← Chapters

လည်ဆွဲ

Vol. 25 Ch. 364

လည်ဆွဲ

Vol. 25 Ch. 364

လောင်ကျွီနှင့် လမ်းခွဲပြီးနောက် ရှောက်ရွှမ်သည် သူနဂိုရည်မှန်းထားသော လမ်းကြောင်းအတိုင်း ဆက်လျှောက်လာခဲ့သည်။ သူသွားနေသောနေရာတွင် မီးတောက်ဦးချိုမျိုးနွယ်စု ရှိနေမည်ဆိုတာကို စိတ်ထဲကသေချာနေသည်။ မီးတောက်ဦးချိုမျိုးနွယ်စုရှိရာနေရာကို ရောက်ဖို့ လိုသေးသည်ဆိုလျှင်တောင် ရှောက်ရွှမ် စိတ်အေးသွားပြီဖြစ်သည်။

လောင်ကျွီမပါသောအခါ ရှောက်ရွှမ်၏ ခြေလှမ်းများမှာ ပိုမြန်ဆန်သွားသည်။ လမ်းခရီးတွင် အပင်များကို မြင်တွေ့ခဲ့ရပါသည်။ ရှောက်ရွှမ်သည် အပင်အချို့ဖြင့် ဆေးများဖော်စပ်ပါသည်။ အချို့ဆေးများမှာ အဆိပ်ဖြစ်ပြီး အချို့ဆေးများမှာ ဆေးကုရာတွင် အသုံးဝင်သော ေဆးများဖြစ်သည်။ ရှောက်ရွှမ်သည် အဘိုးအိုဆီက သင်ယူခဲ့သည့်အတိုင်း လိုက်လုပ်ကြည့်နေ

ခြင်းဖြစ်သည်။

အရည်အသွေးကောင်းသော ကျောက်တုံးများကို တွေ့သောအခါတွင် ကျောက်လက်နက်ကိရိယာ အပိုများ လုပ်ထားသည်။ ထိုအချက်မှာ ကျောက်လက်နက်ပစ္စည်းသုံးခြင်း၏ အားသာချက်ပင်ဖြစ်လေသည်။ ကျောက်လက်နက်ပစ္စည်းပြုလုပ်ရန် ဒေသထွက်ကုန်ကြမ်းများသာ လိုအပ်ပြီး သွန်းလောင်းရန်လည်း မလိုအပ်ပေ။ ရှောက်ရွှမ်သည် ဇလုံကြီးတစ်လုံးကိုလည်း အရောင်တင်ထားသည်။ သူအရင် စွပ်ပြုတ်ပြုတ်နေကျ ဇလုံးကြီးထက် ဇောက်နက်သော ဇလုံကြီး ဖြစ်လေသည်။ ကျောက်အိုး၏ တစ်ဖက်တချက်တွင်တော့ နားဖားတစ်ခုဆီ ပါပါသည်။ ထိုနဖားထဲသို့ လျော်ကြိုးထည့်ပြီး သူခရီးသွားလျှင် ယူသွားနေကျဖြစ်သည်။

အပင်သိပ်မပေါက်သော တောင်ကြီးသည် ကြီးမားလှသည်။ လောင်ကျွီနှင့် လမ်းခွဲပြီးသောအခါ ရှောက်ရွှမ်သည် မြက်ခင်းများ

ထူထပ်သော နေရာတစ်ခုသို့ ရောက်လာခဲ့သည်။ တောင်တန်းများကိုကျော်လွန်သွားလျှင် မြေမျက်နှာပြင်သည် ညီညာပြီး ကျယ်ပြန့်သော မြက်ခင်းပြင်များ အတိပြီးနေသည်။ ရာသီဥတုကြောင့်လား သို့မဟုတ် မိုးနည်းသောကြောင့် ထိုသို့ဖြစ်သည်လား ရှောက်ရွှမ်မသိပါ။ ထိုနေရာတွင် မြက်ပင်များပေါများသော်လည်း ခြောက်သွေ့နေပါသည်။

မြက်ခင်းလွင်ပြင်ဒေသများအတွက် သင့်တော်သော သစ်ပင်များကို တစ်အုပ်စီခွဲထားသည် သို့မဟုတ် မြက်ခင်းပြင်အလွတ်ကြီးထဲတွင် တစ်ကောင်တည်း သီးသန့်ခွဲထားသည်။ ထိုသို့ ပြုလုပ်ခြင်းမှာ မြက်ခင်းလွင်ပြင်ဒေသ၏ ထူးခြားသော လက္ခဏာတစ်ခု ဖြစ်သည်။ မြက်ခင်းပြင်လွင်ပြင်ဒေသတွင် မြစ်တစ်စင်းလည်း ရှိပါသည်။ သိပ်တော့ မကြီးပါ။ ကွေ့ကောက်နေသော မြစ်ကမ်းတလျှောက်တွင် ရှောက်ရွှမ် အမျိုးအမည်မသိသော အပင်များ တန်းစီပေါက်ရောက်နေပေသည်။

ကျယ်ပြန့်လှသော မြက်ခင်းပြင်ကြီးနှင့်

နှိုင်းယှဉ်လိုက်လျှင် ပေါက်ရောက်သော အပင်အရေအတွက်မှာ အလွန်နည်းနေသည်။ မြက်အမျိုးအစားများမှာလည်း စုံလင်လှသည်။ ရှောက်ရွှမ်သည် လောင်ကျွီထံက ပညာများ သင်ယူခဲ့သော်လည်း ထိုနေရာသို့ ရောက်သောအခါ အသစ်အဆန်းများကို ဆက်လက်သင်ယူနေရဆဲဖြစ်သည်။ ရှောက်ရွှမ်သည် အဖိုးအိုလို အဆိပ်ဖြေနိုင်စွမ်းမရှိသဖြင့် တွေ့ရာအပင်များကို အပင်မခွဲခြားဘဲ စားနိုင်စွမ်းမရှိပါ။ သာမန်မြက်ပင်လေးတစ်ပင်ထဲတွင် သေစေနိုင်သော အဆိပ်များရှိနေနိုင်သည်။ တစ်ခါတရံတွင် သာမန်မြက်ကလေးတစ်ပင်က လူ့အသက်တစ်ချောင်းကို သေစေနိုင်သည်။

မြက်ခင်းလွင်ပြင်ထဲတွင် ဖြည်းညှင်းစွာ သွားလာနေကြသော ကျွဲ၊နွား အရိုင်းအုပ်များကို တွေ့ရသည်။ ထို တိရစ္ဆာန် အုပ်ထဲမှ သားကောင်တစ်ကောင်ကို ရယူရန် အတော်ဆုံးသော မုဆိုးများပင် မနည်းစွမ်းဆောင်ရမည် ဖြစ်သည်။ ထိုကျွဲ၊နွား အရိုင်းအုပ်ကို ရင်ဆိုင်ရသည်မှာ မလွယ်ကူပါ။ အုပ်စုအပြင်ဘက်တွင်ရှိသော အကောင်

များသည် အုပ်စုအလယ်တွင်ရှိသော အကောင်များထက်ကြီးမားသည်။ ချွန်မြနေသည့် အနက်ရောင်ဦးချိုပိုင်ရှင် ကျွဲ၊နွားကြီးများသည် ရန်သူကို တိုက်ခိုက်မည် ဖြစ်သည်။

ရှောက်ရွှမ်ကို တွေ့သောအခါ အုပ်စုအပြင်ဘက်တွင်ရှိသော ကျွဲရိုင်းကြီးများသည် သူတို့၏ သန်မာလှသော ခွာကြီးများဖြင့် မြေပြင်ကို ပေါက်လေတော့သည်။ သူတို့၏ သန်မာလှသော ခွာများဖြင့် ပေါက်ခြင်းသည် မြက်များကို သံလက်ဝါးဖြင့် နင်းချေလိုက်သလို ဖြစ်သွားပြီး မြေပြင်တွင် ခွာရာများ ထင်ကျန်နေခဲ့သည်။

ကျွဲရိုင်းကြီးများသည် သူတို့၏ခွန်အားကို ရှောက်ရွှမ်အား ပြသပြီး သတိပေးလိုက်ခြင်း ဖြစ်သည်။ ထိုမြင်ကွင်း ခြုံပုတ်များနောက်တွင် ပုန်းကွယ်နေသော ခြင်္သေ့တစ်ကောင်က မြင်လိုက်သည်။ ထို့နောက် ထိုသတ္တဝါသည် ကျွဲရိုင်းအုပ်ကြီးဆီမှ အကြည့်လွှဲလိုက်ပါသည်။ သူသည် ရှောက်ရွှမ်ရှိသော နေရာသို့ ဦးတည်လာနေပါသည်။ သို့သော် ရှောက်ရွှမ်၏ မျက်လုံးများကို မြင်လိုက်

သောအခါ ၎င်း၏ကျောကုန်းပေါ်မှ အမွှေးများ ထောင်ထလာသည်။ သူ့အသိစိတ်က ထိုလူသတ္တဝါသေးသေးလေးကို ရှောင်ရှားသွားရန် ပြောနေသည်။ နောက်ဆုံးတွင် ထိုသတ္တဝါသည် ကျွဲရိုင်းအုပ်ကိုသာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီး တိုက်ခိုက်မှုအတွက် အခွင့်သာမည့် အချိန်ကို စောင့်ဆိုင်းနေလေသည်။

ရှောက်ရွှမ်သည် ထိုသားရဲကြီးအတွက် အမဲရနိုင်မည့် အခွင့်အရေးတစ်ခုကို ဖန်တီးပေးခဲ့သည်။ ရှောက်ရွှမ်သည် အနံ့စူးရှသော အပင်များကို ကျွဲရိုင်းအုပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ကျွဲရိုင်းအုပ် ရုတ်ရုတ်သဲသဲ ဖြစ်နေသော အချိန်တွင် ကျွဲရိုင်းတစ်ကောင်ကို သတ်လိုက်ခြင်းဖြစ်သည်။ ထို့နောက်တွင်တော့ ကျွဲရိုင်းကို သယ်ကာ ထွက်ပြေးလေတော့သည်။ ခြုံပုတ်များနောက်တွင် ပုန်းအောင်းနေသော ကြောင်ကြီးသည်လည်း အခွင့်အရေးကို အမိအရအသုံးချပြီး ကျွဲရိုင်းတစ်ကောင်ကို ဖမ်းလိုက်လေသည်။

ကျွဲရိုင်းကြီးကို ကင်ပြီးနောက် သူအနည်းငယ်

စားလိုက်သည်။ ထို့နောက် ရှောက်ရွှမ်သည် ကျောက်အိုးလေးကို ထုတ်ကိုင်ကာ ရေခတ်ရန် မြစ်ဆီသို့ သွားလေသည်။ ထို့နောက် တခဏတွေးလိုက်ပြီးနောက် ကျောက်အိုးထဲသို့ ကြွက်ရိုင်းများ ကိုက်ထားသော ရွှေကောက်ပဲသီးနှံများကို ထည့်လိုက်သည်။ အဖိုးအို၏ အပြောအရဆိုလျှင် ထိုအပင်သည် သူ့လက်ထဲတွင် ရှင်သန်ရန် မလွယ်ပါ။ ထို့ကြောင့် စားပစ်လိုက်ခြင်းက ပိုကောင်းလိမ့်မည်။

သီးနှံများကို ကြွက်ကိုက်ထားသော်လည်း ရှောက်ရွှမ်က ဂရုမစိုက်ပါ။ သူသည် သီးနှံများကို အခွံခွာလိုက်ပြီး အိုးထဲသို့ ထည့်ကာ အနည်းငယ်ချက်ပြုတ်လိုက်သည်။ ထည့်ထားသော ရေကများနေပြီး သီးနှံက နည်းနေသော်လည်း စွပ်ပြုတ်မှာ အဝါရောင်ဖျော့ဖျော့လေးတော့ သမ်းလာပါသည်။ အနံ့လေးကလည်း မွှေးသဖြင့် စားချင်စဖွယ်ဖြစ်လာသည်။ အသားများစားသောက်ပြီးနောက် ထိုကဲ့သို့ စွပ်ပြုတ်တစ်အိုး လောက်သောက်လိုက်ရခြင်းက စည်းစိမ်ပင်ဖြစ်တော့သည်။

သီးနှံကို ချက်ပြုတ်လိုက်သောအခါ နူးညံ့သွားပြီး စေးကပ်သွားသည်။ အရသာကတော့ ကောင်းပါသည်။ ရှောက်ရွှမ်သည် စွပ်ပြုတ်များကို ဗိုက်ထဲထည့်လိုက် ပြီးမှ အနည်းငယ်နေသာထိုင်သာရှိသွားပါသည်။ လောင်ကျွီတစ်ယောက် ထိုသီးနှံကို မြင်သောအခါ သားရဲများကို ဂရုမစိုက်ဖြစ်သွားရခြင်းမှာ အဆန်းမဟုတ်ပါ။ ထိုသီးနှံကို စားရခြင်းသည် အသားစားရခြင်းထက်ပင် ပိုကောင်းနေပါသည်။

ကျန်းမာရေးအတွက် ကောင်းသော်လည်း ရှောက်ရွှမ်တွင် အဆံ၁၀၀၀သာရှိလေသည်။ ၁၀၀၀သော သီးနှံအဆံတို့သည် များသည်ဟု ထင်ရသော်လည်း တကယ်တမ်းတော့ သိပ်မများပါ။ ရှောက်ရွှမ်သည် ထိုအပင်ကို စိုက်ချင်သည်ဟု ပြောခြင်းမှာ ဟာသပြောခြင်းမဟုတ်ပါ။ သူသည် ပင်လယ်ပြင်ဟိုဘက်ကမ်းကို ပြန်ရောက်သည့်အခါ ထိုအပင်ကို အောင်မြင်အောင် စိုက်ပျိုးမည်ဟု စိတ်ကူးမိသည်။

ကောင်းကောင်းမွန်မွန် စားသောက် အနားယူပြီးသည့်နောက်တွင် ရှောက်ရွှမ်သည် သူ့ပစ္စည်းများကို သယ်ကာ ခရီးဆက်လေတော့သည်။

မြက်ခင်းပြင်၏ မြေမျက်နှာပြင်သည် ပြေပြစ်သော ဆင်ခြေလျောတစ်ခုလို ဖြစ်နေသည်။ တစ်ခါတရံတွင် တောင်ကုန်းလေးများကို မြင်ရသည်။ တစ်ခါတရံတွင် ပုရွက်ဆိတ်များနေသော အသိုက်များကို တွေ့ရတတ်သည်။

ရှောက်ရွှမ်သည် မြက်ခင်းပြင်သို့ ရောက်နေသည်မှာ ၇ရက်ရှိသွားလေပြီ။ ကြည်လင်သောကောင်းကင်အောက်မှ မြက်ခင်းပြင်ပေါ်တွင် မြင်းစီးသူ အမြောက်အများ ရှိနေပေသည်။ ယဉ်ပါးသော မြင်းများ အနည်းငယ်ခြောက်သွေ့နေသော မြက်ခင်းပြင်ပေါ်သို့ လျှောက်လှမ်းသွားသောအခါ ဖုံများ တထောင်းထောင်းထသွားသည်။ လူများသည် စိတ်ထဲက တစ်ယောက်နှင့် တစ်ယောက် မြင်းပြိုင်စီးနေကြခြင်း ဖြစ်နိုင်ပေသည်။

မြင်းများကို စီးနင်းနေသော လူများသည် သားမွှေးနှင့် အဝတ်စ ပေါင်းစပ်ချုပ်လုပ် ထားသော အဝတ်အစားများ ဝတ်ဆင်ထားကြသည်။ ဆံပင်များကို အရှည်ထားကြကာ ကျစ်ဆံမြီးကျစ်ထားကြသည်။ အမျိုးသားနှင့် အမျိုးသမီး ဆံပင်ပုံစံက အတူတူပင် ဖြစ်သည်။ မျက်နှာပေါ်တွင်လည်း ဆေးများ ခြယ်သထား၏။

ရှောက်ရွှမ်သည် ကင်ထားသော ကျွဲပေါင်၂ချောင်း၊ကျောက်အိုးတစ်လုံး၊ ဇလုံတစ်ခု တို့ကို ထမ်းကာ မြက်ခင်းလွင်ပြင်အတိုင်း ရှေ့ဆက်လှမ်းလာခဲ့သည်။ လျင်မြန်သော ခွာများ၊ ပတ်ဝန်းကျင်မှ တင်းမာသော အခြေအနေတို့နှင့် နှိုင်းယှဉ်လျှင် ရှောက်ရွှမ် ခရီးသွားနေသည်မှာ ထူးဆန်းနေသည်။ သူစိမ်းတစ်ယောက် အပူပင်မဲ့ ခရီးသွားနေခြင်းဖြစ်သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသော မြင်းစီးသမားများသည် ရှောက်ရွှမ်ကို သတိပြုမိသွားကြသည်။

အရှေ့တွင်ရှိသော လူငယ်က ရှောက်ရွှမ်အနားကပ်လာရင်း သူ့မြင်းကို ဆွဲလိုက်သည်။ သူ့

နောက်တွင်ရှိသူကလည်း ရှောက်ရွှမ်ကို ကြည့်နေသည်။ ထို့နောက် မြင်းစီးသူအားလုံးသည် ရပ်တန့်လိုက်ပြီး ရှောက်ရွှမ်ကို ကြည့်နေကြသည်။ လူငယ်၂ယောက်က ခါးတွင်ရှိသော ဓားမြောင်များကို ဆွဲထုတ်လိုက်သည်။ တစ်ယောက်က ဓားကို ဆွဲထုတ်လိုက်ပြီး တစ်ယောက်က မြင်းကုန်နှီးတွင် ဆွဲထားသော ဓားပေါ်လက်တင်ထားလိုက်သည်။

သူတို့၏ခေါင်းဆောင်သည် ရှောက်ရွှမ်ကို တစ်ပတ်ပတ်ကြည့်ပြီးနောက် ပို၍မသင်္ကာဖြစ်သွားသည်။ သို့သော် မျက်နှာကတော့ ပုံမှန်အတိုင်းပင်။ တစ်ချက်ပြုံးလိုက်ပြီး ရှောက်ရွှမ်ကို ဘာကလာသလဲ လှမ်းမေးလိုက်သည်။

ခေါင်းဆောင်၏ အပြုအမူကို မြင်သောအခါ ကျန်သူများသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့အမူအရာများကို ပြောင်းလိုက်ကြသည်။ သို့သော် ဓားပေါ်တွင် လက်တင်ထားသော တစ်ယောက်ကတော့ လက်ကို ပြန်မရုတ်သိမ်းသေးပါ။ ဓားကို ဆွဲထုတ်လိုက်သော

တစ်ယောက်ကတော့ ဓားကို ပြန်သိမ်းလိုက်ပြီ ဖြစ်သည်။ သူတို့သည် ရှောက်ရွှမ်လည်ပင်းတွင် ဆွဲထားသော ထူးခြားသည့် ဆွဲကြိုးကို ကြည့်နေကြပြီး ခဏငြိမ်နေကြသည်။ ထို့နောက် သူတို့အားလုံးသည် ရှောက်ရွှမ်ကို ပြုံးပြလေတော့သည်။

ရှောက်ရွှမ်၏ လည်ပင်းတွင် ဆွဲထားသော ဆွဲကြိုးမှာ ကျွဲရိုင်းတစ်ကောင်၏ ဦးချို၊ အခြားသားရဲကြီးများ၏ လက်သည်းများ၊အစွယ်များဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ မြင်းစီးသူများသည် ထိုကဲ့သို့ ဆွဲကြိုးမျိုးကို ဆွဲထားသူကိုတွေ့သောအခါ အလျင်စလို မလှုပ်ရှားရဲကြတော့ပါ။

ထိုလူများကိုလည်း အထင်တော့မသေးသင့်ပါ။ ထိုလူများသည် ရှောက်ရွှမ်နှင့် ပြုံးရယ်ရင်း စကားပြောနေကြသည်။ ထိုလူများကို ရန်မစခြင်းက ကောင်းလိမ့်မည်ဟု ရှောက်ရွှမ်သိနေသည်။ ထိုသူများကို ရန်မစသော်လည်း ထိုသူများနှင့် မိတ်ဆွေဖွဲ့မည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ရှောက်ရွှမ်သည် ထိုသူများကို တိုက်ခိုက်မည် မဟုတ်

သော်လည်း သူတို့ထက် နိမ့်ကျသော အခြေအနေကို အရောက်ခံမည်မဟုတ်ပါ။ ထိုကဲ့သို့သော် ကမ္ဘာဦးကာလမျိုးတွင် ထိုကဲ့သို့အခြေအနေမျိုးဖြစ်ပေါ်နေကျပင်ဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ်သည် အမဲလိုက်ပြီးသည့်အခါတိုင်း ထိုအမှတ်တရပစ္စည်းများကို သိမ်းထားပြီး ဆွဲကြိုးပြုလုပ်ထားခြင်း ဖြစ်သည်။

ရှောက်ရွှမ်သည် ထိုလူများနှင့် စကားနည်းနည်း ပြောလိုက်သည်။ သူဘယ်မျိုးနွယ်စုက ဖြစ်သည်ဆိုတာကို ရှောက်ရွှမ်မပြောပါ။ လေ့ကျင့်ရေးခရီးစဉ်ထွက်လာပြီး အပြန်ခရီးတွင် လမ်းပျောက်နေသည်ဟု ရှောက်ရွှမ်က သူတို့ကို ပြောလိုက်သည်။ ရှောက်ရွှမ်သည် သူတို့ကို ကျွဲပေါင်တစ်ချောင်းပေးလိုက်ပြီး ထိုနားတဝိုက်ပတ်ဝန်းကျင်အနေအထားနှင့် မြေပြင်အနေအထားတို့ကို မေးလိုက်သည်။

ထိုသူများ၏ မျိုးနွယ်စုသည် ထိုနားတဝိုက်တွင်သာ နေခြင်းဖြစ်သောကြောင့် သူတို့သည် ထိုနားပတ်ဝန်းကျင်ကို ရင်းနှီးနေကြသည်။ ရှောက်ရွှ

မ်ပေးသော ကျွဲပေါင်ကို ယူလိုက်ပြီးနောက် ရှောက်ရွှမ်၏ မေးခွန်းများကို နားထောင်ကြပါသည်။ ရှောက်ရွှမ်က တောင်တန်းများတွင် နေထိုင်သော မျိုးနွယ်စုများအကြောင်းကို မေးခြင်းဖြစ်ပါသည်။ သူတို့သည် အားလပ်နေသဖြင့် ရှောက်ရွှမ်ကို ထိုမျိုးနွယ်စုများရှိမည့်နေရာကို ညွှန်ပြလိုက်သည်။ တစ်ယောက်ဆိုလျှင် မြင်းပေါ်က ဆင်းလာပြီး ရှောက်ရွှမ်နှင့် စကားပြောသည်။ ထို့နောက် မြင်းကို ရှောက်ရွှမ်အားပေးလိုက်ပြီး သူကအဖော်လိုက်ခဲ့မည်ဟု ဆိုလေသည်။ သူတို့သည် မြက်ခင်းလွင်ပြင်ကို ကျော်၍ ဝေးလံသော နေရာများကို မရောက်ဖူးသော်လည်း တောင်တန်းဒေသများအကြောင်းကို တော့ လူကြီးသူမများ၏ ပြောစကားများမှ ကြားဖူးနေကြပါသည်။ အင်အားတောင့်တင်းသည့်အခါမျိုးဆိုလျှင် သူတို့သည် ခရီးဝေးထွက်လေ့ရှိပါသည်။ ထို့ကြောင့် ထိုဒေသ၏ အရေးကြီးသော ပထဝီသွင်ပြင်အနေအထားကို သိနေကြခြင်းဖြစ်သည်။

“ဒီနေရာကနေ အရှေ့ကို တည့်တည့်သွား…ပြီးရင် တောင်၂လုံး၃လုံးလောက်ကို ကျော်လိုက်…ပြီး

ရင် မင်းသွားချင်နေတဲ့နေရာကို မြင်ရပြီ” ခေါင်းဆောင်က ပြောလိုက်သည်။

သူတို့သည် ထိုနေရာလောက်အထိသာ လမ်းပြနိုင်သည်။ သူတို့အတွက် ထိုထက် ပိုဝေးသော နေရာသို့ ခရီးထွက်ရန် မဖြစ်နိုင်ပါ။ ပိုဝေးလေ အန္တရာယ်ပိုများ‌လေဖြစ်သည်။ ထို့နောက် သူတို့သည် သူတို့နှင့် သက်တူရွယ်တူလောက်ရှိမည် ဖြစ်သော ရှောက်ရွှမ်ကို ကြည့်နေကြသည်။ ထိုလူသည် ဘေးအန္တရာယ်များပြားသော မြက်ခင်းလွင်ပြင်တွင် တစ်ယောက်တည်း အေးအေးဆေးဆေး ခရီးသွားနိုင်သည်။ အစက ရှောက်ရွှမ်ကို မကျေနပ်သူများသည် ရှောက်ရွှမ်က သူတို့ထက် အစွမ်းထက်ကြောင်း သိသွားကြပါသည်။

“ကျေးဇူးတင်ပါတယ်” ရှောက်ရွမ်က မြင်းပေါ်မှ ဆင်းလိုက်သည်။ ထို့နောက် ပစ္စည်းကိရိယာများကို သယ်ဆောင်ကာ ခရီးဆက်ပါတော့သည်။

မြက်ခင်းလွင်ပြင်ကို ကျော်ဖြတ်ပြီး တောင်

တစ်လုံးကို ကျော်ပြီးသွားသောအခါ သူမြင်ချင်နေသော မြင်ကွင်းကို ရှောက်ရွှမ် မြင်တွေ့လိုက်ရသည်။

မြင့်မားသော တောင်ကြီးပေါ်တွင် မတ်တပ်ရပ်နေရင်း ရှောက်ရွှမ်သည် အဝေးမှ အစိမ်းရောင်တောအုပ်များကို မျှော်ကြည့်နေပေသည်။ ထို့နောက် အေးမြသော လေကိုရှူလိုက်ရင်း ကျောက်အိုးကလေးကို ကျောတွင်ထမ်းကာ တောင်ပေါ်မှ ဆင်းလာတော့သည်။

(ဆက်ရန်…)

All Chapters