← Chapters

အကြံဥာဏ်

Vol. 25 Ch. 363

အကြံဥာဏ်

Vol. 25 Ch. 363

အဖိုးအိုသည် ကျန်သည့်အရာများကို သိပ်အရေးမစိုက်သဖြင့် ထိုအရာများအကြောင်းကို သိပ်မပြောပါ။ သို့သော် ရွှေကောက်ပဲသီးနှံကိုတော့ သူဂရုစိုက်ပါသည်။ အဖိုးအို၏ စိတ်ထဲတွင် ရွှေကောက်ပဲသီးနှံက နေရာယူထားဆဲပင် ဖြစ်သည်။ သူသည် ရွှေကောက်ပဲသီးနှံအတွက် အပင်ပန်းခံခဲ့သည်။ ရွှေကောက်ပဲသီးနှံကို ရှာတွေ့ရန် အခုလို ဖုန်းဆိုးမြေသို့ လာခဲ့သည်။

ရှောက်ရွှမ်သည် ဈေးထက်ဆစ်မည်ဆိုပါက အဖိုးအိုသည် သဘောတူမည့်အစား အသေသာခံသွားမည် ဖြစ်သည်။ သီးနှံအဆံ၁၀၀၀ဆိုသည်မှာ အဖိုးအို၏ နောက်ဆုံးလိုက်လျောချက်ပင်ဖြစ်သည်။

“ ငါတခြားပစ္စည်းတစ်ခုခုနဲ့ အလျော်ပြန်ပေးပါ့မယ်…လောလောဆယ်တော့ ငါမပေးနိုင်သေး

ဘူး…နောက်အချိန်ရလို့ရှိရင် ဘုရင့်မြို့တော်ကိုသွားပြီး ငါ့နာမည်ကို ပြောလိုက်…ငါ့အစားသူတို့က မင်းကို လျော်ပေးလိမ့်မယ်” အဖိုးအိုသည် ရှောက်ရွှမ်ကို အနည်းငယ်ပျက်စီးနေသော ကြေးဝါဓားမြောင်လေးတစ်ချောင်းပေးလိုက်သည် “ ရော့…ဒါမင်းအတွက်ပဲ…ဘုရင့်မြို့တော်ရောက်ရင် ဒါကို ထုတ်ပြလိုက်…ငါ့ဆီလိုက်ပို့ပေး လိမ့်မယ်”

ဘုရင့်မြို့တော်လား။

ရှောက်ရွှမ်သည် ဓားမြောင်ကို ကြည့်နေရာမှ အဖိုးအိုကို ကြည့်လိုက်သည်။ ထို့နောက် “ခင်ဗျားနာမည် အပြည့်အစုံက ဘာလဲ” ဟုမေးလိုက်သည်။

“ငါ့နာမည် က ကျိကျွီလို့ခေါ်တယ်”

ကျိ…။ ထိုနာမည်သည် ဘုရင့်မြို့တော်မှ ဘုရင်၏နာမည်ဖြစ်သည်။ ဘုရင့်မြို့တော်

ဆိုသည်မှာ မင်းမျိုးမင်းနွယ် ကျွန်ပိုင်ရှင်များနေသော မြို့ဖြစ်သည်။ ကျွန်ပိုင်ရှင်များထဲတွင် ကျိဟူသော မျိုးရိုးနာမည်နှင့် လူများသည် ကျွန်အရေအတွက် အများဆုံးကို ပိုင်ဆိုင်ထားကြသည်။ ကျိဟူသော မျိုးရိုးနာမည်နှင့် လူများသည် မျိုးနွယ်စုဝင်လူများကို ကျွန်များအဖြစ် ပြောင်းလဲပစ်နေကြသည်။ နောက်ပိုင်းတွင် အင်အားကြီး မျိုးနွယ်စု၅ခုက ထိုနေရာတွင် စုရုံးကြပြီး ကျိဟူသောနာမည်ကို သူတို့မျိုးနွယ်စုနာမည် အဖြစ်ခံယူလိုက်ကြသည်။

ဟိုးအရင်တုန်းက ယခုတိုက်နယ်မြေတွင် မျိုးနွယ်စုဝင်များသည် မီးကို အခြားနည်းဖြင့် အသုံးပြုနည်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုသို့ဖြင့် တချို့ မျိုးနွယ်စုဝင်လူများသည် ကျွန်ပိုင်ရှင်များ ဖြစ်လာကြပြီး မြို့တော်များကို ဆောက်လုပ်ကြ ခြင်းဖြစ်လေသည်။

“ခင်ဗျားမှာ ကျွန်ဘယ်နှယောက်လောက်ပိုင်လဲ” ရှောက်ရွှမ်သည် ကျိကျွီပေးလိုက်သော သီးနှံအဆံများကို အိတ်ထဲထည့်ရင်း အဖိုးအိုအား မေးလိုက်

သည်။

အဖိုးအိုသည် အကြီးမားဆုံးသော နယ်မြေမှ ကျွန်ပိုင်ရှင်တစ်ယောက် ဖြစ်သဖြင့် သူ့လက်အောက်တွင် အလုပ်လုပ်နေသော ကျွန်အရေအတွက်မှာလည်း အတော်များရမည်။ ကျိကျွီကတော့ အောက်ပါအတိုင်း ဖြေဆိုလေသည် “ ငါ့လက်အောက်မှာ ကျွန်တွေ အများကြီးရှိတယ်…နောက်ပြီးတော့ ငါပိုင်တဲ့ မြေတွေလည်းရှိသေးတယ်…အဲဒီမြေတွေကိုလည်း ဂရုစိုက်ရသေးတယ်…ဒါပေမဲ့ ငါတကယ်ကျွန်ပြုခဲ့တာတော့ တစ်ယောက်တည်းပါပဲ” ကျိကျွီက ဂုဏ်ယူစွာ ဖြင့် ပြောလိုက်သည်။

သာမန်ကျွန်များနှင့် ပုဂ္ဂလိက ကျွန်များသည် တောထဲမှ သားရဲများနှင့် မျိုးနွယ်စု အတွင်းမွေးမြူထားသော သားရဲများ ကွာခြားသလို ကွာခြားပါသည်။ သခင်နှင့် ဘယ်လောက်ရင်းနှီးသလဲ ဆိုတာအပေါ်မူတည်သည်။ ရှောက်ရွှမ်သည် ထိုအကြောင်းများကို ခရီးသွားရင်း ကြားဖူးထားသဖြင့် သိပ်အံ့ဩမနေတော့ပါ။ သို့သော် ကျိ

ကျွီသည် ကျွန်တစ်ယောက်ကိုသာ ကျွန်ပြုနိုင်ခဲ့သည်ဆိုတာကို သိရသောအခါ ရှောက်ရွှမ် အံ့ဩသွားသည်။

“အဲဒီကျွန်က တော်တော် အစွမ်းထက်တဲ့ ကျွန်ပဲ ဖြစ်ရမယ်” ရှောက်ရွှမ်က ပြောလိုက်သည်။

“ပုံမှန်ဆိုရင်တော့ ကီတိုချီက အရမ်းတော်တဲ့ ကျွန်တစ်ယောက်ပါ၊သူက ငါ့လယ်ကွင်းတွေကို စောင့်ရှောက်ပေးတယ်လေ” လောင်ကျွီက ပြောရင်းနှင့် သူ့ကျွန်အကြောင်းကို စဉ်းစားမိသွားသည်။

“ကီတိုချီ ဟုတ်လား…ဘယ်လိုလူမျိုးက အဲဒီလိုနာမည် မှည့်ထားရတာလဲ” ရှောက်ရွှမ်က မေးလိုက်သည်။

“ ကီတိုချီဆိုတဲ့ နာမည်က ကောင်းတယ်လေ…ငါပေးထားတဲ့နာမည်လေ” ဟု အဖိုးအိုက ပြောလိုက်သည်။ ရှောက်ရွှမ်က ထိုသူအကြောင်းကို မေးသောအခါ အဖိုးအိုက “ ကီတိုချီဆိုတာ လူလို့ မင်း

ကို ဘယ်သူပြောလဲ” ဟုပြောလိုက်သည်။

“အဲဒါဆိုရင် ဘာလဲ” ရှောက်ရွှမ်သည် ထိုအသက်အရွယ်ထိ ကျွန်တစ်ယောက်သာ ပိုင်သော ကျွန်ပိုင်ရှင်ကို စိတ်ဝင်စားမိသည်။ထို့ပြင် ပိုင်ဆိုင်ထားသော ကျွန်တစ်ယောက်မှာလည်း လူမဟုတ်ပါ။

လောင်ကျွီကတော့ ဂုဏ်ယူစွာဖြင့်အော်ပြလိုက်သည် “ဝမ်းဘဲ…”။

“နွားတစ်ကောင်လား” ရှောက်ရွှမ်တွေးလိုက်မိသည်။

“ဟုတ်တယ်…နွားတစ်ကောင်ကို ကျွန်ပြုထားတာ ကောင်းတယ်လေ…ငါသူ့ကို ကျွန်ပြုတုန်းကဆို အကောင်သေးသေးလေးပဲ ရှိသေးတယ်…ငါ့မှာ သူစောင့်ရှောက်ပေးနေတဲ့ လယ်ယာမြေတွေ အများကြီးရှိတယ်” လောင်ကျွီသည် ပြောရင်းနှင့် ပြုံးပြုံးကြီ ဖြစ်လာပါသည်။

“အခွင့်ကြုံမှ အဲဒီနွားကို ကြည့်ဦးမယ်” ရှောက်ရွှမ်က ပြောလိုက်သည်။

သူ၏ ချစ်လှစွာသော ကျွန်ကြီးအကြောင်းကို ပြောရသောအခါ အဖိုးအို၏ စိတ်များ အနည်းငယ် ရွှင်ပြလာသည်။ မျက်လုံးများမှာ အရောင်တောက်လာပြီး မျက်နှာသည်လည်း ပြုံးရွှင်နေသည်။ သူ့အာရုံသည် ရွှေကောက်ပဲသီးနှံမှ သူ၏ကျွန်ကြီးဆီသို့ ရောက်သွားပြန်သည်။

“ငါမင်းကို ပြောမယ် ရှောက်ရွှမ်…နောင်တချိန်မှာ မင်းကျွန်မွေးမယ်စိတ်ကူးရင် ပထမဆုံး ကျွန်ပြုတဲ့ ကျွန်ကို ဂရုစိုက်ရမယ်…ဘာလို့လဲဆိုတော့ ပထမဆုံးကျွန်က သစ္စာအရှိဆုံး ကျွန် ဖြစ်လို့ပဲ…ပြီးတော့ မင်းနဲ့လည်း အရင်းနှီးဆုံးကျွန်ဖြစ်လာမယ်…တခြားကျွန်တွေက ပထမဆုံးကျွန်ထက် သာရင်သာမယ် ဒါပေမဲ့ မင်းနဲ့အရင်းနှီးဆုံးတော့ ဖြစ်မှာ မဟုတ်ဘူး…အဲဒါ ထုံးစံပဲ…အဲဒီတော့ ငါတို့ကျွန်ပိုင်ရှင်တွေက ပထမဆုံးကျွန်ကို သေချာ ဂရုစိုက်ပြီး ရွေးချယ်ရတယ်…တချို့တွေဆို

စိတ်ကျေနပ်လောက်စရာကျွန်ရှာမတွေ့လို့ အသက်တော်တော်ကြီးတဲ့အထိ ကျွန်မရှိသေးဘူး” လောင်ကျွီသည် ကျွန်များနှင့် ပတ်သက်သော အကြောင်းအရာများကို ပြောပြနေသည်။ ရှောက်ရွှမ်က သူ့ကို ကူညီခဲ့သည့်အတွက် ပြောပြနေခြင်းဖြစ်သည်။ ရှောက်ရွှမ်ကြောင့်သာ ရွှေကောက်ပဲသီးနှံများကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်ဟုတွေးမိပြီး စိတ်ကောင်းများဝင်ကာ ရှောက်ရွှမ်ကို အကြံဥာဏ်များပေးနေခြင်းဖြစ်သည်။

“ဒါပေါ့…မျိုးနွယ်စုဝင်လူတွေက ကျွန်ပိုင်ရှင်တွေ ဖြစ်မလာနိုင်ဘူးလေ…မင်းတို့တွေကလည်း ကျွန်ပြုဖို့ကို သိပ်စိတ်မဝင်စားကြဘူးမလား…နောက်ပြီးတော့ မင်းတို့တွေ ကျွန်ပြုလည်း အောင်မြင်မှာ မဟုတ်ဘူး…မင်းတို့မှာ လိုအပ်တဲ့ ကျွမ်းကျင်မှု မရှိဘူး” လောင်ကျွီက ပြောသည်။

အဖိုးအို၏ စကားများကို ကြားလိုက်ရသောအခါ ရှောက်ရွှမ်၏မျက်နှာသည် ထူးဆန်းသော အမူအရာသို့ ပြောင်းသွားပြီး “ပထမဆုံးကျွန်က အရေးကြီးတာလား” ဟုမေး

လိုက်သည်။

“အရမ်း အရေးကြီးတယ်” လောင်ကျွီသည် အခိုင်အမာ ပြောဆိုနေသည်။

“လူတွေ ထောင်ချီတဲ့အထဲက ရွေးရမှာလား” ရှောက်ရွှမ်က ထပ်မေးလိုက်သည်။

“အဲဒါအကောင်းဆုံးပဲ”

“ဘယ်သူ့ကိုမဆို ကျွန်ပြုလို့ရလား”

“ကျွန်ပြုတယ်ဆိုတာ ပေါ့ပျက်ပျက်လုပ်လို့ ရတဲ့ ကိစ္စမဟုတ်ဘူး”

လောင်ကျွီက ရှောက်ရွှမ်ကို ဆက်လက် အကြံပေးသည် “မင်းကြိုက်တဲ့လူကို ကျွန်ပြုလို့မရဘူး...အရင်တုန်းက ငါတို့ဘိုးဘေးတွေလည်း ပထမဆုံးကျွန်က အရေးကြီးတယ်ဆိုတာကို မသိခဲ့ကြဘူး…အဲဒီတော့ သိပ်အရေးစိုက်ပြီး ကျွန်မရွေးချယ်တော့ ကျွန်တွေထဲက သစ္စာဖောက်မှုတွေ

ဖြစ်ခဲ့တယ်…ကျွန်ပြုရင်းနဲ့ ဖြစ်ပေါ်လာတဲ့ ကျွန်တွေရဲ့ အကျင့်စရိုက်တွေ၊အားသာချက်တွေ ပျောက်ဆုံးခဲ့တယ်…အဲဒီတော့ ကျွန်တွေက သိပ်သစ္စာမရှိတော့ဘူး…နောက်ပြီးတော့ ကျွန်တွေနဲ့ သခင်တွေနဲ့ ဆက်စပ်မှုကလည်း သိပ်မခိုင်မြဲတော့ဘူး…အဲဒီလိုနဲ့ ကျွန်ဆိုရင် ပထမဆုံး ကျွန်ပြုလိုက်တဲ့ ကျွန်က အကောင်းဆုံးဆိုတာ ဘိုးဘေးတွေသိလာတယ်”။

သူရောက်နေသော နေရာမှ အခြေအနေနှင့် ပင်လယ်ဟိုဘက်ခြမ်းမှ သဲကန္တာရအတွင်းက အခြေအနေများ ကွာခြားသည်ကို သိလိုက်သဖြင့် ရှောက်ရွှမ်သည် ထပ်မမေးတော့ပါ။ သူပထမဆုံး ဘယ်သူ့ကို ကျွန်ပြုရင် ကောင်းမလဲသာ တွေးနေလိုက်သည်။ သူသည် ထိုအကြောင်းကို လောင်ကျွီအား ပြောပြရန် မရယ်ရွယ်ပါ။ ရှောက်ရွှမ်သည် ကျွန်ပြုခြင်းကို လုပ်ဆောင်ဖူးပါသည်။ သူပထမဆုံးကျွန်ပြုခဲ့သည်မှာ မြေအောက် နောက်ချေးပိုးတစ်ကောင်ဖြစ်ပါသည်။ သူ့စွမ်းအားများကို စမ်းသပ်လို၍ ၎င်းကို ကျွန်ပြုခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အပြာရောင် နောက်ချေးပိုးလေးက အလွန်သစ္စာရှိနေခြင်း ဖြစ်မည်။ ရှောက်ရွှမ်သည် နောက်ချေးပိုးလေး၏ လက်ရှိအခြေအနေကို ခံစားသိရှိနိုင်ပေသည်။ အခုဘာလုပ်နေသလဲကိုတော့ ပြောမပြနိုင်ပေမယ့် နောက်ချေးပိုးလေးသည် နေထိုင်ကောင်းပြီး ပိုမိုသန်စွမ်းလာမည်ဆိုတာ သေချာပါသည်။ သူ့အတွက် ရှောက်ရွှမ် စိတ်ပူနေရန်မလိုပါ။

စကားပြောရင်းဖြင့် မျိုးနွယ်စုဝင်များသည် ကျွန်ပြုခြင်းကို စိတ်မဝင်စားကြောင်း လောင်ကျွီ အမှတ်ရသွားသည်။ အထူးသဖြင့် မျိုးနွယ်စုကြီးများမှ မျိုးနွယ်စုဝင်များသည် တားဆီးပိတ်ပင်နိုင်ခွင့်ရှိသည်။ ပြင်ပမျိုးနွယ်စုတစ်ခုမှ အဖော်ကို ရှာမည်ဆိုလျှင်‌တောင် မျိုးနွယ်စုဝင်များက စေ့စပ်သေချာစွာ ရွေးချယ်မှုများကို ပြုလုပ်ရသည်။ သုံးသပ်ချက်ကို ချက်ခြင်းလက်ခံပေးမည်မဟုတ်ပါ။

“မင်းတို့မျိုးနွယ်စုတွေက အဲဒါနဲ့ပဲ အလုပ်ရှုပ်နေတာပဲ…ဒါနဲ့ မင်းက ဘယ်မျိုးနွယ်စုကလဲ”

လောင်ကျွီသည် ရှောက်ရွှမ်အား ထိုမေးခွန်းမေးရန် မေ့နေခြင်း ဖြစ်ပါသည်။

“မီးတောက်ဦးချိုမျိုးနွယ်စု” ရှောက်ရွှမ်က ပြန်ဖြေလိုက်သည်။ လောင်ကျွီနှင့် လာခဲ့သောခရီးတလျှောက်တွင် လောင်ကျွီ၏ မျိုးနွယ်စုဝင်များအပေါ်ထားသော အမြင်ကို ရှောက်ရွှမ်သိခဲ့ရသည်။ မီးတောက်ဦးချိုမျိုးနွယ်စုအကြောင်း အဖိုးအိုတစ်ခေါက် ပြောဖူးသည်၊များများစားစားတော့ မဟုတ်ပါ။ အဖိုးအိုသည် သူတို့ကို အန္တရာယ်ပေးမည် မဟုတ်ပါ။ လောင်ကျွီက မီးတောက်ဦးချိုမျိုးနွယ်စုအကြောင်း ပြောသောအခါ ရှောက်ရွှမ် ပျော်ရွှင်သွားလေသည်။

“ဘာမျိုးနွယ်စု…” ရှောက်ရွှမ်၏ အဖြေကို ကြားသောအခါ လောင်ကျွီသည် သူ့နားရွက်သူ ဖြတ်ပစ်ချင်စိတ်ပေါက်သွားသည်။

“မီးတောက်ဦးချိုမျိုးနွယ်စု” ရှောက်ရွှမ်က ထပ်ပြောလိုက်သည်။

“ရွှေကောက်ပဲသီးနှံတွေ ပြန်ပေးတော့” လောင်ကျွီသည် ရွှေကောက်ပဲသီးနှံများ ထည့်ထား သောအိတ်ကို လှမ်းဆွဲသည်။ “မင်းတို့မျိုးနွယ်စုက မုဆိုးတွေမဟုတ်လား…မင်းတို့တွေက ဒီရွှေကောက်ပဲသီးနှံကို ဘယ်လို စိုက်ပျိုးနိုင်မှာလဲ”။

မီးတောက်ဦးချိုမျိုးနွယ်စုမှ လူများသည် ဘုရင့်မြို့တော်ကို သွားလေ့မရှိသော်လည်း တစ်ခေါက် နှစ်ခေါက်ရောက်ဖူးလျှင် မှတ်မိနေမည် ဖြစ်သည်။ အဖိုးအို၏ အမြင်တွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သန်စွမ်းသည်။ သို့သော် အကျင့်စရိုက်များက ရိုင်းစိုင်းသည်။ ထို့ကြောင့် မြို့တော်သို့ သူတို့ ပြန်လာသောအခါ အကြီးအကဲများက စိတ်ဆိုးမည်ဖြစ်သည်။ သူတို့ကို အကြီးအကဲ၆ယောက်က မြို့တော်သို့ ဝင်ခွင့်ပိတ်ထားပါသည်။ သို့သော် ဒီ၂နှစ်၃နှစ်အတွင်း မီးတောက်ဦးချိုမျိုးနွယ်စုကလည်း အပြင်သို့ သိပ်မထွက်ပါ။ လောင်ကျွီသည် သူငယ်ငယ်တုန်းက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို မြင်ဖူးခြင်းဖြစ်သည်။ နောက်လူငယ်မျိုးဆက်များဆိုလျှင် မီးတောက်ဦးချိုမျိုးနွယ်စုကို မြင်ဖူးမည်ပင်

မဟုတ်တော့ပါ။

“ကျွန်တော်တို့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေက လယ်စိုက်တတ်ပါတယ်” ရှောက်ရွှမ်က အဖိုးအိုကို ငြင်းလိုက်သည်။ “ မျိုးနွယ်စုရဲ့ သမိုင်းမှာ စိုက်ပျိုးရေးအကြောင်းတွေ မှတ်တမ်းတင်ထားပါတယ်…စိုက်လို့မရဘူးဆိုတာ မဖြစ်နိုင်ပါဘူး”။

“စိုက်နိုင်တယ် ဟုတ်လား…သွားသေလိုက်”

လောင်ကျွီသည် ထိုသီးနှံများကို ရှောက်ရွှမ်ကို ပေးလိုက်မိသည့်အတွက် နောင်တရနေပါသည်။ သီးနှံများကို သူပြန်လိုချင်သော်လည်း ရှောက်ရွှမ်က ပေးတော့မည် မဟုတ်ပါ။

သူ့ကြိုးစားအားထုတ်မှုများ အရာမရောက်သောအခါ လောင်ကျွီလက်လျော့လိုက်ပါသည်။ ကံကောင်းသည်မှာ သူထိုနေရာတွင် အချိန်ကြာကြာနေ၍ မရခြင်းပင်ဖြစ်သည်။ သူသည် ရွှေကောက်ပဲသီးနှံများကို ရယူရန် သူ့လူများကို အမြန်ပြန်ခေါ်ရမည် ဖြစ်သည်။ ယခုသူတို့ရောက်နေ

သော နေရာသည် ဘုရင့်မြို့တော်နှင့် အလှမ်းကွာဝေးပါသည်။

မကြာခင်တွင် ရှောက်ရွှမ်နှင့် လောင်ကျွီတို့ လမ်းခွဲရတော့မည် ဖြစ်သည်။

“ဒါနဲ့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေ ဘယ်မှာနေလဲ ခင်ဗျားသိလား” ရှောက်ရွှမ်သည် သူတို့၂ယောက် လမ်းမခွဲခင် မေးလိုက်သည်။

“ဘာလဲ…မင်းလမ်းပျောက်နေတာလား” အဘိုးအိုသည် ရယ်လိုက်ပါသည်။ သို့သော် အဖိုးအိုသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ နေရာအတိအကျကိုတော့ မသိပါ။ “တောင်တန်းတွေကြားက လျှိုမြောင်တွေထဲမှာ နေတယ်လို့ ထင်တာပဲ…ဒီနေရာနဲ့တော့ နည်းနည်းဝေးသေးတယ်…နေရာအတိအကျကိုတော့ မင်းဘာသာမင်း ရှာလိုက်တော့”။

နီလာလေးသည်သာ အကောင်းဆုံးပင်။

All Chapters