ မေးခွန်းကို ကြားသောအခါ အဖိုးအို၏ မျက်ခုံးများ မြင့်တက်သွားသည်။ “လက်စားချေမှာကိုလား…ငါကဘာလို့ ကြောက်ရမှာလဲ…နောက်တစ်ခါလာရင် ဒီကောင်တွေကို

လက်စားချေခွင့်မပေးဘူး” နောက်တစ်ခေါက်ဆိုလျှင် အဖိုးအိုသည် လူများများခေါ်လာမည် ဖြစ်သည်။ ထို့ကြောင့် ကြွက်များကို ကြောက်နေရန် မလိုတော့ပါ။

ထို့နောက်တွင်တော့ သူတို့သည် ရွှေကောက်ပဲသီးနှံရှိသော တောင်မှ ထွက်ခွာလာသည်။ ထို့နောက် နေရာတစ်ခုတွင်အနားယူကြသည်။ ရှောက်ရွှမ်က အဖိုးအိုကို လှမ်းပြောလိုက်သည် “ သီးနှံတွေထုတ်ပြပါဦး…ကျွန်တော်ကြည့်ချင်လို့… ခင်ဗျားပြောနေတဲ့ ဒဏ္ဍာရီလာ ရွှေကောက်ပဲသီးနှံကို ပြပါဦး” ။

အဖိုးအိုသည် တုန့်ဆိုင်းသွားပြီး သီးနှံများပါသောအိတ်ကို မဖွင့်ပါ။ သို့သော် အိတ်အသေးလေးထဲမှ သီးနှံလေးတစ်ဆံကို ထုတ်လိုက်ပြီး ရှောက်ရွှမ်ကို ပေးလိုက်သည်။

ရှောက်ရွှမ်သည် ထိုသီးနှံလေးကို ကြည့်နေမိသည်။ သီးနှံတစ်ဆံသည် ပဲစေ့တစ်စေ့စာလောက်ရှိမည် ဖြစ်ပြီး ရွှေရောင် အပြင်ခွံက သီးနှံ

ကို ဖုံးအုပ်ထားသည်။ သီးနှံပေါ်တွက် ကြွက်ကိုက်ထားသော သွားရာများကို တွေ့ရသည်။

သီးနှံ၏ အရွယ်အစားမှာ ထိုမျှသာ ဖြစ်သော်လည်း အလေးချိန်မှာတော့ သူမျှော်လင့်ထားသည်ထက် ပိုလေးနေသည်။

သီးနှံလေးမှာ တစ်ဆံတည်းဖြစ်ပြီး ထိုသီးနှံတစ်ဆံသည် မည်မျှ အရေးကြီးမည်ကိုတော့ ရှောက်ရွှမ်လည်း မသိပါ။

“ဒီသီးနှံလေးတစ်ဆံ ကျွန်တော့်ကို ပေးပါလား” ရှောက်ရွှမ်သည် အနာပါသော သီးနှံလေးကို ကိုင်ရင်း အဖိုးအိုကို ကြည့်လိုက်သည်။

“မင်းဘာလုပ်မလို့လဲ” အဖိုးက ရှောက်ရွှမ်ကို မေးလိုက်သည်။

“စားမလို့”

ထိုစကားကို ကြားလိုက်သောအခါ အဖိုးအို၏ မျက်ခုံးများ မြင့်တက်သွားပြီး “စားမလို့

ဟုတ်လား” ဟုမေးလိုက်သည်။

“ဒါစားရတဲ့ သီးနှံမဟုတ်ဘူးလား”

“ဟုတ်တော့ဟုတ်တယ်လေ…ဒါပေမဲ့ ငါတို့မှာ အပင်အရေအတွက် အများကြီးမရှိသေးဘူးလေ…နောက်ပြီးတော့ အဲဒီသီးနှံတွေက မျိုးစေ့လိုပဲ သုံးလို့ရတာ…စားလို့မရဘူး” အဖိုးအိုက ပြောလိုက်ပါသည်။

“အဲဒါဆိုရင် ကျွန်တော့်ကို တစ်ဝက်ခွဲပေးလိုက်…ကျွန်တော့်မျိုးနွယ်စုပိုင်နက်ကို ပြန်ပြီး စိုက်ကြည့်မယ်” အဖိုးအိုငြင်းဆိုတော့မည်ကို သိသောကြောင့် ရှောက်ရွှမ်ကပဲ အရင်ပြောလိုက်သည် “ အဲဒီအပင်ကို ကျွန်တော် မစိုက်တတ်ဘူးဆိုရင်တောင် ကျွန်တော်တို့ မျိုးနွယ်စုထဲမှာ စိုက်တတ်တဲ့ လူတစ်ယောက်ယောက်တော့ ရှိမှာပဲ…ကပ်စေးနည်းမနေပါနဲ့ဗျာ…တစ်ဝက်ခွဲပေးလိုက်ပါ…နောက်ပြီးတော့ တောင်ထိပ်ပေါ်မှာလည်း အပင်တွေအများကြီး ကျန်နေသေးတာပဲ…ကြွက်တွေစားပစ်လိုက်တယ်ဆိုရင်တောင် ခင်ဗျား

အတွက်တော့ ကျန်ဦးမှာပါ…အဲဒီတော့ ကျွန်တော့်ကို သီးနှံတစ်ဝက်ပေးလိုက်”

“တစ်ဝက် ဟုတ်လား” အဖိုးအိုသည် ရှောက်ရွှမ်ကို ကြည့်နေသည်။ “လုံးဝမဖြစ်နိုင်ဘူး…မင်းကို သုံးပုံတစ်ပုံတော့ပေးမယ်…တစ်ဝက်ကတော့ များလွန်းတယ်”။

“တစ်ယောက်ကို သီးနှံအဆံ၁၀၀၀ဆိုပါတော့ဗျာ သုံးပုံတစ်ပုံဆို အညီအမျှ ခွဲလို့မရဘူး” ရှောက်ရွှမ်က ပြောလိုက်သည်။

အဖိုးအိုသည် အသက်ရှူကျပ်သွားသည်။ အဖိုးအိုသည် ဘာစကားမှ မပြောတော့ဘဲ မျက်နှာမှာ ရှုံ့မဲ့သွားသည်။ အဖိုးအိုသည် အတော်စဉ်းစားယူနေရသည်။

နောက်ဆုံးတွင်တော့ အဖိုးအိုသည် ရှောက်ရွှမ်ကို သီးနှံအဆံ၁၀၀၀ပေးလိုက် ပါသည်။ အဖိုးအိုသည် သီးနှံများကို ဖြတ်ယူသည့်အခါ သူ့ပုံစံမှာ အမှားကြီးတစ်ခုကို ကျူးလွန်နေရသလို ဖြစ်နေ

ပါသည်။ ထိုသီးနှံများမှာ နောက်ဆုံးတွင် ရှောက်ရွှမ်ဗိုက်ထဲသာ ရောက်သွားလိမ့်မည်ဟု သူတွေးနေမိသည်။

“ဒီခရီးမှာ မင်းသာငါ့ကို ကူညီမထားဘူးဆိုရင် ငါမင်းကိုသီးနှံတစ်ဆံတောင် ပေးမှာ မဟုတ်ဘူး” အဖိုးအိုက ခါးသီးသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“သိပ်အဆိုးမမြင်ပါနဲ့ဗျာ…အပင်ကို ခင်ဗျားက အောင်မြင်အောင် မစိုက်နိုင်ဘဲ ကျွန်တော်က အောင်မြင်အောင် စိုက်နိုင်မယ်ဆိုရင်ရော” ရှောက်ရွှမ်က ပြန်ပြောလိုက်သည်။

အဖိုးအို ခေါင်းကို လျင်မြန်စွာ ခါလိုက်သည်။ အဖိုးအိုသည် ထိုသို့ ဖြစ်လာမည်ဟု လုံးဝမယုံကြည်ထားပါ။

(ဆက်ရန်…)

All Chapters